နှာခေါင်းထဲ ရောက်လာတဲ့ ဆေးနံနဲ့တွေနဲ့ နားက ကြား
နေရတဲ့ အသံတွေကြောင့် မျက်လုံးကို အားယူရင်း ဖွင့်
ကြည့်လိုက်တော့ အဖြူရောင် မျက်နှာ ကျက်လေး..
သေချာနေပြီ.ဒါဟာဆေးရုံပဲ.ခန္ဓာကိုယ်ကို အားပြုကာ
ထရန်ပြင်ဆင်လိုက်ပင်မဲ့ လေးလံနေတဲ့ ကိုယ်က စိတ်
ကပြောသလို မလုပ်နိုင်....
ထိုအချိန်ဘေးမှ အသံတွေကြောင့်
Nurse:လူနာ သတိရလာပြီလား.ဆရာဝန်ကို ခေါ်ပေးမယ်နော် ခဏလေး
အရေးကြီးသုတ်ပြာနဲ့ပြေးထွက်သွားသော ထိုမိန်းကဘေး၏နောက်ကျောကို ငေးကြည့်ရင်း...
ခဏအကြာ ဘေးမှာဆရာဝန်ချောချောလေးတစ်ယောက်နဲ့ အတူ အခန်းထဲပန်ဝင်လာပြီး
Doctor:ကျွန်တော်ပြောတာကြားရဲ့လား
ကျွန်တော် အသံမပေးပဲ ခေါင်းလေးငြိမ့်ပြရုံ သာပြတော့ ဆရာဝန်က ပြုံးပြီး သူနာပြု ဆရာမလေးကို ဆေး
စစ်ဖို့ ပြင်ဆင်ရန်ညွှန်ကြားနေလေသည်။သူနာပြုမလေး
ထွက်သွားတော့ doctor က
Doctor:ဘယ်နား နာနေတာတွေရှိလဲ Kim Seok
Jin shii
ကျွန်တော်ခေါင်းခါပြရင်း..ထို doctor လေးအားငေး
ကြည့်နေမိသည်။
ကျွန်တော် ကိုယ်လေးကို အားပြုကာ ထမယ် ပြင်တော့
Doctor:အခုမှ သတိရလာတာဆိုတော့ ခန္ဓာကိုယ်က
ချက်ချင်းမလှုပ်ရှားနိုင်သေးဘူးလေ..အရမ်းစိတ်မလော
ပါနဲ့ seok jin shii
Jin:ဟင်
နားမလည်နိုင်သော ပုံစံနဲ့ ထို ဆရာဝန်လေးကို ကြည့်မိ
တော့ ဆရာဝန်လေးက ပြုံးပြရင်း
Doctor:ကိုယ့်နမည်က Kim Tae Hyungပါ..
မင်းရဲ့ တာဝန်ကျဆရာဝန်.
Jin:ဟုတ်ကဲ့.doctor
Tae:Tae Hyung လို့ပဲခေါ်ပါ..ကျွန်တော်ကတော့
Hyung လို့ခေါ်မယ်..ကျွန်တော့ထက် ၃ နှစ်ကြီးလို့
Jin:ဟင်...မဖြစ်နိုင်တာ.ကျွန်တော်က အထက်တန်း
နောက်ဆုံးနှစ်ပြီးရုံပဲရှိသေးတယ်
Tae တစ်ယောက် ပြုံး ပြုံးလေးပဲ ကြည့်နေရင်း
Jin:မဟုတ်မှလွဲရော...ကျွန်တော် သတိမေ့နေတာအချိန်ကြာနေပြီလား
Tae:အင်း
Jin:ဘယ်လောက် ကြာပြီလဲ
Tae:6 နှစ်ပါ hyung
Jin:မဖြစ်နိုင်တာ...
Jin သူ့ကိုယ်သူမယုံနိုင်. သူ၆ နှစ်လုံးလုံး လဲလျောင်းနေမိတာလား..
==============
လွန်ခဲ့သော ၆ နှစ်က
ဆိုလ်း အထက်တန်းကျောင်းတစ်ခု၌
"Jin မင်းကိုဆရာမခေါ်နေတယ်''
"Omm..''
Jin ဆိုသည်မှာ အတန်းထဲ၌ စာအရမ်းတော်သော
ကောင်လေး..ဆရာ ရာမတွေရဲ့ အယုံရဆုံးလူသားလေး..ဆင်းရဲပင်မဲ့ စာ တော်လို့ ဆရာ ဆရာမတိုင်းက ချစ်လေသည်။
"Sam..ကျွန်တော့ကို ခေါ်တယ်ဆိုလို့''
"အင်း..seok jin ဒီနှစ် ထူးချွန်စာမေးပွဲအတွက်လည်းသားကို ပဲ အားကိုးရမှာမို့လို့ ကြိုးစားပေးပါဦး''
" ဟုတ် sam''
ဆရာ ဆရာမ နားနေဆောင်က အတန်းထဲအလာ
"Jin ငါ့ကို ကန်တင်းမှာ နို့စတော်ဘယ်ရီနဲ့ ပေါင်မုန့်
သွားဝယ်ပေးဦး''
"ဟင်...အင်း''
မဝယ်ပေးဘူး ဟူ၍လည်း မငြင်းရဲ...လူတိုင်းနဲ့ အလိုက်သင့်ပေါင်းနိုင်လို့ မုန့်ဝယ်ပေးရတာက လွဲ၍လည်း
တခြားပြသနာကြီးကြီးမားမား မရှိ
"Jin ကျောင်းဆင်းရင် ရုပ်ရှင်သွားကြည့်ရအောင်''
"ဘယ်လို လုပ်မလဲ..ငါအချိန်ပိုင်း အလုပ်ရှိတယ်..
တောင်းပန်ပါတယ်''
Seok jin မှာ အမေ မပင်ပန်းအောင် အချိန်ပိုင်းအလုပ်လုပ်ရင်း ကိုယ့်ကျောင်းစရိတ်ကိုယ်ရှာနေခြင်းပင်။
နောက်ဆုံးစာမေးပွဲ ဖြေအပြီး အချိန်ပိုင်းအလုပ်နေရာ
လာရန် ကားလမ်းအကူး အရှိန်ပြင်းပြင်းမောင်းလာတဲ့
ကားတစ်စီးနဲ့ တိုက်မိပြီး ဆေးရုံသို့ရောက်နေခြင်းပင်။
=================
Jin အတွေးများကို လက်စသက်ကာ
"အမေရော..ကျွန်တော့အမေ လာမတွေ့ဘူးလား''
Tae တစ်ယောက် မျက်နှာ ပျက်သွားကာ အရင် ဆုံးဆေးစစ်ကြည့်ရအောင်..
အခြေအနေတွေ အကုန်ပုံမှန်ဖြစ်သော်လည်း ခန္ဓာကိုယ်
မှာ ကောင်းစွာ မလှုပ်ရှားနိုင် သေး..
Jin တစ်ယောက် အိပ်နေရာမှ ထကြည့်လိုက်တော့ tae မရောက်လာသေး..တာဝန်ချိန်ရောက်ဖို့ ၁၅ မိနစ်
လိုသေးသည်မို့ ပြန်မအိပ်တော့ပဲ tae အလာကို စောင့်နေလေသည်။
"Omma... ဘာလို့နောက်ကျနေတာလဲ..ကျွန်တော်စောင့်နေခဲ့တာ''
ကုတင်ဘေး၌ သူ့အားရပ်ကြည့်နေသော သူ့အမေ
"Omma မျင်နှာက ဖြူ နေတာပဲ..နေမကောင်းဘူးလား..အစားကို ပုံမှန်စားလေ''
Jin တစ်ယောက် စကားတွေသာ ပြောနေပင်မဲ့ သူ့အမေ မှာ တစ်ခွန်းမှပြန်မပြော ရပ်၍သာကြည့်နေမြဲ
"Omma ဘာလို့လဲ..ကျွန်တော့ကို လာမဖက်ဘူးလား''
မျက်ရည်များကျဆင်းဆ ပြု ပြီး လက်လေးနှစ်ဖက်မှာ ရှေ့သို့ မြှောက်ပြရင်း ပွေ့ဖက်ရန် ပြောနေလေသည်။
ထိုအချိန် tae တစ်ယောက် တာဝန် ချိန်ရောက်လာသောကြောင့် jin အခန်းထဲ ဝင်အလာ..
"Hyung ဘာလုပ်နေတာလဲ''
"Tae ငါ့အမေ.. ငါ့အမေ..ငါ့ကို စကားလည်းပြန်မပြောဘူး..ငါ့ဆီလည်းမလားဘူး..''
ငိုသံဖြင့် tae ကို လှမ်းပြောရင်း..
"Hyung စိတ်အေးအေးထားနော်.ဒီမှာ ဘယ်သူမှ မရှိဘူး hyung''
"ဟင့်အင်း..ခုနက hyung omma လာတယ် tae.
Hyung တကယ်ပြောတာ''
Tae ကို ငိုကြီးချက်မဖြင့်ပြောပြရင်း...
"Hyungိတ်ခိုင်ရင် hyung omma အကြောင်းပြောပြမယ်''
Jin တစ်ယောက် နားမလည်နိုင်သော ပုံစံဖြင့်
"Tae.. တကယ်ပြောတာလား..hyung omma ကို
သိတယ်လား''
"Omm''
"ပြောပြပါတယ်..hyung ကို omma ဆီခေါ်သွားပေးပါနော်''
Tae တစ်ယောက် jin မျက်နှာပေါ်က မျက်ရည်စီးကြောင်းလေးကို သုတ်ပေးရင်း ခေါင်းလေးငြိမ့်ပြလျက်
Jin သတိပြန်ရတာ ၁ လပြည့်တော့မယ် အခုထိသူ့အမေ လာမကြည့်သေး..ထို့ကြောင့် tae ကို အမေဆီ ခေါ်သွားဖို့ တောင်းဆိုခဲ့လေသည်။
Tae တစ်ယောက် jin ကိုဝှီးချဲပေါ်တင်ကာ jin'omma ရှိရာသို့ မှောင်းနှင်လာရင်း...
"Hyung ရောက်ပြီ''
"Tae ဒီနေရာက အရိုးပြာတွေထားတဲ့နေရာလေ..မဟုတ်မှလွဲရော..''
Jin နားလည်ရခက်စွာနဲ့
"မဖြစ်နိုင်တာ tae ရာ..hyung omma ကို မနေ့က တွေ့လိုက်တယ်''
"တောင်းပန်ပါတယ် hyung စောစော ပြောပြထားရမှာ...hyung နေမကောင်းသေးလို့ မပြောပြတာ''
Jin တစ်ယောက်သူ့အမေ၏အရိုးပြာအိုးရှေ့၌ သူ့အမေ
ဆိုသည်ကို မယုံချင်သေး..ဆေးရုံရောက်သည်အထိ
စကားမပြောပဲ ငိုင်တိုင်တိုင်ဖြင့်..
"Hyung တောင်းပန်ပါတယ်''
"မတောင်းပန်ပါနဲ့..မင်းအမှားမှ မဟုတ်တာ..အခုတော့
Hyung တစ်ယောက်ထဲနေချင်လို့''
"အင်းပါ hyung''
Tae ဆေးရုံခန်းထဲက ထွက်သွားသည်နဲ့ jin တစ်ယောက် ရှူိက်ကြီးတငင်ငို ချမိလေတော့သည်။
တော်တော်ကြာကြာငိုပြီး မျက်လုံးများမို့မောက်ကာ ဖြင့်
အရှေ့သို့ ကြည့်လိုက်တော့ ကုတင်ဘေးမှာ
"Omma...omma သားတောင်းပန်ပါတယ်...
သားကို မထားခဲ့ပါနဲ့..သား အဆင်သင့်မဖြစ်သေးလို့ပါ.
တောင်းပန်ပါတယ်..သတိရနေတဲ့ အချိန် မတွေ့တိုင်း
စိတ်ဆိုးမိလို့..တောင်းပန်ပါတယ် ကျွန်တော် အိပ်နေတုံး ကျွန်တော့ ဆေးရုံဖိုးတွေ အတွက် အိပ်ချိန်
တွေ လျော့ အစားအသောက်လျော့ပြီး စုဆောင်းနေပြီး
ကျွန်တော့ကို မစွန့်လွှတ်ခဲ့လို့..အရာအားလုံးအတွက်
ပြန်ပေးဆပ်မှာ မို့လို့ ပြန်လာပေးပါ omma..ကျေးဇူး
ပြု ပြီး''
ကျွန်တော် မယုံနိုင်ဘူး..tae က ကျွန်တော့အမေ အလုပ်တွေဖိလုက်ရင်း ဦးနှောက်သွေးကြောပျက်ကာသေ သွား သည်ဟုပြောသော်လည်း..ကျွန်တော်မယုံနိုင်သေး..အခု ကျွန်တော့ မျက်စိရှေ့မှာရှိနေတာလေ..
"နိုးလာတဲ့ အတွက် ကျေးဇူးတင်ပါတယ် သားငယ်လေး
ရယ်..မတောင်းပန်ပါနဲ့..သားကအမေ့အတွက်တော့
အဖိုးတန်သားကောင်းလေးမို့..အမေ အခုစိတ်ချသွားပြီ'
အခိုးအငွေ့လို လွင့်ပျောက်သွားသော အမေ့ကို ကြည့်ရင်း ကျွန်တော် လည်း အိမ်မက်ကမ္ဘာထဲမှာ အမေနဲ့ ထပ်တွေ့ချင်သေးသည်။
"Hyung...hyung..ဆေးသောက်ရအောင်''
ငိုနေရင်း ဘယ်အချိန်ထဲက အိပ်ပျော်သွားမှန်းမသိ..
"ဟင်..အင်း''
"Hyung အဆင်ပြေလား''
"အင်းပြေပါတယ် tae..hyung အိမ်မက်ထဲမှာ omma ကလာနှုတ်ဆက်သွားတယ်''
အကယ်၍ jin တစ်ယောက်သူ့အမေကို အိမ်မက်ထဲမှာ မဟုတ်ပဲ အပြင်မှာတွေ့လိုက်ရတယ်ဆိုတာ သူမသိ..
"အဆင်ပြေရင်တော်သေးတယ်..hyung ပြီးရင် ခြေ
ထောက်လေ့ကျင့်ခန်း သွားလုပ်မယ်''
Tae jin ကို လေ့ကျင့်ခန်းလုပ်ပေးရန် လေ့ကျင့်ခန်း အခန်းထဲသို့ အသွား လမ်းမာ အိမ်သာ ဝင်ချင်လို့
ဆေးရုံ ရဲ့ ခုံတန်းလေး တစ်ခုနားမှာ ခနစောင့်ခိုင်းထား
လေသည်။
ထိုစဉ် ဘေးသို့ ကောင်လေးတစ်ယောက်လာထိုင်လေသည်။
ထိုကောင်လေးက seok jin ဆီလာသော tae hyung အား မျက်တောင်မခက်ငေးကြည့်နေလေသည်။
"Hyung သွားရအောင်''
"အင်း''
Tae jin ကို လေ့ကျင့်ရေးလုပ်ရန် ခေါ်သွားတော့ jin
အနောက်က ထိုင်နေတဲ့ ကောင်လေးကို လှန်းကြည့်တော့ ထိုကောင်လေးမှာ ထိုနေရာတွင် ရှိမနေတော့..
အစပိုင်းမှာတော့ jk နဲ့ nj လေးမပါသေးဘူးနော်..
ဘယ်လိုလဲ ဖတ်လို့ကောင်းရဲ့လား...
.
Thz for reading 💜
For Unicode