ထာဝရသူငယ်ချင်း (B.F.F) (Z+U){...

بواسطة KhinwaddyKhaing

57.2K 4.5K 276

* အနီးဆုံးမှာရှိနေလျက်နဲ့ ငါတို့ဝေးနေတာ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းတွေဖြစ်နေလို့... * တစ်ယောက်ရဲ့ ခံစားချက... المزيد

Introduction
1:lovely friend
2:စတင်ခြင်း
3:ချည်
4: မင်းမှမင်း
5: မင်းအတွက်ဆိုရင်
6:လူရှုပ်ကလေး
7: အတူတူဆိုရင်
8: သုံးယောက်
9: အသစ်
10:Love and Friend
11: Love story
13: Silence
14: ဥပေက္ခာ
15: Near and far
16: Trip (1)
17: Trip (2)
18: နိဂုံး၏အစ
19: Love💘
20: No!!
21:Venus(The god of the love❣)
22:Love is Life👨‍❤️‍💋‍👨
23:အချစ်မီး🔥
24:Forwards (OR) Backwards??
25:Love-target🎎(ဇာတ်သိမ်းပိုင်း)

12: Missing boy

1.4K 139 5
بواسطة KhinwaddyKhaing

(Unicode)

"ကိုလင်း...ကိုလင်း...ရှေ့မှာလူရှိတယ်လေ..တိုက်မိတော့မှာပဲ......."

စိတ်ကိုပြန်လည်စုစည်းကာ handle ကိုပြန်လှည့်လိုက်ရသည်။ သွားလာစားသောက် နေရပေမယ့် လူကစိတ်နှင့်လူနှင့်မကပ် ။ လွမ်းသည်၊သတိရသည် ဆိုသည်ထက် သူလေးကို စိတ်ပူသည်။

"ကိုလင်း...သွေးသစ်...ဘာဖြစ်လို့လဲ.. မသိဘူးနော်...ဒီနေ့နဲ့ဆို...ကျောင်းမတက်တာ..သုံးရက်တောင်ရှိသွားပြီ...အိမ်ကလည်းသော့ခတ်ထားတော့...ဟင်း......."

ချစ်ရိပ် သည်ပင် သွေးသစ် အတွက် စိတ်ပူနေရှာပြီ။ ကျွန်တော်ဆိုလျှင်တော့ ပြောပြစရာ စကားပင်ရှာမရ။ ဟိုနေ့ကစလို့ သွေးသစ်ကိုမတွေ့ရတော့သည်မှာ သုံးရက်ပင်ရှိလေပြီ။ အိမ်တွင်လည်း မည်သူမျှမရှိ။ သွေးသစ်အဖေပင် ပြန်လာသေးပုံမရ။ သူကလေး အခြေအနေကရော ဘယ်လိုလဲ? နေကောင်းရဲ့လား?တော်တော်များဖြစ်နေလို့လား? အနည်းဆုံး တော့ အခြေအနေတစောင်းတစေ့ မျှ  သိချင်မိ။ ဘာတစ်ခုမျှ သိအောင် မစွမ်းဆောင်နိုင်သော မိမိကိုယ်ကိုယ်ပင် အားမလိုအားမရ ဖြစ်ရသည်။

"လူရှင်းပြီဆိုတော့..ချစ်ရိပ်..စက်ဘီးပေါ်..တက်လိုက်တော့မယ်နော်....."
"............"

ထုံးစံအတိုင်းပင် ကျွန်တော်တို့နှစ်ယောက် ကတော့ ကျောင်းသွားကျောင်းပြန် စက်ဘီးတစ်စီးဖြင့်ပင်။

သွေးသစ်ရယ်...ကို့အနား..အမြန်ဆုံးပြန်လာပါ....မင်းဘယ်မှာ..ဘာတွေဖြစ်လို့...ဘာတွေလုပ်နေတာလဲ ကွာ....ကို့..ကိုရောမေ့နေပြီလား...အဲ့နေ့က...sweet time.. လေးကိုရော..မင်းသတိမှရပါလေစ...ကလေးရယ်...နေရောကောင်းရဲ့လား..ကွာ..

"အိုး......... " ဟူ၍ ချစ်ရိပ် ၏ လက်ကလေးများ ကျွန်တော့်ခါးကိုလာဖက်ကာမှ အသိပြန်ဝင်သွားသည်။

'သြော်..ဟိုတနေ့က.. နေရာပဲ...'ဟု စိတ်ထဲမှ သတိထားမိသည်။သို့ပေမယ့် ထိုနေ့ကအပြုအမူလိုတော့ မလုပ်ဖြစ်။ သွေးသစ်ကို သတိရသော စိတ်များကိုသာ ပိုတိုးလာစေသည်။

ခဏကြာတော့ ချစ်ရိပ် လက်ကလေးများ ကျွန်တော့်ခါးမှ ဖြေလျော့သွားသည့် တိုင်အောင် ကျွန်တော် စကားတစ်ခွန်းမျှ မပြောပဲ တိတ်ဆိတ်နေမိသည်။သူမ သည်လည်း တိတ်ဆိတ်ကာသာ လိုက်ပါလာခဲ့လေသည်။

ချစ်ရိပ်က သူမ အိမ်အကွေ့ နား ရောက်ခါနီးမှ
"ကိုလင်း...ဒီနေ့..ချစ်ရိပ်...ကြယ်စင့်ကို... စာပြပေးဖို့ရှိတယ်... ကိုလင်းအိမ်ကိုပဲ...တန်းသွားတော့နော်...."
"............."

ကိုလင်းအခုတလော ဘာဖြစ်နေမှန်းမသိ၊ရုတ်တရက် ဘာလို့ ကိုလင်း ချစ်ရိပ်အပေါ် စိမ်းကားသွားပြန်တာလဲ? သွေးသစ်ကြောင့်လား? သူငယ်ချင်း ဖြစ်တဲ့ သွေးသစ်အတွက် တော့ ချစ်ရိပ်ကိုယ်တိုင် ပင် စိတ်ပူရသည်မှာ မှန်ပါသည်။ သို့သော် ကိုလင်းကတော့ သိသိသာသာပင် အမူအရာများ ပျက်ယွင်းကာ ၊ ဘာလုပ်လုပ် အလွဲလွဲအချော်ချော်။
စာသင်ခန်းထဲ တွင်လည်း ကျော်ကြီးတို့အဖွဲ့ နှင့်ပင် သိပ်အပြောအဆို မရှိသည်ကို ချစ်ရိပ် သတိထားမိနေသည်။တစ်ယောက်တည်း တစ်နေရာရာကို စူးစူးစိုက်စိုက်ကြည့်ကာ သတိလွတ်နေတတ်သည်က အခါခါ။

ဘာကြောင့်လဲ? သွေးသစ်ကို စ်တ်ပူသည်ဆိုတာထက် လွမ်းနေတာလား? ကိုလင်းက သွေးသစ်အပေါ်မှာရော ရိုးရဲ့လား? LGBT ဆိုတာကြီးကို ချစ်ရိပ်တဖြည်းဖြည်းသိလာရသည်နှင့်အမျှ သူတို့ကြားက ဆက်ဆံရေးကို ချစ်ရိပ် သတိထားကြည့်မိနေသည်။ ကိုလင်းက သွေးသစ်ကိုများ.....မဖြစ်ပါစေနဲ့ ..ဟုသာ ဆုတောင်းမိနေသည်က အကြိမ်ကြိမ် ။

"လာ..မမ...ကြယ်စင်...မျှော်နေတာ....နောက်ကျလိုက်တာ... ကိုကိုရာ...စက်ဘီးနင်းလာတာရော... ဟုတ်ရဲ့လား...."

ကြယ်စင့်အသံကြားမှ အသိပြန်ဝင်လာတော့ ကိုလင်းအိမ်ပင် ရောက်ပြီ။ စက်ဘီးရပ်ပြီး ချစ်ရိပ်ကို တစ်ချက်ပင် လှည့်မကြည့်ပဲ ခေါင်းငိုက်စိုက်ဖြင့် အိမ်ထဲသို့ မြန်မြန်ဝင်သွားလေသည်။ ကြယ်စင့်ကိုလည်း တစ်ခွန်းမျှ တုံ့ပြန် ပြောဆိုခြင်း မရှိ။ ကြားရောကြားလိုက်ရဲ့လား...ကိုလင်းရယ်.......

တစ်စတစ်စဖြင့် မှောင်စပျိုးလာချေပြီ။ ကြယ်စင့်ကို စာပြပေးသည့်နေ့များတွင် ချစ်ရိပ် အိမ်ပြန်နောက်ကျတတ်သည်။ ချစ်ရိပ်ကငယ်စဥ်ကတည်းက အမေမရှိတော့၍ အိမ်ပြန်နောက်ကျလျှင်လည်း ဆူပြောမည့်သူမရှိ။ ဖေဖေကိုယ်တိုင်ကလည်း ချစ်ရိပ်ထက် အရေးကြီးသော ကောင်မလေးများကြောင့် အိမ်ကိုဘယ်တော့မျှ စောစောပြန်မရောက်တတ်။ ချစ်ရိပ်အဒေါ်ဖြစ်သူ ကလည်း သူ့အိမ်ထောင်နှင့်သူမို့ ငယ်စဥ်ကတည်းက ချစ်ရိပ်က မည်သူ၏ ဂရုစိုက်မှုကိုမျှ မခံရ၊ သွန်သင်ဆုံးမပေးမည့် သူကလည်းမရှိ။

"သမီးရေ...သမီးအကိုကြီး...ခုတလော..ဘာဖြစ်နေလဲ... မသိပါဘူး...မေးတော့လည်းမဖြေဘူး...."
အိမ်အပေါ်ထပ်မှ ဆင်းလာသော ကိုလင်းမေမေက စိတ်ပျက်လက်ပျက်ဖြင့် ကြယ်စင့်ကိုပြောပြနေလေသည်။

"ဘာဖြစ်လို့လဲ... မေမေ..."
"ဘာဖြစ်ရမှာလဲ... ကျောင်းကပြန်လာ..ကတည်းက..
အခန်းထဲဝင်သွားတာ.. ပြန်ထွက်မလာလို့...သွားကြည့်တာ...ကျောင်းဝတ်စုံတောင်..မလဲဘဲ...ခုချိန်ထိ..ကုတင်ခြေရင်းမှာ...ဒူးတုတ်ပြီး...မလှုပ်မယှက်... ထိုင်နေလေရဲ့ ...... "

"မေမေက..မမေးကြည့်ဘူးလား...ကိုကို့ကို...."
"မေမေက...သားဘာဖြစ်လာတာလဲ...နေကောင်းရဲ့လား..လို့မေးတာကို...တစ်ခွန်းမျှ.. ပြန်မပြောပဲ...မကြားသလို..ရေချိုးခန်းထဲဝင်သွားတယ်လေ....."
"........."

ကိုလင်းရယ်.. ကျောင်းမှာပဲ မူပျက်နေတယ်ထင်တာ..အိမ်မှာပိုတောင်ဆိုးနေပါလား.....ချစ်ရိပ်ထင်သလို......

"မမ..မေမေ​ ပြောနေတယ်လေ....ညစာစားပြီးမှ..ပြန်တဲ့နော်...."
"Sorry..ကြယ်စင်...မမ..မကြားလိုက်လို့...." အမှန်တကယ်ပင် ကိုယ့်အတွေးနှင့်ကိုယ်မို့  မကြားလိုက်။

"မမရော..ကိုကိုရော...ဘာဖြစ်နေတာလဲမသိဘူး...နှစ်ယောက်ကြားမှာ...တစ်ခုခုတော့..တစ်ခုခုပဲရှိရမယ်...."
"ဘာတစ်ခုခုမှ..မရှိပါဘူး...ကြယ်စင်ရယ်...."
တကယ်တော့ ချစ်ရိပ်ဘက်ကသာ တစ်ခုခုဖြစ်ဖို့ ဆုတောင်းနေရသည် မဟုတ်လား။

ညစာစားချိန်ရောက်တော့ ကိုလင်းတစ်ယောက် ဆင်းလာလေသည်။ ပြုံးရယ်ခြင်း ကင်းမဲ့နေသော်လည်း မူလအတိုင်းသည်ပင် တည်ကြည်ခန့်ညားကာ ယောကျာ်း ပီသပြီးသား ရုပ်ရည်ကို ပိုင်ဆိုင်ထား၍ ကြည့်ကောင်းနေသည်မှာတော့ အမှန်ပင်။ ချစ်ရိပ်နှင့် မျက်နှာချင်းဆိုင် ခုံတွင် ကိုလင်းဝင်ထိုင်သည်။ ကိုလင်းရယ်...မျက်နှာချင်းဆိုင် မှာ..ထိုင်နေတာ ချစ်ရိပ်မှန်းရော..သတိထားမိရဲ့လား.....

ဖြစ်နိုင်လျှင် တော့ ဘာမျှပင်စားချင်စိတ်မရှိ။ ဖေဖေ့ကိုကြောက်၍သာ ဆင်း စားရသည့်အဖြစ်။ဘာဟင်းတွေချက်ထား၍ ဘာဟင်းတွေ ထည့်စားမိမှန်း ကိုယ့်ဘာသာကိုယ်ပင်မသိ။

မနက်ဖြန်ဆိုရင်ရော...မင်းကို လွမ်းရဦးမှာလား....
တစ်ယောက်တည်း...ဘယ်အချိနိထိဖြတ်သန်းနေရမှာလဲကွာ...ကို့ကို..တမင်များနှိပ်စက်နေတာလား..ကလေးရယ်..
"အား.....စပ်လိုက်တာ....." မိမိအတွေးနှင့် မိမိမို့ ဘာကိုစားမိလို့ စားမိမှန်းပင်မသိ။

"သားရယ်...ငရုတ်သီးစိမ်း... ဝါးစားမှတော့...စပ်မှာပေါ့...." မေမေကပြောသည်။
"သား..ငရုတ်သီးစိမ်း..စားလိုက်တာလား...မေမေ..."
"အင်းလေ...သားပဲ..ငရုတ်သီးစိမ်းတွေ...ပန်းကန်ထဲခပ်ထည့်ထားပြီးတော့..."

ဒုက္ခပဲ... ။ ဖေဖေ့ကို လှမ်းကြည့်မိတော့ မျက်လုံးစူးကြီးဖြင့်ကြည့်နေလေသည်။ ဘာမျှမပြောပဲနှင့် စိတ်ကိုစုစည်းကာ ဆက်စားနေမိသည်။

"လင်းအံ့... ပြီးရင်..သမီးချစ်ရိပ်ကို...အိမ်လိုက်ပို့လိုက်...မှောင်နေပြီ...ကြားလား..."
"ဟုတ်...ဟုတ်ကဲ့......"
ဖေဖေ့ အမိန့်ဖြစ်နေ၍ မလွန်ဆန်ဝင့်။

ပြီးနောက် ကိုလင်း ချစ်ရိပ်ကို အိမ်ပြန်ပို့ပေးသည်။ တစ်လမ်းလုံး အပ်ကျသံပင် မကြားရ။ အိမ်ရှေ့ရောက်တော့
"ကိုလင်း...သတိထားပြီးနင်းဦးနော်...တွေးစရာရှိရင်..အိမ်ရောက်မှတွေးနော်..အန္တရာယ်များတယ်..."
"အင်းပါ...သွားပြီ..."

သြော်...ကိုလင်း..ငါ့ကိုစကားပြန်ပြောတတ်သေးတာပဲ...ဘာပဲဖြစ်ဖြစ် သူ့အတွက်..စိတ်ပူပေးတဲ့..ကိုယ့်ကို..အသိအမှတ်ပြုပေးသည်ကိုပင်..ကြံဖန်ကျေးဇူးတင်မိသည်.................

&&&&&&&&&&&

စာသင်ခန်းတစ်ခုလုံး တိတ်ဆိတ်နေလေသည်။ ကျောင်းသားအားလုံး၏ အာရုံသည်လည်း စာသင်ခန်းရှေ့တွင်ထိုင်နေသော အတန်းပိုင်ဆရာမနှင့် ဧည့်သည်တစ်ယောက် စကားပြောနေရာသို့။ သို့သော်လည်း နှစ်ကိုယ်ကြားသာသာ ပြောနေသောကြောင့် သဲသဲကွဲကွဲတော့ မကြားရချေ။

ကျွန်တော် ကတော့ တခြားကျောင်းသားများထက် ပို၍ အာရုံစိုက်နေမိ သည်။ အကြောင်းမှာ ဧည့်သည်က ကိုထွန်းသစ်စ ဖြစ်နေသောကြောင့်ပင်။ ဒီနေ့လည်း သွေးသစ် ကျောင်းမလာတာ သုံးရက်ကျော်သွား၍ အုပ်ထိန်းသူကိုယ်တိုင် ခွင့်လာတိုင်ခြင်းဖြစ်သည်။

ဆရာမနှင့် ဘာတွေပြောနေတာလဲ?.... သွေးသစ်ကရောဘာလို့ကျောင်းမလာသေးတာလဲ?.....ကိုထွန်းသစ်စ..ကိုယ်တိုင်လာရတဲ့အကြောင်းကရော...ဘာကြောင့်လဲ?....သွေးသစ်နေရောကောင်းရဲ့လား?.....အတွေးပေါင်း များစွာဖြင့်..ကိုထွန်းသစ်စ ကို..ငေးကြည့်နေရုံမျှတစ်ပါး.. အခြားမရှိတော့ပြီ။

"သွားလိုက်ပါဦးမယ်... ဆရာမ..."
"ကောင်းပါပြီရှင်...ကလေးကိုလည်း...ဂရုစိုက်လိုက်ပါဦး..."
ပြန်ခါနီး နှုတ်ဆက်သည့်အသံ ကိုသာ ကြားရသည့်အဖြစ်။ ကိုထွန်းသစ်စ ကပြန်မည့် ဟန်အပြင် ကျွန်တော့်ကိုသတိထားမိသွား၍ ထင် အနားရောက်လာကာ
"ညီလင်း...သွေးသစ်ကို..သိပ်စိတ်မပူပါနဲ့...သူ..မကြာခင်..ကျောင်းပြန်တက်မှာပါ....စာတော့ဝိုင်းကူပေးထားဦးနော်......" ဟုပြော၍ ပြုံးပြကာ ထွက်သွားလေသည်။

သိပ်စိတ်မပူနဲ့ ဟုပြောသော်လည်း သူကလေးမျက်နှာ မြင်ကာမှ စိတ်အေးနိုင်မည် မဟုတ်လား။

ကျောင်းဆင်းချိန်သို့ရောက်ခဲ့ပြီ။ တစ်နေ့တစ်နေ့က ဘာကြောင့် ဒီလောက် ကြာနေမှန်း ကျွန်တော် မတွေးတတ်တော့ပြီ။ ဒီညနေတော့ ချစ်ရိပ်မပါလာ ။ အတန်းပိုင်ဆရာမက ချစ်ရိပ်နှင့် မိန်းကလေးအချို့ကို ကိစ္စ တစ်ချို့ ခိုင်းရန်ရှိ၍ ကျောင်းမဆင်းခင် တစ်ချိန်အလိုကပင် ခေါ်သွားကြသည်။

တစ်ယောက်တည်း စက်ဘီးကို မစီးဘဲနှင့် တွန်းသာလာခဲ့တော့သည်။ စက်ဘီးစီးလျှင်လည်း ဘေးချင်းကပ်စက်ဘီးတစ်စီးကိုရှာမိ၊ လမ်းလျှောက် ပြန်တော့လည်း ဘေးချင်းယှဥ်ကာ လျှောက်နေကျ လူတစ်ယောက် ကိုမြင်ချင်မိ၊ ကလေးရေ..ကြာရင်..မင်းစိတ်နဲ့..ကိုယ်ရူးမှာပဲ........

မိုးဖွဲကလေး ဖြည်းဖြည်းချင်း ကျဆင်းလာပြီ။ ပိုပို၍ မိုးကသည်းလာလေသည်။ 'ကံဆိုးမ သွားရာ၊ မိုးလိုက်လို့ရွာ' ဆိုသည့် စကားပုံအကြောင်းကို ကျွန်တော် ပို၍ နားလည်လာရသည်။ ကျွန်တော့် တစ်ကိုယ်လုံး မိုးရေများက ဝါးမြိုလာလေပြီ။ မထူးတော့ပြီမို့ မိုးရေထဲ စက်ဘီးတွန်းကာသာ လမ်းလျှောက်လာခဲ့ တော့သည်။

'ဟင်...ငါ့...ကိုယ်ပေါ် ..မိုးရေတွေ..မကျတော့ပါလား..' ဘာကြောင့်လဲ ဟု အပေါ်မော့ကြည့်မိတော့ အနီရောင်  ထီးတစ်လက် နှင့်အတူ အနောက်ဘက်ကိုကြည့်တော့ ချစ်ရိပ်ချို...

"ကိုလင်း...ရယ်..မိုးရွာနေတယ်လေ...ဒီလောက်တော့...သတိထားမိကောင်းပါတယ်.....သွေးသစ်ကို..စိတ်ပူတာအရေးမကြီးဘူး...ကိုလင်းပါ..ဖျားနေမယ်....ကိုလင်းကိုစိတ်ပူနေရတဲ့.....ချစ်ရိပ်ကိုလည်း..သနားပါဦး.........." သူ့ကိုစိတ်ပူသည့်ဇောဖြင့်  ဒေါသသံများပင်ပါအောင် ချစ်ရိပ်အော်မိလိုက်သည်။

' ချစ်ရိပ်က...ငါ့ကို..စိတ်ပူနေတာလား....သြော်..ငါသွေးသစ်ကိုစိတ်ပူသလို...ငါ့ကိုစိတ်ပူမယ့်သူလည်း..ရှိသေးတာပဲ.....' ဟုတွေးမိကာ

"မင်း..ဆောင်းလေ..ချစ်ရိပ်..ငါကစိုပြီးသား..မင်းပါစိုနေမယ်....."
"စိုပါစေ...ချစ်ရိပ်မျက်စိရှေ့မှာ....ကိုလင်းဒီအတိုင်း..စိုနေတာကို..ရပ်မကြည့်နေနိုင်ဘူး...."

သြော်..သူလည်း..ငါ့လိုပဲ..ခေါင်းမာတာပဲ

"ပေး....ငါကိုင်မယ်....မင်းလည်းထီးအောက်ဝင်လေ....ငါတစ်ယောက်တည်းမဆောင်းချင်ဘူး...."

ကိုလင်းက တစ်ယောက်တည်း မဆောင်းချင်ဘူး..  ချစ်ရိပ်နှင့် အတူတူဆောင်းမည်တဲ့....ချစ်ရိပ်နားကြားများလွဲ..သွားတာလား.. ကိုလင်း ရယ်...

သူမကျွန်တော့်နားတိုးလာကာ ထီးအောက်ဝင်လိုက်လေသည်။ အမှန်တကယ်ဆို မိန်းကလေးတစ်ဦး နှင့် ထီးတစ်ချောင်းတည်းဆောင်း ဖူးသည်မှာ ဘဝတွင် ပထမဆုံးဖြစ်၍ ရင်ခုန်စိတ်လှုပ်ရှားနေရမည် မဟုတ်လား။ ထိုသို့ မဖြစ်သည့် ကိုယ့်ကိုကိုယ်ပင် နားမလည်နိုင်။ သွေးသစ်ကလွဲလျှင် ရင်မခုန်တတ်တော့သည့် နှလုံးသားကိုလည်း မကျေမနပ်ဖြစ်မိသည်။

လက်တစ်ဖက်က စက်ဘီးကို  တွန်း၍ တစ်ဖက်က ထီးကိုကိုင်ကာ ကျွန်တော့်ဘေးတွင်လည်း ချစ်ရိပ်က ကပ်လျက်။ မိုးကလည်း တဖြည်းဖြည်း ပိုသည်းလာလေသည်။

လမ်းလျှောက်လာကြရင်းမှ မျက်နှာချင်းဆိုင် မှ အရှိန်ပြင်းပြင်းဖြင့် မောင်းလာသော ကားတစ်စီးကို ကျွန်တော်သတိထားမိလိုက်သည်။ လမ်းမအပြင်ဘက်မှ လျှောက်နေသူက ချစ်ရိပ် ။

မကြာမီ ပင် ထိုကားက အရှိန်ဖြင့် ချစ်ရိပ်ဘေးသို့ ရောက်လာလေသည်။ ချိုင့်ခွက်များကလည်း မိုးရွာလျှင် ရေဝပ်တတ်သည့် အတွက် ချစ်ရိပ်တစ်ကိုယ်လုံး မိုးစိုသည်ထက် ပို၍ ရွှဲစိုပေမည်။

ထို့ကြောင့် စက်ဘီးကိုင်ထားသော လက်တစ်ဖက်ကိုလွှတ်၍ ချစ်ရိပ်၏တစ်ဖက် ပခုံးကိုလှမ်းဖက်ကာ နေရာချင်းရုတ်တရက် လဲလိုက်သည်အထိပင်။

အို....ကိုလင်း...ငါ့ကိုဖက်လိုက်တာလား...ကိုလင်းတစ်ကိုယ်လုံး..ရွံ့ဗွက်ရေတွေ..စင်ကုန်ပြီ.....ကိုလင်းရယ်... အဲ့လိုအမြဲတမ်း...ချစ်ရိပ်နားမှာ..တစ်သက်လုံးကာကွယ်ပေးပါလား......ခုလိုနှစ်ယောက်တည်းပဲ..အမြဲရှိနေချင်တယ်..ကိုလင်းရယ်...ချစ်ရိပ် ရင်တွေခုန်လွန်းလို့....အသက်ရှူရပ်တော့မလားပဲ...သွေးသစ်ကို...ကိုလင်းနားမှာ..မရှိစေချင်တော့ဘူး...ကိုလင်းရယ်...ချစ်ရိပ်အတ္တကြီးချင်မိပြီ.......

"ရရဲ့လား...မင်း...အရမ်းကြောက်သွားလား...."
"ချစ်ရိပ်က..ရပါတယ်....ကိုလင်း...တစ်ကိုယ်လုံး ရေတွေတော်တော်တောင်..ရွှဲကုန်ပြီ...ပြီးတော့...စက်ဘီးလည်း..လဲသွားပြီလေ..."

စက်ဘီးကို ပြန်ထူရန် သူမကို ကျွန်တော်ကိုင်ထားသော ထီးပေးလိုက်ကာ ထူလိုက်ပြီးမှ မူလအတိုင်းသည်ပင် အိမ်အထိလမ်းလျှောက်လာခဲ့တော့သည်။

သွေးသစ်ရေ...မင်းကလွဲလို့...ဘယ်မိန်းကလေးကမှ...ငါ့နှလုံးသားကို..မလှုပ်ခါစေနိုင်တော့ဘူးကွာ....ပြီးတော့.. မင်းဆီက..ကို..လို့ခေါ်တာကို...ငါပြန်ကြားချင်နေပြီကွာ.....မင်းကိုလွမ်းနေတဲ့..လူတစ်ယောက်ကို..မင်းလည်းလွမ်းနေမယ်ဆို..သိပ်ကောင်းမှာပဲကွာ....ပြန်လာပါတော့...................................

&&&&&&&&&&&&&&&&&&&&&&&&

Thank you everyone 😘😘😘

&&&&&&&&&&&&&&&&&&&&&&&&

(Zawgyi)

ကိုလင္း...ကိုလင္း...ေရွ႕မွာလူရွိတယ္ေလ..တိုက္မိေတာ့မွာပဲ......."

စိတ္ကိုျပန္လည္စုစည္းကာ handle ကိုျပန္လွည့္လိုက္ရသည္။ သြားလာစားေသာက္ ေနရေပမယ့္ လူကစိတ္ႏွင့္လူႏွင့္မကပ္ ။ လြမ္းသည္၊သတိရသည္ ဆိုသည္ထက္ သူေလးကို စိတ္ပူသည္။

"ကိုလင္း...ေသြးသစ္...ဘာျဖစ္လို႔လဲ.. မသိဘူးေနာ္...ဒီေန႕နဲ႕ဆို...ေက်ာင္းမတက္တာ..သုံးရက္ေတာင္ရွိသြားၿပီ...အိမ္ကလည္းေသာ့ခတ္ထားေတာ့...ဟင္း......."

ခ်စ္ရိပ္ သည္ပင္ ေသြးသစ္ အတြက္ စိတ္ပူေနရွာၿပီ။ ကြၽန္ေတာ္ဆိုလွ်င္ေတာ့ ေျပာျပစရာ စကားပင္ရွာမရ။ ဟိုေန႕ကစလို႔ ေသြးသစ္ကိုမေတြ႕ရေတာ့သည္မွာ သုံးရက္ပင္ရွိေလၿပီ။ အိမ္တြင္လည္း မည္သူမွ်မရွိ။ ေသြးသစ္အေဖပင္ ျပန္လာေသးပုံမရ။ သူကေလး အေျခအေနကေရာ ဘယ္လိုလဲ? ေနေကာင္းရဲ႕လား?ေတာ္ေတာ္မ်ားျဖစ္ေနလို႔လား? အနည္းဆုံး ေတာ့ အေျခအေနတေစာင္းတေစ့ မွ်  သိခ်င္မိ။ ဘာတစ္ခုမွ် သိေအာင္ မစြမ္းေဆာင္နိုင္ေသာ မိမိကိုယ္ကိုယ္ပင္ အားမလိုအားမရ ျဖစ္ရသည္။

"လူရွင္းၿပီဆိုေတာ့..ခ်စ္ရိပ္..စက္ဘီးေပၚ..တက္လိုက္ေတာ့မယ္ေနာ္....."
"............"

ထုံးစံအတိုင္းပင္ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ကေတာ့ ေက်ာင္းသြားေက်ာင္းျပန္ စက္ဘီးတစ္စီးျဖင့္ပင္။

ေသြးသစ္ရယ္...ကို႔အနား..အျမန္ဆုံးျပန္လာပါ....မင္းဘယ္မွာ..ဘာေတြျဖစ္လို႔...ဘာေတြလုပ္ေနတာလဲ ကြာ....ကို႔..ကိုေရာေမ့ေနၿပီလား...အဲ့ေန႕က...sweet time.. ေလးကိုေရာ..မင္းသတိမွရပါေလစ...ကေလးရယ္...ေနေရာေကာင္းရဲ႕လား..ကြာ..

"အိုး......... " ဟူ၍ ခ်စ္ရိပ္ ၏ လက္ကေလးမ်ား ကြၽန္ေတာ့္ခါးကိုလာဖက္ကာမွ အသိျပန္ဝင္သြားသည္။

'ေၾသာ္..ဟိုတေန႕က.. ေနရာပဲ...'ဟု စိတ္ထဲမွ သတိထားမိသည္။သို႔ေပမယ့္ ထိုေန႕ကအျပဳအမူလိုေတာ့ မလုပ္ျဖစ္။ ေသြးသစ္ကို သတိရေသာ စိတ္မ်ားကိုသာ ပိုတိုးလာေစသည္။

ခဏၾကာေတာ့ ခ်စ္ရိပ္ လက္ကေလးမ်ား ကြၽန္ေတာ့္ခါးမွ ေျဖေလ်ာ့သြားသည့္ တိုင္ေအာင္ ကြၽန္ေတာ္ စကားတစ္ခြန္းမွ် မေျပာပဲ တိတ္ဆိတ္ေနမိသည္။သူမ သည္လည္း တိတ္ဆိတ္ကာသာ လိုက္ပါလာခဲ့ေလသည္။

ခ်စ္ရိပ္က သူမ အိမ္အေကြ႕ နား ေရာက္ခါနီးမွ
"ကိုလင္း...ဒီေန႕..ခ်စ္ရိပ္...ၾကယ္စင့္ကို... စာျပေပးဖို႔ရွိတယ္... ကိုလင္းအိမ္ကိုပဲ...တန္းသြားေတာ့ေနာ္...."
"............."

ကိုလင္းအခုတေလာ ဘာျဖစ္ေနမွန္းမသိ၊႐ုတ္တရက္ ဘာလို႔ ကိုလင္း ခ်စ္ရိပ္အေပၚ စိမ္းကားသြားျပန္တာလဲ? ေသြးသစ္ေၾကာင့္လား? သူငယ္ခ်င္း ျဖစ္တဲ့ ေသြးသစ္အတြက္ ေတာ့ ခ်စ္ရိပ္ကိုယ္တိုင္ ပင္ စိတ္ပူရသည္မွာ မွန္ပါသည္။ သို႔ေသာ္ ကိုလင္းကေတာ့ သိသိသာသာပင္ အမူအရာမ်ား ပ်က္ယြင္းကာ ၊ ဘာလုပ္လုပ္ အလြဲလြဲအေခ်ာ္ေခ်ာ္။
စာသင္ခန္းထဲ တြင္လည္း ေက်ာ္ႀကီးတို႔အဖြဲ႕ ႏွင့္ပင္ သိပ္အေျပာအဆို မရွိသည္ကို ခ်စ္ရိပ္ သတိထားမိေနသည္။တစ္ေယာက္တည္း တစ္ေနရာရာကို စူးစူးစိုက္စိုက္ၾကည့္ကာ သတိလြတ္ေနတတ္သည္က အခါခါ။

ဘာေၾကာင့္လဲ? ေသြးသစ္ကို စ္တ္ပူသည္ဆိုတာထက္ လြမ္းေနတာလား? ကိုလင္းက ေသြးသစ္အေပၚမွာေရာ ရိုးရဲ႕လား? LGBT ဆိုတာႀကီးကို ခ်စ္ရိပ္တျဖည္းျဖည္းသိလာရသည္ႏွင့္အမွ် သူတို႔ၾကားက ဆက္ဆံေရးကို ခ်စ္ရိပ္ သတိထားၾကည့္မိေနသည္။ ကိုလင္းက ေသြးသစ္ကိုမ်ား.....မျဖစ္ပါေစနဲ႕ ..ဟုသာ ဆုေတာင္းမိေနသည္က အႀကိမ္ႀကိမ္ ။

"လာ..မမ...ၾကယ္စင္...ေမွ်ာ္ေနတာ....ေနာက္က်လိဳက္တာ... ကိုကိုရာ...စက္ဘီးနင္းလာတာေရာ... ဟုတ္ရဲ႕လား...."

ၾကယ္စင့္အသံၾကားမွ အသိျပန္ဝင္လာေတာ့ ကိုလင္းအိမ္ပင္ ေရာက္ၿပီ။ စက္ဘီးရပ္ၿပီး ခ်စ္ရိပ္ကို တစ္ခ်က္ပင္ လွည့္မၾကည့္ပဲ ေခါင္းငိုက္စိုက္ျဖင့္ အိမ္ထဲသို႔ ျမန္ျမန္ဝင္သြားေလသည္။ ၾကယ္စင့္ကိုလည္း တစ္ခြန္းမွ် တုံ႕ျပန္ ေျပာဆိုျခင္း မရွိ။ ၾကားေရာၾကားလိုက္ရဲ႕လား...ကိုလင္းရယ္.......

တစ္စတစ္စျဖင့္ ေမွာင္စပ်ိဳးလာေခ်ၿပီ။ ၾကယ္စင့္ကို စာျပေပးသည့္ေန႕မ်ားတြင္ ခ်စ္ရိပ္ အိမ္ျပန္ေနာက္က်တတ္သည္။ ခ်စ္ရိပ္ကငယ္စဥ္ကတည္းက အေမမရွိေတာ့၍ အိမ္ျပန္ေနာက္က်လွ်င္လည္း ဆူေျပာမည့္သူမရွိ။ ေဖေဖကိုယ္တိုင္ကလည္း ခ်စ္ရိပ္ထက္ အေရးႀကီးေသာ ေကာင္မေလးမ်ားေၾကာင့္ အိမ္ကိုဘယ္ေတာ့မွ် ေစာေစာျပန္မေရာက္တတ္။ ခ်စ္ရိပ္အေဒၚျဖစ္သူ ကလည္း သူ႕အိမ္ေထာင္ႏွင့္သူမို႔ ငယ္စဥ္ကတည္းက ခ်စ္ရိပ္က မည္သူ၏ ဂ႐ုစိုက္မႈကိုမွ် မခံရ၊ သြန္သင္ဆုံးမေပးမည့္ သူကလည္းမရွိ။

"သမီးေရ...သမီးအကိုႀကီး...ခုတေလာ..ဘာျဖစ္ေနလဲ... မသိပါဘူး...ေမးေတာ့လည္းမေျဖဘူး...."
အိမ္အေပၚထပ္မွ ဆင္းလာေသာ ကိုလင္းေမေမက စိတ္ပ်က္လက္ပ်က္ျဖင့္ ၾကယ္စင့္ကိုေျပာျပေနေလသည္။

"ဘာျဖစ္လို႔လဲ... ေမေမ..."
"ဘာျဖစ္ရမွာလဲ... ေက်ာင္းကျပန္လာ..ကတည္းက..
အခန္းထဲဝင္သြားတာ.. ျပန္ထြက္မလာလို႔...သြားၾကည့္တာ...ေက်ာင္းဝတ္စုံေတာင္..မလဲဘဲ...ခုခ်ိန္ထိ..ကုတင္ေျခရင္းမွာ...ဒူးတုတ္ၿပီး...မလႈပ္မယွက္... ထိုင္ေနေလရဲ႕ ...... "

"ေမေမက..မေမးၾကည့္ဘူးလား...ကိုကို႔ကို...."
"ေမေမက...သားဘာျဖစ္လာတာလဲ...ေနေကာင္းရဲ႕လား..လို႔ေမးတာကို...တစ္ခြန္းမွ်.. ျပန္မေျပာပဲ...မၾကားသလို..ေရခ်ိဳးခန္းထဲဝင္သြားတယ္ေလ....."
"........."

ကိုလင္းရယ္.. ေက်ာင္းမွာပဲ မူပ်က္ေနတယ္ထင္တာ..အိမ္မွာပိုေတာင္ဆိုးေနပါလား.....ခ်စ္ရိပ္ထင္သလို......

"မမ..ေမေမ​ ေျပာေနတယ္ေလ....ညစာစားၿပီးမွ..ျပန္တဲ့ေနာ္...."
"Sorry..ၾကယ္စင္...မမ..မၾကားလိုက္လို႔...." အမွန္တကယ္ပင္ ကိုယ့္အေတြးႏွင့္ကိုယ္မို႔  မၾကားလိုက္။

"မမေရာ..ကိုကိုေရာ...ဘာျဖစ္ေနတာလဲမသိဘူး...ႏွစ္ေယာက္ၾကားမွာ...တစ္ခုခုေတာ့..တစ္ခုခုပဲရွိရမယ္...."
"ဘာတစ္ခုခုမွ..မရွိပါဘူး...ၾကယ္စင္ရယ္...."
တကယ္ေတာ့ ခ်စ္ရိပ္ဘက္ကသာ တစ္ခုခုျဖစ္ဖို႔ ဆုေတာင္းေနရသည္ မဟုတ္လား။

ညစာစားခ်ိန္ေရာက္ေတာ့ ကိုလင္းတစ္ေယာက္ ဆင္းလာေလသည္။ ၿပဳံးရယ္ျခင္း ကင္းမဲ့ေနေသာ္လည္း မူလအတိုင္းသည္ပင္ တည္ၾကည္ခန့္ညားကာ ေယာက်ာ္း ပီသၿပီးသား ႐ုပ္ရည္ကို ပိုင္ဆိုင္ထား၍ ၾကည့္ေကာင္းေနသည္မွာေတာ့ အမွန္ပင္။ ခ်စ္ရိပ္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ ခုံတြင္ ကိုလင္းဝင္ထိုင္သည္။ ကိုလင္းရယ္...မ်က္ႏွာခ်င္းဆိုင္ မွာ..ထိုင္ေနတာ ခ်စ္ရိပ္မွန္းေရာ..သတိထားမိရဲ႕လား.....

ျဖစ္နိုင္လွ်င္ ေတာ့ ဘာမွ်ပင္စားခ်င္စိတ္မရွိ။ ေဖေဖ့ကိုေၾကာက္၍သာ ဆင္း စားရသည့္အျဖစ္။ဘာဟင္းေတြခ်က္ထား၍ ဘာဟင္းေတြ ထည့္စားမိမွန္း ကိုယ့္ဘာသာကိုယ္ပင္မသိ။

မနက္ျဖန္ဆိုရင္ေရာ...မင္းကို လြမ္းရဦးမွာလား....
တစ္ေယာက္တည္း...ဘယ္အခ်ိနိထိျဖတ္သန္းေနရမွာလဲကြာ...ကို႔ကို..တမင္မ်ားႏွိပ္စက္ေနတာလား..ကေလးရယ္..
"အား.....စပ္လိုက္တာ....." မိမိအေတြးႏွင့္ မိမိမို႔ ဘာကိုစားမိလို႔ စားမိမွန္းပင္မသိ။

"သားရယ္...င႐ုတ္သီးစိမ္း... ဝါးစားမွေတာ့...စပ္မွာေပါ့...." ေမေမကေျပာသည္။
"သား..င႐ုတ္သီးစိမ္း..စားလိုက္တာလား...ေမေမ..."
"အင္းေလ...သားပဲ..င႐ုတ္သီးစိမ္းေတြ...ပန္းကန္ထဲခပ္ထည့္ထားၿပီးေတာ့..."

ဒုကၡပဲ... ။ ေဖေဖ့ကို လွမ္းၾကည့္မိေတာ့ မ်က္လုံးစူးႀကီးျဖင့္ၾကည့္ေနေလသည္။ ဘာမွ်မေျပာပဲႏွင့္ စိတ္ကိုစုစည္းကာ ဆက္စားေနမိသည္။

"လင္းအံ့... ၿပီးရင္..သမီးခ်စ္ရိပ္ကို...အိမ္လိုက္ပို႔လိုက္...ေမွာင္ေနၿပီ...ၾကားလား..."
"ဟုတ္...ဟုတ္ကဲ့......"
ေဖေဖ့ အမိန့္ျဖစ္ေန၍ မလြန္ဆန္ဝင့္။

ၿပီးေနာက္ ကိုလင္း ခ်စ္ရိပ္ကို အိမ္ျပန္ပို႔ေပးသည္။ တစ္လမ္းလုံး အပ္က်သံပင္ မၾကားရ။ အိမ္ေရွ႕ေရာက္ေတာ့
"ကိုလင္း...သတိထားၿပီးနင္းဦးေနာ္...ေတြးစရာရွိရင္..အိမ္ေရာက္မွေတြးေနာ္..အႏၱရာယ္မ်ားတယ္..."
"အင္းပါ...သြားၿပီ..."

ေၾသာ္...ကိုလင္း..ငါ့ကိုစကားျပန္ေျပာတတ္ေသးတာပဲ...ဘာပဲျဖစ္ျဖစ္ သူ႕အတြက္..စိတ္ပူေပးတဲ့..ကိုယ့္ကို..အသိအမွတ္ျပဳေပးသည္ကိုပင္..ႀကံဖန္ေက်းဇူးတင္မိသည္.................

&&&&&&&&&&&

စာသင္ခန္းတစ္ခုလုံး တိတ္ဆိတ္ေနေလသည္။ ေက်ာင္းသားအားလုံး၏ အာ႐ုံသည္လည္း စာသင္ခန္းေရွ႕တြင္ထိုင္ေနေသာ အတန္းပိုင္ဆရာမႏွင့္ ဧည့္သည္တစ္ေယာက္ စကားေျပာေနရာသို႔။ သို႔ေသာ္လည္း ႏွစ္ကိုယ္ၾကားသာသာ ေျပာေနေသာေၾကာင့္ သဲသဲကြဲကြဲေတာ့ မၾကားရေခ်။

ကြၽန္ေတာ္ ကေတာ့ တျခားေက်ာင္းသားမ်ားထက္ ပို၍ အာ႐ုံစိုက္ေနမိ သည္။ အေၾကာင္းမွာ ဧည့္သည္က ကိုထြန္းသစ္စ ျဖစ္ေနေသာေၾကာင့္ပင္။ ဒီေန႕လည္း ေသြးသစ္ ေက်ာင္းမလာတာ သုံးရက္ေက်ာ္သြား၍ အုပ္ထိန္းသူကိုယ္တိုင္ ခြင့္လာတိုင္ျခင္းျဖစ္သည္။

ဆရာမႏွင့္ ဘာေတြေျပာေနတာလဲ?.... ေသြးသစ္ကေရာဘာလို႔ေက်ာင္းမလာေသးတာလဲ?.....ကိုထြန္းသစ္စ..ကိုယ္တိုင္လာရတဲ့အေၾကာင္းကေရာ...ဘာေၾကာင့္လဲ?....ေသြးသစ္ေနေရာေကာင္းရဲ႕လား?.....အေတြးေပါင္း မ်ားစြာျဖင့္..ကိုထြန္းသစ္စ ကို..ေငးၾကည့္ေန႐ုံမွ်တစ္ပါး.. အျခားမရွိေတာ့ၿပီ။

"သြားလိုက္ပါဦးမယ္... ဆရာမ..."
"ေကာင္းပါၿပီရွင္...ကေလးကိုလည္း...ဂ႐ုစိုက္လိုက္ပါဦး..."
ျပန္ခါနီး ႏႈတ္ဆက္သည့္အသံ ကိုသာ ၾကားရသည့္အျဖစ္။ ကိုထြန္းသစ္စ ကျပန္မည့္ ဟန္အျပင္ ကြၽန္ေတာ့္ကိုသတိထားမိသြား၍ ထင္ အနားေရာက္လာကာ
"ညီလင္း...ေသြးသစ္ကို..သိပ္စိတ္မပူပါနဲ႕...သူ..မၾကာခင္..ေက်ာင္းျပန္တက္မွာပါ....စာေတာ့ဝိုင္းကူေပးထားဦးေနာ္......" ဟုေျပာ၍ ၿပဳံးျပကာ ထြက္သြားေလသည္။

သိပ္စိတ္မပူနဲ႕ ဟုေျပာေသာ္လည္း သူကေလးမ်က္ႏွာ ျမင္ကာမွ စိတ္ေအးနိုင္မည္ မဟုတ္လား။

ေက်ာင္းဆင္းခ်ိန္သို႔ေရာက္ခဲ့ၿပီ။ တစ္ေန႕တစ္ေန႕က ဘာေၾကာင့္ ဒီေလာက္ ၾကာေနမွန္း ကြၽန္ေတာ္ မေတြးတတ္ေတာ့ၿပီ။ ဒီညေနေတာ့ ခ်စ္ရိပ္မပါလာ ။ အတန္းပိုင္ဆရာမက ခ်စ္ရိပ္ႏွင့္ မိန္းကေလးအခ်ိဳ႕ကို ကိစၥ တစ္ခ်ိဳ႕ ခိုင္းရန္ရွိ၍ ေက်ာင္းမဆင္းခင္ တစ္ခ်ိန္အလိုကပင္ ေခၚသြားၾကသည္။

တစ္ေယာက္တည္း စက္ဘီးကို မစီးဘဲႏွင့္ တြန္းသာလာခဲ့ေတာ့သည္။ စက္ဘီးစီးလွ်င္လည္း ေဘးခ်င္းကပ္စက္ဘီးတစ္စီးကိုရွာမိ၊ လမ္းေလွ်ာက္ ျပန္ေတာ့လည္း ေဘးခ်င္းယွဥ္ကာ ေလွ်ာက္ေနက် လူတစ္ေယာက္ ကိုျမင္ခ်င္မိ၊ ကေလးေရ..ၾကာရင္..မင္းစိတ္နဲ႕..ကိုယ္႐ူးမွာပဲ........

မိုးဖြဲကေလး ျဖည္းျဖည္းခ်င္း က်ဆင္းလာၿပီ။ ပိုပို၍ မိုးကသည္းလာေလသည္။ 'ကံဆိုးမ သြားရာ၊ မိုးလိုက္လို႔႐ြာ' ဆိုသည့္ စကားပုံအေၾကာင္းကို ကြၽန္ေတာ္ ပို၍ နားလည္လာရသည္။ ကြၽန္ေတာ့္ တစ္ကိုယ္လုံး မိုးေရမ်ားက ဝါးၿမိဳလာေလၿပီ။ မထူးေတာ့ၿပီမို႔ မိုးေရထဲ စက္ဘီးတြန္းကာသာ လမ္းေလွ်ာက္လာခဲ့ ေတာ့သည္။

'ဟင္...ငါ့...ကိုယ္ေပၚ ..မိုးေရေတြ..မက်ေတာ့ပါလား..' ဘာေၾကာင့္လဲ ဟု အေပၚေမာ့ၾကည့္မိေတာ့ အနီေရာင္  ထီးတစ္လက္ ႏွင့္အတူ အေနာက္ဘက္ကိုၾကည့္ေတာ့ ခ်စ္ရိပ္ခ်ိဳ...

"ကိုလင္း...ရယ္..မိုး႐ြာေနတယ္ေလ...ဒီေလာက္ေတာ့...သတိထားမိေကာင္းပါတယ္.....ေသြးသစ္ကို..စိတ္ပူတာအေရးမႀကီးဘူး...ကိုလင္းပါ..ဖ်ားေနမယ္....ကိုလင္းကိုစိတ္ပူေနရတဲ့.....ခ်စ္ရိပ္ကိုလည္း..သနားပါဦး.........." သူ႕ကိုစိတ္ပူသည့္ေဇာျဖင့္  ေဒါသသံမ်ားပင္ပါေအာင္ ခ်စ္ရိပ္ေအာ္မိလိုက္သည္။

' ခ်စ္ရိပ္က...ငါ့ကို..စိတ္ပူေနတာလား....ေၾသာ္..ငါေသြးသစ္ကိုစိတ္ပူသလို...ငါ့ကိုစိတ္ပူမယ့္သူလည္း..ရွိေသးတာပဲ.....' ဟုေတြးမိကာ

"မင္း..ေဆာင္းေလ..ခ်စ္ရိပ္..ငါကစိုၿပီးသား..မင္းပါစိုေနမယ္....."
"စိုပါေစ...ခ်စ္ရိပ္မ်က္စိေရွ႕မွာ....ကိုလင္းဒီအတိုင္း..စိုေနတာကို..ရပ္မၾကည့္ေနနိုင္ဘူး...."

ေၾသာ္..သူလည္း..ငါ့လိုပဲ..ေခါင္းမာတာပဲ

"ေပး....ငါကိုင္မယ္....မင္းလည္းထီးေအာက္ဝင္ေလ....ငါတစ္ေယာက္တည္းမေဆာင္းခ်င္ဘူး...."

ကိုလင္းက တစ္ေယာက္တည္း မေဆာင္းခ်င္ဘူး..  ခ်စ္ရိပ္ႏွင့္ အတူတူေဆာင္းမည္တဲ့....ခ်စ္ရိပ္နားၾကားမ်ားလြဲ..သြားတာလား.. ကိုလင္း ရယ္...

သူမကြၽန္ေတာ့္နားတိုးလာကာ ထီးေအာက္ဝင္လိုက္ေလသည္။ အမွန္တကယ္ဆို မိန္းကေလးတစ္ဦး ႏွင့္ ထီးတစ္ေခ်ာင္းတည္းေဆာင္း ဖူးသည္မွာ ဘဝတြင္ ပထမဆုံးျဖစ္၍ ရင္ခုန္စိတ္လႈပ္ရွားေနရမည္ မဟုတ္လား။ ထိုသို႔ မျဖစ္သည့္ ကိုယ့္ကိုကိုယ္ပင္ နားမလည္နိုင္။ ေသြးသစ္ကလြဲလွ်င္ ရင္မခုန္တတ္ေတာ့သည့္ ႏွလုံးသားကိုလည္း မေက်မနပ္ျဖစ္မိသည္။

လက္တစ္ဖက္က စက္ဘီးကို  တြန္း၍ တစ္ဖက္က ထီးကိုကိုင္ကာ ကြၽန္ေတာ့္ေဘးတြင္လည္း ခ်စ္ရိပ္က ကပ္လ်က္။ မိုးကလည္း တျဖည္းျဖည္း ပိုသည္းလာေလသည္။

လမ္းေလွ်ာက္လာၾကရင္းမွ မ်က္ႏွာခ်င္းဆိုင္ မွ အရွိန္ျပင္းျပင္းျဖင့္ ေမာင္းလာေသာ ကားတစ္စီးကို ကြၽန္ေတာ္သတိထားမိလိုက္သည္။ လမ္းမအျပင္ဘက္မွ ေလွ်ာက္ေနသူက ခ်စ္ရိပ္ ။

မၾကာမီ ပင္ ထိုကားက အရွိန္ျဖင့္ ခ်စ္ရိပ္ေဘးသို႔ ေရာက္လာေလသည္။ ခ်ိဳင့္ခြက္မ်ားကလည္း မိုး႐ြာလွ်င္ ေရဝပ္တတ္သည့္ အတြက္ ခ်စ္ရိပ္တစ္ကိုယ္လုံး မိုးစိုသည္ထက္ ပို၍ ႐ႊဲစိုေပမည္။

ထို႔ေၾကာင့္ စက္ဘီးကိုင္ထားေသာ လက္တစ္ဖက္ကိုလႊတ္၍ ခ်စ္ရိပ္၏တစ္ဖက္ ပခုံးကိုလွမ္းဖက္ကာ ေနရာခ်င္း႐ုတ္တရက္ လဲလိုက္သည္အထိပင္။

အို....ကိုလင္း...ငါ့ကိုဖက္လိုက္တာလား...ကိုလင္းတစ္ကိုယ္လုံး..႐ြံ႕ဗြက္ေရေတြ..စင္ကုန္ၿပီ.....ကိုလင္းရယ္... အဲ့လိုအၿမဲတမ္း...ခ်စ္ရိပ္နားမွာ..တစ္သက္လုံးကာကြယ္ေပးပါလား......ခုလိုႏွစ္ေယာက္တည္းပဲ..အၿမဲရွိေနခ်င္တယ္..ကိုလင္းရယ္...ခ်စ္ရိပ္ ရင္ေတြခုန္လြန္းလို႔....အသက္ရႉရပ္ေတာ့မလားပဲ...ေသြးသစ္ကို...ကိုလင္းနားမွာ..မရွိေစခ်င္ေတာ့ဘူး...ကိုလင္းရယ္...ခ်စ္ရိပ္အတၱႀကီးခ်င္မိၿပီ.......

"ရရဲ႕လား...မင္း...အရမ္းေၾကာက္သြားလား...."
"ခ်စ္ရိပ္က..ရပါတယ္....ကိုလင္း...တစ္ကိုယ္လုံး ေရေတြေတာ္ေတာ္ေတာင္..႐ႊဲကုန္ၿပီ...ၿပီးေတာ့...စက္ဘီးလည္း..လဲသြားၿပီေလ..."

စက္ဘီးကို ျပန္ထူရန္ သူမကို ကြၽန္ေတာ္ကိုင္ထားေသာ ထီးေပးလိုက္ကာ ထူလိုက္ၿပီးမွ မူလအတိုင္းသည္ပင္ အိမ္အထိလမ္းေလွ်ာက္လာခဲ့ေတာ့သည္။

ေသြးသစ္ေရ...မင္းကလြဲလို႔...ဘယ္မိန္းကေလးကမွ...ငါ့ႏွလုံးသားကို..မလႈပ္ခါေစနိုင္ေတာ့ဘူးကြာ....ၿပီးေတာ့.. မင္းဆီက..ကို..လို႔ေခၚတာကို...ငါျပန္ၾကားခ်င္ေနၿပီကြာ.....မင္းကိုလြမ္းေနတဲ့..လူတစ္ေယာက္ကို..မင္းလည္းလြမ္းေနမယ္ဆို..သိပ္ေကာင္းမွာပဲကြာ....ျပန္လာပါေတာ့...................................

&&&&&&&&&&&&&&&&&&&&&&&&

Thank you everyone 😘😘😘

&&&&&&&&&&&&&&&&&&&&&&&&

واصل القراءة

ستعجبك أيضاً

135K 9.5K 35
အကို့ကို ဘာလို့ချစ်​ရသလဲ​မေးကြတဲ့အခါ ကျွန်​တော့်​မှာ​ဖြေစရာ အ​ဖြေမရှိ။ အကိုက ကျွန်​တော့်​အတွက်​အ​ဖြေမရှိတဲ့ ​မေးခွန်းပဲ..... ...
3.9M 267K 81
Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင္းငါ့ကိုအရင္ေက်ာခိုင္းရင္ မင္းထားခဲ႔တဲ႔အ...
864K 108K 181
Story is available in both unicode and zawgi.This is not my own creation. I'm just having fun translation. I give full credit to original author and...
1.1M 100K 142
Authors: Ka Pi Chu, Zhang Pei Wen Xue, Zhen Shai All credits to owner. Translated by Lilac🌺 ❗နာမည်တွေမှားနေပါတယ်၊ အချိန်မအားတာကြောင့်မပြင်ရသေးပါ။ သိ...