Unicode
ကွယ်လွန်သူမိဘနှစ်ပါး၏ ဓာတ်ပုံဘေးတွင်
သုထက်ကိုကို ငြိမ်သက်စွာပင် ထိုင်နေမိ၏။
လာသမျှ ဧည့်သည်တို့ကိုလည်း ဧည့်ခံရရှာ
သေးသည်။နှစ်သိမ့်စကားများကြောင့် ငိုချင်
စိတ်တို့ကို ပို၍ဖြစ်စေပေသော်လည်း ငိုခဲ့ခြင်း
ပင်မရှိခဲ့။လူဆိုတာသေမျိုးကြီးပါပဲ။သေချိန်တန်သေကြရမယ်။ကိုယ်အပါအဝင် လူတွေ
ဟာ တစ်ချိန်ချိန်မှာတော့ သေကြရမှာပါပင်
ဖြစ်သည်။သို့သော်ရုတ်တရက်ဆိုသလို
မိဘနှစ်ပါးလုံးက ဘဝထဲမှ ပျောက်ကွယ်
ထွက်သွားခဲ့ကြလေပြီဖြစ်၏။နှုတ်ဆက်ဖို့
အခွင့်အရေးတို့ပင် သုထက်ကိုကို မရခဲ့ပါ။
ဖေဖေ့ကုမ္ပဏီကလည်း ဒေဝါလီခံရတော့
မည်။ထို့ကြောင့် ငယ်သူငယ်ချင်းနှင့်အဆက်
အသွယ်ရ၍ အကူညီတောင်းဖို့သွားသည့်လမ်း
တွင် ကံမကောင်းအကြောင်းမလှစွာနှင့်ပင်
ကားအက်စီးဒင့် ဖြစ်ခဲ့ရရှာသည်။ကျောင်းမှ
အမြန်ဆုံးဆေးရုံသို့လိုက်သွားခဲ့ပေမဲ့လည်း
အသက်ပင် မမှီလိုက်ပေ။မငိုခဲ့ပါ။
အခုထိလည်းမငိုဖြစ်သေး။တောင့်ခံထား
သည်။ငိုချင်လာလျှင်အံကြိတ်ထားလိုက်သည်။စိတ်ဖြောင့်ဖြောင့်နဲ့သာ ဘဝတစ်ပါးကိုသွားကြ
ပါတော့ဖေဖေနဲ့မေမေဟု တိုးတိတ်စွာ ဆိုမိ
လေသည်။
တစ်ရွေ့ရွေ့နဲ့နာရီလက်တံလေးဟာ၂နာရီကို
ညွှန်ပြနေချေပြီ။ဧည့်သည်များသည်လည်းမရှိတော့။ အိမ်မှအလုပ်သမားတွေကိုလည်း
ဆက်ပြီးမငှားထားနိုင်တော့တာကြောင့် သူတို့
လည်းသူတို့၏နေရပ်ကိုပြန်ရန်အထုပ်တွေနှင့် အဆင့်သင့်ဖြစ်နေကြပြီလည်း ဖြစ်သည်။
မကြာခင် သူလည်း ဒီအိမ်ကနေထွက်ခွာပေး
ရဦးမည်။ဘယ်သွားရမယ်မှန်းလည်းမသိပါ။
မွေးကတည်းကအရာရာပြီးပြည့်စုံခဲ့တဲ့
ကိုယ်ဟာ အခုတော့ တစ်ကောင်ကြွက်နေစရာ
နေရာလည်းမရှိတော့။သုထက်ကိုကိုကသူ့ရဲ့
အတွေးကြောင့် "ဟက်"ခနဲတစ်ချက်ပင်ရယ်မိသည်။အချိန်တိုလေးအတွင်းမှာပင်အားကိုးရာ
မဲ့ခဲ့ရပြီ မဟုတ်ပါလား။
"အစ်ကိုလေး မိနွယ်တို့သွားကြတော့မလို့"
"အော် အင်းအင်း။ပြန်ဖို့လမ်းစရိတ်ယူသွားဦးနော်"
ပိုက်ဆံအိတ်သို့ လက်လှမ်းယူတော့
တစ်ပြိုင်နက်တည်း တားလာကြသည်က
မပေးဖို့ပင်။
"အစ်ကိုလေးမပေးပါနဲ့ မိနွယ်တို့မှာရှိပါတယ်"
"ကျွန်တော်တို့နဲ့ လိုက်နေပါ့လား အစ်ကိုလေး
ရယ်။ဟို တစ်မျိုးမထင်ပါနဲ့နော် အစ်ကိုလေး
အတွက် စိတ်ပူလို့ပါ"
ကိုကို ပြုံးမိလိုက်တာ မှန်သည်။
အရင်လောက်တော့ ကိုကို့အပြုံးတွေဟာ
တောက်ပနေခြင်း မရှိတော့သလို၊တက်ကြွခြင်း
တို့လည်း ရှိမနေခဲ့။
"အစ်ကိုက ပြန်ပြီးကျေးဇူးတင်ရမှာပါ။
ကဲကဲ ညနေမရောက်ခင်သွားကြတော့လေ။
အစ်ကိုအဆင်ပြေတာမို့လို့ စိတ်မပူကြနဲ့နော်"
အဆင်မပြေတာကို ပြေသလိုပြောနေသည့်
အစ်ကိုလေးကြောင့် မိနွယ်တို့အကုန်လုံး
မျက်ရည်ပင်ဝဲရသည်။
"အစ်ကိုလေး ကျန်းမာရေးဂရုစိုက်ပါနော်။ညဘက်စာလုပ်ရင် ကော်ဖီတွေကိုအများကြီး
တော့မသောက်နဲ့နော်။အစားကိုပုံမှန်စား၊
အိပ်ရေးလည်းဝဝအိပ်နော်၊စာလုပ်တာတော့
ဟုတ်ပေမဲ့ ကျန်းမာရေးမထိခိုက်အောင်တော့
နေပါနော်"
စိတ်မချစွာမှာနေတဲ့မိနွယ်တို့ကြောင့် ကိုကို
ဝမ်းသာပီတိဖြစ်မှုတို့ကြောင့် ခပ်ယဲ့ယဲ့ပြုံးမိပြန်
သည်။
"စိတ်ချပါ။အစ်ကိုကျန်းမာရေးဂရုစိုက်ပါ့မယ်"
"ဒါဆို သွားတော့မယ်နော်"
ကိုကိုပြုံး၍သာ ခေါင်းညိတ်ပြဖြစ်သည်။
အိမ်အပေါက်ဝထိတော့ လိုက်မပို့ခဲ့။
ကျန်ရစ်ခဲ့ရသည့်ခံစားချက်ကို ကိုကိုမခံစား
နိုင်ပါ။ပစ္စည်းတွေကိုလည်း အကုန်လုံးသိမ်းပေးထားခဲ့ကြသည်မို့ ကိုကို ဘာမှလုပ်စရာတော့မလို။
ဘေးတွင်လည်း ပိုင်ဆိုင်သည့်စာအုပ်တွေရယ်၊အဝတ်စားထည့်ထားသည့် အိတ်ရယ်သာရှိသည်။
နံရံသို့ ခေါင်းမှီကာ အိမ်ကိုသေချာလိုက်ကြည့်နေ
မိသည်။
နောက်ဆုံးပဲ ဒီတစ်ခါအိမ်အပြင်ကိုထွက်
သွားလိုက်ပြီးတာနဲ့ ဘယ်တော့မှပြန်ဝင်ခွင့်
မရတော့မဲ့နေရာ။အမှတ်တရ၊ပျော်ရွှင်မှု၊
နွေးထွေးမှုတွေနဲ့ပြည့်နှက်နေခဲ့တဲ့ဒီအိမ်က
အခုတော့တိတ်ဆိတ်ခြောက်ကပ်နေလျက်သာ။
မျက်ရည်တို့ ဝဲတက်လာလည်း မျက်တောင်
တို့ကို ပုတ်ခတ်မိသည်။မငိုမိအောင်မျက်လုံး
တို့ကိုမှိတ်ချထားမိချေပြီ။
"ငါမငိုဘူး။ဒီအိမ်ထဲမှာ ငါဘယ်တော့မှမငိုဘူး"
ထိုစဉ်တဒင်္ဂ ခြံထဲမှကားသံသဲ့သဲ့ကိုကြားရ၏။
ထို့နောက် ဖေဖေတို့နှင့်ရွယ်တူလောက်ရှိမည့်
အမျိုးသားတစ်ဦးနှင့်အတူ အမျိုးသမီးတစ်ဦး
တို့ဝင်လာကြပြီး ကိုကို့ရှေ့တွင်ထိုင်ကြပြန်သည်။
"ဦးနဲ့ဒေါ်ဒေါ် က.."
မြင်ဖူးသယောင်ရှိနေတော့ ကိုကိုစဉ်းစားမိတာ
ကပျာကယာပင်။
"ဟင်..ဟိုဖေဖေတို့ရဲ့ငယ်သူငယ်ချင်း
ဦးကြည်သာနဲ့ဒေါ်မြနန်း တို့မဟုတ်လားဗျ"
အဖေဖြစ်သူက ဓာတ်ပုံပြဖူးခဲ့သည်ကြောင့်
ကိုကို သိနေခြင်းပင်ဖြစ်မည်။ထိုဦးလေးဘေးမှ ဒေါ်ဒေါ်ကလည်း ဝင်ပြောလာသည်။
"ဟုတ်ပါတယ်။သားလည်း သိသင့်သလောက်
သိထားမယ်ထင်တယ်"
"ဟုတ်ကဲ့ ဖေဖေတို့ပြောပြခဲ့လို့ သိထားပါတယ်"
"သားမိဘတွေနဲ့ တွေ့မယ့်နေ့တုန်းက ဦးတို့
မြန်မာပြည်ကိုပြန်မလာနိုင်ခဲ့ဘူး။
လေယာဉ်က မနက်ပိုင်းဆိုက်မှာကြောင့်
နေလယ်ခင်းထမင်းစားကြရင်းတွေ့မယ်ဆိုပြီး
စီစဉ်ထားကြတယ်။ဒါပေမဲ့ အဲ့နေ့မတိုင်ခင်နေ့က ကုမ္ပဏီမှာပြဿနာဖြစ်တာနဲ့ ပြန်မလာခဲ့ရဘူး။
သားအဖေဆီလည်း ဆက်သွယ်လို့မရတော့
နောက်မှအေးဆေး ဆက်သွယ်မယ်လုပ်ထား
တာ။မဟုတ်တောင် ခင်လေးတို့ဘက်က
ဆက်သွယ်လာမယ်လို့ပဲ ထင်ထားခဲ့တာ။
ရောက်မဲ့ရက်က နောက်ကျသွားတယ်။
ဦးတို့ဒီကိုပြန်ရောက်ရောက်ချင်း သတင်းကြား
တာနဲ့လိုက်လာခဲ့တာပါ"
"ဟုတ်"
ကိုကို ဟုတ်တစ်လုံးမှလွဲ၍ ဘာမျှပြန်မပြော
နိုင်ပေ။ကိုယ့်အပူနှင့်ကိုယ်မို့ စိတ်တို့ရှုပ်ထွေး
နေတာလည်းဖြစ်သည်။
"သားကို အဒေါ်တို့အိမ်မှာလိုက်နေစေချင်တယ်"
"ရပါတယ်။ကျွန်တော်မနေတော့ပါဘူး"
သုထက်ကိုကိုဆိုတာ မာနရှိတဲ့လူမို့ သူတစ်ပါး
အရိပ်အောက်မှာတော့ ခိုကပ်ပြီးမနေချင်ပါ။
အိမ်လိုက်နေဖို့ ပြောလာတော့လည်း ကိုကို့မှာ
အံ့ဩတစ်ဝက်၊ဝမ်းနည်းတစ်ဝက်နှင့်ပင်ဖြစ်၏။
"ခင်လေးနဲ့ကောင်းတို့ဆိုတာ အဒေါ်တို့နဲ့
ငယ်သူငယ်ချင်းတွေပါ။ကျေးဇူးရှင်တွေ
ဆိုလဲ မှန်ပါတယ်ကွယ်။သားသာတစ်ယောက်
ထဲ ဒုက္ခရောက်နေရင် ခင်လေးတို့ဘယ်စိတ်ချ
ပါ့မလဲ"
"ဦးတို့သားအဖြစ်မွေးစားမယ် လက်ခံပေးပါ။
ဒါမှသွားလေသူတွေ စိတ်ဖြောင့်ရမှာ"
"ဟို မွေးစားဖို့ကိုတော့ ငြင်းပါရစေ။
ကျွန်တော့်ကို နေစရာပဲပေးပါ။
အလုပ်တစ်ခုရှာပြီး အလုပ်ထွက်လုပ်ပါ့မယ်"
"အိုကွယ် သားအလုပ်လုပ်စရာမလိုပါဘူး။
သားက ဆေးကျောင်းတက်နေတာမလား"
"ဟုတ်ကဲ့။ဒါပေမဲ့ နေစရာနေရာလည်းပေးရ၊
ကျောင်းစရိတ်ပါထောက်ရနဲ့ဆိုတော့.."
"သားစိတ်ထဲဘာမှမထားနဲ့..ဦးတို့နဲ့ပဲ လိုက်နေပါ"
ကိုကိုလည်း ထပ်မငြင်းမိတော့။ဟုတ်ပါတယ်
လေ နေစရာဆိုတာမှ မရှိတော့ဘဲ။ဘယ်သွား
နေရမှန်းတောင် သိတာမဟုတ်။ကျောတစ်ခင်း
စာနေဖို့ရလည်း နည်းသလား။ဒီတော့လည်း
လက်ခံရုံပါပေါ့။ကံကြမ္မာက ဆန်းကြယ်သား။
ရုတ်တရက် ကံဆိုးတွေဝင်လာပြီးတဲ့နောက်
လျှပ်တပြက်ပေါ်လာခဲ့တဲ့ ရောင်ခြည်တွေပေါ်
လာ သလိုမျိုးလေ။
"ဟုတ်ကဲ့ ကောင်းပါပြီဗျ။ဦးနဲ့အဒေါ့်ကို
ကျေးဇူးတင်ပါတယ်"
"ရပါတယ်သားရယ် ဒါဆိုသွားကြရအောင်လေ"
"ဟုတ်ကဲ့"
အိတ်တွေကိုယူမည်အလုပ် ဒေါ်မြနန်းတို့မှ
တားသည်။ဒီတော့လည်း ကိုကိုမနေတတ်ပေမဲ့
လူကြီးပြောစကားကိုသာ နားထောင်မိသည်။
ကျေးဇူးရှင်တွေမို့ဆိုပြီလည်း ကိုကို ဘောင်ခတ်
မထားချင်ပါ။
"သားမသယ်နဲ့နေပါကွယ်။ကားသမားလေး
လာသယ်လိမ့်မယ်"
"ဟုတ်ကဲ့ဗျ"
ကိုကို့ရဲ့အထုတ်တွေကို ဒရိုင်ဘာကသယ်
ပြီးကားပေါ်သို့တင်သည်။ထို့နောက် ဦးလေး
နှင့်အဒေါ်တို့အိမ်ကိုသာ သွားဖြစ်ကြတော့သည်။
မျက်လှည့်များပြလေသလား။ဓာတ်ပုံထဲမှာပဲ
မြင်ဖူးတဲ့ အထက်တန်းဆန်ဆန် ဒီဦးလေးနဲ့
အဒေါ်တို့အိမ်မှာ လိုက်နေရလိမ့်မယ်လို့လည်း ထင်မှတ်မထား။ဖေဖေတို့ သူငယ်ချင်းဆိုတဲ့ လူတွေသာရောက်မလာခဲ့ရင် ဘယ်နားသွား
ခြေချရမှန်းလည်း သိမှာမဟုတ်။
တွေးလေ၊စဉ်းစားလေမွန်းကြပ်လာတော့
သက်ပြင်းချမောင်းထုတ်ပစ်ရတာ အခါခါ။
*************
"သားလည်းပင်ပန်းနေပြီ သွားနားလိုက်တော့
နော်။အပေါ်တက်သွားရင် ညာဘက်အခန်းက
သားအခန်းပဲ"
"ဟုတ်ကဲ့"
အခန်းထဲရောက်သည်နှင့် ကိုကိုအိပ်ရာပေါ်လှဲ
ချမိတာ အားပါပါ။ကိုကို ဘာမှလည်း မတွေး
ချင်သေးပါ။မျက်လုံးတွေကိုမှိတ်ထားဖြစ်တော့ တစ်ခဏအကြာ ကိုကိုလည်းအိပ်ပျော်သွား
လိမ့်မည်။
အိမ်ထဲကိုလေတစ်ချွန်ချွန်ဖြင့် ဝင်လာသူက
သော်ယံမောင် ပင်ဖြစ်၏။
"သား ဒီမှာခဏလာထိုင်ဦး၊မာမီတို့ပြောစရာရှိတယ်"
"ဟုတ်ကဲ့ မာမီ"
ဦးကြည်သာတို့နှင့် မျက်နှာချင်းဆိုင် ခုံတွင်
သော်ယံမောင် ဝင်ထိုင်လာသည်။
"ဒယ်ဒီနဲ့မာမီက သားကိုဘာပြောမလို့လဲ"
"ဒယ်ဒီသူငယ်ချင်းရဲ့သားကို ဒီအိမ်မှာခေါ်ထား
မလို့"
"ဘယ်လို ဒယ်ဒီ"
"ဒါ သားကိုအသိပေးတာ။ဒယ်ဒီတို့ ဟိုကို
ပြန်ရင် သားလေးသုထက်ကိုကိုနဲ့ ဒီအိမ်မှာနေရမှာ"
"ဟာ ဒယ်ဒီကလည်း သားသဘောမတူပါဘူး။တစ်ယောက်ထဲနေချင်လို့ ဒယ်ဒီတို့နဲ့တောင်
မလိုက်တာလေ"
"သဘောမတူလို့မရဘူးသား၊ဒယ်ဒီပြောတာကို
လက်ခံ။ဒါပဲပြောချင်တယ်"
ဦးကြည်သာ ထိုင်နေရာမှ ထသွားသည့်အခါ
အမေဖြစ်သူကို အပူကပ်ရတော့သည်။
သော်ယံမောင်က ခပ်ချွဲချွဲ ကလေးဆိုးဟန်
နှင့် အမေဖြစ်သူကို ပူဆာလာတာပင်ဖြစ်သည်။
"မာမီရာကူညီပါဦး။နော်..နော်"
"မာမီလည်း မင်းဒယ်ဒီသဘောအတိုင်းပဲ"
"သုထက်ကိုကို,က အနေးအေးမဲ့ ကလေးပါ။
ဒါကြောင့် သူ့ကိုဘာမှမလုပ်နဲ့နော်"
အမေ့ဆီလည်းပြောမရတော့ သော်ယံမောင်
ဆက်မပြောတော့။ဘာအကြောင်းကြောင့်များ
ဒီအိမ်မှာလာနေသလဲလည်း သော်ယံမောင်
သိချင်မိတာတော့ မှန်၏။
"မာမီ သူက,ဘာလို့ဒီမှာလာနေတာလဲ"
"သူလာနေတာမဟုတ်ဘူး၊မာမီတို့ခေါ်လာတာ"
"ဘယ်လို"
"ဟုတ်တယ် ဒီလိုသားရဲ့ မာမီပြောပြမယ်"
ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်ပြီးတဲ့နောက် "ဪ"ဆိုကာ အပေါ်ထပ်သို့သာ သော်ယံမောင်
တက်သွားတော့သည်။ကျန်စကားလည်း
လားလားမျှပြော မသွား။သနားပါတယ်လို့
လည်း တစ်ခွန်းမျှ မဟ။မထုံတက်သေးနှင့်ပင်။
သော်ယံမောင်သည် အပျော်အပါးလည်း
မက်သလို၊ဘဝကိုပေါ့ပေါ့ပါးပါးဖြတ်သန်းသူ
ဖြစ်သည်။ခေတ်ဆန်ဆန် ဝတ်စားတတ်သည်။
သုထက်ကိုကိုမှာ သော်ယံမောင်ထက် အသက်
တစ်နှစ်ပင်ကြီးသည်။မိဘတွေက ရှေးရိုးဆန်
ကြတာကြောင့်မို့ ကိုကိုကလည်း ယဉ်ကျေး
သည့် လူငယ်ပင်ဖြစ်သည်။အမြဲပုဆိုးနှင့်
အင်္ကျီလက်ရှည်ကိုသာဝတ်ဆင်လေ့ရှိသည်။
******************************************
ဇာတ်လမ်းတစ်ပုဒ်က အစပြုလာခဲ့ချေပြီ။
-ချစ်ရပါသောမောင်-
အဖော်မဲ့နေတဲ့နှလုံးသားမှာ
မောင်ဆိုတဲ့ မင်းက နေရာယူစပြုပါတယ်။
ချစ်တယ်လို့မဆိုသာ..
ရင်ခုန်မှုတော့ အစပျိုးနေခဲ့တယ်ထင်ရဲ့..။
ထွက်လာတဲ့ရလဒ်ကိုတော့ မခန့်မှန်းနိုင်သေး။
80%ကတော့ မောင့်ကိုချစ်သည်တဲ့။
( 5.7.2020)Lily_Han🍀
lilyရဲ့ "ချစ်ရပါသောမောင်"ကိုဖတ်ပေးကြ
ပါဦး။ဇာတ်လမ်းအစဆိုတော့ပျင်းစရာများ
ကောင်းနေလားဟင်။နောက်အပိုင်းလေးတွေ
ကိုလည်းဖတ်ပေးကြပါဦး။သော်ယံမောင်နဲ့
သုထက်ကိုကိုတို့ကိုလည်း ချစ်ပေးကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်။
Zawgyi
ကြယ္လြန္သူမိဘႏွစ္ပါး၏ ဓာတ္ပုံေဘးတြင္
သုထက္ကိုကို ၿငိမ္သက္စြာပင္ ထိုင္ေနမိ၏။
လာသမၽွ ဧည့္သည္တို႔ကိုလည္း ဧည့္ခံ
ရရွာေသးသည္။ႏွစ္သိမ့္စကားမ်ားေၾကာင့္ ငိုခ်င္စိတ္တို႔ကို ပို၍ျဖစ္ေစေပေသာ္လည္း
ငိုခဲ့ျခင္းပင္မရွိခဲ့။လူဆိုတာေသမ်ိဳးႀကီးပါပဲ။
ေသခ်ိန္တန္ေသၾကရမယ္။ကိုယ္အပါအဝင္ လူ
ေတြဟာ တစ္ခ်ိန္ခ်ိန္မွာေတာ့ ေသၾကရမွာပါ
ပင္
ျဖစ္သည္။သို႔ေသာ္႐ုတ္တရက္ဆိုသလို
မိဘႏွစ္ပါးလုံးက ဘဝထဲမွ ေပ်ာက္ကြယ္
ထြက္သြားခဲ့ၾကေလၿပီျဖစ္၏။ႏွုတ္ဆက္ဖို႔
အခြင့္အေရးတို႔ပင္ သုထက္ကိုကို မရခဲ့ပါ။
ေဖေဖ့ကုမၸဏီကလည္း ေဒဝါလီခံရေတာ့
မည္။ထို႔ေၾကာင့္ ငယ္သူငယ္ခ်င္းႏွင့္အဆက္
အသြယ္ရ၍ အကူညီေတာင္းဖို႔သြားသည့္
လမ္းတြင္ ကံမေကာင္းအေၾကာင္း
မလွစြာႏွင့္ပင္ကားအက္စီးဒင့္ ျဖစ္ခဲ့ရရွာသည္။
ေက်ာင္းမွအျမန္ဆုံးေဆး႐ုံသို႔လိုက္သြားခဲ့ေပမဲ့လည္းအသက္ပင္ မမွီလိုက္ေပ။မငိုခဲ့ပါ။
အခုထိလည္းမငိုျဖစ္ေသး။ေတာင့္ခံထား
သည္။ငိုခ်င္လာလၽွင္အံႀကိတ္ထားလိုက္သည္။စိတ္ေျဖာင့္ေျဖာင့္နဲ႔သာ ဘဝတစ္ပါးကိုသြားၾက
ပါေတာ့ေဖေဖနဲ႔ေမေမဟု တိုးတိတ္စြာ ဆိုမိ
ေလသည္။
တစ္ေရြ႕ေရြ႕နဲ႔နာရီလက္တံေလးဟာ၂နာရီကို
ညႊန္ျပေနေခ်ၿပီ။ဧည့္သည္မ်ားသည္လည္းမရွိ
ေတာ့။ အိမ္မွအလုပ္သမားေတြကိုလည္း
ဆက္ၿပီးမငွားထားနိုင္ေတာ့တာေၾကာင့္
သူတို႔လည္းသူတို႔၏ေနရပ္ကိုျပန္ရန္အထုပ္
ေတြႏွင့္ အဆင့္သင့္ျဖစ္ေနၾကၿပီ
လည္း ျဖစ္သည္။
မၾကာခင္ သူလည္း ဒီအိမ္ကေနထြက္ခြာေပး
ရဦးမည္။ဘယ္သြားရမယ္မွန္းလည္းမသိပါ။
ေမြးကတည္းကအရာရာၿပီးျပည့္စုံခဲ့တဲ့
ကိုယ္ဟာ အခုေတာ့ တစ္ေကာင္ႂကြက္ေနစရာ
ေနရာလည္းမရွိေတာ့။သုထက္ကိုကိုကသူ႔ရဲ့
အေတြးေၾကာင့္ "ဟက္"ခနဲတစ္ခ်က္ပင္ရယ္မိသည္။အခ်ိန္တိုေလးအတြင္းမွာပင္အားကိုးရာ
မဲ့ခဲ့ရၿပီ မဟုတ္ပါလား။
"အစ္ကိုေလး မိႏြယ္တို႔သြားၾကေတာ့မလို႔"
"ေအာ္ အင္းအင္း။ျပန္ဖို႔လမ္းစရိတ္ယူသြားဦးေနာ္"
ပိုက္ဆံအိတ္သို႔ လက္လွမ္းယူေတာ့
တစ္ၿပိဳင္နက္တည္း တားလာၾကသည္က
မေပးဖို႔ပင္။
"အစ္ကိုေလးမေပးပါနဲ႔ မိႏြယ္တို႔မွာရွိပါတယ္"
"ကၽြန္ေတာ္တို႔နဲ႔ လိုက္ေနပါ့လား
အစ္ကိုေလးရယ္။ဟို တစ္မ်ိဳးမထင္ပါနဲ႔ေနာ္
အစ္ကိုေလးအတြက္ စိတ္ပူလို႔ပါ"
ကိုကို ျပဳံးမိလိုက္တာ မွန္သည္။
အရင္ေလာက္ေတာ့ ကိုကို႔အျပဳံးေတြဟာ
ေတာက္ပေနျခင္း မရွိေတာ့သလို၊
တက္ႂကြျခင္းတို႔လည္း ရွိမေနခဲ့။
"အစ္ကိုက ျပန္ၿပီးေက်းဇူးတင္ရမွာပါ။
ကဲကဲ ညေနမေရာက္ခင္သြားၾကေတာ့ေလ။
အစ္ကိုအဆင္ေျပတာမို႔လို႔ စိတ္မပူၾကနဲ႔ေနာ္"
အဆင္မေျပတာကို ေျပသလိုေျပာေန
သည့္အစ္ကိုေလးေၾကာင့္ မိႏြယ္တို႔
အကုန္လုံးမ်က္ရည္ပင္ဝဲရသည္။
"အစ္ကိုေလး က်န္းမာေရးဂ႐ုစိုက္ပါေနာ္။ညဘက္စာလုပ္ရင္ ေကာ္ဖီေတြကိုအမ်ားႀကီး
ေတာ့မေသာက္နဲ႔ေနာ္။အစားကိုပုံမွန္စား၊
အိပ္ေရးလည္းဝဝအိပ္ေနာ္၊စာလုပ္တာေတာ့
ဟုတ္ေပမဲ့ က်န္းမာေရးမထိခိုက္ေအာင္
ေတာ့ေနပါေနာ္"
စိတ္မခ်စြာမွာေနတဲ့မိႏြယ္တို႔ေၾကာင့္ ကိုကို
ဝမ္းသာပီတိျဖစ္မွုတို႔ေၾကာင့္ ခပ္ယဲ့ယဲ့ျပဳံးမိျပန္သည္။
"စိတ္ခ်ပါ။အစ္ကိုက်န္းမာေရးဂ႐ုစိုက္ပါ့မယ္"
"ဒါဆို သြားေတာ့မယ္ေနာ္"
ကိုကိုျပဳံး၍သာ ေခါင္းညိတ္ျပျဖစ္သည္။
အိမ္အေပါက္ဝထိေတာ့ လိုက္မပို႔ခဲ့။
က်န္ရစ္ခဲ့ရသည့္ခံစားခ်က္ကို ကိုကိုမခံစား
နိုင္ပါ။ပစၥည္းေတြကိုလည္း အကုန္လုံးသိမ္း
ေပးထားခဲ့ၾကသည္မို႔ ကိုကို ဘာမွလုပ္
စရာေတာ့မလို။
ေဘးတြင္လည္း ပိုင္ဆိုင္သည့္စာအုပ္ေတြရယ္၊အဝတ္စားထည့္ထားသည့္ အိတ္ရယ္သာရွိသည္။
နံရံသို႔ ေခါင္းမွီကာ အိမ္ကိုေသခ်ာလိုက္ၾကည့္ေနမိသည္။
ေနာက္ဆုံးပဲ ဒီတစ္ခါအိမ္အျပင္ကိုထြက္
သြားလိုက္ၿပီးတာနဲ႔ ဘယ္ေတာ့မွျပန္ဝင္ခြင့္
မရေတာ့မဲ့ေနရာ။အမွတ္တရ၊ေပ်ာ္ရႊင္မွု၊
ေႏြးေထြးမွုေတြနဲ႔ျပည့္ႏွက္ေနခဲ့တဲ့
ဒီအိမ္က အခုေတာ့တိတ္ဆိတ္ေျခာက္ကပ္ေနလ်က္သာ။
မ်က္ရည္တို႔ ဝဲတက္လာလည္း မ်က္ေတာင္
တို႔ကို ပုတ္ခတ္မိသည္။မငိုမိေအာင္မ်က္လုံး
တို႔ကိုမွိတ္ခ်ထားမိေခ်ၿပီ။
"ငါမငိုဘူး။ဒီအိမ္ထဲမွာ ငါဘယ္ေတာ့မွမငိုဘူး"
ထိုစဥ္တဒဂၤ ၿခံထဲမွကားသံသဲ့သဲ့ကိုၾကားရ၏။
ထို႔ေနာက္ ေဖေဖတို႔ႏွင့္ရြယ္တူေလာက္
ရွိမည့္ အမ်ိဳးသားတစ္ဦးႏွင့္အတူ အမ်ိဳးသမီး
တစ္ဦးတို႔ဝင္လာၾကၿပီး ကိုကို႔ေရွ႕တြင္ထိုင္ၾကျပန္သည္။
"ဦးနဲ႔ေဒၚေဒၚ က.."
ျမင္ဖူးသေယာင္ရွိေနေတာ့ ကိုကိုစဥ္းစားမိတာ
ကပ်ာကယာပင္။
"ဟင္..ဟိုေဖေဖတို႔ရဲ့ငယ္သူငယ္ခ်င္း
ဦးၾကည္သာနဲ႔ေဒၚျမနန္း တို႔မဟုတ္လားဗ်"
အေဖျဖစ္သူက ဓာတ္ပုံျပဖူးခဲ့သည္ေၾကာင့္
ကိုကို သိေနျခင္းပင္ျဖစ္မည္။
ထိုဦးေလးေဘးမွ ေဒၚေဒၚကလည္း
ဝင္ေျပာလာသည္။
"ဟုတ္ပါတယ္။သားလည္း သိသင့္သေလာက္
သိထားမယ္ထင္တယ္"
"ဟုတ္ကဲ့ ေဖေဖတို႔ေျပာျပခဲ့လို႔ သိထား
ပါတယ္"
"သားမိဘေတြနဲ႔ ေတြ႕မယ့္ေန႔တုန္းက ဦးတို႔
ျမန္မာျပည္ကိုျပန္မလာနိုင္ခဲ့ဘူး။
ေလယာဥ္က မနက္ပိုင္းဆိုက္မွာေၾကာင့္
ေနလယ္ခင္းထမင္းစားၾကရင္းေတြ႕
မယ္ဆိုၿပီးစီစဥ္ထားၾကတယ္။ဒါေပမဲ့ အဲ့ေန႔
မတိုင္ခင္ေန႔က ကုမၸဏီမွာျပႆနာျဖစ္တာနဲ႔ ျပန္မလာခဲ့ရဘူး။
သားအေဖဆီလည္း ဆက္သြယ္လို႔မရေတာ့
ေနာက္မွေအးေဆး ဆက္သြယ္မယ္လုပ္ထား
တာ။မဟုတ္ေတာင္ ခင္ေလးတို႔ဘက္က
ဆက္သြယ္လာမယ္လို႔ပဲ ထင္ထားခဲ့တာ။
ေရာက္မဲ့ရက္က ေနာက္က်သြားတယ္။
ဦးတို႔ဒီကိုျပန္ေရာက္ေရာက္ခ်င္း
သတင္းၾကားတာနဲ႔လိုက္လာခဲ့တာပါ"
"ဟုတ္"
ကိုကို ဟုတ္တစ္လုံးမွလြဲ၍ ဘာမၽွျပန္မေျပာ
နိုင္ေပ။ကိုယ့္အပူႏွင့္ကိုယ္မို႔ စိတ္တို႔ရွုပ္
ေထြးေနတာလည္းျဖစ္သည္။
"သားကို အေဒၚတို႔အိမ္မွာလိုက္ေနေစခ်င္တယ္"
"ရပါတယ္။ကၽြန္ေတာ္မေနေတာ့ပါဘူး"
သုထက္ကိုကိုဆိုတာ မာနရွိတဲ့လူမို႔ သူတစ္ပါး
အရိပ္ေအာက္မွာေတာ့ ခိုကပ္ၿပီးမေနခ်င္ပါ။
အိမ္လိုက္ေနဖို႔ ေျပာလာေတာ့လည္း ကိုကို႔မွာအံ့ဩတစ္ဝက္၊ဝမ္းနည္း
တစ္ဝက္ႏွင့္ပင္ျဖစ္၏။
"ခင္ေလးနဲ႔ေကာင္းတို႔ဆိုတာ အေဒၚတို႔
နဲ႔ငယ္သူငယ္ခ်င္းေတြပါ။ေက်းဇူးရွင္ေတြ
ဆိုလဲ မွန္ပါတယ္ကြယ္။သားသာတစ္ေယာက္
ထဲ ဒုကၡေရာက္ေနရင္ ခင္ေလးတို႔ဘယ္စိတ္ခ်
ပါ့မလဲ"
"ဦးတို႔သားအျဖစ္ေမြးစားမယ္ လက္ခံေပးပါ။
ဒါမွသြားေလသူေတြ စိတ္ေျဖာင့္ရမွာ"
"ဟို ေမြးစားဖို႔ကိုေတာ့ ျငင္းပါရေစ။
ကၽြန္ေတာ့္ကို ေနစရာပဲေပးပါ။
အလုပ္တစ္ခုရွာၿပီး အလုပ္ထြက္လုပ္ပါ့မယ္"
"အိုကြယ္ သားအလုပ္လုပ္စရာမလိုပါဘူး။
သားက ေဆးေက်ာင္းတက္ေနတာမလား"
"ဟုတ္ကဲ့။ဒါေပမဲ့ ေနစရာေနရာလည္းေပးရ၊
ေက်ာင္းစရိတ္ပါေထာက္ရနဲ႔ဆိုေတာ့.."
"သားစိတ္ထဲဘာမွမထားနဲ႔..ဦးတို႔နဲ႔ပဲ လိုက္ေနပါ"
ကိုကိုလည္း ထပ္မျငင္းမိေတာ့။ဟုတ္ပါတယ္
ေလ ေနစရာဆိုတာမွ မရွိေတာ့ဘဲ။ဘယ္သြား
ေနရမွန္းေတာင္ သိတာမဟုတ္။ေက်ာတစ္ခင္း
စာေနဖို႔ရလည္း နည္းသလား။ဒီေတာ့လည္းလက္ခံ႐ုံပါေပါ့။ကံၾကမၼာက ဆန်းကြယ် သား။႐ုတ္တရက္ ကံဆိုးေတြဝင္လာၿပီးတဲ့
ေနာက္လၽွပ္တျပက္ေပၚလာခဲ့တဲ့ ေရာင္ျခည္
ေတြေပၚလာသလိုမ်ိဳးေလ။
"ဟုတ္ကဲ့ ေကာင္းပါၿပီဗ်။ဦးနဲ႔အေဒါ့္ကို
ေက်းဇူးတင္ပါတယ္"
"ရပါတယ္သားရယ္ ဒါဆိုသြားၾကရေအာင္ေလ"
"ဟုတ္ကဲ့"
အိတ္ေတြကိုယူမည္အလုပ္ ေဒၚျမနန္းတို႔မွ
တားသည္။ဒီေတာ့လည္း ကိုကိုမေနတတ္ေပမဲ့
လူႀကီးေျပာစကားကိုသာ နားေထာင္မိသည္။
ေက်းဇူးရွင္ေတြမို႔ဆိုၿပီလည္း ကိုကို ေဘာင္ခတ္မထားခ်င္ပါ။
"သားမသယ္နဲ႔ေနပါကြယ္။ကားသမားေလး
လာသယ္လိမ့္မယ္"
"ဟုတ္ကဲ့ဗ်"
ကိုကို႔ရဲ့အထုတ္ေတြကို ဒရိုင္ဘာကသယ္
ၿပီးကားေပၚသို႔တင္သည္။ထို႔ေနာက္ ဦးေလး
ႏွင့္အေဒၚတို႔အိမ္ကိုသာ သြားျဖစ္ၾကေတာ့
သည္။
မ်က္လွည့္မ်ားျပေလသလား။ဓာတ္ပုံထဲမွာပဲ
ျမင္ဖူးတဲ့ အထက္တန္းဆန္ဆန္ ဒီဦးေလးနဲ႔
အေဒၚတို႔အိမ္မွာ လိုက္ေနရလိမ့္မယ္လို႔လည္း ထင္မွတ္မထား။ေဖေဖတို႔ သူငယ္ခ်င္းဆိုတဲ့ လူေတြသာေရာက္မလာခဲ့ရင္ ဘယ္နားသြား
ေျခခ်ရမွန္းလည္း သိမွာမဟုတ္။
ေတြးေလ၊စဥ္းစားေလမြန္းၾကပ္လာေတာ့
သက္ျပင္းခ်ေမာင္းထုတ္ပစ္ရတာ အခါခါ။
*************
"သားလည္းပင္ပန္းေနၿပီ သြားနားလိုက္ေတာ့
ေနာ္။အေပၚတက္သြားရင္ ညာဘက္အခန္းက
သားအခန္းပဲ"
"ဟုတ္ကဲ့"
အခန္းထဲေရာက္သည္ႏွင့္ ကိုကိုအိပ္ရာေပၚ
လွဲခ်မိတာ အားပါပါ။ကိုကို ဘာမွလည္း မေတြး
ခ်င္ေသးပါ။မ်က္လုံးေတြကိုမွိတ္ထားျဖစ္ေတာ့ တစ္ခဏအၾကာ ကိုကိုလည္းအိပ္ေပ်ာ္သြား
လိမ့္မည္။
အိမ္ထဲကိုေလတစ္ခၽြန္ခၽြန္ျဖင့္ ဝင္လာသူက
ေသာ္ယံေမာင္ ပင္ျဖစ္၏။
"သား ဒီမွာခဏလာထိုင္ဦး၊မာမီတို႔ေျပာစရာရွိတယ္"
"ဟုတ္ကဲ့ မာမီ"
ဦးၾကည္သာတို႔ႏွင့္ မ်က္ႏွာခ်င္းဆိုင္ ခုံတြင္
ေသာ္ယံေမာင္ ဝင္ထိုင္လာသည္။
"ဒယ္ဒီနဲ႔မာမီက သားကိုဘာေျပာမလို႔လဲ"
"ဒယ္ဒီသူငယ္ခ်င္းရဲ့သားကို ဒီအိမ္မွာေခၚထား
မလို႔"
"ဘယ္လို ဒယ္ဒီ"
"ဒါ သားကိုအသိေပးတာ။ဒယ္ဒီတို႔ ဟိုကို
ျပန္ရင္ သားေလးသုထက္ကိုကိုနဲ႔ ဒီအိမ္မွာေနရမွာ"
"ဟာ ဒယ္ဒီကလည္း သားသေဘာမတူပါဘူး။တစ္ေယာက္ထဲေနခ်င္လို႔ ဒယ္ဒီတို႔နဲ႔ေတာင္
မလိုက္တာေလ"
"သေဘာမတူလို႔မရဘူးသား၊ဒယ္ဒီေျပာတာကို
လက္ခံ။ဒါပဲေျပာခ်င္တယ္"
ဦးၾကည္သာ ထိုင္ေနရာမွ ထသြားသည့္အခါ
အေမျဖစ္သူကို အပူကပ္ရေတာ့သည္။
ေသာ္ယံေမာင္က ခပ္ခၽြဲခၽြဲ ကေလးဆိုးဟန္
ႏွင့္ အေမျဖစ္သူကို ပူဆာလာတာပင္ျဖစ္သည္။
"မာမီရာကူညီပါဦး။ေနာ္..ေနာ္"
"မာမီလည္း မင္းဒယ္ဒီသေဘာအတိုင္းပဲ"
"သုထက္ကိုကို,က အေနးေအးမဲ့ ကေလးပါ။
ဒါေၾကာင့္ သူ႔ကိုဘာမွမလုပ္နဲ႔ေနာ္"
အေမ့ဆီလည္းေျပာမရေတာ့
ေသာ္ယံေမာင္ ဆက္မေျပာေတာ့။
ဘာအေၾကာင္းေၾကာင့္မ်ား
ဒီအိမ္မွာလာေနသလဲလည္း ေသာ္ယံေမာင္
သိခ်င္မိတာေတာ့ မွန္၏။
"မာမီ သူက,ဘာလို႔ဒီမွာလာေနတာလဲ"
"သူလာေနတာမဟုတ္ဘူး၊မာမီတို႔ေခၚလာတာ"
"ဘယ္လို"
"ဟုတ္တယ္ ဒီလိုသားရဲ့ မာမီေျပာျပမယ္"
ျဖစ္ေၾကာင္းကုန္စင္ ရွင္းျပလိုက္ၿပီး
တဲ့ေနာက္ "ဪ"ဆိုကာ အေပၚထပ္သို႔သာ ေသာ္ယံေမာင္ တက္သြားေတာ့သည္။
က်န္စကားလည္း လားလားမၽွေျပာ မသြား။သနားပါတယ္လို႔လည္း တစ္ခြန္းမၽွ မဟ။
မထုံတက္ေသးႏွင့္ပင္။
ေသာ္ယံေမာင္သည္ အေပ်ာ္အပါးလည္း
မက္သလို၊ဘဝကိုေပါ့ေပါ့ပါးပါးျဖတ္သန္းသူ
ျဖစ္သည္။ေခတ္ဆန္ဆန္ ဝတ္စားတတ္သည္။
သုထက္ကိုကိုမွာ ေသာ္ယံေမာင္ထက္ အသက္
တစ္ႏွစ္ပင္ႀကီးသည္။မိဘေတြက ေရွးရိုးဆန္
ၾကတာေၾကာင့္မို႔ ကိုကိုကလည္း
ယဥ္ေက်းသည့္ လူငယ္ပင္ျဖစ္သည္။
အျမဲပုဆိုးႏွင့္ အကၤ်ီလက္ရွည္ကိုသာဝတ္ဆင္ေလ့
ရွိသည္။
******************************************
ဇာတ္လမ္းတစ္ပုဒ္က အစျပဳလာခဲ့ေခ်ၿပီ။
-ခ်စ္ရပါေသာေမာင္-
အေဖာ္မဲ့ေနတဲ့ႏွလုံးသားမွာ
ေမာင္ဆိုတဲ့ မင္းက ေနရာယူစျပဳပါတယ္။
ခ်စ္တယ္လို႔မဆိုသာ..
ရင္ခုန္မွုေတာ့ အစပ်ိဳးေနခဲ့တယ္ထင္ရဲ့..။
ထြက္လာတဲ့ရလဒ္ကိုေတာ့ မခန႔္မွန္းနိုင္ေသး။
80%ကေတာ့ ေမာင့္ကိုခ်စ္သည္တဲ့။
( 5.7.2020)Lily_Han🍀
lilyရဲ့ "ခ်စ္ရပါေသာေမာင္"ကိုဖတ္ေပးၾက
ပါဦး။ဇာတ္လမ္းအစဆိုေတာ့ပ်င္းစရာမ်ား
ေကာင္းေနလားဟင္။ေနာက္အပိုင္းေလး
ေတြကိုလည္းဖတ္ေပးၾကပါဦး။ေသာ္ယံေမာင္နဲ႔သုထက္ကိုကိုတို႔ကိုလည္း
ခ်စ္ေပးၾကပါဦးေနာ္။အားလုံးကိုေက်းဇူး
တင္ပါတယ္။