(Complete)လျို့ဝှက်သောကြင်ယာတ...
By alinkarnang
727K 33.8K 538
Own creation....R+18 မတော်တဆမူ့တခုကြောင့်..အရင်အချိန်တွေပြန်ရခဲ့တဲ့သူမ... . . . သူမဟာ..အရင်ဘဝက..ယောကျာ်းတယောက... More
intro
1...နိုးထခြင်း နိုးထခွငျး
2.ဝတ်စုံနက် ဝတျစုံနကျ
3.မင်္ဂလာပွဲ
4.အရက်မူးသိုင်း အရကျမူးသိုငျး
5.ကလေးအယောက်နှစ်ဆယ် ကလေးအယောက်နှစ်ဆယ်
6.သူေတာ္စင္အလင္းကုသသူ သူတော်စင်အလင်းကုသသူ
ွေကျွာငာ ကြော်ငြာ
ကွငွော
7.လီဖေးအဖမ်းခံရခြင်း လီဖေးအဖမ်းခံရခြင်း
8.လီဖေးဆိုတာ
9.ယူရီအဆိပျမိခွငျး ယူရီအဆိပ်မိခြင်း
10.နှစ်တထောင်ကြာပန်း နှစ်တထောင်ကြာပန်း
11.မနုဿမျိုးနွယ် မနုဿမျိုးနွယ်
12.ရဘေုရငျ ရေဘုရင်
13. လနျြးလနျြး လျန်းလျန်း
တောင်းပန်ခြင်း
15. မနာလိုတာလား သဝန်တိုတာလား မနာလိုတာလား သဝန္တိုတာလား
16.အရိုးဟင်းတခွက် အရိုးဟင်းတခွက်
17. စောင့်နိုင်တယ် စောင့်နိုင်တယ်
18. သားလိုမျိုးပဲ သားလိုမ်ိဳးပဲ
20.ကုသမူ့
21.ထိပျတိုကျတှဆေုံ့ခွငျး ထိပ်တိုက်တွေ့ဆုံခြင်း
23.ဒါတကယ်ပဲသူမလား ဒါတကယျပဲသူမလား
ပြောစရာလေးရှိလို့ ပြောစရာလေးရှိလို့
အဟမ်း
24.အျပာဝတ္ထားတဲ့ေကာင္ေလး အပြာဝတ်ထားတဲ့ကောင်လေး
good news
.26.စိတ်အတူကိုယ်အတူ စိတ္အတူကိုယ္အတူ
27.ကျားခေါင်းဖြူ ကျားခေါင်းဖြူ
28.လုပျရဲလား လုပ်ရဲလား
29. ရင်ခုန်သံထပ်တူ
30.သူမတို့ရဲ့အပြာရောင်ည🔞🔞🔞🔞🔞
31.ရေဘုရင်ပင်လယ်ကျွန်း
32.‌‌ေရတိုင်းပြည်ရဲ့ဘုရင်မ
29.zgi
30.zgi🔞🔞🔞🔞🔞
31.zgi
32.zgi
33.ပြီးမှပြော
33.zgi
34.အရမ်းလှတာပဲ🔞🔞🔞
34.zgi🔞🔞🔞🔞🔞
35.ဖျားနာနေသောရေနက်ပင်
35.zgi
36.စိတ်နှလုံးရွှင်ပြုံးဆေး
36.zgi
37.ပန်းနက်ဂိုဏ်းချုပ်
37..zgi
38.မကုသနိုင်တော့ဘူး
38.zgi
39.ယုဟန်အသစ်
39.zgi
40.ယဇ်ပူဇော်မယ်တဲ့လား
40.zgi
41. စကြာဝဠာပြည့်စုံအဆင့်
41.zgi
42.မိန်းမလျာလိုကောင်
42.zgi
43.လီဖေးဟုန်
43.zgi
44.အရင်ဘဝကလိုပဲ
44.zgi
45.သူမနိုးလာပြီ
45.zgi
46.ကောင်းကင်အလင်းပြစ်ချက်
46.zgi
47.အနီရောင်လင်းပိုင်
47.zgi
48.သူသိ‌ပြီးနေပြီ
48.zgi
49.နတ်ဆိုးအဆိပ်
49.zgi
50.လောကများရဲ့အထီးကျန်တေးသံ
50.zgi
51.ဒီ‌ေခွး‌ေကာင်ကငါ့ရဲ့ဦးရီးတော်တဲ့လား
51.zgi
52.မျက်နှာဖုံးတပ်ထားတာ
ဇတ်ကောင်မိတ်ဆက်
52.zgi
53.နာကျင်လွန်းလှတဲ့ဝေဒနာ
53.zgi
54.စကြာဝဠာအစပျိုးအဆင့်🔞🔞🔞
54.zgi
55.လျို့ဝှက်ချက်
55.zgi
56.ပြသနာကဘာလဲ
🥰🥰🥰
56.zgi
57.မြွေမြွေချင်းခြေမြင်
57.zgi
58.မုန်တိုင်းမလာခင်ငြိမ်သက်
58.zgi
😭😭😭😭
59.မင်းမိန့်🔞🔞🔞
59.zgi🔞🔞🔞
60.အရှုပ်အထွေး
zgi.60
61.zgi.
61.အရာအားလုံးကိုလွတ်ချပြီးသူမနောက်ကိုလိုက်သွားမယ်
62.အချစ်မောင်နှံ
62.zgi
63.လုပ်ကြံမူ့မအောင်မြင်
64.ဆေဘာကျားဖြူဂိုဏ်းရဲ့ဆက်ခံသူ
63.zgi
64.zgi
65.ဒီပေးဆပ်မူ့ကတန်တယ်
65.zgi
66.အကာအကွယ်
66.zgi
67.ယုတ်မာတယ်
67.zgi
68.zgi
69.ဖွင့်ဟဝန်ခံတောင်းပန်ကြခြင်း
70.စီချွမ်မြို့တော်ဂိုဏ်းပေါင်းစုံသိုင်းပြိုင်ပွဲ
69.zgi
70.zgi
71.စုစုနှင့်သူမ၏ကိုယ်ရံတော်ဟွာ
71.zgi
72.သတိပြုမိခြင်း
72.zgi
73.ဂိုဏ်းအကြီးအကဲများရောက်ရှိလာကြခြင်း
74.အခုဘယ်သူကဆက်ခံသူလဲ
74.zgi
73.zgi
75.ပင့်ကူပန်းရရှိခြင်း
75.zgi
76.မင်းကမိန်းကလေးလား
76.zgi
77.သူမမှလွဲ၍
၇၇.
78.ရှာတွေ့သွားပြီ
78.zgi
79.ထင်မှတ်မထားတဲ့ဧည့်သည်🔞🔞🔞
79.zgi🔞🔞🔞
80.လီယူရီနဲ့လီဖေးဟုန်တို့ရဲ့စကားစစ်ပွဲ
80.zgi
81.ကယ်တင်ရှင်တပြုံတမကြီးပါလား
81.zgi
82.အတိတ်တုန်းက
82.zgi
83.zgi
83.နှစ်ကိုယ့်တစိတ် စိတ်ဝိဉာဉ်
84.ကိုယ်ပွားပျက်သုန်းခြင်း
84.zgi
85.ကမ်းလှမ်းမူ့လား စစ်ကြေငြာတာလား
85.zgi
86.မပြီးဆုံးနိုင်သော
86.zgi
87.နောက်ဆုံးတိုက်ပွဲအတွက်ပြင်ဆင်ခြင်း
87.zgi.
88.ဆေးမိခြင်း🔞🔞🔞
88.zgi🔞🔞🔞
89.ရှင် ဘယ်သူလဲ🔞🔞🔞
89.zgi🔞🔞🔞
90.လီဖေးဟုန်နဲ့အတူတူ
90.zgi
91.လုပ်ကြံခြင်း
91.zgi
92.ဆေဘာကျားဖြူဂိုဏ်းပြိုကွဲခြင်း
92.zgi
93.ဇတ်ပေါင်းရသော်
93.zgi
ကျေးဇူးတင်လွှာ zgi ,uni
68.သေလူ
2.2K 134 0
By alinkarnang
လျို့ဝှက်သောကြင်ယာတော်
အပိုင်း(68)သေလူ
"သခင်လေးတဲ့လား ငါကိုယ်တော်ကိုသခင်လေးလို့ခေါ်ဝံ့တယ်တဲ့လား ငါကိုယ်တော်က အရင်မင်းကြီးရဲ့ညီကွ လီရှိုးယာနဲ့လီယူရီတို့ရဲ့ဦးရီးတော်ပဲ
နာလန်းအမတ်ချုပ်ကြီးက ကိုယ့်နေရာကိုမသိပဲ ကိုယ်တော်ကိုလာရှုပ်ဝံ့တယ်လား လာကြစမ်း ဒီနေရာမသိတဲ့ခွေးကိုကြိမ်ဒဏ်အချက်နှစ်ရာပေးလိုက်ကြ"
လီဖေးဟုန်က သူ့ဖက်ကိုမလာလို့ နာလန်းချူးကိုအမြစ်ဖြုတ်လိုက်တော့မယ်ဆိုတာ ပြောနေစရာတောင်မလိုပါဘူး ဘေးနားမှာခွေးတကောင်ရှိနေမယ်ဆိုရင်တောင် ဒီအဖြစ်အပျက်ကိုနားလည်နိုင်မှာပါ
လီဖေးဟုန်ရဲ့အခန်းထဲကို အနက်ဝတ်ထားတဲ့လူ‌ေတွအများကြီး လှစ်ခနဲ လှစ်ခနဲရောက်လာပါတယ် လီဖေးဟုန်ကဘယ်သူလဲ လီဖေးဟုန်က လက်ရှိဘုရင်ရဲ့ဦးရီးတော်ဖြစ်သလို နန်းမြိူ့တော်မှာအာဏာအရှိဆုံးဖြစ်တဲ့လီယူရီရဲ့ဦးရီးတော်လည်းဖြစ်ပါတယ်
အဲ့ဒါပြီးပြီလားဆိုတော့မပြီးသေးပါဘူး
သူက ဆေဘာကျားဖြူဂိုဏ်းရဲ့ဆက်ခံသူတယောက်ဖြစ်‌ေနသေးတယ်လေ လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းက လ‌ီဖေးဟုန်ဟာ ဘုရင်ဖြစ်နိုင်ချေရှိရက်သားနဲ့ လက်လွတ်ပြီးတော့တောင် ဆေဘာကျားဖြူဂိုဏ်းထဲဝင်လာခဲ့တာပါ
ဒါကြောင့်မေးစရာမလိုအောင်လို့ လီဖေးဟုန်သာ တယောက်ယောက်ကိုသေစေချင်ပြီဆိုရင် ချွင်းချက်မရှိသေကိုသေရတော့မှာပါ
နာလန်းချူးကလဲကြီးမားတဲ့ပုံရိပ်ရှိနေပေမဲ့ လီဖေးဟုန်နဲ့ယှဉ်ရင်ကျိန်းသေပေါက်ဘီလူးရှေ့ကဖားပဲပေါ့
ဝတ်စုံနက်တွေဆင်မြန်းထားတဲ့လူ‌ေတွကနာလန်းချူးကိုသေလူပဲဆိုတဲ့ပုံစံနဲ့ကြည့်လိုက်ကြပါတယ်
"မင်းသိပ်အတင့်ရဲမလာနဲ့နော် ဆက်ပြီးစော်ကားနေဦးမယ်ဆိုရင် ငါ နာလန်းချူးကလဲသည်းခံနေဦးမယ်လို့မထင်နဲ့ "
လီဖေးဟုန်က ခပ်လှောင်လှောင်ပြုံးလိုက်ကာ နာလန်းချူးကိုကြည့်လိုက်တယ် သူ့အကြည့်မှာလူသားချင်းစာနာစိတ်လုံးဝကိုပါမနေဘူး လီဖေးဟုန်က ခပ်လှောင်လှောင်အကြည့်ကိုရုတ်သိမ်းလိုက်ပြီး သူ့မျက်နှာကခနချင်းကြောက်စရာကောင်းလောက်အောင်အေးစက်သွားကာ ဝတ်စုံနက်များကိုအမိန့်ပေးလိုက်တယ်
"သတ်"
အဲ့ဒီနောက်မှာတော့ စံအိမ်အသေးလေးထဲမှာတိုက်ပွဲကခနချင်းဖြစ်ပွားလာတော့တယ်
ဝတ်စုံနက်ကဆယ်ယောက်ရှိပြီး နာလန်းချူးကတော့ တယောက်ထဲ
လီဖေးဟုန်က ထိုင်ခုံပေါ်မှာသက်တောင့်သက်သာထိုင်နေပြီး ရေနွေးကြမ်းသောက်ကာ ပွဲကြည့်နေတယ် သူမျက်နှာကဖတ်မရအောင်ထူးဆန်းနေပြီး အေးစက်မူ့တွေသာ
ဝတ်စုံနက်များက လီဖေးဟုန်ကိုကာကွယ်ဖို့နဲ့ လီဖေးဟုန်ရဲ့အမိန့်နာခံဖို့ ဂိုဏ်းကပေးထားတဲ့ကျောထောက်နောက်ခံဖြစ်တယ်
ဒါကြောင့်လီဖေးဟုန်က လက်တချက်တောင်မလှုပ်ပဲလူသတ်ချင်တယ်ဆိုရင်အလွယ်လေး ဒါပေမဲ့ ရှောင်လျန်းအာရဲ့ကိစ္စတွေကိုတော့သူကိုယ်တိုင်လုပ်လေ့ရှိတယ်
လီဖေးဟုန်က နာလန်းချူးဘယ်လိုတိုက်ခိုက်နေရတယ်ဆိုတာကိုစိတ်မဝင်စားဘူး သူကရေနွေးခွက်အနားလေးတွေကိုလက်နဲ့အသာပွတ်သပ်နေရင်းနဲ့ အတိတ်ကိုပြန်တမ်းတနေ‌ေလတယ်
သူမကိုသူစတွေ့ခဲ့တော့
သူမမျက်ဝန်းတွေအရမ်းလှ‌‌ပြီး သူမအသားအရေ‌ေပါ်ကသွေးကြောလေးတွေကြောင့်သတိပြုမိခဲ့တာဖြစ်တယ်
အလင်းအမှောင်ဂိုဏ်းထဲကအလှဆုံးတွေထဲကတယောက်ဖြစ်တဲ့သူမဟာ သူနဲ့ကစားဖော် သူနဲ့ပညာသင်ဖော် သူနဲ့တိုင်ပင်ဖော် သူရဲ့အချစ်ဦးဖြစ်လာခဲ့တယ်
ဂိုဏ်းကထွက်ရပြီးနန်းမြို့တော်ကိုသူပြန်သွားခဲ့ရတာတောင်မှသူမကိုတရက်မှမမေ့ခဲ့ပါဘူး
သူနေ့တိုင်းသတိရပြီး နေ့တိုင်းလွမ်းဆွတ်ခဲ့လို့ သူမကိုအနီးအနားခေါ်ထားချင်ခဲ့မိတယ်
ဒါကြောင့် သူကျင့်ကြံခြင်းလောက ကထွက်ပြီးဘုရင်လုပ်ခဲ့မယ်ဆိုရင်သူမကသူ့မိဘုရားဖြစ်လာပေးနိုင်မလားလို့သူမေးခဲ့တယ် ဒါပေမဲ့ သူမ သူမက‌တုန့်ဆိုင်းခြင်းတောင်မရှိပဲငြင်းရက်ခဲ့တယ်လေ ဘယ်လောက်တောင်ရက်စက်လိုက်လဲ ဒါကြောင့်သူမကိုအရယူဖို့ဘုရင်ဖြစ်နိုင်တဲ့အခွင့်အရေးကိုလက်လွတ်ပြီး ဆေဘာကျားဖြူဂိုဏ်းခဲဝင်ခဲ့တာ
သူသာအင်အားကြီးလာခဲ့ရင် သူမ‌ပြန်ချစ်လာမလား
သူသာတန်ခိုးရှင်ဖြစ်ခဲ့ရင် သူမပြန်ချစ်လာမလား
သူသာ ကျင့်ကြံခြင်းလောကမှာနတ်တပါးဖြစ်ခဲ့ရင် သူ့ကိုပြန်ချစ်လာမှာလား
အဲ့ဒီစိတ်တွေနဲ့နေ့ရောညရောကြိုးစားခဲ့တာ
မထင်ခဲ့တာက သူမမှာ သူမချစ်ရတဲ့သူရှိပြီးသားတဲ့
သူပေါက်ကွဲတယ် စိတ်ရှိလက်ရှိကြေကွဲတယ် သူမ ချစ်တဲ့သူက သူမဟုတ်ဘူးဆိုတာကို နှစ်ပေါင်းများစွာလက်မခံနိုင်ခဲ့ဘူး
နောက်တော့ သူမကိုအရှင်ပဲရရ အသေပဲရရ ရရင်ပြီးတာပဲဆိုတဲ့စိတ်ဖြစ်လာတယ်လေ
ဘယ်သူခွင့်ပေးလို့သူမကတခြားတယောက် သူမဟုတ်တဲ့တယောက်ကိုချစ်နိုင်ရတာလဲ ဘယ်သူခွင့်ပေးလို့အဲ့ကောင်ကသူမချစ်တဲ့သူဖြစ်သွားရတာလဲ
သူမ မရှိရင်မဖြစ်တဲ့နောက်တော့ နှလုံးသားပါမလာရင်နေ သူမကိုယ်ကိုရလဲဖြစ်တယ် ဆိုတဲ့စိတ်က ကြီးမားလာပြီး သူ့လက်ထဲရောက်အောင်ဆွဲယူခဲ့တာ
ဘယ်လောက်လွယ်လိုက်လဲ သူတို့ပြန်တွေ့တော့ သူမဟာသူ့ကျင့်ကြံမူ့အစားထိုးပစ္စည်းတွေကြားမှာပါလာခဲ့တယ် သူစီစဉ်ထားတဲ့အတိုင်းပဲလေ
သူမရဲ့ကြောက်ရွ့မူ့မရှိတဲ့မျက်ဝန်းလေးတွေနဲ့သူ့ကိုကယ်ပေးဖို့တောင်းဆိုမူ့မရှိတဲ့သူမဟာ ဘယ်လောက်တောင်ခေါင်းမာလိုက်သလဲ
ဒါကြောင့် သလွန်ပေါ်အတင်းဆွဲလှဲကာ အားရပါးရနမ်းရှိုက်ပစ်ခဲ့တယ် သူမကြောက်လာအောင် သူ့ကိုကယ်ပေးဖို့တောင်းဆိုလာအောင် သူ့ရဲ့ဇနီးအဖြစ်လိုလိုလားလားရှိလာဖို့ သူမကိုကြောက်အောင်အမျိုးမျိုးလုပ်ခဲ့ပေမဲ့ သူမရဲ့ခေါင်းမာလွန်းတဲ့စရိုက်က ဘယ်လိုမှသူ့ကိုဦးညွတ်မလာစေခဲ့ပါဘူး
နောက်ဆုံးသူမရဲ့တကိုယ်လုံးသူရဲ့လက်ထဲရောက်သွားခဲ့တာတောင် အယုတ်စွဆုံးသူတို့ဆက်ဆံနေတဲ့အချိန်မှာတောင် တချက်ကလေးတောင်မညည်းခဲ့ဘူးလေ
"အရှင် သူ့ကိုဘယ်လိုလုပ်လိုက်ရမလဲ"
လီဖေးဟုန်အတိတ်ထဲက‌‌ေနလက်ရှိကို‌ေရာက်လာခဲ့ပြီး သူ့ရှေ့ကဝတ်စုံနက်ကိုမျက်မှောင့်ကျူတ်ကာတချက်ကြည့်လိုက်တယ်
လက်တချက်ဝှေ့ရမ်းလိုက်တာနဲ့ ဝတ်စုံနက်ဝတ်ထားတဲ့လူပေါ်မှာသွေးစီးကြောင်းအကြီးကြီးပေါ်လာခဲ့ပြီး တရားခံကလီဖေးဟူန်ကလွဲပြီးလယ်သူဖြစ်နိုင်ဦးပါ့မလဲလေ
"နာလန်းအိမ်တော်မှာသွားပစ်ထားလိုက်ချည်"
ယခုအချိန်မှာတော့ နာလန်းချူးဟာဒဏ်ရာဒဏ်ချက်တွေနဲ့အင်အားချိနဲ့နေပေမဲ့လဲ သူရဲ့မျက်လုံးတွေ‌ထဲမှာတော့ တလက်လက်တောက်ပနေပါသေးတယ် အဲ့ဒါဟာသူရဲ့ဆုံးဖြတ်ကိုသေတဲ့တိုင်အောင်မပြင်တော့ဘူးလို့ဆိုလိုချင်နေသလိုပါပဲ
လီဖေးဟုန်က နာလန်းချူးကိုစိတ်ကုန်သလိုတချက်ဝှေ့ကြည့်လိုက်ပြီး ခေါ်သွားဖို့လက်ကိုဝှေ့ရမ်းပြကာ အစေခံတွေခေါ်ပြိးသလွန်ပေါ်တက်သွားပါတော့တယ်
သေချာတာပေါ့ သူကအစေခံမလေးတွေနားကယင်ယန်တွေကိုစုပ်ယူပြီးကျင့်ကြံတော့မယ်ဆိုတာ ဝတ်စုံနက်တွေအားလုံးဦးညွတ်အရိုအသေပေစလိုက်ကြပြီး အလျင်စလိုထွက်ခွာသွားကြပါတယ်
သူတို့ဘယ်နှောင့်ယှက်ရဲပါ့မလဲ ခပ်ကြာကြာနေမိရင် သူတို့ခေါင်းကသူတို့ကိုယ်ပေါ်မှရှိနေဖို့အာမခံနိုင်မှာမဟုတ်တော့ဘူးလေ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့အရှင်ဆက်ဆံနေတဲ့အချိန်မှာဘယ်သူ့ကိုမှသူ့ကိုယ်ကိုမမြင်စေချင်လို့ပဲလေ မြင်သွားတဲ့သူ‌ေတွအကုန်လုံးကလဲသေလူတွေချည်းကိုး
..... ..... .. ... ... .. . . . . .. . . . . . . . ....
Alinkar nang
Continue Reading
You'll Also Like
19.2K 1.8K 64
ဖတ်ကြည့်နော်😉😉
12.6K 2.8K 44
විනාශ කරදැමූ කිරි සිහිනයක් වෙනුවෙන් බැදි වෛරයක් නිසා පරම්පරාවක්ම නසන්නට ශපථ කළ නේත්‍රාවකගේ පළිගැනීමට මැදිවූ සෙනෙහසක අන්දරය....... රුහිරු බැදි බැමි~
166K 25.8K 20
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
17.2K 1.6K 16
တစ်ပိုင်းချင်း စာပြန်စစ်ပြီး ပုံတွေ ပြန်ထည့်၊ ရှင်းပြထားတဲ့ မှတ်စုလေးတွေ ပြန်ထည့်ပြီး တင်ပေးပါမယ်ရှင်။ စိတ်ဝင်စားတဲ့စာဖတ်သူတွေအနေနဲ့ မပျက်ခင် ဖတ်ကြပါ...