Unconditional Love

By Euphoria_Min

330K 36.6K 5.5K

တစ်နေ့က ခေါင်မိုးထပ်အိမ်ခန်းငယ်ဆီကို ချစ်ခြင်းမေတ္တာတွေ မနိုင်မနင်းသယ်ပိုးထားတဲ့ လူလိမ်လေးတစ်ယောက် ရောက်လာခဲ့... More

🍒 1 🍒
🍒 2 🍒
🍒 3 🍒
🍒 4 🍒
🍒 5 🍒
🍒 6 🍒
🍒 7 🍒
🍒 8 🍒
🍒 9 🍒
🍒 10 🍒
🍒 11 🍒
🍒 12 🍒
🍒 13 🍒
🍒 14 🍒
🍒 15 🍒
🍒 16 🍒
🍒 17 🍒
🍒 19 🍒
🍒 20 🍒
🍒 21 🍒
🍒 22 🍒
🍒 23 🍒
🍒 24 - UNICODE 🍒
🍒 24 -ZAWGYI 🍒
🍒 25 🍒
🍒 26 🍒
🍒 27 🍒
🍒 28 🍒
🍒 29 🍒
🍒Finale (Unicode)🍒
🍒Finale (Zawgyi)🍒
🍀
Extra-1
Extra-2
🍔Fanart🍔

🍒 18 🍒

7K 1K 289
By Euphoria_Min

Unicode

"ကိုကို...ကျွန်တော်ပြောတာ နားထောင်ပါဦး"

ကားဘေးကနေ ပြေးလိုက်နေသော်လည်း တဖြည်းဖြည်းအရှိန်မြင့်လာတဲ့ ကားလေးက
Jiminနဲ့ဝေးရာဆီသို့ရောက်နှင့်နေပြီး လမ်းမ
ထက်မှာတော့ အရုပ်ကြိုးပြတ်လဲကျနေသည့်
ကောင်လေးတစ်ယောက်သာ ကျန်ရှိနေသည်။

သူအခုလိုပြိုလဲနေလို့မဖြစ်သေးဘူး။Jungkook
ဆီကို လိုက်သွားပြီးတော့ သေချာရှင်းပြရဦးမယ်
မဟုတ်လား။ Jungkookကို ရှင်းပြဖို့အတွက်
ကြိမ်ဖန်များစွာ သူတစ်ယောက်ထဲ လေ့ကျင့်ခဲ့ပြီး
ပြီဖြစ်သော်လည်း တကယ်တမ်းကျတော့ စကား
လုံးတွေက လည်ချောင်းဝမှာပဲ တစ်ဆို့နေကာ
ရှောရှောရှူရှူထွက်ကျမလာခဲ့။

အိမ်ထဲသို့ ယိုင်နဲ့နဲ့ခြေလှမ်းတွေနဲ့ ပြန်ဝင်ခဲ့ကာ
ကားသော့လေးကိုလှမ်းယူလိုက်သည်။ကားပေါ်
ပြန်တက်ပြီး စက်နှိုးလိုက်သော်လည်း ဒီအခြေ
အနေနဲ့ သူဘယ်လိုမှ ကားမောင်းနိုင်မှာမဟုတ်
ဘူးဆိုတာကို သိနေတယ်။စတီယာရင်ပေါ်ခေါင်း
ငိုက်စိုက်ချကာ ရင်ဘတ်လေးကို ဖိထားရင်း
အချိန်အတော်ကြာအောင် ရှိုက်ငိုနေမိသည်။

"TaeHyung"

"အေး... အိမ်ပြန်ရောက်သွားပြီလား"

"ငါ့ဆီလာခဲ့ပေးပါဦးTaeHyungရယ်"

"ဟေ...ဘာလဲ...မင်းငိုနေတာလား။ဘာဖြစ်
တာလဲ"

"အိမ်ကိုအရင်လာခဲ့ပါ..."

"ဟေ...အေးအေး အခုလာပြီနော်"

TaeHyungရောက်လာတော့ Jiminက သူ့ကား
ဘေးနားမှာ ငုတ်တုတ်လေးထိုင်နေလေသည်။
Jiminရဲ့ခန္ဓာကိုယ်လေးက တဆတ်ဆတ်တုန်
ရီနေကာ မျက်ရည်စတို့ကလဲ အဆက်မပြတ်
စီးကျနေသည်။ အခုနကလေးတင် သူ့ဆိုင်ကနေ
ပြန်သွားတာ အကောင်းကြီးရှိသေးတယ်။

"Jimin...Jimin"

"TaeHyung ah"

"အေး....ဘာလို့လဲ ဘာလို့ထိုင်ငိုနေတာလဲ"

"Jungkook လေ...သူ အခုနက အိမ်ရှေ့ကိုရောက်လာတယ်"

"ဘာ...သူက ဘယ်လိုလုပ်ရောက်လာတာလဲ"

"ငါမသိဘူး"

"အခုရော ဘယ်ရောက်သွားပြီလဲ"

"ပြန်ထွက်သွားပြီ...အဲ့ဒါ သူ့အခန်းကို လိုက်
သွားချင်လို့"

"အခုလိုက်သွားလို့ဖြစ်ပါ့မလား...မင်း ပုံစံနဲ့
ခဏလေးစိတ်အေးအေးထားပါဦး ပြီးမှ..."

"ငါကားမမောင်းနိုင်လို့ ငါ့ကိုလိုက်ပို့ပေးပါ...
အခုပဲ"

"အေးကွာ... "

Jiminကို TaeHyung ကားပေါ်သို့ တက်ခိုင်းကာ
TaeHyungကတော့ အိမ်တံခါးတွေသေချာလိုက်
ပိတ်သည်။ ပြီးမှ ကားပေါ်ပြန်တက်လိုက်သည်။

TaeHyungရောက်လာတော့ Jimin နည်းနည်း
စိတ်သက်သာရာရသွားသည်။Jungkook သူ့ဆီကိုရောက်လာတာ အစ်ကိုထယ်ဝူရဲ့ပယောဂမကင်းဘူးဆိုတာ သူသိတယ်။ခုနက Jungkook
တက်သွားတဲ့ ကားထဲမှာ အစ်ကိုထယ်ဝူထိုင်နေတာကို တွေ့ဖြစ်အောင် တွေ့လိုက်မိတယ်လေ။

Jungkookတို့ လမ်းထိပ်ရောက်တော့ ကားပေါ်
ကနေဆင်းလိုက်သည်။

"ငါလိုက်ခဲ့ပေးမယ်"

TaeHyung ဘက်ကိုလှည့်ကြည့်ပြီး လိုက်ခဲ့စေ
ချင်သည့်ပုံနှင့် ခေါင်းလေးတစ်ဆတ်ဆတ် ငြိမ့်
ပြသည့် Jiminရဲ့ ကျောပြင်လေးကို Taeက ခပ်ဖွ
ဖွ ပွတ်သပ်ပေးလေသည်။

အစောပိုင်းရက်တွေကတော့ သူ့ဘာသူဖြေရှင်း
ဖို့ ရည်ရွယ်ထားခဲ့ပေမဲ့ ရုတ်တရက်ဖြစ်သွားတဲ့
အခြေအနေတွေကြောင့် TaeHyungကို သူနဲ့အတူလိုက်ခဲ့ပေးစေချင်တယ်။ မထင်မှတ်ထားတဲ့ Jungkookရဲ့ အပြုအမူတွေကို သူတကယ်ကြောက်နေမိလို့ပါ။

ခေါင်မိုးထပ်ကိုရောက်တော့ အိမ်ခန်းတံခါးကို
ထုရင်း တံခါးလာဖွင့်ပေးဖို့တောင်းဆိုမိသည်။

"ကိုကို...ကျွန်တော် အကုန်ရှင်းပြပါ့မယ်။ တံခါး
လေး ခဏဖွင့်ပေးပါနော်"

"ကိုကို..."

TaeHyung က နှစ်ယောက်အတူတွေ့ရင်အခြေ
အနေတွေဆိုးဝါးမသွားအောင် ကူပြောပေးဖို့အ
တွက် အပြင်ဘက်အမိုးအောက်မှာရှိနေသည့်
ကွပ်ပျစ်အဖြူလေးပေါ်မှာထိုင်စောင့်နေလိုက်
သည်။သူအခုမှ ခေါင်မိုးထပ်အခန်းကို ရောက်ဖူးတာမို့အခန်းရဲ့အခြေအနေကို အကဲခတ်ကြည့်နေမိသည်။

"ကိုကို..."

အခန်းတံခါးလေး ပွင့်လာခဲ့ပေမဲ့ အထဲကထွက်
လာသူက Jungkook တော့ မဟုတ်ခဲ့ဘူး။Jimin
ရဲ့ မျက်နှာလေးက ရုတ်တရက် တင်းမာသွားကာ

"ကိုကိုရော"

"မရှိဘူး...အပြင်ထွက်သွားတယ်"

"ခင်ဗျား ဖယ်ပေး...ကိုကိုအထဲမှာရှိတာ ကျွန်
တော်သိတယ်"

အစ်ကိုထယ်ဝူကို တွန်းတိုက်ပစ်ကာ အိမ်ခန်းထဲ
ဝင်လိုက်သည်။တကယ်ပဲ အထဲမှာ Jungkook
ရှိမနေတာမို့ အခန်းပြင်သို့ ပြန်ထွက်ခဲ့လိုက်သည်။

"ကိုကို ဘယ်ရောက်သွားတာလဲ...ခုနက ခင်ဗျား
လဲ ပါလာတယ်မလား"

"ဟက်...မင်းကဘာတွေများ ကောင်းနေလို့
စွာကျယ်စွာကျယ်လုပ်နေရတာလဲ။ လူလိမ်
ကများ"

"TaeHyung ...ငါတို့ ပြန်ရအောင် "

TaeHyungကို လှမ်းခေါ်လိုက်ရင်း ဘေးလှေကား
တွေကနေ သူအရင်ဆင်းသွားလိုက်သည်။လှေ
ကားနှစ်ထစ်လောက်ပဲ ဆင်းရသေးတဲ့အချိန်မှာ
အနောက်ဘက်က ဝရုန်းသုန်းကား အသံများ
ကြောင့် ပြန်တက်ကြည့်လိုက်တော့ TaeHyung
နဲ့ အစ်ကိုထယ်ဝူတို့ ထိုးကြိတ်နေကြပြီ...။

"တော်တော့... TaeHyung ...တော်ပါတော့"

TaeHyung က သူ့ကိုဆွဲထားသည့်Jiminဆီကနေ ရုန်းထွက်လိုက်ကာ-

"ဒီကောင့်အတွက်များ ငါ့ကိုအကူအညီတောင်း
ခဲ့သေးတယ်နော်"

"ငါမှားတာ...ငါမှားတာပါ TaeHyungရယ်
ပြန်ရအောင်ပါ"

"မင်းဘာသာ ရှင်းပြစေချင်လို့ ငါတို့တောင်ငြိမ်
နေပေးခဲ့တာလေ...။မင်းကိုယ်တိုင် Jungkook
ကို ရှင်းပြဖို့ အခွင့်အရေးရအောင် နေနေပေးခဲ့
တာကို ဒီကောင့်ကြောင့်နဲ့ မင်းက ဘာတွေ
မျက်ရည်ကျနေရတာလဲ ...ဟမ်...ဒီလိုကောင်
မျိုး စော်ကားတာကို ခံနေဖို့ မင်းကိုလွှတ်ထား
ပေးတယ်များထင်နေလား"

"လိမ်တတ်ရုံတင်မကဘူး...သူများအားကိုးနဲ့
လဲ ရမ်းကားတတ်သေးတာပဲ...ကလိမ်ကကျစ်
တွေ"

"တောက်"

နောက်တစ်ကြိမ် လုံးထွေးသတ်ပုတ်နေကြတဲ့ TaeHyungနဲ့ထယ်ဝူကို သူလဲ ဝင်ဆွဲလို့မနိုင်
တော့။

"တော်ပါတော့...TaeHyungရယ်"

"မင်း...ငါ့ကိုလွှတ်စမ်း...ဒီလိုကောင်မျိုး မှတ်
လောက်သားလောက်အောင် လုပ်မှရမယ်"

"သူ ကျိူးကန်းသွားရင် Jungkookပဲ အလုပ်ရှုပ်
မှာ...အဲ့ဒါကြောင့်တော်ပါတော့...တော်ပါတော့
ကွာ"

ကားထဲပြန်ရောက်သည်အထိ TaeHyungရဲ့
ဒေါသတွေက မပြေသေးပေ။ တစ်ရှူးတစ်ရွက်
ကိုဆွဲယူကာ နှုတ်ခမ်းထောင့်စွန်းက သွေးစတို့
ကို ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်သည်။

"မင်းအခု ဘယ်သွားမှာလဲ..."

"မင်းပြန်နှင့်တော့ ငါဒီနားမှာပဲ စောင့်နေလိုက်ဦး
မယ်...သူ့ဖုန်းက စက်ပိတ်ထားတယ်"

"အတူတူစောင့်နေမယ်"

"ပြန်လေ...ဆိုင်လဲ ဒီအတိုင်းထားခဲ့ရတာမ
လား"

"ထားလိုက်ကွာ...အလုပ်သမားတွေရှိတယ်"

TaeHyungကိုလဲ အထွန့်မတက်ချင်တာမို့ လှေ
ကားထစ် လမ်းအဆုံးက လမ်းဆုံလေးမှာ နှစ်
ယောက်အတူ စောင့်နေလိုက်ကြသည်။

Jiminကတော့ ဖုန်းscreenလေးကို ကြည့်ရင်း
မျက်ရည်တွေက ဆည်ကျိုးသလို အတားအဆီး
မရှိ ကျဆင်းနေတုန်းပင်။ Jungkookနဲ့ မျက်နှာ
ချင်းဆိုင်ပြီး စကားပြောနိုင်ဖို့ကို အသာထားဦး.
အပြစ်ရှိသူတစ်ယောက်မို့ စာလှမ်းပို့ဖို့ကိုပင်
မဝံ့မရဲဖြစ်နေမိသည်။

*****************************************

လွန်ခဲ့တဲ့ နာရီအနည်းငယ်က အဖြစ်အပျက်တို့
က ခေါင်းထဲမှာ တဝဲလည်လည်ဖြစ်နေကာ သူ
ခြေဦးတည့်ရာ လျှောက်သွားနေမိသည်။သူအခု
Hyungဆီ ဖုန်းလှမ်းဆက်ပြီး Jiminနဲ့ ပတ်သက်
တာတွေ သေချာပြောပြခိုင်းရမလား... ဒါမှမ
ဟုတ် Jiminဆီကိုပဲ လှမ်းမေးရမလား...။

"Jiminက အသည်းလေးမဟုတ်ဘူး" ဆိုသည့်
အစ်ကိုထယ်ဝူရဲ့ စကားသံက သူ့နားထဲမှာ ပဲ့
တင်ထပ်နေလေသည်။Jungkookကိုယ်တိုင်က
လဲ အမှန်တရားကိုလက်မခံနိုင်သည်မို့ အကုန်
လုံးနဲ့ဝေးရာကို ထွက်ပြေးချင်နေရုံသာဖြစ်သည်။
ထို့ထက်ဆိုးသည်က သူJiminနဲ့ မျက်နှာချင်း
မဆိုင်ရဲတော့ဘူးလေ...။

အဖြစ်မှန်ကို သူကိုယ်တိုင်လဲ သိချင်နေပေမဲ့
Jiminက အသည်းလေးမဟုတ်ဘူးဆိုတာကို
တော့ သူလုံးဝလက်ခံနိုင်မှာမဟုတ်ဘူးမလား။
ခေါင်းအေးအေးထားပြီး အစကနေ ပြန်စဉ်းစား
ချင်ပေမဲ့ သူ့နှလုံးသားထဲက နာကျင်နေရတာက
ပိုသည်မို့ စိတ်အေးအေးထားဖို့ကလဲ မဖြစ်နိုင်။
ငိုချလိုက်ချင်တယ်...တစ်စုံတစ်ယောက်ဆီ တိုင်
တည်ပြီး ငိုချလိုက်ချင်ခဲ့တာမို့ မေမေကြီးဆီ
သွားဖို့ပဲ သတိရကာ Expressကားပေါ်အထိ
သူလိုက်ခဲ့ပြီးပြီ...။

မေမေကြီးနဲ့တွေ့ရင်ဘာပြောရမလဲ...Jimin
က အသည်းလေးမဟုတ်ကြောင်းကိုပြောရမ
လား...။ သူ့နှလုံးသားက Jiminဆီပါသွားခဲ့
ပြီဆိုတာကို ရင်ဖွင့်ရမလား...။Jiminက လူ
လိမ်လေး ဆိုပြီးတော့ပဲ တိုင်ပြောရမလား...။
မေမေကြီးကိုပါ စိတ်ဆင်းရဲရအောင်လုပ်ရဦး
မှာလား...။ သို့နှင့် ထိုExpressကားပေါ်မှပြေး
ဆင်းခဲ့ကာ Highwayလမ်းမပေါ်မှာ အရူးတစ်
ယောက်လို လျှောက်နေမိသည်။

Jiminက ဘယ်သူလဲ...သူနဲ့Jimin ကြားမှာ
ဘာကိစ္စတွေများ ရှိခဲ့ဖူးလို့ သူ့ကိုအခုလိုမျိူး
စ နောက်ရတာလဲ... အသည်းလေးကရော
ဘယ်မှာလဲ...။ကိုးကွယ်ရာတိမ်တိုက်ကလေးက
လိမ်ညာရက်တဲ့အခါ Jungkook ရဲ့ ကမ္ဘာမှာမိုး
တွေစွေခဲ့တယ်။

အရှိန်အဟုန်ပြင်းပြင်းနဲ့ မောင်းနှင်သွားကြတဲ့
ယာဉ်ကြီးယာဉ်ငယ်တို့ကိုကျောခိုင်းကာ လမ်း
ဘေးသစ်ပစ်အိုတစ်ခုမှာ မှီတွယ်ရင်း သူ့ဝေဒနာ
တွေကို အရည်ဖျော်ချလိုက်မိသည်။Jiminလေ...
သူ့ကိုမှ လိမ်ရက်တယ်...။ဘာလို့သူ့ကိုမှလဲ...။
သူ Jiminအပေါ် ဘာအပြစ်တွေများ ကျူးလွန်ခဲ့
မိလို့ အခုလိုအထိလိမ်ညာနိုင်ရတာလဲ။မျက်ရည် စက်လက်နှင့် ကမ္ဘာပျက်နေသည့်တိုင်အောင်
Taxi နောက်ကနေ ပြေးလိုက်လာသည့် ပုံရိပ်
လေးကို မြင်ယောင်နေမိသေးတဲ့ သူ့ကိုယ်သူ ပိုစိတ်ပျက်နေမိသည်။

Jiminကပဲ လိမ်တာညာတာ တော်လွန်းနေတာ
လား...သူကပဲ Jimin လိမ်ညာရတာလွယ်ကူ
အောင်လို့ ပျော့ညံ့နေခဲ့မိတာလား?

******************************************

ည တစ်နာရီခန့်ရှိနေပြီ။ Jungkookကိုလဲ အခု
ချိန်ထိ အရိပ်အယောင်တောင် မမြင်ရသေးဘူး။
အတူတူစောင့်နေပေးတဲ့ TaeHyungတောင်ကား
ထဲမှာပဲ အိပ်ပျော်နေလေပြီ။အခုချိန်ထိ Jung kookကိုမမြင်ရသေးတာမို့ ကြောက်စိတ်ထက်
စိုးရိမ်စိတ်က ပိုလာသည်။သို့သော်လဲ မနက်မိုး
စင်စင်လင်းသည်အထိJungkookတစ်ယောက် အိမ်ပြန်မလာခဲ့သည်မို့ သူတို့နှစ်ယောက် တပ်
ခေါက်ပြီး အိမ်ပြန်ခဲ့ကြသည်။

ခေါင်မိုးထပ်အိမ်ခန်းရှေ့မှာ နေ့တိုင်းသွားစောင့်
နေခဲ့ပေမဲ့ သော့ပိတ်ထားသည့် အခန်းလေးက
သာ သူ့ကို ဆီးကြိုနေသည်။ ဒီနေ့နဲ့ဆို လေးရက်
တောင်ရှိခဲ့ပြီ...။သူ့အကြောင်းတွေကိုသိသွားရင်
မေမေကြီးကပါ သူ့ကိုမုန်းသွားမလား တွေးကြောက်နေခဲ့ပေမယ့် မေမေကြီးဆီကိုလဲ ဖုန်း
ဆက်ကြည့်ခဲ့မိသေးသည်။

Jungkookက မေမေကြီးဆီကိုလဲ ရောက်မလာခဲ့ဘူးတဲ့လေ။ ဘာမှလဲ ပြောမပြထားသေးတဲ့ပုံမို့
ပိုပြီးစိတ်ပူလာသည်။သူကပဲ အမှားတွေလုပ်ခဲ့မိ
တာကြောင့်မို့လို့ တစ်ယောက်ထဲ ခံစားမနေစေ
ချင်ဘူးလေ...။

ဆေးရုံက ညဂျူတီကျတဲ့နေ့ရက်တွေရဲ့ အချိန်
ဇယားကိုလဲ သူပဲအသိဆုံးမို့ အိမ်မှာရှိမဲ့ အချိန်
တွေတိုင်း သူလာစောင့်နေဖြစ်သည်။ဆေးရုံကို
လိုက်သွားရင်တော့ တွေ့မှာကျိန်းသေတယ်ဆို
ပေမဲ့ အလုပ်လုပ်နေတဲ့နေရာအထိတော့ စိတ်
အနှောင့်အယှက်မပေးသင့်ဘူးမဟုတ်လား...။

ဒီနေ့တော့ သူနည်းနည်း စိတ်စောသွားလားမသိ
ဘူး။ မနက် ၃နာရီလောက်ကြီး ခေါင်မိုးထပ်အိမ်
ခန်းရှေ့ကို ရောက်နေပြီးပြီ။ ဒီနေ့က တောကျီး
ကန်းလဲ အိမ်မှာမရှိလောက်တာမို့ အိမ်ခန်းထဲမှာ
Jungkook တစ်ယောက်ပဲ ရှိနေမှာ...။အနွေး
ထည်လေးကို ခပ်တင်းတင်းစေ့ထားလိုက်ရင်း
နံရံလေးကိုမှီထားမိသည်။

တံခါးဖွင့်သံကြားတော့ Jimin ဆတ်ခနဲ လန့်နိုး
သွားသည်။ တစ်မှေးလောက်ဆိုပြီး မျက်လုံးမှိတ်
ထားမိပေမဲ့ သူတကယ်အိပ်ပျော်သွားခဲ့တာပဲ။
သူ့မှာလဲ အိပ်ရေးပျက်တဲ့ညတွေ များခဲ့တာ
မဟုတ်လား...။ အခန်းထဲက ထွက်လာသူက
သူ့ရဲ့ နှစ်ယောက်မရှိတဲ့ ကိုကိုပါပဲ။ သူကွပ်ပျစ်ပေါ်ကနေ အမြန်ထ လိုက်ကာ...

"ကိုကို"

Jungkookက သူ့ကိုမြင်တော့ အံ့အားသင့်သွား
တဲ့ပုံစံမျိုး မျက်ဝန်းလေးတွေ ဝိုင်းစက်သွားသည်။
သို့ပေမဲ့ ချက်ချင်းပဲ အခန်းထဲ ပြန်ဝင်ပြီး အခန်း
တံခါးကို ပိတ်လိုက်သည့် Jungkookကြောင့်
ထိုမျက်ဝန်းတွေကို ကြာကြာငေးကြည့်ခွင့်တော့
မရခဲ့ပေ။

"ကိုကို...ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်
တော်တို့ စကားပြောရအောင်နော်"

အခန်းတံခါးကို ခပ်ဖွဖွပုတ်ရင်းနဲ့ တောင်းဆိုမိ
ပေမဲ့ အချည်းနှီးသာဖြစ်သည်။

"ကျွန်တော့်ကို မမြင်ချင်ဘူးဆိုတာ သိပါတယ်။
ဒါပေမဲ့ အခုလိုလုပ်နေရုံနဲ့မပြီးဘူးလေ...။ကိုကို
စိတ်ဆိုးချင်သလောက် စိတ်ဆိုးပါ...ခဏလေး
တော့ စကားပြောခွင့်ပေးပါနော်..."

အထဲက ဘာတုံ့ပြန်သံမှ မကြားပေမဲ့ သူပြော
တာတွေကို နားထောင်နေမယ်ဆိုတာတော့ ယုံ
ကြည်တယ်လေ...။

"အခုတော့ ပြန်လိုက်ပါ့မယ်... အလုပ်သွားရ
တော့မှာကို အထဲမှာပဲ နေနေလို့မဖြစ်ဘူးမလား
အရမ်းစိတ်ပူနေလို့ လိုက်လာမိတာပါ။ ကျွန်
တော်သွားတော့မယ်နော်..."

သူ့ကြောင့်နဲ့ အများကြီးပင်ပန်းနေတော့မှာပဲ။
ပုံမှန်အချိန်ထက် ဆေးရုံကိုအစောကြီးသွားနေခဲ့
တာနေမှာ။ဒီနေ့လဲ သူစိတ်လျှော့ပြီး အိမ်ပြန်ခဲ့
ရပြန်ပြီ...။တစ်ယောက်ကိုတစ်ယောက်ရှောင်
နေကြရုံနဲ့ ဒီကိစ္စက ပြီးပြတ်သွားမှာမဟုတ်တာ
မို့ နောက်တစ်ရက်ကျတော့ အရဲစွန့်ပြီးဆေးရုံ
နားမှာ သွားစောင့်နေလိုက်သည်။

အသိစိတ်မကပ်သည့်ပုံနှင့် ဆေးရုံဝင်းထဲက
ထွက်လာတဲ့ Jungkookကို မြင်တော့ လိုက်လာ
မိတာ မှားပြီလားလို့ တွေးမိပြန်သည်။

"ကိုကို"

ဒီတစ်ခါတော့ ပြေးဝင်စရာအခန်းလဲ မရှိတော့
တာမို့ မျက်စိရှေ့မှာ ရုတ်တရက်ပေါ်လာတဲ့
Jiminကို တွေ့တော့ ကျောခိုင်းပြီး မတ်တပ်ရပ်
လိုက်သည်။ Jiminကို အရမ်းစိတ်ဆိုးနေ
သည့်တိုင်အောင် Jungkookရဲ့အပြုအမူတွေ
က နူးညံ့သိမ်မွေ့နေတုန်းမို့ သူ့ကောင်လေးရဲ့
နောက်ကျောလေးကိုကြည့်ရင်း ကြင်နာစွာပြုံး
လိုက်မိသည်။

သူအရမ်းမှားခဲ့တာပါပဲ။ Jungkookလိုလူမျိုးကို
မှ အများကြီးလှည့်စားခဲ့မိတာပဲ။ ဒါပေမဲ့ အဲ့ဒီ
အမှားတွေထဲမှာ Jungkookကို ချစ်တဲ့အချစ်တွေ
တော့ မပါခဲ့ဘူး။ သူ့ဘဝရဲ့လက်တွဲဖော်အဖြစ် Jungkookကိုရွေးချယ်ခဲ့မိတာက သူဖြတ်သန်း
လာတဲ့ ဘဝတစ်လျှောက်မှာ အမှန်ကန်ဆုံးရွေး
ချယ်မှုတစ်ခုပါပဲ...။

Jungkookရဲ့ ပုံစံလေးကြောင့် ကြောက်စိတ်တို့
အနည်းငယ်လွင့်ပျယ်ကာ Jungkookရှေ့မှာ
မတ်တပ်ရပ်လိုက်သည်။

"စကားပြောရအောင်"

"ငါ...Jiminနဲ့ မတွေ့ချင်ဘူး"

အခုချိန်ထိ Jungkookက သူ့ကိုမျက်လုံးချင်း
ဆုံအောင်မကြည့်သေးဘူး။

"တစ်ယောက်ကိုတစ်ယောက် ရှောင်နေရုံနဲ့ မပြီး
ဘူးမလား...။ကျွန်တော်ရှင်းပြတာလေး နား
ထောင်ပေးပါနော်...ကျွန်တော်တို့ အတူတူဖြေ
ရှင်းရအောင်လေ... ပြီးရင် ကိုကိုကြိုက်တာ
လုပ်ပါ"

Jungkookရဲ့ လက်ကလေးကိုဆုပ်ကိုင်ပြီး
တောင်းပန်ခယမိတော့ Jungkookက သူ့လက်
ထဲကနေ ရုန်းထွက်လိုက်သည်။သို့ပေမဲ့ Jimin ခေါ်ဆောင်ရာ စားသောက်ဆိုင်ထဲကိုတော့လိုက်
လာခဲ့ပေးလေသည်။သီးသန့်အခန်းတစ်ခုမှာ နေ
ရာယူလိုက်ကြကာ-

"တောင်းပန်ပါတယ်... ဟိုနေ့တုန်းကအရမ်းလန့်
သွားတယ်မလား"

"အသည်းလေး ဘယ်မှာလဲ"

"အင်း...ပြောပြမယ်။ ကိုကိုသိချင်တာတွေ အကုန်လုံးပြောပြပါ့မယ်။ အရင် စားလိုက်ဦးနော်"

အားမရှိသလို ဖျော့တော့နေတဲ့ မျက်နှာလေး
ကြောင့် စိတ်မကောင်းဖြစ်မိကာ စားစရာတွေ
ကို Jungkookရှေ့သို့ တိုးပေးမိသည်။

"မင်းနဲ့အတူ ညနေစာစားဖို့လိုက်လာတာမဟု
တ်ဘူး...မပြောဘူးဆိုရင်လဲ ထားလိုက်တော့
ငါပြန်တော့မယ်"

စိတ်ဆတ်လွန်းတဲ့Jungkookက စားပွဲဝိုင်းကနေ
ထွက်သွားဖို့ပြင်နေပြီမို့...

"အသည်းလေးက ကျွန်တော့်အစ်ကိုတစ်ဝမ်း
ကွဲပါ"

အသည်းလေးဆိုသည့် စကားသံကိုကြားလိုက်
ရတော့မှ Jungkookက နေရာမှာပြန်ထိုင်လေ
သည်။Jiminလဲ စိတ်ကိုလျှော့ချလိုက်ပြီး အများ
ကြီးငိုချလိုက်မိသည်။ ပြီးတော့ သူကိုယ်တိုင်
ဖန်တီးထားတဲ့ အလိမ်အညာဇာတ်လမ်းကို
တစ်ခုမှ ထိမ်ချန်မထားဘဲ Jungkookကို ပြော
ပြလိုက်သည်။

Jiminရဲ့ စကားသံအဆုံးသတ်သွားတော့မှ
Jungkookရေတစ်ခွက်သောက်လိုက်သည်။
အများကြီး စိတ်လျှော့ထားပုံရတဲ့ Jungkook
က Jiminကို ခပ်ငေးငေးကြည့်ကာ-

"ကိုယ်က Jiminတို့မိသားစုအပေါ် တစ်ခုခုများ
အမှားလုပ်ခဲ့ဖူးလို့လား"

Jungkookရဲ့မျက်ဝန်းထဲမှာလဲ မျက်ရည်စတို့
ဝေ့သီလျက်သာ...

"ဘာလို့ ကိုယ့်ကိုမှလဲ...ဟင်?"

"ကျွန်တော်တောင်းပန်ပါတယ်"

"ဘာလို့လဲ...မိဘမဲ့ဂေဟာက လူတစ်ယောက်
ရဲ့ ခံစားချက်တွေက Jiminတို့အတွက် ဘာမှ
အရေးမပါလို့လား"

"မဟုတ်ပါဘူးကိုကိုရယ်"

"မင်းကိုလေ...မင်းကိုအများကြီးယုံခဲ့တာ"

တခြားလူတွေရဲ့စကားတွေကို မကြားနိုင်တော့တဲ့အထိ မင်းကိုပဲယုံခဲ့တာ...။သူ့ဆီက ဘာများ လိုချင်လို့ အခုလိုတွေလုပ်ခဲ့ရတာလဲလို့ မေးချင်
ပေမဲ့ လခပေးမှ နေရမဲ့အိမ်ခန်းတစ်ခုကလွဲလို့
သူ့လိုလူဆီမှာ ဘာများပိုင်ဆိုင်ထားလို့လဲ...။

"စိတ်ဆိုးပြီးခံရခက်နေမှာကို နားလည်တာမို့
တစ်ယောက်ထဲမနာကျင်နေဘဲ ကျွန်တော့်ကို
တစ်ခုခုလုပ်လိုက်ပါ...ဟိုးအစတုန်းက ကိုကို
ပြောသလိုမျိုး ဘာမှမတွေးဘဲ လျှောက်လုပ်ခဲ့
မိတာမှန်ပါတယ်...ဒါပေမဲ့ ကျွန်တော်ကိုကို့ကို
ချစ်ခဲ့မိတဲ့နောက်ပိုင်းမှာ ကျွန်တော့်ဘက်က
ဝန်ခံဖို့ တကယ်ခက်ခဲခဲ့လို့ပါ"

"တကယ်ချစ်ရင် အခုလိုမျိုး မလှည့်စားနိုင်ဘူး
Jiminရဲ့... Hyungသာ ပြောမပြခဲ့ရင် မင်းဘယ်
အချိန်ထိ ကိုယ့်ကို အရူးလုပ်နေခဲ့မှာလဲ...။ ဟင်?"

"ကိုကိုစာမေးပွဲရှိနေတာမို့လို့ပါ...စာမေးပွဲပြီးတဲ့
ညနေတုန်းက ကျွန်တော်အကုန်ပြောပြဖို့ စီစဉ်
ထားပြီးသားပါ"

"အခုအဲ့ဒါကို ထပ်ယုံခိုင်းနေတာလား"

"ကျွန်တော်တကယ်ပြောတာပါ..."

"ကိုယ်တို့ နောက်ထပ်မတွေ့ဘဲနေကြရအောင်"

"အဲ့ဒီလမ်းကိုရွေးမှာ ဖြစ်မှာလား... ကျွန်တော်
တို့တစ်ယောက်ကို တစ်ယောက်ချစ်နေရဲ့သား
နဲ့ လမ်းခွဲဖို့မလိုဘူးမလား...ကိုကို ကြိုက်သ
လောက် စိတ်ဆိုးပါ...လမ်းခွဲဖို့ကလွဲရင် ကိုကို
ကြိုက်တဲ့အပြစ်ပေးပါ"

"မင်းက အသည်းလေးမဟုတ်ခဲ့ရင် ငါတို့နှစ်
ယောက် ဒီအခြေအနေထိ ရောက်လာဖို့ မရှိဘူး... နောက်ရက်တွေ ငါ့ကိုလိုက်မရှာပါနဲ့ ...အိမ်ရှေ့မှာလဲ လာစောင့်မနေပါနဲ့"

ပြောပြီးသည်နှင့် လွယ်အိတ်လေးကို လွယ်လိုက်
ကာ စားပွဲဝိုင်းမှ ထလိုက်သည်။Jiminက Jungkookရဲ့ ကျောပြင်လေးကို ပြေးဖက်ထား
ကာ...

"ကျွန်တော် လမ်းခွဲမပေးနိုင်ဘူး"

"ငါ အသည်းလေးကိုတွေ့ချင်တယ်"

"အင်း...ကိုကိုတွေ့ချင်ရင် ကျွန်တော် ခေါ်ပေး
ပါ့မယ်...လမ်းခွဲဖို့တော့ မပြောပါနဲ့နော်"

"ငါတို့နှစ်ယောက်က အစထဲက မတွေ့ခဲ့သင့်တာ"

******************************************
Jimin ဆီက ရှင်းပြချက်တွေကို နားထောင်ပြီး
တဲ့နောက်မှာ ပိုလို့တောင်စိတ်ပင်ပန်းရပြီး နာ
ကျင်နေရသည်။ဒီနေ့မှပဲ သူတို့ရဲ့ လှေကားထစ်
လမ်းကလေးကပိုရှည်လျားနေသလိုရှိသည်။
ခေါင်မိုးထပ်အိမ်ခန်းဆီပြန်ဖို့ရာ သူအရမ်းပင်ပန်း
လွန်းနေတယ်။

ဘယ်အချိန်ထဲက အမြစ်တွယ်ခဲ့မှန်းမသိတဲ့ ဝမ်း
နည်းအားငယ်တတ်တဲ့စိတ်တစ်ခုကြောင့် ပတ်
ဝန်းကျင်နဲ့ အလှမ်းဝေးနေခဲ့တဲ့ သူ့အတွက်Jimin
ဆိုတဲ့ အသည်းလေးယောင်ဆောင်ထားတဲ့ကောင်လေးက သူ့ကမ္ဘာတစ်ခုဖြစ်ခဲ့တာပါပဲ။

ပထမဆုံးစတွေ့တဲ့အချိန်မှာတော့ လူတွေက
သူ့ကိုချီးကျူးကြတယ်။ သူ့ဘဝအကြောင်းတွေ
သိပြီးသွားရင်တော့ ကရုဏာသက်ကြလိမ့်မယ်။
တချို့ကတော့ သိသိသာသာပဲ သူ့အနားကထွက်
ခွာသွားကြတယ်။စနစ်တကျပျိုးထောင်မထားမိ
ပါဘဲနဲ့ လူတွေအပေါ်အလျှော့ပေးပြီးဆက်ဆံ
တတ်လာခဲ့တယ်။ကြာတော့ အယောင်ဆောင်
တွေကြားထဲမှာ Jeon Jungkookအစစ်ရဲ့ ပုံရိပ်
လေးက တဖြည်းဖြည်းမှေးမှိန်လာခဲ့တယ်။

အသည်းလေးရယ်လို့ သူကိုယ်တိုင်က သတ်
မှတ်ထားတဲ့ ကောင်လေးကတော့ ချွင်းချက်ပေါ့။
အသည်းလေးကို ပြန်တွေ့တဲ့နေ့က သူအရမ်း
ပျော်ရွှင်ခဲ့တယ်။သူကိုယ်တိုင်ရှာဖွေနေခဲ့တဲ့ ကမ္ဘာငယ်လေးက အနှီကောင်လေးရဲ့ လက်ထဲ
မှာ ဖြစ်တည်နေတယ်။ အဲ့ဒီကမ္ဘာထဲမှာ သူ
စိတ်ဆိုးလာတဲ့အခါ လေသံမာမာနဲ့ အော်ပြော
ဖို့ အခွင့်အရေးရှိတယ်။သူ့ပါးစပ်က ထွက်ကျ
လာတဲ့ စကားလုံးတိုင်းကို နာခံပေးမဲ့ကောင်
လေးတစ်ယောက်လဲရှိခဲ့တယ်။

အသည်းလေးက အသည်းလေးမဟုတ်ခဲ့တာက
လွဲလို့ သူရှာဖွေနေတဲ့ကမ္ဘာလေးကတော့တ
ကယ်ရှိခဲ့တယ်။ Jiminက အသည်းလေးဆိုတဲ့
စိတ်နဲ့ ကောင်လေးကို သူ ချစ်ရဲခဲ့တယ်...။

Jiminက မေမေနဲ့သိပ်တူတယ်...။အထီးကျန်
နွမ်းပါးတဲ့သူ့မနက်ခင်းတွေကို နွေးထွေးစေတယ်။ တိတ်ဆိတ်မှောင်မိုက်တဲ့ တစ်ကိုယ်ရေည
တွေအတွက် မီးလင်းဖိုလေးဖြစ်ပေးခဲ့ပြန်တယ်။
Jiminရဲ့ အချစ်တွေကိုပိုင်ဆိုင်ခွင့်ရခဲ့တဲ့နေ့တုန်း
က "ကံကောင်းခြင်း" ဆိုတဲ့စကားလုံးက သူနဲ့
လဲ သက်ဆိုင်နေပါလားလို့ ပထမဆုံး ခံစားမိခဲ့
တယ်။

Jiminက မေမေနဲ့ သိပ်ကိုတူလွန်းပါတယ်။
မေမေက Jungkookကို သူမရဲ့ကမ္ဘာထဲဆွဲခေါ်ခဲ့
ပြီးတော့ မုသားစကားတွေသုံးပြီး မျှော်လင့်ချက် တွေပေးခဲ့တယ်... Jiminကတော့ သူ့ဘဝထဲ
အတင်းတိုးဝင်လာပြီးတော့ အလိမ်အညာတွေ
နဲ့ သူ့ကိုအရူးလုပ်ခဲ့ပြန်တယ်။ဘာလို့များ သူတန်ဖိုးထားရတဲ့လူတွေက သူ့ကို လှည့်စားရက်ကြတာလဲ...။

သူ့ကိုလှည့်စားနေတဲ့ မျက်ရည်စတွေမှန်းသိ
လျက်နဲ့ မငိုပါနဲ့လို့ပြောပြီး ကောင်လေးကို သူ့
ရင်ခွင်ထဲထည့်ထားချင်နေဆဲဖြစ်သည်။ပျော့ညံ့
လွန်းတဲ့သူ့ကိုယ်သူအားမလိုအားမရဖြစ်လွန်းလာတဲ့အခါ အိမ်ခန်းရှေ့က နံရံမှာချိတ်ဆွဲထားတဲ့ မီးသီးတွဲ​လေးတွေဆီ ပြဿနာရှာမိသည်။

ခေါင်မိုးပေါ်ကနေ တွဲလောင်းချိတ်ဆွဲပေးထား
တဲ့ အဓိပ္ပါယ်မျိုးစုံနဲ့ ပန်းအိုးသေးသေးလေးတွေ
ခမျာလဲ သခင့်အလိုကျ ကြမ်းပြင်ပေါ်မှာ အတုံး
အရုံး ပြိုလဲကျကုန်သည်။ စိတ်ရှိလက်ရှိအော်
ဟစ်ပစ်လိုက်ပြီးတော့ ထပ်ငိုဖို့ မျက်ရည်မကျန်
တော့သည်အထိ ငိုကြွေးပစ်လိုက်သည်...။

ပြီးလျှင်တော့ ကောင်လေးကိုပါ သူ့ဘဝထဲက
ဆွဲထုတ်ပစ်ဖို့ ကြိုးစားရပေဦးမည်...။

24.6.2020

******************************************

ဒီအပိုင်းလေးထိ စိတ်ရှည်ရှည်ထားပြီး အတူတူဖတ်လာပေးတဲ့ တစ်ယောက်ချင်းစီကိုကျေးဇူးအများကြီး တင်ပါတယ်ရှင်။
🐰🐥

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

Unconditional Love
Part 18
Zawgyi

"ကိုကို...ကြၽန္ေတာ္ေျပာတာ နားေထာင္ပါဦး"

ကားေဘးကေန ေျပးလိုက္ေနေသာ္လည္း တျဖည္းျဖည္းအရွိန္ျမင့္လာတဲ့ ကားေလးက
Jiminနဲ႕ေဝးရာဆီသို႔ေရာက္ႏွင့္ေနၿပီး လမ္းမ
ထက္မွာေတာ့ အ႐ုပ္ႀကိဳးျပတ္လဲက်ေနသည့္
ေကာင္ေလးတစ္ေယာက္သာ က်န္ရွိေနသည္။

သူအခုလိုၿပိဳလဲေနလို႔မျဖစ္ေသးဘူး။Jungkook
ဆီကို လိုက္သြားၿပီးေတာ့ ေသခ်ာရွင္းျပရဦးမယ္
မဟုတ္လား။ Jungkookကို ရွင္းျပဖို႔အတြက္
ႀကိမ္ဖန္မ်ားစြာ သူတစ္ေယာက္ထဲ ေလ့က်င့္ခဲ့ၿပီး
ၿပီျဖစ္ေသာ္လည္း တကယ္တမ္းက်ေတာ့ စကား
လုံးေတြက လည္ေခ်ာင္းဝမွာပဲ တစ္ဆို႔ေနကာ
ေရွာေရွာရႉရႉထြက္က်မလာခဲ့။

အိမ္ထဲသို႔ ယိုင္နဲ႕နဲ႕ေျခလွမ္းေတြနဲ႕ ျပန္ဝင္ခဲ့ကာ
ကားေသာ့ေလးကိုလွမ္းယူလိုက္သည္။ကားေပၚ
ျပန္တက္ၿပီး စက္ႏွိုးလိုက္ေသာ္လည္း ဒီအေျခ
အေနနဲ႕ သူဘယ္လိုမွ ကားေမာင္းနိုင္မွာမဟုတ္
ဘူးဆိုတာကို သိေနတယ္။စတီယာရင္ေပၚေခါင္း
ငိုက္စိုက္ခ်ကာ ရင္ဘတ္ေလးကို ဖိထားရင္း
အခ်ိန္အေတာ္ၾကာေအာင္ ရွိုက္ငိုေနမိသည္။

"TaeHyung"

"ေအး... အိမ္ျပန္ေရာက္သြားၿပီလား"

"ငါ့ဆီလာခဲ့ေပးပါဦးTaeHyungရယ္"

"ေဟ...ဘာလဲ...မင္းငိုေနတာလား။ဘာျဖစ္
တာလဲ"

"အိမ္ကိုအရင္လာခဲ့ပါ..."

"ေဟ...ေအးေအး အခုလာၿပီေနာ္"

TaeHyungေရာက္လာေတာ့ Jiminက သူ႕ကား
ေဘးနားမွာ ငုတ္တုတ္ေလးထိုင္ေနေလသည္။
Jiminရဲ႕ခႏၶာကိုယ္ေလးက တဆတ္ဆတ္တုန္
ရီေနကာ မ်က္ရည္စတို႔ကလဲ အဆက္မျပတ္
စီးက်ေနသည္။ အခုနကေလးတင္ သူ႕ဆိုင္ကေန
ျပန္သြားတာ အေကာင္းႀကီးရွိေသးတယ္။

"Jimin...Jimin"

"TaeHyung ah"

"ေအး....ဘာလို႔လဲ ဘာလို႔ထိုင္ငိုေနတာလဲ"

"Jungkook ေလ...သူ အခုနက အိမ္ေရွ႕ကိုေရာက္လာတယ္"

"ဘာ...သူက ဘယ္လိုလုပ္ေရာက္လာတာလဲ"

"ငါမသိဘူး"

"အခုေရာ ဘယ္ေရာက္သြားၿပီလဲ"

"ျပန္ထြက္သြားၿပီ...အဲ့ဒါ သူ႕အခန္းကို လိုက္
သြားခ်င္လို႔"

"အခုလိုက္သြားလို႔ျဖစ္ပါ့မလား...မင္း ပုံစံနဲ႕
ခဏေလးစိတ္ေအးေအးထားပါဦး ၿပီးမွ..."

"ငါကားမေမာင္းနိုင္လို႔ ငါ့ကိုလိုက္ပို႔ေပးပါ...
အခုပဲ"

"ေအးကြာ... "

Jiminကို TaeHyung ကားေပၚသို႔ တက္ခိုင္းကာ
TaeHyungကေတာ့ အိမ္တံခါးေတြေသခ်ာလိုက္
ပိတ္သည္။ ၿပီးမွ ကားေပၚျပန္တက္လိုက္သည္။

TaeHyungေရာက္လာေတာ့ Jimin နည္းနည္း
စိတ္သက္သာရာရသြားသည္။Jungkook သူ႕ဆီကိုေရာက္လာတာ အစ္ကိုထယ္ဝူရဲ႕ပေယာဂမကင္းဘူးဆိုတာ သူသိတယ္။ခုနက Jungkook
တက္သြားတဲ့ ကားထဲမွာ အစ္ကိုထယ္ဝူထိုင္ေနတာကို ေတြ႕ျဖစ္ေအာင္ ေတြ႕လိုက္မိတယ္ေလ။

Jungkookတို႔ လမ္းထိပ္ေရာက္ေတာ့ ကားေပၚ
ကေနဆင္းလိုက္သည္။

"ငါလိုက္ခဲ့ေပးမယ္"

TaeHyung ဘက္ကိုလွည့္ၾကည့္ၿပီး လိုက္ခဲ့ေစ
ခ်င္သည့္ပုံႏွင့္ ေခါင္းေလးတစ္ဆတ္ဆတ္ ၿငိမ့္
ျပသည့္ Jiminရဲ႕ ေက်ာျပင္ေလးကို Taeက ခပ္ဖြ
ဖြ ပြတ္သပ္ေပးေလသည္။

အေစာပိုင္းရက္ေတြကေတာ့ သူ႕ဘာသူေျဖရွင္း
ဖို႔ ရည္႐ြယ္ထားခဲ့ေပမဲ့ ႐ုတ္တရက္ျဖစ္သြားတဲ့
အေျခအေနေတြေၾကာင့္ TaeHyungကို သူနဲ႕အတူလိုက္ခဲ့ေပးေစခ်င္တယ္။ မထင္မွတ္ထားတဲ့ Jungkookရဲ႕ အျပဳအမူေတြကို သူတကယ္ေၾကာက္ေနမိလို႔ပါ။

ေခါင္မိုးထပ္ကိုေရာက္ေတာ့ အိမ္ခန္းတံခါးကို
ထုရင္း တံခါးလာဖြင့္ေပးဖို႔ေတာင္းဆိုမိသည္။

"ကိုကို...ကြၽန္ေတာ္ အကုန္ရွင္းျပပါ့မယ္။ တံခါး
ေလး ခဏဖြင့္ေပးပါေနာ္"

"ကိုကို..."

TaeHyung က ႏွစ္ေယာက္အတူေတြ႕ရင္အေျခ
အေနေတြဆိုးဝါးမသြားေအာင္ ကူေျပာေပးဖို႔အ
တြက္ အျပင္ဘက္အမိုးေအာက္မွာရွိေနသည့္
ကြပ္ပ်စ္အျဖဴေလးေပၚမွာထိုင္ေစာင့္ေနလိုက္
သည္။သူအခုမွ ေခါင္မိုးထပ္အခန္းကို ေရာက္ဖူးတာမို႔အခန္းရဲ႕အေျခအေနကို အကဲခတ္ၾကည့္ေနမိသည္။

"ကိုကို..."

အခန္းတံခါးေလး ပြင့္လာခဲ့ေပမဲ့ အထဲကထြက္
လာသူက Jungkook ေတာ့ မဟုတ္ခဲ့ဘူး။Jimin
ရဲ႕ မ်က္ႏွာေလးက ႐ုတ္တရက္ တင္းမာသြားကာ

"ကိုကိုေရာ"

"မရွိဘူး...အျပင္ထြက္သြားတယ္"

"ခင္ဗ်ား ဖယ္ေပး...ကိုကိုအထဲမွာရွိတာ ကြၽန္
ေတာ္သိတယ္"

အစ္ကိုထယ္ဝူကို တြန္းတိုက္ပစ္ကာ အိမ္ခန္းထဲ
ဝင္လိုက္သည္။တကယ္ပဲ အထဲမွာ Jungkook
ရွိမေနတာမို႔ အခန္းျပင္သို႔ ျပန္ထြက္ခဲ့လိုက္သည္။

"ကိုကို ဘယ္ေရာက္သြားတာလဲ...ခုနက ခင္ဗ်ား
လဲ ပါလာတယ္မလား"

"ဟက္...မင္းကဘာေတြမ်ား ေကာင္းေနလို႔
စြာက်ယ္စြာက်ယ္လုပ္ေနရတာလဲ။ လူလိမ္
ကမ်ား"

"TaeHyung ...ငါတို႔ ျပန္ရေအာင္ "

TaeHyungကို လွမ္းေခၚလိုက္ရင္း ေဘးေလွကား
ေတြကေန သူအရင္ဆင္းသြားလိုက္သည္။ေလွ
ကားႏွစ္ထစ္ေလာက္ပဲ ဆင္းရေသးတဲ့အခ်ိန္မွာ
အေနာက္ဘက္က ဝ႐ုန္းသုန္းကား အသံမ်ား
ေၾကာင့္ ျပန္တက္ၾကည့္လိုက္ေတာ့ TaeHyung
နဲ႕ အစ္ကိုထယ္ဝူတို႔ ထိုးႀကိတ္ေနၾကၿပီ...။

"ေတာ္ေတာ့... TaeHyung ...ေတာ္ပါေတာ့"

TaeHyung က သူ႕ကိုဆြဲထားသည့္Jiminဆီကေန ႐ုန္းထြက္လိုက္ကာ-

"ဒီေကာင့္အတြက္မ်ား ငါ့ကိုအကူအညီေတာင္း
ခဲ့ေသးတယ္ေနာ္"

"ငါမွားတာ...ငါမွားတာပါ TaeHyungရယ္
ျပန္ရေအာင္ပါ"

"မင္းဘာသာ ရွင္းျပေစခ်င္လို႔ ငါတို႔ေတာင္ၿငိမ္
ေနေပးခဲ့တာေလ...။မင္းကိုယ္တိုင္ Jungkook
ကို ရွင္းျပဖို႔ အခြင့္အေရးရေအာင္ ေနေနေပးခဲ့
တာကို ဒီေကာင့္ေၾကာင့္နဲ႕ မင္းက ဘာေတြ
မ်က္ရည္က်ေနရတာလဲ ...ဟမ္...ဒီလိုေကာင္
မ်ိဳး ေစာ္ကားတာကို ခံေနဖို႔ မင္းကိုလႊတ္ထား
ေပးတယ္မ်ားထင္ေနလား"

"လိမ္တတ္႐ုံတင္မကဘူး...သူမ်ားအားကိုးနဲ႕
လဲ ရမ္းကားတတ္ေသးတာပဲ...ကလိမ္ကက်စ္
ေတြ"

"ေတာက္"

ေနာက္တစ္ႀကိမ္ လုံးေထြးသတ္ပုတ္ေနၾကတဲ့ TaeHyungနဲ႕ထယ္ဝူကို သူလဲ ဝင္ဆြဲလို႔မနိုင္
ေတာ့။

"ေတာ္ပါေတာ့...TaeHyungရယ္"

"မင္း...ငါ့ကိုလႊတ္စမ္း...ဒီလိုေကာင္မ်ိဳး မွတ္
ေလာက္သားေလာက္ေအာင္ လုပ္မွရမယ္"

"သူ က်ိဴးကန္းသြားရင္ Jungkookပဲ အလုပ္ရႈပ္
မွာ...အဲ့ဒါေၾကာင့္ေတာ္ပါေတာ့...ေတာ္ပါေတာ့
ကြာ"

ကားထဲျပန္ေရာက္သည္အထိ TaeHyungရဲ႕
ေဒါသေတြက မေျပေသးေပ။ တစ္ရႉးတစ္႐ြက္
ကိုဆြဲယူကာ ႏႈတ္ခမ္းေထာင့္စြန္းက ေသြးစတို႔
ကို ခပ္ၾကမ္းၾကမ္းသုတ္ပစ္လိုက္သည္။

"မင္းအခု ဘယ္သြားမွာလဲ..."

"မင္းျပန္ႏွင့္ေတာ့ ငါဒီနားမွာပဲ ေစာင့္ေနလိုက္ဦး
မယ္...သူ႕ဖုန္းက စက္ပိတ္ထားတယ္"

"အတူတူေစာင့္ေနမယ္"

"ျပန္ေလ...ဆိုင္လဲ ဒီအတိုင္းထားခဲ့ရတာမ
လား"

"ထားလိုက္ကြာ...အလုပ္သမားေတြရွိတယ္"

TaeHyungကိုလဲ အထြန႔္မတက္ခ်င္တာမို႔ ေလွ
ကားထစ္ လမ္းအဆုံးက လမ္းဆုံေလးမွာ ႏွစ္
ေယာက္အတူ ေစာင့္ေနလိုက္ၾကသည္။

Jiminကေတာ့ ဖုန္းscreenေလးကို ၾကည့္ရင္း
မ်က္ရည္ေတြက ဆည္က်ိဳးသလို အတားအဆီး
မရွိ က်ဆင္းေနတုန္းပင္။ Jungkookနဲ႕ မ်က္ႏွာ
ခ်င္းဆိုင္ၿပီး စကားေျပာနိုင္ဖို႔ကို အသာထားဦး.
အျပစ္ရွိသူတစ္ေယာက္မို႔ စာလွမ္းပို႔ဖို႔ကိုပင္
မဝံ့မရဲျဖစ္ေနမိသည္။

*****************************************

လြန္ခဲ့တဲ့ နာရီအနည္းငယ္က အျဖစ္အပ်က္တို႔
က ေခါင္းထဲမွာ တဝဲလည္လည္ျဖစ္ေနကာ သူ
ေျခဦးတည့္ရာ ေလွ်ာက္သြားေနမိသည္။သူအခု
Hyungဆီ ဖုန္းလွမ္းဆက္ၿပီး Jiminနဲ႕ ပတ္သက္
တာေတြ ေသခ်ာေျပာျပခိုင္းရမလား... ဒါမွမ
ဟုတ္ Jiminဆီကိုပဲ လွမ္းေမးရမလား...။

"Jiminက အသည္းေလးမဟုတ္ဘူး" ဆိုသည့္
အစ္ကိုထယ္ဝူရဲ႕ စကားသံက သူ႕နားထဲမွာ ပဲ့
တင္ထပ္ေနေလသည္။Jungkookကိုယ္တိုင္က
လဲ အမွန္တရားကိုလက္မခံနိုင္သည္မို႔ အကုန္
လုံးနဲ႕ေဝးရာကို ထြက္ေျပးခ်င္ေန႐ုံသာျဖစ္သည္။
ထို႔ထက္ဆိုးသည္က သူJiminနဲ႕ မ်က္ႏွာခ်င္း
မဆိုင္ရဲေတာ့ဘူးေလ...။

အျဖစ္မွန္ကို သူကိုယ္တိုင္လဲ သိခ်င္ေနေပမဲ့
Jiminက အသည္းေလးမဟုတ္ဘူးဆိုတာကို
ေတာ့ သူလုံးဝလက္ခံနိုင္မွာမဟုတ္ဘူးမလား။
ေခါင္းေအးေအးထားၿပီး အစကေန ျပန္စဥ္းစား
ခ်င္ေပမဲ့ သူ႕ႏွလုံးသားထဲက နာက်င္ေနရတာက
ပိုသည္မို႔ စိတ္ေအးေအးထားဖို႔ကလဲ မျဖစ္နိုင္။
ငိုခ်လိဳက္ခ်င္တယ္...တစ္စုံတစ္ေယာက္ဆီ တိုင္
တည္ၿပီး ငိုခ်လိဳက္ခ်င္ခဲ့တာမို႔ ေမေမႀကီးဆီ
သြားဖို႔ပဲ သတိရကာ Expressကားေပၚအထိ
သူလိုက္ခဲ့ၿပီးၿပီ...။

ေမေမႀကီးနဲ႕ေတြ႕ရင္ဘာေျပာရမလဲ...Jimin
က အသည္းေလးမဟုတ္ေၾကာင္းကိုေျပာရမ
လား...။ သူ႕ႏွလုံးသားက Jiminဆီပါသြားခဲ့
ၿပီဆိုတာကို ရင္ဖြင့္ရမလား...။Jiminက လူ
လိမ္ေလး ဆိုၿပီးေတာ့ပဲ တိုင္ေျပာရမလား...။
ေမေမႀကီးကိုပါ စိတ္ဆင္းရဲရေအာင္လုပ္ရဦး
မွာလား...။ သို႔ႏွင့္ ထိုExpressကားေပၚမွေျပး
ဆင္းခဲ့ကာ Highwayလမ္းမေပၚမွာ အ႐ူးတစ္
ေယာက္လို ေလွ်ာက္ေနမိသည္။

Jiminက ဘယ္သူလဲ...သူနဲ႕Jimin ၾကားမွာ
ဘာကိစၥေတြမ်ား ရွိခဲ့ဖူးလို႔ သူ႕ကိုအခုလိုမ်ိဴး
စ ေနာက္ရတာလဲ... အသည္းေလးကေရာ
ဘယ္မွာလဲ...။ကိုးကြယ္ရာတိမ္တိုက္ကေလးက
လိမ္ညာရက္တဲ့အခါ Jungkook ရဲ႕ ကမာၻမွာမိုး
ေတြေစြခဲ့တယ္။

အရွိန္အဟုန္ျပင္းျပင္းနဲ႕ ေမာင္းႏွင္သြားၾကတဲ့
ယာဥ္ႀကီးယာဥ္ငယ္တို႔ကိုေက်ာခိုင္းကာ လမ္း
ေဘးသစ္ပစ္အိုတစ္ခုမွာ မွီတြယ္ရင္း သူ႕ေဝဒနာ
ေတြကို အရည္ေဖ်ာ္ခ်လိဳက္မိသည္။Jiminေလ...
သူ႕ကိုမွ လိမ္ရက္တယ္...။ဘာလို႔သူ႕ကိုမွလဲ...။
သူ Jiminအေပၚ ဘာအျပစ္ေတြမ်ား က်ဴးလြန္ခဲ့
မိလို႔ အခုလိုအထိလိမ္ညာနိုင္ရတာလဲ။မ်က္ရည္ စက္လက္ႏွင့္ ကမာၻပ်က္ေနသည့္တိုင္ေအာင္
Taxi ေနာက္ကေန ေျပးလိုက္လာသည့္ ပုံရိပ္
ေလးကို ျမင္ေယာင္ေနမိေသးတဲ့ သူ႕ကိုယ္သူ ပိုစိတ္ပ်က္ေနမိသည္။

Jiminကပဲ လိမ္တာညာတာ ေတာ္လြန္းေနတာ
လား...သူကပဲ Jimin လိမ္ညာရတာလြယ္ကူ
ေအာင္လို႔ ေပ်ာ့ညံ့ေနခဲ့မိတာလား?

******************************************

ည တစ္နာရီခန႔္ရွိေနၿပီ။ Jungkookကိုလဲ အခု
ခ်ိန္ထိ အရိပ္အေယာင္ေတာင္ မျမင္ရေသးဘူး။
အတူတူေစာင့္ေနေပးတဲ့ TaeHyungေတာင္ကား
ထဲမွာပဲ အိပ္ေပ်ာ္ေနေလၿပီ။အခုခ်ိန္ထိ Jung kookကိုမျမင္ရေသးတာမို႔ ေၾကာက္စိတ္ထက္
စိုးရိမ္စိတ္က ပိုလာသည္။သို႔ေသာ္လဲ မနက္မိုး
စင္စင္လင္းသည္အထိJungkookတစ္ေယာက္ အိမ္ျပန္မလာခဲ့သည္မို႔ သူတို႔ႏွစ္ေယာက္ တပ္
ေခါက္ၿပီး အိမ္ျပန္ခဲ့ၾကသည္။

ေခါင္မိုးထပ္အိမ္ခန္းေရွ႕မွာ ေန႕တိုင္းသြားေစာင့္
ေနခဲ့ေပမဲ့ ေသာ့ပိတ္ထားသည့္ အခန္းေလးက
သာ သူ႕ကို ဆီးႀကိဳေနသည္။ ဒီေန႕နဲ႕ဆို ေလးရက္
ေတာင္ရွိခဲ့ၿပီ...။သူ႕အေၾကာင္းေတြကိုသိသြားရင္
ေမေမႀကီးကပါ သူ႕ကိုမုန္းသြားမလား ေတြးေၾကာက္ေနခဲ့ေပမယ့္ ေမေမႀကီးဆီကိုလဲ ဖုန္း
ဆက္ၾကည့္ခဲ့မိေသးသည္။

Jungkookက ေမေမႀကီးဆီကိုလဲ ေရာက္မလာခဲ့ဘူးတဲ့ေလ။ ဘာမွလဲ ေျပာမျပထားေသးတဲ့ပုံမို႔
ပိုၿပီးစိတ္ပူလာသည္။သူကပဲ အမွားေတြလုပ္ခဲ့မိ
တာေၾကာင့္မို႔လို႔ တစ္ေယာက္ထဲ ခံစားမေနေစ
ခ်င္ဘူးေလ...။

ေဆး႐ုံက ညဂ်ဴတီက်တဲ့ေန႕ရက္ေတြရဲ႕ အခ်ိန္
ဇယားကိုလဲ သူပဲအသိဆုံးမို႔ အိမ္မွာရွိမဲ့ အခ်ိန္
ေတြတိုင္း သူလာေစာင့္ေနျဖစ္သည္။ေဆး႐ုံကို
လိုက္သြားရင္ေတာ့ ေတြ႕မွာက်ိန္းေသတယ္ဆို
ေပမဲ့ အလုပ္လုပ္ေနတဲ့ေနရာအထိေတာ့ စိတ္
အေႏွာင့္အယွက္မေပးသင့္ဘူးမဟုတ္လား...။

ဒီေန႕ေတာ့ သူနည္းနည္း စိတ္ေစာသြားလားမသိ
ဘူး။ မနက္ ၃နာရီေလာက္ႀကီး ေခါင္မိုးထပ္အိမ္
ခန္းေရွ႕ကို ေရာက္ေနၿပီးၿပီ။ ဒီေန႕က ေတာက်ီး
ကန္းလဲ အိမ္မွာမရွိေလာက္တာမို႔ အိမ္ခန္းထဲမွာ
Jungkook တစ္ေယာက္ပဲ ရွိေနမွာ...။အေႏြး
ထည္ေလးကို ခပ္တင္းတင္းေစ့ထားလိုက္ရင္း
နံရံေလးကိုမွီထားမိသည္။

တံခါးဖြင့္သံၾကားေတာ့ Jimin ဆတ္ခနဲ လန႔္နိုး
သြားသည္။ တစ္ေမွးေလာက္ဆိုၿပီး မ်က္လုံးမွိတ္
ထားမိေပမဲ့ သူတကယ္အိပ္ေပ်ာ္သြားခဲ့တာပဲ။
သူ႕မွာလဲ အိပ္ေရးပ်က္တဲ့ညေတြ မ်ားခဲ့တာ
မဟုတ္လား...။ အခန္းထဲက ထြက္လာသူက
သူ႕ရဲ႕ ႏွစ္ေယာက္မရွိတဲ့ ကိုကိုပါပဲ။ သူကြပ္ပ်စ္ေပၚကေန အျမန္ထ လိုက္ကာ...

"ကိုကို"

Jungkookက သူ႕ကိုျမင္ေတာ့ အံ့အားသင့္သြား
တဲ့ပုံစံမ်ိဳး မ်က္ဝန္းေလးေတြ ဝိုင္းစက္သြားသည္။
သို႔ေပမဲ့ ခ်က္ခ်င္းပဲ အခန္းထဲ ျပန္ဝင္ၿပီး အခန္း
တံခါးကို ပိတ္လိုက္သည့္ Jungkookေၾကာင့္
ထိုမ်က္ဝန္းေတြကို ၾကာၾကာေငးၾကည့္ခြင့္ေတာ့
မရခဲ့ေပ။

"ကိုကို...ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။ ကြၽန္
ေတာ္တို႔ စကားေျပာရေအာင္ေနာ္"

အခန္းတံခါးကို ခပ္ဖြဖြပုတ္ရင္းနဲ႕ ေတာင္းဆိုမိ
ေပမဲ့ အခ်ည္းႏွီးသာျဖစ္သည္။

"ကြၽန္ေတာ့္ကို မျမင္ခ်င္ဘူးဆိုတာ သိပါတယ္။
ဒါေပမဲ့ အခုလိုလုပ္ေန႐ုံနဲ႕မၿပီးဘူးေလ...။ကိုကို
စိတ္ဆိုးခ်င္သေလာက္ စိတ္ဆိုးပါ...ခဏေလး
ေတာ့ စကားေျပာခြင့္ေပးပါေနာ္..."

အထဲက ဘာတုံ႕ျပန္သံမွ မၾကားေပမဲ့ သူေျပာ
တာေတြကို နားေထာင္ေနမယ္ဆိုတာေတာ့ ယုံ
ၾကည္တယ္ေလ...။

"အခုေတာ့ ျပန္လိုက္ပါ့မယ္... အလုပ္သြားရ
ေတာ့မွာကို အထဲမွာပဲ ေနေနလို႔မျဖစ္ဘူးမလား
အရမ္းစိတ္ပူေနလို႔ လိုက္လာမိတာပါ။ ကြၽန္
ေတာ္သြားေတာ့မယ္ေနာ္..."

သူ႕ေၾကာင့္နဲ႕ အမ်ားႀကီးပင္ပန္းေနေတာ့မွာပဲ။
ပုံမွန္အခ်ိန္ထက္ ေဆး႐ုံကိုအေစာႀကီးသြားေနခဲ့
တာေနမွာ။ဒီေန႕လဲ သူစိတ္ေလွ်ာ့ၿပီး အိမ္ျပန္ခဲ့
ရျပန္ၿပီ...။တစ္ေယာက္ကိုတစ္ေယာက္ေရွာင္
ေနၾက႐ုံနဲ႕ ဒီကိစၥက ၿပီးျပတ္သြားမွာမဟုတ္တာ
မို႔ ေနာက္တစ္ရက္က်ေတာ့ အရဲစြန႔္ၿပီးေဆး႐ုံ
နားမွာ သြားေစာင့္ေနလိုက္သည္။

အသိစိတ္မကပ္သည့္ပုံႏွင့္ ေဆး႐ုံဝင္းထဲက
ထြက္လာတဲ့ Jungkookကို ျမင္ေတာ့ လိုက္လာ
မိတာ မွားၿပီလားလို႔ ေတြးမိျပန္သည္။

"ကိုကို"

ဒီတစ္ခါေတာ့ ေျပးဝင္စရာအခန္းလဲ မရွိေတာ့
တာမို႔ မ်က္စိေရွ႕မွာ ႐ုတ္တရက္ေပၚလာတဲ့
Jiminကို ေတြ႕ေတာ့ ေက်ာခိုင္းၿပီး မတ္တပ္ရပ္
လိုက္သည္။ Jiminကို အရမ္းစိတ္ဆိုးေန
သည့္တိုင္ေအာင္ Jungkookရဲ႕အျပဳအမူေတြ
က ႏူးညံ့သိမ္ေမြ႕ေနတုန္းမို႔ သူ႕ေကာင္ေလးရဲ႕
ေနာက္ေက်ာေလးကိုၾကည့္ရင္း ၾကင္နာစြာၿပဳံး
လိုက္မိသည္။

သူအရမ္းမွားခဲ့တာပါပဲ။ Jungkookလိုလူမ်ိဳးကို
မွ အမ်ားႀကီးလွည့္စားခဲ့မိတာပဲ။ ဒါေပမဲ့ အဲ့ဒီ
အမွားေတြထဲမွာ Jungkookကို ခ်စ္တဲ့အခ်စ္ေတြ
ေတာ့ မပါခဲ့ဘူး။ သူ႕ဘဝရဲ႕လက္တြဲေဖာ္အျဖစ္ Jungkookကိုေ႐ြးခ်ယ္ခဲ့မိတာက သူျဖတ္သန္း
လာတဲ့ ဘဝတစ္ေလွ်ာက္မွာ အမွန္ကန္ဆုံးေ႐ြး
ခ်ယ္မႈတစ္ခုပါပဲ...။

Jungkookရဲ႕ ပုံစံေလးေၾကာင့္ ေၾကာက္စိတ္တို႔
အနည္းငယ္လြင့္ပ်ယ္ကာ Jungkookေရွ႕မွာ
မတ္တပ္ရပ္လိုက္သည္။

"စကားေျပာရေအာင္"

"ငါ...Jiminနဲ႕ မေတြ႕ခ်င္ဘူး"

အခုခ်ိန္ထိ Jungkookက သူ႕ကိုမ်က္လုံးခ်င္း
ဆုံေအာင္မၾကည့္ေသးဘူး။

"တစ္ေယာက္ကိုတစ္ေယာက္ ေရွာင္ေန႐ုံနဲ႕ မၿပီး
ဘူးမလား...။ကြၽန္ေတာ္ရွင္းျပတာေလး နား
ေထာင္ေပးပါေနာ္...ကြၽန္ေတာ္တို႔ အတူတူေျဖ
ရွင္းရေအာင္ေလ... ၿပီးရင္ ကိုကိုႀကိဳက္တာ
လုပ္ပါ"

Jungkookရဲ႕ လက္ကေလးကိုဆုပ္ကိုင္ၿပီး
ေတာင္းပန္ခယမိေတာ့ Jungkookက သူ႕လက္
ထဲကေန ႐ုန္းထြက္လိုက္သည္။သို႔ေပမဲ့ Jimin ေခၚေဆာင္ရာ စားေသာက္ဆိုင္ထဲကိုေတာ့လိုက္
လာခဲ့ေပးေလသည္။သီးသန႔္အခန္းတစ္ခုမွာ ေန
ရာယူလိုက္ၾကကာ-

"ေတာင္းပန္ပါတယ္... ဟိုေန႕တုန္းကအရမ္းလန႔္
သြားတယ္မလား"

"အသည္းေလး ဘယ္မွာလဲ"

"အင္း...ေျပာျပမယ္။ ကိုကိုသိခ်င္တာေတြ အကုန္လုံးေျပာျပပါ့မယ္။ အရင္ စားလိုက္ဦးေနာ္"

အားမရွိသလို ေဖ်ာ့ေတာ့ေနတဲ့ မ်က္ႏွာေလး
ေၾကာင့္ စိတ္မေကာင္းျဖစ္မိကာ စားစရာေတြ
ကို Jungkookေရွ႕သို႔ တိုးေပးမိသည္။

"မင္းနဲ႕အတူ ညေနစာစားဖို႔လိုက္လာတာမဟု
တ္ဘူး...မေျပာဘူးဆိုရင္လဲ ထားလိုက္ေတာ့
ငါျပန္ေတာ့မယ္"

စိတ္ဆတ္လြန္းတဲ့Jungkookက စားပြဲဝိုင္းကေန
ထြက္သြားဖို႔ျပင္ေနၿပီမို႔...

"အသည္းေလးက ကြၽန္ေတာ့္အစ္ကိုတစ္ဝမ္း
ကြဲပါ"

အသည္းေလးဆိုသည့္ စကားသံကိုၾကားလိုက္
ရေတာ့မွ Jungkookက ေနရာမွာျပန္ထိုင္ေလ
သည္။Jiminလဲ စိတ္ကိုေလွ်ာ့ခ်လိဳက္ၿပီး အမ်ား
ႀကီးငိုခ်လိဳက္မိသည္။ ၿပီးေတာ့ သူကိုယ္တိုင္
ဖန္တီးထားတဲ့ အလိမ္အညာဇာတ္လမ္းကို
တစ္ခုမွ ထိမ္ခ်န္မထားဘဲ Jungkookကို ေျပာ
ျပလိုက္သည္။

Jiminရဲ႕ စကားသံအဆုံးသတ္သြားေတာ့မွ
Jungkookေရတစ္ခြက္ေသာက္လိုက္သည္။
အမ်ားႀကီး စိတ္ေလွ်ာ့ထားပုံရတဲ့ Jungkook
က Jiminကို ခပ္ေငးေငးၾကည့္ကာ-

"ကိုယ္က Jiminတို႔မိသားစုအေပၚ တစ္ခုခုမ်ား
အမွားလုပ္ခဲ့ဖူးလို႔လား"

Jungkookရဲ႕မ်က္ဝန္းထဲမွာလဲ မ်က္ရည္စတို႔
ေဝ့သီလ်က္သာ...

"ဘာလို႔ ကိုယ့္ကိုမွလဲ...ဟင္?"

"ကြၽန္ေတာ္ေတာင္းပန္ပါတယ္"

"ဘာလို႔လဲ...မိဘမဲ့ေဂဟာက လူတစ္ေယာက္
ရဲ႕ ခံစားခ်က္ေတြက Jiminတို႔အတြက္ ဘာမွ
အေရးမပါလို႔လား"

"မဟုတ္ပါဘူးကိုကိုရယ္"

"မင္းကိုေလ...မင္းကိုအမ်ားႀကီးယုံခဲ့တာ"

တျခားလူေတြရဲ႕စကားေတြကို မၾကားနိုင္ေတာ့တဲ့အထိ မင္းကိုပဲယုံခဲ့တာ...။သူ႕ဆီက ဘာမ်ား လိုခ်င္လို႔ အခုလိုေတြလုပ္ခဲ့ရတာလဲလို႔ ေမးခ်င္
ေပမဲ့ လခေပးမွ ေနရမဲ့အိမ္ခန္းတစ္ခုကလြဲလို႔
သူ႕လိုလူဆီမွာ ဘာမ်ားပိုင္ဆိုင္ထားလို႔လဲ...။

"စိတ္ဆိုးၿပီးခံရခက္ေနမွာကို နားလည္တာမို႔
တစ္ေယာက္ထဲမနာက်င္ေနဘဲ ကြၽန္ေတာ့္ကို
တစ္ခုခုလုပ္လိုက္ပါ...ဟိုးအစတုန္းက ကိုကို
ေျပာသလိုမ်ိဳး ဘာမွမေတြးဘဲ ေလွ်ာက္လုပ္ခဲ့
မိတာမွန္ပါတယ္...ဒါေပမဲ့ ကြၽန္ေတာ္ကိုကို႔ကို
ခ်စ္ခဲ့မိတဲ့ေနာက္ပိုင္းမွာ ကြၽန္ေတာ့္ဘက္က
ဝန္ခံဖို႔ တကယ္ခက္ခဲခဲ့လို႔ပါ"

"တကယ္ခ်စ္ရင္ အခုလိုမ်ိဳး မလွည့္စားနိုင္ဘူး
Jiminရဲ႕... Hyungသာ ေျပာမျပခဲ့ရင္ မင္းဘယ္
အခ်ိန္ထိ ကိုယ့္ကို အ႐ူးလုပ္ေနခဲ့မွာလဲ...။ ဟင္?"

"ကိုကိုစာေမးပြဲရွိေနတာမို႔လို႔ပါ...စာေမးပြဲၿပီးတဲ့
ညေနတုန္းက ကြၽန္ေတာ္အကုန္ေျပာျပဖို႔ စီစဥ္
ထားၿပီးသားပါ"

"အခုအဲ့ဒါကို ထပ္ယုံခိုင္းေနတာလား"

"ကြၽန္ေတာ္တကယ္ေျပာတာပါ..."

"ကိုယ္တို႔ ေနာက္ထပ္မေတြ႕ဘဲေနၾကရေအာင္"

"အဲ့ဒီလမ္းကိုေ႐ြးမွာ ျဖစ္မွာလား... ကြၽန္ေတာ္
တို႔တစ္ေယာက္ကို တစ္ေယာက္ခ်စ္ေနရဲ႕သား
နဲ႕ လမ္းခြဲဖို႔မလိုဘူးမလား...ကိုကို ႀကိဳက္သ
ေလာက္ စိတ္ဆိုးပါ...လမ္းခြဲဖို႔ကလြဲရင္ ကိုကို
ႀကိဳက္တဲ့အျပစ္ေပးပါ"

"မင္းက အသည္းေလးမဟုတ္ခဲ့ရင္ ငါတို႔ႏွစ္
ေယာက္ ဒီအေျခအေနထိ ေရာက္လာဖို႔ မရွိဘူး... ေနာက္ရက္ေတြ ငါ့ကိုလိုက္မရွာပါနဲ႕ ...အိမ္ေရွ႕မွာလဲ လာေစာင့္မေနပါနဲ႕"

ေျပာၿပီးသည္ႏွင့္ လြယ္အိတ္ေလးကို လြယ္လိုက္
ကာ စားပြဲဝိုင္းမွ ထလိုက္သည္။Jiminက Jungkookရဲ႕ ေက်ာျပင္ေလးကို ေျပးဖက္ထား
ကာ...

"ကြၽန္ေတာ္ လမ္းခြဲမေပးနိုင္ဘူး"

"ငါ အသည္းေလးကိုေတြ႕ခ်င္တယ္"

"အင္း...ကိုကိုေတြ႕ခ်င္ရင္ ကြၽန္ေတာ္ ေခၚေပး
ပါ့မယ္...လမ္းခြဲဖို႔ေတာ့ မေျပာပါနဲ႕ေနာ္"

"ငါတို႔ႏွစ္ေယာက္က အစထဲက မေတြ႕ခဲ့သင့္တာ"

******************************************
Jimin ဆီက ရွင္းျပခ်က္ေတြကို နားေထာင္ၿပီး
တဲ့ေနာက္မွာ ပိုလို႔ေတာင္စိတ္ပင္ပန္းရၿပီး နာ
က်င္ေနရသည္။ဒီေန႕မွပဲ သူတို႔ရဲ႕ ေလွကားထစ္
လမ္းကေလးကပိုရွည္လ်ားေနသလိုရွိသည္။
ေခါင္မိုးထပ္အိမ္ခန္းဆီျပန္ဖို႔ရာ သူအရမ္းပင္ပန္း
လြန္းေနတယ္။

ဘယ္အခ်ိန္ထဲက အျမစ္တြယ္ခဲ့မွန္းမသိတဲ့ ဝမ္း
နည္းအားငယ္တတ္တဲ့စိတ္တစ္ခုေၾကာင့္ ပတ္
ဝန္းက်င္နဲ႕ အလွမ္းေဝးေနခဲ့တဲ့ သူ႕အတြက္Jimin
ဆိုတဲ့ အသည္းေလးေယာင္ေဆာင္ထားတဲ့ေကာင္ေလးက သူ႕ကမာၻတစ္ခုျဖစ္ခဲ့တာပါပဲ။

ပထမဆုံးစေတြ႕တဲ့အခ်ိန္မွာေတာ့ လူေတြက
သူ႕ကိုခ်ီးက်ဴးၾကတယ္။ သူ႕ဘဝအေၾကာင္းေတြ
သိၿပီးသြားရင္ေတာ့ က႐ုဏာသက္ၾကလိမ့္မယ္။
တခ်ိဳ႕ကေတာ့ သိသိသာသာပဲ သူ႕အနားကထြက္
ခြာသြားၾကတယ္။စနစ္တက်ပ်ိဳးေထာင္မထားမိ
ပါဘဲနဲ႕ လူေတြအေပၚအေလွ်ာ့ေပးၿပီးဆက္ဆံ
တတ္လာခဲ့တယ္။ၾကာေတာ့ အေယာင္ေဆာင္
ေတြၾကားထဲမွာ Jeon Jungkookအစစ္ရဲ႕ ပုံရိပ္
ေလးက တျဖည္းျဖည္းေမွးမွိန္လာခဲ့တယ္။

အသည္းေလးရယ္လို႔ သူကိုယ္တိုင္က သတ္
မွတ္ထားတဲ့ ေကာင္ေလးကေတာ့ ခြၽင္းခ်က္ေပါ့။
အသည္းေလးကို ျပန္ေတြ႕တဲ့ေန႕က သူအရမ္း
ေပ်ာ္႐ႊင္ခဲ့တယ္။သူကိုယ္တိုင္ရွာေဖြေနခဲ့တဲ့ ကမာၻငယ္ေလးက အႏွီေကာင္ေလးရဲ႕ လက္ထဲ
မွာ ျဖစ္တည္ေနတယ္။ အဲ့ဒီကမာၻထဲမွာ သူ
စိတ္ဆိုးလာတဲ့အခါ ေလသံမာမာနဲ႕ ေအာ္ေျပာ
ဖို႔ အခြင့္အေရးရွိတယ္။သူ႕ပါးစပ္က ထြက္က်
လာတဲ့ စကားလုံးတိုင္းကို နာခံေပးမဲ့ေကာင္
ေလးတစ္ေယာက္လဲရွိခဲ့တယ္။

အသည္းေလးက အသည္းေလးမဟုတ္ခဲ့တာက
လြဲလို႔ သူရွာေဖြေနတဲ့ကမာၻေလးကေတာ့တ
ကယ္ရွိခဲ့တယ္။ Jiminက အသည္းေလးဆိုတဲ့
စိတ္နဲ႕ ေကာင္ေလးကို သူ ခ်စ္ရဲခဲ့တယ္...။

Jiminက ေမေမနဲ႕သိပ္တူတယ္...။အထီးက်န္
ႏြမ္းပါးတဲ့သူ႕မနက္ခင္းေတြကို ေႏြးေထြးေစတယ္။ တိတ္ဆိတ္ေမွာင္မိုက္တဲ့ တစ္ကိုယ္ေရည
ေတြအတြက္ မီးလင္းဖိုေလးျဖစ္ေပးခဲ့ျပန္တယ္။
Jiminရဲ႕ အခ်စ္ေတြကိုပိုင္ဆိုင္ခြင့္ရခဲ့တဲ့ေန႕တုန္း
က "ကံေကာင္းျခင္း" ဆိုတဲ့စကားလုံးက သူနဲ႕
လဲ သက္ဆိုင္ေနပါလားလို႔ ပထမဆုံး ခံစားမိခဲ့
တယ္။

Jiminက ေမေမနဲ႕ သိပ္ကိုတူလြန္းပါတယ္။
ေမေမက Jungkookကို သူမရဲ႕ကမာၻထဲဆြဲေခၚခဲ့
ၿပီးေတာ့ မုသားစကားေတြသုံးၿပီး ေမွ်ာ္လင့္ခ်က္ ေတြေပးခဲ့တယ္... Jiminကေတာ့ သူ႕ဘဝထဲ
အတင္းတိုးဝင္လာၿပီးေတာ့ အလိမ္အညာေတြ
နဲ႕ သူ႕ကိုအ႐ူးလုပ္ခဲ့ျပန္တယ္။ဘာလို႔မ်ား သူတန္ဖိုးထားရတဲ့လူေတြက သူ႕ကို လွည့္စားရက္ၾကတာလဲ...။

သူ႕ကိုလွည့္စားေနတဲ့ မ်က္ရည္စေတြမွန္းသိ
လ်က္နဲ႕ မငိုပါနဲ႕လို႔ေျပာၿပီး ေကာင္ေလးကို သူ႕
ရင္ခြင္ထဲထည့္ထားခ်င္ေနဆဲျဖစ္သည္။ေပ်ာ့ညံ့
လြန္းတဲ့သူ႕ကိုယ္သူအားမလိုအားမရျဖစ္လြန္းလာတဲ့အခါ အိမ္ခန္းေရွ႕က နံရံမွာခ်ိတ္ဆြဲထားတဲ့ မီးသီးတြဲ​ေလးေတြဆီ ျပႆနာရွာမိသည္။

ေခါင္မိုးေပၚကေန တြဲေလာင္းခ်ိတ္ဆြဲေပးထား
တဲ့ အဓိပၸါယ္မ်ိဳးစုံနဲ႕ ပန္းအိုးေသးေသးေလးေတြ
ခမ်ာလဲ သခင့္အလိုက် ၾကမ္းျပင္ေပၚမွာ အတုံး
အ႐ုံး ၿပိဳလဲက်ကဳန္သည္။ စိတ္ရွိလက္ရွိေအာ္
ဟစ္ပစ္လိုက္ၿပီးေတာ့ ထပ္ငိုဖို႔ မ်က္ရည္မက်န္
ေတာ့သည္အထိ ငိုေႂကြးပစ္လိုက္သည္...။

ၿပီးလွ်င္ေတာ့ ေကာင္ေလးကိုပါ သူ႕ဘဝထဲက
ဆြဲထုတ္ပစ္ဖို႔ ႀကိဳးစားရေပဦးမည္...။

24.6.2020

******************************************

ဒီအပိုင္းေလးထိ အတူတူဖတ္လာေပးတဲ့ တစ္
ေယာက္ခ်င္းစီကိုေက်းဇူးအမ်ားႀကီး တင္ပါတယ္

ဒီအပိုင္းေလးမွာေတာ့ JK 🐰🐥

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

Continue Reading

You'll Also Like

80K 2.1K 55
It seems impossible for someone like Draco Malfoy to fall in love but that all changes when he rams into someone on the Hogwarts Express while runnin...
676K 15.1K 44
In wich a one night stand turns out to be a lot more than that.
742K 45.4K 110
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...