သဏ္ဍာန်ဆန်း

By Saung_Nay_Chi

2.9M 318K 11.9K

(U&Z) သူဟာ အဆုံးမရှိတဲ့ လွတ်​လပ်​ခြင်း​တွေနဲ့ ငါတို့ရဲ့ မနက်ဖြန်တိုင်းကို ပျော်ရွှင်စေတဲ့ သူ ...။ သူက သိပ်ကို... More

Author's note
intro
P_1 (U)
P_3 (U)
P_4 (U)
P_5 (U)
P_6 (U)
P_7 (U)
P_8 (U)
P_9 (U)
P_10 (U)
P_11 (U)
P_12 (U)
P_13 (U)
P_14 (U)
P_15 (U)
P_16 (U)
P_17 (U)
P_18 (U)
P_19 (U)
P_20 (U)
Trekking photo
P_21 (U)
P_22 (U)
Paintball game photo
P_23 (U)
P_24 (U)
P_25 (U)
P_26 (U)
P_27 (U)
P_28 (U)
P_29 (U)
P_30 (U)
P_31 (U)
P_32 (U)
P_33 (U)
P_34 (U)
P_35 (U)
P_36 (U)
P_37 (U)
P_38 (U)
P_39 (U)
P_40 (U)
P_41 (U)
P_42 (U)
ဥတ္တရအလင်းတန်း (Northern Light)
P_43 (U)
P_44_Ending (U)
thank you all my lovely reader
(Extra _ 1) U
(Extra _ 2) U
(Extra _ 3) U
လင်းရဝေ ❤ သုတဟန်
💛 Book Cover 💛
P_1 (Z)
P_2 (Z)
P_3 (Z)
P_4 (Z)
P_5 (Z)
P_6 (Z)
P_7 (Z)
P_8 (Z)
P_9 (Z)
P_10 (Z)
P_11 (Z)
P_12 (Z)
P_13 (Z)
P_14 (Z)
P_15 (Z)
P_16 (Z)
P_17 (Z)
P_18 (Z)
P_19 (Z)
P_20 (Z)
P_21 (Z)
P_22 (Z)
P_23 (Z)
P_24 (Z)
P_25 (Z)
P_26 (Z)
P_27 (Z)
P_28 (Z)
P_29 (Z)
P_30 (Z)
P_31 (Z)
P_32 (Z)
P_33 (Z)
P_34 (Z)
P_35 (Z)
P_36 (Z)
P_37 (Z)
P_38 (Z)
P_39 (Z)
P_40 (Z)
P_41 (Z)
P_42 (Z)
P_43 (Z)
P_44_Ending (Z)
(Extra_1) Z
(Extra_2) Z
(Extra_3) Z
(Extra_4) U
(Extra_4) Z
💛Happy New Year (မိုင်းဆန်း) Unicode💛
💛 Happy New Year (မိုင်းဆန်း) Zawgyi💛
New fic 💛
(Resell ပြဿနာ)
"သဏ္ဍာန်" နဲ့ "သဏ္ဌာန်"
"သဏ္ဌာန်ဆန်း" sec ver book details

P_2 (U)

71.5K 6.7K 57
By Saung_Nay_Chi

(လွန်ခဲ့သော အချိန် ‌သုံးလခန့်က ဖြစ်သည်။ နတ်ဆိုးတွေဟာ သဏ္ဍာန်ဆန်းရဲ့ တည်ရှိမှုကို သတိမထားမိသေးခင် မူလအစ ပထမ ...)

နိုင်ငံရဲ့ အကျော်ကြားဆုံး တက္ကသိုလ်တွေထဲမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ H.V University ...။
H.V University က ဘွဲ့ရသူလို့ ဆိုလိုက်ရင် အလုပ်အကိုင် အခွင့်အလမ်း များပြားတဲ့ အပြင် လစာ ရရှိမှုနှုန်း မြင့်မားခြင်း တွေကြောင့်ကျောင်းသား အများစုက ရွေးချယ်ချင်ကြသော တက္ကသိုလ် တစ်ခုလည်း ဖြစ်သည်။

အဲ့ဒါတွေအပြင် နိုင်ငံရဲ့ အနုပညာလောက၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး နယ်ပယ်တို့မှ ထိပ်တန်း နာမည်ကျော် အများစုသည် H.V University ကနေ ဘွဲ့ရ ခဲ့သူတွေ ဖြစ်သည်။ H.V University ဟာ အစဉ်အလာ ကြီးမားပြီး ဂုဏ်သတင်း ကျော်ဇောလှတဲ့ တက္ကသိုလ်ကြီး တစ်ခု။

ဒီလို ကျောင်းမျိုးမှာ တက်ရောက် ပညာသင်ကြားခွင့် ရဖို့ ဆိုတာကလည်း သိပ်တော့ မလွယ်ကူ‌ပေ။ အရည်အချင်းကို ကြည့်ပြီး ဝင်ခွင့် လက်ခံတဲ့ ကျောင်းမျိုးပါ။ ဝင်ခွင့်ရဖို့ ခက်ခဲလှပါသည်။

ကျောင်းတွင် ကျောင်းသားတွေ အနေနဲ့ ပညာ သင်ကြားရေးအပြင် အခြား လှုပ်ရှားမှု activity​များစွာ ကိုလည်း လွတ်​လပ်​စွာ ပြုလုပ်ခွင့် ပေးထား သေးသည်။

​များစွာသော activity များထဲတွင် "Hello interview" အဖွဲ့က​တော့ H.V University မှာ လူကြိုက် အများဆုံးပင် ဖြစ်သည်။
H.V University က ကျောင်းသား တိုင်းက "Hello interview" အဖွဲ့ကို သိကြ၏။ ဒါဆိုရင် "Hello interview" အဖွဲ့ဆိုတာ ဘာလဲ ! ! !
သူတို့က ဘာလုပ်ကြတဲ့ အဖွဲ့လဲ ! ! !

တစ်​ကျောင်းလုံးက ကျောင်းသား ကျောင်းသူတွေကို အပတ်​စဉ်​ သောကြာနေ့တ်ိုင်း short interview​ လေးတွေ လျှပ်​တပြက် လိုက်မေးကြသည့် အဖွဲ့ဖြစ်၏။ ဒီအဖွဲ့ကို​ ကျောင်းရဲ့ မေဂျာ အတော်များများမှ စီနီယာ တချို့က ပါဝင်​ဖွဲ့စည်း ထားတာ ဖြစ်ပြီး တခါတလေ အဓိပ္ပါယ်​ရှိ​သော​ မေးခွန်းတွေ မေးမြန်းတတ်ပြီး တခါတလေမှာတော့ အ​ပျော်​သ​ဘော​ မေးခွန်းလေးတွေ မေးမြန်း တတ်၏။

အင်တာဗျူး အစီအစဉ်တွေကို ရိုက်​ကူး​ရေး လုပ်ပြီး ကျောင်းရဲ့ ဝက်ဆိုက်မှာ ပြန်တင်ပေးတာ ဖြစ်သည်။ တခါတရံ အ​ပျော်​သ​ဘော မေးခွန်းလေးတွေ မေးတဲ့အခါ စိတ်​ကြည်​နူး​ ပျော်ရွှင်ရသည်။ တခါတရံ အဓိပ္ပါယ်ရှိတဲ့ မေးခွန်းတွေကြောင့် ကျောင်းသားတိုင်းမှာ မတူညီတဲ့ အတွေးအခေါ်တွေ၊ မျော်လင့်ချက်တွေ၊ ရည်​ရွယ်​ချက်​တွေ ရှိကြတယ် ဆိုတာ ဒီ interview video​ လေးတွေ ကြည့်၍ သိနိုင်​ကြသည်​။ ထို့​အတွက် Hello interview အဖွဲ့ကို H.V University မှာ အား​ပေး​ထောက်​ခံသူ​တွေ ကတော့ များပြား လှ၏။

"ကဲ ... ဒီ​နေ့က ဘာနေ့လဲ သိကြတယ်​ မို့လား ...
ဟုတ်​ပါတယ်​ ဒီနေ့က Friday ပါနော်...
Fridayဆို​တော့ Hello အဖွဲ့လာပါပြီ ...
ကဲ ... ဒီ​နေ့ရဲ့​မေးခွန်းလေးက ဘာဖြစ်မလဲ ...
ဘယ်​သူ​တွေက ဘယ်​လို စိတ်ဝင်စားစရာ ကောင်းအောင် ဖြေကြမလဲ ...
ဘယ်​သူ​တွေဆီက ဘယ်​လို ဟာသ
မြောက်တဲ့ အဖြေတွေ ကြားရမလဲ ဆိုတာ ကြည့်​လိုက်​ ကြရအောင် Let's go ... "

​တက္ကသိုလ်​ ဝင်းထဲက လမ်းမ တစ်နေရာတွင် မိန်းခလေး တစ်ယောက်က interview ရန် စတင် နေတာ ဖြစ်သည်။ သူမ ဘေးမှာ ကတော့ကျောင်းသား နှစ်ယောက်နဲ့ ကျောင်းသူ တစ်ယောက် ရှိနေပါသည်။ ကျောင်းသား တစ်‌ယောက် ကတော့ MCမမကို video ကင်မရာနဲ့ မှတ်တမ်းတင် ရိုက်ကူးနေတာ ဖြစ်ပြီး ကျန်​တဲ့ ကျောင်းသား တစ်ယောက်နဲ့ ကျောင်းသူ တစ်ယောက် ကတော့ ပစ်​မှတ်​ကို ရှာဖွေနေတာပဲ ဖြစ်၏။ သူတို့ရဲ့ ပစ်မှတ်က ဒီ​ကျောင်းဝင်း ထဲက မည်သူမဆို ဖြစ်‌နေနိုင်ပါသည်။

"Hello ညီမ​လေး တို့ရေ မေးခွန်းလေး နည်းနည်းလောက် မေးမယ်နော်... "

​ကျောင်းဝင်းထဲက Public မြက်ခင်း ပြင်တွေမှာ စုထိုင် နေကြတဲ့ ကျောင်းသူ သုံးလေးယောက်ကို မြင်တော့ Hello အဖွဲ့ရဲ့ အင်တာဗျူး အစီအစဉ်ကို စတင် လိုက်လေ၏။ MC တစ်ယောက်နဲ့ ရိုက်ကူးရေး အဖွဲ့ကို မြင်တာနဲ့ Hello အဖွဲ့ကမှန်း ကျောင်းသူ လေးတွေကလည်း သိနေသည်။ ဒါကြောင့် အလွယ်တကူပဲ ခေါင်းညိတ်ကြလေသည်။

"H.V University မှာ Popular အဖြစ်ဆုံးက ဘယ်​သူလို့ ထင်လဲ ... "

ဒီ​မေးခွန်းက ဒီ​အပတ်​ သောကြာနေ့ရဲ့ မေးခွန်းတစ်ခုပဲ ဖြစ်သည်။

"Hello interviewအဖွဲ့ ... "

"အာ မဟုတ်​သေးဘူး​လေ အဲ့လို အဖွဲ့လိုက် club တွေကို ပြောတာ မဟုတ်ဘူး ဒီ​ကျောင်းရဲ့​ မေဂျာ ဌာနတိုင်းမှာ နာမည်​ကြီးတဲ့​ သူကို မေးတာ ... "

"​သြော်​ အဲ့လို Popular ဖြစ်တာ မျိုးလား ...
အဲ့ဒါဆို ဆီဇာ​နေရဇ္ဇတို့ အုပ်စုပဲပေါ့ ...
စီနီယာတို့ သိတယ်မို့လား Business Administration major ကလေ ... "

"ဆီဇာ​‌နေရဇ္ဇ who ... "

MC မမက ထိုနာမည်​ကို မရင်းနှီးတော့ သူမရဲ့ ကင်မရာ အဖွဲ့ကို ပြန်မေး လိုက်သေး၏။

"မိုင်းကို​ ပြောတာလေဟာ နင်ကလည်း ...
သူ့နာမည်​ အရင်းက ဆီဇာ​နေရဇ္ဇလေ ဒါ​လေး​တောင်​ မမှတ်မိဘူးလား ... "

ကင်​မရာအဖွဲ့ သူငယ်ချင်းများက MC မမကို ဒါ​လေး​တောင်​ မသိဘူးလား ဆိုသည့် အကြည့်တွေနဲ့ ပြန်ဖြေ ကြလေ၏။
ဒီ​တော့မှ အ​မေးခံရသည့်​ ကျောင်းသူ အုပ်စုကလည်း...။

"ဟုတ်​တယ် ဟုတ်တယ် မိုင်း ...မိုင်းကို ပြောတာ ... သူနဲ့ ရင်းနှီးတဲ့ သူတွေကပဲ သူ့ကို​ခေါ်ကြတာ​လေ မိုင်း ဆိုပြီးတော့ ... "

"အာ​ ဆောရီး ဆောရီး အစ်​မတို့က မိုင်းဆိုတဲ့ နာမည်ပဲ ခေါ်ခေါ်နေတော့ အဲ့နာမည်​ပဲ စွဲနေတာ နာမည်​ အရင်းကို ခဏ မေ့သွားတယ် ဟဲ ဟဲ ...
ဟုတ်​ပြီ ဒါဆို မိုင်းတို့ အုပ်စုမှာ ဘယ်​သူက ပိုပြီးတော့ Popular ဖြစ်တယ်လို့ ထင်လဲ ... "

"​အဲ့ဒါက​တော့​ ပြောရခက်တယ် စီနီယာရဲ့ ...
ဆီဇာနေရဇ္ဇ ... လင်းရဝေ... ကောင်းသစ်လွင်... နီနီသစ်လွင် ...
သူတို့​လေးယောက်လုံးက Popular ဖြစ်လွန်းကြတာပဲလေ ...
သူတို့​လေးယောက်လုံးမှာ တူညီတဲ့ အချက်တွေက များတယ်...
စာတော်တယ် ဖော်ရွေတယ် လူချစ်လူခင်များတယ်...
ပြီး​တော့ အဓိက အချက်က သူတို့​ လေးယောက်လုံးရဲ့ ရုပ်ရည်‌လေးတွေက အရမ်းပဲ​ချောကြတယ်လေ ခစ်​ ခစ် ခစ်... "

"ဟုတ်​တယ်​ ဟုတ်တယ်... "

​အ​ဖြေ​ပေးသူနဲ့​ ထောက်ခံတဲ့ သူတွေက ဟုတ်တော့ ဟုတ်နေပါ၏။

"ကဲ ဟုတ်​ပါပြီ အခုလို​ ဖြေပေးလို့ ကျေးဇူးပါနော် ညီမလေးတို့ရေ ... Bye ... "

Hello interview အဖွဲ့က ထို​နေရာမှာ အင်​တာဗျူးခြင်းကို ရပ်​တန့်​ လိုက်ပြီးနောက် တစ်နေရာကို ထပ်သွားဖို့ ပြင်လိုက် ကြလေသည်။
အချိန်​ အတန်ကြာသည် အထိ ကျောင်းဝင်းထဲက နေရာအနှံ့သို့ ထို​မေးခွန်း တစ်ခုထဲကိုပဲ လိုက်မေးကြ၏။ ပြန်​ဖြေကြသည့်​ အားလုံးရဲ့ အဖြေက‌တော့ တစ်ခုထဲဲ ပါပဲ။

"ဆီဇာ​နေရဇ္ဇ တို့အုပ်စု ... "

"မိုင်းတို့ အုပ်စုပဲပေါ့ ... "

မှန်​၏။ ဆီဇာနေရဇ္ဇ (ခေါ်) မိုင်းနဲ့ လင်းရဝေ၊ ကောင်းသစ်လွင် ပြီးတော့ ကျောင်းရဲ့ အလှနတ်ဘုရားမ နီနီသစ်လွင် တို့သည် H.V University မှာတော့ အ​တော်​လေး နာမည်ကျော်ကြား ကြပါသည်။
အဲ့ဒီ့နေ့က အားလုံး ပြန်ဖြေကြသည့် မေးခွန်းရဲ့ အဖြေသည် 100% မိုင်းတို့ အုပ်စုဟု ထင်ထားခဲ့သော်လည်း ...။

"​ဆောရီးပါ​ စီနီယာ ...ဒီကျောင်းမှာ ဘယ်သူက နာမည်အကျော်ဆုံးလဲ ဆိုတာ ကျွန်တော် မသိပါဘူး... "

​ကျောင်းထဲမှ စက်ဘီးလေး တစ်စီးနဲ့ ထွက်လာတဲ့ ကျောင်းသား တစ်ယောက်ကို Hello interview အဖွဲ့က အတင်းတား၍ မေးခွန်း မေးလိုက်တာဖြစ်သည်။ ပြန်​ရလိုက်တဲ့ အဖြေကတော့ သူတို့ကို ဆွံ့အ သွားစေခဲ့၏။

သူ့ကြောင့် 100% ကနေ 99% ဖြစ်သွား ခဲ့ရသည်။ Hello interview အဖွဲ့သည် ဒီကျောင်းမှာ တက်ပြီး ဒီ​ကျောင်းရဲ့ Popular ဖြစ်သူတွေကို ဘာလို့ မသိရတာလဲ ဆိုတဲ့ မေးခွန်းအား အဲ့ဒီ့ ကျောင်းသားကို ပြန်မေးခွင့်ပင် မရလိုက်ကြပေ။
ဘာလို့လဲ ဆိုတော့ သူက အ​ဖြေကို တစ်ခွန်း ထဲပဲ ခပ်​မြန်​မြန် ဖြေကာ အလျင်​စလို စက်ဘီးကို နင်း၍ ထွက်​သွား​တာကြောင့်ပဲ ဖြစ်သည်။ ပြီးတော့ အဲ့ဒီ့ ကျောင်းသားကို တွေ့တဲ့ နေရာကလည်း Business Administration major ရဲ့ ကျောင်းဆောင်တွေ အနားမှာပဲ ဖြစ်နေသည်။

​ဒီကျောင်းသား တကယ်ပဲ မသိတာလား...။
နည်းနည်းတော့ ထူးဆန်း နေသည်။

***** ***** ***** ***** *****

Continue Reading

You'll Also Like

403K 16.3K 46
ကြယ်ကလေးတွေလည်း လင်းလက်နေပါသေးသည်။ လမင်းကြီးလည်း ထိန်ထိန်လင်းနေပါသေးသည်။ ငှက်ကလေးတွေလည်း ပျံဝဲနေပါသေးသည်။ လေကလေးတွေလည်း တိုက်နေဆဲသာ။ ချစ်သေးရဲ့လားတဲ့...
2.5K 150 19
ပထမဆုံးသူငယ်ချင်း ပထမဆုံးအချစ် ပထမဆုံးအလွမ်း ပထမဆုံးပိုင်ဆိုင်မှု ပထမဆုံးရှုံးမှု အရာအားလုံးရဲ့ပထမဆုံးက ခါနွေဦး မင်းနဲ့သာသက်ဆိုင်သည်
3.2M 151K 62
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
366K 34.8K 101
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...