ကြၽန္မရဲ႕ နွဖူးက ဒဏ္ရာကို မွန္ထဲမွာ ေသခ်ာၾကည့္လိုက္တယ္။ မိတ္ကပ္လိမ္းထားတာေတာင္ ဒဏ္ေပၚေနတုန္းပဲ။ အဲ့ဒါေၾကာင့္ မိတ္ကပ္ပါးပါးေလး ထပ္ဖို႔လိုက္တယ္။
စိတ္တိုင္းက်မွပဲ မွန္ေရွ႕ကထလိုက္တယ္။
ရံုးသြားဖို႔ မ်က္မွန္ကိုေ႐ြးလိုက္တယ္။
အေသးလား...ဟင့္အင္း...အႀကီးမွေကာင္းမွာေပါ့
ဒါမွမ်က္နွာတစ္ခုလံုး ဖံုးလုနီးနီးျဖစ္မွာ။
အိမ္ေအာက္ထပ္ဆင္းလာေတာ့ ကြၽန္မတစ္ခုသတိရသြားတယ္။ ဖုန္းနံပါတ္တစ္ခုဆီကို မက္ေဆ့ခ်္ပို႔လိုက္တယ္။
ကေလးေတြကို မိဘေတြဆီမတိုင္နဲ႔ေနာ္။
အင္းပါ ဒီတိုင္းပဲ ဆံုးမလိုက္ပါမယ္။
အင္းေက်းဇူး။
ၿပီးေတာ့ ကြၽန္မ ရံုးကိုသြားတယ္။
ရံုးမသြားခင္ ကုကုက ေျခေထာက္နားလာတိုးေနလို႔
မနည္းဆြဲဖယ္ရေသးတယ္။
ကဲ...ကုကုေရ .omaရံုးသြားရေတာ့မယ္။
ညက ျပႆနာထဲ မင္းလည္းပါတယ္ေနာ္။
ညကေပါ့ ကေလးသံုးေယာက္အသံၾကားေတာ့ ကုကုဟာကြၽန္မကိုယ္ေပၚကေနဆင္းေျပးၿပီး ထိုးေဟာင္ေတာ့တာပဲ။
အဲ့ဒါနဲ႔ ကုကုကိုျပန္ေခၚဖို႔ ၿခံထဲဆင္းအလာမွာပဲ ကေလးေတြရဲ႕ အခ်ိဳရည္ဗူးဟာ ကြၽန္မ နွဖူးကို ေတာင္ခနဲ ျမည္ေအာင္ လာမွန္တယ္။ တကယ္ကို လက္တည့္ၾကပါေပတယ္။
ကြၽန္္မေဒါသလည္း ေထာင္းခနဲ ထြက္သြားတယ္။
သီခ်င္းဆိုေနတဲ့အထိ ကြၽန္မ သည္းခံမလို႔ပါပဲ။
ကဲ ...အတိတ္ျဖစ္ရပ္ေတြ..ရွိပါေစေတာ့ ရွိပါေစေတာ့ ..။
ကြၽန္မေျခလွမ္းေတြကို Gentle Monsterဆီကိုပဲ
ဦးတည္လိုက္ေတာ့တယ္။
"၁၁နာရီက် အစည္းအေဝးရွိတယ္ ဒါရိုက္တာ"
"ဟုတ္ၿပီ ငါလာခဲ့မယ္ က်န္တဲ့ လက္မွတ္ထိုးစရာေတြေရာ.. ရွိေသးလား"
"မရွိေတာ့ပါဘူးရွင့္"
၁၁နာရီထိုး အစည္းေဝးစေတာ့ ကြၽန္္မလည္းဝင္ထိုင္လိုက္တယ္။ ဝန္ထမ္းတစ္ဦးက ေနာက္အသစ္ထုတ္မယ့္
ဒီဇိုင္းေတြကို ျပေနတယ္။
"ကေလးေတြအတြက္လည္းထုတ္နိုင္လိမ့္မယ္လို႔ရည္႐ြယ္ထားပါတယ္ဗ်"
ကေလးေတြ...?
ကေလးေတြ......
မနက္ကတည္းက ဟိုကေလးသံုးေယာက္ကို အာရံုထဲ
ကေနေဖ်ာက္ထားတာ အခုေတာ့ ....။
ေယာင္ယမ္းၿပီး လက္က နွဖူးကိုသြားစမ္းမိေသးတယ္။
ကေလးေတြေရာ အဆင္မွေျပပါ့မလား။
တကယ္ေတာ့ ကြၽန္မစိတ္ပူသြားတယ္။
ညႀကီးမင္းၿကီး မိန္းကေလးေတြတန္မဲ့ ဒီလိုမလုပ္သင့္ဘူးလားလို႔။ မေတာ္တေရာ္ တစ္ခုခုျဖစ္သြားရင္...။
ဒါေပမဲ့ အ႐ြယ္ေရာက္လာတဲ့ တကၠသိုလ္ေက်ာင္းသူေတြဆိုေတာ့လည္း ကိုယ့္ကိုယ္ကိုယ္ထိန္းနိုင္မွာပါေလ ဆိုတဲ့စိတ္နဲ႔ ျပန္ၿငိမ္လိုက္ရတယ္။
တစ္စိတ္ကြၽန္မကို တစ္သက္လံုးFaျဖစ္မယ့္
အပ်ိဳႀကီးလို႔ေျပာတာေတာ့ လြန္သလားလို႔။
ကဲပါေလ...ထားပါေတာ့...ေလာေလာဆယ္ရည္းစားရွိေနတဲ့သူလည္းမဟုတ္ေတာ့ သူတို႔ေျပာသလိုပဲ ခံရေတာ့မွာေပါ့။
အစည္းေဝးသာၿပီးသြားတယ္။ ကြၽန္မ ဘာမွမသိလိုက္ဘူး။ သူတို႔လက္ခုပ္တီးေတာ့ ေရာေယာင္ပီး တီးလိုက္တယ္။
Fa...Fa..Fa...Fa....
ဒီစကားလံုးေလးက ကြၽန္မေခါင္းထဲ တဝဲလည္လည္နဲ႔။
ကြၽန္မရဲ႕ စားပြဲခံုကို ေဘာပင္နဲ႔ တေတာက္ေတာက္ေခါက္
ၿပီး စဥ္းစားေနမိတယ္။
Fa..Fa..Fa....
က်စ္...တကယ္ေတာ့ ကြၽန္မက Single
ကြၽန္မ Faမဟုတ္ပါဘူး။
ကြၽန္မရည္းစားလည္းထားဖူးပါတယ္။
အခ်စ္ဦးဆိုတဲ့ လူေပါ့။ ကြၽန္မတကၠသိုလ္တက္ေနတုန္းမွာေပါ့ေလ...။ လူေတြကေျပာၾကတယ္ အခ်စ္ဦးဆိုတာ အၿမဲတမ္းလြဲတယ္တဲ့။ ဘယ္ေတာ့မွ မေပါင္းရဘူးတဲ့။
ခက္တာက ကြၽန္မတို႔အတြဲက ၿမဲေနတာ။ လူေတြေျပာတဲ့စကားကို ကြၽန္မ လက္တည့္စမ္းခ်င္လာတယ္။
အဲ့ဒါေၾကာင့္......ကြၽန္မကပဲ စၿပီးျဖတ္ပစ္ခဲ့တယ္။
အသဲေတြကြဲတာေပါ့....။ ဒါေပမဲ့လည္း ဂ်င္းနီဂင္ရဲ႕
မာနေတာ့အထိခိုက္မခံနိုင္ပါဘူး။ ကြၽန္မဘက္ကလည္း ျပန္စမေခၚသလို သူ႔ဘက္ကလည္းစမေခၚေတာ့ဘူး။
အခုေတာ့သူက ကြၽန္မေလာက္မလွတဲ့သူနဲ႔ အိမ္ေထာင္က်ၿပီး ကုကုေလာက္ခ်စ္စရာမေကာင္းတဲ့ ကေလးကို
ပိုင္ဆိုင္ထားေနပါၿပီ။
အဲ့ဒီတုန္းကဆို အသဲကြဲတာေတြေပ်ာက္လိုေပ်ာက္ျငား
ကြၽန္မ ထိုင္းဘက္ကို အလည္ထြက္လာတယ္။
သူငယ္ခ်င္းလည္းရွိတာကိုး...။
အင္း.......သူငယ္ခ်င္းက ကေလးတစ္ေယာက္ရေနခ်ိန္ ကြၽန္မက အသဲေတြ ပိုးစိုးပက္စက္ကြဲေကာင္းတုန္း။
သူငယ္ခ်င္း ကေလးကလည္း ေဆာ့လိုက္တာ လြန္ေရာ။
ႀကီးတဲ့ထိ အက်င့္ကမေပ်ာက္ဘူး။
အခုလည္းၾကည့္...အဲ့ကေလးက ကြၽန္မကို ခ်စ္ပါတယ္ဆို
ၿပီး အိမ္ေရွ႕မွာလာေအာ္ေနတယ္။
ေၾသာ္...ကေလးေတြ...ကေလးေတြ....
အခ်စ္အေၾကာင္းဘာမွမသိပဲ ခ်စ္ခ်င္ေနၾကတယ္ကိုး...
တယ္လည္းခက္ပါေပ့။
ကြၽန္မက ကေလးေတြကို သိပ္မခ်စ္တတ္ဘူး။
ကေလးဆန္လို႔ေလ။ အဲ့လိုဆိုေတာ့ လူႀကီးဆန္တာကို
ႀကိဳက္တာလားလို႔ ေမးျပန္ရင္လည္း မဟုတ္ျပန္ဘူး။
ဟင္း.....
အိမ္ေထာင္ဖက္ေတြ႕တာလည္းအႀကိမ္ႀကိမ္အခါခါ။
တစ္ခါမွလည္း အဆင္မေျပဘူး။
ရုပ္ဆိုးတဲ့လူ။ နွာေခါင္းေကာက္တဲ့သူ။ ပခံုးႀကီးက်ယ္လြန္းတဲ့သူ။ ဒူးနန္႔တဲ့သူ။ မ်က္ေခ်းထူေနတဲ့သူ။ ေရမခ်ိဳးလို႔
ညစ္ပတ္နံေစာ္ေနတဲ့သူ။ လက္သည္းမွာ ေခ်းေတြတစ္ေနတဲ့သူ။ ေခါင္းကဆံပင္မွာ ေဗာက္ထေနတဲ့သူ။
အစာစားရင္ အသံထြက္တဲ့သူ...
အို...စံုေနတာပဲ။
ေ႐ြးလြန္းေတာ့လည္း မရ ဆိုသလို ....
အဲ့လိုနဲ႔ပဲ တစ္ေယာက္တည္း အသက္ေတြႀကီးလာတယ္။
ဘုရားေရ!!! ဟိုကေလးေျပာသလို ကြၽန္မ တကယ္မ်ား FAျဖစ္ေနၿပီလား။ ဒါမွမဟုတ္ ျဖစ္ေတာ့မွာလား။
"ဒါရိုက္တာ ... ဒါရိုက္တာ..."
"ဟင္ !! ေၾသာ္ ေျပာေလ"
"ကြၽန္မေခၚေနတာၾကာၿပီရယ္ ဟိုေလ ခုနကဒီဇို္င္းအ
သစ္ေတြရဲ႕ File"
"အင္း ေပးထားခဲ့"
"ဟုတ္"
ဝန္ထမ္းထြက္သြားေတာ့ ကြၽန္မ Fileကိုဖြင့္လိုက္တယ္။
ကေလးေတြအတြက္ ရည္႐ြယ္ထားတဲ့ အသစ္ေတြဆိုပါလား။ အစည္းအေဝးတုန္းက ဘာမွမသိလိုက္ေတာ့
ခက္တယ္။ ဒုကၡပါပဲ။
Fa..Fa...Fa...
အား...ဒီစကားလံုးပဲၾကားေနၿပီး
ဟိုသံုးေယာက္မ်က္နွာပဲ ျမင္ျမင္ေနတယ္။
ကြၽန္မ ဒီေန႔အလုပ္လုပ္လို႔ရမယ္မထင္ေတာ့ပါဘူး။
🔸🔸🔸🔸🔸🔸
အခုဘန္ဘန္ေလးတို႔ ဘယ္ေရာက္ေနတာလဲ သိလား။🙃
ပါေမာကၡရဲ႕ ရံုးခန္းထဲမွာပါ။ ေကာ္ဖီေသာက္ေနတာေလ။
ညတုန္းက အန္တီဟာ သူ႔အိမ္ထဲကို ဝင္ခြင့္ျပဳခဲ့ပါတယ္။
ဘန္ဘန္ေလး ေပ်ာ္တာေပါ့။ ဒါေပမဲ့ အန္တီကေလ ေဒါသထြက္ေနေတာ့ သံုးေယာက္လံုး မလႈပ္ရဲဘူး။
လူပုစိတ္တုိ ေခြးပုရန္လို ဆိုတာ အန္တီနဲ႔သူေခြးကိုေျပာတာမ်ားလား။ (ဒီစကား အန္တီ့ကိုသြားျပန္မေျပာရ
ဘူးေနာ္ peace✌️)
ထားပါေလ..အန္တီစိတ္တိုမယ္ဆိုလည္း စိတ္တိုခ်င္စရာပဲေပါ့။
ဘန္ဘန္ေလးတို႔ အန္တီ့ ဧည့္ခန္းကဆိုဖာေပၚမွာ ထိုင္ေန
ၾကတယ္။ အန္တီက ဟိုဘက္ေလ်ွာက္လိုက္ ဒီဘက္ေလ်ွာက္လိုက္နဲ႔။ အိပ္ခ်င္လို႔သန္းခ်င္တာေတာင္ မသန္းရဲဘူး။
အန္တီ့လက္ထဲမွာေတာ့ ဂ်ီဆူးရဲ႕အခ်ိဳရည္ဘူးခြံ။
အန္တီ လမ္းေလ်ွာက္ေနရာကေန ရပ္သြားတယ္။
ဘန္ဘန္လည္း မရဲတရဲနဲ႔ မ်က္လံုးေလးလွန္ၾကည့္မိတယ္။
"မင္းတို႔သံုးေယာက္"
လာျပန္ၿပီ ဒီ မင္း။🙃
"မင္းတို႔သံုးေယာက္က ဘာေတြလဲ"
ဘန္ဘန္တို႔သံုးေယာက္ တစ္ေယာက္နဲ႔တစ္ေယာက္ျပန္
ၾကည့္လိုက္ၾကတယ္။ ေမးေငါ့ၿပီးေမးတယ္။ အန္တီေမးတာကို ဘန္ဘန္ေလးတို႔နားမလည္ပါဘူး။ ဒါေပမဲ့ ေမးေနေတာ့လည္း ေျဖရေတာ့မွာေပါ့။
"သမီးတို႔က လူေတြပါအန္တီ"
ဘန္ဘန္ေျဖမလို႔ကို ခ်ယ္ေယာင္းက ဝင္ေျဖလိုက္တယ္။
"ေအး လူေတြဆိုတာသိတယ္ ေနာ္ မင္းတို႔ကလူေတြ
ၿပီးေတာ့ မိန္းကေလးေတြ"
အန္တီရယ္...အမွန္ေတြပဲေျပာေန ..ဘန္ဘန္ပ်င္းလာၿပီ။
အန္တီ့ကိုေမာ့ၾကည့္မိေတာ့ နွဖူးက ဒဏ္ရာေလးကရဲတြတ္လို႔။ ဘန္ဘန္ စိတ္မေကာင္းဘူးျဖစ္သြားတယ္။
ျဖစ္နိုင္ရင္ အာဘြားေလးေပးၿပီး ကုေပးခ်င္တယ္။
"မိန္းကေလးတန္မဲ့ မင္းတို႔ကြာ!!!"
ေျပာပါ။ ဆူပါ ။ ေငါက္ပါ။ အန္တီျပဳသမ်ွ ႏုမယ့္သူေလး
ဘန္ဘန္ပါ 😢။
"ငါတို႔တုန္းကနဲ႔သိပ္ကြာတယ္ ဒီလိုအခ်ိန္စာၾကည့္တိုက္ထဲမွာပဲရွိေနတာ စာမွစာပဲ"
မသိရင္ခက္မယ္ အန္တီ။ ကိုရီးယားကေန ထိုင္းထိေရာက္လာၿပီးေတာ့ေနာ္....🙄🙄။
(အန္တီ့ကို ျပန္မတိုင္ရဘူးေနာ္ 😗✌️)
"ၿပီးေတာ့ မင္း"
အန္တီက ဂ်ီဆူးကို လက္ညႇိဳးနဲ႔ ထိုးလိုက္တယ္။
အိပ္ငိုက္ေနတဲ့ ဂ်ီဆူး အခုမွလန္႔နိုးလာတယ္။
"္မင္းေသာက္တာ အခ်ိဳရည္မဟုတ္ဘူး အယ္လ္ကိုေဟာေတြပါတယ္"
"ဟို....သမီးသိတယ္ အန္တီ"
ဟင္..!! ဘယ္လို...
ဂ်ီဆူးက တမင္ေသာက္တာေပါ့ေနာ္ အဲ့ဒါဆို😥😰။
"ဘာ!!!သိတယ္"
"ဟုတ္"
"သိရဲ႕သားနဲ႔ဘာလို႔ေသာက္တာလဲ မင္းတို႔အသက္ေတြ
မျပည့္ေသးဘူးေနာ္"
"ဟိုေလ...ရဲေဆးတင္တဲ့အေနနဲ႔ပဲေသာက္တာပါ"
ရဲေဆးတင္ရမွာ ေဟာ့ဒီက ခ်စ္စရာအ႐ြယ္ ဘန္ဘန္ေလးမဟုတ္ဘူးလား မတ္မတ္ဂ်ီဆူးေရ....😓😓။
အန္တီစိတ္ညစ္သြားတယ္ထင္တယ္။
စကားသံထြက္မလာေတာ့ဘူး။
အဲ့အခ်ိန္မွာ ခ်ယ္ေယာင္းက ဘန္ဘန္ေလးရဲ႕ နားနားကိုကပ္ၿပီး ေျပာလိုက္တယ္။
"ငါနင့္အန္တီကိုအရမ္းေၾကာက္ေနၿပီ အိမ္သာတက္ခ်င္လာၿပီ"
"ဟာ...ထိန္းထားပါဦးဟ"
"ငါမရေတာ့ဘူး..."
"ဟိုကေလး..အိမ္သာတက္ခ်င္ေနတာလား"
ဘန္ဘန္တို႔ တိုးတိုးေလးေျပာေနတာကို အန္တီဘယ္လို
ၾကားသြားလဲ။😑
"ရွင္ ဟုတ္"
"သြား သြား...အိမ္သာကေနာက္မွာ"
"ဟုတ္ ေက်းဇူး အန္တီ"
အန္တီ့ရဲ႕ ဆံုးမစကားေတြကို နာခံေနရင္းကားတစ္စီးက ၿခံထဲကို ထိုးရပ္တယ္။
အန္တီဟာ....SNU က သူ႔သူငယ္ခ်င္း ဘန္ဘန္တို႔ရဲ႕
ပါေမာကၡအပ်ိဳႀကီးကို ဖုန္းလွမ္းဆက္လိုက္ပါသတဲ့။🙃
ရက္စက္တဲ့ အန္တီ။ အိမ္မွာ အိပ္ခိုင္းလိုက္ရင္ ၿပီးေန
တာကို။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
စာဖတ္ရတာ အဆင္မေျပတာမ်ိဳးမ်ားရွိလားဟင္။
Notiမတက္တာတို႔ စာေတြျပတ္ေနတာတို႔လို။
ဒီဘက္မွာေတာ့ မေန႔ကတင္တဲ့ အပိုင္းNoti တက္မလာဘူး။ အဲ့လိုပဲျဖစ္ေနရင္ေတာ့ Unpublishလုပ္ၿပီး ျပန္တင္မွ ရေတာ့မယ္ထင္တယ္။
4July20 10:13PM
--------------------------------------------------------
[Unicode]
ကျွန်မရဲ့ နှဖူးက ဒဏ်ရာကို မှန်ထဲမှာ သေချာကြည့်လိုက်တယ်။ မိတ်ကပ်လိမ်းထားတာတောင် ဒဏ်ပေါ်နေတုန်းပဲ။ အဲ့ဒါကြောင့် မိတ်ကပ်ပါးပါးလေး ထပ်ဖို့လိုက်တယ်။
စိတ်တိုင်းကျမှပဲ မှန်ရှေ့ကထလိုက်တယ်။
ရုံးသွားဖို့ မျက်မှန်ကိုရွေးလိုက်တယ်။
အသေးလား...ဟင့်အင်း...အကြီးမှကောင်းမှာပေါ့
ဒါမှမျက်နှာတစ်ခုလုံး ဖုံးလုနီးနီးဖြစ်မှာ။
အိမ်အောက်ထပ်ဆင်းလာတော့ ကျွန်မတစ်ခုသတိရသွားတယ်။ ဖုန်းနံပါတ်တစ်ခုဆီကို မက်ဆေ့ခ်ျပို့လိုက်တယ်။
ကလေးတွေကို မိဘတွေဆီမတိုင်နဲ့နော်။
အင်းပါ ဒီတိုင်းပဲ ဆုံးမလိုက်ပါမယ်။
အင်းကျေးဇူး။
ပြီးတော့ ကျွန်မ ရုံးကိုသွားတယ်။
ရုံးမသွားခင် ကုကုက ခြေထောက်နားလာတိုးနေလို့
မနည်းဆွဲဖယ်ရသေးတယ်။
ကဲ...ကုကုရေ .omaရုံးသွားရတော့မယ်။
ညက ပြဿနာထဲ မင်းလည်းပါတယ်နော်။
ညကပေါ့ ကလေးသုံးယောက်အသံကြားတော့ ကုကုဟာကျွန်မကိုယ်ပေါ်ကနေဆင်းပြေးပြီး ထိုးဟောင်တော့တာပဲ။အဲ့ဒါနဲ့ ကုကုကိုပြန်ခေါ်ဖို့ ခြံထဲဆင်းအလာမှာပဲ ကလေးတွေရဲ့ အချိုရည်ဗူးဟာ ကျွန်မ နှဖူးကို တောင်ခနဲ မြည်အောင် လာမှန်တယ်။ တကယ်ကို လက်တည့်ကြပါပေတယ်။
ကျွန်မဒေါသလည်း ထောင်းခနဲ ထွက်သွားတယ်။
သီချင်းဆိုနေတဲ့အထိ ကျွန်မ သည်းခံမလို့ပါပဲ။
ကဲ ...အတိတ်ဖြစ်ရပ်တွေ..ရှိပါစေတော့ ရှိပါစေတော့ ..။
ကျွန်မခြေလှမ်းတွေကို Gentle Monsterဆီကိုပဲ
ဦးတည်လိုက်တော့တယ်။
"၁၁နာရီကျ အစည်းအဝေးရှိတယ် ဒါရိုက်တာ"
"ဟုတ်ပြီ ငါလာခဲ့မယ် ကျန်တဲ့ လက်မှတ်ထိုးစရာတွေရော.. ရှိသေးလား"
"မရှိတော့ပါဘူးရှင့်"
၁၁နာရီထိုး အစည်းဝေးစတော့ ကျွန်မလည်းဝင်ထိုင်လိုက်တယ်။ ဝန်ထမ်းတစ်ဦးက နောက်အသစ်ထုတ်မယ့်
ဒီဇိုင်းတွေကို ပြနေတယ်။
"ကလေးတွေအတွက်လည်းထုတ်နိုင်လိမ့်မယ်လို့ရည်ရွယ်ထားပါတယ်ဗျ"
ကလေးတွေ...?
ကလေးတွေ......
မနက်ကတည်းက ဟိုကလေးသုံးယောက်ကို အာရုံထဲ
ကနေဖျောက်ထားတာ အခုတော့ ....။
ယောင်ယမ်းပြီး လက်က နှဖူးကိုသွားစမ်းမိသေးတယ်။
ကလေးတွေရော အဆင်မှပြေပါ့မလား။
တကယ်တော့ ကျွန်မစိတ်ပူသွားတယ်။
ညကြီးမင်းကြီး မိန်းကလေးတွေတန်မဲ့ ဒီလိုမလုပ်သင့်ဘူးလားလို့။ မတော်တရော် တစ်ခုခုဖြစ်သွားရင်...။
ဒါပေမဲ့ အရွယ်ရောက်လာတဲ့ တက္ကသိုလ်ကျောင်းသူတွေဆိုတော့လည်း ကိုယ့်ကိုယ်ကိုယ်ထိန်းနိုင်မှာပါလေ ဆိုတဲ့စိတ်နဲ့ ပြန်ငြိမ်လိုက်ရတယ်။
တစ်စိတ်ကျွန်မကို တစ်သက်လုံးFaဖြစ်မယ့်
အပျိုကြီးလို့ပြောတာတော့ လွန်သလားလို့။
ကဲပါလေ...ထားပါတော့...လောလောဆယ်ရည်းစားရှိနေတဲ့သူလည်းမဟုတ်တော့ သူတို့ပြောသလိုပဲ ခံရတော့မှာပေါ့။
အစည်းဝေးသာပြီးသွားတယ်။ ကျွန်မ ဘာမှမသိလိုက်ဘူး။ သူတို့လက်ခုပ်တီးတော့ ရောယောင်ပီး တီးလိုက်တယ်။
Fa...Fa..Fa...Fa....
ဒီစကားလုံးလေးက ကျွန်မခေါင်းထဲ တဝဲလည်လည်နဲ့။
ကျွန်မရဲ့ စားပွဲခုံကို ဘောပင်နဲ့ တတောက်တောက်ခေါက်
ပြီး စဉ်းစားနေမိတယ်။
Fa..Fa..Fa....
ကျစ်...တကယ်တော့ ကျွန်မက Single
ကျွန်မ Faမဟုတ်ပါဘူး။
ကျွန်မရည်းစားလည်းထားဖူးပါတယ်။
အချစ်ဦးဆိုတဲ့ လူပေါ့။ ကျွန်မတက္ကသိုလ်တက်နေတုန်းမှာပေါ့လေ...။ လူတွေကပြောကြတယ် အချစ်ဦးဆိုတာ အမြဲတမ်းလွဲတယ်တဲ့။ ဘယ်တော့မှ မပေါင်းရဘူးတဲ့။ခက်တာက ကျွန်မတို့အတွဲက မြဲနေတာ။ လူတွေပြောတဲ့စကားကို ကျွန်မ လက်တည့်စမ်းချင်လာတယ်။
အဲ့ဒါကြောင့်......ကျွန်မကပဲ စပြီးဖြတ်ပစ်ခဲ့တယ်။
အသဲတွေကွဲတာပေါ့....။ ဒါပေမဲ့လည်း ဂျင်းနီဂင်ရဲ့
မာနတော့အထိခိုက်မခံနိုင်ပါဘူး။ ကျွန်မဘက်ကလည်း ပြန်စမခေါ်သလို သူ့ဘက်ကလည်းစမခေါ်တော့ဘူး။
အခုတော့သူက ကျွန်မလောက်မလှတဲ့သူနဲ့ အိမ်ထောင်ကျပြီး ကုကုလောက်ချစ်စရာမကောင်းတဲ့ ကလေးကို ပိုင်ဆိုင်ထားနေပါပြီ။
အဲ့ဒီတုန်းကဆို အသဲကွဲတာတွေပျောက်လိုပျောက်ငြား
ကျွန်မ ထိုင်းဘက်ကို အလည်ထွက်လာတယ်။
သူငယ်ချင်းလည်းရှိတာကိုး...။
အင်း.......သူငယ်ချင်းက ကလေးတစ်ယောက်ရနေချိန် ကျွန်မက အသဲတွေ ပိုးစိုးပက်စက်ကွဲကောင်းတုန်း။
သူငယ်ချင်း ကလေးကလည်း ဆော့လိုက်တာ လွန်ရော။
ကြီးတဲ့ထိ အကျင့်ကမပျောက်ဘူး။
အခုလည်းကြည့်...အဲ့ကလေးက ကျွန်မကို ချစ်ပါတယ်ဆို
ပြီး အိမ်ရှေ့မှာလာအော်နေတယ်။
သြော်...ကလေးတွေ...ကလေးတွေ....
အချစ်အကြောင်းဘာမှမသိပဲ ချစ်ချင်နေကြတယ်ကိုး...
တယ်လည်းခက်ပါပေ့။
ကျွန်မက ကလေးတွေကို သိပ်မချစ်တတ်ဘူး။
ကလေးဆန်လို့လေ။ အဲ့လိုဆိုတော့ လူကြီးဆန်တာကို
ကြိုက်တာလားလို့ မေးပြန်ရင်လည်း မဟုတ်ပြန်ဘူး။
ဟင်း.....
အိမ်ထောင်ဖက်တွေ့တာလည်းအကြိမ်ကြိမ်အခါခါ။
တစ်ခါမှလည်း အဆင်မပြေဘူး။
ရုပ်ဆိုးတဲ့လူ။ နှာခေါင်းကောက်တဲ့သူ။ ပခုံးကြီးကျယ်လွန်းတဲ့သူ။ ဒူးနန့်တဲ့သူ။ မျက်ချေးထူနေတဲ့သူ။ ရေမချိုးလို့
ညစ်ပတ်နံစော်နေတဲ့သူ။ လက်သည်းမှာ ချေးတွေတစ်နေတဲ့သူ။ ခေါင်းကဆံပင်မှာ ဗောက်ထနေတဲ့သူ။
အစာစားရင် အသံထွက်တဲ့သူ...
အို...စုံနေတာပဲ။
ရွေးလွန်းတော့လည်း မရ ဆိုသလို ....
အဲ့လိုနဲ့ပဲ တစ်ယောက်တည်း အသက်တွေကြီးလာတယ်။
ဘုရားရေ!!! ဟိုကလေးပြောသလို ကျွန်မ တကယ်များ FAဖြစ်နေပြီလား။ ဒါမှမဟုတ် ဖြစ်တော့မှာလား။
"ဒါရိုက်တာ ... ဒါရိုက်တာ..."
"ဟင် !! သြော် ပြောလေ"
"ကျွန်မခေါ်နေတာကြာပြီရယ် ဟိုလေ ခုနကဒီဇိုင်းအ
သစ်တွေရဲ့ File"
"အင်း ပေးထားခဲ့"
"ဟုတ်"
ဝန်ထမ်းထွက်သွားတော့ ကျွန်မ Fileကိုဖွင့်လိုက်တယ်။
ကလေးတွေအတွက် ရည်ရွယ်ထားတဲ့ အသစ်တွေဆိုပါလား။ အစည်းအဝေးတုန်းက ဘာမှမသိလိုက်တော့
ခက်တယ်။ ဒုက္ခပါပဲ။
Fa..Fa...Fa...
အား...ဒီစကားလုံးပဲကြားနေပြီး
ဟိုသုံးယောက်မျက်နှာပဲ မြင်မြင်နေတယ်။
ကျွန်မ ဒီနေ့အလုပ်လုပ်လို့ရမယ်မထင်တော့ပါဘူး။
🔸🔸🔸🔸🔸🔸
အခုဘန်ဘန်လေးတို့ ဘယ်ရောက်နေတာလဲ သိလား။🙃
ပါမောက္ခရဲ့ ရုံးခန်းထဲမှာပါ။ ကော်ဖီသောက်နေတာလေ။
ညတုန်းက အန်တီဟာ သူ့အိမ်ထဲကို ဝင်ခွင့်ပြုခဲ့ပါတယ်။
ဘန်ဘန်လေး ပျော်တာပေါ့။ ဒါပေမဲ့ အန်တီကလေ ဒေါသထွက်နေတော့ သုံးယောက်လုံး မလှုပ်ရဲဘူး။
လူပုစိတ်တို ခွေးပုရန်လို ဆိုတာ အန်တီနဲ့သူခွေးကိုပြောတာများလား။ (ဒီစကား အန်တီ့ကိုသွားပြန်မပြောရ
ဘူးနော် peace✌️)
ထားပါလေ..အန်တီစိတ်တိုမယ်ဆိုလည်း စိတ်တိုချင်စရာပဲပေါ့။
ဘန်ဘန်လေးတို့ အန်တီ့ ဧည့်ခန်းကဆိုဖာပေါ်မှာ ထိုင်နေကြတယ်။ အန်တီက ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်နဲ့။ အိပ်ချင်လို့သန်းချင်တာတောင် မသန်းရဲဘူး။
အန်တီ့လက်ထဲမှာတော့ ဂျီဆူးရဲ့အချိုရည်ဘူးခွံ။
အန်တီ လမ်းလျှောက်နေရာကနေ ရပ်သွားတယ်။
ဘန်ဘန်လည်း မရဲတရဲနဲ့ မျက်လုံးလေးလှန်ကြည့်မိတယ်။
"မင်းတို့သုံးယောက်"
လာပြန်ပြီ ဒီ မင်း။🙃
"မင်းတို့သုံးယောက်က ဘာတွေလဲ"
ဘန်ဘန်တို့သုံးယောက် တစ်ယောက်နဲ့တစ်ယောက်ပြန်
ကြည့်လိုက်ကြတယ်။ မေးငေါ့ပြီးမေးတယ်။ အန်တီမေးတာကို ဘန်ဘန်လေးတို့နားမလည်ပါဘူး။ ဒါပေမဲ့ မေးနေတော့လည်း ဖြေရတော့မှာပေါ့။
"သမီးတို့က လူတွေပါအန်တီ"
ဘန်ဘန်ဖြေမလို့ကို ချယ်ယောင်းက ဝင်ဖြေလိုက်တယ်။
"အေး လူတွေဆိုတာသိတယ် နော် မင်းတို့ကလူတွေ
ပြီးတော့ မိန်းကလေးတွေ"
အန်တီရယ်...အမှန်တွေပဲပြောနေ ..ဘန်ဘန်ပျင်းလာပြီ။အန်တီ့ကိုမော့ကြည့်မိတော့ နှဖူးက ဒဏ်ရာလေးကရဲတွတ်လို့။ ဘန်ဘန် စိတ်မကောင်းဘူးဖြစ်သွားတယ်။
ဖြစ်နိုင်ရင် အာဘွားလေးပေးပြီး ကုပေးချင်တယ်။
"မိန်းကလေးတန်မဲ့ မင်းတို့ကွာ!!!"
ပြောပါ။ ဆူပါ ။ ငေါက်ပါ။ အန်တီပြုသမျှ နုမယ့်သူလေး
ဘန်ဘန်ပါ 😢။
"ငါတို့တုန်းကနဲ့သိပ်ကွာတယ် ဒီလိုအချိန်စာကြည့်တိုက်ထဲမှာပဲရှိနေတာ စာမှစာပဲ"
မသိရင်ခက်မယ် အန်တီ။ ကိုရီးယားကနေ ထိုင်းထိရောက်လာပြီးတော့နော်....🙄🙄။
(အန်တီ့ကို ပြန်မတိုင်ရဘူးနော် 😗✌️)
"ပြီးတော့ မင်း"
အန်တီက ဂျီဆူးကို လက်ညှိုးနဲ့ ထိုးလိုက်တယ်။
အိပ်ငိုက်နေတဲ့ ဂျီဆူး အခုမှလန့်နိုးလာတယ်။
"်မင်းသောက်တာ အချိုရည်မဟုတ်ဘူး အယ်လ်ကိုဟောတွေပါတယ်"
"ဟို....သမီးသိတယ် အန်တီ"
ဟင်..!! ဘယ်လို...
ဂျီဆူးက တမင်သောက်တာပေါ့နော် အဲ့ဒါဆို😥😰။
"ဘာ!!!သိတယ်"
"ဟုတ်"
"သိရဲ့သားနဲ့ဘာလို့သောက်တာလဲ မင်းတို့အသက်တွေ
မပြည့်သေးဘူးနော်"
"ဟိုလေ...ရဲဆေးတင်တဲ့အနေနဲ့ပဲသောက်တာပါ"
ရဲဆေးတင်ရမှာ ဟော့ဒီက ချစ်စရာအရွယ် ဘန်ဘန်လေးမဟုတ်ဘူးလား မတ်မတ်ဂျီဆူးရေ....😓😓။
အန်တီစိတ်ညစ်သွားတယ်ထင်တယ်။
စကားသံထွက်မလာတော့ဘူး။
အဲ့အချိန်မှာ ချယ်ယောင်းက ဘန်ဘန်လေးရဲ့ နားနားကိုကပ်ပြီး ပြောလိုက်တယ်။
"ငါနင့်အန်တီကိုအရမ်းကြောက်နေပြီ အိမ်သာတက်ချင်လာပြီ"
"ဟာ...ထိန်းထားပါဦးဟ"
"ငါမရတော့ဘူး..."
"ဟိုကလေး..အိမ်သာတက်ချင်နေတာလား"
ဘန်ဘန်တို့ တိုးတိုးလေးပြောနေတာကို အန်တီဘယ်လို
ကြားသွားလဲ။😑
"ရှင် ဟုတ်"
"သွား သွား...အိမ်သာကနောက်မှာ"
"ဟုတ် ကျေးဇူး အန်တီ"
အန်တီ့ရဲ့ ဆုံးမစကားတွေကို နာခံနေရင်းကားတစ်စီးက
ခြံထဲကို ထိုးရပ်တယ်။
အန်တီဟာ....SNU က သူ့သူငယ်ချင်း ဘန်ဘန်တို့ရဲ့
ပါမောက္ခအပျိုကြီးကို ဖုန်းလှမ်းဆက်လိုက်ပါသတဲ့။🙃
ရက်စက်တဲ့ အန်တီ။ အိမ်မှာ အိပ်ခိုင်းလိုက်ရင် ပြီးနေ
တာကို။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
စာဖတ်ရတာ အဆင်မပြေတာမျိုးများရှိလားဟင်။
Notiမတက်တာတို့ စာတွေပြတ်နေတာတို့လို။
ဒီဘက်မှာတော့ မနေ့ကတင်တဲ့ အပိုင်းNoti တက်မလာဘူး။ အဲ့လိုပဲဖြစ်နေရင်တော့ Unpublishလုပ်ပြီး ပြန်တင်မှ ရတော့မယ်ထင်တယ်။
4July20 10:13PM