ထာဝရသူငယ်ချင်း (B.F.F) (Z+U){...

By KhinwaddyKhaing

57.2K 4.5K 276

* အနီးဆုံးမှာရှိနေလျက်နဲ့ ငါတို့ဝေးနေတာ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းတွေဖြစ်နေလို့... * တစ်ယောက်ရဲ့ ခံစားချက... More

Introduction
1:lovely friend
2:စတင်ခြင်း
3:ချည်
4: မင်းမှမင်း
5: မင်းအတွက်ဆိုရင်
6:လူရှုပ်ကလေး
7: အတူတူဆိုရင်
8: သုံးယောက်
9: အသစ်
10:Love and Friend
11: Love story
12: Missing boy
13: Silence
14: ဥပေက္ခာ
15: Near and far
16: Trip (1)
17: Trip (2)
19: Love💘
20: No!!
21:Venus(The god of the love❣)
22:Love is Life👨‍❤️‍💋‍👨
23:အချစ်မီး🔥
24:Forwards (OR) Backwards??
25:Love-target🎎(ဇာတ်သိမ်းပိုင်း)

18: နိဂုံး၏အစ

1.4K 146 8
By KhinwaddyKhaing

(Unicode)

မေ့ဖျောက်မရသော စကားများကနားထဲတွင် ထပ်ခါတစ်လဲလဲ ပဲ့တင်ထပ်နေသည်။ 'ကို..သူနဲ့ဝေးဝေးနေပေးလို့..မရဘူးလား..' တဲ့ တစ်ချို့သောစကားတွေက ပြောလိုက်သော လူအတွက်တော့ ဘာမှမဟုတ်ပေမယ့် အပြောခံလိုက်ရတဲ့သူအတွက်ကတော့....

ထိုခရီးမှပြန်လာပြီးကတည်းက ကျွန်တော်တို့သုံးယောက်လုံး မဆုံဖြစ်ကြတော့ချေ။ ချစ်ရိပ်သည်ပင် အိမ်ကိုမကြာခဏ လာခြင်းမရှိတော့ပေ။ ဘာသာစကားသင်တန်းတစ်ခု သူမ တက်နေသည်ဟု မေမေတို့ပြောသည်ကိုတော့ ကြားသည်။ သို့သော် မသိချင်၍ သေချာမမေးဖြစ်ခဲ့။

သိချင်မြင်ချင်သော သူကလေးအကြောင်းကျတော့ ပြောပြမည့်သူ မရှိချေ။ သူကလေးကလည်း ဖုန်းမဆက်၊အိမ်လည်းမလာတော့ ခက်ပြီလေ။ အနည်းဆုံးတော့ သူကလေးက ကျွန်တော်စိတ်ဆိုးနေသည်ကို သိပြီး လာချော့သင့်သည်မဟုတ်လား။ ကျွန်တော့်ဘက်ကတော့ စပြီးမဆက်သွယ်ဘူးဟု ဆုံးဖြတ်ထားသည်။ သို့သော် တစ်ခါတစ်ရံ သူကလေးကို တွေ့ချင် မြင်ချင်စိတ်က တားမရ၍ သူကလေးအိမ်ရှေ့သို့ မသိမသာရောက်သော်လည်း မတွေ့ရ။ နေနိုင်လိုက်တာ ဟုလည်း အပြစ်မတင်ချင်ပေ၊ ကျွန်တော်ကိုယ်တိုင်ကလည်း နေနိုင်အောင် နေသင့်သည် မဟုတ်လား။

ထို့ကြောင့်လည်း ခံစားချက်များကို ကြိတ်မှိတ်ကာ တစ်နေ့တစ်နေ့ gym သွားလိုက်၊ ရေကူးလိုက်၊ Boxing ထိုးလိုက်ဖြင့်ပင် အချိန်များကို ခက်ခက်ခဲခဲ ကုန်ဆုံးနေရသည်။ ဖေဖေကတော့ နေ့တိုင်းကိုယ့်အလုပ်နှင့်ကိုယ်ရှုပ်နေသော ကျွန်တော့်ကို အမြင်မကြည်ချင်တော့။ အနည်းဆုံးတော့ အငြိမ်းစား အရာရှိတစ်ယောက်ဖြစ်သောဖေဖေက စတင်ပြီးလုပ်ဆောင်နေသော သူ၏စီးပွားရေးလုပ်ငန်းများတွင် ကျွန်တော့်ကို ကူညီလုပ်ဆောင်ပေး စေလိုသည်။သို့သော် စိတ်မပါလျှင် ဘာမျှမလုပ်ချင်သော အမူအကျင့်အတိုင်းပင် ကျွန်တော်မဆိုင်သလို နေနေလိုက်သည်။

ဒီနေ့လည်း မိုးလင်းကတည်းက မင်းပြည့်နှင့် boxing ထိုးရန်ချိန်းထား၍ သွားရန် ပြင်ဆင်နေ ချိန် ဖုန်းဝင်လာ၍ ကြည့်လိုက်ရာ 'Thway Thit'
ဖြစ်နေသည်။ ကိုယ့်မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်ရသည်။ မေ့ထားနိုင်ပြီဆိုသော အချိန်တွင်မှ သူကလေးက စ၍ ဆက်သွယ်လာသည်လေ။ ကျွန်တော် call ကို cancel လိုက်သည်။ အနည်းဆုံးတော့ သူကလေးဘက်က ကျွန်တော့်ကို ထပ်ခါထပ်ခါ ဆက်သွယ်ခြင်းကို မျှော်လင့်မိသည်။

ခဏနေတော့ နောက်တစ်ခါ မြည်လာသည်။ သူကလေးပဲ ဖြစ်နေသည်။ cancel လိုက်ပြန်သည်။ အမှန်တော့ ကျွန်တော်ဖုန်းကိုကိုင်ကာ သူကလေးခေါ်လေတိုင်း အဆင်သင့် ချပစ်ရန်စောင့်နေခြင်းပင်။ တစ်ခါတစ်လေတော့ လည်း ထိုသို့ပြုမူရသည်က ပျော်စရာကောင်းသား။

ငါးကြိမ်မြောက်ဖုန်းခေါ်ဆိုမှုတွင်တော့ မနေနိုင်သည့်အဆုံး ဖုန်းကိုင်လိုက်တော့သည်။

"ကို..ဘာလို့ချချပစ်တာလဲ...ကျွန်တော့်ကိုစိတ်ဆိုးမပြေသေးဘူးလား...." သူကလေးပြောလေပြီ။
"ဘာပြောမလို့လဲ... ပြောလေ.... "
"ကျွန်တော်...ဒီ ညနေသွားစရာရှိတယ်...ကို..လိုက်ခဲ့ပါလား...."
"ဘယ်ကိုလဲ...?.."
"(....).restaurantကို...ညနေစာစားဖို့...ချိန်းထားလို့"
"ဘာလိုက်လုပ်ရမှာလဲ...ဘယ်သူနဲ့ချိန်းထားလို့လဲ...."
"ချစ်ရိပ်နဲ့......"
"ဘာ....."
"ဟုတ်တယ်...ချစ်ရိပ်က...ဒီညနေ...အဖြေပေးမယ်တဲ့....ကျွန်တော်တစ်ယောက်တည်းမသွားရဲလို့...ကို..လိုက်ခဲ့ပါလား...."

ချစ်ရိပ်က...သူကလေးကို..အဖြေပေးမယ်ဆိုတော့...သူတို့နှစ်ယောက် မကြာခင်..ချစ်သူတွေ..ဖြစ်တော့မှာပေါ့....ကြယ်စင်...ကြယ်စင်အတွက်ရော...မဖြစ်ဘူး...ငါဘာလုပ်ရမလဲ....သွေးသစ်က...ချစ်ရိပ်အတွက်မဟုတ်ဘူး.....

"ကို...ကျွန်တော်မေးတာဖြေဦးလေ...လိုက်ခဲ့ပါလို့..နော်..."
"လွတ်လွတ်လပ်လပ်... နှစ်ယောက် တည်း..ပြောရမယ့်..ကိစ္စ မဟုတ်လား...ငါမလိုက်ချင်ဘူး...."

ကျွန်တော် ရင်မဆိုင်ဝံ့ပေ။ ဘယ်လိုအင်အားမျိုးနှင့် မှ သူတို့နှစ်ယောက် ချစ်သူဖြစ်သွားမည်ကို ထိုင်မကြည့်နိုင်။ကြယ်စင်ရယ်...အကိုတစ်ယောက်အနေနဲ့...ပေးထားတဲ့ ..ကတိကို..ဘယ်လိုတည်အောင်လုပ်ပေးရမှာလဲ....ခုတော့...ငါအကြောက်ဆုံးအခြေအနေတစ်ခုကိုရောက်လာပြီပဲ.....

"ကို...လိုက်ခဲ့ပါနော်...ကို...ကားထဲမှာပဲ..နေခဲ့လေ..ကျွန်တော်သူနဲ့..နှစ်ယောက်တည်း..သွားတွေ့မှာပါ..ကို..ပါလာတယ်ဆိုတဲ့..အသိနဲ့တင်..ကျွန်တော့်ကို..အင်အားတွေဖြစ်စေမှာ...."
"မလိုက်ချင်ဘူးကွာ......"
"ကျွန်တော့်ကို..မသနားဘူးလား..ကိုရယ်...လိုက်ခဲ့ပါနော်....."

ကလေးရယ်...မင်းဆီက..တောင်းပန်တဲ့အသံကို..ကိုယ်မခံနိုင်ဘူးဆိုတာ..မင်းမသိသေးပဲကိုး....
"ဘယ်အချိန်သွားမှာလဲ....."

ပျော်သွားသောလေသံဖြင့်
"ညနေ ၆ နာရီ....ကျွန်တော်လာခေါ်မယ်...ကို..စောင့်နေနော်..."
"မင်းမလာခဲ့နဲ့...မင်းအိမ်ကို..ငါလာခဲ့မယ်..."
"Okayလေ..ကျွန်တော်မျှော်နေမယ်နော်...." ဟုဆိုကာ ဖုန်းချသွားလေသည်။

သူကလေးကတော့ ဖုန်းချသွားပေမယ့် ဖုန်းကိုနားတွင်ကပ်လျက် ငုတ်တုတ်မေ့နေသူက ကျွန်တော်။ချစ်ရိပ်က သွေးသစ်ကို ဘာလို့ဒီလောက်ထိ မြန်မြန်အဖြေပေးဖို့ ချိန်းရတာလဲ? ပြီးတော့ သူကသွေးသစ်ကို တကယ်ရောချစ်လို့လား? ချစ်ရိပ်နှင့် သွေးသစ်ကချစ်သူတွေ ဖြစ်လို့မဖြစ်ဘူး...ငါဘာဆက်လုပ်ရမလဲ..လမ်းပျောက်သွားသော..လူတစ်ယောက်နှယ်....

သွေးသစ်ဖုန်းဆက်ပြီးချိန်မှ စ၍ ကျွန်တော် ခြေမကိုင်မိ ၊လက်မကိုင်မိ ဖြစ်နေသည်။ မင်းပြည့်နှင့် boxing ထိုးရန် ချိန်းဆိုထားသည်ကိုပင် မသွားဖြစ်တော့ချေ။ အမှောင်ထဲ ခဲပစ်ရသလို၊ ချစ်ရိပ်က ချစ်တယ်လို့ပြောမှာလား?မချစ်ဘူးလို့ပြောမှာလား? ဖြစ်နိုင်ရင်တော့ မချစ်ဘူး ဟုပြောဖို့သာ မျှော်လင့်နေရသည်။ သို့ပေမယ့် ထိုအရာကလည်း မသေချာချေ။

အချိန်တွေကဘာလို့ ဒီနေ့မှ အကုန်မြန်နေရတာလဲ?
ကျွန်တော်လည်း သူကလေးကိုလိုက်မည်ဟု ပြောလိုက်သောကြောင့် မလွှဲသာ၍ ပြင်ဆင်ရပြီလေ။တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှ ဖေဖေကလည်း အိမ်မှာရှိနေသည်။အပြင်သွားရန် ဆင်းလာသော ကျွန်တော့်ကို ဖေဖေက
"ဒါကဘယ်လဲ...."
"သွေးသစ်နဲ့...အပြင်ခဏသွားမလို့ပါ..ဖေဖေ...သိပ်မကြာပါဘူး..."
"မြန်မြန်သွား...မြန်မြန်ပြန်လာ...မိုးသိပ်မချုပ်စေနဲ့...ကြားလား..."
"ဟုတ်ကဲ့....."

University ကျောင်းသားကြီးတစ်ယောက် ဖြစ်နေ၍ ယခင်ကလိုတော့ ဖေဖေက သိပ်မချုပ်ချယ်တော့။

သူကလေးအိမ်ရောက်တော့ ညနေ၆နာရီ ထိုးနေပြီ။ ဧည့်ခန်းထဲ မှာကျွန်တော်စောင့်နေတုန်း သူကလေးထွက်လာသည်။ မမြင်ရတာကြာ၍ထင် သူကလေး မျက်နှာက ပို၍ ရှင်းသန့်ကာတောက်ပနေသည်။ မိုးပြာရောင် ရှပ်အင်္ကျီအပေါ်ထပ်လေးကို ဂျင်းနက်ပြာရောင် ဘောင်းဘီ​လေး နှင့် ရှင်းသန့်နေသည်။

ကားသော့ပေး၍ ကျွန်တော် မောင်းရတော့မည်ပင်။ ကားထွက်ခါနီး ထိုလူကလေးကို ကြည့်လိုက်တော့ ဘယ်လောက်တောင် အပျော်လွန်နေသလဲလို့ ထိုင်ခုံခါးပတ်မပတ်ရသေး။ တစ်ခုခုကိုတွေးနေသည့်ပုံ ရှိ၍ခါးပတ်ပတ်ရန် မပြောတော့ပဲ ကိုယ်တိုင်ပင် ပတ်ပေးရန် သူကလေးထိုင်ခုံ တစ်ဖက်ရှိ ခါးပတ်ကြိုးကို ဆွဲလိုက်စဥ် သူကလေးမျက်နှာလေးကို နောက်တစ်ကြိမ် ထပ်၍ အနီးကပ်မြင်လိုက်ရတော့ ရင်တွေခုန်လာပြန်သည်။သွေးကြောစိမ်းစိမ်းကလေးများ တစ်ခုနှင့်တစ်ခု ယှက်နေကာ ချွန်နေသောနှာတံစင်းစင်းလေး ဖြူနုနေသော အသားအရောင်လေးတွေက ကျွန်တော့်စိတ်ကို တမင်ဆွကာ နောက်ပြောင်နေသလို

"ပေး...ကို...ကျွန်တော်ကိုယ့်ဘာသာကိုယ်...ပတ်လိုက်မယ်...မောင်းတော့လေ..."
"သြော်...အင်း..အင်း..."

ကို..ကျွန်တော်..ချစ်ရိပ်ဆီက..အဖြေရလို့..သူနဲ့ ချစ်သူတွေဖြစ်သွားရင်..ကျွန်တော်တို့နှစ်ယောက်လုံး..လူမှန်နေရာမှန်..ဖြစ်သွားမှာပါ...

&&&&&&&&&&&

သွားပြီ....သွေးသစ်..မင်းတော့သွားပြီ...ချစ်ရိပ်ရဲ့အဖြေဟာ No..ဖြစ်နေလိမ့်မယ်လို့..မင်းမစဥ်းစားမိဘူး..မဟုတ်လား...အဖြေပေးတယ်ဆိုတာ...ချစ်တယ်လည်း..ဖြစ်နိုင်သလို..မချစ်ဘူးလဲဖြစ်နိုင်တာကို...ဘာလို့များ ထည့်မတွေးမိရတာလဲ.....ချစ်ရိပ်က..မင်းကိုသူငယ်ချင်းထက်..မပိုဘူးဆိုတော့...သူ..သူငယ်ချင်းထက်ပိုတဲ့သူက..ရှိပြီးသားပေါ့.....

ကျွန်တော် သွေးသစ်ကို ဘယ်လိုနှစ်သိမ့်ရပါ့မလဲ။ သူကလေး အတော့်ကိုမျှော်လင့်ထားပုံရသည်။ အနည်းဆုံးတော့ အများကြီးမျှော်လင့်ထားပြီး တစ်ခုမှ ဖြစ်မလာရင် ဘယ်လိုခံစားရလဲဆိုတာ ကိုယ်ကိုတိုင်လည်း ခံစားဖူး၍ သိနေသည်။ သူကလေး ခံနိုင်ရည် ရှိပါ့မလား။ကားပေါ်စရောက်ကတည်းက တိတ်ဆိတ်နေပြီး တစ်ဖက်မှန်ကိုမှီကာ တစ်ချက်တစ်ချက် ရှိုက်သံသဲ့သဲ့လေးကို ကြားမိသည်။ သို့သော်ကျွန်တော့် ရင်ဘတ်ထဲက ရှိုက်သံများကိုတော့ သူဘယ်ကြားပါ့မလဲ။ မင်းငိုရင် မင်းထက်ကိုယ်နှစ်ဆ ခံစားရတယ်ဆိုတာ မင်းမသိတာပဲကောင်းပါတယ်လေ....

"ကို...ကျွန်တော်တို့...Barသွားရအောင်..ကျွန်တော်အကုန်လုံးကို..မေ့ပစ်ချင်လို့...ကူညီပါနော်..."
"ကောင်းပြီလေ..သွားတာပေါ့..."

မိုးမချုပ်ပဲ စောစောပြန်လာရန် မှာလိုက်သော ဖေဖေ့စကားများထက် ချစ်တဲ့သူဖြစ်ချင်သော ဆန္ဒတစ်ခုကိုသာ အသာတကြည် လက်ခံလိုက်ရသော သားလိမ္မာတစ်ယောက်ပင်။

Bar ရောက်တော့ သူကလေးကမျာ ဘယ်လောက်များခံစားနေရ၍လည်းမသိ။ တစ်ခွက်ပြီးတစ်ခွက် ဝင်သွားလိုက်သည်မှာ ကြွက်တွင်းထဲရေလောင်းသလို။ ကျွန်တော့်ကိုလည်း တိုက်သေးသည်။

"ကို...သောက်လေဗျာ...လာ...cheer.."
"အေးအေး...cheer..."
သူကျေနပ်စေရန် တစ်ခွက်နှစ်ခွက်မျှ သောက်ပြလိုက်ရသေး။ ကျွန်တော်မှာ ယခုမှ ကလေးအဖေတစ်ယောက်နှယ် သူကလေးကို လိုက်ထိန်းနေရသည်။

ကသည်၊သောက်သည်၊ သိပ်မကြာလိုက်ပါ သူကလေးမှောက်ပြီ။
"သွေးသစ်...သွေးသစ်...ထ..ထလေ..ပြန်ရအောင်နော်..."
"မပြန်ဘူးဗျာ..ထပ်သောက်ဦးမှာ....ဘာလဲ..ကို့မှာ..ပိုက်ဆံမရှိတော့ဘူးလား...ကျွန်တော့်မှာပါပါတယ်ဗျ...."

ထပ်သောက်ဦးမည် ပြောသည့်သူက စကားပင် ဗလုံးဗထွေးဖြစ်နေပြီ။ မျက်လုံးကဖြင့် မပွင့်တော့ပဲ ပါးစပ်ကတော့ ပွစိ ပွစိ
"ကျွန်တော်က...ကစားခံလိုက်ရတာဗျ...ကိုသိလား...သူက...ကျွန်တော့်ကို..တစ်ပတ်ရိုက်သွားတာ...ခံရခက်လိုက်တာဗျာ...အပွဲပွဲနွှဲလာခဲ့ပြီး...ချစ်ရိပ်ချိုနဲ့တွေ့မှပဲ...ဟား..ဟား..ဟား...သွားပြီ...သွားပြီ..ဗျ.....ဝေါ့....ဝေါ...အေ့....အေ..."

သွားတာမှ တကယ်ကိုသွားပြီ။ ကျွန်တော့်ပေါင်ပေါ် သူအန်ချလိုက်ပြီ။ ပြီးတော့ သူမဟုတ်သလို
"ကို..သွားဆေးလိုက်...ကျွန်တော်...အိပ်စောင့်နေမယ်..."
"ဘယ်မှမသွားနဲ့နော်...ခုပဲပြန်လာခဲ့မယ်..."

ကျွန်တော်လည်း အမြန်ပင် toilet သို့ထွက်ခဲ့လိုက်သည်။ ပေါင်ပေါ်မှာ အန်ချလိုက်တာ တော်တော်များသည်။ ရေဆေးချလိုက်တော့လည်းမရ။ ကျွန်တော့် အပေါ်ကုတ်အင်္ကျီကို ချွတ်ကာ ခါးတွင် ချည်နှောင်လိုက်ရသည်။ အတတ်နိုင်ဆုံး မြန်မြန်ပင် ထွက်လာလိုက်သည်။ သို့သော် ကျွန်တော် အမြန်ဆုံးထွက်လာသည်ကပင် နောက်ကျနေသလားထင်ရအောင် ထွက်လာလာချင်း မြင်လိုက်ရသော မြင်ကွင်းကြောင့် သေချင်စော်ပင်နံသွားသည်။

မည်သူမှန်းမသိသော သူတစ်ယောက်နှင့် သူကလေးရန်ဖြစ်နေသည်။ ဘာတွေဖြစ်နေမှန်းမသိသော်လည်း ထိုလူကလက်ထဲရှိ တစ်ခုခုနှင့် ရန်မူရန်ပြင်နေသည်ကို ကျွန်တော်မြင်လိုက်သည်။ ထို့ကြောင့် သူကလေး၏ ရှေ့သို့ အမြန်ဝင်လိုက်တော့
"အ..အား....."
"ကို...ဘာဖြစ်သွားတာလဲ....ဟေ့ကောင်...မင်းဘာလုပ်တာလဲ...သေချင်နေပြီလား....လာခဲ့..one by one.. ဆွဲမယ်...သတ္တိ ရှိရင်လာလေကွာ..."

ထိုလူကို လုံခြုံရေးများက လာရောက်ခေါ်ဆောင်သွား၍ တော်သေးသည်။
"ရရဲ့လား...အကို...ဖြစ်ရဲ့လား... "
လုံခြုံရေး တစ်ယောက်က လက်ဖျံတွင် တစ်ခုခုနှင့် ထိုးမိ၍ ကျွန်တော် အနာတရဖြစ်သွားသည်ကို မြင်၍ မေးလိုက်ခြင်းပင်။

"ရတယ်...ဘာမှမဖြစ်ဘူး... "
"ဒါဆို..အကို့လူလည်း..အတော်လေးမူးနေပြီ...ခေါ်သွားလိုက်ပါတော့..အကို..."

ထိုလူသားကို ဘယ်လိုခေါ်ရပါ့မလဲ။ နေရာမှမထပဲ မှောက်နေပြီ။ကျွန်တော့််စကားတော့ နားထောင်သည်ဟု ဆိုရမည်။ ဘယ်မှမသွားနှင့်ဆို၍ ဘယ်မှမသွားပဲ နေရာတွင်ပင် ပြဿနာ ရှာနိုင်သည်လေ တော်ရုံစကေးတော့ မဟုတ်။ဒီအတိုင်း ခေါ်၍မရမှတော့ ထိုလူကလေးကို ကုန်းပိုးရလေပြီ။

ကိုရီးယားကားထဲမှ ဇာတ်ဝင်ခန်းတစ်ချို့လို တွေးမိ၍ တစ်ယောက်တည်း ပြုံးမိသေး။ သူကလေးကတော့ ကျွန်တော့်ကျောပေါ်မှာ အသိကင်းမဲ့စွာ အိပ်ပျော်နေပြီ။ သူကလေးအမူးပြေလျှင်တော့ ပြောထားရဦးမည် ဒီလောက်သွေးဆိုးတဲ့ ကောင်လေး နောက်နောင်ကျွန်တော်မပါလျှင် ဤသို့ မသောက်မိရန်တားရမည်။ချစ်သောသူဖြစ်နေ၍ ကျွန်တော်ကတော့ သူကလေး ဘာလုပ်လုပ် အပြစ်ဟုပင် မထင်မိ။

မင်း..ငါ့မျက်စိရှေ့မှာ...ငိုနေတာထက်...အခုလို..သောင်းကျန်းပေါက်ကွဲလိုက်တာကမှ..ခံသာပါသေးတယ်ကွာ...မင်းအရမ်းပင်ပန်းသွားပြီ..ကလေးရေ....

ကားထဲရောက်တော့ ကျွန်တော်သူကလေးကို သေသေချာချာ နေရာချကာ ခါးပတ်ပတ်ပေးရင်း လာတုန်းက တင်နေသော အကြွေးကိုဆပ်လိုက်မိသည်။ သူကလေး ပါးကို ရွှတ်ခနဲ နမ်းလိုက်မိတော့ သူကလေးလှုပ်လှုပ်ရွရွ ဖြစ်သွားသည်။ ပြီးတော့ ပြန်ငြိမ်ကာ အိပ်ပျော်သွားသည်။

ထို့နောက် ကျွန်တော့်လက်ဖျံကိုကြည့်လိုက်တော့ ထိုလူဆူးချွန်တစ်ခုခုနှင့် ထိုးလိုက်ဟန်ရှိသည်။ ဒဏ်ရာကအတော်လေးကြီးသည်။ တံတောင်ဆစ် မရောက်တရောက်ထိကို ကွဲသွားသည်။ နာရီကြည့်မိတော့ ၁၁နာရီထိုးနေပြီ။ ခေါင်းနပန်းကြီးသွားရသည်။ ဒီအချိန်မှ ပြန်ရောက်ရင်တော့ သေချာသည်က ဖေဖေ့လက်သီးက ကျွန်တော့်ကိုစောင့်ကြိုနေမည်မှာ မလွဲပေ။ လောလောဆယ် တော့ ကားသာမောင်းလာလိုက်တော့သည်။

သူကလေး အိမ်ရောက်တော့ ညနေတည်းက ဘယ်သူမျှ မတွေ့သလို အခုလည်း ဘယ်သူမျှမရှိချေ။ တော်ပါသေးရဲ့ ဟုတွေးကာ သူကလေးကို ကားထဲမှ အိပ်ခန်းဆီသို့ နောက်တစ်ကြိမ် ကိုရီးယားကားရိုက်ရပြန်ပြီ။ သေသေချာချာ လုံလုံခြုံခြုံ ထားပြီးမှ ကျွန်တော်ပြန်ထွက်လာခဲ့သည်။ အချိန်ကြည့်မိတော့ ၁၂ နာရီထိုးပြီးပြီ။ ပေါက်တဲ့နဖူး မထူးတော့ပြီမို့ မနက်ကျမှပဲ တစ်အိမ်ကျော်တွင်ရှိသော ကျွန်တော့်အိမ်သို့် ပြန်ရန်ဆုံးဖြတ်လိုက်တော့သည်။ ဖုန်းထဲတွင် အိမ်ဖုန်း၊ ဖေဖေ့ဖုန်း၊ မေမေ့ဖုန်းများက တစ်လှည့်စီ အလှည့်ကျ ဝင်နေမည်မှာ ကြည့်စရာမလိုအောင် သေချာနေသည်။

ဧည့်ခန်းရှိခုံတွင်ပင် လှဲလိုက်ကာ မနက်မိုးလင်းအောင် စောင့်ရမည်ဖြစ်သောကြောင့် မျက်လုံးများမှိတ်ကာ ခဏလောက် အနားယူမိလိုက်တော့သည်။

&&&&&&&&&&&&

တစ်နေ့လုံးမည်မျှ ပင်ပန်းနေ၍လည်း မသိ။ အတော်ကလေး အိပ်ပျော်သွားသည်။ မျက်လုံးဖွင့်ကြည့်မိလိုက်တော့ ကျွန်တော့်ကိုကြည့်ကာ တစ်ရှုံ့ရှုံ့ဖြစ်နေသော သူကလေးကြောင့် မျက်လုံးများ နှစ်ဆလောက်ပြူးကျယ်သွားရသည်။

"မင်းငိုနေတာလား...သွေးသစ်...ဘာဖြစ်လို့လဲ... မေ့လို့မရသေးဘူးလား...."
"ဟင့်အင်း...မေ့မရလို့ငိုနေတာ..မဟုတ်ဘူး..."
"ဒါဖြင့်ဘာလို့လဲ...."
"ကို့..ကြောင့်..ပေါ့..."
"ငါ့ကြောင့်....ငါဘာလုပ်လို့လဲ...."
"ဘာမှမလုပ်လို့ပေါ့...."
"ဘာရယ်....."

"ဟုတ်တယ်လေ...ညကကျွန်တော်အရမ်းမူးပြီး...ကို့အပေါ်အန်ချလိုက်တယ်...ပြီးတော့..ကျွန်တော်ရန်ဖြစ်လို့..ကို့လက်မှာ..ဒဏ်ရာရသွားသေးတယ်..ကျွန်တော့်ကိုလည်း..တစ်ချိန်လုံး ကုန်းပိုးလာရသေးတယ်..မဟုတ်လား....ခုတော့...ကိုပြန်ရင်..ကို့ဖေဖေက..ကို့ကို...လက်သီးစာကျွေးမှာသေချာတယ်...အားလုံးကျွန်တော့်ကြောင့်...ညကတည်းက..ကို..ကျွန်တော့်ကို..တစ်ချက်နှစ်ချက်လောက်..အသိဝင်အောင်ထိုးလိုက်သင့်တာ......"
"ဟား..ဟား...မင်းအကုန်လုံးကိုမှတ်မိတယ်...မူးနေတဲ့လူကဘယ်လိုများ...အကုန်သိနေရတာလဲ..."
"ကျွန်တော်က..မူးပဲမူးတာလေ..ရူးနေတာမှမဟုတ်ပဲ...ပြီးတော့..ကို...ကားပေါ်မှာ..ကျွန်တော့်..ပါးကို..."

"အ...အား....."
သူခိုးလူမိလို့တော့ ဘယ်ရမလဲ။ ဒီတစ်ခါတော့ မြန်မာကားရိုက်ရပြီ။
"ကို့..လက်က...တော်တော်နာနေမှာပဲ...ဆေးခန်း သွားမလား...."
"ဟင့်အင်း...အရက်ပြန်ရှိလား...ပတ်တီးတို့...ဆေးတို့ရော...ရှိလား..."
"ရှိတယ်...ကျွန်တော်လုပ်ပေးမယ်နော်...."
"........"

"အ..အ...အ....." ကျီးကန်းအော်သံမဟုတ်သော လင်းအံ့ အော်သံပင်။
" sorry... ကို...အရမ်းစပ်သွားလား...ဖြည်းဖြည်းလုပ်ပေးမယ်နော်..."
"အင်း..."

ကျွန်တော့် ဒဏ်ရာကို တယုတယ ဆေးထည့်ပေးနေသော သူကလေးကို တစ်စိမ့်စိမ့်ကြည့်နေမိတာ ကျွန်တော်တရားရဲ့လား။

"ပတ်တီးစည်းမယ်နော်....ရေမထိစေနဲ့နော်..ကို..."
"အင်းပါ...."

အားလုံးပြီးသွားတော့ ကျွန်တော်အိမ်သို့ ချီတက်ရတော့မည်။ ဟူး......သက်ပြင်းတစ်ချက်ချမိသည်။

"ဖြစ်ရဲ့လား...ကို...ကျွန်တော်..အန်ကယ့်ကို..ရှင်းပြပေးရမလား..."
"နေနေ...ရတယ်...ယောကျာ်း ပဲကွာ..လုပ်ရဲရင် ခံရဲရမှာပေါ့...."
"တော်သေးတယ်...ကျွန်တော့်ဖေဖေက...နယ်ထွက်သွားလို့...ဒီပုံနဲ့ဆို..ကျွန်တော်လည်း..အထုပ်ပြင်ပြီးဆင်းရမှာ..မေမေ့အိမ်ကို...."

သွားဖွေးဖွေးလေးများပေါ်အောင် သူကလေးရယ်လေပြီ။ ကျွန်တော် သူကလေးကို ထားခဲ့ကာ ပြန်ရန်အားရှိသွားလေပြီ။ သူကလေးခေါင်းကို တစ်ချက်ပုတ်လိုက်ကာ
"ကို..သွားပြီ......"

နှေးကွေးလေးလံလွန်းသော ခြေလှမ်းများဖြင့် အိမ်သို့လျှောက်လာခဲ့သည်။

မျှော်လင့်ထားသည့် အတိုင်းပင် ဖေဖေ့လက်သီးတွေက ကျွန်တော့်အတွက် ညကတည်းက စောင့်ဆိုင်းနေရ၍ထင် တော်တော်လေးပြင်းပြီး အချက်ရေလည်း များစွာ မျက်နှာပေါ်သို့ လာရောက်ကျီစားကြသည်။
မေမေလည်း မတားနိုင်တော့ပေ။ကျွန်တော့်လက်မှ ဒဏ်ရာကိုတော့ မည်သူမျှ မမြင်စေရန် ကုတ် အင်္ကျီ ဝတ်ထား၍သာ။ မိဘနှင့်သားသမီးပဲမဟုတ်လား အသေတော့ မသတ်မှန်းသိထားသည်လေ။

ကျွန်တော်အခန်းထဲရောက်မှ အပေါ်အင်္ကျီများ ချွတ်လိုက်တော့ နောက်မှဝင်လာသော ညီမလေး က ကျွန်တော့်ဒဏ်ရာကိုမြင်သွားလေသည်။

"ကိုကို...ဘာဖြစ်လာတာလဲ... မှန်မှန်ပြော.. မဟုတ်ရင်..ဖေဖေ နှင့်ပြန်ပြောမှာ...."

အမှန်အတိုင်းသာ ပြောပြလိုက်ရသည်။သို့သော် ကျွန်တော်ပြောသည့် အမှန်တရားထဲတွင် သွေးသစ်နှင့် ချစ်ရိပ်ကိစ္စတော့ မပါချေ။

"ကိုကိုရယ်...ကိုသွေးအတွက်နဲ့...ဒီလောက်တောင်..အနစ်နာခံရတာလား...ဒဏ်ရာလည်းရ...ဖေဖေထိုးတာလည်းခံရ..ညမထွက်ရအမိန့်တောင်..ထပ်တိုးသွားပြီ...အံ့သြပါရဲ့..ကိုကိုရယ်...."

သို့သော် ညီမလေး ကကျွန်တော့် ဒဏ်ရာအကြောင်း ဖေဖေနှင့်မေမေကိုမပြောချေ။ ညီမလေး ကိစ္စတုန်းကလည်း ခရီးသွားနေသောဖေဖေ့ကို ကျွန်တော်နှင့် မေမေက အသိမပေးခဲ့ဘူး မဟုတ်လား။ လိမ္မာ လာပြီ ညီမလေး ..ကိုကိုကတိတည်နိုင်အောင်..ကြိုးစားပါ့မယ်..ညီမလေးရယ်.............................................

&&&&&&&&&&&&&&&&&&&&&&&&

Thank you everyone 😘😘😘

&&&&&&&&&&&&&&&&&&&&&&&&

(Zawgyi)

ေမ့ေဖ်ာက္မရေသာ စကားမ်ားကနားထဲတြင္ ထပ္ခါတစ္လဲလဲ ပဲ့တင္ထပ္ေနသည္။ 'ကို..သူနဲ႕ေဝးေဝးေနေပးလို႔..မရဘူးလား..' တဲ့ တစ္ခ်ိဳ႕ေသာစကားေတြက ေျပာလိုက္ေသာ လူအတြက္ေတာ့ ဘာမွမဟုတ္ေပမယ့္ အေျပာခံလိုက္ရတဲ့သူအတြက္ကေတာ့....

ထိုခရီးမွျပန္လာၿပီးကတည္းက ကြၽန္ေတာ္တို႔သုံးေယာက္လုံး မဆုံျဖစ္ၾကေတာ့ေခ်။ ခ်စ္ရိပ္သည္ပင္ အိမ္ကိုမၾကာခဏ လာျခင္းမရွိေတာ့ေပ။ ဘာသာစကားသင္တန္းတစ္ခု သူမ တက္ေနသည္ဟု ေမေမတို႔ေျပာသည္ကိုေတာ့ ၾကားသည္။ သို႔ေသာ္ မသိခ်င္၍ ေသခ်ာမေမးျဖစ္ခဲ့။

သိခ်င္ျမင္ခ်င္ေသာ သူကေလးအေၾကာင္းက်ေတာ့ ေျပာျပမည့္သူ မရွိေခ်။ သူကေလးကလည္း ဖုန္းမဆက္၊အိမ္လည္းမလာေတာ့ ခက္ၿပီေလ။ အနည္းဆုံးေတာ့ သူကေလးက ကြၽန္ေတာ္စိတ္ဆိုးေနသည္ကို သိၿပီး လာေခ်ာ့သင့္သည္မဟုတ္လား။ ကြၽန္ေတာ့္ဘက္ကေတာ့ စၿပီးမဆက္သြယ္ဘူးဟု ဆုံးျဖတ္ထားသည္။ သို႔ေသာ္ တစ္ခါတစ္ရံ သူကေလးကို ေတြ႕ခ်င္ ျမင္ခ်င္စိတ္က တားမရ၍ သူကေလးအိမ္ေရွ႕သို႔ မသိမသာေရာက္ေသာ္လည္း မေတြ႕ရ။ ေနနိုင္လိုက္တာ ဟုလည္း အျပစ္မတင္ခ်င္ေပ၊ ကြၽန္ေတာ္ကိုယ္တိုင္ကလည္း ေနနိုင္ေအာင္ ေနသင့္သည္ မဟုတ္လား။

ထို႔ေၾကာင့္လည္း ခံစားခ်က္မ်ားကို ႀကိတ္မွိတ္ကာ တစ္ေန႕တစ္ေန႕ gym သြားလိုက္၊ ေရကူးလိုက္၊ Boxing ထိုးလိုက္ျဖင့္ပင္ အခ်ိန္မ်ားကို ခက္ခက္ခဲခဲ ကုန္ဆုံးေနရသည္။ ေဖေဖကေတာ့ ေန႕တိုင္းကိုယ့္အလုပ္ႏွင့္ကိုယ္ရႈပ္ေနေသာ ကြၽန္ေတာ့္ကို အျမင္မၾကည္ခ်င္ေတာ့။ အနည္းဆုံးေတာ့ အၿငိမ္းစား အရာရွိတစ္ေယာက္ျဖစ္ေသာေဖေဖက စတင္ၿပီးလုပ္ေဆာင္ေနေသာ သူ၏စီးပြားေရးလုပ္ငန္းမ်ားတြင္ ကြၽန္ေတာ့္ကို ကူညီလုပ္ေဆာင္ေပး ေစလိုသည္။သို႔ေသာ္ စိတ္မပါလွ်င္ ဘာမွ်မလုပ္ခ်င္ေသာ အမူအက်င့္အတိုင္းပင္ ကြၽန္ေတာ္မဆိုင္သလို ေနေနလိုက္သည္။

ဒီေန႕လည္း မိုးလင္းကတည္းက မင္းျပည့္ႏွင့္ boxing ထိုးရန္ခ်ိန္းထား၍ သြားရန္ ျပင္ဆင္ေန ခ်ိန္ ဖုန္းဝင္လာ၍ ၾကည့္လိုက္ရာ 'Thway Thit'
ျဖစ္ေနသည္။ ကိုယ့္မ်က္လုံးကိုပင္ မယုံနိုင္ေအာင္ ျဖစ္ရသည္။ ေမ့ထားနိုင္ၿပီဆိုေသာ အခ်ိန္တြင္မွ သူကေလးက စ၍ ဆက္သြယ္လာသည္ေလ။ ကြၽန္ေတာ္ call ကို cancel လိုက္သည္။ အနည္းဆုံးေတာ့ သူကေလးဘက္က ကြၽန္ေတာ့္ကို ထပ္ခါထပ္ခါ ဆက္သြယ္ျခင္းကို ေမွ်ာ္လင့္မိသည္။

ခဏေနေတာ့ ေနာက္တစ္ခါ ျမည္လာသည္။ သူကေလးပဲ ျဖစ္ေနသည္။ cancel လိုက္ျပန္သည္။ အမွန္ေတာ့ ကြၽန္ေတာ္ဖုန္းကိုကိုင္ကာ သူကေလးေခၚေလတိုင္း အဆင္သင့္ ခ်ပစ္ရန္ေစာင့္ေနျခင္းပင္။ တစ္ခါတစ္ေလေတာ့ လည္း ထိုသို႔ျပဳမူရသည္က ေပ်ာ္စရာေကာင္းသား။

ငါးႀကိမ္ေျမာက္ဖုန္းေခၚဆိုမႈတြင္ေတာ့ မေနနိုင္သည့္အဆုံး ဖုန္းကိုင္လိုက္ေတာ့သည္။

"ကို..ဘာလို႔ခ်ခ်ပစ္တာလဲ...ကြၽန္ေတာ့္ကိုစိတ္ဆိုးမေျပေသးဘူးလား...." သူကေလးေျပာေလၿပီ။
"ဘာေျပာမလို႔လဲ... ေျပာေလ.... "
"ကြၽန္ေတာ္...ဒီ ညေနသြားစရာရွိတယ္...ကို..လိုက္ခဲ့ပါလား...."
"ဘယ္ကိုလဲ...?.."
"(....).restaurantကို...ညေနစာစားဖို႔...ခ်ိန္းထားလို႔"
"ဘာလိုက္လုပ္ရမွာလဲ...ဘယ္သူနဲ႕ခ်ိန္းထားလို႔လဲ...."
"ခ်စ္ရိပ္နဲ႕......"
"ဘာ....."
"ဟုတ္တယ္...ခ်စ္ရိပ္က...ဒီညေန...အေျဖေပးမယ္တဲ့....ကြၽန္ေတာ္တစ္ေယာက္တည္းမသြားရဲလို႔...ကို..လိုက္ခဲ့ပါလား...."

ခ်စ္ရိပ္က...သူကေလးကို..အေျဖေပးမယ္ဆိုေတာ့...သူတို႔ႏွစ္ေယာက္ မၾကာခင္..ခ်စ္သူေတြ..ျဖစ္ေတာ့မွာေပါ့....ၾကယ္စင္...ၾကယ္စင္အတြက္ေရာ...မျဖစ္ဘူး...ငါဘာလုပ္ရမလဲ....ေသြးသစ္က...ခ်စ္ရိပ္အတြက္မဟုတ္ဘူး.....

"ကို...ကြၽန္ေတာ္ေမးတာေျဖဦးေလ...လိုက္ခဲ့ပါလို႔..ေနာ္..."
"လြတ္လြတ္လပ္လပ္... ႏွစ္ေယာက္ တည္း..ေျပာရမယ့္..ကိစၥ မဟုတ္လား...ငါမလိုက္ခ်င္ဘူး...."

ကြၽန္ေတာ္ ရင္မဆိုင္ဝံ့ေပ။ ဘယ္လိုအင္အားမ်ိဳးႏွင့္ မွ သူတို႔ႏွစ္ေယာက္ ခ်စ္သူျဖစ္သြားမည္ကို ထိုင္မၾကည့္နိုင္။ၾကယ္စင္ရယ္...အကိုတစ္ေယာက္အေနနဲ႕...ေပးထားတဲ့ ..ကတိကို..ဘယ္လိုတည္ေအာင္လုပ္ေပးရမွာလဲ....ခုေတာ့...ငါအေၾကာက္ဆုံးအေျခအေနတစ္ခုကိုေရာက္လာၿပီပဲ.....

"ကို...လိုက္ခဲ့ပါေနာ္...ကို...ကားထဲမွာပဲ..ေနခဲ့ေလ..ကြၽန္ေတာ္သူနဲ႕..ႏွစ္ေယာက္တည္း..သြားေတြ႕မွာပါ..ကို..ပါလာတယ္ဆိုတဲ့..အသိနဲ႕တင္..ကြၽန္ေတာ့္ကို..အင္အားေတြျဖစ္ေစမွာ...."
"မလိုက္ခ်င္ဘူးကြာ......"
"ကြၽန္ေတာ့္ကို..မသနားဘူးလား..ကိုရယ္...လိုက္ခဲ့ပါေနာ္....."

ကေလးရယ္...မင္းဆီက..ေတာင္းပန္တဲ့အသံကို..ကိုယ္မခံနိုင္ဘူးဆိုတာ..မင္းမသိေသးပဲကိုး....
"ဘယ္အခ်ိန္သြားမွာလဲ....."

ေပ်ာ္သြားေသာေလသံျဖင့္
"ညေန ၆ နာရီ....ကြၽန္ေတာ္လာေခၚမယ္...ကို..ေစာင့္ေနေနာ္..."
"မင္းမလာခဲ့နဲ႕...မင္းအိမ္ကို..ငါလာခဲ့မယ္..."
"Okayေလ..ကြၽန္ေတာ္ေမွ်ာ္ေနမယ္ေနာ္...." ဟုဆိုကာ ဖုန္းခ်သြားေလသည္။

သူကေလးကေတာ့ ဖုန္းခ်သြားေပမယ့္ ဖုန္းကိုနားတြင္ကပ္လ်က္ ငုတ္တုတ္ေမ့ေနသူက ကြၽန္ေတာ္။ခ်စ္ရိပ္က ေသြးသစ္ကို ဘာလို႔ဒီေလာက္ထိ ျမန္ျမန္အေျဖေပးဖို႔ ခ်ိန္းရတာလဲ? ၿပီးေတာ့ သူကေသြးသစ္ကို တကယ္ေရာခ်စ္လို႔လား? ခ်စ္ရိပ္ႏွင့္ ေသြးသစ္ကခ်စ္သူေတြ ျဖစ္လို႔မျဖစ္ဘူး...ငါဘာဆက္လုပ္ရမလဲ..လမ္းေပ်ာက္သြားေသာ..လူတစ္ေယာက္ႏွယ္....

ေသြးသစ္ဖုန္းဆက္ၿပီးခ်ိန္မွ စ၍ ကြၽန္ေတာ္ ေျခမကိုင္မိ ၊လက္မကိုင္မိ ျဖစ္ေနသည္။ မင္းျပည့္ႏွင့္ boxing ထိုးရန္ ခ်ိန္းဆိုထားသည္ကိုပင္ မသြားျဖစ္ေတာ့ေခ်။ အေမွာင္ထဲ ခဲပစ္ရသလို၊ ခ်စ္ရိပ္က ခ်စ္တယ္လို႔ေျပာမွာလား?မခ်စ္ဘူးလို႔ေျပာမွာလား? ျဖစ္နိုင္ရင္ေတာ့ မခ်စ္ဘူး ဟုေျပာဖို႔သာ ေမွ်ာ္လင့္ေနရသည္။ သို႔ေပမယ့္ ထိုအရာကလည္း မေသခ်ာေခ်။

အခ်ိန္ေတြကဘာလို႔ ဒီေန႕မွ အကုန္ျမန္ေနရတာလဲ?
ကြၽန္ေတာ္လည္း သူကေလးကိုလိုက္မည္ဟု ေျပာလိုက္ေသာေၾကာင့္ မလႊဲသာ၍ ျပင္ဆင္ရၿပီေလ။တိုက္တိုက္ဆိုင္ဆိုင္ ဒီေန႕မွ ေဖေဖကလည္း အိမ္မွာရွိေနသည္။အျပင္သြားရန္ ဆင္းလာေသာ ကြၽန္ေတာ့္ကို ေဖေဖက
"ဒါကဘယ္လဲ...."
"ေသြးသစ္နဲ႕...အျပင္ခဏသြားမလို႔ပါ..ေဖေဖ...သိပ္မၾကာပါဘူး..."
"ျမန္ျမန္သြား...ျမန္ျမန္ျပန္လာ...မိုးသိပ္မခ်ဳပ္ေစနဲ႕...ၾကားလား..."
"ဟုတ္ကဲ့....."

University ေက်ာင္းသားႀကီးတစ္ေယာက္ ျဖစ္ေန၍ ယခင္ကလိုေတာ့ ေဖေဖက သိပ္မခ်ဳပ္ခ်ယ္ေတာ့။

သူကေလးအိမ္ေရာက္ေတာ့ ညေန၆နာရီ ထိုးေနၿပီ။ ဧည့္ခန္းထဲ မွာကြၽန္ေတာ္ေစာင့္ေနတုန္း သူကေလးထြက္လာသည္။ မျမင္ရတာၾကာ၍ထင္ သူကေလး မ်က္ႏွာက ပို၍ ရွင္းသန႔္ကာေတာက္ပေနသည္။ မိုးျပာေရာင္ ရွပ္အကၤ်ီအေပၚထပ္ေလးကို ဂ်င္းနက္ျပာေရာင္ ေဘာင္းဘီ​ေလး ႏွင့္ ရွင္းသန့္ေနသည္။

ကားေသာ့ေပး၍ ကြၽန္ေတာ္ ေမာင္းရေတာ့မည္ပင္။ ကားထြက္ခါနီး ထိုလူကေလးကို ၾကည့္လိုက္ေတာ့ ဘယ္ေလာက္ေတာင္ အေပ်ာ္လြန္ေနသလဲလို႔ ထိုင္ခုံခါးပတ္မပတ္ရေသး။ တစ္ခုခုကိုေတြးေနသည့္ပုံ ရွိ၍ခါးပတ္ပတ္ရန္ မေျပာေတာ့ပဲ ကိုယ္တိုင္ပင္ ပတ္ေပးရန္ သူကေလးထိုင္ခုံ တစ္ဖက္ရွိ ခါးပတ္ႀကိဳးကို ဆြဲလိုက္စဥ္ သူကေလးမ်က္ႏွာေလးကို ေနာက္တစ္ႀကိမ္ ထပ္၍ အနီးကပ္ျမင္လိုက္ရေတာ့ ရင္ေတြခုန္လာျပန္သည္။ေသြးေၾကာစိမ္းစိမ္းကေလးမ်ား တစ္ခုႏွင့္တစ္ခု ယွက္ေနကာ ခြၽန္ေနေသာႏွာတံစင္းစင္းေလး ျဖဴႏုေနေသာ အသားအေရာင္ေလးေတြက ကြၽန္ေတာ့္စိတ္ကို တမင္ဆြကာ ေနာက္ေျပာင္ေနသလို

"ေပး...ကို...ကြၽန္ေတာ္ကိုယ့္ဘာသာကိုယ္...ပတ္လိုက္မယ္...ေမာင္းေတာ့ေလ..."
"ေၾသာ္...အင္း..အင္း..."

ကို..ကြၽန္ေတာ္..ခ်စ္ရိပ္ဆီက..အေျဖရလို႔..သူနဲ႕ ခ်စ္သူေတြျဖစ္သြားရင္..ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံး..လူမွန္ေနရာမွန္..ျဖစ္သြားမွာပါ...

&&&&&&&&&&&

သြားၿပီ....ေသြးသစ္..မင္းေတာ့သြားၿပီ...ခ်စ္ရိပ္ရဲ႕အေျဖဟာ No..ျဖစ္ေနလိမ့္မယ္လို႔..မင္းမစဥ္းစားမိဘူး..မဟုတ္လား...အေျဖေပးတယ္ဆိုတာ...ခ်စ္တယ္လည္း..ျဖစ္နိုင္သလို..မခ်စ္ဘူးလဲျဖစ္နိုင္တာကို...ဘာလို႔မ်ား ထည့္မေတြးမိရတာလဲ.....ခ်စ္ရိပ္က..မင္းကိုသူငယ္ခ်င္းထက္..မပိုဘူးဆိုေတာ့...သူ..သူငယ္ခ်င္းထက္ပိုတဲ့သူက..ရွိၿပီးသားေပါ့.....

ကြၽန္ေတာ္ ေသြးသစ္ကို ဘယ္လိုႏွစ္သိမ့္ရပါ့မလဲ။ သူကေလး အေတာ့္ကိုေမွ်ာ္လင့္ထားပုံရသည္။ အနည္းဆုံးေတာ့ အမ်ားႀကီးေမွ်ာ္လင့္ထားၿပီး တစ္ခုမွ ျဖစ္မလာရင္ ဘယ္လိုခံစားရလဲဆိုတာ ကိုယ္ကိုတိုင္လည္း ခံစားဖူး၍ သိေနသည္။ သူကေလး ခံနိုင္ရည္ ရွိပါ့မလား။ကားေပၚစေရာက္ကတည္းက တိတ္ဆိတ္ေနၿပီး တစ္ဖက္မွန္ကိုမွီကာ တစ္ခ်က္တစ္ခ်က္ ရွိုက္သံသဲ့သဲ့ေလးကို ၾကားမိသည္။ သို႔ေသာ္ကြၽန္ေတာ့္ ရင္ဘတ္ထဲက ရွိုက္သံမ်ားကိုေတာ့ သူဘယ္ၾကားပါ့မလဲ။ မင္းငိုရင္ မင္းထက္ကိုယ္ႏွစ္ဆ ခံစားရတယ္ဆိုတာ မင္းမသိတာပဲေကာင္းပါတယ္ေလ....

"ကို...ကြၽန္ေတာ္တို႔...Barသြားရေအာင္..ကြၽန္ေတာ္အကုန္လုံးကို..ေမ့ပစ္ခ်င္လို႔...ကူညီပါေနာ္..."
"ေကာင္းၿပီေလ..သြားတာေပါ့..."

မိုးမခ်ဳပ္ပဲ ေစာေစာျပန္လာရန္ မွာလိုက္ေသာ ေဖေဖ့စကားမ်ားထက္ ခ်စ္တဲ့သူျဖစ္ခ်င္ေသာ ဆႏၵတစ္ခုကိုသာ အသာတၾကည္ လက္ခံလိုက္ရေသာ သားလိမၼာတစ္ေယာက္ပင္။

Bar ေရာက္ေတာ့ သူကေလးကမ်ာ ဘယ္ေလာက္မ်ားခံစားေနရ၍လည္းမသိ။ တစ္ခြက္ၿပီးတစ္ခြက္ ဝင္သြားလိုက္သည္မွာ ႂကြက္တြင္းထဲေရေလာင္းသလို။ ကြၽန္ေတာ့္ကိုလည္း တိုက္ေသးသည္။

"ကို...ေသာက္ေလဗ်ာ...လာ...cheer.."
"ေအးေအး...cheer..."
သူေက်နပ္ေစရန္ တစ္ခြက္ႏွစ္ခြက္မွ် ေသာက္ျပလိုက္ရေသး။ ကြၽန္ေတာ္မွာ ယခုမွ ကေလးအေဖတစ္ေယာက္ႏွယ္ သူကေလးကို လိုက္ထိန္းေနရသည္။

ကသည္၊ေသာက္သည္၊ သိပ္မၾကာလိုက္ပါ သူကေလးေမွာက္ၿပီ။
"ေသြးသစ္...ေသြးသစ္...ထ..ထေလ..ျပန္ရေအာင္ေနာ္..."
"မျပန္ဘူးဗ်ာ..ထပ္ေသာက္ဦးမွာ....ဘာလဲ..ကို႔မွာ..ပိုက္ဆံမရွိေတာ့ဘူးလား...ကြၽန္ေတာ့္မွာပါပါတယ္ဗ်...."

ထပ္ေသာက္ဦးမည္ ေျပာသည့္သူက စကားပင္ ဗလုံးဗေထြးျဖစ္ေနၿပီ။ မ်က္လုံးကျဖင့္ မပြင့္ေတာ့ပဲ ပါးစပ္ကေတာ့ ပြစိ ပြစိ
"ကြၽန္ေတာ္က...ကစားခံလိုက္ရတာဗ်...ကိုသိလား...သူက...ကြၽန္ေတာ့္ကို..တစ္ပတ္ရိုက္သြားတာ...ခံရခက္လိုက္တာဗ်ာ...အပြဲပြဲႏႊဲလာခဲ့ၿပီး...ခ်စ္ရိပ္ခ်ိဳနဲ႕ေတြ႕မွပဲ...ဟား..ဟား..ဟား...သြားၿပီ...သြားၿပီ..ဗ်.....ေဝါ့....ေဝါ...ေအ့....ေအ..."

သြားတာမွ တကယ္ကိုသြားၿပီ။ ကြၽန္ေတာ့္ေပါင္ေပၚ သူအန္ခ်လိဳက္ၿပီ။ ၿပီးေတာ့ သူမဟုတ္သလို
"ကို..သြားေဆးလိုက္...ကြၽန္ေတာ္...အိပ္ေစာင့္ေနမယ္..."
"ဘယ္မွမသြားနဲ႕ေနာ္...ခုပဲျပန္လာခဲ့မယ္..."

ကြၽန္ေတာ္လည္း အျမန္ပင္ toilet သို႔ထြက္ခဲ့လိုက္သည္။ ေပါင္ေပၚမွာ အန္ခ်လိဳက္တာ ေတာ္ေတာ္မ်ားသည္။ ေရေဆးခ်လိဳက္ေတာ့လည္းမရ။ ကြၽန္ေတာ့္ အေပၚကုတ္အကၤ်ီကို ခြၽတ္ကာ ခါးတြင္ ခ်ည္ႏွောင္လိုက္ရသည္။ အတတ္နိုင္ဆုံး ျမန္ျမန္ပင္ ထြက္လာလိုက္သည္။ သို႔ေသာ္ ကြၽန္ေတာ္ အျမန္ဆုံးထြက္လာသည္ကပင္ ေနာက္က်ေနသလားထင္ရေအာင္ ထြက္လာလာခ်င္း ျမင္လိုက္ရေသာ ျမင္ကြင္းေၾကာင့္ ေသခ်င္ေစာ္ပင္နံသြားသည္။

မည္သူမွန္းမသိေသာ သူတစ္ေယာက္ႏွင့္ သူကေလးရန္ျဖစ္ေနသည္။ ဘာေတြျဖစ္ေနမွန္းမသိေသာ္လည္း ထိုလူကလက္ထဲရွိ တစ္ခုခုႏွင့္ ရန္မူရန္ျပင္ေနသည္ကို ကြၽန္ေတာ္ျမင္လိုက္သည္။ ထို႔ေၾကာင့္ သူကေလး၏ ေရွ႕သို႔ အျမန္ဝင္လိုက္ေတာ့
"အ..အား....."
"ကို...ဘာျဖစ္သြားတာလဲ....ေဟ့ေကာင္...မင္းဘာလုပ္တာလဲ...ေသခ်င္ေနၿပီလား....လာခဲ့..one by one.. ဆြဲမယ္...သတၱိ ရွိရင္လာေလကြာ..."

ထိုလူကို လုံၿခဳံေရးမ်ားက လာေရာက္ေခၚေဆာင္သြား၍ ေတာ္ေသးသည္။
"ရရဲ႕လား...အကို...ျဖစ္ရဲ႕လား... "
လုံၿခဳံေရး တစ္ေယာက္က လက္ဖ်ံတြင္ တစ္ခုခုႏွင့္ ထိုးမိ၍ ကြၽန္ေတာ္ အနာတရျဖစ္သြားသည္ကို ျမင္၍ ေမးလိုက္ျခင္းပင္။

"ရတယ္...ဘာမွမျဖစ္ဘူး... "
"ဒါဆို..အကို႔လူလည္း..အေတာ္ေလးမူးေနၿပီ...ေခၚသြားလိုက္ပါေတာ့..အကို..."

ထိုလူသားကို ဘယ္လိုေခၚရပါ့မလဲ။ ေနရာမွမထပဲ ေမွာက္ေနၿပီ။ကြၽန္ေတာ့္္စကားေတာ့ နားေထာင္သည္ဟု ဆိုရမည္။ ဘယ္မွမသြားႏွင့္ဆို၍ ဘယ္မွမသြားပဲ ေနရာတြင္ပင္ ျပႆနာ ရွာနိုင္သည္ေလ ေတာ္႐ုံစေကးေတာ့ မဟုတ္။ဒီအတိုင္း ေခၚ၍မရမွေတာ့ ထိုလူကေလးကို ကုန္းပိုးရေလၿပီ။

ကိုရီးယားကားထဲမွ ဇာတ္ဝင္ခန္းတစ္ခ်ိဳ႕လို ေတြးမိ၍ တစ္ေယာက္တည္း ၿပဳံးမိေသး။ သူကေလးကေတာ့ ကြၽန္ေတာ့္ေက်ာေပၚမွာ အသိကင္းမဲ့စြာ အိပ္ေပ်ာ္ေနၿပီ။ သူကေလးအမူးေျပလွ်င္ေတာ့ ေျပာထားရဦးမည္ ဒီေလာက္ေသြးဆိုးတဲ့ ေကာင္ေလး ေနာက္ေနာင္ကြၽန္ေတာ္မပါလွ်င္ ဤသို႔ မေသာက္မိရန္တားရမည္။ခ်စ္ေသာသူျဖစ္ေန၍ ကြၽန္ေတာ္ကေတာ့ သူကေလး ဘာလုပ္လုပ္ အျပစ္ဟုပင္ မထင္မိ။

မင္း..ငါ့မ်က္စိေရွ႕မွာ...ငိုေနတာထက္...အခုလို..ေသာင္းက်န္းေပါက္ကြဲလိုက္တာကမွ..ခံသာပါေသးတယ္ကြာ...မင္းအရမ္းပင္ပန္းသြားၿပီ..ကေလးေရ....

ကားထဲေရာက္ေတာ့ ကြၽန္ေတာ္သူကေလးကို ေသေသခ်ာခ်ာ ေနရာခ်ကာ ခါးပတ္ပတ္ေပးရင္း လာတုန္းက တင္ေနေသာ အေႂကြးကိုဆပ္လိုက္မိသည္။ သူကေလး ပါးကို ႐ႊတ္ခနဲ နမ္းလိုက္မိေတာ့ သူကေလးလႈပ္လႈပ္႐ြ႐ြ ျဖစ္သြားသည္။ ၿပီးေတာ့ ျပန္ၿငိမ္ကာ အိပ္ေပ်ာ္သြားသည္။

ထို႔ေနာက္ ကြၽန္ေတာ့္လက္ဖ်ံကိုၾကည့္လိုက္ေတာ့ ထိုလူဆူးခြၽန္တစ္ခုခုႏွင့္ ထိုးလိုက္ဟန္ရွိသည္။ ဒဏ္ရာကအေတာ္ေလးႀကီးသည္။ တံေတာင္ဆစ္ မေရာက္တေရာက္ထိကို ကြဲသြားသည္။ နာရီၾကည့္မိေတာ့ ၁၁နာရီထိုးေနၿပီ။ ေခါင္းနပန္းႀကီးသြားရသည္။ ဒီအခ်ိန္မွ ျပန္ေရာက္ရင္ေတာ့ ေသခ်ာသည္က ေဖေဖ့လက္သီးက ကြၽန္ေတာ့္ကိုေစာင့္ႀကိဳေနမည္မွာ မလြဲေပ။ ေလာေလာဆယ္ ေတာ့ ကားသာေမာင္းလာလိုက္ေတာ့သည္။

သူကေလး အိမ္ေရာက္ေတာ့ ညေနတည္းက ဘယ္သူမွ် မေတြ႕သလို အခုလည္း ဘယ္သူမွ်မရွိေခ်။ ေတာ္ပါေသးရဲ႕ ဟုေတြးကာ သူကေလးကို ကားထဲမွ အိပ္ခန္းဆီသို႔ ေနာက္တစ္ႀကိမ္ ကိုရီးယားကားရိုက္ရျပန္ၿပီ။ ေသေသခ်ာခ်ာ လုံလုံၿခဳံၿခဳံ ထားၿပီးမွ ကြၽန္ေတာ္ျပန္ထြက္လာခဲ့သည္။ အခ်ိန္ၾကည့္မိေတာ့ ၁၂ နာရီထိုးၿပီးၿပီ။ ေပါက္တဲ့နဖူး မထူးေတာ့ၿပီမို႔ မနက္က်မွပဲ တစ္အိမ္ေက်ာ္တြင္ရွိေသာ ကြၽန္ေတာ့္အိမ္သို႔္ ျပန္ရန္ဆုံးျဖတ္လိုက္ေတာ့သည္။ ဖုန္းထဲတြင္ အိမ္ဖုန္း၊ ေဖေဖ့ဖုန္း၊ ေမေမ့ဖုန္းမ်ားက တစ္လွည့္စီ အလွည့္က် ဝင္ေနမည္မွာ ၾကည့္စရာမလိုေအာင္ ေသခ်ာေနသည္။

ဧည့္ခန္းရွိခုံတြင္ပင္ လွဲလိုက္ကာ မနက္မိုးလင္းေအာင္ ေစာင့္ရမည္ျဖစ္ေသာေၾကာင့္ မ်က္လုံးမ်ားမွိတ္ကာ ခဏေလာက္ အနားယူမိလိုက္ေတာ့သည္။

&&&&&&&&&&&&

တစ္ေန႕လုံးမည္မွ် ပင္ပန္းေန၍လည္း မသိ။ အေတာ္ကေလး အိပ္ေပ်ာ္သြားသည္။ မ်က္လုံးဖြင့္ၾကည့္မိလိုက္ေတာ့ ကြၽန္ေတာ့္ကိုၾကည့္ကာ တစ္ရႈံ႕ရႈံ႕ျဖစ္ေနေသာ သူကေလးေၾကာင့္ မ်က္လုံးမ်ား ႏွစ္ဆေလာက္ျပဴးက်ယ္သြားရသည္။

"မင္းငိုေနတာလား...ေသြးသစ္...ဘာျဖစ္လို႔လဲ... ေမ့လို႔မရေသးဘူးလား...."
"ဟင့္အင္း...ေမ့မရလို႔ငိုေနတာ..မဟုတ္ဘူး..."
"ဒါျဖင့္ဘာလို႔လဲ...."
"ကို႔..ေၾကာင့္..ေပါ့..."
"ငါ့ေၾကာင့္....ငါဘာလုပ္လို႔လဲ...."
"ဘာမွမလုပ္လို႔ေပါ့...."
"ဘာရယ္....."

"ဟုတ္တယ္ေလ...ညကကြၽန္ေတာ္အရမ္းမူးၿပီး...ကို႔အေပၚအန္ခ်လိဳက္တယ္...ၿပီးေတာ့..ကြၽန္ေတာ္ရန္ျဖစ္လို႔..ကို႔လက္မွာ..ဒဏ္ရာရသြားေသးတယ္..ကြၽန္ေတာ့္ကိုလည္း..တစ္ခ်ိန္လုံး ကုန္းပိုးလာရေသးတယ္..မဟုတ္လား....ခုေတာ့...ကိုျပန္ရင္..ကို႔ေဖေဖက..ကို႔ကို...လက္သီးစာေကြၽးမွာေသခ်ာတယ္...အားလုံးကြၽန္ေတာ့္ေၾကာင့္...ညကတည္းက..ကို..ကြၽန္ေတာ့္ကို..တစ္ခ်က္ႏွစ္ခ်က္ေလာက္..အသိဝင္ေအာင္ထိုးလိုက္သင့္တာ......"
"ဟား..ဟား...မင္းအကုန္လုံးကိုမွတ္မိတယ္...မူးေနတဲ့လူကဘယ္လိုမ်ား...အကုန္သိေနရတာလဲ..."
"ကြၽန္ေတာ္က..မူးပဲမူးတာေလ..႐ူးေနတာမွမဟုတ္ပဲ...ၿပီးေတာ့..ကို...ကားေပၚမွာ..ကြၽန္ေတာ့္..ပါးကို..."

"အ...အား....."
သူခိုးလူမိလို႔ေတာ့ ဘယ္ရမလဲ။ ဒီတစ္ခါေတာ့ ျမန္မာကားရိုက္ရၿပီ။
"ကို႔..လက္က...ေတာ္ေတာ္နာေနမွာပဲ...ေဆးခန္း သြားမလား...."
"ဟင့္အင္း...အရက္ျပန္ရွိလား...ပတ္တီးတို႔...ေဆးတို႔ေရာ...ရွိလား..."
"ရွိတယ္...ကြၽန္ေတာ္လုပ္ေပးမယ္ေနာ္...."
"........"

"အ..အ...အ....." က်ီးကန္းေအာ္သံမဟုတ္ေသာ လင္းအံ့ ေအာ္သံပင္။
" sorry... ကို...အရမ္းစပ္သြားလား...ျဖည္းျဖည္းလုပ္ေပးမယ္ေနာ္..."
"အင္း..."

ကြၽန္ေတာ့္ ဒဏ္ရာကို တယုတယ ေဆးထည့္ေပးေနေသာ သူကေလးကို တစ္စိမ့္စိမ့္ၾကည့္ေနမိတာ ကြၽန္ေတာ္တရားရဲ႕လား။

"ပတ္တီးစည္းမယ္ေနာ္....ေရမထိေစနဲ႕ေနာ္..ကို..."
"အင္းပါ...."

အားလုံးၿပီးသြားေတာ့ ကြၽန္ေတာ္အိမ္သို႔ ခ်ီတက္ရေတာ့မည္။ ဟူး......သက္ျပင္းတစ္ခ်က္ခ်မိသည္။

"ျဖစ္ရဲ႕လား...ကို...ကြၽန္ေတာ္..အန္ကယ့္ကို..ရွင္းျပေပးရမလား..."
"ေနေန...ရတယ္...ေယာက်ာ္း ပဲကြာ..လုပ္ရဲရင္ ခံရဲရမွာေပါ့...."
"ေတာ္ေသးတယ္...ကြၽန္ေတာ့္ေဖေဖက...နယ္ထြက္သြားလို႔...ဒီပုံနဲ႕ဆို..ကြၽန္ေတာ္လည္း..အထုပ္ျပင္ၿပီးဆင္းရမွာ..ေမေမ့အိမ္ကို...."

သြားေဖြးေဖြးေလးမ်ားေပၚေအာင္ သူကေလးရယ္ေလၿပီ။ ကြၽန္ေတာ္ သူကေလးကို ထားခဲ့ကာ ျပန္ရန္အားရွိသြားေလၿပီ။ သူကေလးေခါင္းကို တစ္ခ်က္ပုတ္လိုက္ကာ
"ကို..သြားၿပီ......"

ႏွေးေကြးေလးလံလြန္းေသာ ေျခလွမ္းမ်ားျဖင့္ အိမ္သို႔ေလွ်ာက္လာခဲ့သည္။

ေမွ်ာ္လင့္ထားသည့္ အတိုင္းပင္ ေဖေဖ့လက္သီးေတြက ကြၽန္ေတာ့္အတြက္ ညကတည္းက ေစာင့္ဆိုင္းေနရ၍ထင္ ေတာ္ေတာ္ေလးျပင္းၿပီး အခ်က္ေရလည္း မ်ားစြာ မ်က္ႏွာေပၚသို႔ လာေရာက္က်ီစားၾကသည္။
ေမေမလည္း မတားနိုင္ေတာ့ေပ။ကြၽန္ေတာ့္လက္မွ ဒဏ္ရာကိုေတာ့ မည္သူမွ် မျမင္ေစရန္ ကုတ္ အကၤ်ီ ဝတ္ထား၍သာ။ မိဘႏွင့္သားသမီးပဲမဟုတ္လား အေသေတာ့ မသတ္မွန္းသိထားသည္ေလ။

ကြၽန္ေတာ္အခန္းထဲေရာက္မွ အေပၚအကၤ်ီမ်ား ခြၽတ္လိုက္ေတာ့ ေနာက္မွဝင္လာေသာ ညီမေလး က ကြၽန္ေတာ့္ဒဏ္ရာကိုျမင္သြားေလသည္။

"ကိုကို...ဘာျဖစ္လာတာလဲ... မွန္မွန္ေျပာ.. မဟုတ္ရင္..ေဖေဖ ႏွင့္ျပန္ေျပာမွာ...."

အမွန္အတိုင္းသာ ေျပာျပလိုက္ရသည္။သို႔ေသာ္ ကြၽန္ေတာ္ေျပာသည့္ အမွန္တရားထဲတြင္ ေသြးသစ္ႏွင့္ ခ်စ္ရိပ္ကိစၥေတာ့ မပါေခ်။

"ကိုကိုရယ္...ကိုေသြးအတြက္နဲ႕...ဒီေလာက္ေတာင္..အနစ္နာခံရတာလား...ဒဏ္ရာလည္းရ...ေဖေဖထိုးတာလည္းခံရ..ညမထြက္ရအမိန့္ေတာင္..ထပ္တိုးသြားၿပီ...အံ့ၾသပါရဲ႕..ကိုကိုရယ္...."

သို႔ေသာ္ ညီမေလး ကကြၽန္ေတာ့္ ဒဏ္ရာအေၾကာင္း ေဖေဖႏွင့္ေမေမကိုမေျပာေခ်။ ညီမေလး ကိစၥတုန္းကလည္း ခရီးသြားေနေသာေဖေဖ့ကို ကြၽန္ေတာ္ႏွင့္ ေမေမက အသိမေပးခဲ့ဘူး မဟုတ္လား။ လိမၼာ လာၿပီ ညီမေလး ..ကိုကိုကတိတည္နိုင္ေအာင္..ႀကိဳးစားပါ့မယ္..ညီမေလးရယ္.............................................

&&&&&&&&&&&&&&&&&&&&&&&&

Thank you everyone 😘😘😘

&&&&&&&&&&&&&&&&&&&&&&&&

Continue Reading

You'll Also Like

1.1M 100K 142
Authors: Ka Pi Chu, Zhang Pei Wen Xue, Zhen Shai All credits to owner. Translated by Lilac🌺 ❗နာမည်တွေမှားနေပါတယ်၊ အချိန်မအားတာကြောင့်မပြင်ရသေးပါ။ သိ...
567K 20.2K 51
🔞🔞 house slave s2စောင့်မျှော်နေကြလား ဒီတစ်ခါလူပြောင်းသွားပါပြီနော် relationshipဖြစ်ပြီကိုကိုရဲ့စည်းကမ်းတွေနဲ့ညီ့ကိုစည်းကမ်းတကျနေခိုင်းပြီးအပြစ်လုပ်...
3.9M 266K 81
Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင္းငါ့ကိုအရင္ေက်ာခိုင္းရင္ မင္းထားခဲ႔တဲ႔အ...
1.6M 143K 45
Straight စစ္​စစ္​လို႔ခံယူထားရာက​ေန သူငယ္​ခ်င္​း​ေကာင္​းမႈ​ေၾကာင္​့ Fundanshi ျဖစ္​ရာက ~ ​ေကာင္​​ေလး တစ္​​ေယာက္​ကို ျမင္​ျမင္​ခ်င္​း သ​ေဘာက်မိသြား​ေသာ...