ထာဝရသူငယ်ချင်း (B.F.F) (Z+U){...
By KhinwaddyKhaing
57.2K 4.5K 276
* အနီးဆုံးမှာရှိနေလျက်နဲ့ ငါတို့ဝေးနေတာ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းတွေဖြစ်နေလို့... * တစ်ယောက်ရဲ့ ခံစားချက... More
Introduction
1:lovely friend
2:စတင်ခြင်း
3:ချည်
4: မင်းမှမင်း
5: မင်းအတွက်ဆိုရင်
6:လူရှုပ်ကလေး
7: အတူတူဆိုရင်
8: သုံးယောက်
9: အသစ်
10:Love and Friend
11: Love story
12: Missing boy
13: Silence
14: ဥပေက္ခာ
15: Near and far
16: Trip (1)
18: နိဂုံး၏အစ
19: Love💘
20: No!!
21:Venus(The god of the love❣)
22:Love is Life👨‍❤️‍💋‍👨
23:အချစ်မီး🔥
24:Forwards (OR) Backwards??
25:Love-target🎎(ဇာတ်သိမ်းပိုင်း)
17: Trip (2)
1.3K 155 6
By KhinwaddyKhaing
(Unicode)
သွေးသစ်တစ်ယောက် မိုးလင်းကာနီးမှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေသည်။ ကျွန်တော့်ကို တစ်ညလုံးကားပေါ်မှာ ပြုစုပေးနေရသည်မဟုတ်လား။ သူကလေး၏ ကျေးဇူး ကြောင့်ပင် ကျွန်တော်အတော်လေးသက်သာလာခဲ့ရသည်။ အခုတော့ ကျွန်တော့်ဘေးမှာ အတော်ကလေး အပူအပင်ကင်းကင်းနှင့် အိပ်ပျော်နေလေသည်။
အချိန်မှာလည်း မနက် ၆ နာရီပင်ရှိလေပြီ။ ကျောင်းသားများအားလုံးလည်း အလျိုအလျိုနိုးလာကြသည်။ တိတ်ဆိတ်ငြိမ်သက်နေရာမှ ကျောင်းသားများနိုးလာသောကြောင့် ကားတစ်စီးလုံး လှုပ်လှုပ်ရှားရှားဖြစ်လာလေသည်။ ထိုအချိန် ဘေးခုံမှ ဆု က
"သွေးသစ်..အိပ်​နေတုန်းလား...ကိုလင်းအံ့နေမကောင်းလို့...သူတစ်ညလုံး...အလုပ်ရှုပ်နေတာ...သူ့ကြည့်ရတာ..ကလေးအမေကျနေတာပဲ...ကိုလင်းအံ့ ကိုပြုစုပေး...နေလိုက်တာများ...."
"သွေးသစ်က..စိတ်ပူတတ်လို့ပါ....."
ကျွန်တော် ပြန်၍ပြောလိုက်မိသည်။
"ကိုလင်းအံ့...ရော..စိတ်မပူဘူးလား...."
"ကျွန်တော်က...ဘာကိုပူရမှာလဲ....."
"သူများနောက်...ပါသွားမှာကိုလေ....နှောင့်နှေးနေရင်...ကျန်ခဲ့မှာပေါ့....."
သွေးသစ် မျက်နှာကလေးကို ကျွန်တော် တစ်ချက်ကြည့်လိုက်သည်။ နှောင့်နှေးနေတာ မဟုတ်ဘူး ရှေ့မတိုးဝံ့တော့တာပါ ဟုကျွန်တော်သူမ ကိုမပြောပြဖြစ်တော့။
ရှော်ပြာရွာသို့ရောက်ပြီး တစ်နာရီမျှ တောင်တက်လမ်းအကွေ့အကောက်များစွာကို ဖြတ်ပြီးနောက် ဥတိုတံတားသို့ ရောက်လာလေသည်။ စီနီယာကိုကို၊ မမကြီးများက မိမိအထုပ်အပိုးများကို သေချာစွာထုပ်ပိုးပြီး အဆင်သင့်ထားရှိရန်ပြောလာ၍ ကျွန်တော်လည်း ပစ္စည်း တစ်ချို့ကိုသိမ်းဆည်း ထုပ်ပိုးရန် ပြင်လေတော့ လက်ကိုင်ပဝါ အဝါလေးတစ်ထည် ကျွန်တော့်ခုံနောက်မှ ထွက်လာသည်။
တစ်ညလုံး ရေပတ်တင်ပေးထားသော အဝတ်က အိပ်ပျော်သွားတုန်းလျှောကျကာ ထိုင်ခုံအောက်ရောက်နေသည်ထင်။လက်ကိုင်ပဝါတွင် TTS ဟူ၍အတိုကောက်ရေးထိုးထားသည်။ သွေးသစ်ပဝါကိုလျှော်ပြီးမှပေးရန် စိတ်ကူးမိ၍ အိတ်ကပ်ထဲ ထည့်လိုက်မိသည်။ ခဏကြာတော့ သူကလေးနိုးလာသည်။
"ကို...ရောက်တော့မှာလား....ကျွန်တော့်ကိုတောင်...မနှိုးဘူး..."
"မင်းတစ်ညလုံး..အိပ်ရေးပျက်ထားတယ်လေ...အဲဒါကြောင့်...ရောက်တော့ မှ...နှိုးမလို့ပါ...."
သူကလေးက အိတ်ထဲသို့ ပစ္စည်း များထည့်ကာ ၊ သိမ်းကာဖြင့်
"ကို...နေရောကောင်းပြီလား....ဘယ်လိုနေသေးလဲ"
ဟုဆိုကာ ကျွန်တော့်နဖူးပေါ် လက်တင်၍ စမ်းလိုက်ပြီးမှ
"ကို...နေကောင်းသွားပြီပဲ...ဂရုစိုက်နော်...."
ငါကိုယ်ငါထက်.. မင်းကို.. ကိုစိတ်ပူရမှာ သွေးသစ်..မင်းကရေကြောက်တယ်လေ...ခုဟာက..ရေလမ်းခရီး...ဂရုစိုက်ရမှာက...မင်းပဲ..ကလေး..
နှစ်ယောက်တစ်ခန်း အခန်းများစီစဥ်ထားကြောင်း တည်းရမည့် အခန်းနံပါတ်များကို စီနီယာမမတစ်ယောက်က လာပြောပြပေးသည်။ ချစ်ရိပ်ကတော့ ကျွန်တော်တို့နှင့် ဟိုတယ်လည်းမတူပေ။ လူအရေအတွက်အလိုက် ရနိုင်သည့် ဟိုတယ်များတွင် စီစဥ်ထားသောကြောင့်ပင်။
နှစ်ယောက်တစ်ခန်း မည်သူနှင့်နေကြမည်ကို သွေးသစ်တို့သူငယ်ချင်းတစ်စု တိုင်ပင်နေကြစဥ် reception ဘက်မှ ပြန်ထွက်လာသော သူငယ်ချင်းတစ်ယောက်
"လင်းအံ့... မင်းလည်း..လိုက်လာတာလား...ငါတောင်မသိရဘူး...ဘယ်သူတွေနဲ့..လိုက်လာတာလဲ...ချစ်ရိပ်နဲ့..တွဲခုတ်လာတာလား...."
ကျွန်တော်တစ်ဦးတည်းသော ပေါင်းဖြစ်သည့် သူငယ်ချင်း ဖြစ်၍ ချစ်ရိပ်နေ့တိုင်း အတန်းဘက်သို့လာတတ်သည်ကိုသိ၍ စ နေခြင်းဖြစ်သည်။ သူကတော့ သူ့ကောင်မလေးနှင့်လာသည်လေ သို့သော် မိန်းကလေးချင်း၊ ယောကျာ်းလေးချင်းသာ အတူနေရန်ခွင့်ပြုထား၍ သူလည်းအဖော်မဲ့နေလေသည်။
"မဟုတ်ပါဘူး..မင်းပြည့်..ရာ...ငါ့ကို..သွေးသစ်အတင်းခေါ်လာလို့...ပါလာတာကွ....မင်းရော..ဘယ်သူနဲ့နေမှာလဲ...အဆင်ပြေရဲ့လား...."
"တစ်ယောက်တည်းကွ...မင်းလိုက်နေပါလား...."
ထိုအချိန် ဆု၏ လက်ထောက်ဖြစ်သော ဝဏ္ဏဇော်က
"လိုက်လို့ဘယ်ဖြစ်မလဲ...ကိုလင်းအံ့.. လိုက်သွားရင်..သွေးသစ်က..တစ်ယောက်တည်းဖြစ်နေမှာပေါ့...ကျွန်တော်က..နေခန့်နဲ့နေမှာ...ပြောလေ..သွေးသစ်..."
သွေးသစ်ကို အတင်းတွန်းလွှတ်၍ ပြောခိုင်းသည်။ သွေးသစ် ကတော့ မျက်နှာငယ်လေးနှင့်
"ကိုလင်း... လိုက်ချင်လိုက်သွားလေ..ကျွန်တော်ကတစ်ယောက်တည်းလည်း...အဆင်ပြေပါတယ်... "
လိုက်သွားလေဟုပြောနေသော်လည်း ထိုကလေး၏ မျက်ဝန်းများတွင် အားငယ်နေသော အရိပ်အယောင်များ တွေ့နေရ၍ ကျွန်တော်ဘယ်လို ခွန်အားမျိုးနှင့်လိုက်သွားနိုင်မည်နည်း။
"မင်းပြည့်...မင်းကတစ်ယောက်တည်းလည်း.. အဆင်ပြေမှာပါကွာ...ငါသွေးသစ်နဲ့ပဲ..နေလိုက်တော့မယ်...."
"Okay..လေ...ငါ့အခန်းနံပါတ်က..(...)...လာခဲ့ဦးလေ..."
"အေးအေး...."
သူကလေးပျော်သွားပုံရသည်။ ကျွန်တော့်အထုပ်တွေပါ ရှေ့ကနေ မနိုင်မနင်းသယ်သွားလေသည်။ ကျွန်တော်သဘောကျစွာပြုံးလိုက်မိသည်။
"သွေးသစ်ကို..စိတ်ချမယ်နော်... ကိုလင်းအံ့... " ဟူ၍ပခုံးပုတ်ကာ ဝဏ္ဏဇော် ကပြောသွားသေးသည်။
အခန်းထဲရောက်တော့ သူကလေးက ကုတင်ကိုရွေးကာ သူ့စိတ်ကြိုက်ကုတင်ပေါ် အားရာပါးရ ပစ်လှဲလိုက်လေသည်။
"ကို...ကျွန်တော်..ကို့ကို..ကျေးဇူး အရမ်းတင်တယ်...သိလား..."
"ဘာလို့လဲ.... "
"ဘယ်လိုအချိန်မျိုးပဲဖြစ်ဖြစ်...ကိုကကျွန်တော့်ကို..ပစ်မသွားလို့...ကျွန်တော်..အထီးကျန်မှာ..အရမ်းကြောက်တယ်...."
ကျွန်တော်ဘာမျှပြန်မပြောမိပေ။ မင်းကိုယ့်ကို..နားမလည်နိုင်ပါဘူး..ကလေးရယ်....
ခဏနေတော့ သွေးသစ် ဖုန်းမြည်လာလေသည်။ သွေးသစ်က ဖုန်းဖြေရင်း ကျွန်တော့်ကို လှမ်းမေးသည်က
"ကိုလင်း...ချစ်ရိပ်တို့က..ကမ်းခြေရောက်နေပြီတဲ့...ဆော့ရအောင်...ဆင်းခဲ့ပါလားတဲ့..."
ဘယ်လိုဟာလေးတွေလဲ။ မမောနိုင်မပန်းနိုင် ချက်ချင်းပဲဆင်းဆော့ကြမှာလား။
"မလိုက်တော့ဘူးလို့...ပြောလိုက်...သွေးသစ်..ကို..နားချင်သေးတယ်..."
"အင်းလေ..အဲ့ဒါဆိုလည်းပြီးရော..ချစ်ရိပ်ရေ..ကိုလင်း..မလိုက်ဘူးတဲ့...ငါလာခဲ့မယ်နော်....စောင့်နေ..စောင့်နေ.."
ပြောပြောဆိုဆို အဖြူရောင်တီရှပ်လေးတစ်ထည်နှင့် ဘောင်းဘီတိုလဲပြီး ထွက်သွားလေသည်။ သူကလေး အဝတ်လဲသည်ကို မိမိစိတ်ကို မိမိ မလုံ၍ စောင်သာခေါင်းမြီးခြုံထားလိုက်သည်။ ဒီလိုပုံစံနဲ့ဆို သွေးသစ်နဲ့တစ်ခန်းတည်း ဘယ်လိုအိပ်မလဲ လင်းအံ့ ရေ..စိတ်ထိန်း..စိတ်ထိန်း...ကိုယ့်ကိုကိုယ်တစ်ချိန်လုံး..သတိပေးနေရမည့်သဘောပင်။
မည်မျှပင်ပင်ပန်း၍လည်း မသိ ဘာကိုမျှမသိပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။ နိုးနိုးချင်းနာရီ ကြည့်မိတော့ ၁၂နာရီ ထိုးနေပြီ။ သွေးသစ်တစ်ယောက် အခန်းထဲရောက်မလာသေး။ကုတင်ဘေးချထားသော ဖုန်းကို တစ်ချက်အပျင်းပြေ မွှေနှောက်ကြည့်လိုက်တော့ သွေးသစ်သူငယ်ချင်း အိမ့်မှူးက video တစ်ခုပို့ထားသည်။
Video ထဲတွင် ချစ်ရိပ်အပါအဝင် တခြားသောကျောင်းသားများက ရေကူးပြိုင်ကြရန်ပြင်နေကြသည်။ချစ်ရိပ်ကလည်း သွေးသစ်ကို ဝင်ပြိုင်ခိုင်းနေပုံရသည်။ သွေးသစ်က တွင်တွင်ခေါင်းခါနေသည်။'မဖြစ်ဘူး...သွေးသစ်ကရေကြောက်တယ်...' video ရောက်သည့်အချိနိကို ကြည့်လိုက်တော့ ၁၁:၃၀ ။ ဒုက္ခပါပဲ.....
ကျွန်တော် ကမ်းခြေဘက်ကို ဘယ်လိုဘယ်ပုံ ရောက်သွားမှန်းပင် မသိလိုက်။ကျွန်တော် ကြည့်လိုက်တော့ ကျောင်းသားတစ်ချို့က ကမ်းပေါ်ပြန်ရောက်နေပြီ။ တစ်ချို့ကရေအလယ်၊ တချို့ကလည်း ကူးခတ်ဆဲ။ ဟိုးနောက်ဆုံးကို ကြည့်မိတော့ ကမ်းနှင့်တော်တော်ဝေးဝေးမှာ ရောက်နေသူက သွေးသစ်။ ကူးနေသလား၊ ရပ်နေသလားပင် မသဲကွဲအောင် ဖြစ်နေသည်။ သေချာသည်မှာ သူတစ်ခုခုဒုက္ခဖြစ်နေပြီ ဟုသိလိုက်သည်။
ချစ်ရိပ်ကတော့ နောက်ကျနေသောသွေးသစ်ကို အားမလိုအားမရ ဖြစ်ကာ ဒေါသထွက်နေသည်။ သို့ပေမယ့် တခြားကျောင်းသားများသာ တစ်ယောက်ပြီးတစ်ယောက် ကမ်းပေါ်ရောက်လာကြသည်၊ သွေးသစ်ကတော့ ထိုနေရာတွင်ပင်။ ရေကူးနေကျဖြစ်ဟန်တူသော လူတစ်ယောက်က
" ဟိုးနောက်ဆုံးက..တစ်ယောက်က..ကြွက်တက်နေတာ..ဖြစ်မယ်....ရှေ့ကိုရောက်မလာဘူး..ဒုက္ခပဲ... "
ကျွန်တော်ဘာမျှ စဥ်းစားမနေတော့ပဲ ရေထဲအမြန်ပင်ဆင်းသွားလိုက်တော့သည်။ မင်းတစ်ခုခုဖြစ်လို့..မဖြစ်ဘူး..သွေးသစ်...ကို..အဆုံးရှုံးမခံနိုင်ဘူး.....
'ပြဿနာပဲ... သွေးသစ်..တစ်ခုခုဖြစ်လို့ကတော့...ကိုလင်းငါ့ကိုအကြီးအကျယ်..စိတ်ဆိုးမှာ..' ဟူ၍သွေးသစ် တစ်ခုခုဖြစ်မှာထက် လင်းအံ့ စိတ်ဆိုးမှာကို ပို၍စိတ်ပူကာ ထိတ်လန့်နေသူက ချစ်ရိပ်ချို။
စိတ်ပူရခြင်းအကြောင်းအရင်းမှာလည်း သွေးသစ်ကို ချစ်ရိပ်က "ငါ့ကိုတကယ်ချစ်ရင် ဝင်ပြိုင်၊မပြိုင်ရင် မချစ်လို့ပဲ" ဟူ၍အကြပ်ကိုင်ကာ ဝင်ပြိုင်ခိုင်းလိုက်သောကြောင့်ပင်။
ထင်သည့်အတိုင်းပင် ။ လင်းအံ့ က ပွေ့ချီကာခေါ်လာ၍သာ သွေးသစ် ကမ်းပေါ်ရောက်လာသည်။ ကမ်းပေါ်ရောက်တော့ ကျောင်းသားအများစုက ဝိုင်း၍ ပြုစုပေး၊ကူညီပေးကြ၍ ချက်ချင်း သတိပြန်ရလာလေသည်။ ထိုကျောင်းသားများပင် သွေးသစ်ကိုတွဲကာ ခေါ်သွားလေသည်။ သို့သော် လင်းအံ့က ရင်ထဲမှ ဒေါသအလျောက် မျက်လုံးများက ချစ်ရိပ်ဆီရောက်သွားလေသည်။
ကျောင်းသားများကလည်း သူ့အလိုလိုပြန်သွားကြလေသည်။ ကျန်နေခဲ့သူများမှာ ချစ်ရိပ်သူငယ်ချင်းများနှင့် ချစ်ရိပ်ပင်
"မင်း..ဘယ်လိုလုပ်လိုက်တာလဲ... သွေးသစ်တစ်ခုခုဖြစ်သွားရင်...ဘယ်လိုလုပ်မလဲ.... သူကရေကြောက်တယ်...တော်ရုံအကြောင်းလောက်နဲ့တော့..ရေထဲဆင်းမှာ..မဟုတ်ဘူး..မင်းဘယ်လိုအကြပ်ကိုင်ပြောလိုက်တာလဲ....ပြောစမ်း!!!....."
ဒေါသအလျောက် လင်းအံ့ စကားသံမှာ အတော်လေးမာသွားသည်။
ချစ်ရိပ်မျက်ရည်များ ဝဲလာကာ
"ချစ်..ချစ်ရိပ်..က...မသိလို့ပါ...ကိုလင်းရယ်....တောင်း...တောင်းပန်ပါတယ်....."
"တောင်းပန်တယ်ဟုတ်လား...သူတစ်ခုခုဖြစ်သွားရင်ရော...မင်းတောင်းပန်ရုံပဲလား..!!!..."
"ချစ်ရိပ်...တကယ်မသိလို့ပါ.. ကိုလင်းရယ်...အနူးအညွတ်တောင်းပန်ပါတယ်....."
"မင်း...မင်း...မင်းကွာ...တော်တော်ကြောက်ဖို့ကောင်းတဲ့...မိန်းမပဲ...!!!..."
ဟူ၍  ဒေါသတကြီးဖြင့် ထွက်သွားလေသည်။
'ဟုတ်တယ်...ချစ်ရိပ်...ဘယ်လောက်ကြောက်ဖို့ကောင်းလဲ...ဆိုတာ...ကိုလင်း..မကြာခင်သိလာစေရမယ်..' ဟု အံကြိတ်ကာသာ ချစ်ရိပ်ကြုံးဝါးလိုက်မိတော့သည်။
နေ့လည်က အဖြစ်အပျက်ကြောင့် လင်းအံ့ အတော်လေးဒေါသထွက်နေမှန်းသိ၍ နေ့လည်စာ၊ညနေစာကိုတောင် အတူတူမစားဖြစ်ကြ တစ်ယောက်တစ်ကွဲစီ။ မင်းပြည့်လျှံ လာခေါ်၍ ညနေစာစားပြီးကတည်းက လင်းအံ့ လိုက်သွားလိုက်သည်။သွေးသစ်တစ်ယောက်တည်း အခန်းထဲမှာကျန်ခဲ့သည်။
ည ၉ နာရီလောက်ရောက်မှ သွေးသစ်အိပ်သွားလောက်ပြီ ဟူသော အတွေးဖြင့် ပြန်လာခဲ့ သည်။ အမှန်တော့ နေ့လည်က ကိုယ်မလုပ်နိုင်တာကို မလုပ်နိုင်ဘူးဟုမပြောသော သွေးသစ်ကို စိတ်ဆိုးမိသည်ထက် ဒီညတစ်ခန်းတည်းအတူတူအိပ်ရမည်ကို ပို၍ မနေတတ်သောကြောင့် သူကလေးအိပ်နေသည့် အချိန်မှ ပြန်လာခဲ့ခြင်းဖြစ်သည်။
အခန်းထဲရောက်တော့ ထင်သည့်အတိုင်းပင် သွေးသစ်က တစ်ဖက်သို့လှည့်ကာ အိပ်နေပြီး မီးအိမ်ကတော့ပွင့်လျက်သား။ မိမိလည်းအိပ်ရန် အရင်ပြင်ဆင်ပြီးမှအခန်းမီးများပိတ်ကာ သူကလေးမီးအိမ်ကို ပိတ်ပေးရန် သူ့ကုတင်ပေါ်မှတစ်ဆင့် တစ်ဖက်တွင်ရှိသော မီးအိမ်ကိုလက်အလှမ်း သူကလေးက ဒီဘက်သို့လှည့်လာကာ ကျွန်တော့်ကို မျက်လုံးဖွင့်ကြည့်လိုက်သည်။
မီးရောင်အောက်တွင် သူကလေး၏ ဖြူစင်ကြည်လင်သော မျက်နှာကလေးနှင့်အတူ ပန်းနုရောင်သမ်းနေသော နှုတ်ခမ်းလေးများ၊ သူကလေးထံမှ ရင်ခုန်သံများကိုလည်း ကျယ်လောင်စွာ ကြားနေရသည်။ကျွန်တော့်ရင်ဘတ်ထဲမှ ရင်ခုန်သံကိုလည်း သူကလေးကြားမည်ပင်။ သူကလေးကလည်း မျက်နှာမလွှဲသလို ကျွန်တော်ကလည်း မလွှဲမိပဲ အတန်ကြာအောင် စိုက်ကြည့်နေမိကြသည်။
ထိုခဏတာ ကျွန်တော့်၏စိတ်အစဥ်သည် ပန်းတိုင်မှလွှတ်လိုက်သော အပြေးသမားတစ်ယောက်နှယ် ဒုန်းစိုင်းကာ နှုတ်ခမ်းများကား သူကလေး၏နှုတ်ခမ်းများထက် အလိုလိုရောက်သွားလေသည်။
ကျွန်တော် ကို့ကို ဘာလို့ အရင်လို မရုန်းမိတာလဲ?မရုန်းမိသည့်အပြင် ကိုလင်း၏အနမ်းတို့ထက် ပို၍ နက်နဲသော အနမ်းပြင်းပြင်းတစ်ချက်ကို ​ဦးဆောင်လိုက်မိသည်။
လျှာဖျားလေးနှင့် မထိတထိစုပ်ယူကာ နမ်းလိုက်သော သူကလေးကြောင့် အံ့သြမိသည်။သို့သော် ကျွန်တော်ကဆက်လက်၍ သူ၏နှုတ်ခမ်းကလေးများ လွတ်မထွက်သွားစေရန် တစ်ရှိုက်မတ်မတ် စုပ်ယူနမ်းနေမိသည်။
ရုတ်တရက် ဖြစ်ပေါ်လာသော ခံစားချက်များကို မထိန်းသိမ်းနိုင်ပဲ သူကလေး၏ လည်ပင်းအထိပါ တစ်ရှိုက်မတ်မတ် ထပ်မံသုံးဆောင်မိပြန်သည်။
"ဒေါက်...ဒေါက်...ဒေါက်...သွေးသစ်...သွေးသစ်..."
တံခါးခေါက်သံကြားလိုက်မှ အသိတို့ ပြန်စုစည်းမိလိုက်ကာ ကျွန်တော်တို့နှစ်ယောက် ခွာလိုက်မိသည်။ သို့သော် သူကလေး လည်ပင်းမှာ marking လုပ်ပြီးပြီ။
'ငါတို့ဘာတွေလုပ်မိတာလဲ.....' ဟူသော အတွေးကနှစ်ယောက်လုံး တစ်ပြိုင်တည်းတွေးမိခိုက် တံခါးမှ အဆက်မပြတ် ခေါက်နေ၍ ကျွန်တော် အခန်းမီးများဖွင့်လိုက်ကာ သွေးသစ်က တံခါးဆီသို့ ထသွားလေသည်။
"သွေးသစ်...နင်တို့က..အိပ်ကြတော့မလို့လား...ကမ်းစပ်မှာ..မီးပုံပွဲလုပ်ထားတယ်...အဲ့ဒါကြောင့်လာခေါ်တာ....ကိုလင်းအံ့ကိုလည်း..ခေါ်လိုက်လေ..." ဟူ၍ တံခါးခေါက်ကာရောက်လာသူက ဆုပင်။ သူမ သာ ရောက်မလာပါက ကျွန်တော် တို့ဘာတွေဆက်ဖြစ်ကြမည်လဲ မတွေးဝံ့။
"ဟယ်...သွေးသစ်...နင့်လည်ပင်း..က..ဘာဖြစ်တာလဲ... နီရဲနေတယ်...."
"ဟင်......"
မျက်စိကလည်းလျင်လိုက်တာ ဘယ်လိုများမြင်သွားရတာလဲ.. ဟုတွေးမိကာ ကိုလင်းကိုကြည့်မိတော့ သူလည်း အမူအရာပျက်နေသည်လေ။ ဆု မမြင်အောင် တံခါးကို အနည်းငယ် ပြန်စေ့လိုက်ပြီးမှ
"ဘာမှမဟုတ်ပါဘူး...ဟာ..အကောင်တစ်ကောင်ကောင်..ကိုက်သွားတာဖြစ်မယ်...."
"အကောင်..?...လူကောင်လား...တိရစ္ဆာန် အကောင်လား...မှန်မှန်ပြော...."
"ဘာတွေပြောနေတာလဲ.... နင်မီးပုံပွဲလာခေါ်တာ..မဟုတ်လား...သွားမယ်လာ...."
"ကိုလင်းအံ့ ကိုလည်း...ခေါ်လိုက်လေ...."
"သူလိုက်မှာ..မဟုတ်ဘူး...လာပါ..သွားရအောင်..."
အရေးကြီးတာ ထိုနေရာမှ မြန်မြန်ထွက်ဖို့ပင် မဟုတ်လား။ကိုလင်းကို ခေါ်လို့မဖြစ်ဘူးလေ ဘယ်လိုရင်ဆိုင်ရမှာလဲ။ နေခဲ့လိုက်တာ ကောင်းပါတယ် ကိုလင်းရယ်..
ထိုညကတစ်ညလုံး မအိပ်တော့ပဲ သူငယ်ချင်းများနှင့် မီးပုံပွဲတွင်ပင် အချိန်ကုန်ခဲ့လေသည်။ ဘယ်လိုပင်တွေးတွေး အဖြေရှာမရပေ။ ငါဘာလို့ ကိုလင်းကို လက်ခံချင်နေရတာလဲ? ကိုလင်းကရော ဘာလို့ငါ့ကို အမြတ်တနိုးနဲ့ နမ်းနေရတာလဲ? မဖြစ်တော့ဘူး ချစ်ရိပ်ဆီက အဖြေကိုမြန်မြန်တောင်းပြီး ငါ့စိတ်ကိုငါပြင်မှပဲ.......
သူကလေး အခန်းထဲမှ ထွက်သွားပြီးကတည်းက တစ်ညလုံး အိပ်မရတော့ချေ။ နောက်ဆုတ်ရန် ခြေလှမ်းပြင်ပြီးကာမှ ဘာလို့ရှေ့ကိုပဲ ဆက်တိုးချင်နေရတာလဲ? ငါ့ခံစားချက်တွေကရော ဘာလို့နောက်ဆုတ်လို့  မရတာလဲ? ကိုယ့်ရင်ထဲက ခံစားချက်တွေကို မင်းမြင်အောင်ပြဖို့ မဖြစ်နိုင်ဘူး ကလေးရယ်..မင်းနားမလည်နိုင်ပါဘူးကွာ........
&&&&&&&&&&&&&
မနက်မိုးလင်းလို့မျက်လုံးပွင့်တော့ သူကလေးကို အရင်ရှာမိသည်။ သို့သော် ညက ထိုအခြေအနေနှင့် သူကလေး အခန်းကို ပြန်လာလိမ့်မည် မဟုတ်။ ညစ်ညူးနေသောစိတ်ကို လန်းဆန်းစေရန် အလို့ငှာ ရေချိုးရန်ပြင်လိုက်တော့ မနေ့ကလျှော်ကာလှမ်းထားသော TTS ဟုအမည်ထွင်းထားသော ပဝါလေးခြောက်နေပြီ။
သူကလေးကို တွေ့လျှင် ပြန်ပေးရန် လဲလိုက်သော shirt ၏ အိတ်ကပ်ထဲတွင် ထည့်လိုက်မိသည်။ မနက်စာစားရန် အခန်းတံခါးဖွင့်လိုက်တော့ အခန်းရှေ့တွင် ရောက်နေသူက ချစ်ရိပ်ချို။
"ကိုလင်း...ချစ်ရိပ်ကို...စိတ်ဆိုးနေတုန်းပဲလား...ချစ်ရိပ်ထပ်ပြီးတောင်းပန်ပါတယ်နော်....မသိလို့မှားမိတဲ့အမှားပါ...ခွင့်လွှတ်ပေးပါ..နော်...ရန်သူတွေတောင်..လက်နက်ချရင်..ကျေအေးပေးရတာပဲ...ချစ်ရိပ်တို့က..ရန်သူမှမဟုတ်တာ...."
အပြောချိုချိုလေးများဖြင့် လာချော့နေသော ချစ်ရိပ်ကို ကျွန်တော်ဘယ်လို ဆက်စိတ်ဆိုးရတော့မှာလဲ
"ဘာလာလုပ်တာလဲ.... "
"ချစ်ရိပ်...ကျောက်မောင်နှမဘုရား...သွားချင်လို့...ကိုလင်းလိုက်ပို့ပေးပါလား...."
"မင်း..သူငယ်ချင်း တွေနဲ့..သွားပေါ့...."
"သူတို့ က..အတွဲကိုယ်စီနဲ့လေ...ချစ်ရိပ်တစ်ယောက် တည်းဖြစ်နေလို့...ပြီးတော့..ဆိုင်ကယ်လည်း..မမောင်းတတ်ဘူးလေ...."
"ဘယ်မှာလဲ...ဆိုင်ကယ်..."
"ဟိုတယ်..အဝင်မှာထားခဲ့တယ်...လိုက်ခဲ့နော်...ကိုလင်း...."
"သွားနှင့်...တံခါးပိတ်ပြီးလာခဲ့မယ်...."
"ဟုတ်....... "
ဘုရားရောက်တော့ ကျောင်းသားကျောင်းသူအများစု အတွဲကိုယ်စီလာကြ၍ ကျွန်တော်တို့ကိုလည်း အတွဲဟုပင်ထင်ကြလေသည်။ တွေ့သော သူတိုင်းက စနောက်သွားကြသည်။ ချစ်ရိပ်က ဘာမျှမတုံ့ပြန်ပဲ ငြိမ်နေ၍ ကျွန်တော်လည်း ဘာမျှ မတုံပြန်မိပေ။
ကျောက်ဆောင်များပေါ်တွင် ခရုခွံလေးများက ကပ်ခါနေ၍ မနည်းကြည့်ကာလမ်းလျှောက်ရသည်။ အခါမသင့်လျှင် ခရုခွံကွဲများက ခြေဖဝါးကိုရှတတ်သည်လေ။ ထိုစဥ် ရှေ့မှ လျှောက်နေသော ချစ်ရိပ်ထံမှ
"အား....သွားပြီ...ခြေဖဝါးရှသွားပြီ......"
အော်သံနှင့်အတူ ကြည့်မိတော့ သွေးများမြင်မကောင်းအောင် ထွက်လာနေသည်။ ထို့ကြောင့် ကျွန်တော့်အိတ်ကပ်ထဲမှ အဆင်သင့်ပါလာသော ပဝါကိုထုတ်ကာ သူမခြေဖဝါးကို စည်းပေးလိုက်မိသည်။
ထိုခဏပင် သူမ ဟန်ချက်ပျက်ကာ ကျွန်တော့်ပေါ် လဲကျလာ၍ ထိန်းပေးလိုက်ရသေးသည်။ ထိုဖြစ်စဥ်ကို အစအဆုံး ဓာတ်ပုံရိုက်လိုက်သူက နေခန့်ပင်။
&&&&&&&&&&
တစ်ညလုံး သူ့ကို ရင်မဆိုင်ဝံ့၍ ပြန်မလာမိသော်လည်း မနက်အခန်းပြန်ရောက်တော့ သူမရှိတော့။ ဆုတိုနှင့် သဲဖြူကျွန်းသွားရန် ချိန်းထား၍ ရေချိုးရန် မှန်ထဲကြည့်မိ​တော့လည်ပင်းမှ marking လေးကမပျောက်မပျက်ရှိနေသေး။ကြည်နူးမှုများဖြင့် ရေချိုးအဝတ်အစားလဲပြီးတော့ နေခန့်ဆီမှ ဖုန်းဝင်လာကာ messager တွင်ပုံပို့ထားသည်ဟုပြော၍ ထုတ်ကာ ကြည့်မိလိုက်သည်။
ရင်တစ်ခုလုံး ဗြောင်းဆန်သွားသည်။ မခံမရပ်နိုင်သော ဒေါသများထွက်သွားသည်။ သဝန်တိုသလို၊ မနာလိုသလို၊သေချာသည်က သူတို့နှစ်ယောက်ကို အတူတူမြင်ရတိုင်း ကျွန်တော့်ရင်ဘတ်ထဲမှ ခံစားနေရမြဲ ခံစားချက်တစ်ခု။
ဆုဆီသို့ ဖုန်းဆက်လိုက်ကာ မလိုက်ဖြစ်တော့ဘူးဟု ပြောလိုက်​ပြီး ကိုလင်း ပြန်အလာကိုသာ စောင့်နေမိတော့သည်။ ကိုလင်း မနက်တည်းက ချစ်ရိပ်နှင့်အတူ ကျောက်မောင်နှမဘုရား ရောက်နေတာပေါ့... ငါ့မှာတော့...ငါ့မှာ တော့.......
ချစ်ရိပ်ခြေထောက်နာနေ၍ သူမတည်းသော ဟိုတယ်အခန်းသို့ပင်ရောက်အောင် ပို့ပေးပြီးမှ သွေးသစ် ပဝါကိုလည်း နောက်မှပြန်ပေးမည်ဟု ချစ်ရိပ်ကဆို၍ ပြန်လာလိုက်တော့သည်။
အခန်းတံခါးပွင့်နေသည်။ သူကလေး ပြန်ရောက်နေတာပဲ...ငါသူ့ကိုဘယ်လို..ရင်ဆိုင်ရပါ့မလဲ....
အခန်းထဲသို့ မရဲတရဲ ဝင်လာလိုက်သည်။ သွေးသစ်က အခန်းထဲရှိ ဆိုဖာထိုင်ခုံတွင်ထိုင်နေသည်။ ကျွန်တော့်မှာသာ ရင်မဆိုင်နိုင်စွာ တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေသော်လည်း သူကလေးကတော့ တည်ငြိမ်စွာ။ ကြည့်ရသည်မှာ တစ်ခုခုကို အလိုမကျ၍ ထိုင်နေဟန်။ ကျွန်တော် အဝတ်လဲရန် ပြင်လိုက်တော့ သူကလေးက
"ကို..ဘယ်ကပြန်လာတာလဲ...."
"ကျောက်မောင်နှမဘုရားကလေ...မင်းရော...တစ်ညလုံးဘယ်ပျောက်နေတာလဲ....အခုမှဘယ်ကပြန်လာတာလဲ...."
ကျွန်တော်မေးတာကို ပြန်မဖြေပဲနှင့် သူကလေးဖုန်းထဲမှ ဓာတ်ပုံ တစ်ချို့ကိုထုတ်ပြသည်။ ပုံထဲမှာ ကျွန်တော်က ထိုင်ချကာ ချစ်ရိပ် ခြေဖဝါးကို ပဝါနဲ့စည်းပေးနေပုံ၊ ချစ်ရိပ်လဲကျလာ၍ သူမခါးကိုလှမ်းဖက်လိုက်ပုံ တို့ကို အမိအရ ရိုက်ထားလေသည်။
"ဒါတွေက..ဘာသဘောလဲ..ကို...ချစ်ရိပ်နဲ့..ကိုနဲ့က..ဘာတွေလဲ...ကျွန်တော်ကိုအမှန်အတိုင်းပြော...."
"ဘာမှမဟုတ်ဘူး...သူလာခေါ်လို့..အဖော်မရှိလို့..လိုက်သွားပေးတာ...."
"အဖော်မရှိလို့တဲ့လား....ဘုရားမှာတွေ့ခဲ့တဲ့သူတွေ..အကုန်လုံးက....ကိုတို့နှစ်ယောက်.. ကိုချစ်သူတွေ..ဖြစ်နေပြီတဲ့...group chart မှာ..ရေးထားကြတာကိုရော...ဘယ်လိုရှင်းမလဲ...."
"ရှင်းစရာမလိုဘူး....ထားလိုက်...."
"ကို့ကို...ကျွန်တော်ဘယ်လိုနားလည်ရမှာလဲ...အနည်းဆုံးတော့...ကျွန်တော့်ကို..ရှင်းပြသင့်တယ်လို့...မထင်ဘူးလား...."
သွေးသစ်စကားများက ထူးဆန်းနေသည်။ ညကအဖြစ်အပျက်ကြောင့် ကျွန်တော့်အပေါ် ဒီကလေး....
"မင်းဘာကိုဆိုလိုချင်တာလဲ...ရှင်းရှင်းပြော....ငါကဘာအတွက်..မင်းကိုရှင်းပြနေရမှာလဲ...."
သူကလေး ဘာအတွက်ရှင်းပြခိုင်းနေသည်ကိုတော့ ကျွန်တော်သိသင့်သည် မဟုတ်လား။
"ရှင်းပြရမှာပေါ့...ကျွန်တော်က..ချစ်ရိပ်ကို..propose..လုပ်ထားတဲ့သူ...အနည်းဆုံးတော့..ကို..သူနဲ့ဝေးဝေးနေပေးလို့မရဘူးလား...ကျွန်တော့်နေရာမှာ...ကို..ဆိုရင်ရော..??.."
သြော်...မင်းက..ချစ်ရိပ်ကို..ငါနဲ့..သဝန်တိုနေတာကိုး...ငါ့အတွက်မှ..မဟုတ်ပဲ...ချစ်ရိပ်အတွက်ပဲကိုး..ငါဘာတွေတွေးနေမိတာလဲ... မင်းနဲ့ငါက... မဖြစ်နိုင်တာကို...ငါရုတ်တရက်မေ့သွားတယ်ကွာ...ဒါပေမယ့်လည်း...ရင်ထဲမှာ..ခံစားလိုက်ရတာကိုတော့..ငြင်းမရချေ..
"ကောင်းပြီလေ...ငါမင်းတို့နဲ့...ဝေးဝေးနေပေးမယ်..မင်းကျေနပ်ပြီလား...."
ဒုတိယအကြိမ် သူလေးနှင့်ပတ်သက်ပြီး ကျွန်တော်ခံစားလိုက်ရပြန်ပြီ။ကျွန်တော့် အထုပ်အပိုးများကိုသိမ်းကာ ထွက်လာခဲ့လိုက်သည်က မင်းပြည့်အခန်းသို့.. ။
"ကို...ကို...ဘယ်သွားမလို့လဲ..ကို..."
သူကလေး နောက်မှ လှမ်းပြောနေသည်ကို ကြားမိသော်လည်း လှည့်မကြည့်ဖြစ်။
ငါ့ကိုမင်းနဲ့..ဝေးဝေးနေခွင့်..ပေးပါကွာ...
ထိုနေ့ညက ကျွန်တော် မင်းပြည့် အခန်းတွင်သာ လိုက်အိပ်ဖြစ်သည်။ ချောင်းသာမှ ပြန်လာတော့လည်း မင်းပြည့်လိုက်ပါလာသော ကားဖြင့်သာ လိုက်ခဲ့လိုက်တော့သည်။ သူကလေး..ဘယ်လိုနေလဲ..သိချင်သော်လည်း...မတွေးဖြစ်အောင်သာ..နေလိုက်တော့သည်...
ကို...ရယ်..ကျွန်တော့်စကားပြောမှားသွားတယ်ထင်တယ်...ကျွန်တော့်ကိုစိတ်ဆိုးပြေပါတော့...ကို..ကျွန်တော့်ကို..တစ်ယောက်တည်းပစ်ထားတော့မှာလား....ကိုယ့်ခံစားချက်ကို..နားမလည်နိုင်၊အဓိပ္ပါယ် မဖွင့်နိုင်တဲ့...ကျွန်တော့်ကို...ပစ်တော့မထားခဲ့ပါနဲ့.....
&&&&&&&&&&&&&&&&&&&&&&&&
Thank you everyone 😘😘😘
&&&&&&&&&&&&&&&&&&&&&&&&
(Zawgyi)