မုန်းရဲ့အလင်းရောင်

By ShayyLinkar

479K 28.9K 1K

သူငယ်ချင်းဆိုတဲ့ အဖြူရောင်အလွှာလေးကိုငါအရောင်တွေစွန်းထင်စေမိပီအလင်း မုန်း(မုန်းမာန်) သူငယ်ချင်းဆိုတဲ့တံတိုင်း... More

Part 1 (U+Z)
Part 2 (U+Z)
Part 3 (U+Z)
Part 4 (U+Z)
Part 5 (U+Z)
Part 6 (U+Z)
Part 7 (U+Z)
Part 8 (U+Z)
Part 9 (U+Z)
Part 10 (U+Z)
Part 11 (U+Z)
Part 12(U+Z)
Part 13 (U+Z)
Apologize
Part 14 (U+Z)
Part 15 (U+Z)
Part 16 (U+Z)
Part 17 (U+Z)
Part 18 (U+Z)
Part 19 (U+Z)
Part 20 (U+Z)
Part 21 (U+Z)
Part 22 (U+Z)
Part 23 (Zawgyi)
Part 24 (U+Z)
Part 25 (U+Z)
Part 26 (U+Z)
Part 27 (U+Z)
Part 28 (U+Z)
Part 29 (U+Z)
Part 30 (U+Z)
Part 31 (U+Z)
Part 32 (U+Z)
Part 33 (U+Z)
Part 34 (U+Z)
Part 35 (U+Z) Waning
New Fic
Part 36 (U+Z)
Part 37 (U+Z) Waning
Part 38 (U+Z)
Part 39 (U+Z)
Part 40 (U+Z)
Part 41 (U+Z)
Part 42 (U+Z) The End
ကျေးဇူးတင်လွှာ & ရည်ရွယ်ချက်
Extra 1 (U+Z)

Part 23 (U+Z)

8K 571 11
By ShayyLinkar

#Unicode

ဒီနေ့က မုန်းတို့ Welcome နေ့မို့ နွေ၊ အားသစ်၊ သုတနဲ့အလင်းက မုန်းတို့ကျောင်းကို လိုက်လာခဲ့ကြတယ်။ King & Queen ရွေးတော့ မုန်းက Popular ရပြီး ရှားက Innocence ရတယ်။

မုန်းကိုသီချင်းတစ်ပုဒ်ဆိုပေးဖို့ Presenter အစ်မကပြောတော့ မုန်းသီချင်းဆိုလိုက်ရတယ်။

🎶ရင်မှာအချစ်များ ချစ်မိနေလား . . . မရေရာဘူးစိတ်ထဲက . . ငယ်ငယ်ကသံယောဇဉ် ခင်မင်ရုံစိတ်ကလေးများ . . ရင်မှာအချစ်ရဲ့စိတ်ရိုင်းများ . . ဖြူစင်နှလုံးသား အရောင်ပြောင်းသွား . . နားလည်ပါ သူငယ်ချင်းချစ်သူလေးရာ . .
ငယ်ငယ်တုန်းကခင်တယ် ခုချစ်ရတဲ့ သူငယ်ချင်းချစ်သူလေးရယ် . . ခုချစ်ရတဲ့ ငယ်ငယ်တုန်းကခင်တယ် သူငယ်ချင်းချစ်သူလေးရယ် . . ကြင်သူရှိနှင့်ရင်လည်း စာနာနားလည်ပေးပါ့မယ် . . ခွင့်လွှတ်နိုင်တယ် သူငယ်ချင်းချစ်သူလေးရယ် . . .🎶

သီချင်းဆိုနေတဲ့ တစ်လျှောက်လုံး မုန်းရဲ့အကြည့်က အလင်းတစ်ယောက်တည်းဆီမှာပဲ ရှိနေခဲ့တာပါ။

သီချင်းဆိုပြီးသွားတော့ Presenter အစ်မက မုန်းကိုမေးပါ‌လေရော။

“မောင်လေးမှာ သူငယ်ချင်းချစ်သူလေးရှိနေပြီလား” တဲ့။

အားလုံးက ထင်နေကြပါလိမ့်မယ်။ မုန်းနဲ့တတွဲတွဲဖြစ်နေတဲ့ မေသူနဲ့ရှား တစ်ယောက်ယောက်က မုန်းရဲ့ သူငယ်ချင်းချစ်သူလို့လေ။ အဲ့ဒီအချိန် မုန်းစိတ်ထဲကို အတွေးတချို့ ဝင်လာတာမို့ ချက်ချင်းအကောင်အထည် ဖော်လိုက်တယ်။ ကျေးဇူးပါ Presenter မမရေ အများကြီးကျေးဇူးတင်ပါတယ်နော်။

“ဟုတ် ရှိပါတယ် မမ”

“မမလို့ခေါ်လိုက်တာကို ကြွေသွားပေမယ့် မမ မဖြစ်နိုင်‌တော့တာမို့ စိတ်မကောင်းဘူးကွယ်။ ဟဲဟဲ စတာနော်မောင်လေး။ ကဲပြောပါဦး။ မမတို့ Popular လေးရဲ့ သူငယ်ချင်းချစ်သူလေးက ဘယ်သူလဲဆိုတာ”

Presenter မမက မုန်းကို မိုက်လေးထိုးပေးလာတာမို့ မုန်းလည်းမိုက်ကိုယူပြီး ဖြေလိုက်တယ်။

“ရှားအိမ့်ချယ်ပါ”

“ဝိုးးးး”

အားလုံးက အံ့ဩသွားကြတယ်။ မုန်းကအလင်းကို လှမ်းကြည့်လိုက်တော့ အလင်းကမုန်းကို ဒေါသထွက်နေတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်နေတယ်။

“ရှား ငါနင့်ကို ဒီနေရာကနေပဲ ချစ်ခွင့်ပန်ပါတယ်။ နင်တကယ်လို့ ငါ့ကိုသူငယ်ချင်းလိုပဲ ချစ်တာဆိုရင် ရှေ့ကို တစ်လှမ်းတိုးလာပေးပါ။ နင်ဘက်က ငါ့အချစ်ကို လက်ခံ‌ပေးနိုင်တယ်ဆိုရင်တော့ ငါ့ဆီကိုရောက်အောင် လျှောက်လာခဲ့ပေးပါရှား”

မုန်းအနောက်မှာရှိတဲ့ ရှားကိုလှမ်းကြည့်ပြီးပြောလိုက်တော့ စင်အောက်က ကျောင်းသားတွေက တညီတညာတည်း အော်ပေးကြပါတယ်။

“လက်ခံပေးလိုက်ပါဗျို့။ လက်ခံလိုက်ပါ”

အားလုံးအော်နေကြတုန်းမှာ ရှားကရှေ့ကိုတစ်လှမ်းတိုးလာပြီး ရပ်သွားတာမို့ မုန့်လန့်သွားပြီး ရင်တွေတုန်လာတယ်။ ဆက်လှမ်းလာလိုက်ပါရှား။ ကျေးဇူးပြုပြီး ဆက်လှမ်းလာခဲ့ပေးပါ။ ငါ့အစီအစဉ်တွေ ဖြစ်မြောက်ဖို့က နင်လက်ခံလိုက်မှဖြစ်မှာမို့ပါ။

စင်အောက်ကလူတွေကလည်း တစ်ခါထပ်အော်ကြပြန်တယ်။

“ရှေ့ဆက်တို့ပေးလိုက်ပါဦး။ ရှေ့တိုးပါဟေ့”

အော်နေကြတုန်းမှာ ရှားကပြုံးပြီး ခြေတစ်လှမ်းထပ်တိုးလာတော့ ကျောင်းသားအားလုံးက တညီတညာတည်းအော်ပြီး လက်ခုပ်တွေတီးကြပါတယ်။

“ဟေးးးးး”

ရှားက မုန်းရှေ့တည့်တည့်ကိုရောက်လာတော့ မုန်းလက်ထဲက အရုပ်လေးကို ရှားကိုပေးရင်း . . .

“လက်ခံပေးလို့ကျေးဇူးပါရှား” ။

ကျွန်တော်ရှားကို အားလုံးရှေ့မှာချစ်ခွင့်ပန်ခဲ့ပြီး အားလုံးရှေ့မှာ အဖြေရသွားပြီပေါ့။

Welcome ပြီးသွားပြီမို့ စင်အောက်မှာစောင့်နေတဲ့ နွေတို့ဆီကိုလာတော့ အလင်းက မုန်းလက်ကိုစောင့်ဆွဲပြီး လူရှင်းတဲ့နေရာရောက်တဲ့အထိ ဆွဲခေါ်သွားတာမို့ မုန်းလိုက်လာခဲ့ရတယ်။ နွေကလည်း မုန်းတို့ကို စိတ်မချသလို လှမ်းကြည့်နေရှာတယ်။ မင်းစိတ်ကြိုက် ပေါက်ကွဲပါအလင်း။ ငါခံယူမှာမို့။

“မုန်း မင်းဘယ်လိုလုပ်လိုက်တာလဲ။ ငါမင်းကိုမေးခဲ့တုန်းက မင်းရှားကို သူငယ်ချင်းထက် မပိုပါဘူးဆို။ ငါမင်းကို သေချာမေးခဲ့တာမုန်း။ မင်းမချစ်ဘူး သူငယ်ချင်းထက် မပိုဘူးလို့ပြောခဲ့လို့ မင်းဘက်ကမချစ်တာ သေချာပြီဆိုတော့မှ ရှားကိုလိုက်ဖို့ မင်းကိုပြောခဲ့တာ။ မင်းဘာအချိုး ချိုးလိုက်တာလဲမုန်း။ ပြောလေ ပြော”

“ . . . “

အလင်းကစကားပြောနေရင်းပင် မုန်းရင်ဘက်ကိုလက်နဲ့တွန်းလိုက် လူကိုဆွဲခါလိုက်နဲ့ တောက်တခေါက်ခေါက်ဖြစ်နေခဲ့ပေမယ့် မုန်းဘက်ကအလင်းကို ဘာမှတုန့်ပြန်မလာသလို ဘာမှလည်း ပြောမလာခဲ့ဘူး။

“ငါ့နောက်ကျောကို ဓားနဲ့ထိုးလိုက်ရလို့ ပျော်လားမုန်း။ ငါချစ်တဲ့မိန်းကလေးက မင်းကိုချစ်ပါတယ်ပြောလာတာမို့ ငါ့လက်ထဲက လုယူလိုက်ရတာကို ကျေနပ်‌လား။ ငါ့ကို အနိုင်ယူချင်တာလားမုန်း။ ငါဘယ်တုန်းကများ မင်းကို အနိုင်ယူခဲ့ဖူးလို့လဲ။ မင်းငါ့ကို ဘာအညိုးနဲ့လုပ်တာလဲမုန်း”

“. . .”

“ငါသူ့ကိုတကယ်ချစ်လို့ အရင်လို မင်းနဲ့ပြိုင်လိုက်ဖို့ မပြောခဲ့ဘဲ မင်းသူ့ကိုချစ်နေလားလို့ အရင်မေးခဲ့တာ။ မင်းသူ့ကိုချစ်‌နေခဲ့တာဆိုရင် ငါမင်းအတွက် နောက်ဆုတ်ပေးမလို့မုန်း။ ဒါပေမဲ့ မင်းကတော့ ငါ့နောက်ကျောကို ဓားနဲ့ထိုးခဲ့တယ်။ မင်းအဲ့လိုလုပ်လိုက်ရလို့ ပျော်လား . . ဟမ် . . မင်းပျော်လား”

အလင်းဒေါသထွက်ထွက်နဲ့ အော်ပစ်ပြီး မုန်းရဲ့ရင်ဘတ်ကို စောင့်တွန်းလိုက်တယ်။ ခဏကြာတော့ မုန်းဆီက စကားသံထွက်လာတယ်။

“ပျော်တော့မပျော်ဘူးအလင်း။ ဒါပေမယ့် နောင်တစ်ချိန် ပျော်လာဖို့လုပ်လိုက်တာ”

“ဘာလို့လဲ ဘာလို့လဲမုန်း”

“ငါမင်းကို. . .”

မုန်းဆက်ပြောလာမယ့်စကားကို မကြားချင်တာမို့ . . မဟုတ်ဘူး မကြားရဲတာဆိုပိုမှန်ပါလိမ့်မယ်။ အဲ့ဒါကြောင့် မုန်း စကားမဆုံးခင်မှာဘဲ အလင်းဘက်က စကားဖြတ်ပြောလိုက်တယ်။

“ထားလိုက်တော့မုန်း။ ငါမင်းကို နာလည်ဖို့ ကြိုးစားကြည့်မှာမို့ . . ငါမင်းကို နားလည်ဖို့ ကြိုးစားလို့ရတဲ့အထိ မင်းငါနဲ့ဝေးဝေးမှာ နေပေးပါမုန်း”

မုန်းကိုပြောပြီး အလင်းလှည့်ထွက်လာခဲ့တယ်။ နောက်မှာ ဘာဖြစ်ကျန်ခဲ့မလဲ ဘယ်လိုကျန်ခဲ့မလဲ မသိချင်ဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့ ဝေးသွားကြရင် ပိုကောင်းတယ်မုန်း။ ငါနဲ့ရှား ချစ်သွားမှ မင်းနဲ့ဝေးနိုင်တာမှ မဟုတ်တာ။ မင်နဲ့ရှားချစ်သွားလည်း ငါတို့ဝေးသွားနိုင်တာကို ငါမေ့နေခဲ့တယ်။ ငါမင်း‌နဲ့ အဝေးဆုံးကို ထွက်သွားချင်တာမို့ ဒီအခွင့်အရေးကို အသုံးချပြီး မင်းနဲ့ဝေးရာကို ပြေးပါရစေ။

တောင်းပန်ပါတယ်မုန်း။ ငါမင်းကို တကယ်စိတ်မဆိုးသလို စိတ်လည်းမနာဘူး။ ဒေါသလည်း မထွက်ခဲ့ဘူး။ ငါရှားကိုမချစ်ခဲ့ဘူးမုန်း မင်းကိုပဲချစ်တာ။ မင်းကိုပဲ ရူးလောက်အောင်ချစ်တာပါ။ ဒါပေမယ့် ငါမင်းကို ခုလိုစိတ်ဆိုးပြီး ဒေါသထွက် ပေါက်ကွဲလိုက်မှ ငါတို့ဝေးလို့ရမှာမို့ပါ။

မင်းငါ့အနားမှာ ရှေ့ဆက်ပြီးရှိနေရင် ငါ့စိတ်တွေကို ထိန်းချုပ်လို့ မရတော့မှာကြောက်လို့ ရှားနဲ့ချစ်သူဖြစ်ချင်ခဲ့တာပါ။ ရှားနဲ့ချစ်သူဖြစ်ခဲ့ရင် မင်းနဲ့ဝေးနိုင်မယ်ထင်ခဲ့တာ။ မင်းက အခုလိုလုပ်လိုက်တော့လည်း ငါကဒါကိုအသုံးချပြီး မင်းနဲ့ဝေးရာကို ပြေးလို့ရမယ်ဆိုတာကိုတွေးမိလို့ မင်းအပေါ်ကို ဒေါသထွက်ပြခဲ့တာ။ အော်ခဲ့တာပါ။

ငါလည်း နာကျင်ရပါတယ် မုန်းရယ်။ ရူးလောက်အောင် နာကျင်နေရတာမို့။ တောင်းပန်ပါတယ် . . မင်းလို သတ္တိမရှိနိုင်လို့ တောင်းပန်ပါတယ်။ မင်းလက်ကိုဆွဲပြီး အရာရာကိုရင်မဆိုင်ရဲလို့ တောင်းပန်ပါတယ်။ မင်းထက် မိသားစုကိုရွေးချယ်ခဲ့လို့ တောင်းပန်ပါတယ်။ ပျော့ညံ့လွန်းတဲ့ငါ့ကို မုန်းပေးပါမုန်း။

“ငါမင်းကိုချစ်လို့” ပါလို့ပြောမလို့ပါ အလင်းရယ်။ ဆုံးအောင်နားထောင်ပေးရင် ငါမင်းကိုချစ်တဲ့အကြောင်းတွေ အများကြီးပြောမလို့ပါ။

ငါမင်းကို အရမ်းချစ်တာမို့ အဆုံးရှုံးမခံနိုင်လို့ ခုလိုလုပ်ခဲ့တာပါ။‌‌ ငါနောင်တမရဘူးအလင်း။ ငါမင်းကိုပိုင်ဆိုင်ဖို့ ဒီလောက်တော့ ငါ့မှာကြိုးစားခွင့်ရှိပါတယ်။ တောင်းပန်ပါတယ် . . ငါနဲ့ဝေးရာကို ထပ်ပြီးထွက်မပြေးပါနဲ့တော့လား အလင်းရာ။ မင်းထပ်ပြီးထွက်‌ပြေးရင် ငါရူးလိမ့်မယ်။ ငါလည်း စိတ်ဓာတ်မာချင်ယောင်ဆောင်ရတာ မောလှပြီအလင်း။

ထွက်ပြေးတဲ့သူကို လိုက်ဖမ်းရတာ ဒီလောက်မောပြီး ပင်ပန်းရလား။ မောလို့ရပ်လိုက်ရင်လည်း ကြိုးစားပြီးပြေးခဲ့ရတဲ့ အချိန်တွေက နှမြောဖို့ကောင်းတယ်။ ဆက်လိုက်ဖို့ကြ‌တော့လည်း ခြေကုန်လက်ပန်းကျနေပြီ။ ငါအရမ်းပင်ပန်းနေပြီအလင်း။  ငါ့ကိုချစ်ရင် ရပ်နေပေးပါကွာနော်။

မုန်းမငိုမိအောင် စိတ်ကိုတင်းထားပေမယ့် မျက်ရည်တွေက သူ့အလိုလို ကျလာတယ်။ အနားကိုနွေရောက်လာတော့ နွေကစိုးရိမ်နေတဲ့မျက်ဝန်းတွေနဲ့ မေးလာတယ်။

“အရမ်းနာကျင်နေရပြီလားမုန်း”

“နင်သိနေခဲ့တာလားနွေ”

“ငါအချစ်ရဆုံးလူသားတွေ ဘာတွေခံစားနေရလဲမှ ငါမသိရင် ငါ့လောက်ညံ့တဲ့သူ ရှိပါ့မလားမုန်းရယ်”

“နင်ငါ့ကိုရွံသွားပြီလားနွေ”

“မေးခွန်း‌တွေက တစ်ထပ်တည်းပါ့လားဟယ်။ မုန်းစရာလား မုန်းရယ်။ နင်တို့က ငါ့သူငယ်ချင်းဆိုလည်း ဟုတ်တယ်။ ငါ့မိသားစုဆိုလည်း ဟုတ်တယ်လေ။ မိသားစုဆိုတာ အကောင်းအဆိုးကို အေးတူပူမျှ မျှဝေခံစားရမှာလေ။ ငါကနင့်တို့ကို ရွံနေစရာလား။ ငါကနင့်တို့ရှေ့မှာ မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးမှာ။ ဒါကြောင့် နင်တစ်ယောက်တည်းဆိုပြီး အားမငယ်ပါနဲ့။ ငါကနင်တို့နဲ့အတူ အမြဲရှိနေမှာ။ နင်တို့ဆုံးဖြတ်ချက်တိုင်းကို လေးစားပေးမှာမို့ နင့်အနားမှာ ဘယ်သူမှမရှိရင်‌တောင် ငါရှိနေတယ်ဆိုတာ သတိရပေး ဟုတ်ပြီလား။ အခု မျက်ရည်တွေကိုသုတ်လိုက်။ ပြီးရင် အိမ်ကို တန်းတန်းမတ်မတ်ပြန်။ အိမ်ပြန်ရောက်မရောက်ကို ငါဖုန်းဆက်ပြီး လှမ်းမေးမှာနော်မုန်း။  ခုတော့ ငါအလင်းနောက်ကို လိုက်သွားလိုက်ဦးမယ်။ သုတနဲ့အားသစ်ကို ငါတို့အရင်ပြန်သွားတာမို့ နောက်ကလိုက်လာခဲ့ဖို့ ပြောပေးနော်။ ချစ်တယ်မုန်း”

နွေ မုန်းရဲ့ခေါင်းလေးကို ဖွဖွလေးနမ်းလိုက်တယ်။ ကျမချစ်ရတဲ့ ကလေးလေးနာကျင်နေရပြီမို့ ကျမချစ်ရတဲ့ လူသားလေးတွေ ပြုံးပျော်လာဖို့ ကျမဘာလုပ်ပေးရမလဲ မသိတော့ဘူးကွယ်။

“အင်း ငါရောပဲ‌နွေ”

မုန်းကိုထားခဲ့ပြီး ‌အလင်းနောက်ကို နွေလိုက်လာခဲ့လိုက်တယ်။ ကျောင်းအပြင်ရောက်တော့ ‌လမ်းထိပ်မှာ Taxi တားနေတဲ့ အလင်းကိုတွေ့လိုက်တာမို့ အပြေးတပိုင်းသွားလိုက်ရတယ်။ အနားကိုရောက်တော့ အလင်းက Taxi ပေါ်တက်နေပြီမို့ နွေပါ ကပျာကယာ ဝင်ထိုင်လိုက်တော့ Taxi မောင်းတဲ့ဦးလေးကြီးက နွေ့ကိုလှည့်ကြည့်လာတယ်။

“တူတူပဲဦးလေး။ တူတူလာတာ။ ဖော့ကန် သုခလမ်းကို မောင်းပေးပါနော် ဦလေး”

Taxi ဦးလေးကို နွေကပဲ သွားရမယ့်နေရာကို ပြောပြလိုက်တယ်။ ကားထွက်တော့မှ အလင်းကိုလှည့်ကြည့်လိုက်တော့ အလို အလင်းငိုနေတာပါလား။

“ငါလည်း နာကျင်နေရတယ်နွေ”

ပြောလည်းပြော မျက်လုံးလေးမှိတ်ပြီး နွေ့ပုခုံးကိုလာမှီတာမို့ နွေအလိုက်သင့်လေး နေပေးလိုက်တယ်။

“အိပ်လိုက်ဦးအလင်း။ ငါအိမ်ရောက်ရင်နှိုးမယ်”

နင်နာကျင်နေတာ ရှားကို မုန်းကလုယူခဲ့လို့မဟုတ်ဘဲ နင်ကိုယ်တိုင် မုန်းအနားက ပြေးထွက်လာခဲ့လို့ဆိုတာကို ငါသိနေတော့ ငါနင့်တို့ကို အရမ်းသနားတယ်အလင်းရယ်။

အိမ်ကိုရောက်တဲ့အခါ အလင်းကို သေချာလေးစကားပြောပြီး ဆွေးနွေးရတယ်။

“အလင်း နင်တကယ်ပဲဆုံးဖြတ်ပြီးပြီလား”

“အင်း ဆုံးဖြတ်ပြီးပြီနွေ။ ငါ့ကြောင့်မေမေတို့ခံစားရမှာ၊ ငါ့ကြောင့် မေမေတို့အရှက်ရမှာကို  ငါကြောက်တယ်။ ဒီတိုင်းလေးနေလိုက်တာက ပိုကောင်းပါတယ်”

“ဘာလို့ နာကျင်ရတဲ့လမ်းကို ရွေးချယ်မှာလဲ အလင်းရယ်။ ချစ်တာက ဘာများကြောက်စရာရှိလို့လဲ။ မေတို့က နားလည်ပေးမှာပါ။ မေတို့သာနားလည်ပေးရင် နင်ဘာကိုမှ ကြောက်စရာမလိုဘူးလေ။ နင်မေတို့နဲ့ ပွင့်ပွင့်လင်းလင်း ပြောကြည့်ပါအုံးလားဟာ။ နင်အရမ်းပျော့ညံ့တာပဲ။ ငါက မုန်းကို ပျော့ညံ့မယ်ထင်ထားခဲ့တာ။ ခုတော့ နင်ကပိုပျော့ညံ့တယ်အလင်း”

“မေမေတို့ကိုမပြောပါနဲ့နော် နွေ။ ငါ့ကြောင့် မေမေတို့ကို စိတ်မဆင်းရဲစေချင်ဘူး”

“ငါဘာကိုမှ ပြောမှာမဟုတ်ဘူးအလင်း။ နင်ကိုယ်တိုင်ဖွင့်ပြောရဲတဲ့အထိ စောင့်‌မှာပါ”

“ကျေးဇူးနွေ”

“ရပါတယ်။ အမှန်အတိုင်းပြောရရင် ငါမုန်းကိုအရမ်းသနားတယ်။ မုန်းက ကလေးလေးပါဟာ အချစ်ကလွဲရင် သူဘာမှမသိပါဘူး။ ခုတော့ အချစ်ကြောင့် သူနာကျင်နေရတယ်။ ငါတကယ်စိတ်‌မကောင်းဘူး။ ခုလောက်ဆို နာကျင်လွန်းလို့ ငိုနေလောက်ရောပေါ့။ ဒါပေမဲ့ နင်ကောင်းမယ်ထင်တာကိုလုပ်ပါအလင်း။ နင်ရွေးချယ်တဲ့လမ်းက ကောင်းကောင်း မကောင်းကောင်း နင့်ဆုံးဖြတ်ချက်ကို ငါလေးစားမှာပါ။ နင်က ဒီလိုလုပ်ချင်တယ်ဆိုရင်လည်း နင်ကောင်းမယ်ထင်လို့လုပ်တာပဲဟာ ငါကနားလည်ပေးရမှာပေါ။ အဓိက နာကျင်ရမယ့်သူက နင်တို့ပဲလေ။ ငါက‌တော့ မုန်းနာကျင်နေရတာကိုပဲ သနားတယ်”

အလင်းဘာမှမပြောတော့ဘဲ နွေပြောတာကိုပဲ နားထောင်လိုက်တယ်။ ငါလည်းနာကျင်ရပါတယ်နွေ။ ကိုယ့်ချစ်တဲ့သူကို နာကျည်းချင်ယောင်ဆောင်ရတာ အရမ်းပင်ပန်းတယ်။ ချစ်နေရက်နဲ့ မုန်းယောင်ဆောင်ရတာ ဘယ်ဘဝက ဝဋ်ကြွေးတွေများလဲကွာ။ မင်းကိုချစ်ရတာ ပင်ပန်းတယ်မုန်း။

******************************

#Zawgyi

ဒီေန႔က မုန္းတို႔ Welcome ေန႔မို႔ ေႏြ၊ အားသစ္၊ သုတနဲ႔အလင္းက မုန္းတို႔ေက်ာင္းကို လိုက္လာခဲ့ၾကတယ္။ King & Queen ေရြးေတာ့ မုန္းက Popular ရၿပီး ရွားက Innocence ရတယ္။

မုန္းကိုသီခ်င္းတစ္ပုဒ္ဆိုေပးဖို႔ Presenter အစ္မကေျပာေတာ့ မုန္းသီခ်င္းဆိုလိုက္ရတယ္။

🎶ရင္မွာအခ်စ္မ်ား ခ်စ္မိေနလား . . . မေရရာဘူးစိတ္ထဲက . . ငယ္ငယ္ကသံေယာဇဥ္ ခင္မင္႐ုံစိတ္ကေလးမ်ား . . ရင္မွာအခ်စ္ရဲ့စိတ္ရိုင္းမ်ား . . ျဖဴစင္ႏွလုံးသား အေရာင္ေျပာင္းသြား . . နားလည္ပါ သူငယ္ခ်င္းခ်စ္သူေလးရာ . .
ငယ္ငယ္တုန္းကခင္တယ္ ခုခ်စ္ရတဲ့ သူငယ္ခ်င္းခ်စ္သူေလးရယ္ . . ခုခ်စ္ရတဲ့ ငယ္ငယ္တုန္းကခင္တယ္ သူငယ္ခ်င္းခ်စ္သူေလးရယ္ . . ၾကင္သူရွိႏွင့္ရင္လည္း စာနာနားလည္ေပးပါ့မယ္ . . ခြင့္လႊတ္နိုင္တယ္ သူငယ္ခ်င္းခ်စ္သူေလးရယ္ . . .🎶

သီခ်င္းဆိုေနတဲ့ တစ္ေလၽွာက္လုံး မုန္းရဲ့အၾကည့္က အလင္းတစ္ေယာက္တည္းဆီမွာပဲ ရွိေနခဲ့တာပါ။

သီခ်င္းဆိုၿပီးသြားေတာ့ Presenter အစ္မက မုန္းကိုေမးပါ‌ေလေရာ။

“ေမာင္ေလးမွာ သူငယ္ခ်င္းခ်စ္သူေလးရွိေနၿပီလား” တဲ့။

အားလုံးက ထင္ေနၾကပါလိမ့္မယ္။ မုန္းနဲ႔တတြဲတြဲျဖစ္ေနတဲ့ ေမသူနဲ႔ရွား တစ္ေယာက္ေယာက္က မုန္းရဲ့ သူငယ္ခ်င္းခ်စ္သူလို႔ေလ။ အဲ့ဒီအခ်ိန္ မုန္းစိတ္ထဲကို အေတြးတခ်ိဳ႕ ဝင္လာတာမို႔ ခ်က္ခ်င္းအေကာင္အထည္ ေဖာ္လိုက္တယ္။ ေက်းဇူးပါ Presenter မမေရ အမ်ားႀကီးေက်းဇူးတင္ပါတယ္ေနာ္။

“ဟုတ္ ရွိပါတယ္ မမ”

“မမလို႔ေခၚလိုက္တာကို ေႂကြသြားေပမယ့္ မမ မျဖစ္နိုင္‌ေတာ့တာမို႔ စိတ္မေကာင္းဘူးကြယ္။ ဟဲဟဲ စတာေနာ္ေမာင္ေလး။ ကဲေျပာပါဦး။ မမတို႔ Popular ေလးရဲ့ သူငယ္ခ်င္းခ်စ္သူေလးက ဘယ္သူလဲဆိုတာ”

Presenter မမက မုန္းကို မိုက္ေလးထိုးေပးလာတာမို႔ မုန္းလည္းမိုက္ကိုယူၿပီး ေျဖလိုက္တယ္။

“ရွားအိမ့္ခ်ယ္ပါ”

“ဝိုးးးး”

အားလုံးက အံ့ဩသြားၾကတယ္။ မုန္းကအလင္းကို လွမ္းၾကည့္လိုက္ေတာ့ အလင္းကမုန္းကို ေဒါသထြက္ေနတဲ့ မ်က္လုံးေတြနဲ႔ လွမ္းၾကည့္ေနတယ္။

“ရွား ငါနင့္ကို ဒီေနရာကေနပဲ ခ်စ္ခြင့္ပန္ပါတယ္။ နင္တကယ္လို႔ ငါ့ကိုသူငယ္ခ်င္းလိုပဲ ခ်စ္တာဆိုရင္ ေရွ႕ကို တစ္လွမ္းတိုးလာေပးပါ။ နင္ဘက္က ငါ့အခ်စ္ကို လက္ခံ‌ေပးနိုင္တယ္ဆိုရင္ေတာ့ ငါ့ဆီကိုေရာက္ေအာင္ ေလၽွာက္လာခဲ့ေပးပါရွား”

မုန္းအေနာက္မွာရွိတဲ့ ရွားကိုလွမ္းၾကည့္ၿပီးေျပာလိုက္ေတာ့ စင္ေအာက္က ေက်ာင္းသားေတြက တညီတညာတည္း ေအာ္ေပးၾကပါတယ္။

“လက္ခံေပးလိုက္ပါဗ်ိဳ႕။ လက္ခံလိုက္ပါ”

အားလုံးေအာ္ေနၾကတုန္းမွာ ရွားကေရွ႕ကိုတစ္လွမ္းတိုးလာၿပီး ရပ္သြားတာမို႔ မုန႔္လန႔္သြားၿပီး ရင္ေတြတုန္လာတယ္။ ဆက္လွမ္းလာလိုက္ပါရွား။ ေက်းဇူးျပဳၿပီး ဆက္လွမ္းလာခဲ့ေပးပါ။ ငါ့အစီအစဥ္ေတြ ျဖစ္ေျမာက္ဖို႔က နင္လက္ခံလိုက္မွျဖစ္မွာမို႔ပါ။

စင္ေအာက္ကလူေတြကလည္း တစ္ခါထပ္ေအာ္ၾကျပန္တယ္။

“ေရွ႕ဆက္တို႔ေပးလိုက္ပါဦး။ ေရွ႕တိုးပါေဟ့”

ေအာ္ေနၾကတုန္းမွာ ရွားကျပဳံးၿပီး ေျခတစ္လွမ္းထပ္တိုးလာေတာ့ ေက်ာင္းသားအားလုံးက တညီတညာတည္းေအာ္ၿပီး လက္ခုပ္ေတြတီးၾကပါတယ္။

“ေဟးးးးး”

ရွားက မုန္းေရွ႕တည့္တည့္ကိုေရာက္လာေတာ့ မုန္းလက္ထဲက အ႐ုပ္ေလးကို ရွားကိုေပးရင္း . . .

“လက္ခံေပးလို႔ေက်းဇူးပါရွား” ။

ကၽြန္ေတာ္ရွားကို အားလုံးေရွ႕မွာခ်စ္ခြင့္ပန္ခဲ့ၿပီး အားလုံးေရွ႕မွာ အေျဖရသြားၿပီေပါ့။

Welcome ၿပီးသြားၿပီမို႔ စင္ေအာက္မွာေစာင့္ေနတဲ့ ေႏြတို႔ဆီကိုလာေတာ့ အလင္းက မုန္းလက္ကိုေစာင့္ဆြဲၿပီး လူရွင္းတဲ့ေနရာေရာက္တဲ့အထိ ဆြဲေခၚသြားတာမို႔ မုန္းလိုက္လာခဲ့ရတယ္။ ေႏြကလည္း မုန္းတို႔ကို စိတ္မခ်သလို လွမ္းၾကည့္ေနရွာတယ္။ မင္းစိတ္ႀကိဳက္ ေပါက္ကြဲပါအလင္း။ ငါခံယူမွာမို႔။

“မုန္း မင္းဘယ္လိုလုပ္လိုက္တာလဲ။ ငါမင္းကိုေမးခဲ့တုန္းက မင္းရွားကို သူငယ္ခ်င္းထက္ မပိုပါဘူးဆို။ ငါမင္းကို ေသခ်ာေမးခဲ့တာမုန္း။ မင္းမခ်စ္ဘူး သူငယ္ခ်င္းထက္ မပိုဘူးလို႔ေျပာခဲ့လို႔ မင္းဘက္ကမခ်စ္တာ ေသခ်ာၿပီဆိုေတာ့မွ ရွားကိုလိုက္ဖို႔ မင္းကိုေျပာခဲ့တာ။ မင္းဘာအခ်ိဳး ခ်ိဳးလိုက္တာလဲမုန္း။ ေျပာေလ ေျပာ”

“ . . . “

အလင္းကစကားေျပာေနရင္းပင္ မုန္းရင္ဘက္ကိုလက္နဲ႔တြန္းလိုက္ လူကိုဆြဲခါလိုက္နဲ႔ ေတာက္တေခါက္ေခါက္ျဖစ္ေနခဲ့ေပမယ့္ မုန္းဘက္ကအလင္းကို ဘာမွတုန႔္ျပန္မလာသလို ဘာမွလည္း ေျပာမလာခဲ့ဘူး။

“ငါ့ေနာက္ေက်ာကို ဓားနဲ႔ထိုးလိုက္ရလို႔ ေပ်ာ္လားမုန္း။ ငါခ်စ္တဲ့မိန္းကေလးက မင္းကိုခ်စ္ပါတယ္ေျပာလာတာမို႔ ငါ့လက္ထဲက လုယူလိုက္ရတာကို ေက်နပ္‌လား။ ငါ့ကို အနိုင္ယူခ်င္တာလားမုန္း။ ငါဘယ္တုန္းကမ်ား မင္းကို အနိုင္ယူခဲ့ဖူးလို႔လဲ။ မင္းငါ့ကို ဘာအညိဳးနဲ႔လုပ္တာလဲမုန္း”

“. . .”

“ငါသူ႔ကိုတကယ္ခ်စ္လို႔ အရင္လို မင္းနဲ႔ၿပိဳင္လိုက္ဖို႔ မေျပာခဲ့ဘဲ မင္းသူ႔ကိုခ်စ္ေနလားလို႔ အရင္ေမးခဲ့တာ။ မင္းသူ႔ကိုခ်စ္‌ေနခဲ့တာဆိုရင္ ငါမင္းအတြက္ ေနာက္ဆုတ္ေပးမလို႔မုန္း။ ဒါေပမဲ့ မင္းကေတာ့ ငါ့ေနာက္ေက်ာကို ဓားနဲ႔ထိုးခဲ့တယ္။ မင္းအဲ့လိုလုပ္လိုက္ရလို႔ ေပ်ာ္လား . . ဟမ္ . . မင္းေပ်ာ္လား”

အလင္းေဒါသထြက္ထြက္နဲ႔ ေအာ္ပစ္ၿပီး မုန္းရဲ့ရင္ဘတ္ကို ေစာင့္တြန္းလိုက္တယ္။ ခဏၾကာေတာ့ မုန္းဆီက စကားသံထြက္လာတယ္။

“ေပ်ာ္ေတာ့မေပ်ာ္ဘူးအလင္း။ ဒါေပမယ့္ ေနာင္တစ္ခ်ိန္ ေပ်ာ္လာဖို႔လုပ္လိုက္တာ”

“ဘာလို႔လဲ ဘာလို႔လဲမုန္း”

“ငါမင္းကို. . .”

မုန္းဆက္ေျပာလာမယ့္စကားကို မၾကားခ်င္တာမို႔ . . မဟုတ္ဘူး မၾကားရဲတာဆိုပိုမွန္ပါလိမ့္မယ္။ အဲ့ဒါေၾကာင့္ မုန္း စကားမဆုံးခင္မွာဘဲ အလင္းဘက္က စကားျဖတ္ေျပာလိုက္တယ္။

“ထားလိုက္ေတာ့မုန္း။ ငါမင္းကို နာလည္ဖို႔ ႀကိဳးစားၾကည့္မွာမို႔ . . ငါမင္းကို နားလည္ဖို႔ ႀကိဳးစားလို႔ရတဲ့အထိ မင္းငါနဲ႔ေဝးေဝးမွာ ေနေပးပါမုန္း”

မုန္းကိုေျပာၿပီး အလင္းလွည့္ထြက္လာခဲ့တယ္။ ေနာက္မွာ ဘာျဖစ္က်န္ခဲ့မလဲ ဘယ္လိုက်န္ခဲ့မလဲ မသိခ်င္ဘူး။ ဘာပဲျဖစ္ျဖစ္ ငါတို႔ ေဝးသြားၾကရင္ ပိုေကာင္းတယ္မုန္း။ ငါနဲ႔ရွား ခ်စ္သြားမွ မင္းနဲ႔ေဝးနိုင္တာမွ မဟုတ္တာ။ မင္နဲ႔ရွားခ်စ္သြားလည္း ငါတို႔ေဝးသြားနိုင္တာကို ငါေမ့ေနခဲ့တယ္။ ငါမင္း‌နဲ႔ အေဝးဆုံးကို ထြက္သြားခ်င္တာမို႔ ဒီအခြင့္အေရးကို အသုံးခ်ၿပီး မင္းနဲ႔ေဝးရာကို ေျပးပါရေစ။

ေတာင္းပန္ပါတယ္မုန္း။ ငါမင္းကို တကယ္စိတ္မဆိုးသလို စိတ္လည္းမနာဘူး။ ေဒါသလည္း မထြက္ခဲ့ဘူး။ ငါရွားကိုမခ်စ္ခဲ့ဘူးမုန္း မင္းကိုပဲခ်စ္တာ။ မင္းကိုပဲ ႐ူးေလာက္ေအာင္ခ်စ္တာပါ။ ဒါေပမယ့္ ငါမင္းကို ခုလိုစိတ္ဆိုးၿပီး ေဒါသထြက္ ေပါက္ကြဲလိုက္မွ ငါတို႔ေဝးလို႔ရမွာမို႔ပါ။

မင္းငါ့အနားမွာ ေရွ႕ဆက္ၿပီးရွိေနရင္ ငါ့စိတ္ေတြကို ထိန္းခ်ဳပ္လို႔ မရေတာ့မွာေၾကာက္လို႔ ရွားနဲ႔ခ်စ္သူျဖစ္ခ်င္ခဲ့တာပါ။ ရွားနဲ႔ခ်စ္သူျဖစ္ခဲ့ရင္ မင္းနဲ႔ေဝးနိုင္မယ္ထင္ခဲ့တာ။ မင္းက အခုလိုလုပ္လိုက္ေတာ့လည္း ငါကဒါကိုအသုံးခ်ၿပီး မင္းနဲ႔ေဝးရာကို ေျပးလို႔ရမယ္ဆိုတာကိုေတြးမိလို႔ မင္းအေပၚကို ေဒါသထြက္ျပခဲ့တာ။ ေအာ္ခဲ့တာပါ။

ငါလည္း နာက်င္ရပါတယ္ မုန္းရယ္။ ႐ူးေလာက္ေအာင္ နာက်င္ေနရတာမို႔။ ေတာင္းပန္ပါတယ္ . . မင္းလို သတၱိမရွိနိုင္လို႔ ေတာင္းပန္ပါတယ္။ မင္းလက္ကိုဆြဲၿပီး အရာရာကိုရင္မဆိုင္ရဲလို႔ ေတာင္းပန္ပါတယ္။ မင္းထက္ မိသားစုကိုေရြးခ်ယ္ခဲ့လို႔ ေတာင္းပန္ပါတယ္။ ေပ်ာ့ညံ့လြန္းတဲ့ငါ့ကို မုန္းေပးပါမုန္း။

“ငါမင္းကိုခ်စ္လို႔” ပါလို႔ေျပာမလို႔ပါ အလင္းရယ္။ ဆုံးေအာင္နားေထာင္ေပးရင္ ငါမင္းကိုခ်စ္တဲ့အေၾကာင္းေတြ အမ်ားႀကီးေျပာမလို႔ပါ။

ငါမင္းကို အရမ္းခ်စ္တာမို႔ အဆုံးရႈံးမခံနိုင္လို႔ ခုလိုလုပ္ခဲ့တာပါ။‌‌ ငါေနာင္တမရဘူးအလင္း။ ငါမင္းကိုပိုင္ဆိုင္ဖို႔ ဒီေလာက္ေတာ့ ငါ့မွာႀကိဳးစားခြင့္ရွိပါတယ္။ ေတာင္းပန္ပါတယ္ . . ငါနဲ႔ေဝးရာကို ထပ္ၿပီးထြက္မေျပးပါနဲ႔ေတာ့လား အလင္းရာ။ မင္းထပ္ၿပီးထြက္‌ေျပးရင္ ငါ႐ူးလိမ့္မယ္။ ငါလည္း စိတ္ဓာတ္မာခ်င္ေယာင္ေဆာင္ရတာ ေမာလွၿပီအလင္း။

ထြက္ေျပးတဲ့သူကို လိုက္ဖမ္းရတာ ဒီေလာက္ေမာၿပီး ပင္ပန္းရလား။ ေမာလို႔ရပ္လိုက္ရင္လည္း ႀကိဳးစားၿပီးေျပးခဲ့ရတဲ့ အခ်ိန္ေတြက ႏွေျမာဖို႔ေကာင္းတယ္။ ဆက္လိုက္ဖို႔ၾက‌ေတာ့လည္း ေျခကုန္လက္ပန္းက်ေနၿပီ။ ငါအရမ္းပင္ပန္းေနၿပီအလင္း။  ငါ့ကိုခ်စ္ရင္ ရပ္ေနေပးပါကြာေနာ္။

မုန္းမငိုမိေအာင္ စိတ္ကိုတင္းထားေပမယ့္ မ်က္ရည္ေတြက သူ႔အလိုလို က်လာတယ္။ အနားကိုေႏြေရာက္လာေတာ့ ေႏြကစိုးရိမ္ေနတဲ့မ်က္ဝန္းေတြနဲ႔ ေမးလာတယ္။

“အရမ္းနာက်င္ေနရၿပီလားမုန္း”

“နင္သိေနခဲ့တာလားေႏြ”

“ငါအခ်စ္ရဆုံးလူသားေတြ ဘာေတြခံစားေနရလဲမွ ငါမသိရင္ ငါ့ေလာက္ညံ့တဲ့သူ ရွိပါ့မလားမုန္းရယ္”

“နင္ငါ့ကိုရြံသြားၿပီလားေႏြ”

“ေမးခြန္း‌ေတြက တစ္ထပ္တည္းပါ့လားဟယ္။ မုန္းစရာလား မုန္းရယ္။ နင္တို႔က ငါ့သူငယ္ခ်င္းဆိုလည္း ဟုတ္တယ္။ ငါ့မိသားစုဆိုလည္း ဟုတ္တယ္ေလ။ မိသားစုဆိုတာ အေကာင္းအဆိုးကို ေအးတူပူမၽွ မၽွေဝခံစားရမွာေလ။ ငါကနင့္တို႔ကို ရြံေနစရာလား။ ငါကနင့္တို႔ေရွ႕မွာ မားမားမတ္မတ္ ရပ္တည္ကာကြယ္ေပးမွာ။ ဒါေၾကာင့္ နင္တစ္ေယာက္တည္းဆိုၿပီး အားမငယ္ပါနဲ႔။ ငါကနင္တို႔နဲ႔အတူ အျမဲရွိေနမွာ။ နင္တို႔ဆုံးျဖတ္ခ်က္တိုင္းကို ေလးစားေပးမွာမို႔ နင့္အနားမွာ ဘယ္သူမွမရွိရင္‌ေတာင္ ငါရွိေနတယ္ဆိုတာ သတိရေပး ဟုတ္ၿပီလား။ အခု မ်က္ရည္ေတြကိုသုတ္လိုက္။ ၿပီးရင္ အိမ္ကို တန္းတန္းမတ္မတ္ျပန္။ အိမ္ျပန္ေရာက္မေရာက္ကို ငါဖုန္းဆက္ၿပီး လွမ္းေမးမွာေနာ္မုန္း။  ခုေတာ့ ငါအလင္းေနာက္ကို လိုက္သြားလိုက္ဦးမယ္။ သုတနဲ႔အားသစ္ကို ငါတို႔အရင္ျပန္သြားတာမို႔ ေနာက္ကလိုက္လာခဲ့ဖို႔ ေျပာေပးေနာ္။ ခ်စ္တယ္မုန္း”

ေႏြ မုန္းရဲ့ေခါင္းေလးကို ဖြဖြေလးနမ္းလိုက္တယ္။ က်မခ်စ္ရတဲ့ ကေလးေလးနာက်င္ေနရၿပီမို႔ က်မခ်စ္ရတဲ့ လူသားေလးေတြ ျပဳံးေပ်ာ္လာဖို႔ က်မဘာလုပ္ေပးရမလဲ မသိေတာ့ဘူးကြယ္။

“အင္း ငါေရာပဲ‌ေႏြ”

မုန္းကိုထားခဲ့ၿပီး ‌အလင္းေနာက္ကို ေႏြလိုက္လာခဲ့လိုက္တယ္။ ေက်ာင္းအျပင္ေရာက္ေတာ့ ‌လမ္းထိပ္မွာ Taxi တားေနတဲ့ အလင္းကိုေတြ႕လိုက္တာမို႔ အေျပးတပိုင္းသြားလိုက္ရတယ္။ အနားကိုေရာက္ေတာ့ အလင္းက Taxi ေပၚတက္ေနၿပီမို႔ ေႏြပါ ကပ်ာကယာ ဝင္ထိုင္လိုက္ေတာ့ Taxi ေမာင္းတဲ့ဦးေလးႀကီးက ေႏြ႕ကိုလွည့္ၾကည့္လာတယ္။

“တူတူပဲဦးေလး။ တူတူလာတာ။ ေဖာ့ကန္ သုခလမ္းကို ေမာင္းေပးပါေနာ္ ဦေလး”

Taxi ဦးေလးကို ေႏြကပဲ သြားရမယ့္ေနရာကို ေျပာျပလိုက္တယ္။ ကားထြက္ေတာ့မွ အလင္းကိုလွည့္ၾကည့္လိုက္ေတာ့ အလို အလင္းငိုေနတာပါလား။

“ငါလည္း နာက်င္ေနရတယ္ေႏြ”

ေျပာလည္းေျပာ မ်က္လုံးေလးမွိတ္ၿပီး ေႏြ႕ပုခုံးကိုလာမွီတာမို႔ ေႏြအလိုက္သင့္ေလး ေနေပးလိုက္တယ္။

“အိပ္လိုက္ဦးအလင္း။ ငါအိမ္ေရာက္ရင္ႏွိုးမယ္”

နင္နာက်င္ေနတာ ရွားကို မုန္းကလုယူခဲ့လို႔မဟုတ္ဘဲ နင္ကိုယ္တိုင္ မုန္းအနားက ေျပးထြက္လာခဲ့လို႔ဆိုတာကို ငါသိေနေတာ့ ငါနင့္တို႔ကို အရမ္းသနားတယ္အလင္းရယ္။

အိမ္ကိုေရာက္တဲ့အခါ အလင္းကို ေသခ်ာေလးစကားေျပာၿပီး ေဆြးေႏြးရတယ္။

“အလင္း နင္တကယ္ပဲဆုံးျဖတ္ၿပီးၿပီလား”

“အင္း ဆုံးျဖတ္ၿပီးၿပီေႏြ။ ငါ့ေၾကာင့္ေမေမတို႔ခံစားရမွာ၊ ငါ့ေၾကာင့္ ေမေမတို႔အရွက္ရမွာကို  ငါေၾကာက္တယ္။ ဒီတိုင္းေလးေနလိုက္တာက ပိုေကာင္းပါတယ္”

“ဘာလို႔ နာက်င္ရတဲ့လမ္းကို ေရြးခ်ယ္မွာလဲ အလင္းရယ္။ ခ်စ္တာက ဘာမ်ားေၾကာက္စရာရွိလို႔လဲ။ ေမတို႔က နားလည္ေပးမွာပါ။ ေမတို႔သာနားလည္ေပးရင္ နင္ဘာကိုမွ ေၾကာက္စရာမလိုဘူးေလ။ နင္ေမတို႔နဲ႔ ပြင့္ပြင့္လင္းလင္း ေျပာၾကည့္ပါအုံးလားဟာ။ နင္အရမ္းေပ်ာ့ညံ့တာပဲ။ ငါက မုန္းကို ေပ်ာ့ညံ့မယ္ထင္ထားခဲ့တာ။ ခုေတာ့ နင္ကပိုေပ်ာ့ညံ့တယ္အလင္း”

“ေမေမတို႔ကိုမေျပာပါနဲ႔ေနာ္ ေႏြ။ ငါ့ေၾကာင့္ ေမေမတို႔ကို စိတ္မဆင္းရဲေစခ်င္ဘူး”

“ငါဘာကိုမွ ေျပာမွာမဟုတ္ဘူးအလင္း။ နင္ကိုယ္တိုင္ဖြင့္ေျပာရဲတဲ့အထိ ေစာင့္‌မွာပါ”

“ေက်းဇူးေႏြ”

“ရပါတယ္။ အမွန္အတိုင္းေျပာရရင္ ငါမုန္းကိုအရမ္းသနားတယ္။ မုန္းက ကေလးေလးပါဟာ အခ်စ္ကလြဲရင္ သူဘာမွမသိပါဘူး။ ခုေတာ့ အခ်စ္ေၾကာင့္ သူနာက်င္ေနရတယ္။ ငါတကယ္စိတ္‌မေကာင္းဘူး။ ခုေလာက္ဆို နာက်င္လြန္းလို႔ ငိုေနေလာက္ေရာေပါ့။ ဒါေပမဲ့ နင္ေကာင္းမယ္ထင္တာကိုလုပ္ပါအလင္း။ နင္ေရြးခ်ယ္တဲ့လမ္းက ေကာင္းေကာင္း မေကာင္းေကာင္း နင့္ဆုံးျဖတ္ခ်က္ကို ငါေလးစားမွာပါ။ နင္က ဒီလိုလုပ္ခ်င္တယ္ဆိုရင္လည္း နင္ေကာင္းမယ္ထင္လို႔လုပ္တာပဲဟာ ငါကနားလည္ေပးရမွာေပါ။ အဓိက နာက်င္ရမယ့္သူက နင္တို႔ပဲေလ။ ငါက‌ေတာ့ မုန္းနာက်င္ေနရတာကိုပဲ သနားတယ္”

အလင္းဘာမွမေျပာေတာ့ဘဲ ေႏြေျပာတာကိုပဲ နားေထာင္လိုက္တယ္။ ငါလည္းနာက်င္ရပါတယ္ေႏြ။ ကိုယ့္ခ်စ္တဲ့သူကို နာက်ည္းခ်င္ေယာင္ေဆာင္ရတာ အရမ္းပင္ပန္းတယ္။ ခ်စ္ေနရက္နဲ႔ မုန္းေယာင္ေဆာင္ရတာ ဘယ္ဘဝက ဝဋ္ေႂကြးေတြမ်ားလဲကြာ။ မင္းကိုခ်စ္ရတာ ပင္ပန္းတယ္မုန္း။

Continue Reading

You'll Also Like

90.3K 2.8K 22
Y/n Tybur was raised to believe that people on paradis are devils, and she needs to prove herself to be a good eldian. Y/n, Reiner, Berthold and Anni...
1.1M 27.3K 45
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
2.7K 89 5
╰⋯➤ 𝐌𝐚𝐥𝐞 𝐎𝐜 𝐱 𝐓𝐰𝐢𝐬𝐭𝐞𝐝 𝐖𝐨𝐧𝐝𝐞𝐫𝐥𝐚𝐧𝐝 𝐈𝐍 𝐖𝐇𝐈𝐂𝐇- The middle child of the shroud family charms many's hearts with his bright...
11.1K 243 9
STORY : They were pretty close friends in elementary until they had a stupid fight that ruined their friendship and ever since then they hated each o...