မုန်းရဲ့အလင်းရောင်

By ShayyLinkar

479K 28.9K 1K

သူငယ်ချင်းဆိုတဲ့ အဖြူရောင်အလွှာလေးကိုငါအရောင်တွေစွန်းထင်စေမိပီအလင်း မုန်း(မုန်းမာန်) သူငယ်ချင်းဆိုတဲ့တံတိုင်း... More

Part 1 (U+Z)
Part 2 (U+Z)
Part 3 (U+Z)
Part 4 (U+Z)
Part 5 (U+Z)
Part 6 (U+Z)
Part 7 (U+Z)
Part 8 (U+Z)
Part 9 (U+Z)
Part 10 (U+Z)
Part 11 (U+Z)
Part 12(U+Z)
Part 13 (U+Z)
Apologize
Part 14 (U+Z)
Part 15 (U+Z)
Part 16 (U+Z)
Part 17 (U+Z)
Part 18 (U+Z)
Part 19 (U+Z)
Part 20 (U+Z)
Part 21 (U+Z)
Part 22 (U+Z)
Part 23 (U+Z)
Part 23 (Zawgyi)
Part 24 (U+Z)
Part 25 (U+Z)
Part 26 (U+Z)
Part 27 (U+Z)
Part 28 (U+Z)
Part 29 (U+Z)
Part 31 (U+Z)
Part 32 (U+Z)
Part 33 (U+Z)
Part 34 (U+Z)
Part 35 (U+Z) Waning
New Fic
Part 36 (U+Z)
Part 37 (U+Z) Waning
Part 38 (U+Z)
Part 39 (U+Z)
Part 40 (U+Z)
Part 41 (U+Z)
Part 42 (U+Z) The End
ကျေးဇူးတင်လွှာ & ရည်ရွယ်ချက်
Extra 1 (U+Z)

Part 30 (U+Z)

9.9K 618 45
By ShayyLinkar

#Unicode

“မုန်း”

“ဟင်”

အိပ်ကောင်းလွန်းတဲ့ မနက်ခင်းလေးကို ဖျက်စီးလိုက်တဲ့ ကျွန်တော့်ချစ်သူကြီး။

“ကိုယ်ကျောင်းသွားလိုက်ဦးမယ်နော်”

“စာမေးပွဲ‌ဖြေခါနီးနေပြီကို ကျောင်းက သွားဦးမလို့လား”

“Private Study ပိတ်ရက်ရောက်ဖို့ လိုသေးတယ်လေမုန်းရဲ့။ စာက သင်နေရတုန်းပဲ။ ကိုယ်ကျောင်းသွားတဲ့အချိန် ဂိမ်းမဆော့ဘဲ စာလုပ်နေနော်မုန်း”

“အင်းပါ။ နွေနဲ့အတူတူသွားမှာလား”

“အင်းပေါ့ နွေနဲ့အတူတူသွားမှာ။ ကိုယ်သွားတော့မှာမို့ Morning Kiss လေး ပေးပါဦး”

“မွစ် စောစောပြန်ခဲ့ဦးနော်။ အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့ရမှာ”

အလင်းနှုတ်ခမ်းလေးကို ထိရုံလေးအနမ်း‌ပေးလိုက်တော့ ပါးချိုင့်နှစ်ဖက် ခွက်ဝင်အောင်ပြုံးပြီး မှာတမ်းခြွေနေပါသေးတယ်။

“အင်းပါ စောစောပြန်ခဲ့မယ်။ နေ့ခင်းဘက် မုန်းတစ်ယောက်တည်း ပျင်းနေရင် ရှားနဲ့မေသူ့ကိုခေါ်ပြီး စာလုပ်နော်။ ကိုယ်သွားပြီ မွစ်”

မုန်းနဖူးလေးကို အနမ်းပြန်ပေးပြီးမှ ကျောင်းသွားဖို့ နွေနဲ့အတူ အိမ်ကနေ ထွက်လာခဲ့လိုက်တယ်။ နွေနဲ့အတူ လမ်းလျှောက်နေရင်းက နွေကအလင်းကို ခဏခဏကြည့်နေတာကို သတိထားမိနေတာမို့ နွေမ တစ်ခုခုမေးချင်နေတဲ့ပုံပါပဲ။

“နွေ နင်ငါ့ကိုမေးစရာရှိနေတာလား”

“အင်း ဘယ်လိုသိတာလဲ”

“နင်ငါ့ကို ခိုးခိုးကြည့်နေတာကိုး။ မေးချင်နေတာ သိသာနေတာပေါ့။ ဘာမေးမလို့လဲ မေးလေ”

“နင်နဲ့မုန်း အရင်လိုပဲလား”

“ဘာကိုလဲ”

“ဟိုကိစ္စ ဒီကိစ္စတွေ မရှိသေးဘူးမို့လား”

တခြားသူဆိုရင်တော့ မိန်းခလေးတန်မဲ့ ဒါမျိုးတွေမေးလို့ အရှက်မရှိ ရဲတင်းလိုက်တာလို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ဆေးကျောင်းသူ ဆေးကျောင်းသားတွေမို့ ဆေးပညာအရတော့ ဒါကရှက်စရာကိစ္စလို့ နွေတော့မထင်မိပါဘူး။ ဒါ့ကြောင့် အလင်းဘက်က တိုင်ပင်လာလို့ရအောင် နွေ့ဘက်က လမ်းစဖွင့်ပေးလိုက်တဲ့ သဘောပါ။

“ဘာလို့မေးတာလဲနွေ။ ငါတို့က အဲ့ကိစ္စကြောင့် ချစ်နေတဲ့ပုံ ပေါက်နေလို့လား”

“အထင်မလွဲနဲ့အလင်း။ ငါမေးတာ အဲ့အဓိပ္ပါယ်မဟုတ်မှန်း နင်သိမှာပါ။ ငါမေးရတာက နင်ကဆေးကျောင်းသားဆိုတော့ ဒါတွေကို သိသင့်သလောက်တော့သိမှာပါ။ ဒါပေမဲ့ မုန်းကတော့ အဖြူထည်လေးလေ ဘာမှမသိနိုင်ဘူး။ အဲ့ဒါကြောင့် နင်တို့ အခုအဆင်ပြေပေမယ့် အချိန်တစ်ခုကိုရောက်ရင် အဆင်မပြေမှာ စိုးရိမ်လို့မေးတာ။ အနည်းဆုံးတော့ နင်ငါ့ကို ရင်ဖွင့်တိုင်ပင်လို့ရတယ်ဆိုတာကို သိစေချင်တာ”

“ငါနားလည်ပါ‌တယ်နွေ။ ဒါပေမဲ့ ခုထိတော့ အဲ့ကိစ္စ ရှိဖို့နေနေသာသာ နမ်းတာတောင် ထိရုံလေးနမ်းတဲ့ အခြေအနေကနေ မတက်သေးပါဘူး”

“အင်း နင်မုန်းကိုတော့ နားလည်အောင် ပြောပြထားသင့်တယ်လို့ ငါထင်တယ်”

“ခုမှ ငါတို့နှစ်ယောက် ချစ်သူခရီး အစပဲ ရှိပါသေးတယ်ဟာ။ အဲ့ကိစ္စက အဝေးကြီး လိုပါသေးတယ်။ ဒါပေမဲ့ နင်ပြောသလိုပဲ နည်းနည်းချင်းတော့ မုန်းနားလည်အောင် ပြောပြရမှာပေါ့”

“အွန်း Education လေးလောက်တော့ ပြောပြထားပေါ့”

“အေးပါ အေးပါ ကျေးဇူးနွေ”

အလင်းနဲ့ချစ်သူဖြစ်တာ ဒီနေ့နဲ့ဆို ရက်နှစ်ဆယ်လောက်ရှိရောပေါ့။ မုန်း‌ခေါင်းက အနာလည်းပျောက်နေပြီမို့ အိမ်ပြန်နေဖို့သင့်နေပါပြီ။ ဆေးရုံဆင်းကတည်းက မေကစိတ်မချလို့ မုန်းကိုအိမ်ခေါ်ထားခဲ့တာပါ။ အလင်းနဲ့ ချစ်သူစဖြစ်ကတည်းက ခုထိ မခွဲဘူးသေးတာကြောင့် မုန်းအိမ်ကို ပြန်လည်း မပြန်ချင်သေးဘူးရယ်။

သူငယ်ချင်းဘဝတုန်းက အလင်းတို့အိမ်မှာ အမြဲနေတာ ဘာမှမဖြစ်ပေမယ့် ချစ်သူဖြစ်နေပြီဆိုတော့ မေတို့ကိုတော့ လေးစားရမယ်လေ။ ညနေအလင်းပြန်လာရင်တော့ အိမ်ပြန်မယ့်အကြောင်း ပြောရဦးမှာပေါ့။ ခုတော့ ရှားနဲ့မေသူမကိုခေါ်ပြီး စာလုပ်ရမယ်။ သုတတစ်ယောက်ကတော့ စာမေးပွဲနား နီး‌နေပြီမို့ သူငယ်ချင်းတစ်ယောက်အိမ်မှာ စာစုလုပ်မယ်ပြောပြီး သွားလိုက်တာ အိမ်မပြန်တာတောင် ရက်အတော်ကြာပါပြီ။

မုန်းဖုန်းဆက်ခေါ်ပြီး တစ်နာရီကျော်လောက်ကြာတော့ မေသူနဲ့ရှားတို့ အိမ်ကိုရောက်လာတယ်။ အိမ်ကိုလာတဲ့သူငယ်ချင်းလေးတွေ သိပ်ချစ်ဖို့ကောင်းပုံများ မုန်းဖို့ ထောပတ်သီးဖျော်ရည်နဲ့ ထမင်းလိပ်ပါ ဝယ်လာပေးကြလေရဲ့။ စာမကျက်အားသေးဘူး။ သူတို့ဝယ်လာတာလေးတွေ စားရဦးမယ်။

“မုန်း”

“ဟင်”

“မေးစရာရှိတယ်”

“မေးလေ ဘာမေးမှာလဲ”

“နင်အလင်းကို ဘယ်လိုခေါ်လဲ”

“အလင်းလို့ခေါ်တာပေါ့ဟဲ့ ဘယ်လိုခေါ်ရမှာလဲ”

“ဟမ် အလင်းကရော”

“မုန်းပေါ့ဟ ဘာဖြစ်နေကြတာလဲဟေ။ နင်တို့နှစ်ယောက် ငါ့ကို ထူးထူးဆန်းဆန်းတွေ မေးနေတယ်”

“နင်တို့ဟာကလည်း မရိုလိုက်ကြတာဟယ်။ အံ့ရော။ ချစ်သူဖြစ်နေပြီဆိုတော့ အခေါ်အဝေါ်လေးများ ပြောင်းသလားလို့ မေးကြည့်တာ”

“ဒီတိုင်းပါပဲ”

“နမ်းရော နမ်းလား”

မေသူမေးလိုက်တော့ မုန်းအတော်ရှက်သွားပုံရပါတယ်။ နားရွက်လေးတွေရဲလာတာများ အကောင်ကိုက်လိုက်သလိုပဲ ရဲတွတ်လာတာ။

“ဘာတွေလာမေးနေတာလဲ မေသူစုတ်မ”

“ဟယ် . . ဒါလေးမေးတာကို နင်ကအဲ့လောက်တောင် ရှက်နေရလား။ ငါတို့က နမ်းလားပဲမေးတာ။ နင်က တဆုံးထိ တွေးလိုက်ပုံရတယ်”

ရှားဝင်ပြောလိုက်တော့မှ ပိုရှက်သွားပုံရတယ်။ ခေါင်းတောင် ဖော်မလာတော့ပါဘူး။

“နမ်းလားလို့ မေးနေတယ်လေ”

“အေး နမ်းတယ်။ နင်သိချင်တာ ဒါပဲမို့လား မေသူမ”

“ဘယ်ကိုနမ်းတာလဲ”

“ဘာ . . ဘယ်လိုတွေမေးနေတာလဲ မိရှား”

“ဟဲ့ ရှားမေးတာက ပါးလား နဖူးလား နှုတ်ခမ်းလား မေးတာလေ။ နင်က ဘာဖြစ်နေတာလဲ”

“အဲ့ဒါသိပြီး နင်တို့က ဘာလုပ်မှာလဲ”

“ဟဲ့သိချင်လို့မေးတာ။ မူမနေနဲ့ မြန်မြန်ဖြေ။ စာလုပ်ရဦးမှာ”

“မဖြေဘူးဟာ။ တော်ပြီ စားလို့လည်းဝပြီ စာလုပ်မယ်။ နင်တို့မေးချင်ရာမေးဖို့ ငါ့အတွက် မုန့်ဝယ်လာကြတာလား”

“အေး”

“အေး”

အမလေး ဒါမျိုးကြ တက်ညီလက်ညီ သံပြိုင်သီဆိုကြတယ်။ မကောင်းတဲ့ဟာလေးတွေ။

“ဖြေစမ်းပါ ဒါနောက်ဆုံးပဲ”

“အေးဟေ့ နမ်းတယ်ဟ။ နဖူးနဲ့ပါးနဲ့ နှုတ်ခမ်းကို နမ်းတယ်။ ဘယ်လိုနမ်းလဲမမေးနဲ့ ထိရုံလေးပဲနမ်းတာ။ ရပြီလား”

“နင်တို့ရည်းစားဘဝကို စိတ်ပိန်လိုက်တာ။ FA လုပ်တာပဲ ကောင်းပါတယ်”

“အေးလုပ် မိရှားရေ။ ခုတော့ စာအရင်လုပ်ပါရစေနော်။ မေသူမ နင်လည်း စပ်စုတာလေးလျှော့။ စာအုပ်လေးထုတ် ဘောပင်လေးကိုင် Ok”

“အမလေး ငါတို့ကလည်း နင်တို့ရဲ့ ရင်ခုန်ချင်စရာမကောင်းတဲ့ ရိုမဆန်တဲ့ဇာတ်လမ်းကို လုံးဝမသိချင်ပါဘူးနော်”

“ကျေးဇူးတင်ပါတယ် မိရှားရယ်”

မုန်းရွဲ့ပြောလိုက်တော့ ရှားမျက်စောင်းထိုးတာ မျက်စောင်းနဲ့တင် လူသတ်လို့ရတယ်။ အချိန်တော်တော်ကြာစာလုပ်ပြီးတော့ မေသူက မုန်းနဲ့ရှားကို‌ မေးလာတယ်။

“ဒါနဲ့ငါမေးပါဦးမယ်။ မုန်း နင်နဲ့ရှားကို ကျောင်းမှာ အတွဲတွေလို့ပဲ သိထားတာလေ။ အဲ့ဒါ နင်တို့ ဘယ်လိုလုပ်မှာလဲ”

“ဟုတ်တယ် မေသူပြောမှ ငါလည်းသတိရတယ်။ ငါတောင်းပန်ပါတယ်နော်ရှား။ ငါနင့်ဘက်ကို မကြည့်ဘဲ ဇွတ်တရွတ် လုပ်ချင်ရာလုပ်ခဲ့မိတာ။ ခုတော့ နင်ပါ ငါ့ကြောင့် အနေရ ကြပ်တော့မယ်”

“နင်တို့နှစ်ယောက် ဘာတွေ တွေးပူနေကြတာလဲ။ ရေလိုက်ငါးလိုက် ဒီတိုင်းလေးပဲနေပေါ့။ သူတို့က ရည်းစားတွေလို့ ဆက်ထက်နေရင်လည်း ထင်ပါစေ။ ပြတ်သွားတယ်လို့ ထင်ချင်လည်းထင်ပေါ့။ လိုက်ရှင်းပြစရာ မလိုသလို ခေါင်းထဲလည်း ထည့်စရာမလိုဘူးလေ Ok။ ပြီးတော့ ငါ့အတွက်လည်း မပူနဲ့။ ငါခုလောလောဆယ် ရည်းစားထားဖို့ စိတ်ကူးမရှိသေးဘူး။ အားလည်းမနာနဲ့ တောင်းပန်စရာလည်းမလိုဘူး ကြားလားမုန်း”

“အင်းပါ။ ကျေးဇူးပါရှား”

“ကျေးဇူးလည်း မလိုဘူး။ နှစ်ယောက်လုံး စာလုပ်တော့”

မုန်းတကယ်ကို ရှားကိုအားနာမိတာပါ။ မုန်းကြောင့် သူများ အပြောဆိုခံရမှာလည်း ဆိုးတယ်။ မုန်းနဲ့အလင်းအကြောင်းကိုသာ ကျောင်းကလူတွေသိသွားရင် ရှားကို အရှခံရပြီလို့ ပြောကြမှာ။ ဒါတွေအားလုံးက မုန်းမဆင်မခြင် လုပ်ခဲ့မိလို့ ဖြစ်ခဲ့ရတာ။ ရှားကို အားနာလွန်းလို့ သေတော့မယ်။ ရှားကတော့ အားနာစရာမလိုဘူးလို့ ပြောပေမယ့် ရှားအတွက် ထိခိုက်နစ်နာမှုက ကြီးလွန်းတယ်လေ။

စာလုပ်ရင်း ညနေသုံးနာရီထိုးလောက်ကြတော့ ရှားက လှည်းတန်းကိုသွားမယ် ပြောလာတာကြောင့် အလင်းကို ဖုန်းဆက်ရတော့တယ်။

“ဟဲလို မုန်း ပြော”

“ကျောင်းဆင်းပြီလား အလင်း”

“အင်း ဆင်းတော့မှာ။ ဘာလို့လဲမုန်း”

“လှည်းတန်းမှာ မုန့်လာစားမလို့။ လှည်းတန်းမှာ စောင့်နေပေးလို့ ပြောမလို့”

“လာခဲ့လေ ကိုယ်တို့ လှည်းတန်းစင်တာမှာ စောင့်နေမယ်”

“အင်း ပြီးရော လာခဲ့မယ်”

မုန်းအလင်းကိုဖုန်းဆက်ပြီးတာနဲ့ လှည်းတန်းကို ထွက်လာခဲ့ကြတယ်။ လှည်တန်းရောက်တော့ လှည်းတန်းစင်တာအပြင်မှာ ထိုင်စောင့်နေတဲ့ နွေနဲ့အားသစ်ရယ်၊ အလင်းရယ်၊ တစ်ခါမှမမြင်ဘူးတဲ့ ကောင်းမလေးတစ်ယောက်ရယ်ကို တွေ့လိုက်ရတယ်။

မုန်းတို့ရောက်လာတော့ အားလုံးက ငါးကင်စားမယ်ပြောတာကြောင့် ငါးကင်ဆိုင်ကိုပဲ ဦးတည်ပြီး သွားလိုက်ကြတယ်။ ဆိုင်ရောက်တော့ စားချင်တာမှန်သမျှမှာပြီး ထိုင်စောင်နေတဲ့အချိန် အလင်းက သူတို့နဲ့ပါလာတဲ့ကောင်မလေးကို မုန်းတို့နဲ့မိတ်ဆက်ပေးလာတယ်။

“ရွက်ဝါ သူ့နာမည်က မုန်း၊ သူက ရှားအိမ့်ချယ်၊ သူက မေသူသူလင်း မှတ်ထားနော်။ ရွက်ဝါ နာမည်က မေရွက်ဝါတဲ့ မင်းတို့လည်းမှတ်ထားနော်။ သူက ငါတို့‌ကျောင်းကသူငယ်ချင်းပဲ။ ရွက်ဝါလည်း မှတ်ထားပေါ့ သူတို့ကလည်း နွေ့တို့အားသစ်တို့လိုပဲ ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းတွေ။ အဖွဲ့ထဲမှာ ကောင်လေးတစ်ယောက် ကျန်သေးတယ်။ နာမည်က သုတထွန်းရှိန်တဲ့။ ငါတို့ကတော့ သုတလို့ပဲခေါ်တယ်။ နောက်ကြုံတဲ့အခါမှ မိတ်ဆက်ပေးမယ်။ ခုလောလောဆယ် သူက ကျူရှင်တွေ စာတွေနဲ့ အလုပ်ရှုပ်နေတယ်”

“ဟုတ် တွေ့ရတာ ဝမ်းသာပါတယ်နော်။ ရွက်ဝါကိုလည်း နွေတို့အလင်းတို့ကို ခင်သလိုပဲ ခင်နိုင်ပါတယ်နော်”

ရွက်ဝါဆိုတဲ့မိန်းကလေးက ခင်ဖို့ ပြောလာတော့ အားလုံးက ပြုံးပြပြီး ခေါင်းငြိမ့်ပြကြတယ်။ မုန်းကတော့ စိတ်ထဲမှာ ကသိကသောက်ဖြစ်နေပါပြီ။ ငါကသူငယ်ချင်းလား အလင်း။ ရှားတို့ မေသူတို့လို အချစ်ဆုံးသူငယ်ချင်းပဲလား။ ငါ့ကိုမင်းရဲ့ချစ်သူပါလို့ မိတ်ဆက်ပေးရမှာကို မင်းကရှက်နေတာလား။ မုန်းစိတ်မကောင်းဖြစ်လာတာမို့ မျက်နှာက ချက်ချင်းဆိုသလို ညှိုးကျလာတယ်။ မျက်ရည်ကလည်း ကျချင်လာသလိုလိုပဲ။ အလိုလိုဝမ်းနည်းလာပြီး ကိုယ့်ကိုယ်ကို သိမ်ငယ်လာတယ်။

မှာထားတာတွေလည်း လာမချသေးတာမို့ တစ်နေရာရာကို ခဏလောက်သွားချင်တာကြောင့် အိတ်ကိုကောက်ကိုင်ပြီး ထထွက်တော့ နွေကမေးလာတယ်။

“မုန်းဘယ်လဲ”

“စိန်ဂေဟာဘက်ကို ခဏပြန်သွားမလို့”

“ဘာလုပ်မလို့လဲ”

“စိန်ဂေဟာဘေးက တော့ပိုကီသွားဝယ်မလို့”

“ဒီမှာလည်း မှာထားသေးတယ်လေ”

“လာချဖို့က ကြာဦးမှာလေ။ ဗိုက်ဆာနေပြီ သွားဝယ်ဦးမယ်”

“ငါလိုက်ခဲ့ရမလား”

နွေက လိုက်ခဲ့ရမလားမေးတော့ မုန်းခေါင်းခါပြပြီး ထွက်လာခဲ့လိုက်တယ်။ နွေကသာလိုက်ခဲ့ရမလား မေးတာ။ အလင်းက တုပ်တုပ်တောင် မလှုပ်ဘူး။ စိတ်တိုတယ် တကယ်။

မုန်း တော့ပိုကီဝယ်ပြီး ခြေလှမ်းကို လှည်းတန်းစင်တာကို ဦးတည်လိုက်တယ်။ ပြန်မသွားချင်သေးဘူး။ စားလည်း မစားချင်တော့ဘူး။ စင်တာထဲမှာပဲ လျှောက်ကြည့်တော့မယ်။ အတွေးနဲ့အတူ စင်တာဘက်ကို လမ်းလျှောက်နေတုန်း မုန်းလက်ဖဝါးကို လက်တစ်ဖက်က လာဆုပ်ကိုင်လိုက်တာမို့ အလန့်တကြားလှည့်ကြည့်တော့ အလင်းရယ်ပါ။ သူက ဘာလိုက်လုပ်တာလဲ။

“မုန်း ဘယ်လဲ။ တော့ပိုကီ ဝယ်ပြီးပြီမို့လား။ မှာထားတာတွေ လာချပြီးနေပြီ။ နွေကမုန်းလာမှ စားမယ်ဆိုပြီး စောင့်နေတယ်”

“သွားနှင့် နောက်ကလိုက်လာခဲ့မယ်”

“လာခေါ်တာ တူတူပြန်လိုက်ခဲ့လေကွာ နော်”

“စင်တာထဲမှာ ဝယ်စရာရှိတယ်။ နောက်မှ လာခဲ့မယ်။ မင်းအရင်ပြန်နှင့်လိုက်”

မုန်းမျက်နှာမကောင်းဖြစ်နေပြီး ထွက်သွားတာမို့ အလင်းလိုက်လာခဲ့တာပါ။ အနားကိုရောက်တော့ တော့ပိုကီဝယ်ပြီး ပြန်မယ်ထင်ပေမယ့် မပြန်ဘဲအရှေ့ဆက်သွားလို့ လိုက်ခေါ်ပေမယ့် ပြန်နှင့်လို့သာ ပြောလာပါတယ်။ မုန်းက မျက်နှာလည်း မကောင်းတာကြောင့် ဘာကိုစိတ်ဆိုးပြီး စိတ်မကောင်းဖြစ်နေမှန်း မသိတာမို့ မေးကြည့်ရပါတော့တယ်။

“မုန်းကွာ ကိုယ့်ကိုစိတ်ဆိုးနေတာလား။ ဘာကိုစိတ်ဆိုးတာလဲဆိုတာ ကိုယ့်ကိုပြောလေ နော်။ မုန်းပြောမှ ကိုယ်သိရမှာလေကွာ။ မုန်းကလိမ္မာပါတယ် ကိုယ့်ကိုပြောနော်။ ကိုယ်က မုန်းနဲ့ပတ်သက်တဲ့ အရာရာကို တုံးအတာမို့ မုန်းက ကိုယ့်ကို ပွင့်ပွင့်လင်းလင်း ပြောပြပေးနော်။ မုန်း ဘာကိုစိတ်ဆိုးနေတယ် ဘာကိုစိတ်မကောင်းဖြစ်နေတယ်ဆိုတာကို ပွင့်လင်းစွာပြောလာမှ ကိုယ်က မုန်းစိတ်ဆိုးပြေအောင် ချော့လိုရမှာ။ မုန်းစိတ်မကောင်းဖြစ်နေတာကို ဖြေရှင်းလို့ရမှာ။ ဒီတိုင်းဆို ကိုယ်ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိသလို ဖြေရှင်းလို့လည်း မတတ်ဘူးနော်။ ကိုယ်အလိုက်သိလာအောင် မုန်းက ကိုယ့်ကို တဖြည်းဖြည်းချင်း သင်ပေးလေနော် . . နော်လို့”

“စိတ်ဆိုးတာမဟုတ်ဘူး ဝမ်းနည်းနေတာ။ ငါ့ကိုမင်းရဲ့ချစ်သူပါ့လို့ မိတ်ဆက်မပေးရဲဘူးမို့လားအလင်း။ ငါက နွေတို့ ရှားတို့ မေသူတို့လို အချစ်ဆုံးသူငယ်ချင်းပဲလား ပြော”

ငိုတော့မလိုနဲ့ မျက်ရည်လေးတွေ ဝဲလာတာမို့ မုန်းအရမ်းဝမ်းနည်းနေပြီဆိုတာ အလင်းသိလိုက်ပါတယ်။ ကျွန်တော့်ခလေးလေးက ဝမ်းနည်းလာတိုင်း ငိုတတ်တဲ့အကျင့်ရှိပေမယ့် ဒီတစ်ခါတော့ လမ်းမပေါ်မှာမို့ မငိုမိအောင် ထိမ်းချုပ်ထားရလို့ထင်တယ် မျက်ရည်လေးတွေဝဲပြီး နှာသီးဖျားလေးတွေ နီရဲလို့နေပါတယ်။

မုန်းလက်ကိုဆွဲပြီး စင်တာထဲက ဓာတ်လှေကားထဲကို ခေါ်လာခဲ့လိုက်တယ်။ ဓာတ်လှေကားထဲကိုရောက်မှ အမြင့်ဆုံးထပ်ကိုနှိပ်ထားပြီး ဘေးက ခလေးလေးကို ချော့ဖို့ပြင်ရပါတော့တယ်။

“ကိုယ့်ကိုကြည့်မုန်း။ ကိုယ်က မုန်းကို စချစ်ပြီဆိုကတည်းက မုန်းရဲ့ကောင်းခြင်း ဆိုးခြင်းမှန်သမျှကို လက်ခံနိုင်တယ်။ အဲ့လိုပဲ မုန်းလက်ကိုတွဲပြီး လူကြားထဲမှာလည်း ရဲရဲဝင့်ဝင့်လျှောက်ရဲတယ်။ ကိုယ်က မုန်းကြောင့် သိမ်ငယ်မှာမဟုတ်သလို့ မုန်းနဲ့ချစ်ရလို့ ရှက်မှာလည်း မဟုတ်ဘူး။ အဲ့တော့ မုန်းကို တခြားသူနဲ့ မိတ်ဆက်ပေးဖို့ ရှက်တယ်ဆိုတဲ့ခံစားချက်မျိုးက လုံးဝရှိလာမယ့်အရာ မဟုတ်ဘူး”

“. . .”

“မုန်းလောက် ဘယ်အရာမှ အရေးမကြီးဘူး။ မုန်းသာကိုယ့်ဘဝရဲ့အရာရာပါ။ ကိုယ်ကမုန်းအပေါ်မှာ အရိုးသားဆုံးချစ်ပေးမှာမို့ မုန်းကလည်း ကိုယ့်အပေါ်မှာ အပွင့်လင်းဆုံး ဆက်ဆံပေးပါ။ မုန်းပွင့်လင်းစွာ ဆက်ဆံတဲ့အပေါ်မှာ သဝန်တိုလွန်းတယ်ဆိုးပြီး စိတ်ဆိုးမှာမဟုတ်သလို နေရာတကာလိုက်ပြော၊ လိုက်ချုပ်ချယ်လွန်းလို့ဆိုပြီးလည်း ငြိုငြင်မှာ မဟုတ်ဘူး။ အရာရာစိတ်ဆိုးစိတ်ကောက်တယ်ဆိုပြီး တစ်မျိူးလည်း မထင်ဘူး။ ကိုယ်တို့ကြားမှာ မုန်းရဲ့ပွင့်လင်းမှုက ခလုတ်ကန်သင်း မဟုတ်ဘူး။ အချစ်တွေပိုတိုး‌လာအောင်လုပ်ပေးမယ့် love power infinity လေးပဲသိလား။ ခုကိုယ်ပြောတာကို မုန်းနားလည်တယ်မို့လား”

“ဟွန့် စကားတတ်ကြီး။ အဲ့အပြောတွေနဲ့ပဲ လူကိုသိမ်းပိုက်နေလိုက်”

“သိမ်းပိုက်ရတာ မဟုတ်ပါဘူးဗျာ။ ချစ်သူအတွက် ရင်ထဲကစကားတွေကို အမှန်အတိုင်း ပြောပြနေတာပါ”

“အဲ့ဒါဆို အဲ့မေရွက်ဝါကို ငါကမင်းချစ်သူပါလို့ မိတ်ဆက်ပေးလေ။ ဘာလို့ မိတ်ဆက်မပေးတာလဲ”

“ကိုယ်က မိတ်ဆက်ပေးချင်ပေမယ့် မုန်းဘက်ကို ကြည့်ရသေးတယ်လေ။ ကိုယ်အဲ့လိုမိတ်ဆက်ပေးလို့ မုန်းအတွက် အဆင်ပြေလား မပြေလား ကိုယ်မသိဘူးလေ။ မုန်းအနေရခက်ပြီး ရှက်မှာဆိုးလို့ပါ”

“မိတ်ဆက်ပေး။ မိတ်ဆက်ပေးလို့ အနေရလည်း မ‌ခက်သလို ငါ့ခံစားချက်က မင်းခံစားချက်နဲ့ ထပ်တူမို့ မင်းကငါ့အတွက် ရှက်ရမယ့်အရာ မဟုတ်ဘူး။ အဲ့ဒါကြောင့် မိတ်ဆက်ပေး”

“အဲ့ဒါဆို ကိုယ့်မုန်းလေးက ကိုကိုရေ ရွက်ဝါကို မုန်းက ကိုကို့ရဲ့ချစ်သူပါဆိုပြီး မိတ်ဆက်ပေးပါလို့ အဲ့လိုလေးပြော။ အဲ့လိုပြောရင် ကိုယ်ကမိတ်ဆက်ပေးမယ်”

“ဟမ် ဘာလို့ ကိုကို‌လို့ခေါ်ရမှာလဲ။ မင်းနဲ့ငါနဲ့ အသက်အတူတူပဲကို”

“ဟိုနေ့က နွေနဲ့စကားများတုန်းက ငါ့ကိုကိုဆို”

“အဲ့တာက ဒီတိုင်း စ’ပြီးခေါ်လိုက်တာ”

“မရဘူး ကိုကိုလို့ခေါ်”

“မခေါ်ပါဘူး အသက်အတူတူပဲကို”

“မတူပါဘူး ငါမင်းထက် အသက်တစ်လတိတိ ကြီး‌တယ်နော်မုန်း”

“တစ်လလေးကြီးတာကို မခေါ်ချင်ပါဘူးကွာ”

“မရဘူး ခေါ်။ မေမေနဲ့ဖေဖေလည်း တစ်လပဲကွာတာကို မေမေက ဖေဖေ့ကို ကိုကိုလို့ခေါ်တာ။ မင်းလည်း အဲ့လိုလေးခေါ်”

“မခေါ်ပါဘူး”

“မခေါ်ရင် မိတ်ဆက်မပေးပါဘူး”

“မင်းနော် အနိုင်မကျင့်နဲ့”

“ဘယ်မှာ အနိုင်ကျင့်လို့လဲ။ ကိုကိုလို့ခေါ်ခိုင်းတာ အနိုင်ကျင့်လို့လား”

“မခေါ်ဘူးကွာ”

“မခေါ်နဲ့လေ မိတ်ဆက်မပေးရုံဘဲ”

ရွက်ဝါကို မုန်းက အလင်းချစ်သူပါလို့ သိစေချင်တာမို့ မိတ်ဆက်ပေးစေချင်ပါတယ်။ ရွက်ဝါက နွေတို့ ရှားတို့လို အရမ်းချောပါတယ်။ အလင်းကို ကြိုက်လာမှာကိုဆိုးတယ်။ ကျွန်တော့်ချစ်သူက အရမ်းချောတာမို့ ပိုင်ရှင်မရှိရင် ကြိုက်လာမှာဆိုးပါတယ်။ ဘယ်လိုလုပ်ရပါ့။ ခေါ်လိုက်ရမလား။

အလင်းကိုခေါ်မယ်လုပ်တော့ ဓာတ်လှေကားထဲကို လူတစ်ချို့ဝင်လာတာမို့ မခေါ်ဘဲနေလိုက်ရတယ်။ ဝင်လာတဲ့သူတွေက အောက်ဆုံးထပ်ကိုနှိပ်တာမို့ မုန်းတို့အောက်ဆုံးထပ်ကို ပါလာခဲ့ရပြန်တယ်။ မုန်းတို့ဓာတ်‌လှေကားကို အပေါ်တက်လိုက် အောက်ဆင်းလိုက်လုပ်နေတာ ဘယ်နှစ်ခေါက်မှန်းတောင် မသိတော့ပါ။ ဒီတစ်ခါတော့ အောက်ရောက်တဲ့အချိန် အပေါ်ပြန်မတက်တော့ဘဲ ဝင်လာတဲ့သူတွေ ထွက်သွားတဲ့အထိ စောင့်နေလိုက်တယ်။ အားလုံးထွက်သွားတော့မှ မုန်းအလင်းကို အလင်းပြောခိုင်းတဲ့အတိုင်း ပြောလိုက်တယ်။

“ကိုကို မေရွက်ဝါကို မုန်းက ကိုကို့ချစ်သူပါလို့ပြောပြီး မိတ်ဆက်ပေးပါ”

“အား ချစ်လိုက်တာကွာ ကိုကို့ခလေးလေးကို”

မုန်းမျက်နှာလေးကို လက်ဖဝါးနှစ်ဖက်ကြားထဲ စုညှစ်လိုက်ပြီး ထော်ထွက်လာတဲ့နှုတ်ခမ်းလေးကို အားပါးတရဆွဲစုပ်ပြီး နမ်းလိုက်တယ်။

“အား ကိုကို့ ဘယ်လိုဖြစ်နေတာလဲ။ လူလာလို့မြင်ရင် ဘယ်လိုလုပ်မလဲ”

“မမြင်ပါဘူးကွာ။ အရှက်သည်းလိုက်တာ ခလေးလေးက။ လာပြန်မယ်။ တခြားသူတွေ စောင့်နေရတာ ကြာနေပြီ”

အလင်း မုန်းကိုစိတ်ပြေအောင်ချော့ပြီး နွေတို့စောင့်နေတဲ့ဆိုင်ကို ပြန်လာခဲ့လိုက်တယ်။ ဆိုင်ရောက်တော့ နွေက ဘာလို့ကြာနေတာလဲဆိုပြီးမေးတော့ မုန်းရှူးပေါက်ချင်လို့ စင်တာထဲမှာ ရှူးလိုက်တည်နေတာလို့ ညာလိုက်ရတယ်။ ကိုယ်တော်ချောလေးက ရှူးလိုက်တည်တယ်ပြောလို့တဲ့ အရှက်ကြီးရှက်နေလေရဲ့။ နားရွက်ဖျားတွေဆိုတာ နီရဲတွတ်နေတာပဲ။

“ဒါနဲ့ ရွက်ဝါကို အထူးမိတ်ဆက်ပေးစရာရှိတယ်။ မုန်းက ငါ့ရဲ့ နှစ်ယောက်မရှိ ပြိုင်ဖက်ကင်းတဲ့ အချစ်ရဆုံး ချစ်သူလေးပါ”

“ဟမ် တကယ်လားအလင်း”

“အင်း ဟုတ်တယ်”

“Wow Congratulations ပါ မုန်းနဲ့အလင်း”

“ကျေးဇူးရွက်ဝါ”

ဒါကတော့ မုန်းပြောလိုက်တာပါ။ ကျေးဇူးပါအလင်း။ ငါဖြစ်ချင်တဲ့ ဆန္ဒတိုင်းကို ဖြည့်စီးပေးလို့။ ငါ့ကိုချစ်ပေးလို့ ကျေးဇူးတင်ပါတယ်။

ညဘက်ရောက်တော့ မုန်းမေ့ဆီကိုသွားလိုက်တယ်။ မနက်ဖြန် အိမ်ပြန်နေမယ့်အကြောင်း မေ့ကိုပြောရဦးမယ်လေ။

“ဒေါက် ဒေါက်။ မေ သားမုန်းပါ အိပ်နေပြီလား။ ဝင်လာခဲ့လို့ရမလား”

“ဝင်ခဲ့လေသား မေမအိပ်သေးဘူး”

“ဟုတ်”

မုန်းမေ့အခန်းထဲကိုဝင်တော့ ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိတဲ့ အလင်းက ‌မုန်းနောက်ကနေ လိုက်ဝင်လာပါတယ်။

“မုန်းကမေ့ဆီကို ဘာလာလုပ်တာလဲ”

“မင်းကရော ဘာလာလုပ်တာလဲ”

နှစ်ယောက်သား တစ်ယောက်တစ်ပြန်မေးပြီး မေ့ဘေးမှာ ဝင်ထိုင်လိုက်ကြတယ်။

“မေမေ့ကို သားပြောစရာရှိလို့မေ‌မေ”

အလင်းက မေမေကိုစကားပြောဖို့ ခွင့်အရင်တောင်း‌လိုက်တယ်။

“ပြောလေ သားရဲ့။ ဘာပြောမလို့လဲ”

“မေမေ့ကို သား‌တောင်းပန်ပါတယ်နော်။ မေမေတို့ သားကြောင့် စိတ်ညစ်မှာဆိုးလို့ မုန်းကိုမချစ်ဖို့ ကြိုးစားပေမယ့် ကြိုးစားလို့ မရဘူးမေမေ။ သားစိတ်ကို သားထိန်းချုပ်နေတဲ့ကြားက မုန်းကို ပိုပိုပြီး ချစ်လာခဲ့တယ်။ သားတို့ကို နားလည်လက်ခံပေးလို့ မေမေ့ကို ကျေးဇူးလည်း တင်ပါတယ်။ တောင်းလည်း တောင်းပန်ပါတယ်နော်”

“သားရောပဲမေ။ အလင်းကို မေတို့ဆီက လုယူသလိုဖြစ်ခဲ့ရင် တောင်းပန်ပါတယ်နော်”

“မလိုပါဘူး မေ့သားတွေရယ်။ မေက သားတို့စိတ်ချမ်းသာတာကိုပဲ အမြဲမြင်ချင်တဲ့သူမို့ မေ့သားလေးတွေ စိတ်ချမ်းသာရင် မေလည်း စိတ်ချမ်းသာတယ်။ မေတစ်ခုတော့ မှာမယ်နော်။ သားတို့နှစ်ယောက်လုံး ကြိုးစားပါ။ နေရာတစ်ခုမှာ အနေအထားတစ်ခုထိ ရောက်အောင် ကြိုးစားပါ။ သူများကဲ့ရဲ့ရှုံချခံရနိုင်တဲ့ ဘဝကိုရွေးချယ်ထားတာမို့ သူများ လက်ညှိုးမထိုးနိုင်အောင် ကြိုးစားပါ။ သူများထက် အမြဲသာ‌နေမှ ပြောချင်နေတဲ့ ပါးစပ်တွေကို ပိတ်နိုင်မှာ။ မုန်းလေးဘက်က သားတို့ကို လက်ခံမှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် သားတို့က ကိုယ့်ဘဝကိုယ် ရပ်တည်နိုင်အောင် ကြိုးစားရမယ်။ မုန်းလေးရဲ့ မိသားစုက လက်ခံလာနိုင်အောင် ကြိုးစားရမယ်။ မေမေကတော့ သားတို့နှစ်ယောက်လုံး အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်ထားနိုင်တာကိုပဲ မြင်ချင်တာ”

“ဟုတ်မေမေ။ သားတို့ ကြိုးစားမှာပါ”

“မေမေတောင်းဆိုချင်တာ ရှိသေးတယ်။ ဒါကတော့ မေမေ့ အတ္တပါ။ သားတို့က မေမေ့ကို နားလည်ပေးနော်။ မေမေ မြေးချီချင်သေးတယ်။ အလင်းကရတဲ့‌ သွေးသားပဲ မဟုတ်ဘူးနော်။ သားတို့နှစ်ယောက်လုံးရဲ့ သွေသားကို ချီချင်တာ။ မုန်းလေးကလည်း တစ်ဦးတည်းသောသား ဖြစ်သလို အလင်းလေးကလည်း မေမေ့ရဲ့ ရှားပါးသားလေးမို့ မေမေတို့ မျိုးဆက်ပြတ်သွားမှာကို မေမေကြောက်တယ်။ အဲ့ဒါကြောင့် မေမေ့သားလေးတွေက ပိုက်ဆံများများရှာနိုင်အောင် ကြိုးစားပါ။ ပြီးရင်တော့ အငှားကိုယ်ဝန်ဆောင်ပြီး သားတို့နှစ်ယောက်လုံးရဲ့ သွေးသားကို မေမေ့ကိုမွေးပေးပါ။ မေမေ ဒါလေးတစ်ခုတော့ တောင်းဆိုပါရစေ”

“. . .”

“မေမေသားတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ချစ်နေကြတယ်လို့ စသိကတည်းက LGBT အကြောင်းတွေကို လိုက်ရှာကြည့်ထားတာနော်။ မေမေ Instagram မှာ inskies-may ဆိုတဲ့ ကောင်လေးအကောင့်ကို Follow ထားတာနော်။ သူကမြန်မာ သူ့အမျိုးသားက နိုင်ငံခြားသား။ သူတို့နှစ်ယောက်ရဲ့ သွေးသားကို မိန်းမတစ်ယောက်တည်းက တစ်ပြိုင်တည်း အမွှာပူးလေး ‌ကိုယ်ဝန်ဆောင်ပေးထားတာ။ ခုဆို ကလေးတွေတောင်‌ တော်တော်ကြီးနေပြီ။ မေမေတော့ သူတို့လေးတွေကိုကြည့်ပြီး သဘောတွေကျတာအရမ်းပဲ။ some families ဆိုတဲ့ Instagram အကောင့်မှာလည်း LGBT တွေ ခလေးယူထားတာတွေ တွေ့တယ်။ အဲ့ဒါကြောင့်မို့ သားတို့က မေမေ့ကို သားတို့သွေးသားလေးတွေ မွေးပေးနိုင်ဖို့ ကြိုးစားပေးပါ။ မေမေ မြေးချီဖို့ စောင့်နေပါ့မယ်နော်”

“ဟုတ်ကဲ့ပါမေမေ။ သားတို့ မေမေချီချင်တဲ့ မြေးလေးတွေကို ချီခွင့်ရအောင် ကြိုးစားပါ့မယ်နော်”

“ကျေးဇူးပါ မေမေ့ကလေးလေးတွေ။ ဒီမေမေက ဒီကလေးလေးတွေကို သိပ်သိပ်ချစ်ပါတယ်”

“သားတို့လည်း မေမေ့ကို အရမ်းချစ်ပါတယ်”

မေမေ့ကို မုန်းမနက်ဖြန် အိမ်ပြန်နေတော့မယ့်အကြောင်း ပြောပြီး အလင်းအခန်းကို ပြန်လာခဲ့ကြတယ်။ အခန်းထဲရောက်တော့ ကျွန်တော်ရဲ့ချစ်ရသူကြီးက ကျွန်တော့်ကို စိတ်ကောက်နေလေရဲ့။ အိမ်ပြန်နေဖို့အကြောင်းကို သူ့ကိုပြောမပြလို့တဲ့။

“မုန်း ကိုယ့်ကိုလည်း ဘာမှမပြောဘူးနော်။ ခုမေမေ့ကို မုန်းပြောပြမှ ကိုယ်သိရတယ်။ ကိုယ်သာမေမေ့အခန်းထဲကို မုန်းဝင်သွားတာကို မသိလို့ လိုက်မလာခဲ့ရင် မုန်းအိမ်ပြန်မယ့်အကြောင်းကို ကိုယ်မသိရဘူးပေါ့ အဲ့လိုလား”

“အဲ့လို မဟုတ်ရပါဘူး အလင်းရာ။ ငါမေမေ့ကိုပြောပြီး အခန်းထဲကို ပြန်လာခဲ့ရင် မင်းကိုပြောပြမှာပါ”

“ခုတော့ မေမေ့ကိုပြောပြမှ သိရတယ်လေ”

“ဟုတ်ပါပြီကွာ။ စိတ်မဆိုးနဲ့နော် . . နော်လို့ အလင်း”

“အလင်းလို့ ခေါ်နေသ၍ကတော့ ဘယ်တော့မှ စိတ်ဆိုးပြေမှာ မဟုတ်ဘူး”

“အဲ့ဒါဆို ဘယ်လိုခေါ်ရမှာလဲ”

“မုန်းကို နေ့ခင်းက ဘယ်လိုခေါ်ဖို့ သင်ပေးထားလဲ”

အလင်းမေးလိုက်တော့မှ သတိရသွားတဲ့ရုပ်လေးနဲ့ လူကို မချိပြုံးလေး လာပြုံးပြတယ်။

“ကိုကို မုန်းကို စိတ်မဆိုးပါနဲ့နော်။ မုန်းက မေမေ့ကိုပြောပြီး ပြန်လာရင် ကိုကို့ကို ပြောပြမလို့ပါ။ အဲ့ဒါကြောင့်မို့ ကိုကိုက မုန်းကို စိတ်မဆိုးပါနဲ့နော် မွစ်”

ချော့နေရင်းပင် ပါးကိုလည်းလာနမ်းတဲ့ ကျွန်တော့်ရဲ့ကလေးလေး။

“ကိုကို နောက်ဆို မုန်းဘာပဲလုပ်လုပ် ကိုကို့ကို အရင် အသိပေးပါ့မယ်နော်။ ခုတော့ မုန်းကို စိတ်ဆိုးပြေပေးပါနော်။ ကိုကိုစိတ်ဆိုးပြီး အဲ့လိုမျက်နှာကြီးတည်နေရင် မုန်းမနေတတ်ဘူး။ ဝမ်းလည်းနည်းတယ်။ စိတ်ဆိုးပြေပေးတော့နော် ကိုကို ပြွစ်”

စိတ်ဆိုးမပြေမချင်း ဘယ်လိုထပ်ချော့မလဲ သိချင်တာကြောင့် စိတ်ဆိုးမပြေချင်ယောင် ဆက်ဆောင်တော့ ကျွန်တော့်ကလေးလေးက ငိုတော့မယ်ရုပ်လေးနဲ့ ကျွန်တော့နှုတ်ခမ်းလေးကို လာနမ်းပြီး တောင်ပန်တာမို့ အံ့ဩသွားရတယ်။ ချစ်လိုက်တာ ကျွန်တော့်ကလေးလေးကို။ သူ့ကို စိတ်ဆိုးရင် ဒီလိုချော့ရတယ်လို့ ဘယ်သူက သင်ပေးထားလဲ မသိပေ။ ဒီအတတ်တွေကို ဘယ်က တတ်လာတာပါလိမ့်။

“ဒီလိုချော့ရမယ်လို့ မုန်းကို ဘယ်သူသင်ပေးထားတာလဲ။ ဒီအတတ်တွေကို ဘယ်ကတတ်လာလဲဆိုတာ ပြောပါဦး”

“ကိုကိုစိတ်ဆိုးနေလို့ ချော့တတ်သလို ချော့တာလေ။ ဘာလဲ ကိုကိုက မကြိုက်ဘူးလား”

“ကြိုက်ပါတယ်ဗျာ။ နောက်ကိုလည်း ဒီလိုလေးပဲ ချော့ပါ”

“အင်း ပြီးရော”

“မုန်း”

“ဟင်”

“မပြန်ပါနဲ့ဦးလား။ ကိုကိုနဲ့ နောက်တစ်ရက်လောက် အတူတူနေပါဦးလား”

“ဒီမှာနေနေတာ ကြာပြီလေ ကိုကိုရ။ အိမ်ခဏပြန်ဦးမယ်။ မေမေကလည်း မုန်းကိုသတိရလို့ လာမလို့တဲ့။ မေမေလာပြီး ပြန်သွားမှ ဒီမှာ ပြန်လာနေမယ်လေနော်”

“အင်းပါကွာ ကိုကို့ကလေးလေး သဘောပါ။ မုန်းပြန်သွားရင် ကိုကိုတော့ လွမ်းနေရတော့မှာပဲ မွစ်”

မုန်းပါးလေးကို အလင်းအနမ်းပေးတော့ မုန်းကအလင်းနှုတ်ခမ်းလေးကို ပြန်နမ်းလာတယ်။ ပြန်နမ်းလာတဲ့မုန်းရဲ့အနမ်းကို အလင်းပြန်လည်ဦးဆောင်ပြီး နှုတ်ခမ်းလေးကို အပေါ်တစ်လှည့် အောက်တစ်လှည့် စုပ်ယူနမ်းရှိုက်ရင်း လျှာဖျားလေးကို တိုးဝင်ခွင့်တောင်းတော့ ကျွန်တော်ရဲ့ခ‌လေးလေးက အလိုက်တသိ ဝင်ခွင့်ပေးလာတယ်။ မုန်းရဲ့လျှာဖျားလေးတွေကို နစ်သိပ်စွာ စုပ်ယူလိုက်တယ်။

ပူရှိန်းပီ‌ကေစားထားတဲ့ ကျွန်တော့်ကလေးလေးရဲ့ နှုတ်ခမ်းတွေက ချိုချိုအိအိလေးနဲ့ ရှိန်းမြပါတယ်။ ကျွန်တော် အကြိုက်နှစ်သက်ဆုံးသော အရာကို ပြောပါဆိုရင် ပူရှိန်းပီကေစားထားတဲ့ မုန်းရဲ့နှုတ်ခမ်းတွေကို နမ်းရတာကို ကြိုက်တယ်‌လို့ ပြောရမှာပါပဲ။

အနမ်းတွေရှည်ကြာလာတော့ ထိန်းချုပ်ဖို့ ခက်ခဲလာတာမို့ မနည်းထိန်းချုပ်ပြီး ရပ်လိုက်ရတယ်။

“တော်တော့မုန်း။ ကိုကိုမုန်းကို ဒီလိုသာဆက်နမ်းနေရင် ထိန်းချုပ်ရ ခက်သွားလိမ့်မယ်။ အိပ်တော့နော် ကိုကို့ခလေးလေးက လိမ္မာတယ်”

“အင်း အဲ့ဒါဆို မနမ်းတော့ဘူး။ ဖက်အိပ်မယ်”

‌အလင်ရင်ခွင်ထဲကို တိုးဝင်လာပြီး လူကို ဖက်လုံးဖက်သလို ကားယားခွဖက်ထားရင်း အိပ်ပျော်သွားရှာတဲ့ ကျွန်တော့်ရဲ့ကလေးလေး။ ကျွန်တော်ကတော့ ဒီည အိပ်ပျော်မယ် မထင်တော့ပါဘူးဗျာ။ အရမ်းချစ်တယ် ကိုကို့ရဲ့မုန်းလေး။ အိမ်မက်လှလှမက်ပါစေ ကလေးလေး မွ။

**********

[A/N] => အသဲတို့ရေ စာလုံးပေါင်းလေးတွေလိုက်စစ်နေရလို့ နည်းနည်းနောက်ကျသွားတာမို့ ခွင့်လွှတ်ပါနော်။

နောက်တစ်ခုပြောချင်တာလေးက အလင်းမေမေရဲ့ ဆန္ဒလေးပါ။ အသဲတို့နဲ့ အရှေးနဲ့ အတွေးမတူခဲ့ရင် အရှေးဘက်ကပဲ တောင်းပန်ပါတယ်နော်။

အရှေးက ခလေးမရနိုင်တဲ့သူပါ။ အဲ့ဒါကြောင့်မို့ ဒီFicလေးကိုစရေးထဲက အလင်းမေမေနေရာမှာ ကိုယ့်ကိုယ်ကို ခံစားပြီးရေးခဲ့တာပါ။ ငါသာ သားလေးတစ်ယောက်လောက်ရခဲ့ရင် သူဘာပဲဖြစ်ဖြစ် လက်ခံပေးမယ်လို့ပေါ့။ ရှားရှားပါးရခဲ့ရတဲ့ခလေးလေးမို့ စိတ်ချမ်းသာစေချင်ပါတယ်။ ဒါ့ကြောင့် သူလေးဘာပဲဖြစ်ဖြစ် အရှေးလက်ခံဖို့အသင့်ပါ။ အဲ့လိုပဲ အရှေးခလေးလေးသာရခဲ့ရင်အကောင်းမွန်ဆုံး ပြုစုပျိုးထောင်ပေးချင်တယ်။ အနွေထွေးဆုံး မေတ္ထာတွေနဲ့ချစ်ပေးချင်တယ်။ ဂရုစိုက်ပေးချင်တယ်ပေါ့နော်။ အဲ့လိုပဲ အရှေးရဲ့သားလေးသာ Boy to Boy ချစ်ခဲ့ရင်လည်း အရှေးက လက်ခံပေးမှာပါ။ သူတို့ကရတဲ့ သွေးသား မြေးလေးတွေကိုလည်း ချီခွင့်ရချင်ပါတယ်။ မဖြစ်နိုင်မှန်းသိပေမယ့် အရှေး ခလေးလေးလိုချငိတယ်ပေါ့နော်။ အရှေးခလေးရခဲ့ရင် အရှေး ခလေးလေးက မျိုးတူလိင်ကိုသာချစ်ခဲ့ရင်ဆိုပြီး ဒီFicလေးကို အဲ့လိုအတွေးလေးနဲ့ရေးခဲ့တာပါ။ စာရှည်သွားရင် Sorry ပါနော် ချစ်ရတဲ့
အသဲလေးတွေ Love u😘😘😘။

******************************

#Zawgyi

"ဟင္"

အိပ္ေကာင္းလြန္းတဲ့ မနက္ခင္းေလးကို ဖ်က္စီးလိုက္တဲ့ ကၽြန္ေတာ့္ခ်စ္သူႀကီး။

"ကိုယ္ေက်ာင္းသြားလိုက္ဦးမယ္ေနာ္"

"စာေမးပြဲ‌ေျဖခါနီးေနၿပီကို ေက်ာင္းက သြားဦးမလို႔လား"

"Private Study ပိတ္ရက္ေရာက္ဖို႔ လိုေသးတယ္ေလမုန္းရဲ့။ စာက သင္ေနရတုန္းပဲ။ ကိုယ္ေက်ာင္းသြားတဲ့အခ်ိန္ ဂိမ္းမေဆာ့ဘဲ စာလုပ္ေနေနာ္မုန္း"

"အင္းပါ။ ေႏြနဲ႔အတူတူသြားမွာလား"

"အင္းေပါ့ ေႏြနဲ႔အတူတူသြားမွာ။ ကိုယ္သြားေတာ့မွာမို႔ Morning Kiss ေလး ေပးပါဦး"

"မြစ္ ေစာေစာျပန္ခဲ့ဦးေနာ္။ အိမ္မွာ တစ္ေယာက္တည္း က်န္ခဲ့ရမွာ"

အလင္းႏႈတ္ခမ္းေလးကို ထိ႐ုံေလးအနမ္း‌ေပးလိုက္ေတာ့ ပါးခ်ိဳင့္ႏွစ္ဖက္ ခြက္ဝင္ေအာင္ျပဳံးၿပီး မွာတမ္းေႁခြေနပါေသးတယ္။

"အင္းပါ ေစာေစာျပန္ခဲ့မယ္။ ေန႔ခင္းဘက္ မုန္းတစ္ေယာက္တည္း ပ်င္းေနရင္ ရွားနဲ႔ေမသူ႔ကိုေခၚၿပီး စာလုပ္ေနာ္။ ကိုယ္သြားၿပီ မြစ္"

မုန္းနဖူးေလးကို အနမ္းျပန္ေပးၿပီးမွ ေက်ာင္းသြားဖို႔ ေႏြနဲ႔အတူ အိမ္ကေန ထြက္လာခဲ့လိုက္တယ္။ ေႏြနဲ႔အတူ လမ္းေလၽွာက္ေနရင္းက ေႏြကအလင္းကို ခဏခဏၾကည့္ေနတာကို သတိထားမိေနတာမို႔ ေႏြမ တစ္ခုခုေမးခ်င္ေနတဲ့ပုံပါပဲ။

"ေႏြ နင္ငါ့ကိုေမးစရာရွိေနတာလား"

"အင္း ဘယ္လိုသိတာလဲ"

"နင္ငါ့ကို ခိုးခိုးၾကည့္ေနတာကိုး။ ေမးခ်င္ေနတာ သိသာေနတာေပါ့။ ဘာေမးမလို႔လဲ ေမးေလ"

"နင္နဲ႔မုန္း အရင္လိုပဲလား"

"ဘာကိုလဲ"

"ဟိုကိစၥ ဒီကိစၥေတြ မရွိေသးဘူးမို႔လား"

တျခားသူဆိုရင္ေတာ့ မိန္းခေလးတန္မဲ့ ဒါမ်ိဳးေတြေမးလို႔ အရွက္မရွိ ရဲတင္းလိုက္တာလို႔ ထင္ေကာင္းထင္ပါလိမ့္မယ္။ ေဆးေက်ာင္းသူ ေဆးေက်ာင္းသားေတြမို႔ ေဆးပညာအရေတာ့ ဒါကရွက္စရာကိစၥလို႔ ေႏြေတာ့မထင္မိပါဘူး။ ဒါ့ေၾကာင့္ အလင္းဘက္က တိုင္ပင္လာလို႔ရေအာင္ ေႏြ႕ဘက္က လမ္းစဖြင့္ေပးလိုက္တဲ့ သေဘာပါ။

"ဘာလို႔ေမးတာလဲေႏြ။ ငါတို႔က အဲ့ကိစၥေၾကာင့္ ခ်စ္ေနတဲ့ပုံ ေပါက္ေနလို႔လား"

"အထင္မလြဲနဲ႔အလင္း။ ငါေမးတာ အဲ့အဓိပၸါယ္မဟုတ္မွန္း နင္သိမွာပါ။ ငါေမးရတာက နင္ကေဆးေက်ာင္းသားဆိုေတာ့ ဒါေတြကို သိသင့္သေလာက္ေတာ့သိမွာပါ။ ဒါေပမဲ့ မုန္းကေတာ့ အျဖဴထည္ေလးေလ ဘာမွမသိနိုင္ဘူး။ အဲ့ဒါေၾကာင့္ နင္တို႔ အခုအဆင္ေျပေပမယ့္ အခ်ိန္တစ္ခုကိုေရာက္ရင္ အဆင္မေျပမွာ စိုးရိမ္လို႔ေမးတာ။ အနည္းဆုံးေတာ့ နင္ငါ့ကို ရင္ဖြင့္တိုင္ပင္လို႔ရတယ္ဆိုတာကို သိေစခ်င္တာ"

"ငါနားလည္ပါ‌တယ္ေႏြ။ ဒါေပမဲ့ ခုထိေတာ့ အဲ့ကိစၥ ရွိဖို႔ေနေနသာသာ နမ္းတာေတာင္ ထိ႐ုံေလးနမ္းတဲ့ အေျခအေနကေန မတက္ေသးပါဘူး"

"အင္း နင္မုန္းကိုေတာ့ နားလည္ေအာင္ ေျပာျပထားသင့္တယ္လို႔ ငါထင္တယ္"

"ခုမွ ငါတို႔ႏွစ္ေယာက္ ခ်စ္သူခရီး အစပဲ ရွိပါေသးတယ္ဟာ။ အဲ့ကိစၥက အေဝးႀကီး လိုပါေသးတယ္။ ဒါေပမဲ့ နင္ေျပာသလိုပဲ နည္းနည္းခ်င္းေတာ့ မုန္းနားလည္ေအာင္ ေျပာျပရမွာေပါ့"

"အြန္း Education ေလးေလာက္ေတာ့ ေျပာျပထားေပါ့"

"ေအးပါ ေအးပါ ေက်းဇူးေႏြ"

အလင္းနဲ႔ခ်စ္သူျဖစ္တာ ဒီေန႔နဲ႔ဆို ရက္ႏွစ္ဆယ္ေလာက္ရွိေရာေပါ့။ မုန္း‌ေခါင္းက အနာလည္းေပ်ာက္ေနၿပီမို႔ အိမ္ျပန္ေနဖို႔သင့္ေနပါၿပီ။ ေဆး႐ုံဆင္းကတည္းက ေမကစိတ္မခ်လို႔ မုန္းကိုအိမ္ေခၚထားခဲ့တာပါ။ အလင္းနဲ႔ ခ်စ္သူစျဖစ္ကတည္းက ခုထိ မခြဲဘူးေသးတာေၾကာင့္ မုန္းအိမ္ကို ျပန္လည္း မျပန္ခ်င္ေသးဘူးရယ္။

သူငယ္ခ်င္းဘဝတုန္းက အလင္းတို႔အိမ္မွာ အျမဲေနတာ ဘာမွမျဖစ္ေပမယ့္ ခ်စ္သူျဖစ္ေနၿပီဆိုေတာ့ ေမတို႔ကိုေတာ့ ေလးစားရမယ္ေလ။ ညေနအလင္းျပန္လာရင္ေတာ့ အိမ္ျပန္မယ့္အေၾကာင္း ေျပာရဦးမွာေပါ့။ ခုေတာ့ ရွားနဲ႔ေမသူမကိုေခၚၿပီး စာလုပ္ရမယ္။ သုတတစ္ေယာက္ကေတာ့ စာေမးပြဲနား နီး‌ေနၿပီမို႔ သူငယ္ခ်င္းတစ္ေယာက္အိမ္မွာ စာစုလုပ္မယ္ေျပာၿပီး သြားလိုက္တာ အိမ္မျပန္တာေတာင္ ရက္အေတာ္ၾကာပါၿပီ။

မုန္းဖုန္းဆက္ေခၚၿပီး တစ္နာရီေက်ာ္ေလာက္ၾကာေတာ့ ေမသူနဲ႔ရွားတို႔ အိမ္ကိုေရာက္လာတယ္။ အိမ္ကိုလာတဲ့သူငယ္ခ်င္းေလးေတြ သိပ္ခ်စ္ဖို႔ေကာင္းပုံမ်ား မုန္းဖို႔ ေထာပတ္သီးေဖ်ာ္ရည္နဲ႔ ထမင္းလိပ္ပါ ဝယ္လာေပးၾကေလရဲ့။ စာမက်က္အားေသးဘူး။ သူတို႔ဝယ္လာတာေလးေတြ စားရဦးမယ္။

"မုန္း"

"ဟင္"

"ေမးစရာရွိတယ္"

"ေမးေလ ဘာေမးမွာလဲ"

"နင္အလင္းကို ဘယ္လိုေခၚလဲ"

"အလင္းလို႔ေခၚတာေပါ့ဟဲ့ ဘယ္လိုေခၚရမွာလဲ"

"ဟမ္ အလင္းကေရာ"

"မုန္းေပါ့ဟ ဘာျဖစ္ေနၾကတာလဲေဟ။ နင္တို႔ႏွစ္ေယာက္ ငါ့ကို ထူးထူးဆန္းဆန္းေတြ ေမးေနတယ္"

"နင္တို႔ဟာကလည္း မရိုလိုက္ၾကတာဟယ္။ အံ့ေရာ။ ခ်စ္သူျဖစ္ေနၿပီဆိုေတာ့ အေခၚအေဝၚေလးမ်ား ေျပာင္းသလားလို႔ ေမးၾကည့္တာ"

"ဒီတိုင္းပါပဲ"

"နမ္းေရာ နမ္းလား"

ေမသူေမးလိုက္ေတာ့ မုန္းအေတာ္ရွက္သြားပုံရပါတယ္။ နားရြက္ေလးေတြရဲလာတာမ်ား အေကာင္ကိုက္လိုက္သလိုပဲ ရဲတြတ္လာတာ။

"ဘာေတြလာေမးေနတာလဲ ေမသူစုတ္မ"

"ဟယ္ . . ဒါေလးေမးတာကို နင္ကအဲ့ေလာက္ေတာင္ ရွက္ေနရလား။ ငါတို႔က နမ္းလားပဲေမးတာ။ နင္က တဆုံးထိ ေတြးလိုက္ပုံရတယ္"

ရွားဝင္ေျပာလိုက္ေတာ့မွ ပိုရွက္သြားပုံရတယ္။ ေခါင္းေတာင္ ေဖာ္မလာေတာ့ပါဘူး။

"နမ္းလားလို႔ ေမးေနတယ္ေလ"

"ေအး နမ္းတယ္။ နင္သိခ်င္တာ ဒါပဲမို႔လား ေမသူမ"

"ဘယ္ကိုနမ္းတာလဲ"

"ဘာ . . ဘယ္လိုေတြေမးေနတာလဲ မိရွား"

"ဟဲ့ ရွားေမးတာက ပါးလား နဖူးလား ႏႈတ္ခမ္းလား ေမးတာေလ။ နင္က ဘာျဖစ္ေနတာလဲ"

"အဲ့ဒါသိၿပီး နင္တို႔က ဘာလုပ္မွာလဲ"

"ဟဲ့သိခ်င္လို႔ေမးတာ။ မူမေနနဲ႔ ျမန္ျမန္ေျဖ။ စာလုပ္ရဦးမွာ"

"မေျဖဘူးဟာ။ ေတာ္ၿပီ စားလို႔လည္းဝၿပီ စာလုပ္မယ္။ နင္တို႔ေမးခ်င္ရာေမးဖို႔ ငါ့အတြက္ မုန႔္ဝယ္လာၾကတာလား"

"ေအး"

"ေအး"

အမေလး ဒါမ်ိဳးၾက တက္ညီလက္ညီ သံၿပိဳင္သီဆိုၾကတယ္။ မေကာင္းတဲ့ဟာေလးေတြ။

"ေျဖစမ္းပါ ဒါေနာက္ဆုံးပဲ"

"ေအးေဟ့ နမ္းတယ္ဟ။ နဖူးနဲ႔ပါးနဲ႔ ႏႈတ္ခမ္းကို နမ္းတယ္။ ဘယ္လိုနမ္းလဲမေမးနဲ႔ ထိ႐ုံေလးပဲနမ္းတာ။ ရၿပီလား"

"နင္တို႔ရည္းစားဘဝကို စိတ္ပိန္လိုက္တာ။ FA လုပ္တာပဲ ေကာင္းပါတယ္"

"ေအးလုပ္ မိရွားေရ။ ခုေတာ့ စာအရင္လုပ္ပါရေစေနာ္။ ေမသူမ နင္လည္း စပ္စုတာေလးေလၽွာ့။ စာအုပ္ေလးထုတ္ ေဘာပင္ေလးကိုင္ Ok"

"အမေလး ငါတို႔ကလည္း နင္တို႔ရဲ့ ရင္ခုန္ခ်င္စရာမေကာင္းတဲ့ ရိုမဆန္တဲ့ဇာတ္လမ္းကို လုံးဝမသိခ်င္ပါဘူးေနာ္"

"ေက်းဇူးတင္ပါတယ္ မိရွားရယ္"

မုန္းရြဲ႕ေျပာလိုက္ေတာ့ ရွားမ်က္ေစာင္းထိုးတာ မ်က္ေစာင္းနဲ႔တင္ လူသတ္လို႔ရတယ္။ အခ်ိန္ေတာ္ေတာ္ၾကာစာလုပ္ၿပီးေတာ့ ေမသူက မုန္းနဲ႔ရွားကို‌ ေမးလာတယ္။

"ဒါနဲ႔ငါေမးပါဦးမယ္။ မုန္း နင္နဲ႔ရွားကို ေက်ာင္းမွာ အတြဲေတြလို႔ပဲ သိထားတာေလ။ အဲ့ဒါ နင္တို႔ ဘယ္လိုလုပ္မွာလဲ"

"ဟုတ္တယ္ ေမသူေျပာမွ ငါလည္းသတိရတယ္။ ငါေတာင္းပန္ပါတယ္ေနာ္ရွား။ ငါနင့္ဘက္ကို မၾကည့္ဘဲ ဇြတ္တရြတ္ လုပ္ခ်င္ရာလုပ္ခဲ့မိတာ။ ခုေတာ့ နင္ပါ ငါ့ေၾကာင့္ အေနရ ၾကပ္ေတာ့မယ္"

"နင္တို႔ႏွစ္ေယာက္ ဘာေတြ ေတြးပူေနၾကတာလဲ။ ေရလိုက္ငါးလိုက္ ဒီတိုင္းေလးပဲေနေပါ့။ သူတို႔က ရည္းစားေတြလို႔ ဆက္ထက္ေနရင္လည္း ထင္ပါေစ။ ျပတ္သြားတယ္လို႔ ထင္ခ်င္လည္းထင္ေပါ့။ လိုက္ရွင္းျပစရာ မလိုသလို ေခါင္းထဲလည္း ထည့္စရာမလိုဘူးေလ Ok။ ၿပီးေတာ့ ငါ့အတြက္လည္း မပူနဲ႔။ ငါခုေလာေလာဆယ္ ရည္းစားထားဖို႔ စိတ္ကူးမရွိေသးဘူး။ အားလည္းမနာနဲ႔ ေတာင္းပန္စရာလည္းမလိုဘူး ၾကားလားမုန္း"

"အင္းပါ။ ေက်းဇူးပါရွား"

"ေက်းဇူးလည္း မလိုဘူး။ ႏွစ္ေယာက္လုံး စာလုပ္ေတာ့"

မုန္းတကယ္ကို ရွားကိုအားနာမိတာပါ။ မုန္းေၾကာင့္ သူမ်ား အေျပာဆိုခံရမွာလည္း ဆိုးတယ္။ မုန္းနဲ႔အလင္းအေၾကာင္းကိုသာ ေက်ာင္းကလူေတြသိသြားရင္ ရွားကို အရွခံရၿပီလို႔ ေျပာၾကမွာ။ ဒါေတြအားလုံးက မုန္းမဆင္မျခင္ လုပ္ခဲ့မိလို႔ ျဖစ္ခဲ့ရတာ။ ရွားကို အားနာလြန္းလို႔ ေသေတာ့မယ္။ ရွားကေတာ့ အားနာစရာမလိုဘူးလို႔ ေျပာေပမယ့္ ရွားအတြက္ ထိခိုက္နစ္နာမႈက ႀကီးလြန္းတယ္ေလ။

စာလုပ္ရင္း ညေနသုံးနာရီထိုးေလာက္ၾကေတာ့ ရွားက လွည္းတန္းကိုသြားမယ္ ေျပာလာတာေၾကာင့္ အလင္းကို ဖုန္းဆက္ရေတာ့တယ္။

"ဟဲလို မုန္း ေျပာ"

"ေက်ာင္းဆင္းၿပီလား အလင္း"

"အင္း ဆင္းေတာ့မွာ။ ဘာလို႔လဲမုန္း"

"လွည္းတန္းမွာ မုန႔္လာစားမလို႔။ လွည္းတန္းမွာ ေစာင့္ေနေပးလို႔ ေျပာမလို႔"

"လာခဲ့ေလ ကိုယ္တို႔ လွည္းတန္းစင္တာမွာ ေစာင့္ေနမယ္"

"အင္း ၿပီးေရာ လာခဲ့မယ္"

မုန္းအလင္းကိုဖုန္းဆက္ၿပီးတာနဲ႔ လွည္းတန္းကို ထြက္လာခဲ့ၾကတယ္။ လွည္တန္းေရာက္ေတာ့ လွည္းတန္းစင္တာအျပင္မွာ ထိုင္ေစာင့္ေနတဲ့ ေႏြနဲ႔အားသစ္ရယ္၊ အလင္းရယ္၊ တစ္ခါမွမျမင္ဘူးတဲ့ ေကာင္းမေလးတစ္ေယာက္ရယ္ကို ေတြ႕လိုက္ရတယ္။

မုန္းတို႔ေရာက္လာေတာ့ အားလုံးက ငါးကင္စားမယ္ေျပာတာေၾကာင့္ ငါးကင္ဆိုင္ကိုပဲ ဦးတည္ၿပီး သြားလိုက္ၾကတယ္။ ဆိုင္ေရာက္ေတာ့ စားခ်င္တာမွန္သမၽွမွာၿပီး ထိုင္ေစာင္ေနတဲ့အခ်ိန္ အလင္းက သူတို႔နဲ႔ပါလာတဲ့ေကာင္မေလးကို မုန္းတို႔နဲ႔မိတ္ဆက္ေပးလာတယ္။

"ရြက္ဝါ သူ႔နာမည္က မုန္း၊ သူက ရွားအိမ့္ခ်ယ္၊ သူက ေမသူသူလင္း မွတ္ထားေနာ္။ ရြက္ဝါ နာမည္က ေမရြက္ဝါတဲ့ မင္းတို႔လည္းမွတ္ထားေနာ္။ သူက ငါတို႔‌ေက်ာင္းကသူငယ္ခ်င္းပဲ။ ရြက္ဝါလည္း မွတ္ထားေပါ့ သူတို႔ကလည္း ေႏြ႕တို႔အားသစ္တို႔လိုပဲ ငါ့ရဲ့အခ်စ္ဆုံးသူငယ္ခ်င္းေတြ။ အဖြဲ႕ထဲမွာ ေကာင္ေလးတစ္ေယာက္ က်န္ေသးတယ္။ နာမည္က သုတထြန္းရွိန္တဲ့။ ငါတို႔ကေတာ့ သုတလို႔ပဲေခၚတယ္။ ေနာက္ၾကဳံတဲ့အခါမွ မိတ္ဆက္ေပးမယ္။ ခုေလာေလာဆယ္ သူက က်ဴရွင္ေတြ စာေတြနဲ႔ အလုပ္ရႈပ္ေနတယ္"

"ဟုတ္ ေတြ႕ရတာ ဝမ္းသာပါတယ္ေနာ္။ ရြက္ဝါကိုလည္း ေႏြတို႔အလင္းတို႔ကို ခင္သလိုပဲ ခင္နိုင္ပါတယ္ေနာ္"

ရြက္ဝါဆိုတဲ့မိန္းကေလးက ခင္ဖို႔ ေျပာလာေတာ့ အားလုံးက ျပဳံးျပၿပီး ေခါင္းၿငိမ့္ျပၾကတယ္။ မုန္းကေတာ့ စိတ္ထဲမွာ ကသိကေသာက္ျဖစ္ေနပါၿပီ။ ငါကသူငယ္ခ်င္းလား အလင္း။ ရွားတို႔ ေမသူတို႔လို အခ်စ္ဆုံးသူငယ္ခ်င္းပဲလား။ ငါ့ကိုမင္းရဲ့ခ်စ္သူပါလို႔ မိတ္ဆက္ေပးရမွာကို မင္းကရွက္ေနတာလား။ မုန္းစိတ္မေကာင္းျဖစ္လာတာမို႔ မ်က္ႏွာက ခ်က္ခ်င္းဆိုသလို ညႇိုးက်လာတယ္။ မ်က္ရည္ကလည္း က်ခ်င္လာသလိုလိုပဲ။ အလိုလိုဝမ္းနည္းလာၿပီး ကိုယ့္ကိုယ္ကို သိမ္ငယ္လာတယ္။

မွာထားတာေတြလည္း လာမခ်ေသးတာမို႔ တစ္ေနရာရာကို ခဏေလာက္သြားခ်င္တာေၾကာင့္ အိတ္ကိုေကာက္ကိုင္ၿပီး ထထြက္ေတာ့ ေႏြကေမးလာတယ္။

"မုန္းဘယ္လဲ"

"စိန္ေဂဟာဘက္ကို ခဏျပန္သြားမလို႔"

"ဘာလုပ္မလို႔လဲ"

"စိန္ေဂဟာေဘးက ေတာ့ပိုကီသြားဝယ္မလို႔"

"ဒီမွာလည္း မွာထားေသးတယ္ေလ"

"လာခ်ဖို႔က ၾကာဦးမွာေလ။ ဗိုက္ဆာေနၿပီ သြားဝယ္ဦးမယ္"

"ငါလိုက္ခဲ့ရမလား"

ေႏြက လိုက္ခဲ့ရမလားေမးေတာ့ မုန္းေခါင္းခါျပၿပီး ထြက္လာခဲ့လိုက္တယ္။ ေႏြကသာလိုက္ခဲ့ရမလား ေမးတာ။ အလင္းက တုပ္တုပ္ေတာင္ မလႈပ္ဘူး။ စိတ္တိုတယ္ တကယ္။

မုန္း ေတာ့ပိုကီဝယ္ၿပီး ေျခလွမ္းကို လွည္းတန္းစင္တာကို ဦးတည္လိုက္တယ္။ ျပန္မသြားခ်င္ေသးဘူး။ စားလည္း မစားခ်င္ေတာ့ဘူး။ စင္တာထဲမွာပဲ ေလၽွာက္ၾကည့္ေတာ့မယ္။ အေတြးနဲ႔အတူ စင္တာဘက္ကို လမ္းေလၽွာက္ေနတုန္း မုန္းလက္ဖဝါးကို လက္တစ္ဖက္က လာဆုပ္ကိုင္လိုက္တာမို႔ အလန႔္တၾကားလွည့္ၾကည့္ေတာ့ အလင္းရယ္ပါ။ သူက ဘာလိုက္လုပ္တာလဲ။

"မုန္း ဘယ္လဲ။ ေတာ့ပိုကီ ဝယ္ၿပီးၿပီမို႔လား။ မွာထားတာေတြ လာခ်ၿပီးေနၿပီ။ ေႏြကမုန္းလာမွ စားမယ္ဆိုၿပီး ေစာင့္ေနတယ္"

"သြားႏွင့္ ေနာက္ကလိုက္လာခဲ့မယ္"

"လာေခၚတာ တူတူျပန္လိုက္ခဲ့ေလကြာ ေနာ္"

"စင္တာထဲမွာ ဝယ္စရာရွိတယ္။ ေနာက္မွ လာခဲ့မယ္။ မင္းအရင္ျပန္ႏွင့္လိုက္"

မုန္းမ်က္ႏွာမေကာင္းျဖစ္ေနၿပီး ထြက္သြားတာမို႔ အလင္းလိုက္လာခဲ့တာပါ။ အနားကိုေရာက္ေတာ့ ေတာ့ပိုကီဝယ္ၿပီး ျပန္မယ္ထင္ေပမယ့္ မျပန္ဘဲအေရွ႕ဆက္သြားလို႔ လိုက္ေခၚေပမယ့္ ျပန္ႏွင့္လို႔သာ ေျပာလာပါတယ္။ မုန္းက မ်က္ႏွာလည္း မေကာင္းတာေၾကာင့္ ဘာကိုစိတ္ဆိုးၿပီး စိတ္မေကာင္းျဖစ္ေနမွန္း မသိတာမို႔ ေမးၾကည့္ရပါေတာ့တယ္။

"မုန္းကြာ ကိုယ့္ကိုစိတ္ဆိုးေနတာလား။ ဘာကိုစိတ္ဆိုးတာလဲဆိုတာ ကိုယ့္ကိုေျပာေလ ေနာ္။ မုန္းေျပာမွ ကိုယ္သိရမွာေလကြာ။ မုန္းကလိမၼာပါတယ္ ကိုယ့္ကိုေျပာေနာ္။ ကိုယ္က မုန္းနဲ႔ပတ္သက္တဲ့ အရာရာကို တုံးအတာမို႔ မုန္းက ကိုယ့္ကို ပြင့္ပြင့္လင္းလင္း ေျပာျပေပးေနာ္။ မုန္း ဘာကိုစိတ္ဆိုးေနတယ္ ဘာကိုစိတ္မေကာင္းျဖစ္ေနတယ္ဆိုတာကို ပြင့္လင္းစြာေျပာလာမွ ကိုယ္က မုန္းစိတ္ဆိုးေျပေအာင္ ေခ်ာ့လိုရမွာ။ မုန္းစိတ္မေကာင္းျဖစ္ေနတာကို ေျဖရွင္းလို႔ရမွာ။ ဒီတိုင္းဆို ကိုယ္ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိသလို ေျဖရွင္းလို႔လည္း မတတ္ဘူးေနာ္။ ကိုယ္အလိုက္သိလာေအာင္ မုန္းက ကိုယ့္ကို တျဖည္းျဖည္းခ်င္း သင္ေပးေလေနာ္ . . ေနာ္လို႔"

"စိတ္ဆိုးတာမဟုတ္ဘူး ဝမ္းနည္းေနတာ။ ငါ့ကိုမင္းရဲ့ခ်စ္သူပါ့လို႔ မိတ္ဆက္မေပးရဲဘူးမို႔လားအလင္း။ ငါက ေႏြတို႔ ရွားတို႔ ေမသူတို႔လို အခ်စ္ဆုံးသူငယ္ခ်င္းပဲလား ေျပာ"

ငိုေတာ့မလိုနဲ႔ မ်က္ရည္ေလးေတြ ဝဲလာတာမို႔ မုန္းအရမ္းဝမ္းနည္းေနၿပီဆိုတာ အလင္းသိလိုက္ပါတယ္။ ကၽြန္ေတာ့္ခေလးေလးက ဝမ္းနည္းလာတိုင္း ငိုတတ္တဲ့အက်င့္ရွိေပမယ့္ ဒီတစ္ခါေတာ့ လမ္းမေပၚမွာမို႔ မငိုမိေအာင္ ထိမ္းခ်ဳပ္ထားရလို႔ထင္တယ္ မ်က္ရည္ေလးေတြဝဲၿပီး ႏွာသီးဖ်ားေလးေတြ နီရဲလို႔ေနပါတယ္။

မုန္းလက္ကိုဆြဲၿပီး စင္တာထဲက ဓာတ္ေလွကားထဲကို ေခၚလာခဲ့လိုက္တယ္။ ဓာတ္ေလွကားထဲကိုေရာက္မွ အျမင့္ဆုံးထပ္ကိုႏွိပ္ထားၿပီး ေဘးက ခေလးေလးကို ေခ်ာ့ဖို႔ျပင္ရပါေတာ့တယ္။

"ကိုယ့္ကိုၾကည့္မုန္း။ ကိုယ္က မုန္းကို စခ်စ္ၿပီဆိုကတည္းက မုန္းရဲ့ေကာင္းျခင္း ဆိုးျခင္းမွန္သမၽွကို လက္ခံနိုင္တယ္။ အဲ့လိုပဲ မုန္းလက္ကိုတြဲၿပီး လူၾကားထဲမွာလည္း ရဲရဲဝင့္ဝင့္ေလၽွာက္ရဲတယ္။ ကိုယ္က မုန္းေၾကာင့္ သိမ္ငယ္မွာမဟုတ္သလို႔ မုန္းနဲ႔ခ်စ္ရလို႔ ရွက္မွာလည္း မဟုတ္ဘူး။ အဲ့ေတာ့ မုန္းကို တျခားသူနဲ႔ မိတ္ဆက္ေပးဖို႔ ရွက္တယ္ဆိုတဲ့ခံစားခ်က္မ်ိဳးက လုံးဝရွိလာမယ့္အရာ မဟုတ္ဘူး"

". . ."

"မုန္းေလာက္ ဘယ္အရာမွ အေရးမႀကီးဘူး။ မုန္းသာကိုယ့္ဘဝရဲ့အရာရာပါ။ ကိုယ္ကမုန္းအေပၚမွာ အရိုးသားဆုံးခ်စ္ေပးမွာမို႔ မုန္းကလည္း ကိုယ့္အေပၚမွာ အပြင့္လင္းဆုံး ဆက္ဆံေပးပါ။ မုန္းပြင့္လင္းစြာ ဆက္ဆံတဲ့အေပၚမွာ သဝန္တိုလြန္းတယ္ဆိုးၿပီး စိတ္ဆိုးမွာမဟုတ္သလို ေနရာတကာလိုက္ေျပာ၊ လိုက္ခ်ဳပ္ခ်ယ္လြန္းလို႔ဆိုၿပီးလည္း ၿငိဳျငင္မွာ မဟုတ္ဘူး။ အရာရာစိတ္ဆိုးစိတ္ေကာက္တယ္ဆိုၿပီး တစ္မ်ိဴးလည္း မထင္ဘူး။ ကိုယ္တို႔ၾကားမွာ မုန္းရဲ့ပြင့္လင္းမႈက ခလုတ္ကန္သင္း မဟုတ္ဘူး။ အခ်စ္ေတြပိုတိုး‌လာေအာင္လုပ္ေပးမယ့္ love power infinity ေလးပဲသိလား။ ခုကိုယ္ေျပာတာကို မုန္းနားလည္တယ္မို႔လား"

"ဟြန႔္ စကားတတ္ႀကီး။ အဲ့အေျပာေတြနဲ႔ပဲ လူကိုသိမ္းပိုက္ေနလိုက္"

"သိမ္းပိုက္ရတာ မဟုတ္ပါဘူးဗ်ာ။ ခ်စ္သူအတြက္ ရင္ထဲကစကားေတြကို အမွန္အတိုင္း ေျပာျပေနတာပါ"

"အဲ့ဒါဆို အဲ့ေမရြက္ဝါကို ငါကမင္းခ်စ္သူပါလို႔ မိတ္ဆက္ေပးေလ။ ဘာလို႔ မိတ္ဆက္မေပးတာလဲ"

"ကိုယ္က မိတ္ဆက္ေပးခ်င္ေပမယ့္ မုန္းဘက္ကို ၾကည့္ရေသးတယ္ေလ။ ကိုယ္အဲ့လိုမိတ္ဆက္ေပးလို႔ မုန္းအတြက္ အဆင္ေျပလား မေျပလား ကိုယ္မသိဘူးေလ။ မုန္းအေနရခက္ၿပီး ရွက္မွာဆိုးလို႔ပါ"

"မိတ္ဆက္ေပး။ မိတ္ဆက္ေပးလို႔ အေနရလည္း မ‌ခက္သလို ငါ့ခံစားခ်က္က မင္းခံစားခ်က္နဲ႔ ထပ္တူမို႔ မင္းကငါ့အတြက္ ရွက္ရမယ့္အရာ မဟုတ္ဘူး။ အဲ့ဒါေၾကာင့္ မိတ္ဆက္ေပး"

"အဲ့ဒါဆို ကိုယ့္မုန္းေလးက ကိုကိုေရ ရြက္ဝါကို မုန္းက ကိုကို႔ရဲ့ခ်စ္သူပါဆိုၿပီး မိတ္ဆက္ေပးပါလို႔ အဲ့လိုေလးေျပာ။ အဲ့လိုေျပာရင္ ကိုယ္ကမိတ္ဆက္ေပးမယ္"

"ဟမ္ ဘာလို႔ ကိုကို‌လို႔ေခၚရမွာလဲ။ မင္းနဲ႔ငါနဲ႔ အသက္အတူတူပဲကို"

"ဟိုေန႔က ေႏြနဲ႔စကားမ်ားတုန္းက ငါ့ကိုကိုဆို"

"အဲ့တာက ဒီတိုင္း စ'ၿပီးေခၚလိုက္တာ"

"မရဘူး ကိုကိုလို႔ေခၚ"

"မေခၚပါဘူး အသက္အတူတူပဲကို"

"မတူပါဘူး ငါမင္းထက္ အသက္တစ္လတိတိ ႀကီး‌တယ္ေနာ္မုန္း"

"တစ္လေလးႀကီးတာကို မေခၚခ်င္ပါဘူးကြာ"

"မရဘူး ေခၚ။ ေမေမနဲ႔ေဖေဖလည္း တစ္လပဲကြာတာကို ေမေမက ေဖေဖ့ကို ကိုကိုလို႔ေခၚတာ။ မင္းလည္း အဲ့လိုေလးေခၚ"

"မေခၚပါဘူး"

"မေခၚရင္ မိတ္ဆက္မေပးပါဘူး"

"မင္းေနာ္ အနိုင္မက်င့္နဲ႔"

"ဘယ္မွာ အနိုင္က်င့္လို႔လဲ။ ကိုကိုလို႔ေခၚခိုင္းတာ အနိုင္က်င့္လို႔လား"

"မေခၚဘူးကြာ"

"မေခၚနဲ႔ေလ မိတ္ဆက္မေပး႐ုံဘဲ"

ရြက္ဝါကို မုန္းက အလင္းခ်စ္သူပါလို႔ သိေစခ်င္တာမို႔ မိတ္ဆက္ေပးေစခ်င္ပါတယ္။ ရြက္ဝါက ေႏြတို႔ ရွားတို႔လို အရမ္းေခ်ာပါတယ္။ အလင္းကို ႀကိဳက္လာမွာကိုဆိုးတယ္။ ကၽြန္ေတာ့္ခ်စ္သူက အရမ္းေခ်ာတာမို႔ ပိုင္ရွင္မရွိရင္ ႀကိဳက္လာမွာဆိုးပါတယ္။ ဘယ္လိုလုပ္ရပါ့။ ေခၚလိုက္ရမလား။

အလင္းကိုေခၚမယ္လုပ္ေတာ့ ဓာတ္ေလွကားထဲကို လူတစ္ခ်ိဳ႕ဝင္လာတာမို႔ မေခၚဘဲေနလိုက္ရတယ္။ ဝင္လာတဲ့သူေတြက ေအာက္ဆုံးထပ္ကိုႏွိပ္တာမို႔ မုန္းတို႔ေအာက္ဆုံးထပ္ကို ပါလာခဲ့ရျပန္တယ္။ မုန္းတို႔ဓာတ္‌ေလွကားကို အေပၚတက္လိုက္ ေအာက္ဆင္းလိုက္လုပ္ေနတာ ဘယ္ႏွစ္ေခါက္မွန္းေတာင္ မသိေတာ့ပါ။ ဒီတစ္ခါေတာ့ ေအာက္ေရာက္တဲ့အခ်ိန္ အေပၚျပန္မတက္ေတာ့ဘဲ ဝင္လာတဲ့သူေတြ ထြက္သြားတဲ့အထိ ေစာင့္ေနလိုက္တယ္။ အားလုံးထြက္သြားေတာ့မွ မုန္းအလင္းကို အလင္းေျပာခိုင္းတဲ့အတိုင္း ေျပာလိုက္တယ္။

"ကိုကို ေမရြက္ဝါကို မုန္းက ကိုကို႔ခ်စ္သူပါလို႔ေျပာၿပီး မိတ္ဆက္ေပးပါ"

"အား ခ်စ္လိုက္တာကြာ ကိုကို႔ခေလးေလးကို"

မုန္းမ်က္ႏွာေလးကို လက္ဖဝါးႏွစ္ဖက္ၾကားထဲ စုညႇစ္လိုက္ၿပီး ေထာ္ထြက္လာတဲ့ႏႈတ္ခမ္းေလးကို အားပါးတရဆြဲစုပ္ၿပီး နမ္းလိုက္တယ္။

"အား ကိုကို႔ ဘယ္လိုျဖစ္ေနတာလဲ။ လူလာလို႔ျမင္ရင္ ဘယ္လိုလုပ္မလဲ"

"မျမင္ပါဘူးကြာ။ အရွက္သည္းလိုက္တာ ခေလးေလးက။ လာျပန္မယ္။ တျခားသူေတြ ေစာင့္ေနရတာ ၾကာေနၿပီ"

အလင္း မုန္းကိုစိတ္ေျပေအာင္ေခ်ာ့ၿပီး ေႏြတို႔ေစာင့္ေနတဲ့ဆိုင္ကို ျပန္လာခဲ့လိုက္တယ္။ ဆိုင္ေရာက္ေတာ့ ေႏြက ဘာလို႔ၾကာေနတာလဲဆိုၿပီးေမးေတာ့ မုန္းရႉးေပါက္ခ်င္လို႔ စင္တာထဲမွာ ရႉးလိုက္တည္ေနတာလို႔ ညာလိုက္ရတယ္။ ကိုယ္ေတာ္ေခ်ာေလးက ရႉးလိုက္တည္တယ္ေျပာလို႔တဲ့ အရွက္ႀကီးရွက္ေနေလရဲ့။ နားရြက္ဖ်ားေတြဆိုတာ နီရဲတြတ္ေနတာပဲ။

"ဒါနဲ႔ ရြက္ဝါကို အထူးမိတ္ဆက္ေပးစရာရွိတယ္။ မုန္းက ငါ့ရဲ့ ႏွစ္ေယာက္မရွိ ၿပိဳင္ဖက္ကင္းတဲ့ အခ်စ္ရဆုံး ခ်စ္သူေလးပါ"

"ဟမ္ တကယ္လားအလင္း"

"အင္း ဟုတ္တယ္"

"Wow Congratulations ပါ မုန္းနဲ႔အလင္း"

"ေက်းဇူးရြက္ဝါ"

ဒါကေတာ့ မုန္းေျပာလိုက္တာပါ။ ေက်းဇူးပါအလင္း။ ငါျဖစ္ခ်င္တဲ့ ဆႏၵတိုင္းကို ျဖည့္စီးေပးလို႔။ ငါ့ကိုခ်စ္ေပးလို႔ ေက်းဇူးတင္ပါတယ္။

ညဘက္ေရာက္ေတာ့ မုန္းေမ့ဆီကိုသြားလိုက္တယ္။ မနက္ျဖန္ အိမ္ျပန္ေနမယ့္အေၾကာင္း ေမ့ကိုေျပာရဦးမယ္ေလ။

"ေဒါက္ ေဒါက္။ ေမ သားမုန္းပါ အိပ္ေနၿပီလား။ ဝင္လာခဲ့လို႔ရမလား"

"ဝင္ခဲ့ေလသား ေမမအိပ္ေသးဘူး"

"ဟုတ္"

မုန္းေမ့အခန္းထဲကိုဝင္ေတာ့ ဘယ္ကေန ဘယ္လိုေရာက္လာမွန္းမသိတဲ့ အလင္းက ‌မုန္းေနာက္ကေန လိုက္ဝင္လာပါတယ္။

"မုန္းကေမ့ဆီကို ဘာလာလုပ္တာလဲ"

"မင္းကေရာ ဘာလာလုပ္တာလဲ"

ႏွစ္ေယာက္သား တစ္ေယာက္တစ္ျပန္ေမးၿပီး ေမ့ေဘးမွာ ဝင္ထိုင္လိုက္ၾကတယ္။

"ေမေမ့ကို သားေျပာစရာရွိလို႔ေမ‌ေမ"

အလင္းက ေမေမကိုစကားေျပာဖို႔ ခြင့္အရင္ေတာင္း‌လိုက္တယ္။

"ေျပာေလ သားရဲ့။ ဘာေျပာမလို႔လဲ"

"ေမေမ့ကို သား‌ေတာင္းပန္ပါတယ္ေနာ္။ ေမေမတို႔ သားေၾကာင့္ စိတ္ညစ္မွာဆိုးလို႔ မုန္းကိုမခ်စ္ဖို႔ ႀကိဳးစားေပမယ့္ ႀကိဳးစားလို႔ မရဘူးေမေမ။ သားစိတ္ကို သားထိန္းခ်ဳပ္ေနတဲ့ၾကားက မုန္းကို ပိုပိုၿပီး ခ်စ္လာခဲ့တယ္။ သားတို႔ကို နားလည္လက္ခံေပးလို႔ ေမေမ့ကို ေက်းဇူးလည္း တင္ပါတယ္။ ေတာင္းလည္း ေတာင္းပန္ပါတယ္ေနာ္"

"သားေရာပဲေမ။ အလင္းကို ေမတို႔ဆီက လုယူသလိုျဖစ္ခဲ့ရင္ ေတာင္းပန္ပါတယ္ေနာ္"

"မလိုပါဘူး ေမ့သားေတြရယ္။ ေမက သားတို႔စိတ္ခ်မ္းသာတာကိုပဲ အျမဲျမင္ခ်င္တဲ့သူမို႔ ေမ့သားေလးေတြ စိတ္ခ်မ္းသာရင္ ေမလည္း စိတ္ခ်မ္းသာတယ္။ ေမတစ္ခုေတာ့ မွာမယ္ေနာ္။ သားတို႔ႏွစ္ေယာက္လုံး ႀကိဳးစားပါ။ ေနရာတစ္ခုမွာ အေနအထားတစ္ခုထိ ေရာက္ေအာင္ ႀကိဳးစားပါ။ သူမ်ားကဲ့ရဲ့ရႈံခ်ခံရနိုင္တဲ့ ဘဝကိုေရြးခ်ယ္ထားတာမို႔ သူမ်ား လက္ညႇိုးမထိုးနိုင္ေအာင္ ႀကိဳးစားပါ။ သူမ်ားထက္ အျမဲသာ‌ေနမွ ေျပာခ်င္ေနတဲ့ ပါးစပ္ေတြကို ပိတ္နိုင္မွာ။ မုန္းေလးဘက္က သားတို႔ကို လက္ခံမွာ မဟုတ္ဘူး။ အဲ့ဒါေၾကာင့္ သားတို႔က ကိုယ့္ဘဝကိုယ္ ရပ္တည္နိုင္ေအာင္ ႀကိဳးစားရမယ္။ မုန္းေလးရဲ့ မိသားစုက လက္ခံလာနိုင္ေအာင္ ႀကိဳးစားရမယ္။ ေမေမကေတာ့ သားတို႔ႏွစ္ေယာက္လုံး ေအာင္ျမင္တဲ့ဘဝကို ပိုင္ဆိုင္ထားနိုင္တာကိုပဲ ျမင္ခ်င္တာ"

"ဟုတ္ေမေမ။ သားတို႔ ႀကိဳးစားမွာပါ"

"ေမေမေတာင္းဆိုခ်င္တာ ရွိေသးတယ္။ ဒါကေတာ့ ေမေမ့ အတၱပါ။ သားတို႔က ေမေမ့ကို နားလည္ေပးေနာ္။ ေမေမ ေျမးခ်ီခ်င္ေသးတယ္။ အလင္းကရတဲ့‌ ေသြးသားပဲ မဟုတ္ဘူးေနာ္။ သားတို႔ႏွစ္ေယာက္လုံးရဲ့ ေသြသားကို ခ်ီခ်င္တာ။ မုန္းေလးကလည္း တစ္ဦးတည္းေသာသား ျဖစ္သလို အလင္းေလးကလည္း ေမေမ့ရဲ့ ရွားပါးသားေလးမို႔ ေမေမတို႔ မ်ိဳးဆက္ျပတ္သြားမွာကို ေမေမေၾကာက္တယ္။ အဲ့ဒါေၾကာင့္ ေမေမ့သားေလးေတြက ပိုက္ဆံမ်ားမ်ားရွာနိုင္ေအာင္ ႀကိဳးစားပါ။ ၿပီးရင္ေတာ့ အငွားကိုယ္ဝန္ေဆာင္ၿပီး သားတို႔ႏွစ္ေယာက္လုံးရဲ့ ေသြးသားကို ေမေမ့ကိုေမြးေပးပါ။ ေမေမ ဒါေလးတစ္ခုေတာ့ ေတာင္းဆိုပါရေစ"

". . ."

"ေမေမသားတို႔ႏွစ္ေယာက္ တစ္ေယာက္ကို တစ္ေယာက္ခ်စ္ေနၾကတယ္လို႔ စသိကတည္းက LGBT အေၾကာင္းေတြကို လိုက္ရွာၾကည့္ထားတာေနာ္။ ေမေမ Instagram မွာ inskies-may ဆိုတဲ့ ေကာင္ေလးအေကာင့္ကို Follow ထားတာေနာ္။ သူကျမန္မာ သူ႔အမ်ိဳးသားက နိုင္ငံျခားသား။ သူတို႔ႏွစ္ေယာက္ရဲ့ ေသြးသားကို မိန္းမတစ္ေယာက္တည္းက တစ္ၿပိဳင္တည္း အမႊာပူးေလး ‌ကိုယ္ဝန္ေဆာင္ေပးထားတာ။ ခုဆို ကေလးေတြေတာင္‌ ေတာ္ေတာ္ႀကီးေနၿပီ။ ေမေမေတာ့ သူတို႔ေလးေတြကိုၾကည့္ၿပီး သေဘာေတြက်တာအရမ္းပဲ။ some families ဆိုတဲ့ Instagram အေကာင့္မွာလည္း LGBT ေတြ ခေလးယူထားတာေတြ ေတြ႕တယ္။ အဲ့ဒါေၾကာင့္မို႔ သားတို႔က ေမေမ့ကို သားတို႔ေသြးသားေလးေတြ ေမြးေပးနိုင္ဖို႔ ႀကိဳးစားေပးပါ။ ေမေမ ေျမးခ်ီဖို႔ ေစာင့္ေနပါ့မယ္ေနာ္"

"ဟုတ္ကဲ့ပါေမေမ။ သားတို႔ ေမေမခ်ီခ်င္တဲ့ ေျမးေလးေတြကို ခ်ီခြင့္ရေအာင္ ႀကိဳးစားပါ့မယ္ေနာ္"

"ေက်းဇူးပါ ေမေမ့ကေလးေလးေတြ။ ဒီေမေမက ဒီကေလးေလးေတြကို သိပ္သိပ္ခ်စ္ပါတယ္"

"သားတို႔လည္း ေမေမ့ကို အရမ္းခ်စ္ပါတယ္"

ေမေမ့ကို မုန္းမနက္ျဖန္ အိမ္ျပန္ေနေတာ့မယ့္အေၾကာင္း ေျပာၿပီး အလင္းအခန္းကို ျပန္လာခဲ့ၾကတယ္။ အခန္းထဲေရာက္ေတာ့ ကၽြန္ေတာ္ရဲ့ခ်စ္ရသူႀကီးက ကၽြန္ေတာ့္ကို စိတ္ေကာက္ေနေလရဲ့။ အိမ္ျပန္ေနဖို႔အေၾကာင္းကို သူ႔ကိုေျပာမျပလို႔တဲ့။

"မုန္း ကိုယ့္ကိုလည္း ဘာမွမေျပာဘူးေနာ္။ ခုေမေမ့ကို မုန္းေျပာျပမွ ကိုယ္သိရတယ္။ ကိုယ္သာေမေမ့အခန္းထဲကို မုန္းဝင္သြားတာကို မသိလို႔ လိုက္မလာခဲ့ရင္ မုန္းအိမ္ျပန္မယ့္အေၾကာင္းကို ကိုယ္မသိရဘူးေပါ့ အဲ့လိုလား"

"အဲ့လို မဟုတ္ရပါဘူး အလင္းရာ။ ငါေမေမ့ကိုေျပာၿပီး အခန္းထဲကို ျပန္လာခဲ့ရင္ မင္းကိုေျပာျပမွာပါ"

"ခုေတာ့ ေမေမ့ကိုေျပာျပမွ သိရတယ္ေလ"

"ဟုတ္ပါၿပီကြာ။ စိတ္မဆိုးနဲ႔ေနာ္ . . ေနာ္လို႔ အလင္း"

"အလင္းလို႔ ေခၚေနသ၍ကေတာ့ ဘယ္ေတာ့မွ စိတ္ဆိုးေျပမွာ မဟုတ္ဘူး"

"အဲ့ဒါဆို ဘယ္လိုေခၚရမွာလဲ"

"မုန္းကို ေန႔ခင္းက ဘယ္လိုေခၚဖို႔ သင္ေပးထားလဲ"

အလင္းေမးလိုက္ေတာ့မွ သတိရသြားတဲ့႐ုပ္ေလးနဲ႔ လူကို မခ်ိျပဳံးေလး လာျပဳံးျပတယ္။

"ကိုကို မုန္းကို စိတ္မဆိုးပါနဲ႔ေနာ္။ မုန္းက ေမေမ့ကိုေျပာၿပီး ျပန္လာရင္ ကိုကို႔ကို ေျပာျပမလို႔ပါ။ အဲ့ဒါေၾကာင့္မို႔ ကိုကိုက မုန္းကို စိတ္မဆိုးပါနဲ႔ေနာ္ မြစ္"

ေခ်ာ့ေနရင္းပင္ ပါးကိုလည္းလာနမ္းတဲ့ ကၽြန္ေတာ့္ရဲ့ကေလးေလး။

"ကိုကို ေနာက္ဆို မုန္းဘာပဲလုပ္လုပ္ ကိုကို႔ကို အရင္ အသိေပးပါ့မယ္ေနာ္။ ခုေတာ့ မုန္းကို စိတ္ဆိုးေျပေပးပါေနာ္။ ကိုကိုစိတ္ဆိုးၿပီး အဲ့လိုမ်က္ႏွာႀကီးတည္ေနရင္ မုန္းမေနတတ္ဘူး။ ဝမ္းလည္းနည္းတယ္။ စိတ္ဆိုးေျပေပးေတာ့ေနာ္ ကိုကို ႁပြစ္"

စိတ္ဆိုးမေျပမခ်င္း ဘယ္လိုထပ္ေခ်ာ့မလဲ သိခ်င္တာေၾကာင့္ စိတ္ဆိုးမေျပခ်င္ေယာင္ ဆက္ေဆာင္ေတာ့ ကၽြန္ေတာ့္ကေလးေလးက ငိုေတာ့မယ္႐ုပ္ေလးနဲ႔ ကၽြန္ေတာ့ႏႈတ္ခမ္းေလးကို လာနမ္းၿပီး ေတာင္ပန္တာမို႔ အံ့ဩသြားရတယ္။ ခ်စ္လိုက္တာ ကၽြန္ေတာ့္ကေလးေလးကို။ သူ႔ကို စိတ္ဆိုးရင္ ဒီလိုေခ်ာ့ရတယ္လို႔ ဘယ္သူက သင္ေပးထားလဲ မသိေပ။ ဒီအတတ္ေတြကို ဘယ္က တတ္လာတာပါလိမ့္။

"ဒီလိုေခ်ာ့ရမယ္လို႔ မုန္းကို ဘယ္သူသင္ေပးထားတာလဲ။ ဒီအတတ္ေတြကို ဘယ္ကတတ္လာလဲဆိုတာ ေျပာပါဦး"

"ကိုကိုစိတ္ဆိုးေနလို႔ ေခ်ာ့တတ္သလို ေခ်ာ့တာေလ။ ဘာလဲ ကိုကိုက မႀကိဳက္ဘူးလား"

"ႀကိဳက္ပါတယ္ဗ်ာ။ ေနာက္ကိုလည္း ဒီလိုေလးပဲ ေခ်ာ့ပါ"

"အင္း ၿပီးေရာ"

"မုန္း"

"ဟင္"

"မျပန္ပါနဲ႔ဦးလား။ ကိုကိုနဲ႔ ေနာက္တစ္ရက္ေလာက္ အတူတူေနပါဦးလား"

"ဒီမွာေနေနတာ ၾကာၿပီေလ ကိုကိုရ။ အိမ္ခဏျပန္ဦးမယ္။ ေမေမကလည္း မုန္းကိုသတိရလို႔ လာမလို႔တဲ့။ ေမေမလာၿပီး ျပန္သြားမွ ဒီမွာ ျပန္လာေနမယ္ေလေနာ္"

"အင္းပါကြာ ကိုကို႔ကေလးေလး သေဘာပါ။ မုန္းျပန္သြားရင္ ကိုကိုေတာ့ လြမ္းေနရေတာ့မွာပဲ မြစ္"

မုန္းပါးေလးကို အလင္းအနမ္းေပးေတာ့ မုန္းကအလင္းႏႈတ္ခမ္းေလးကို ျပန္နမ္းလာတယ္။ ျပန္နမ္းလာတဲ့မုန္းရဲ့အနမ္းကို အလင္းျပန္လည္ဦးေဆာင္ၿပီး ႏႈတ္ခမ္းေလးကို အေပၚတစ္လွည့္ ေအာက္တစ္လွည့္ စုပ္ယူနမ္းရွိုက္ရင္း လၽွာဖ်ားေလးကို တိုးဝင္ခြင့္ေတာင္းေတာ့ ကၽြန္ေတာ္ရဲ့ခ‌ေလးေလးက အလိုက္တသိ ဝင္ခြင့္ေပးလာတယ္။ မုန္းရဲ့လၽွာဖ်ားေလးေတြကို နစ္သိပ္စြာ စုပ္ယူလိုက္တယ္။

ပူရွိန္းပီ‌ေကစားထားတဲ့ ကၽြန္ေတာ့္ကေလးေလးရဲ့ ႏႈတ္ခမ္းေတြက ခ်ိဳခ်ိဳအိအိေလးနဲ႔ ရွိန္းျမပါတယ္။ ကၽြန္ေတာ္ အႀကိဳက္ႏွစ္သက္ဆုံးေသာ အရာကို ေျပာပါဆိုရင္ ပူရွိန္းပီေကစားထားတဲ့ မုန္းရဲ့ႏႈတ္ခမ္းေတြကို နမ္းရတာကို ႀကိဳက္တယ္‌လို႔ ေျပာရမွာပါပဲ။

အနမ္းေတြရွည္ၾကာလာေတာ့ ထိန္းခ်ဳပ္ဖို႔ ခက္ခဲလာတာမို႔ မနည္းထိန္းခ်ဳပ္ၿပီး ရပ္လိုက္ရတယ္။

"ေတာ္ေတာ့မုန္း။ ကိုကိုမုန္းကို ဒီလိုသာဆက္နမ္းေနရင္ ထိန္းခ်ဳပ္ရ ခက္သြားလိမ့္မယ္။ အိပ္ေတာ့ေနာ္ ကိုကို႔ခေလးေလးက လိမၼာတယ္"

"အင္း အဲ့ဒါဆို မနမ္းေတာ့ဘူး။ ဖက္အိပ္မယ္"

‌အလင္ရင္ခြင္ထဲကို တိုးဝင္လာၿပီး လူကို ဖက္လုံးဖက္သလို ကားယားခြဖက္ထားရင္း အိပ္ေပ်ာ္သြားရွာတဲ့ ကၽြန္ေတာ့္ရဲ့ကေလးေလး။ ကၽြန္ေတာ္ကေတာ့ ဒီည အိပ္ေပ်ာ္မယ္ မထင္ေတာ့ပါဘူးဗ်ာ။ အရမ္းခ်စ္တယ္ ကိုကို႔ရဲ့မုန္းေလး။ အိမ္မက္လွလွမက္ပါေစ ကေလးေလး မြ။

**********

[A/N] => အသဲတို႔ေရ စာလုံးေပါင္းေလးေတြလိုက္စစ္ေနရလို႔ နည္းနည္းေနာက္က်သြားတာမို႔ ခြင့္လႊတ္ပါေနာ္။

ေနာက္တစ္ခုေျပာခ်င္တာေလးက အလင္းေမေမရဲ့ ဆႏၵေလးပါ။ အသဲတို႔နဲ႔ အေရွးနဲ႔ အေတြးမတူခဲ့ရင္ အေရွးဘက္ကပဲ ေတာင္းပန္ပါတယ္ေနာ္။

အေရွးက ခေလးမရနိုင္တဲ့သူပါ။ အဲ့ဒါေၾကာင့္မို႔ ဒီFicေလးကိုစေရးထဲက အလင္းေမေမေနရာမွာ ကိုယ့္ကိုယ္ကို ခံစားၿပီးေရးခဲ့တာပါ။ ငါသာ သားေလးတစ္ေယာက္ေလာက္ရခဲ့ရင္ သူဘာပဲျဖစ္ျဖစ္ လက္ခံေပးမယ္လို႔ေပါ့။ ရွားရွားပါးရခဲ့ရတဲ့ခေလးေလးမို႔ စိတ္ခ်မ္းသာေစခ်င္ပါတယ္။ ဒါ့ေၾကာင့္ သူေလးဘာပဲျဖစ္ျဖစ္ အေရွးလက္ခံဖို႔အသင့္ပါ။ အဲ့လိုပဲ အေရွးခေလးေလးသာရခဲ့ရင္အေကာင္းမြန္ဆုံး ျပဳစုပ်ိဳးေထာင္ေပးခ်င္တယ္။ အေႏြေထြးဆုံး ေမတၳာေတြနဲ႔ခ်စ္ေပးခ်င္တယ္။ ဂ႐ုစိုက္ေပးခ်င္တယ္ေပါ့ေနာ္။ အဲ့လိုပဲ အေရွးရဲ့သားေလးသာ Boy to Boy ခ်စ္ခဲ့ရင္လည္း အေရွးက လက္ခံေပးမွာပါ။ သူတို႔ကရတဲ့ ေသြးသား ေျမးေလးေတြကိုလည္း ခ်ီခြင့္ရခ်င္ပါတယ္။ မျဖစ္နိုင္မွန္းသိေပမယ့္ အေရွး ခေလးေလးလိုခ်ငိတယ္ေပါ့ေနာ္။ အေရွးခေလးရခဲ့ရင္ အေရွး ခေလးေလးက မ်ိဳးတူလိင္ကိုသာခ်စ္ခဲ့ရင္ဆိုၿပီး ဒီFicေလးကို အဲ့လိုအေတြးေလးနဲ႔ေရးခဲ့တာပါ။ စာရွည္သြားရင္ Sorry ပါေနာ္ ခ်စ္ရတဲ့
အသဲေလးေတြ Love u😘😘😘။

Continue Reading

You'll Also Like

25.4K 53 11
normal 18+ တွေကိုပဲတင်မှာပါ #credit to all the right owners of webtoons from here. #credit to all the scan teams.
1.6M 93.4K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
3.4M 142K 60
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
2.7K 89 5
╰⋯➤ 𝐌𝐚𝐥𝐞 𝐎𝐜 𝐱 𝐓𝐰𝐢𝐬𝐭𝐞𝐝 𝐖𝐨𝐧𝐝𝐞𝐫𝐥𝐚𝐧𝐝 𝐈𝐍 𝐖𝐇𝐈𝐂𝐇- The middle child of the shroud family charms many's hearts with his bright...