အပိုင်း (က)
Jaemin စားပွဲပေါ်က ဖုန်းဆီမှ ringtone သံကြောင့် အိပ်နေရာမှ နိုးလာခဲ့သည်။ ရင်ခွင်ထဲက Renjun နှိုးသွားမည်စိုးသောကြောင့် အားနေတဲ့ ဘယ်ဘက် လက်နဲ့ ဖုန်းကို နောက်ပြန်လှည့်ယူပြီး အသံအမြန်ဆုံး ပိတ်လိုက်ရသည်။
ညာဘက်လက်မောင်းပေါ် ခေါင်းအုံးထားတဲ့ Renjun ခေါင်းလေးကို အသာလေး ခေါင်းအုံးပေါ် တင်ပေးလိုက်ပြီးတဲ့နောက် ဖုန်းကိုယူပြီး ဝရံတာဆီ ထွက်ခဲ့လိုက်သည်။
လောလောလတ်လတ်မှ ဝင်ထားတဲ့ ဖုန်းနံပါတ်ကို Jaemin ပြန်ခေါ်လိုက်သည်။ ဒီဖုန်းနံပါတ်ဟာ သူ့ဆီကို ဆက်တာ ရှားတာမို့ မဖြစ်မနေ ပြန်ခေါ်ခြင်းဖြစ်သည်။
ပထမဆုံး 'တူ' ဆိုတဲ့ အသံစဝင်တာနဲ့ ချက်ချင်း ဖုန်းကိုင်လာသူ။
(ညက ဘာလို့ မင်း အိမ်ပြန်မအိပ်လဲ?)
ဖုန်းကိုင်တာနဲ့ ချက်ချင်းပြောလာတဲ့ စကားကြောင့် Jaemin နှုတ်ခမ်းမဲ့လိုက်မိသည်။
ဒီအမူအရာကိုတော့ တစ်ဖက်ဖုန်းကသူ မြင်စေချင်တောင် ဘယ်မြင်နိုင်ပါ့မလဲ။
"စောစောစီးစီး ဖုန်းဆက်တာ ဒီကိစ္စ မေးချင်လို့လား"
(မင်း ပြန်မအိပ်တဲ့အကြောင်း ဖုန်းဆက်လို့ မရဘူးလား)
"ဘာတွေများ လိုက်ဂရုစိုက်နေရတာတုန်း ကျွန်တော် အရွယ်ရောက်တဲ့သူ တစ်ယောက် ဖြစ်နေပြီလေ အစစ လိုက်ပြီး ပြောရမှာလား"
(ဘာကွ လူကြီးကို မင်းက)
"လူကြီး .. အင်း .. ထားပါတော့ ဖုန်းဆက်လက်စနဲ့ ကျွန်တော် ပြောမယ် .. ကျွန်တော် အရင်က တိုက်ခန်းလေးမှာပဲ ပြန်နေမယ် .. အိမ်မှာ မနေတော့ဘူး .. ပစ္စည်းတွေကိုတော့ မနက်ဖြန်မှ လာသယ်မယ် .. ဒီနေ့ မအားလို့"
(ဘာဖြစ်လို့လဲ)
"Reason ပြောဖို့လိုလို့လား"
(တောက် .. မင်း)
"ပြောစရာရှိသေးလို့လား မရှိရင် ချလိုက်တော့မယ်နော် ပြန်အိပ်ချင်လို့"
(ဟေ့ကောင် မင်း)
Jaemin ဖုန်းချပြီး အခန်းထဲ ပြန်ဝင်တော့ အိပ်ရာပေါ်မှာ Renjun ထိုင်နေပြီး သူ့ကို ကြည့်နေသည်။
"နိုးလာတာလား ဒါမှမဟုတ် ဖုန်းသံကြောင့် နိုးသွားတာလား"
Jaemin ဘေးကို ဝင်ထိုင်ရင်း Renjun ပါးကို နမ်းကာ မေးလိုက်သည်။
"အသံကြားလို့ နိုးလာတာ ဘယ်သူ့ဆီကဖုန်းလဲ"
"အဖေ့ဆီကပါ ပြန်အိပ်ရအောင်လေ အစောကြီးရှိသေးတယ်"
Jaemin ခေါင်းအုံးပေါ်လှဲလိုက်ပြီး Renjun ကိုလည်း ခေါင်းအုံးပေါ် လှဲစေကာ မျက်နှာချင်း ဆိုင်လိုက်သည်။
"ပြသနာတစ်ခုရှိလို့လား Jaem"
"ဘာကိုလဲ အူကြူးရဲ့"
"Appa နဲ့လေ"
"ပြသနာ ? အဲ့လိုပဲ ဆိုရမလား"
"ငါ့ကြောင့်များလား Jaem"
"ဘာကြောင့် အူကြူးကြောင့် ဖြစ်ရမှာလဲ လုံးဝမဟုတ်ဘူး မောင် ..."
"အင်းပါ မောင် အဆင်ပြေမှ ငါ့ကို ပြောပြလေ"
Jaemin သက်ပြင်းခပ်ဖွဖွ ချရင်း မျက်လုံးအုပ်နေတဲ့ Renjun ဆံပင်လေးကို သပ်တင်ပေးလိုက်သည်။
"မောင် အားတဲ့တစ်ရက် အူကြူးကို တစ်နေရာ ခေါ်သွားမယ်"
"ဟုတ်"
"ပြန်အိပ်ချင်လား ထတော့မလား"
"မောင် အလုပ်ရှိတယ် မဟုတ်ဘူးလား"
"ညနေမှ။ လာပါ ပြန်အိပ်ရအောင်"
"အင်းပါ အိပ်ပါ့မယ်"
အပိုင်း (ခ)
Jeno တစ်ယောက် Shopping mallကို ဝယ်စရာရှိလို့ သွားရင်းနဲ့ Injun ကို လှမ်းမြင်လိုက်သည်။ Injun ဘေးနားမှာ တခြားကောင်လေးတွေပါ တွေ့သည်မို့ လှမ်းမခေါ်တော့ဘဲ ဝယ်စရာရှိသည့် နေရာသို့သာ သွားလိုက်သည်။
ပစ္စည်းရွေးနေရင်း ပခုံးကို တစ်စုံတစ်ယောက် လာပုတ်သည်မို့ Jeno လှည့်ကြည့်လိုက်သည်။
"Injun"
"မင်းကို တွေ့လို့ လာနှုတ်ဆက်တာ"
"အင်း ငါ ခုနက တွေ့တယ် သူငယ်ချင်းတွေနဲ့မို့ လှမ်းမခေါ်တော့တာ"
"အော် အင်းပါ"
"သူငယ်ချင်းတွေရော"
"ပြန်ကြပြီ ငါက မင်းကို တွေ့လို့ လာနှုတ်ဆက်တာ"
"အော် ဘာနဲ့ပြန်မှာလဲ ကားပါလား"
"တက္ကစီ ငှားပြန်မှာ ကားက ပြင်ထားလို့"
"ခဏစောင့်မလား ငါလိုက်ပို့ပေးမယ်လေ"
"အင်း ကောင်းပြီလေ"
Jeno ပစ္စည်းရွေးနေသည်မို့ Injun ထိုင်ခုံတစ်ခုမှာ ထိုင်ကာ စောင့်နေလိုက်သည်။ Jeno ပစ္စည်း ဝယ်ပြီးတော့မှ နှစ်ယောက်သား ကားပါကင်သို့ လာခဲ့ကြသည်။
"ညစာရော စားပြီးပြီလား"
"ဟင့်အင်း မင်းရော"
"မစားရသေးဘူး"
"ဒါဆို တစ်ခုခု သွားစားကြမလား"
နှစ်ယောက်သား တစ်ယောက်ကို ကြည့်ပြီး တစ်ပြိုင်နက် ပြောမိလိုက်ကြသည်။ ပြီးတော့ နှစ်ယောက်သား မျက်နှာပြန်လွှဲရင်း ရယ်လိုက်မိသည်။
"ကဲ ဒါဆို မင်း ဘာစားချင်လဲ Injun"
"Hot pot သွားစားကြမလား"
"အင်း စားချင်တယ်မလား သွားမယ်လေ"
"မင်း ဝယ်ကျွေးမှာမလား"
"သူဌေးသားတွေက ပိုကပ်စီးနဲလိုက်တာ ကဲပါ ငါဝယ်ကျွေးပါ့မယ်"
"အင်း"
Hot pot ဆိုင်ကို ရောက်တာနဲ့ စားချင်တာတွေ သွားရွေးနေတဲ့ Injun နောက်ကို Jeno ခပ်ပြုံးပြုံးသာ ကြည့်ရင်း လိုက်သွားလိုက်သည်။ Jeno ရွေးပြီးသည့်တိုင် ရွေးမပြီးသေးသည့် Injunပါလေ။
"Injun ဘာအအေးသောက်မလဲ"
"သံပုရာ"
"အင်း အင်း ငါမှာထားလိုက်မယ် ပြီးတော့ ဟိုနားက စားပွဲမှာ ထိုင်မယ်နော် ငါသွားနှင့်မယ်"
"အင်း"
Jeno လာချထားပေးတဲ့ Hotpot အရည်အိုးထဲကို အစာပလာတွေ ထည့်ပြီးချိန်မှ ပြန်ရောက်လာသော Injun လက်ထဲမှာလည်း ယူလာတဲ့ အစာပလာတွေက မနိုင်မနင်း။
Jeno အံ့သြစွာ ကြည့်လိုက်တော့ ဟီး ခနဲ ရယ်ပြလေသည်။ Hotpot အိုးထဲ အစာပလာတွေ ဝိုင်းထည့်ပေးတော့ ကျေးဇူးတင်ကြောင်း ဆိုလာလေရဲ့။
"Jeno"
"အင်း ပြော"
"ငါမကုန်ရင် ဝိုင်းစားပေးနော်"
"မကုန်ဘူးဆိုတော့လေ"
"ရား မကုန်ပါဘူးဆို"
"အင်းပါ ဒါနဲ့ Renjunရော။ သူ့ကို လိုင်းပေါ်မှာ ခုတလော မတွေ့လို့"
"Renjun အိမ်ကနေ ထွက်သွားတယ်"
"ဟမ် Renjunက? ဘာဖြစ်လို့လဲ"
"ပါပါးနဲ့ စကားများတာ"
"ဘယ်နေ့တည်းက ထွက်သွားတာလဲ"
"ခုဆို လေး/ငါးရက်လောက် ရှိပြီပေါ့"
"ခု မင်းနဲ့ရော အဆက်အသွယ် ရလား"
"အင်း"
"ဘယ်မှာနေနေတယ်တဲ့လဲ"
"Jaemin တိုက်ခန်းမှာ နေနေတယ်တဲ့"
"အော် ခု ဒါဆို အိမ်မှာ မင်းတစ်ယောက်တည်းပေါ့"
"မဟုတ်ဘူးလေ ပါပါးရောက်နေတယ်သန်ဘက်ခါ ပြန်မယ်တော့ ပြောတာပဲ မာမားကတော့ မနေ့က အလုပ်ကိစ္စကြောင့် ပြန်သွားတာ"
"အော်"
"ကဲပါ မင်းစားတော့လေ အသားတွေလည်း ကျက်နေပြီမလား"
"အင်း စားနှင့်မယ်"
အပိုင်း (ဂ)
"Injun ahh"
ကားမောင်းနေရင်း ဘေးမှာ ထိုင်နေတဲ့ Injun ကို Jeno ခေါ်လိုက်သည်။
"ပြော Jeno"
"ငါဟိုတစ်ခါပြောထားတဲ့ ကိစ္စကို ဘယ်လို သဘောရလဲဟင်"
"ဟား ငါ့ကို မနောက်စမ်းပါနဲ့ Jenoရယ် ကိုယ့်ဘာကိုယ် ကောင်မလေးတွေနဲ့ပဲ တွဲစမ်းပါကွ"
"ငါမနောက်ဘူး ငါမင်းကို တကယ်သဘောကျတာမို့ ခုလို ဖွင့်ပြောခဲ့တာပေါ့"
"အင်း"
"ဒါဆို မင်း ငါ့ကို လက်ခံပေးနိုင်မလား Injun"
"ငါ ခုလောလောဆယ် မတွေးချင်သေးဘူး Jeno"
"အင်း မင်းအဆင်ပြေမယ့် အချိန်ထိ စောင့်နေမယ်"
"ကြာခဲ့ရင်ရော Jeno"
"ဘယ်လောက်ကြာကြာ ငါစောင့်မယ် Injun"
"ငါ့ကို ဟိုရှေ့က mini mart မှာပဲ ရပ်ပေးတော့"
"ဝယ်စရာရှိလို့လား"
"အင်း"
"မင်း ပြန်တော့လေ ငါ ဒီကနေ လမ်းလျှောက်ပြန်လိုက်တော့မယ် Jeno"
"ရပါတယ် ဝယ်စရာရှိတာ ဝယ်ပါ ငါလိုက်ပို့ပေးမယ်"
"အင်း မင်းအားရင် ပြီးရောလေ"
.
ဧည့်ခန်းထဲမှာ ကွန်ပျူတာ တစ်လုံးစီနဲ့ အလုပ် ရှုပ်နေကြတဲ့ သူနှစ်ယောက် .. နှာခေါင်းပေါ်က လျှောကျလာတဲ့ မျက်မှန်လေးကို ပင့်တင်ရင်း ဘေးနားမှာ ချထားတဲ့ ရေခွက်ကို မော့သောက်ရင်း အရှေ့က သူကို ကြည့်မိသည်။
လတ်တလောမှ ပြောင်းဆိုးထားတဲ့ အပြာရောင် ဆံပင်လေးက ချောမောမှုကို ပိုပြည့်စုံစေသည် .. လူကြီးဆန်ပေမယ့် ကလေးဆန်ဆန် အပြုအမူတွေလည်း ရှိတဲ့ ဒီကောင်လေးဟာ အလုပ်လုပ်နေချိန်မှာ ခန့်ညားမှုအပြည့်။
အလုပ်လုပ်လို့ ပင်ပန်းနေတဲ့စိတ်တွေဟာ ကောင်လေးရဲ့ ချိုမြိန်တဲ့ မျက်ဝန်းနဲ့ နှုတ်ခမ်းပါးပေါ်က အပြုံးတစ်ပွင့်အောက်မှာ ကျဆုံးသွားခဲ့လေသည်။
"ဘာလို့ ငေးကြည့်နေတာလဲ? ကျွန်တော်ချောလို့လား"
"အင်း ချောတာပေါ့ .. ပြောရမယ်ဆို ချောတာထက် ပိုတယ်"
"ဒါနဲ့ အူကြူးအလုပ်က ပြီးပြီလား"
"မပြီးသေးပါဘူး ခဏလောက် မျက်လုံးကို အနားပေးနေတာ"
"ကျွန်တော် ရှာကျွေးပြီး Ren အလုပ်မလုပ်လည်း ရပါတယ်ဆိုတာကို ပင်ပန်းအောင်"
"ငါ လုပ်ချင်တာကို"
"အင်းပါ တားလည်း တားလို့မှမရတာ လုပ်ပါ"
"ဒါနဲ့လေ ငါလည်း ဆံပင်အရောင်ဆိုးချင်တယ် မောင်"
ကွန်ပျူတာ စာရိုက်နေတဲ့ Jaemin လက်တွေ ရပ်သွားခဲ့ပြီး Renjun ကို ငေးကြည့်လေသည်။
"ဘယ်လို အူကြူးက ဆံပင်ဆိုးချင်တယ်"
"အင်း မောင်ဆိုးတာ ကြည့်ပြီး ခုမှ ဆိုးချင်လာလို့"
"ဒါဆိုလည်း မနက်ဖြန် ညနေပိုင်း သွားကြမလား"
"အင်း မောင် အားရင် သွားမယ်လေ"
"အိုကေ"
စကားပြောပြီးတာနဲ့ Jaeminက စာပြန်ရိုက်နေသည်မို့ Renjunလည်း Computer screen ကို ပြန်ကြည့်လိုက်ပြီး အလုပ်ဆက်လုပ်လိုက်သည်။
Renjun တစ်လောက ဖုန်းသုံးရင်း onlineကနေ Graphic design ဆွဲသည့်အလုပ် တွေ့သဖြင့် ဝင်လုပ်ကြည့်ရာမှ အဆင်ပြေသည့်အတွက် လုပ်နေခြင်းပင်ဖြစ်သည်။
အချိန်တရွေ့ရွေ့ ကုန်ဆုံးပြီးတဲ့နောက်မှာ Renjun မျက်မှန်ကို ချွတ်လိုက်ပြီး မျက်ရိုးကို နှိပ်ကာ နောက်က ဆိုဖာပေါ် တက်လှဲလိုက်သည်။ သူလှုပ်ရှားပုံကို ငေးနေတဲ့ Jaeminကို ပြန်ကြည့်လိုက်တော့ ပြုံးပြပြီး ကွန်ပျူတာကို ပိတ်နေသည်။ Jaemin လည်း အလုပ်ပြီးသွားပြီပေါ့။
အပိုင်း (ဃ)
ဆံပင်ညှပ်ဆိုင်ရောက်တော့ ဟိုအရောင်ဆိုးရမလား ဒီအရောင်ဆိုးရင် ကောင်းမလားဆိုပြီး နာရီဝက်ကျော် ကြာသည့်ထိ ဝေခွဲမရ ဖြစ်ပြီး သူ့ကိုပါ လာရစ်နေတဲ့ Renjun ကို ကြည့်ပြီး Jaemin စိတ်မဆိုးဘဲ အသည်းယားနေမိသည်။
"ကျွန်တော် ပြောတဲ့ အရောင်ကို Ren တကယ်ဆိုးမှာလား"
"ဘယ်အရောင်လဲ ပြောကြည့်လေ"
"ပန်းရောင်"
"လိုက်မယ်မထင်ဘူး တခြားဟာ"
"ကျွန်တော့်လို အရောင်ဆိုရင်ရော"
"အဲ့ဒီအရောင်က Jaem နဲ့ပဲ လိုက်တာ"
"ခရမ်းရောင်"
"ဟင့်အင်း"
"မီးခိုး အစိမ်း"
"ဟူး တော်ပြီ ပန်းရောင်ပဲ ဆိုးတော့မယ်"
"အယ် သဘောမကျရင် မဆိုးနဲ့လေ Renရဲ့"
"ပန်းရောင် ဆိုးကြည့်မယ် မလိုက်ရင် နောက်ထပ် ထပ်ဆ်ုးမယ် ဒါနဲ့ ထပ်ဆိုးရင် ပိုက်ဆံမရှိလောက်တော့ဘူး အဲ့ကျရင် Jaem ပေးပေးရမယ်နော် ကြိုချေးထားမယ်"
နားနားကပ်ပြီး ပိုက်ဆံချေးတဲ့ Renjun ကြောင့် Jaemin ပိုပြုံးမိသည်။
"ဟား ဆိုးကြည့်ပါဦး Ren နဲ့ လိုက်မှာပါ အကယ်၍ ထပ်ပြောင်းချင်လို့ ပိုက်ဆံမလောက်ရင် မချေးဘူး အလဲအလှယ်လုပ်မယ်"
"အလဲအလှယ်"
"အင်း နောက်မှ ဆက်ပြောကြတာပေါ့ ဆံပင်
လုပ်ပေးဖို့ အစ်ကိုစောင့်နေတာ ကြာနေပြီ သွားတော့ Ren"
"ဟုတ်သားပဲ ကြာနေပြီနော်"
.
ဝင်လာမှာ မဟုတ်မှန်း သိနေတဲ့ ဖုန်းနံပါတ် တစ်ခုကို သီးသန့် ringtone လေး ထားထားတယ်။ အသေးဖွဲကိစ္စလေး ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဒါက သူဖြစ်နေလို့ကို တစ်ခြားသူနဲ့ မတူအောင် အရာရာကို သီးသန့် ထားထားချင်တာမျိုး။
Jeno ဝင်လာတဲ့ ဖုန်းသံကြောင့် ရင်ထဲပျော်မိသည်။ ဒါ သူ့အတွက် သီးသန့် ထားထားတဲ့ Ringtone လေးမလား။ ဝမ်းသာအားရနဲ့ ဖုန်းကိုကြည့်လိုက်တော့ တကယ်ပဲ Injun ဆီက။
ဖုန်းကိုင်တာနဲ့ ထွက်လာတဲ့ အသံလေးက သူ့နှလုံးသားကို အချစ်တိုးစေသည်။
(Jeno ahh)
"အင်း Injun ပြော"
(ခုနစ်နာရီလောက် အားလား)
"အင်း အားတယ် ဘာဖြစ်လို့လဲ Injun"
(Ge နဲ့ သွားတွေ့မလို့ မင်းလိုက်ခဲ့ပါလား)
"အင်း ငါလာခေါ်ရမလား"
(အင်း လာခေါ်ပေး)
"အိုကေ အသင့်ပြင်ထားလိုက် ငါရေချ်ုးပြီးတာနဲ့ ထွက်လာခဲ့မယ်"
(အင်း ကျေးဇူးပါ Nono ahh)
*Nono လို့ ခေါ်လိုက်တဲ့ အသံလေးကြောင့် နှလုံးသားတစ်ခုလုံး EDM festival ထဲ ရောက်သွားသလို* သတိပြန်ဝင်လာချိန်မှာ တစ်ဖက်ဖုန်းကတော့ ကျနှင့်နေခဲ့ပြီ
Jeno ဖုန်းကို ပိတ်လိုက်ပြီးတာနဲ့ ရေချိုးခန်းထဲ ဝင်ကာ ရေချိုးလိုက်သည်။ ပြင်ဆင်ပြီးတာနဲ့ အချိန်ကို ကြည့်လိုက်တော့ ၆နာရီခွဲ။ ခုချိန်မောင်းပြီး Injun ဆီရောက်ရင် ၇နာရီထိုးခါနီးဆိုတော့ အချိန်ကွက်တိပဲ။
.
ဆံပင်ဆိုးပြီးတော့လည်း ဆံပင်အရောင်ကို ကြည့်ပြီး သဘောကျနေပြန်တဲ့ Renjun ပါလေ။ ဆံပင်လေးကို ကိုင်ကြည့်ပြီး မှန်ကြည့်မဝဖြစ်နေပြန်ရော။ ပိုက်ဆံရှင်းမယ်လုပ်တော့ Jaeminက သူဆေးဆိုးနေကတည်းက ပိုက်ဆံကြိုရှင်းထားသည်တဲ့။ အင်းပေါ့ ရှင်းပြီးတော့လည်း နေပေါ့။
အပိုင်း (င)
Jeno တိုက်ခန်းအောက်ရောက်လို့ ဖုန်းဆက်ဖို့ ပြင်ချိန်မှာ မှန်တံခါးကို ခေါက်ပြီး ကားတံခါးဖွင့်ကာ ဝင်ထိုင်လာတဲ့ Injun။ ခေါင်းလျှော်လာကြောင်း သက်သေပြနေတဲ့ ဆံပင်စတို့မှာ ရေစက်လေးတွေ တွဲလဲခိုနေတုန်း။
Jeno လက်တို့က Injun ဆံပင်တွေကို ထိတွေ့တော့ Injunမှာ ကြောင်တောင်တောင်လေး ဖြစ်နေရှာသည်။ ဒီချိန်မှာ နှုတ်ခမ်းပါးလေးကို နမ်းလိုက်ရမလား?
ကား dash board ပေါ် ထားထားတဲ့ Tissue box ထဲက Tissue အချို့ကို ထုတ်ယူလိုက်ပြီး ခေါင်းကို သုတ်ပေးတော့ ငြိမ်ခံနေရှာတဲ့ Injun
ခုလိုပုံစံလေးက ကြောင်လေးကို သူ့သခင် ခေါင်းပွတ်ပေးလို့ ငြိမ်ခံနေတဲ့ အဲ ငြိမ်ခံနေတာမဟုတ်ဘူး ဇိမ်ခံနေတဲ့ ပုံစံလေးနဲ့ တူလှသည်။
Jeno တွေးမိရင်း အသံထွက်သည်ထိ ရယ်မိတော့ ဘာလဲဆိုပြီး မျက်မှောင်ကြုတ်ကာ ကြည့်လေသည်။ Jeno မျက်နှာပိုးသတ်လိုက်ပြီး
ပွနေတဲ့ ဆံပင်ကို လက်နဲ့ ပြန်ပြင်ပေးလိုက်သည်။
"ခေါင်းလျှော်ထားတာ ဘာလို့ ခြောက်အောင် မသုတ်တာလဲ အအေးမိဦးမယ်"
"မင်းရောက်နေပြီထင်ပြီး ဆင်းလာတာနဲ့ ပြီးအောင် မသုတ်ဖြစ်တာ"
"အင်းပါ Air con မဖွင့်တော့ဘူး ပြီးတော့ ရော့ ဒီအကျီဝတ်"
"ဘာလို့လဲ မဝတ်တော့ပါဘူး"
"ခေါင်းလည်း ခြောက်အောင် မသုတ်ဘူး ဝတ်လာတာလည်း ပါးပါးလေး အအေးမိပြီး ဖျားလိမ့်မယ် ဝတ်"
"ဟင့်အင်း"
"ငါ ဝတ်ပေးရမှာလား"
Jeno ရိုးရိုးတန်းတန်း စနောက်လိုက်တဲ့ စကားဟာ Injun ကို မျက်နှာရဲသွားစေတယ်တဲ့။
"ငါ ငါ့ဘာငါ ဝတ်မယ် ပေး"
"အင်းပါ သွားကြတော့မလား ဘယ်ကို ချိန်းထားလဲ?"
"**** ဆိုတဲ့ဆိုင် သိတယ်မလား"
"ဟိုတလောက အသစ်ဖွင့်တဲ့ ဟော့ပေါ့ဆိုင်မလား"
"အင်း ဟုတ်တယ် စားပြီပြီလား"
"ဟင့်အင်း မစားဖူးသေးဘူး လိူင်းပေါ်မှာ တွေ့မိတာပါ"
"အင်း"
"မင်းတို့ တရုတ်ညီနောင်က ဟော့ပေါ့သရဲလေးတွေနော်"
"အင်း"
Injun အသံမြည်လာသော ဖုန်းကို ဘောင်းဘီထဲက ထုတ်လိုက်ပြီးနောက် တစ်ဖက်က အခေါ်ကို ပြန်ဖြေလိုက်သည်။
"အင်း လာနေပြီ လမ်းမှာ"
(အင်း ကားမောင်းလာတာလား)
"မဟုတ်ဘူး Jenoကို ခေါ်လာတယ်"
(Jeno ကို ??)
"အင်း ဟူတ်တယ်"
(အော် အေးပါ ရောက်ရင် အခန်း ၈ ကို လာလိုက်နော် စောင့်နေမယ်)
"အင်းအင်း ဟုတ်ပြီ ဖုန်းချလိုက်တော့မယ်"
(အင်း)
.
Renjun ဖုန်းချပြီးတဲ့နောက် တွေးနေမိသည်မှာ *Injun က အရင်က တွေ့ရင်တောင် တစ်ယောက်တည်း လာနေကြပါ ခုကျမှ ဘာလို့ Jeno ကို ခေါ်လာတာလဲ ? သူတို့ တွဲသွားပြီလား*
အတွေးကောင်းတုန်း အတွေးတွေကို ဖျက်လိုက်တာကတော့ Jaemin ရဲ့ စက္ကန့်ပိုင်းမျှသော အနမ်းဖြစ်သည်။ သူ့ဘက်လှည့်ကြည့်တော့ ဘာလဲ ဆိုသည့်အထာနဲ့ မျက်ခုံးပင့်ပြသည်။
"ဘာလို့ လာနမ်းတာတုန်း"
"အူကြူးက မောင်ပြောနေတာမှ ဂရုမစိုက်တာ"
"ဟင် ဘာပြောလိုက်လို့လဲ"
"တွေ့လား ဘယ်တွေ စိတ်ရောက်နေတာလဲ"
"ဒီလို ခုနက အငယ့်ဆီ လာနေပြီလား ဆိုပြီး ဖုန်းဆက်ကြည့်တာ"
"အင်း"
"အငယ်က အရင်ကတွေ့ရင် တစ်ယောက် တည်း တွေ့နေကြကို ခု Jeno ကို ခေါ်လာတယ်တဲ့ ထူးဆန်းတယ်"
"ထူးဆန်းတယ် ?"
"အင်းလေ Jenoက အငယ့်ကို ဖွင့်ပြောထားတယ်လေ။ အခု တွဲနေကြတာများလားလို့"
"အဲ ဟုတ်သားပဲနော် လာမှ နည်းနည်း အကဲခတ်ကြည့်တာပေါ့။ ခုတော့ ကိစ္စလေး နည်းနည်းရှင်းရအောင်"
"ကိစ္စ? ဘာကိစ္စလဲ? ဘာကိုရှင်းရမှာလဲ?"
"ပိုက်ဆံကိစ္စလေ"
"ပိုက်ဆံကိစ္စ"
"အင်းလေ ချေးထားတယ်လေ ချေးထားရင် အလဲအလှယ် လို့ပြောထားတယ်လေ အဲ့ဒါ"
"ငါမချေးပါဘူး မင်းဘာမင်း ရှင်းလိုက်တာလေ"
"အဲ့လိုလား ကျွန်တော်တော့ အဲ့လိုမထင်ဘူး အဲ့တော့ အလဲအလှယ်ရှိတယ်ဆိုတာ ချေးထားတာ ပြန်မပေးနဲ့ ဒါပေမယ့် ကျွန်တော့်ကို နမ်းရမယ်"
"ဘာ .. ရတယ် ပိုက်ဆံပဲ ပြန်ဆပ်မယ်"
"မရဘူး"
"ရား ဘယ်လိုဖြစ်နေတာလဲ Jaemကလဲ"
"Aegyo တွေ ထုတ်သုံးလို့ အလျော့ပေးမယ် ထင်ရင် မှားမယ်နော် ခုမနမ်းသေးပါဘူး အိမ်ရောက်မှလေ"
"ငါ အိမ်ပြန်မလိုက်တော့ဘူး Jaemin"
"နမ်းတာထက် ပိုမဆိုးချင်ရင် အေးဆေးလေး ပြန်လိုက်ခဲ့ပါ Renjun shiii"
"ရား Na Jaeminnnn"