မောင့်ကြင်ယာတော်/ေမာင့္ၾကင္ယာ...

Thawdar_Y

742K 82.1K 3.6K

Wang Yibo× Xiao Zhan *Photo crd to original owner* Еще

၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄⚠
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂
၃၃
၃၄
၃၅⚠
၃၆
၃၇
၃၉
၄၀⚠
၄၁
A/N
၄၂
၄၃
၄၄
၄၅
၄၆(Final)
Extra

၃၈

13.7K 2.1K 153
Thawdar_Y

Unicode



ကျိုးနန်းဆောင်က ရှောင်းကျန့်ရဲ့ နန်းဆောင်ထဲမှာတော့ ဖေးဖေးကဒူးထောက်လျက်ထိုင်နေပြီး ဖေးဖေးရဲ့ရှေ့ကခုံပေါ်မှာ ကျီရွှမ်းကထိုင်လျက်ရှိနေသည်။ဖေးဖေးရဲ့ခန္ဓာကိုယ်လေးဟာ ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ်တုန်လျက်ရှိနေသည်။ကျီရွှမ်းကထွက်ပေါ်လာတဲ့ဒေါသတွေကို ချုပ်တည်းကာ ဖေးဖေးကိုမေးလိုက်သည်။

"ရှောင်းကျန့်......ဘယ်မှာလဲ....."

ထွက်ပေါ်လာတဲ့ ကျီရွှမ်းရဲ့ရေခဲတမျှအေးစက်နေတဲ့ အသံကြောင့်ဖေးဖေးရဲ့ ခန္ဓာကိုယ်လေးကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားသည်။ဒါပေမယ့်လည်း သူမစိတ်ကိုငြိမ်ငြိမ်ထားကာကျီရွှမ်းရဲ့ အမေးကိုပြန်ဖြေလိုက်သည်။

"မင်းကြီး.....ကျွန်တော်မျိုးမလည်း မသိပါဘူး...။အဲ့အချိန်ကကျွန်တော်မျိုးမနဲ့ ကြင်ယာတော်လေး မွေးနေ့ပွဲကိုလာဖို့ပြင်ဆင်နေကြပါတယ်။ကြင်ယာတော်လေး ဝတ်ရုံလဲဖို့ကူညီပေးမယ့်အချိန်မှာ ကျွန်တော်မျိုးမနှာခေါင်းထဲမှာ အမွှေးနံ့တစ်ခုရလိုက်ပါတယ်။အဲ့အနံ့ရပြီးတဲ့အချိန်မှာ ကျွန်တော်မျိုးမ ဘာမှမသိတော့ပါဘူး။ကျွန်တော်မျိုးမနိုးလာတဲ့အချိန်မှာ ကြင်ယာတော်လေးကလည်းမရှိတော့ပါဘူး...။ကျွန်တော်မျိုးမ ပြောတာတွေကအမှန်တရားတွေပါ။မင်းကြီးယုံကြည်ပေးပါ...."

ဖေးဖေးပြောတဲ့အရာတွေက အမှန်ဖြစ်မှန်းကျီရွှမ်းသိသည်။အစက ရှောင်းကျန့်ကသူနဲ့မနေချင်လို့ ထွက်ပြေးသွားတယ်လို့ သူထင်ခဲ့တာ။ဒါပေမယ့် ရှောင်းကျန့်ကအဲ့လိုလူစားမျိုး မဟုတ်မှန်းသူသိသည်။ပြီးတော့ ရှောင်းကျန့်ကဖေးဖေးနဲ့ကျစ်မင်ကို ထားပြီးထွက်သွားမယ့်လူ မဟုတ်ဘူးဆိုတာကို သူကျိန်းသေသိသည်။

အခုအခြေအနေအရ ရှောင်းကျန့်ကကျိန်းသေပေါက် ပြန်ပေးဆွဲခံရတာဖြစ်နိုင်သည်။ဒါပေမယ့်ရှောင်းကျန့်ကို ဘယ်သူကပြန်ပေးဆွဲတာလဲ။ကျီရွှမ်းရဲ့မျက်လုံးထဲတွင် ရှောင်းကျန့်ကိုပေးရန်တောင်းဆိုနေသော တည်တင်းနေသည့် ရန်နိုင်ငံအရှင်သခင်ရဲ့ ပုံရိပ်ကမျက်လုံးထဲပေါ်လာသည်။ကျီရွှမ်းဘေးနားက အစောင့်တပ်သားလေးကိုအမိန့်ပေးလိုက်သည်။

"ဧည့်သည်ဆောင်ကိုသွား.....ရန်နိုင်ငံရဲ့အရှင်သခင်ရှိသေးလားဆိုတာကို သွားကြည့်လာခဲ့....."

"ဟုတ်ကဲ့.....မင်းကြီး....."

အစောင့်တပ်သားလေး ထွက်သွားတာနဲ့ အခုထက်ထိ ဒူးထောက်လျက်သားရှိနေတဲ့ ဖေးဖေးကိုကြည့်ကာ ကျီရွှမ်းပြောလိုက်သည်။

"သွားတော့...."

ကျီရွှမ်းရဲ့အမိန့်ကိုကြားသော်လည်း ဖေးဖေးနေရာကမထသေးဘဲ ကျီရွှမ်းကိုပြောလိုက်သည်။

"မင်းကြီး....ကျေးဇူးပြုပြီး ကြင်ယာတော်လေးကိုတွေ့အောင်ရှာပေးပါ။ကြင်ယာတော်လေးတစ်ခုခုဖြစ်သွားရင် ဖေးဖေးလည်းဆက်ပြီး အသက်ရှင်နိုင်တော့မှာ မဟုတ်ပါဘူး....."

"မင်းစိတ်မပူပါနဲ့.....ငါကိုယ်တော်ရှောင်းကျန့်ကိုကျိန်းသေ တွေ့အောင်ရှာမှာပါ..."

ကျီရွှမ်းရဲ့ကတိစကားကိုကြားကာမှ သူမဒူးထောက်နေရာမှထကာ အခန်းထဲကထွက်လာလိုက်သည်။သူမမျက်ဝန်းထဲမှာ မျက်ရည်တွေနဲ့ပြည့်လို့နေသည်။သူမကြင်ယာတော်လေးနဲ့တစ်ခါမှမခွဲခွာဖူးပါ။အခုချိန်ကသာ ပထမဆုံးဖြစ်သည်။ကြင်ယာတော်လေး အဆင်ပြေပါ့မလား။ဖေးဖေး ရှိသမျှနတ်ဘုရားတွေအကုန်လုံးကို တိုင်တည်ကာဆုတောင်းမိသည်။ကျေးဇူးပြုပြီး.....ကြင်ယာတော်လေး အန္တရာယ်ကင်းပါစေ။

ခနအကြာမှာတော့ ခုနကအစောင့်တပ်သားလေးဟာ ပြန်ရောက်လာသည်။အစောင့်တပ်သားလေးက ကျီရွှမ်းကိုဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။

"မင်းကြီး....ဧည့်သည်နန်းဆောင်မှာ ဘယ်သူမှမရှိတော့ပါဘူး။နန်းတော်စောင့်တွေရဲ့ ပြောစကားအရရန်နိုင်ငံရဲ့ အရှင်သခင်မနေ့တည်းကထွက်ခွာသွားပါပြီ....."

ထင်ထားတဲ့အတိုင်းပဲ။ကျီရွှမ်းဒေါသထွက်မှုကြောင့် လက်ထဲကရေနွေးခွက်ကို ပေါက်ခွဲပစ်လိုက်သည်။မင်းကများ....ငါကိုယ်တော်ပိုင်တဲ့အရာကို ခိုးယူရဲတယ်ပေါ့....။အခန်းတံခါးကို ခပ်ပြင်းပြင်းတွန်းဖွင့်လိုက်တဲ့အသံကြောင့် ကျီရွှမ်းအသံလာရာဘက်ကို ကြည့်လိုက်သည်။တွေ့လိုက်ရသူက အခြားသူမဟုတ်။သူ့ရဲ့အစ်ကိုတော်ယွင်ကျောက်ဖြစ်သည်။ယွင်ကျောက်ရဲ့ မျက်နှာဟာလည်းသူ့နည်းတူ ဒေါသကြောင့်တင်းမာလို့နေသည်။

"ရှောင်းကျန့်ရော....."

ယွင်ကျောက်ရဲ့ အမေးကိုကျီရွှမ်းခပ်တိုတိုသာဖြေလိုက်သည်။

"ပျောက်နေတယ်....."

သူ့ရဲ့အဖြေကြောင့် ယွင်ကျောက်က‌မကျေနပ်သလို ဒေါသထွက်သွားကာ သောင်းကျန်းလေတော့သည်။

"ပျောက်နေတယ်!!!ရှောင်းကျန့်တစ်ယောက်လုံးပျောက်နေတာကိုတောင် ရှာဖို့မကြိုးစားဘဲမင်းကဒီမှာအေးအေးဆေးဆေး ထိုင်နေရဲတယ်....."

ကျီရွှမ်းကယွင်ကျောက်ကို ဘာမှပြန်မပြောဘဲစိုက်သာကြည့်နေလိုက်သည်။ကျီရွှမ်းရဲ့မလှုပ်မယှက် အမူအရာကြောင့် ယွင်ကျောက်ကပို၍ပင်ဒေါသထွက်သွားတော့သည်။

"ကောင်းပြီ....။မင်းမရှာရင် ငါရှာမယ်...."

ယွင်ကျောက်ကအစောင့်တပ်သားတွေဘက်သို့လှည့်ကာ အမိန့်ပေးလိုက်သည်။

"ရှောင်းကျန့်ရဲ့ ပုံတူပန်းချီတွေကို နေရာအနှံ့မှာကပ်ထားလိုက်။ပြီးတော့ ရှောင်းကျန့်ကို ရှာတွေ့တဲ့ ဘယ်သူ့ကိုမဆို ရွှေစင်တစ်သောင်းပေးမယ်လို ကြေငြာချက်ထုတ်လိုက်...."

"အဲ့လိုလုပ်လည်း ရှာတွေ့နိုင်မှာမဟုတ်ဘူး....။သူ့ကိုဘယ်လိုရှာရှာ မင်းတွေ့မှာမဟုတ်ဘူး..."

ယွင်ကျောက်ရဲ့ အကြည့်တွေက ကျီရွှမ်းဆီသို့ထပ်မံရောက်ရှိလာသည်။

"မင်းပြောတာ ဘာအဓိပ္ပာယ်လဲ....."

"သူကဒီနိုင်ငံအတွင်းမှာမှ မရှိတာ။မင်းအဲ့လိုလုပ်လည်း ပင်ပန်းတာနဲ့ငွေကုန်တာပဲ အဖက်တင်မယ်...."

"သူဒီနိုင်ငံအတွင်းမှာ မရှိဘူးဆိုတာမင်းဘယ်လိုလုပ်သိတာလဲ...."

ကျီရွှမ်းက ယွင်ကျောက်ရဲ့မျက်လုံးတည့်တည့်ကိုစိုက်ကြည့်ကာ မေးလိုက်သည်။

"အစ်ကိုတစ်......ပျောက်သွားတာကကျွန်တော့်ရဲ့ကြင်ယာတော်ပါ။ဒါကို အစ်ကိုတစ်က ဘာကြောင့်များအရမ်းကိုစိုးရိမ်ပူပန်နေရတာလဲ...."

ယွင်ကျောက်က အကြည့်တွေကိုလွှဲလိုက်ကာ အရှက်ပြေချောင်းဟန့်လိုက်သည်။

"ငါ့ရဲ့မရီးတော်ပျောက်တာ ငါသေချာပေါက်စိတ်ပူရမှာပေါ့....."

ရှောင်းကျန့်ပျောက်နေတဲ့အချိန်မှာ ပြဿနာမဖြစ်ချင်တာကြောင့် ကျီရွှမ်းလည်းဘာမှဆက်မပြောတော့ပေ။အဲ့အစား ယွင်ကျောက်သိချင်နေတဲ့အဖြေကိုသာ ပေးလိုက်သည်။

"ရန်ဘုရင်...."

သူ့စကားကြောင့် တခြားဖပ်သို့အကြည့်လွှဲနေသည့် ယွင်ကျောက်က လှည့်ကြည့်လာသည်။

"ရန်ဘုရင်က ရှောင်းကျန့်ကို ခေါ်သွားတာ...."

"ဘာ....ရန်ဘုရင်...."

"ဟုတ်တယ်...."

ကျီရွှမ်းရဲ့ သေချာတဲ့အဖြေကြောင့် ယွင်ကျောက်ကကျီရွှမ်းကိုပြောလိုက်သည်။

"သူတကယ် ရှောင်းကျန့်ကိုခေါ်သွားတာ ကျိန်းသေတယ်ဆိုရင် အခုချက်ချင်း ရန်နိုင်ငံကိုသွားတိုက်ကြမယ်လေ။မင်းအမိန့်ချလိုက်တော့..."

ယွင်ကျောက်ရဲ့အပြောကို ကျီရွှမ်းကအလိုမကျစွာငြင်းလိုက်သည်။

"ရန်နိုင်ငံရဲ့ဘုရင်က အရင်ကဘုရင်အဟောင်းသာဖြစ်နေမယ်ဆိုရင် ဒီလိုအချိန်ဆွဲနေမှာတောင်မဟုတ်ဘူး။ချက်ချင်းသွားတိုက်ပစ်မှာ။ဒါပေမယ့် ရန်နိုင်ငံရဲ့ဘုရင်အသစ်ကဘယ်လိုလူမျိုးလဲဆိုတာ အစ်ကိုတစ်လည်းသိတာပဲ။သူတစ်ယောက်တည်းရဲ့အင်အားနဲ့ ရန်နိုင်ငံကိုသိမ်းပိုက်ထားတာ။ပြီးတော့သူ့လက်အောက်မှာရှိတဲ့ အရိပ်မဲ့တပ်ဖွဲ့ကလည်း လုံးဝလျှော့တွက်လို့မရဘူး။သူ့ကိုအခုချိန်သွားထိတာက ကိုယ့်သေတွင်းကိုတူးလိုက်တာနဲ့ အတူတူပဲ...."

ကျီရွှမ်းရဲ့အကြောင်းပြချက်တွေက ကျိုးကြောင်းသင့်လျော်တာကြောင့် ယွင်ကျောက်ထပ်ပြီးအတိုက်အခံမလုပ်တော့။

"ဒါဆို ငါတို့ဘယ်လိုလုပ်ကြမလဲ...."

ယွင်ကျောက်ရဲ့အမေးကို ကျီရွှမ်းကပြုံးလျက်ပြန်ဖြေသည်။

"စိတ်မပူပါနဲ့....ရှောင်းကျန့်ကိုယ်တိုင် ငါကိုယ်တော့်ဆီကိုပြန်ရောက်လာလိမ့်မယ်...."

ယွင်ကျောက်ကကျီရွှမ်းကို နားမလည်စွာကြည့်သည်။ရှောင်းကျန့်ကိုထိန်းချုပ်နိုင်တဲ့ဝှက်ဖဲနှစ်ခုလုံး သူ့ဆီမှာရှိနေသည်။ဒါကြောင့်မို့ အချိန်တန်ရင် ရှောင်းကျန့်ကသူ့ဆီကိုကျိန်းသေပေါက်ပြန်ရောက်လာလိမ့်မည်။သူတို့ရှိနေတဲ့နန်းဆောင်ရဲ့တံခါးကပွင့်သွားကာ အရိပ်သေးသေးလေးတစ်ခုက ပြေးဝင်လာသည်။ထိုအရိပ်သေးသေးလေးက ကျီရွှမ်းနားသို့ပြေးလာကာ ကျီရွှမ်းရဲ့ခြေထောက်ကို ပြေးဖက်လိုက်သည်။ထိုအရိပ်သေးသေးလေးဆီမှ ငိုသံစွက်နေတဲ့ အသံလေးကထွက်ပေါ်လာသည်။

"ခမည်းတော်....ပါပါးဘယ်ရောက်သွားတာလဲဟင်...."

သူ့ခြေထောက်ကိုဖက်ကာငိုနေတဲ့ကျစ်မင်ကို ကျီရွှမ်းဆွဲဖယ်လိုက်သည်။

"ခမည်းတော်အလုပ်ရှုပ်နေတယ်.....ကျစ်မင်....ကိုယ့်နန်းဆောင်ကိုပြန်ပြီးအိပ်တော့..."

သို့သော်လည်း ကျီရွှမ်းစကားကိုနားမထောင်ဘဲကျစ်မင်က ပိုလို့သာရှိုက်ငိုတော့သည်။

"ဟင့်အင်း....သားကပါပါးကိုပဲလိုချင်တာ....အီးးးဟီးးး....ပါပါးကိုပဲခေါ်ပေး....."

သူ့စကားကိုနားမထောင်တဲ့ကျစ်မင်ကြောင့် ခုနတည်းကချုပ်တည်းထားရတဲ့ ကျီရွှမ်းရဲ့ဒေါသတွေဟာ ပေါက်ကွဲသွားတော့သည်။သူ့ခြေထောက်ကိုဖက်ကာအော်ငိုနေတဲ့ကျစ်မင်ကိုစောင့်တွန်းပစ်လိုက်ကာ ကျီရွှမ်းအော်ပြောလိုက်သည်။

"မင်းပါးစပ်ကို ပိတ်ထားစမ်း!!!!"

ကျီရွှမ်းတွန်းလိုက်တာကြောင့် ကျစ်မင်ရဲ့ကိုယ်သေးသေးလေးဟာ ‌ကြမ်းပြင်ပေါ်သို့လဲကျသွားရသည်။မာကြောတဲ့ကြမ်းပြင်ကြောင့် ကျစ်မင်ရဲ့လက်သေးသေးလေးတွေ ပွန်းပဲ့ကာသွေးထွက်သွားရသည်။ကျစ်မင်ရဲ့ကိုယ်လေးဟာကြောက်ရွံ့မှုဖြင့် တုန်ယင်လာတော့သည်။ကျီရွှမ်းကိုကြောက်တာကြောင့် မျက်ရည်မကျမိအောင် အတင်းကြိုးစားနေတော့သည်။ပါပါးသာဆိုရင် သူ့ကိုဘယ်တော့မှမအော်ဘူး...။သူပါပါးကိုအရမ်းသတိရတာပဲ....။

_________________________________________

"ဘာပြောတယ်....ပျောက်သွားတယ်....."

ကြားလိုက်ရတဲ့သတင်းစကားကြောင့် လွီမေအော်ဟာအပျော်ကြီးပျော်သွားရသည်။ကောင်းတယ်....အရမ်းကောင်းတယ်....အဲ့မိန်းမပျက်လိုအကောင်က ပျောက်ရုံတင်မကသေပါသေသွားရမှာ...။သူမအမုန်းဆုံးလူ မရှိတော့တာကြောင့်သူမရဲ့စိတ်တွေ အရမ်းကိုပျော်ရွှင်လို့နေသည်။ရှောင်းကျန့်ရောက်လာတည်းက သူမဒီလိုမပျော်ရွှင်ရတော့တာ။အခုတော့ သူမဘာမှလုပ်စရာမလိုပဲ‌ရှောင်းကျန့်ကပျောက်သွားပြီ။သူမအရမ်းကိုကျေနပ်မိသည်။

"သခင်မလေး....မင်းကြီးကြွချီလာပါတယ်...."

အစေခံလေးရဲ့စကားကြောင့် သူမအရမ်းပျော်ရွှင်သွားရသည်။နောက်ဆုံးတော့အကိုကျီရွှမ်းကသူမဆီရောက်လာခဲ့ပြီ။အခန်းထဲကိုကျီရွှမ်းဝင်လာချိန်မှာ ကျီရွှမ်းတစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို မြင်လိုက်ရတဲ့အတွက် သူမစိတ်ပျက်သွားရသည်။သူမကျီရွှမ်းကိုဦးညွှတ်ကာနှုတ်ဆက်လိုက်သည်။

"မင်းကြီးကိုနှုတ်ဆက်ပါတယ်။အခုလို မေအော့်ရဲ့နန်းဆောင်ကိုကြွချီလာတာ မေအော်အတိုင်းမသိဂုဏ်ယူရပါတယ်...."

ကျီရွှမ်းကိုနှုတ်ဆက်ပြီးတာနဲ့ ကျီရွှမ်းဘေးနားကအရိပ်သေးသေးလေးကိုပါ သူမနှုတ်ဆက်လိုက်သည်။

"အိုး....ကျစ်မင်လေးပါ ပါလာတာပဲ....."

သူမရဲ့နှုတ်ဆက်စကားကို ကျီရွှမ်းကလည်းဘာမှပြန်မပြောသလို ကျစ်မင်ကလည်းဂရုမစိုက်တာကြောင့် သူမရှက်သွားရသည်။ခနအကြာမှကျီရွှမ်းက သူမကိုပြောလာသည်။

"မင်းလည်းရှောင်းကျန့်ပျောက်သွားတဲ့အကြောင်းကို ကြားမိမှာပါ...."

ကျီရွှမ်းရဲ့စကားကို မေအော်ကစိတ်မကောင်းသလိုဟန်ဆောင်ပြကာ ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့ ....မေအော်ကြားမိပါတယ်....။မင်းကြီးနဲ့ထပ်တူမေအော်ဝမ်းနည်းရပါတယ်...."

လွီမေအော်ရဲ့စကားတွေကို ကျီရွှမ်းကဘာမှပြန်မပြောဘဲ ကျစ်မင်ကိုလွီမေအော်ဆီသို့ပေးလိုက်သည်။

"ရှောင်းကျန့်ကိုရှာတွေ့တဲ့အချိန်ထိ မင်းသူ့ကိုစောင့်ရှောက်ပေးထား..."

ကြားလိုက်ရတဲ့စကားကြောင့် လွီမေအော်ရဲ့မျက်နှာပျက်ယွင်းသွားရသည်။သို့သော်လည်းသူမကမျက်နှာကို အမြန်ပြင်လိုက်ကာ ကျီရွှမ်းကိုပြန်ဖြေလိုက်သည်။

"မင်းကြီးစိတ်ချပါ.....မင်းသားလေးကို ကျွန်မသေချာစောင့်ရှောက်လိုက်ပါ့မယ်...."

ကျီရွှမ်းကထွက်သွားခါနီးမှ လွီမေအော်ကိုကြည့်ကာ ထပ်ပြောလိုက်သည်။

"သေချာမစောင့်ရှောက်နိုင်လို့ ကျစ်မင်ပျောက်သွားခဲ့ရင် မင်းကိုသတ်ပစ်မယ်...."

ကျီရွှမ်းရဲ့အပြောကြောင့် သူမကိုယ်လေးတုန်သွားရသည်။သူမဘာမှတောင်ပြန်မပြောနိုင်ခင်မှာ ကျီရွှမ်းကအခန်းထဲကထွက်သွားပြီဖြစ်သည်။သူမထင်ခဲ့တာက ကျီရွှမ်းကသူမနဲ့အတူအိပ်ဖို့လာတယ်လို့ ထင်ခဲ့တာ။အခုတော့သူမကို ဒီအမျိုးယုတ်လေးကိုစောင့်ရှောက်ခိုင်းတယ်တဲ့လား။သူမအတွေးတွေ‌နဲ့ ဒေါသထွက်နေတုန်းမှာသုမရဲ့လက်ကိုလာထိတဲ့ လက်သေးသေးလေး။

"အန်တီ....သားရဲ့ပါပါးဘယ်မှာလဲဆိုတာ အန်တီသိလားဟင်...."

သူမလိုလှပချောမောတဲ့သူကို အန်တီလို့ခေါ်လိုက်တာကြောင့် သူမဒေါသထွက်သွားရသည်။ဒါပေမယ့်လည်း သူမစိတ်ကိုလျှော့လိုက်ကာထိုကလေးရဲ့မေးခွန်းကို ပြန်ဖြေလိုက်သည်။

"မင်းရဲ့ပါပါးက ယောက်ျားနောက်လိုက်သွားတာပဲနေမှာပေါ့။သူကယောက်ျားတွေကိုမြှူစွယ်တဲ့နေရာမှာ အရမ်းတော်တာ။သူကအရမ်းကိုခံချင်နေတာလေ...."

ထိုအန်တီကြီးပြောတဲ့စကားတွေကို ကျစ်မင်နားမလည်သော်လည်း သူ့ပါပါးကိုမကောင်းပြောနေသည်ဆိုတာကိုတော့သူသိသည်။ထို့ကြောင့်ထိုအန်တီကြီးရဲ့လက်ကို သူ့ရဲ့သွားချွန်ချွန်လေးတွေနဲ့ကိုက်လိုက်သည်။

"အားးးး.....ခွေးကောင်လေး.....လွှတ်စမ်း...."

ကျစ်မင်ကိုက်လိုက်လို့ ပေါက်သွားတဲ့သူမရဲ့လက်ကိုကြည့်ကာ သူမဒေါသထွက်လာသည်။

"လာကြစမ်း....ဒီခွေးကောင်လေးကို အပြင်မှာပစ်ထားလိုက်စမ်း..."

အစေခံတွေကဒီလောက်ငယ်လွန်းတဲ့ ကလေးငယ်လေးကိုအပြင်မှာမထားချင်ပေမယ့်လည်းသူတို့ရဲ့ သခင်မလေးစိတ်တိုင်းကျသာလုပ်ပေးလိုက်ရသည်။ခိုက်ခိုက်တုန်အောင်အေးလွန်းတဲ့ ညဘက်ကြီးအပြင်မှာရပ်နေရပေမယ့်လည်း ပါပါးကိုမကောင်းပြောတဲ့အန်တီကြီးကို ကိုက်လိုက်ရသည့်အတွက် ကျစ်မင်ကျေနပ်သည်။ကျစ်မင်ဒူးလေးကိုပိုက်ကာ ကျုံ့ကျုံ့လေးထိုင်လိုက်သည်။သူပါပါးကို အရမ်းသတိရတာပဲ....။

_________________________________________

ရှောင်းကျန့်နိုးလာတဲ့အချိန်မှာ သူဟာလူတစ်ယောက်ရဲ့ရင်ခွင်ထဲ‌ရောက်နေတာကို သတိထားမိသွားတာကြောင့် ထိုလူ့ရင်ခွင်ထဲမှရုန်းကာထထိုင်လိုက်သည်။သူ့လှုပ်ရှားမှုကြောင့် ထိုလူဟာလည်းနိုးသွားရသည်။မျက်နှာဖုံးတပ်ထားတဲ့ထိုလူကိုမြင်ကာမှ ရန်နိုင်ငံရဲ့အရှင်သခင်ဖြစ်မှန်း သတိရသွားသည်။

"ခင်ဗျားကဘာလို့ ကျွန်တော့်နန်းဆောင်ထဲကိုရောက်နေတာလဲ....."

ထိုလူကသူ့ကိုကြည့်နေရင်း ပြန်ဖြေသည်။

"သေချာကြည့်ပါအုံး....။ဒါကမင်းရဲ့နန်းဆောင်ဟုတ်လို့လား....."

ထိုလူပြောကာမှ ရှောင်းကျန့်အခန်းကိုသေချာကြည့်လိုက်မိသည်။ဒါဟာသူ့ရဲ့နန်းဆောင်မဟုတ်...။သူဘာကြောင့်ဒီကိုရောက်နေလဲဆိုတာကိုလည်း ရှောင်းကျန့်စဉ်းစားလို့မရ။ရှောင်းကျန့်စဉ်းစားနေရင်းနဲ့မှ မွေးနေ့ပွဲကိုသတိရသွားသည်။သူတော့နောက်ကျတော့မှာပဲ။ရှောင်းကျန့်ကုတင်ပေါ်မှထလိုက်ပြီး ရန်နိုင်ငံရဲ့အရှင်သခင်ကိုနှုတ်ဆက်လိုက်သည်။

"အနှောင့်အယှက်ဖြစ်သွားရင် တောင်းပန်ပါတယ်။ကျွန်တော့်ကိုခွင့်ပြုပါအုံး...."

ရှောင်းကျန့်အခန်းတံခါးဝသို့ပြေးသွားကာ တံခါးကိုဆွဲဖွင့်လိုက်သည်။တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် ရှောင်းကျန့်အံ့ဩသွားရသည်။ကျိုးနိုင်ငံရဲ့စိမ်းစိုနေတဲ့သစ်ပင်တွေအစား သူတွေ့လိုက်ရတာက မက်မွန်ပန်းတွေဝေဆာစွာပွင့်နေတဲ့ မက်မွန်ပန်းပင်တွေ။ခုံပေါ်တွင်ရေနွေးသောက်နေတဲ့ရန်နိုင်ငံရဲ့အရှင်သခင်ဆီသို့ ပြန်သွားကာရှောင်းကျန့်မေးလိုက်သည်။

"ဒါကဘယ်နေရာလဲ...."

ရှောင်းကျန့်ရဲ့အမေးကို ထိုလူကအေးဆေးစွာပဲပြန်ဖြေသည်။

"ရန်နိုင်ငံလေ... "

ရှောင်းကျန့်ခေါင်းပင်မူးသွားရသည်။သူအိပ်ပျော်သွားတုန်းက သူကကျိုးနိုင်ငံမှာ။အခုနိုးလာတော့ ရန်နိုင်ငံကိုရောက်နေပြီ။ဘာတွေဖြစ်သွားတာလဲ။

"ဘာဖြစ်လို့ ကျွန်တော်ကရန်နိုင်ငံကိုရောက်နေတာလဲ...."

ရန်ဘုရင်ကရေ‌နွေးခွက်ကိုချလိုက်ကာ သူ့ကိုပြုံးပြီးကြည့်လာသည်။

"ကိုယ်ခေါ်လာလို့လေ....."

"ဘာလို့ခေါ်လာတာလဲ...."

"လိုချင်လို့လေ...."

ဘာမှမဟုတ်သလို အေးဆေးစွာပြန်ဖြေနေတဲ့ထိုလူကိုကြည့်ပြီး ရှောင်းကျန့်ဒေါသထွက်လာသည်။

"ပြန်ပို့ပေး...."

"မပို့တတ်ဘူး...."

"ရတယ်လေ....ကျွန်တော်ကပြန်တတ်တယ်..."

ထိုလူကိုဆက်ပြောနေရင်လေပဲကုန်မည်ဖြစ်တာကြောင့် ရှောင်းကျန့်အခန်းပြင်ကိုထွက်လာလိုက်သည်။မက်မွန်ပန်းပင်ကြီးအောက်ရောက်ချိန်အနောက်က ထိုလူပြောလိုက်တဲ့စကားကြောင့်ရှောင်းကျန့်ရဲ့ခြေလှမ်းတွေ ရပ်သွားရသည်။

"ကိုယ့်ရဲ့ဆရာလုပ်ပေးပါလား။ကိုယ့်ကိုသိုင်းပညာသင်ပေးနိုင်မလား...."

ရှောင်းကျန့်ရဲ့နှုတ်ခမ်းလေးတွေ အံ့ဩမှုကြောင့်ပွင့်ဟသွားရသည်။သူ့ကိုအဲ့စကားပြောခဲ့ဖူးတာတစ်ယောက်သာရှိသည်။ရှောင်းကျန့် အနောက်သို့လှည့်ကာထိုလူကိုပြန်ကြည့်လိုက်သည်။

"ငါကမင်းကိုဘာကြောင့်သင်ပေးသင့်တယ်ဆိုတဲ့အချက်တွေပြောနိုင်ရင် သင်ပေးမယ်"

ထိုလူကတဖြည်းဖြည်းချင်း သူရှိရာသို့လှမ်းလာကာ ပါးစပ်ကလည်းသူ့ကိုသင်ပေးသင့်တဲ့အချက်တွေကိုပြောနေသည်။

"ပထမအချက်မင်းသင်ပေးတဲ့အရာကိုကိုယ်ကမကောင်းတဲ့နေရာမှာသုံးမှာမဟုတ်ဘူး။ကိုယ့်ရဲ့ပြိုင်ပွဲအတွက်အသုံးချမှာဖြစ်တဲ့အတွက်သင်ပေးသင့်တယ်"

ထိုလူ့ရဲ့ခြေလှမ်းတွေနီးလာလေ ရှောင်းကျန့်ရင်တွေခုန်လာလေဖြစ်သည်။

"ဒုတိယအချက်ကိုယ်ကနဂိုတည်းကတတ်ပြီးသားဖြစ်တဲ့အတွက်သင်တဲ့အခါမင်းပင်ပန်းမှာမဟုတ်ဘူး။ကိုယ့်ရဲ့အားနည်းချက်တွေကိုထောက်ပြပေးရုံပဲ"

ရှောင်းကျန့်ရဲ့မျက်ဝန်းမှာ မျက်ရည်ဥလေးတွေတွဲခိုနေပြီဖြစ်သည်။

"တတိယအချက်ကကိုယ်ကရုပ်ချောတယ်လေ။ဒါကြောင့်မင်းသင်ပေးသင့်တယ်"

တတိယအချက်ပြောပြီးတဲ့အချိန်မှာထိုလူဟာလည်း ရှောင်းကျန့်ရဲ့ရှေ့တည့်တည့်ကိုရောက်နေပြီဖြစ်သည်။ရှောင်းကျန့်ရဲ့ ပါးနုနုပေါ်သို့မျက်ရည်ဥလေးတွေကျဆင်းလာသည်။ရှောင်းကျန့်ပါးပေါ်က မျည်ရည်တွေကို ထိုလူကသုတ်ပေးနေရင်းပြောလာသည်။

"ဘယ်လိုလဲ....ကိုယ့်ရဲ့ချောတဲ့ရုပ်လေးကိုမကြည့်ချင်ဘူးလား....."

ရှောင်းကျန့်ရဲ့လက်လေးတွေကို ထိုလူ့မျက်နှာပေါ်ကမျက်နှာဖုံးတွေဆီသို့ လှမ်းလိုက်သည်။သူတို့နှစ်ယောက်လုံးရဲ့ ရင်ခုန်သံတွေကတော့ထပ်တူညီနေခဲ့သည်။

_________________________________________

11.7.2020

Voteမပေးရင်စိတ်ဆိုးမှာနော်.....ಠಗಠ
Feedbackမပေးရင်မခေါ်ဘူး.....ဟွန့်...ಠಗಠ




Zawgyi













က်ိဳးနန္းေဆာင္က ေရွာင္းက်န႔္ရဲ႕ နန္းေဆာင္ထဲမွာေတာ့ ေဖးေဖးကဒူးေထာက္လ်က္ထိုင္ေနၿပီး ေဖးေဖးရဲ႕ေရွ႕ကခုံေပၚမွာ က်ီ႐ႊမ္းကထိုင္လ်က္ရွိေနသည္။ေဖးေဖးရဲ႕ခႏၶာကိုယ္ေလးဟာ ေၾကာက္႐ြံ႕မႈေၾကာင့္ တဆတ္ဆတ္တုန္လ်က္ရွိေနသည္။က်ီ႐ႊမ္းကထြက္ေပၚလာတဲ့ေဒါသေတြကို ခ်ဳပ္တည္းကာ ေဖးေဖးကိုေမးလိုက္သည္။

"ေရွာင္းက်န႔္......ဘယ္မွာလဲ....."

ထြက္ေပၚလာတဲ့ က်ီ႐ႊမ္းရဲ႕ေရခဲတမွ်ေအးစက္ေနတဲ့ အသံေၾကာင့္ေဖးေဖးရဲ႕ ခႏၶာကိုယ္ေလးေၾကာက္႐ြံ႕မႈေၾကာင့္ တုန္လႈပ္သြားသည္။ဒါေပမယ့္လည္း သူမစိတ္ကိုၿငိမ္ၿငိမ္ထားကာက်ီ႐ႊမ္းရဲ႕ အေမးကိုျပန္ေျဖလိုက္သည္။

"မင္းႀကီး.....ကြၽန္ေတာ္မ်ိဳးမလည္း မသိပါဘူး...။အဲ့အခ်ိန္ကကြၽန္ေတာ္မ်ိဳးမနဲ႔ ၾကင္ယာေတာ္ေလး ေမြးေန႔ပြဲကိုလာဖို႔ျပင္ဆင္ေနၾကပါတယ္။ၾကင္ယာေတာ္ေလး ဝတ္႐ုံလဲဖို႔ကူညီေပးမယ့္အခ်ိန္မွာ ကြၽန္ေတာ္မ်ိဳးမႏွာေခါင္းထဲမွာ အေမႊးနံ႔တစ္ခုရလိုက္ပါတယ္။အဲ့အနံ႔ရၿပီးတဲ့အခ်ိန္မွာ ကြၽန္ေတာ္မ်ိဳးမ ဘာမွမသိေတာ့ပါဘူး။ကြၽန္ေတာ္မ်ိဳးမႏိုးလာတဲ့အခ်ိန္မွာ ၾကင္ယာေတာ္ေလးကလည္းမရွိေတာ့ပါဘူး...။ကြၽန္ေတာ္မ်ိဳးမ ေျပာတာေတြကအမွန္တရားေတြပါ။မင္းႀကီးယုံၾကည္ေပးပါ...."

ေဖးေဖးေျပာတဲ့အရာေတြက အမွန္ျဖစ္မွန္းက်ီ႐ႊမ္းသိသည္။အစက ေရွာင္းက်န႔္ကသူနဲ႔မေနခ်င္လို႔ ထြက္ေျပးသြားတယ္လို႔ သူထင္ခဲ့တာ။ဒါေပမယ့္ ေရွာင္းက်န႔္ကအဲ့လိုလူစားမ်ိဳး မဟုတ္မွန္းသူသိသည္။ၿပီးေတာ့ ေရွာင္းက်န႔္ကေဖးေဖးနဲ႔က်စ္မင္ကို ထားၿပီးထြက္သြားမယ့္လူ မဟုတ္ဘူးဆိုတာကို သူက်ိန္းေသသိသည္။

အခုအေျခအေနအရ ေရွာင္းက်န႔္ကက်ိန္းေသေပါက္ ျပန္ေပးဆြဲခံရတာျဖစ္ႏိုင္သည္။ဒါေပမယ့္ေရွာင္းက်န႔္ကို ဘယ္သူကျပန္ေပးဆြဲတာလဲ။က်ီ႐ႊမ္းရဲ႕မ်က္လုံးထဲတြင္ ေရွာင္းက်န႔္ကိုေပးရန္ေတာင္းဆိုေနေသာ တည္တင္းေနသည့္ ရန္ႏိုင္ငံအရွင္သခင္ရဲ႕ ပုံရိပ္ကမ်က္လုံးထဲေပၚလာသည္။က်ီ႐ႊမ္းေဘးနားက အေစာင့္တပ္သားေလးကိုအမိန႔္ေပးလိုက္သည္။

"ဧည့္သည္ေဆာင္ကိုသြား.....ရန္ႏိုင္ငံရဲ႕အရွင္သခင္ရွိေသးလားဆိုတာကို သြားၾကည့္လာခဲ့....."

"ဟုတ္ကဲ့.....မင္းႀကီး....."

အေစာင့္တပ္သားေလး ထြက္သြားတာနဲ႔ အခုထက္ထိ ဒူးေထာက္လ်က္သားရွိေနတဲ့ ေဖးေဖးကိုၾကည့္ကာ က်ီ႐ႊမ္းေျပာလိုက္သည္။

"သြားေတာ့...."

က်ီ႐ႊမ္းရဲ႕အမိန႔္ကိုၾကားေသာ္လည္း ေဖးေဖးေနရာကမထေသးဘဲ က်ီ႐ႊမ္းကိုေျပာလိုက္သည္။

"မင္းႀကီး....ေက်းဇူးျပဳၿပီး ၾကင္ယာေတာ္ေလးကိုေတြ႕ေအာင္ရွာေပးပါ။ၾကင္ယာေတာ္ေလးတစ္ခုခုျဖစ္သြားရင္ ေဖးေဖးလည္းဆက္ၿပီး အသက္ရွင္ႏိုင္ေတာ့မွာ မဟုတ္ပါဘူး....."

"မင္းစိတ္မပူပါနဲ႔.....ငါကိုယ္ေတာ္ေရွာင္းက်န႔္ကိုက်ိန္းေသ ေတြ႕ေအာင္ရွာမွာပါ..."

က်ီ႐ႊမ္းရဲ႕ကတိစကားကိုၾကားကာမွ သူမဒူးေထာက္ေနရာမွထကာ အခန္းထဲကထြက္လာလိုက္သည္။သူမမ်က္ဝန္းထဲမွာ မ်က္ရည္ေတြနဲ႔ျပည့္လို႔ေနသည္။သူမၾကင္ယာေတာ္ေလးနဲ႔တစ္ခါမွမခြဲခြာဖူးပါ။အခုခ်ိန္ကသာ ပထမဆုံးျဖစ္သည္။ၾကင္ယာေတာ္ေလး အဆင္ေျပပါ့မလား။ေဖးေဖး ရွိသမွ်နတ္ဘုရားေတြအကုန္လုံးကို တိုင္တည္ကာဆုေတာင္းမိသည္။ေက်းဇူးျပဳၿပီး.....ၾကင္ယာေတာ္ေလး အႏၲရာယ္ကင္းပါေစ။

ခနအၾကာမွာေတာ့ ခုနကအေစာင့္တပ္သားေလးဟာ ျပန္ေရာက္လာသည္။အေစာင့္တပ္သားေလးက က်ီ႐ႊမ္းကိုဦးၫႊတ္ကာ ႏႈတ္ဆက္လိုက္သည္။

"မင္းႀကီး....ဧည့္သည္နန္းေဆာင္မွာ ဘယ္သူမွမရွိေတာ့ပါဘူး။နန္းေတာ္ေစာင့္ေတြရဲ႕ ေျပာစကားအရရန္ႏိုင္ငံရဲ႕ အရွင္သခင္မေန႔တည္းကထြက္ခြာသြားပါၿပီ....."

ထင္ထားတဲ့အတိုင္းပဲ။က်ီ႐ႊမ္းေဒါသထြက္မႈေၾကာင့္ လက္ထဲကေရေႏြးခြက္ကို ေပါက္ခြဲပစ္လိုက္သည္။မင္းကမ်ား....ငါကိုယ္ေတာ္ပိုင္တဲ့အရာကို ခိုးယူရဲတယ္ေပါ့....။အခန္းတံခါးကို ခပ္ျပင္းျပင္းတြန္းဖြင့္လိုက္တဲ့အသံေၾကာင့္ က်ီ႐ႊမ္းအသံလာရာဘက္ကို ၾကည့္လိုက္သည္။ေတြ႕လိုက္ရသူက အျခားသူမဟုတ္။သူ႔ရဲ႕အစ္ကိုေတာ္ယြင္ေက်ာက္ျဖစ္သည္။ယြင္ေက်ာက္ရဲ႕ မ်က္ႏွာဟာလည္းသူ႔နည္းတူ ေဒါသေၾကာင့္တင္းမာလို႔ေနသည္။

"ေရွာင္းက်န႔္ေရာ....."

ယြင္ေက်ာက္ရဲ႕ အေမးကိုက်ီ႐ႊမ္းခပ္တိုတိုသာေျဖလိုက္သည္။

"ေပ်ာက္ေနတယ္....."

သူ႔ရဲ႕အေျဖေၾကာင့္ ယြင္ေက်ာက္က‌မေက်နပ္သလို ေဒါသထြက္သြားကာ ေသာင္းက်န္းေလေတာ့သည္။

"ေပ်ာက္ေနတယ္!!!ေရွာင္းက်န႔္တစ္ေယာက္လုံးေပ်ာက္ေနတာကိုေတာင္ ရွာဖို႔မႀကိဳးစားဘဲမင္းကဒီမွာေအးေအးေဆးေဆး ထိုင္ေနရဲတယ္....."

က်ီ႐ႊမ္းကယြင္ေက်ာက္ကို ဘာမွျပန္မေျပာဘဲစိုက္သာၾကည့္ေနလိုက္သည္။က်ီ႐ႊမ္းရဲ႕မလႈပ္မယွက္ အမူအရာေၾကာင့္ ယြင္ေက်ာက္ကပို၍ပင္ေဒါသထြက္သြားေတာ့သည္။

"ေကာင္းၿပီ....။မင္းမရွာရင္ ငါရွာမယ္...."

ယြင္ေက်ာက္ကအေစာင့္တပ္သားေတြဘက္သို႔လွည့္ကာ အမိန႔္ေပးလိုက္သည္။

"ေရွာင္းက်န႔္ရဲ႕ ပုံတူပန္းခ်ီေတြကို ေနရာအႏွံ႔မွာကပ္ထားလိုက္။ၿပီးေတာ့ ေရွာင္းက်န႔္ကို ရွာေတြ႕တဲ့ ဘယ္သူ႔ကိုမဆို ေ႐ႊစင္တစ္ေသာင္းေပးမယ္လို ေၾကျငာခ်က္ထုတ္လိုက္...."

"အဲ့လိုလုပ္လည္း ရွာေတြ႕ႏိုင္မွာမဟုတ္ဘူး....။သူ႔ကိုဘယ္လိုရွာရွာ မင္းေတြ႕မွာမဟုတ္ဘူး..."

ယြင္ေက်ာက္ရဲ႕ အၾကည့္ေတြက က်ီ႐ႊမ္းဆီသို႔ထပ္မံေရာက္ရွိလာသည္။

"မင္းေျပာတာ ဘာအဓိပၸာယ္လဲ....."

"သူကဒီႏိုင္ငံအတြင္းမွာမွ မရွိတာ။မင္းအဲ့လိုလုပ္လည္း ပင္ပန္းတာနဲ႔ေငြကုန္တာပဲ အဖက္တင္မယ္...."

"သူဒီႏိုင္ငံအတြင္းမွာ မရွိဘူးဆိုတာမင္းဘယ္လိုလုပ္သိတာလဲ...."

က်ီ႐ႊမ္းက ယြင္ေက်ာက္ရဲ႕မ်က္လုံးတည့္တည့္ကိုစိုက္ၾကည့္ကာ ေမးလိုက္သည္။

"အစ္ကိုတစ္......ေပ်ာက္သြားတာကကြၽန္ေတာ့္ရဲ႕ၾကင္ယာေတာ္ပါ။ဒါကို အစ္ကိုတစ္က ဘာေၾကာင့္မ်ားအရမ္းကိုစိုးရိမ္ပူပန္ေနရတာလဲ...."

ယြင္ေက်ာက္က အၾကည့္ေတြကိုလႊဲလိုက္ကာ အရွက္ေျပေခ်ာင္းဟန႔္လိုက္သည္။

"ငါ့ရဲ႕မရီးေတာ္ေပ်ာက္တာ ငါေသခ်ာေပါက္စိတ္ပူရမွာေပါ့....."

ေရွာင္းက်န႔္ေပ်ာက္ေနတဲ့အခ်ိန္မွာ ျပႆနာမျဖစ္ခ်င္တာေၾကာင့္ က်ီ႐ႊမ္းလည္းဘာမွဆက္မေျပာေတာ့ေပ။အဲ့အစား ယြင္ေက်ာက္သိခ်င္ေနတဲ့အေျဖကိုသာ ေပးလိုက္သည္။

"ရန္ဘုရင္...."

သူ႔စကားေၾကာင့္ တျခားဖပ္သို႔အၾကည့္လႊဲေနသည့္ ယြင္ေက်ာက္က လွည့္ၾကည့္လာသည္။

"ရန္ဘုရင္က ေရွာင္းက်န႔္ကို ေခၚသြားတာ...."

"ဘာ....ရန္ဘုရင္...."

"ဟုတ္တယ္...."

က်ီ႐ႊမ္းရဲ႕ ေသခ်ာတဲ့အေျဖေၾကာင့္ ယြင္ေက်ာက္ကက်ီ႐ႊမ္းကိုေျပာလိုက္သည္။

"သူတကယ္ ေရွာင္းက်န႔္ကိုေခၚသြားတာ က်ိန္းေသတယ္ဆိုရင္ အခုခ်က္ခ်င္း ရန္ႏိုင္ငံကိုသြားတိုက္ၾကမယ္ေလ။မင္းအမိန႔္ခ်လိုက္ေတာ့..."

ယြင္ေက်ာက္ရဲ႕အေျပာကို က်ီ႐ႊမ္းကအလိုမက်စြာျငင္းလိုက္သည္။

"ရန္ႏိုင္ငံရဲ႕ဘုရင္က အရင္ကဘုရင္အေဟာင္းသာျဖစ္ေနမယ္ဆိုရင္ ဒီလိုအခ်ိန္ဆြဲေနမွာေတာင္မဟုတ္ဘူး။ခ်က္ခ်င္းသြားတိုက္ပစ္မွာ။ဒါေပမယ့္ ရန္ႏိုင္ငံရဲ႕ဘုရင္အသစ္ကဘယ္လိုလူမ်ိဳးလဲဆိုတာ အစ္ကိုတစ္လည္းသိတာပဲ။သူတစ္ေယာက္တည္းရဲ႕အင္အားနဲ႔ ရန္ႏိုင္ငံကိုသိမ္းပိုက္ထားတာ။ၿပီးေတာ့သူ႔လက္ေအာက္မွာရွိတဲ့ အရိပ္မဲ့တပ္ဖြဲ႕ကလည္း လုံးဝေလွ်ာ့တြက္လို႔မရဘူး။သူ႔ကိုအခုခ်ိန္သြားထိတာက ကိုယ့္ေသတြင္းကိုတူးလိုက္တာနဲ႔ အတူတူပဲ...."

က်ီ႐ႊမ္းရဲ႕အေၾကာင္းျပခ်က္ေတြက က်ိဳးေၾကာင္းသင့္ေလ်ာ္တာေၾကာင့္ ယြင္ေက်ာက္ထပ္ၿပီးအတိုက္အခံမလုပ္ေတာ့။

"ဒါဆို ငါတို႔ဘယ္လိုလုပ္ၾကမလဲ...."

ယြင္ေက်ာက္ရဲ႕အေမးကို က်ီ႐ႊမ္းကၿပဳံးလ်က္ျပန္ေျဖသည္။

"စိတ္မပူပါနဲ႔....ေရွာင္းက်န႔္ကိုယ္တိုင္ ငါကိုယ္ေတာ့္ဆီကိုျပန္ေရာက္လာလိမ့္မယ္...."

ယြင္ေက်ာက္ကက်ီ႐ႊမ္းကို နားမလည္စြာၾကည့္သည္။ေရွာင္းက်န႔္ကိုထိန္းခ်ဳပ္ႏိုင္တဲ့ဝွက္ဖဲႏွစ္ခုလုံး သူ႔ဆီမွာရွိေနသည္။ဒါေၾကာင့္မို႔ အခ်ိန္တန္ရင္ ေရွာင္းက်န႔္ကသူ႔ဆီကိုက်ိန္းေသေပါက္ျပန္ေရာက္လာလိမ့္မည္။သူတို႔ရွိေနတဲ့နန္းေဆာင္ရဲ႕တံခါးကပြင့္သြားကာ အရိပ္ေသးေသးေလးတစ္ခုက ေျပးဝင္လာသည္။ထိုအရိပ္ေသးေသးေလးက က်ီ႐ႊမ္းနားသို႔ေျပးလာကာ က်ီ႐ႊမ္းရဲ႕ေျခေထာက္ကို ေျပးဖက္လိုက္သည္။ထိုအရိပ္ေသးေသးေလးဆီမွ ငိုသံစြက္ေနတဲ့ အသံေလးကထြက္ေပၚလာသည္။

"ခမည္းေတာ္....ပါပါးဘယ္ေရာက္သြားတာလဲဟင္...."

သူ႔ေျခေထာက္ကိုဖက္ကာငိုေနတဲ့က်စ္မင္ကို က်ီ႐ႊမ္းဆြဲဖယ္လိုက္သည္။

"ခမည္းေတာ္အလုပ္ရႈပ္ေနတယ္.....က်စ္မင္....ကိုယ့္နန္းေဆာင္ကိုျပန္ၿပီးအိပ္ေတာ့..."

သို႔ေသာ္လည္း က်ီ႐ႊမ္းစကားကိုနားမေထာင္ဘဲက်စ္မင္က ပိုလို႔သာရႈိက္ငိုေတာ့သည္။

"ဟင့္အင္း....သားကပါပါးကိုပဲလိုခ်င္တာ....အီးးးဟီးးး....ပါပါးကိုပဲေခၚေပး....."

သူ႔စကားကိုနားမေထာင္တဲ့က်စ္မင္ေၾကာင့္ ခုနတည္းကခ်ဳပ္တည္းထားရတဲ့ က်ီ႐ႊမ္းရဲ႕ေဒါသေတြဟာ ေပါက္ကြဲသြားေတာ့သည္။သူ႔ေျခေထာက္ကိုဖက္ကာေအာ္ငိုေနတဲ့က်စ္မင္ကိုေစာင့္တြန္းပစ္လိုက္ကာ က်ီ႐ႊမ္းေအာ္ေျပာလိုက္သည္။

"မင္းပါးစပ္ကို ပိတ္ထားစမ္း!!!!"

က်ီ႐ႊမ္းတြန္းလိုက္တာေၾကာင့္ က်စ္မင္ရဲ႕ကိုယ္ေသးေသးေလးဟာ ‌ၾကမ္းျပင္ေပၚသို႔လဲက်သြားရသည္။မာေၾကာတဲ့ၾကမ္းျပင္ေၾကာင့္ က်စ္မင္ရဲ႕လက္ေသးေသးေလးေတြ ပြန္းပဲ့ကာေသြးထြက္သြားရသည္။က်စ္မင္ရဲ႕ကိုယ္ေလးဟာေၾကာက္႐ြံ႕မႈျဖင့္ တုန္ယင္လာေတာ့သည္။က်ီ႐ႊမ္းကိုေၾကာက္တာေၾကာင့္ မ်က္ရည္မက်မိေအာင္ အတင္းႀကိဳးစားေနေတာ့သည္။ပါပါးသာဆိုရင္ သူ႔ကိုဘယ္ေတာ့မွမေအာ္ဘူး...။သူပါပါးကိုအရမ္းသတိရတာပဲ....။

_________________________________________

"ဘာေျပာတယ္....ေပ်ာက္သြားတယ္....."

ၾကားလိုက္ရတဲ့သတင္းစကားေၾကာင့္ လြီေမေအာ္ဟာအေပ်ာ္ႀကီးေပ်ာ္သြားရသည္။ေကာင္းတယ္....အရမ္းေကာင္းတယ္....အဲ့မိန္းမပ်က္လိုအေကာင္က ေပ်ာက္႐ုံတင္မကေသပါေသသြားရမွာ...။သူမအမုန္းဆုံးလူ မရွိေတာ့တာေၾကာင့္သူမရဲ႕စိတ္ေတြ အရမ္းကိုေပ်ာ္႐ႊင္လို႔ေနသည္။ေရွာင္းက်န႔္ေရာက္လာတည္းက သူမဒီလိုမေပ်ာ္႐ႊင္ရေတာ့တာ။အခုေတာ့ သူမဘာမွလုပ္စရာမလိုပဲ‌ေရွာင္းက်န႔္ကေပ်ာက္သြားၿပီ။သူမအရမ္းကိုေက်နပ္မိသည္။

"သခင္မေလး....မင္းႀကီးႂကြခ်ီလာပါတယ္...."

အေစခံေလးရဲ႕စကားေၾကာင့္ သူမအရမ္းေပ်ာ္႐ႊင္သြားရသည္။ေနာက္ဆုံးေတာ့အကိုက်ီ႐ႊမ္းကသူမဆီေရာက္လာခဲ့ၿပီ။အခန္းထဲကိုက်ီ႐ႊမ္းဝင္လာခ်ိန္မွာ က်ီ႐ႊမ္းတစ္ေယာက္တည္းမဟုတ္ဘူးဆိုတာကို ျမင္လိုက္ရတဲ့အတြက္ သူမစိတ္ပ်က္သြားရသည္။သူမက်ီ႐ႊမ္းကိုဦးၫႊတ္ကာႏႈတ္ဆက္လိုက္သည္။

"မင္းႀကီးကိုႏႈတ္ဆက္ပါတယ္။အခုလို ေမေအာ့္ရဲ႕နန္းေဆာင္ကိုႂကြခ်ီလာတာ ေမေအာ္အတိုင္းမသိဂုဏ္ယူရပါတယ္...."

က်ီ႐ႊမ္းကိုႏႈတ္ဆက္ၿပီးတာနဲ႔ က်ီ႐ႊမ္းေဘးနားကအရိပ္ေသးေသးေလးကိုပါ သူမႏႈတ္ဆက္လိုက္သည္။

"အိုး....က်စ္မင္ေလးပါ ပါလာတာပဲ....."

သူမရဲ႕ႏႈတ္ဆက္စကားကို က်ီ႐ႊမ္းကလည္းဘာမွျပန္မေျပာသလို က်စ္မင္ကလည္းဂ႐ုမစိုက္တာေၾကာင့္ သူမရွက္သြားရသည္။ခနအၾကာမွက်ီ႐ႊမ္းက သူမကိုေျပာလာသည္။

"မင္းလည္းေရွာင္းက်န႔္ေပ်ာက္သြားတဲ့အေၾကာင္းကို ၾကားမိမွာပါ...."

က်ီ႐ႊမ္းရဲ႕စကားကို ေမေအာ္ကစိတ္မေကာင္းသလိုဟန္ေဆာင္ျပကာ ျပန္ေျဖလိုက္သည္။

"ဟုတ္ကဲ့ ....ေမေအာ္ၾကားမိပါတယ္....။မင္းႀကီးနဲ႔ထပ္တူေမေအာ္ဝမ္းနည္းရပါတယ္...."

လြီေမေအာ္ရဲ႕စကားေတြကို က်ီ႐ႊမ္းကဘာမွျပန္မေျပာဘဲ က်စ္မင္ကိုလြီေမေအာ္ဆီသို႔ေပးလိုက္သည္။

"ေရွာင္းက်န႔္ကိုရွာေတြ႕တဲ့အခ်ိန္ထိ မင္းသူ႔ကိုေစာင့္ေရွာက္ေပးထား..."

ၾကားလိုက္ရတဲ့စကားေၾကာင့္ လြီေမေအာ္ရဲ႕မ်က္ႏွာပ်က္ယြင္းသြားရသည္။သို႔ေသာ္လည္းသူမကမ်က္ႏွာကို အျမန္ျပင္လိုက္ကာ က်ီ႐ႊမ္းကိုျပန္ေျဖလိုက္သည္။

"မင္းႀကီးစိတ္ခ်ပါ.....မင္းသားေလးကို ကြၽန္မေသခ်ာေစာင့္ေရွာက္လိုက္ပါ့မယ္...."

က်ီ႐ႊမ္းကထြက္သြားခါနီးမွ လြီေမေအာ္ကိုၾကည့္ကာ ထပ္ေျပာလိုက္သည္။

"ေသခ်ာမေစာင့္ေရွာက္ႏိုင္လို႔ က်စ္မင္ေပ်ာက္သြားခဲ့ရင္ မင္းကိုသတ္ပစ္မယ္...."

က်ီ႐ႊမ္းရဲ႕အေျပာေၾကာင့္ သူမကိုယ္ေလးတုန္သြားရသည္။သူမဘာမွေတာင္ျပန္မေျပာႏိုင္ခင္မွာ က်ီ႐ႊမ္းကအခန္းထဲကထြက္သြားၿပီျဖစ္သည္။သူမထင္ခဲ့တာက က်ီ႐ႊမ္းကသူမနဲ႔အတူအိပ္ဖို႔လာတယ္လို႔ ထင္ခဲ့တာ။အခုေတာ့သူမကို ဒီအမ်ိဳးယုတ္ေလးကိုေစာင့္ေရွာက္ခိုင္းတယ္တဲ့လား။သူမအေတြးေတြ‌နဲ႔ ေဒါသထြက္ေနတုန္းမွာသုမရဲ႕လက္ကိုလာထိတဲ့ လက္ေသးေသးေလး။

"အန္တီ....သားရဲ႕ပါပါးဘယ္မွာလဲဆိုတာ အန္တီသိလားဟင္...."

သူမလိုလွပေခ်ာေမာတဲ့သူကို အန္တီလို႔ေခၚလိုက္တာေၾကာင့္ သူမေဒါသထြက္သြားရသည္။ဒါေပမယ့္လည္း သူမစိတ္ကိုေလွ်ာ့လိုက္ကာထိုကေလးရဲ႕ေမးခြန္းကို ျပန္ေျဖလိုက္သည္။

"မင္းရဲ႕ပါပါးက ေယာက္်ားေနာက္လိုက္သြားတာပဲေနမွာေပါ့။သူကေယာက္်ားေတြကိုျမႇဴစြယ္တဲ့ေနရာမွာ အရမ္းေတာ္တာ။သူကအရမ္းကိုခံခ်င္ေနတာေလ...."

ထိုအန္တီႀကီးေျပာတဲ့စကားေတြကို က်စ္မင္နားမလည္ေသာ္လည္း သူ႔ပါပါးကိုမေကာင္းေျပာေနသည္ဆိုတာကိုေတာ့သူသိသည္။ထို႔ေၾကာင့္ထိုအန္တီႀကီးရဲ႕လက္ကို သူ႔ရဲ႕သြားခြၽန္ခြၽန္ေလးေတြနဲ႔ကိုက္လိုက္သည္။

"အားးးး.....ေခြးေကာင္ေလး.....လႊတ္စမ္း...."

က်စ္မင္ကိုက္လိုက္လို႔ ေပါက္သြားတဲ့သူမရဲ႕လက္ကိုၾကည့္ကာ သူမေဒါသထြက္လာသည္။

"လာၾကစမ္း....ဒီေခြးေကာင္ေလးကို အျပင္မွာပစ္ထားလိုက္စမ္း..."

အေစခံေတြကဒီေလာက္ငယ္လြန္းတဲ့ ကေလးငယ္ေလးကိုအျပင္မွာမထားခ်င္ေပမယ့္လည္းသူတို႔ရဲ႕ သခင္မေလးစိတ္တိုင္းက်သာလုပ္ေပးလိုက္ရသည္။ခိုက္ခိုက္တုန္ေအာင္ေအးလြန္းတဲ့ ညဘက္ႀကီးအျပင္မွာရပ္ေနရေပမယ့္လည္း ပါပါးကိုမေကာင္းေျပာတဲ့အန္တီႀကီးကို ကိုက္လိုက္ရသည့္အတြက္ က်စ္မင္ေက်နပ္သည္။က်စ္မင္ဒူးေလးကိုပိုက္ကာ က်ဳံ႕က်ဳံ႕ေလးထိုင္လိုက္သည္။သူပါပါးကို အရမ္းသတိရတာပဲ....။

_________________________________________

ေရွာင္းက်န႔္ႏိုးလာတဲ့အခ်ိန္မွာ သူဟာလူတစ္ေယာက္ရဲ႕ရင္ခြင္ထဲ‌ေရာက္ေနတာကို သတိထားမိသြားတာေၾကာင့္ ထိုလူ႔ရင္ခြင္ထဲမွ႐ုန္းကာထထိုင္လိုက္သည္။သူ႔လႈပ္ရွားမႈေၾကာင့္ ထိုလူဟာလည္းႏိုးသြားရသည္။မ်က္ႏွာဖုံးတပ္ထားတဲ့ထိုလူကိုျမင္ကာမွ ရန္ႏိုင္ငံရဲ႕အရွင္သခင္ျဖစ္မွန္း သတိရသြားသည္။

"ခင္ဗ်ားကဘာလို႔ ကြၽန္ေတာ့္နန္းေဆာင္ထဲကိုေရာက္ေနတာလဲ....."

ထိုလူကသူ႔ကိုၾကည့္ေနရင္း ျပန္ေျဖသည္။

"ေသခ်ာၾကည့္ပါအုံး....။ဒါကမင္းရဲ႕နန္းေဆာင္ဟုတ္လို႔လား....."

ထိုလူေျပာကာမွ ေရွာင္းက်န႔္အခန္းကိုေသခ်ာၾကည့္လိုက္မိသည္။ဒါဟာသူ႔ရဲ႕နန္းေဆာင္မဟုတ္...။သူဘာေၾကာင့္ဒီကိုေရာက္ေနလဲဆိုတာကိုလည္း ေရွာင္းက်န႔္စဥ္းစားလို႔မရ။ေရွာင္းက်န႔္စဥ္းစားေနရင္းနဲ႔မွ ေမြးေန႔ပြဲကိုသတိရသြားသည္။သူေတာ့ေနာက္က်ေတာ့မွာပဲ။ေရွာင္းက်န႔္ကုတင္ေပၚမွထလိုက္ၿပီး ရန္ႏိုင္ငံရဲ႕အရွင္သခင္ကိုႏႈတ္ဆက္လိုက္သည္။

"အေႏွာင့္အယွက္ျဖစ္သြားရင္ ေတာင္းပန္ပါတယ္။ကြၽန္ေတာ့္ကိုခြင့္ျပဳပါအုံး...."

ေရွာင္းက်န႔္အခန္းတံခါးဝသို႔ေျပးသြားကာ တံခါးကိုဆြဲဖြင့္လိုက္သည္။ေတြ႕လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ ေရွာင္းက်န႔္အံ့ဩသြားရသည္။က်ိဳးႏိုင္ငံရဲ႕စိမ္းစိုေနတဲ့သစ္ပင္ေတြအစား သူေတြ႕လိုက္ရတာက မက္မြန္ပန္းေတြေဝဆာစြာပြင့္ေနတဲ့ မက္မြန္ပန္းပင္ေတြ။ခုံေပၚတြင္ေရေႏြးေသာက္ေနတဲ့ရန္ႏိုင္ငံရဲ႕အရွင္သခင္ဆီသို႔ ျပန္သြားကာေရွာင္းက်န႔္ေမးလိုက္သည္။

"ဒါကဘယ္ေနရာလဲ...."

ေရွာင္းက်န႔္ရဲ႕အေမးကို ထိုလူကေအးေဆးစြာပဲျပန္ေျဖသည္။

"ရန္ႏိုင္ငံေလ... "

ေရွာင္းက်န႔္ေခါင္းပင္မူးသြားရသည္။သူအိပ္ေပ်ာ္သြားတုန္းက သူကက်ိဳးႏိုင္ငံမွာ။အခုႏိုးလာေတာ့ ရန္ႏိုင္ငံကိုေရာက္ေနၿပီ။ဘာေတြျဖစ္သြားတာလဲ။

"ဘာျဖစ္လို႔ ကြၽန္ေတာ္ကရန္ႏိုင္ငံကိုေရာက္ေနတာလဲ...."

ရန္ဘုရင္ကေရ‌ေႏြးခြက္ကိုခ်လိုက္ကာ သူ႔ကိုၿပဳံးၿပီးၾကည့္လာသည္။

"ကိုယ္ေခၚလာလို႔ေလ....."

"ဘာလို႔ေခၚလာတာလဲ...."

"လိုခ်င္လို႔ေလ...."

ဘာမွမဟုတ္သလို ေအးေဆးစြာျပန္ေျဖေနတဲ့ထိုလူကိုၾကည့္ၿပီး ေရွာင္းက်န႔္ေဒါသထြက္လာသည္။

"ျပန္ပို႔ေပး...."

"မပို႔တတ္ဘူး...."

"ရတယ္ေလ....ကြၽန္ေတာ္ကျပန္တတ္တယ္..."

ထိုလူကိုဆက္ေျပာေနရင္ေလပဲကုန္မည္ျဖစ္တာေၾကာင့္ ေရွာင္းက်န႔္အခန္းျပင္ကိုထြက္လာလိုက္သည္။မက္မြန္ပန္းပင္ႀကီးေအာက္ေရာက္ခ်ိန္အေနာက္က ထိုလူေျပာလိုက္တဲ့စကားေၾကာင့္ေရွာင္းက်န႔္ရဲ႕ေျခလွမ္းေတြ ရပ္သြားရသည္။

"ကိုယ့္ရဲ႕ဆရာလုပ္ေပးပါလား။ကိုယ့္ကိုသိုင္းပညာသင္ေပးႏိုင္မလား...."

ေရွာင္းက်န႔္ရဲ႕ႏႈတ္ခမ္းေလးေတြ အံ့ဩမႈေၾကာင့္ပြင့္ဟသြားရသည္။သူ႔ကိုအဲ့စကားေျပာခဲ့ဖူးတာတစ္ေယာက္သာရွိသည္။ေရွာင္းက်န႔္ အေနာက္သို႔လွည့္ကာထိုလူကိုျပန္ၾကည့္လိုက္သည္။

"ငါကမင္းကိုဘာေၾကာင့္သင္ေပးသင့္တယ္ဆိုတဲ့အခ်က္ေတြေျပာႏိုင္ရင္ သင္ေပးမယ္"

ထိုလူကတျဖည္းျဖည္းခ်င္း သူရွိရာသို႔လွမ္းလာကာ ပါးစပ္ကလည္းသူ႔ကိုသင္ေပးသင့္တဲ့အခ်က္ေတြကိုေျပာေနသည္။

"ပထမအခ်က္မင္းသင္ေပးတဲ့အရာကိုကိုယ္ကမေကာင္းတဲ့ေနရာမွာသုံးမွာမဟုတ္ဘူး။ကိုယ့္ရဲ႕ၿပိဳင္ပြဲအတြက္အသုံးခ်မွာျဖစ္တဲ့အတြက္သင္ေပးသင့္တယ္"

ထိုလူ႔ရဲ႕ေျခလွမ္းေတြနီးလာေလ ေရွာင္းက်န႔္ရင္ေတြခုန္လာေလျဖစ္သည္။

"ဒုတိယအခ်က္ကိုယ္ကနဂိုတည္းကတတ္ၿပီးသားျဖစ္တဲ့အတြက္သင္တဲ့အခါမင္းပင္ပန္းမွာမဟုတ္ဘူး။ကိုယ့္ရဲ႕အားနည္းခ်က္ေတြကိုေထာက္ျပေပး႐ုံပဲ"

ေရွာင္းက်န႔္ရဲ႕မ်က္ဝန္းမွာ မ်က္ရည္ဥေလးေတြတြဲခိုေနၿပီျဖစ္သည္။

"တတိယအခ်က္ကကိုယ္က႐ုပ္ေခ်ာတယ္ေလ။ဒါေၾကာင့္မင္းသင္ေပးသင့္တယ္"

တတိယအခ်က္ေျပာၿပီးတဲ့အခ်ိန္မွာထိုလူဟာလည္း ေရွာင္းက်န႔္ရဲ႕ေရွ႕တည့္တည့္ကိုေရာက္ေနၿပီျဖစ္သည္။ေရွာင္းက်န႔္ရဲ႕ ပါးႏုႏုေပၚသို႔မ်က္ရည္ဥေလးေတြက်ဆင္းလာသည္။ေရွာင္းက်န႔္ပါးေပၚက မ်ည္ရည္ေတြကို ထိုလူကသုတ္ေပးေနရင္းေျပာလာသည္။

"ဘယ္လိုလဲ....ကိုယ့္ရဲ႕ေခ်ာတဲ့႐ုပ္ေလးကိုမၾကည့္ခ်င္ဘူးလား....."

ေရွာင္းက်န႔္ရဲ႕လက္ေလးေတြကို ထိုလူ႔မ်က္ႏွာေပၚကမ်က္ႏွာဖုံးေတြဆီသို႔ လွမ္းလိုက္သည္။သူတို႔ႏွစ္ေယာက္လုံးရဲ႕ ရင္ခုန္သံေတြကေတာ့ထပ္တူညီေနခဲ့သည္။

_________________________________________

11.7.2020

Voteမေပးရင္စိတ္ဆိုးမွာေနာ္.....ಠಗಠ
Feedbackမေပးရင္မေခၚဘူး.....ဟြန္႔...ಠಗಠ










Продолжить чтение

Вам также понравится

5.9K 883 10
I remember the day that we first met On that bright and dazzling day, you came to me
1.4K 92 14
esta historia de amor es mi segunda historia se trata que io y triton se encuentran después de mucho tiempo pero io comenzará a desarrollar sentimien...
15K 432 21
Katerina Mateo~ The daughter of Ares and Bella Mateo. The most dangerous people alive. Katerina is now the first female Mafia Leader. She knows her m...
Silence 1-700-SLUT-FOR-SMUT

Любовные романы

1.4M 34.4K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...