Love Me Like The Way [Complet...
By call_me_Tylor
926K 85.1K 2.9K
Do you love me like the way I love you baby ? More
Love Me Like The Way
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 34
Final
Wedding Day
100K ๐ŸŽ‰๐ŸŽ‰๐ŸŽ‰
Extra-Marriage Life (1)
Extra-Marriage Life (2)
Extra-Marriage Life (3)
Extra-Marriage Life (4)
Extra-Marriage Life (5)
Extra-Marriage Life (6)
Extra-Marriage Life (7)
Extra-Marriage Life (8)
Extra-Marriage Life (9)
Extra-Marriage Life (10)
Extra-Marriage Life (11)
Extra-Marriage Life (12)
Extra-Marriage Life (Final)
แ€กแ€…แ€นแ€€แ€ญแ€ฏแ€ฑแ€€แ€ฌแ€„แ€นแ€ธแ€ปแ€™แ€แ€นแ€Ÿแ€ญแ€”แ€นแ€ธแ€”แ€ฒแ‚” แ€กแ€ฎแ€šแ€ผแ€”แ€นแ€ธแ€ฑแ€œแ€ธ / แ€กแ€…แ€บแ€€แ€ญแ€ฏแ€€แ€ฑแ€ฌแ€„แ€บแ€ธแ€™แ€ผแ€แ€บแ€Ÿแ€ญแ€”แ€บแ€ธแ€”แ€ฒแ€ท แ€กแ€ฎแ€šแ€ฝแ€”แ€บแ€ธแ€œแ€ฑแ€ธ
Part 33
13.1K 1.3K 17
By call_me_Tylor
[Zawgyi]
" ချစ်လား baby "
" Daniel !!! "
" အွန်း "
" အဲ့လိုထင်လို့လား "
" Baby သိလား "
" ဘာတုန်း ... "
" ကလေးလေး "
" Baby ~ "
" ဟင် "
__________
စချစ်ခဲ့တဲ့သူက ဘယ်သူပဲဖြစ်ဖြစ် ပိုချစ်တဲ့သူကတော့ ကိုယ်ပဲဖြစ်ပါရစေ ...
To be continue ...
[Unicode]
" Baby ရေ ... ခေါက်ဆွဲပြုတ်ပေးပါ "
" ခဏလေးပါ အဆိုးလေးရေ ... ကိုကို အဝတ်အစားလဲနေလို့ ... ပြီးရင်ပြုတ်ပေးမယ် "
ကော်ဖီဆိုင်ကပြန်လာကတည်းက Daniel က အိမ်မပြန်ပဲ စစ်မင်းအိမ်ကို ပြန်လိုက်လာကာ သောင်တင်နေသည်။ အခုလည်းကြည့်။ စစ်မင်းက ရေချိုးပြီးလို့ အဝတ်အစားလဲနေတုန်းရှိသေး ... ဧည့်ခန်းထဲမှာ ခြေပစ်လက်ပစ်နဲ့ အခန့်သားထိုင်ကာ ဂိမ်းဆော့နေရင်း စစ်မင်းကို ခိုင်းစားနေသည်။ အင်္ကျီအဝတ်အစားအပိုပါမလာတာကိုလည်း အိမ်ပြန်မယူပဲ စစ်မင်းရဲ့ အဝတ်အစား မတော်တရော်တွေကိုပဲ ယူဝတ်သည်။ ချည်ဘောင်းဘီပွပွလေးက ပုံမှန်ဆို စစ်မင်းဝတ်ရင် ဒူးအောက်ထိရှည်ပေမယ့် Daniel ဝတ်လိုက်တော့ ဒူးအပေါ်ကို တော်တော်ရောက်နေသည်။ အခုဆိုရင် ဒူးနှစ်ဖက်ကိုထောင်ရင်း ဆိုဖာပေါ် ဂိမ်းထိုင်ဆော့နေတော့ ဝတ်ထားတဲ့ဘောင်းဘီပွပွလေးက ပေါင်တစ်ဝက်ထိကို တိုတက်နေပြီဖြစ်သည်။
" ဘာဂိမ်းတွေ အသည်းအသန် ဆော့နေတာလဲ ကလေးလေး "
" ဟမ် . ဒီမှာလေ baby ... ဖုန်းထဲက baby ရွေးပေးခဲ့တဲ့ တူတဲ့အကောင်ရွေးတဲ့ ဂိမ်းလေးလေ "
အဝတ်အစားလဲပြီးလို့ အိမ်ရှေ့ထွက်လာတဲ့ စစ်မင်းက Daniel ထိုင်နေတဲ့ ခုံနောက်မှာသွားရပ်ပြီး ခါးလေးကိုင်းကာ ဂိမ်းဆော့နေတဲ့ Daniel ရဲ့ ဆံပင်လှိုင်းတွန့်လေးတွေ၊ နားရွက်ကားကားလေးနဲ့ နားထင်လေးကို ဖိနမ်းရင်းမေးမိသည်။ ခေါင်းလေးလည်ပြန်လှည့်လာပြီး စစ်မင်းရဲ့ နှုတ်ခမ်းကို တစ်ဖန်ပြန်နမ်းကာ ဖြေတဲ့အဖြေကတော့ လက်ထဲမှာ စစ်မင်းဖုန်းလေးကိုင်ထားပြီး အကောင်တူရွေးတဲ့ ဂိမ်းလေးကိုဆော့နေတာဖြစ်သည်။ ပုံမှန်ဆို Daniel က ဖုန်းတွေ၊ ပိုက်ဆံအိတ်တွေ ယူကိုင်တတ်တဲ့ သူမျိုးမဟုတ်ပေမယ့် စစ်မင်းရဲ့ ဖုန်းကိုတော့ စစ်မင်းကိုယ်တိုင် ဂိမ်းလေးရွေးပေးပြီး Daniel လေးရဲ့ လက်ထဲ ထည့်ပေးခဲ့တာဖြစ်သည်။ ထုံးစံအတိုင်း လူကြီးလူကောင်းဆန်ဆန် တစ်ခြားတွေ လျှောက်မပြောင်းပဲ ဖွင့်ပေးထားခဲ့တဲ့ ဂိမ်းပဲ ထိုင်ဆော့နေတဲ့ Daniel ကတော့ Daniel ပါပဲ။
" ချစ်ဖို့ကောင်းလိုက်တာရော် ... ကလေးလေးကျနေတာပဲ "
" Baby ပဲ ကိုယ့်ကို ကလေးလေးလို့ ခေါ်ပြီးတော့ ... အဲ့တော့ ကလေးလေးပဲပေါ့ "
" ဟားဟား ဟုတ်ပါပြီ ... ဒီကလေးလေးနဲ့ကတော့ မနိုင်ပါဘူး "
" ချစ်လား baby "
" အဆိုးလေးကို ချစ်ပါ့ဗျာ ... မချစ်ပဲမနေနိုင်ပါဘူး ... ချွဲမနေနဲ့တော့ ... လာတော့ . ဖုန်းပိတ်ခဲ့ ... ခေါက်ဆွဲပြုတ်ကျွေးမယ် . ရွှတ် ~ "
Daniel ကို ခေါ်ရင်း နားသယ်စပ်လေးကိုပဲ အသံမြည်အောင် ထပ်ဖိနမ်းပြီး စစ်မင်းက မီးဖိုခန်းထဲဝင်ခဲ့တော့ နောက်ကနေ လူသားငယ်လေးရဲ့ သဘောတကျ ရယ်သံခပ်သဲ့သဲ့လေးကို ကြားရသေးသည်။ ရေခဲသေတ္တာထဲက ခေါက်ဆွဲထုပ်လေးကိုယူပြီး ကျန်နေသေးတဲ့ အရွက်တွေနဲ့ ကြက်ဥလေးရောကာ ခေါက်ဆွဲတစ်ပွဲပြုတ်ပေးရသည်။ ခေါက်ဆွဲပြုတ်ပြီးလို့ ပန်းကန်လေးထဲထည့်ကာ ဧည့်ခန်းထဲ ပြန်သယ်လာပြီး ခေါက်စားပွဲလေး ချပြီးသည့်တိုင် Daniel က ဂိမ်းအဆော့မပျက်သေး။
" ဟော . ကြည့် ... ဖုန်းပိတ်ပါတော့ဆို ... အဲ့ဂိမ်းက အရမ်းအာရုံစိုက်ရတယ် ကလေးလေးရ ... မျက်စိညောင်းပြီး ခေါင်းတွေကိုက်နေမယ် "
" ခဏ ခဏလေးပဲ baby ... အချိန်ပြည့်တော့မှာ ... ခဏလေးရယ် ... အာ shit "
" Daniel !!! "
" ဟင် baby ... အာ ... ခုနကလေ ခုနက baby ကို ဆဲတာ မဟုတ်ဘူးလေ ... အချိန်ပြည့်သွားတော့ စိတ်လှုပ်ရှားပြီးဆဲမိတာ "
ဂိမ်းဆော့နေရင်း ရှုံးတော့မှာမလို့ အသဲအသန်ဆော့နေတုန်း အချိန်ပြည့်သွားတာကြောင့် စိတ်လှုပ်ရှားပြီး ဆဲမိတော့ ဆောင့်ခနဲထွက်လာတဲ့ အသေးလုံးလေးရဲ့အသံကြောင့် လန့်ပြီး လက်ထဲကိုဖုန်းကိုချကာ ကြည့်မိသည်။ အရယ်အပြုံးမရှိပဲ ခပ်တည်တည်ကြည့်နေတဲ့ အသေးလုံးလေးကြောင့် ဆဲလိုက်လို့ စိတ်ဆိုးသွားပုံရပါသည်။ Daniel တို့ကတော့ အသဲအသန်ကို ချော့ရပေတော့မည်။
" Baby baby ... ယုံနော် ကိုယ်က baby ကို ဆဲတာမဟုတ်ပါဘူး တကယ် တကယ် "
" ဆဲလို့ စိတ်ဆိုးတာလို့ ပြောမိလို့လား ... ခေါက်ဆွဲတွေက ပွကုန်မှာစိုးလို့ ... ဂိမ်းက ဘယ်အချိန်ဆော့ဆော့ ရတယ်လေ ... ပွသွားတဲ့ ခေါက်ဆွဲတွေစားရင် ဗိုက်ပွသွားမှာစိုးလို့လေ "
" ဟုတ်ပါပြီ ... ကိုယ့်အချစ်စကားကို နားထောင်မယ်နော် ... စားမယ် စားမယ် "
"အွန်း . စားတော့ ... အရမ်းမပူတော့ဘူးရယ် ... ကိုကိုအပူလျော့သွားအောင် သေချာအထက်အောက်လေး မွှေထားတယ် "
"ကိုယ့် baby က အကောင်းဆုံး "
ဘယ်ဘက်ပါးက ပါးချိုင့်လေး ပေါ်လာတဲ့အထိ ပြုံးပြပြီး ခေါက်ဆွဲပန်းကန်လေးဆွဲကာ ငုံစားနေတဲ့ Daniel လေးကို စစ်မင်းမှာ မြတ်နိုးလိုက်ရတာ အတိုင်းမသိပါပဲ။ ဒီလိုလူသားလေးကို လောဘတက်မက်မောနေမိတာ မမှားဘူးထင်ပါရဲ့။
မင်းဖြစ်နေလို့ ချစ်တာဆိုတဲ့အတိုင်းပဲ စစ်မင်းမှာတော့ Danielလေးမလို့သာ အထပ်ထပ်ကို ချစ်နေမိရတာပါပဲ။ 
" အိုက်ရား ... ဒီဆံပင်တွေ . အာ ... Baby မနက်ကပြောတာလေ ... ကိုယ့်ဆံပင်တွေ ရှည်နေပြီဆိုတာ ... ကိုယ်နည်းနည်းလောက် ညှပ်ပစ်ရမလားဟင် "
" ဟမ် . ကိုကိုက ဒီဆံပင်အတွန့်လေးတွေ သဘောကျတယ်ဆိုလို့သာ မညှပ်တာမလား ... အခုအစားငုံ့စားရင် ဆံပင်လေးတွေက မျက်လုံးလာလာစိုက်တော့ နေရခက်နေမှာ ... နောက်နေ့ကျရင် နည်းနည်းညှပ်လိုက်နော် "
" ဟုတ် baby . ပြီးတော့လေ ခေါက်ဆွဲပြုတ်လေးကလေ မနေ့ကလိုပဲ စားကောင်းနေရော "
" စားကောင်းအောင် ပြောနေပါပြီဗျာ ... နောက်လည်း ကိုကိုကပြုတ်ကျွေးမယ်နော် ကလေးလေး ... နေဦး . စားရတာမခက်အောင် ရှေ့ဆံပင်လေးတွေလုပ်ပေးမယ် ခဏနော် "
ပြောပြောဆိုဆိုနဲ့ စားပွဲဘေးမှာ တင်ပျင်ခွေထိုင်နေရာကနေထပြီး အခန်းထဲဝင်သွားတဲ့ အသေးလုံးလေးကို Daniel က ခေါက်ဆွဲဆက်မစားပဲ လိုက်ကြည့်နေမိသည်။ အချစ်နဲ့အနီးဆုံး ရပ်ဝန်းလေးတွေက အမြဲဒီလိုပဲထင်ရဲ့။ အိမ်ခန်းကျဉ်းလေးမှာတောင် နွေးထွေးလွန်းသည်။ စားရတဲ့ခေါက်ဆွဲပြုတ်အရသာက ကောင်းမွန်တာထက် အချစ်ပြုတ်ပေးတဲ့အရသာက ချိုမြန်တာပိုသည်။
" လာ ကလေးလေး ... အရှေ့ကိုတိုး . ကိုကို ဆံပင်လေးတွေ မြှောက်စည်းထားပေးမယ် "
" အွန်း "
ထိုင်နေရက်လည်း Daniel က စစ်မင်းထက်မြင့်နေတာကြောင့် မှီအောင် မျက်လုံးလေးမှိတ်ကာ စစ်မင်းရှေ့ကို ခါးလေးကိုင်းလာသည်။ ခေါင်းလေးထိုးပေးလာတဲ့ Daniel ရဲ့ ခေါင်းလုံးလေးကို စစ်မင်းက ရွှတ်ခနဲ့နေအောင် တစ်ချက်ဖိနမ်းလိုက်ပြီး ရှေ့ဆံပင်လေးတွေကို လက်နဲ့အသာစုယူသည်။ အလုပ်များလို့ ဆံပင်မညှပ်မိရင် ရှေ့ဆံပင်တွေ ရှည်နေတတ်တာကြောင့် စိတ်ရှုပ်ရင် စုစည်းဖို့ဝယ်ထားမိတဲ့ သားရေကွင်းလေးတွေက အတော်ဖြစ်သွားသည်။ အခန်းထဲက သွားယူလာတဲ့ သားရေကွင်းငယ်လေးနဲ့ Daniel ရဲ့ လှိုင်းတွန့်တွန့် အရှေ့ဆံပင်နုနုလေးတွေကို စည်းပေးနေသည့်တိုင် Daniel လေးက စစ်မင်းဘာလုပ်လုပ် ငြိမ်ပေးသည်။
" ကဲ ပြီးသွားပြီ ... ခေါင်းမော့ ... အဆင်ပြေလား ကလေးလေး . စည်းထားတာတင်းသွားလို့ ဆံပင်လေးတွေနာရင် ပြောနော် "
"ဟင့်အင်း ရတယ် ... မျက်လုံးကိုလည်း မစူးတော့ဘူး "
" အား ဒီကလေးနဲ့တော့ ချစ်လိုက်တာပါကွာ ... ကိုကို့နားလာဦး . အရှေ့တိုး ... နဖူးလေးကိုနမ်းဦးမယ် "
ရှည်နေတဲ့ အရှေ့ဆံပင်လေးကို စည်းပေးထားတာကြောင့် ဘေးဘယ်ညာကို ဖြာထွက်နေပြီး အုန်းပင်လေးလို ဖြစ်နေသည်။ စည်းထားတဲ့ အုန်းပင်ဆံပင်လေးနဲ့ ခေါင်းလေးမော့လာတဲ့ Daniel က ဘာလေးမှန်းကိုမသိ။ ဆံပင်တွေ စုစည်းထားတာကြောင့် ခပ်ပြေပြေနဖူးပြင်လေးကလည်း ရှင်းလင်းနေသည်။ ထိန်းမနိုင်သိမ်းမရ နမ်းချင်စရာလေးမလို့ ရှေ့တိုးခိုင်းတော့လည်း ကိုယ်တော်လေးက မသိချင်ယောင်ဆောင်ပြီး စစ်မင်းရှေ့ကို တိုးပေးသေးသည်။
" မွ မွ မွ ... ချစ်တယ် . မွ . ကိုကို့ ကလေးလေး . မွ . ဒီကလေးလေးကို ချစ်လိုက်တာ "
" အော်ဟော ... baby က ကိုယ့်ကို ဘယ်တုန်းကတည်းက နမ်းချင်နေတာလဲ . ခုနကတည်းက နမ်းနေတာရော် . ကိုယ်တောင် မနမ်းရဘူး "
" မကြိုက်ဘူးလား ကလေးလေးက "
" အဲ့လိုထင်လို့လား "
Daniel က မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း မေးတော့ မျက်စောင်းလေးဝင့်ကာ မထင်ပါဘူးဆိုတဲ့ပုံစံလေးနဲ့ အသေးလုံးလေးက ကြည့်လာသည်။ ဒီကကောင်က ရူးမတတ်ပါဆို ဒီအသေးလုံးလေးနဲ့တော့ ချက်ချင်းကောက်ပွေ့ဆွဲမွှေ့ကာ ဖိနမ်းပစ်ချင်စရာလေး ကောင်းနေသည်။ အသေးလုံးလေးဘက်ကစတဲ့ အနမ်းဖွဖွလေးတွေနဲ့ အနမ်းခံရရင် ရင်တွေခုန်တာ အတိုင်းမသိပါဆို ခဏခဏ မသိမသာရော သိသိသာသာရောပါ နမ်းသည်။
" Baby သိလား "
" ဘာတုန်း ... "
"ဟွန် ~ ဒါလေးက စိတ်ဆိုးတဲ့အသံလေးလား . ရူးအောင်လုပ်ပြီကွာ ... ပြောစရာရှိလို့လေ baby ရ . အဲ့လိုရူးအောင် ခဏခဏမလုပ်နဲ့ သိလား . ကိုယ်ရူးသွားရင် baby မချစ်မှာ စိုးလို့ဗျ "
" ကလေးလေးရာ . ထားခဲ့မှာကြောက်နေခဲ့ဖူးတာက ကိုကိုလေကွာ ... just the way you are လေ ... အရူးလေးဖြစ်သွားလည်း ချစ်တာပေါ့ . အရင်ကတည်းက မျက်နှာရူးလေးကိုတောင် မြတ်မြတ်နိုးနိုးချစ်သေးတာ "
အသေးလုံးလေးက Daniel ရဲ့ ခေါင်းပေါ်က အုန်းပင်လေးကို ဆွဲဆော့နေရင်း မျက်လုံးကြည်ကြည်ဝိုင်းဝိုင်းလေးတွေနဲ့ ဖြေးဖြေးချင်းပြောသည်။ Daniel ကလည်း ရူးသွားရင်တောင် Daniel ရဲ့ နှလုံးသားက မရူးတာမလို့ အသေးလုံးလေးကို မှတ်မိမယ်ထင်ပါရဲ့။
အသေးလုံးလေးရဲ့ မျက်နှာလေးကိုကြည့်နေရင်း မဆီမဆိုင် Leon က အတွေးထဲ ဖျတ်ခနဲပေါ်လာသည်။ အတွေးကတော့  အသေးလုံးလေးဘက်က ဖြေရှင်းစရာရှိတာတွေ ရှင်းပြီးသည့်တိုင် Daniel က မရှင်းရသေးတာမလို့ စိတ်ရှင်းရှင်းနဲ့ ပျော်လို့မရနိုင်သေးပါ။ Munich မှာဆို တစ်စက်မှ ဂရုစိုက်နေစရာမလိုပေမယ့် ချော်တောငေါ့ကာ မြန်မာထိရောက်လာပြီး အိမ်ပေါ်တက်နေနေတဲ့ Leon ကို ခွာထုတ်ဖို့ ခေါင်းခြောက်ရသည်။
" ကလေးလေး "
တောင်တွေးမြောက်တွေးတွေ စဉ်းစားမိနေရင်း Daniel ရဲ့ ပါးပြင်ပေါ်ရောက်လာတဲ့ လက်နုနုလေးကြောင့် သတိပြန်ဝင်လာရသည်။ Daniel ရဲ့ အတွေးတွေကို နားလည်တယ်ဆိုတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်နေသည်။ နှုတ်ကထုတ်မပြောသည့်တိုင် မျက်ဝန်းတွေကနေ တစ်ဆင့်လည်း နားလည်နေတတ်တာမျိုးပါပဲ။ 
" အကုန်အဆင်ပြေသွားမှာပါ ကလေးလေးရ "
" Baby ~ "
" အင်း ကိုကို နားလည်တယ် . မနက်ဖြန် တွေ့ကြမလား "
" ဟင် "
" Leon နဲ့လေ . မနက်ဖြန် ကလေးလေးအိမ်ဖြစ်ဖြစ် ကိုကိုတို့ သွားကြမလား ... ကလေးလည်း စိတ်ရှင်းရအောင် . အင်း ~ ကိုကို့ အတ္တတွေလည်းပါတယ် ... ကိုကိုတစ်ယောက်ထဲ အပိုင်ဖြစ်ချင်တာ ... ကလေးလေးကို အပိုင်လိုချင်တာ ကိုကိုက အတ္တကြီးတယ်မလား . ကိုကို့အချစ်က စချစ်မိကတည်းက တစ်ကိုယ်ကောင်းဆန်တာနဲ့ အတ္တတွေနဲ့ ချည်နှောင်နေတာနဲ့ အဲ့တာတွေပဲမလို့ စိတ်မကွက်ဘူးမလားဟင် "
" ဟင့်အင်း ... အတ္တကြီးပေး . ကိုယ့်ကို ရုန်းထွက်မရအောင် ဆွဲထားပေး . ကိုယ်ကပျော်ပျော်ကြီး အချည်ခံချင်တာမလို့ "
ဆွေးလျလျနဲ့ပြောနေတဲ့ အသေးလုံးလေးကို Daniel က ထိုင်လျက်သားနဲ့ ရင်ခွင်ထဲဆွဲဖက်ပစ်ရင်း တဖွဖွဆိုမိသည်။
အသေးလုံးလေး မချည်ခင်ကတည်းက Daniel က ငြိတွယ်ချင်တာမလို့ . နွံဆိုရင်တောင် အဆုံးထိ နစ်မြုပ်ပစ်ချင်တာမလို့ ... ဘေးမှာ စစ်မင်းသန့်ဆိုတဲ့ အသေးလုံးလေးရှိဖို့ပဲ လိုပါတယ်။
" မနက်ဖြန် ကိုယ့်အိမ်သွားကြမယ် baby "
ပြန်ဖြေလာတဲ့အဖြေကို မကြားရပေမယ့် ရင်ခွင်ထဲကအသေးလုံးလေးက ခေါင်းတဆတ်ဆတ်ညိတ်နေတာလေးတော့ ခံစားမိပါသည်။ နွေးငွေ့ငွေ့လူလုံးလေးကို Daniel ပိုတိုးဖက်လိုက်ရင်း စိတ်ညစ်ညူးစရာတွေ ပြေစေရန်အလို့ငှာ ချစ်ရသူရဲ့ ကိုယ်သင်းနံ့လေးကိုပဲ မေ့မေ့မောမော ရှူရှိုက်မိတော့သည်။
ဒီကြိုးတွေနဲ့ အချည်နှောင်ခံဖို့ ချည်မယ့်သူက မင်းဖြစ်နေဖို့ပဲ လိုပါတယ် ...
__________
ချစ်ခဲ့တဲ့သူက ဘယ်သူပဲဖြစ်ဖြစ် ပိုချစ်တဲ့သူကတော့ ကိုယ်ပဲဖြစ်ပါစေ ...
To be continue ...
Continue Reading
You'll Also Like
1.6M 141K 47
โœซ ๐๐จ๐จ๐ค ๐Ž๐ง๐ž ๐ˆ๐ง ๐‘๐š๐ญ๐ก๐จ๐ซ๐ž ๐†๐ž๐ง'๐ฌ ๐‹๐จ๐ฏ๐ž ๐’๐š๐ ๐š ๐’๐ž๐ซ๐ข๐ž๐ฌ โŽโŽโŽโŽโŽโŽโŽโŽโŽโŽโŽ She is shy He is outspoken She is clumsy He is graceful...
1.8M 132K 45
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
2.3K 82 8
แ€™แ€„แ€บแ€ธแ€›แ€ญแ€ฏแ€„แ€บแ€ธแ€žแ€แ€นแ€แ€ฌแ€”แ€บแŠโ€‹แ€œแ€ฑโ€‹แ€•แ€ผแ€ฑแ€แ€ฝแ€”แ€บแ€ธแ€Šแ€ฎแŠแ€แ€ญแ€™แ€บแ€™แ€„แ€บแ€ธแ€แ€ถแ€แ€ฝแ€”แ€บ {โ€‹แ€•แ€ปแ€ฑแ€ฌแ€บแ€›แ€ฌแ€™แ€พแ€ฌโ€‹โ€‹แ€”แ€ฑแ€•แ€ซ แ€•แ€„แ€บแ€•แ€”แ€บแ€ธแ€œแ€ฌแ€›แ€„แ€บแ€€แ€ญแ€ฏแ€šแ€บแ€ทแ€›แ€„แ€บแ€แ€ฝแ€„แ€บแ€€แ€ญแ€ฏแ€žแ€แ€ญแ€›แ€•แ€ซ..}
1.3M 70.2K 59
๐’๐œ๐ž๐ง๐ญ ๐จ๐Ÿ ๐‹๐จ๐ฏ๐žใ€ข๐๐ฒ ๐ฅ๐จ๐ฏ๐ž ๐ญ๐ก๐ž ๐ฌ๐ž๐ซ๐ข๐ž๐ฌ ใ€ˆ๐›๐จ๐จ๐ค 1ใ€‰ ๐‘ถ๐’‘๐’‘๐’๐’”๐’Š๐’•๐’†๐’” ๐’‚๐’“๐’† ๐’‡๐’‚๐’•๐’†๐’… ๐’•๐’ ๐’‚๐’•๐’•๐’“๐’‚๐’„๐’• โœฐ|| ๐‘บ๐’•๐’†๐’๐’๐’‚ ๐‘ด๏ฟฝ...