"ဂျွန်လေး..သားကြီးလာရင် ဘာဖြစ်ချင်လဲ"
Whiteboardရှေ့မှာ ရပ်နေသည့် ဆရာမက စာအုပ်ကို ကြည့်ရင်း ဂျွန်မြောင့်ကို မေးသည်..။
ငါဘာဖြစ်ချင်တာလဲ...ငါဘာဖြစ်ချင်တာလဲ..
"သားဖြစ်ချင်တာ ဘာမဆို ဖြစ်လို့ရလား..?"
တစ်ခန်းလုံး၏ အကြည့်များက ဂျွန်မြောင့်ဆီရောက်လာသည်..။
"ရတာပေါ့ ဂျွန်လေးရဲ့..ဘာမဆို ရတယ်"
ရုတ်တရပ် ပစ္စည်းများက ဂျွန်မြောင့်ရှေ့ ပြုတ်ကျလာသည်။
ခဲတံများ..စာအုပ်များ...ချိန်ခွင်..ဆေးထိုးအပ်..ကီးဘုတ်...ပန်းပင်များနှင့် အခြားသော ပစ္စည်းများ...။
"ဘာရွေးရမလဲမသိရင် အဲ့ထဲက ကြိုက်တာရွေးလေ"
ခြေထောက်အောက်မှ တစ်ခုချင်းဆီကို ထိကြည့်သော်လည်း ဂျွန်မြောင်သဘောကျတာ တစ်ခုမှမတွေ့..။
"ရှိသေးလားဟင်..?"
"အဲ့ထဲက အကုန်လုံးကို ကြည့်ကြည့်ပါဦး ဂျွန်လေးရဲ့...သားသဘောကျတာ တွေ့ချင်တွေ့မှာပေါ့"
ထိုင်ချကာ တစ်ခုချင်းရွေးရန် ကြံနေစဥ် ကိုကို သုံးနေကျ ဘောပင်က ဂျွန်မြောင့် ဖိနပ်နား လှိမ့်လာသည်။
ဘာကိုမှ သဘောမကျတဲ့အတူတူ ကိုကိုနဲ့ ဆင်တူဆို ပိုကောင်းမှာပဲ..။
ဘောပင်ကို ကောက်ယူကာ ဆရာမကို မော့ကြည့်စဥ် whiteboardဘေးက ဗီဒိုပေါ်တွင် ဘတ်စကတ်ဘောလုံး တစ်လုံးတွေ့လိုက်ရသည်..။
လိမ္မော်ရောင်တောက်နေသော ဘောလုံး..။
ခုနက ဘာလို့ မမြင်မိတာပါလိမ့်...။
"အဲ့ဘောလုံးဆိုရင်ရော..?"
ဘောပင်ကို လွှတ်ချကာ ဂျွန်မြောင်မေးလိုက်တော့ ဆရာမက ဘောလုံးကို သွားယူသည်..။
"ဒါလိုချင်တာ သေချာလား..?"
ခပ်သွက်သွက် ခေါင်းငြိမ့်ပြတော့ ဆရာမက ဘောလုံးကို ပစ်ပေးသည်။
အရှိန်နဲ့ ပြေးလာသည့် ဘောလုံးက ဂျွန်မြောင့်မျက်နှာရှေ့ မရောက်ခင် ပြုတ်ကျသွားသည်..။
ကောက်ယူလိုက်ပေမဲ့ ဘောလုံးက ကော်နှင့်ကပ်ထားသလို မ မရ..။
"သား ယူလို့မရဘူး"
ခေါင်းမော့ကာ ပြောလိုက်တော့ ဆရာမနေရာတွင် ဂိုးတိုင်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
တိတ်ဆိတ်နေသည့် အခန်းက ရုတ်တရပ် ဆူညံလာသည်..။
"ဂင်ဂျွန်မြောင်...ဂင်ဂျွန်မြောင်...ဂင်ဂျွန်မြောင်.."
ပြီးတော့ ဂျွန်မြောင် လန့်နိုးလာခဲ့သည်..။
နိုးနိုးချင်း ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အခန်းထဲက ကုတင်ပေါ်မှာ...။
နှိုးပါဆိုတာကို မနှိုးပဲ အိမ်ပြန်ပို့သွားတယ်ထင်တယ်...။
တစ်ရက်လုံး အိပ်ထားသည်မို့ ကိုက်ခဲနေသောခေါင်းကို ဂျွန်မြောင်အသာဖိရင်း ပြန်အိပ်ဖို့ပြင်တုန်း ဖုန်းမြည်သံကြားလိုက်ရသည်။
"အင်း"
"ဂျွန်လေးရေ...နိုးပြီလား..ဒီနေ့ငါတို့ ချိန်းထားတာ မမေ့နဲ့နော်"
အသံက ရင်းနှီးနေသည်မို့ contactကို ကြည့်လိုက်တော့ အွန်းဟယ်..။
၂၀၀၅ ခုနှစ်ကို ပြန်ရောက်သွားတာလား..?
"အစ်ကို ဒီနေ့ နေမကောင်းလို့ လာလို့မရလောက်ဘူးထင်တယ်"
"လာလိမ်မနေနဲ့"
ဟင်..ဒါက ပထမဆုံး ဒိတ်မဟုတ်ဘူးလား..ဒါမှ မဟုတ် ရန်ဖြစ်ထားကြတာလား..
"အစ်ကိုက တကယ်နေမကောင်းတာပါ အွန်းလေးရဲ့...မနက်ဖြန်မှ တွေ့ကြရအောင်လေ"
အသံကို တတ်နိုင်သမျှ သနားစဖွယ်ဖြစ်အောင်လုပ်ရင်း ချောင်းပါဆိုးပြလိုက်တော့ အွန်းဟယ်က မေးသည်။
"နင် အခုထိ ကောင်းကောင်း မနိုးသေးဘူးလား"
"နိုးနေပါပြီ"
"မဟုတ်မှလွဲရော ဂျွန်လေး..နင်ငါ့ကို အခုထိ သဘောကျနေတုန်းလား..?"
"ဟင်..?"
"ငါလက်ထပ်တော့မယ်ဆိုလို့ အခုလို ဂယောင်ခြောက်ခြားဖြစ်နေတာမလား...ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ...ငါတို့က လမ်းခွဲခဲ့ပြီးပြီလေ.."
"မှတ်မိပြီမို့ အဲ့အချိန်ရောက်ရင်ရပြီမလား"
ပြောချင်ရာပြောနေသော အွန်းဟယ်ကို စကားဖြတ်ကာ အတင်းဖုန်းချလိုက်ရသည်။
အား...ဘယ်လိုတွေတောင် အိပ်ချင်မူးတူးဖြစ်နေလို့ touch screenနဲ့ keypadနဲ့တောင် မခွဲနိုင်ရတော့တာလဲ...အွန်းဟယ်ကတော့ အမြဲစနေတော့မယ်ထင်တယ်...။
မျက်နှာကို လက်နှစ်ဖက်နဲ့အုပ်ကာ ပေါင်ပေါ်မှောက်ရင်း အော်ဟစ်နေတုန်းမှာပဲ ဖုန်းက ထပ်ဝင်လာပြန်သည်။
"အင်း..သိပြီ..သိပြီလို့..သိပြီမို့ အဲ့အချိန်အရောက်လာခဲ့ပါမယ်ဆိုနေ.."
"စီနီယာက တစ်ခြားဖုန်းကို မျှော်နေပုံပဲ..နှောင့်ယှက်သလိုဖြစ်သွားရင် တောင်းပန်ပါတယ်"
အသံသွင်းထားသလို ဆက်တိုက်ပြောရင်း ဖုန်းချသွားသော ကျန်းရီရှင်း..။
အွန်းဟယ်က ထပ်စဖို့ ဆက်တာထင်လို့လေ..ရီရှင်းက ဘာလို့ ဒေါသထွက်သွားတာလဲ..?
အဲ့တာထက် ရီရှင်းက ဘာလို့ မနက်အစောကြီး ဖုန်းဆက်တာလဲ...?
ဂျွန်မြောင့်ကို ငါးပေါင်မုန့်ကျွေးခဲ့ အစ်ကိုကြီးဆိုပြီး အချစ်ဦးအနေနဲ့ တစ်သက်လုံးသိမ်းထားခဲ့တာများလား...?
ဖြစ်နိုင်လောက်တယ်...ဂျွန်မြောင်က အခုမှ ပစ္စုပ္ပန်ကို ပြန်ရောက်တာလေ...အရင် ဂျွန်မြောင်က မမှတ်မိတာမို့ ရီရှင်းက စိတ်ဆိုးပြီး အဖြေပြန်မပေးတာပဲနေမယ်....။
"အစ်ကိုက ရီရှင်းလေးကို မမှတ်မိဘူးထင်နေတာမလား...တကယ်မှတ်မိပြီမို့ ဒီနေ့ကို ပထမနေ့လို့ သတ်မှတ်လိုက်တော့မယ်နော်..ချစ်တယ်"
အသည်းပုံ အီမိုဂျီငါးခုလောက် စုပြုံထည့်ရင်း ပို့မယ်ကြံတုန်း အပေါ်က messagesတွေဆီ မျက်လုံးက အမှတ်မထင်ရောက်သွားသည်။
"ရီရှင်းရေ.."
"အိပ်နေပြီလား...ငါတို့ ရီရှင်းလေးက..?"
"မအိပ်သေးရင်..စာပြန်နော် *ငိုနေသည့် အီမိုဂျီများ* "
"ငါ မနက်ဖြန် အထက်တန်းတုန်းက သူငယ်ချင်းနဲ့ တွေ့ရမှာမို့ လိုက်ခဲ့ပေးပါလား"
"ငါတစ်ယောက်တည်းသွားရမှာ အဆင်မပြေတာ မင်းသိပါတယ်...တောင်းဆိုတာမို့ လိုက်ခဲ့စေချင်တယ်"
"ဒါဆို လိုက်မယ်ပဲမှတ်လိုက်ပြီနော်.."
"ကောင်းကောင်းအိပ်ရီရှင်း...မနက်ကျမှ တွေ့မယ်.."
ကြည့်ရတာ အွန်းဟယ်နဲ့ တွေ့ဖို့ခေါ်ထားသည်ကို ငြင်းရန် ဖုန်းဆက်ပုံပင်...။
ခုနက messageကို ပြန်ဖျက်ရင်း ရီရှင်းဆီကို ဖုန်းခေါ်တော့ ချက်ချင်းပြန်ဖြေသည်။
"မလိုက်ဘူး"
"အင်း..အဲ့တာဆို ဆယ်နာရီအရောက်လာခေါ်မှာမို့ အသင့်ပြင်ထားနော်"
"ကျွန်တော် အပြင်သွားစရာရှိတယ်..မလိုက်ဘူး"
"ဆယ်နာရီမဟုတ်ပဲ ကိုးနာရီလာခဲ့ရမှာပေါ့...စားချင်တာရှိလား..ဘာဝယ်လာခဲ့ပေးရမလဲ..?"
"ကျွန်တော်ဒီနေ့ အပြင်သွားစရာရှိတာမို့လို့ စီနီယာနဲ့လိုက်ဖို့ အဆင်မပြေဘူး..ကျေးဇူးပြုပြီး တိုက်အောက်မှာ စောင့်နေတာမျိုးမလုပ်ပါနဲ့"
"အင်း...ဖုန်းချပြီးတာနဲ့ ရေချိုးပြီးထွက်လာခဲ့မယ်နော်...ငါးပေါင်မုန့်ပဲဝယ်ခဲ့လိုက်တော့မယ် အဲ့တာဆို"
"ချိန်းထားတာဖျက်လိုက်မှာမို့ ဆယ်နာရီမှ လာခဲ့ပါတော့..."
ရီရှင်းဆီက သက်ပြင်းချသံနှင့်အတူ လိုက်မယ်ဆိုသော အဖြေကြားရမှ ဂျွန်မြောင် ဖုန်းချလိုက်တော့သည်။
ဂျွန်မြောင်ပြောသမျှကို အမြဲငြင်းနေပေမဲ့ တကယ်တမ်းကျ နေနိုင်တာလည်းမဟုတ်..။
ကျန်းရီရှင်းကတော့ ကျန်းရီရှင်းပါပဲ...။