မုန်းရဲ့အလင်းရောင်

By ShayyLinkar

479K 28.9K 1K

သူငယ်ချင်းဆိုတဲ့ အဖြူရောင်အလွှာလေးကိုငါအရောင်တွေစွန်းထင်စေမိပီအလင်း မုန်း(မုန်းမာန်) သူငယ်ချင်းဆိုတဲ့တံတိုင်း... More

Part 1 (U+Z)
Part 2 (U+Z)
Part 3 (U+Z)
Part 4 (U+Z)
Part 5 (U+Z)
Part 6 (U+Z)
Part 7 (U+Z)
Part 8 (U+Z)
Part 9 (U+Z)
Part 10 (U+Z)
Part 11 (U+Z)
Part 12(U+Z)
Part 13 (U+Z)
Apologize
Part 14 (U+Z)
Part 15 (U+Z)
Part 17 (U+Z)
Part 18 (U+Z)
Part 19 (U+Z)
Part 20 (U+Z)
Part 21 (U+Z)
Part 22 (U+Z)
Part 23 (U+Z)
Part 23 (Zawgyi)
Part 24 (U+Z)
Part 25 (U+Z)
Part 26 (U+Z)
Part 27 (U+Z)
Part 28 (U+Z)
Part 29 (U+Z)
Part 30 (U+Z)
Part 31 (U+Z)
Part 32 (U+Z)
Part 33 (U+Z)
Part 34 (U+Z)
Part 35 (U+Z) Waning
New Fic
Part 36 (U+Z)
Part 37 (U+Z) Waning
Part 38 (U+Z)
Part 39 (U+Z)
Part 40 (U+Z)
Part 41 (U+Z)
Part 42 (U+Z) The End
ကျေးဇူးတင်လွှာ & ရည်ရွယ်ချက်
Extra 1 (U+Z)

Part 16 (U+Z)

9.2K 664 18
By ShayyLinkar

#Unicode

မုန်း‌ဒီနေ့ သင်တန်းတက်ဖို့ဆိုပြီး ရန်ကုန်ကိုလာခဲ့တာပါ။ ရန်ကုန်လာမယ်ဆိုတာကို အလင်းကို Surprise ချင်တာမို့ မပြောသေးဘဲ နေလိုက်တယ်။ မနက်အစောကြီးက ထွက်လာတာမို့ ရန်ကုန်ရောက်တော့ ရှစ်နာရီထိုးနေပါပြီ။

ခါတိုင်းဆို မနက်တိုင်းအလင်းကို ဖုန်းခေါ်နေကြဖြစ်ပေမယ့် ဒီနေ့တော့ တမင်ဖုန်းမခေါ်ဘဲ ထားလိုက်တယ်။ သူဖုန်းခေါ်တာကို ပြန်လည်း မခေါ်သလို ကိုင်လည်းမကိုင်ဘဲနေလိုက်တယ်။ သူဘယ်လို ဖြစ်နေမလဲဆိုတာ သိချင်လို့ပါ။

မုန်းနေမယ့်အခန်းကိုရောက်တော့ ပစ္စည်းတွေနေရာချကာ ခဏအနားယူပြီး ရေမိုးချိုးလိုက်တယ်။ ရေမိုးချိုးပြီးတဲ့အခါ 12နာရီတောင်ထိုးနေပါပြီ။

“မေမေ”

“ရှင်”

“သားအလင်းဆီကို ခဏသွားချင်တယ်”

“နောက်နေ့မှသွားပါ့လား သားရယ်။ ခုမှရောက်တာ ခရီးပန်မှာပေါ့”

“ရတယ် မေမေ။ သားသွားချင်လို့ပါနော် . . နော် . . မေမေနော်”

“ကဲသွားချင်လည်း သွားပါရှင့်။ စောစောတော့ ပြန်ခဲ့။ မင်းအဖေ မလာခင်ပြန်ခဲ့ ဟုတ်ပြီလား”

“ဟုတ်မေမေ ကျေးဇူးပါ”

အလင်းကို ဖုန်းအရင်ဆက်ဦးမှပါ။ ခုဘယ်မှာလဲလို့မေးပြီး အိမ်မှာရှိတယ်ဆိုရင် သူ့ဆီကိုသွားရမယ်။ သူ့လိပ်စာကို ကိုယ်အလွတ်ရနေတာဆိုတော့ သူအိမ်ရှေ့ရောက်မှ အိမ်ရှေ့ကို ထွက်လာခဲ့ဆိုပြီး ဖုန်းဆက်လိုက်ရင် လုံးဝ Surprise ဖြစ်သွားမှာပဲ။

ကိုယ်အတွေးနဲ့ကိုယ်ပျော်ပြီး အလင်းကိုဖုန်းခေါ်တော့ ချက်ခြင်းမကိုင်ဘဲ ခဏကြာမှကိုင်လေတယ်။ ဖုန်းကိုင်တာနဲ့ ဘယ်မှာလဲလို့ မုန်း ချက်ချင်းမေးလိုက်တော့ ရုပ်ရှင်ရုံမှာတဲ့။ ဘယ်သူနဲ့လဲလို့ မေးတော့ မေသူသူလင်းနဲ့တဲ့လေ။ အလင်းအဖြေက ရင်ဝကို စောင့်ကန်လိုက်သလိုပါပဲ။ တော်တော်လေးကို အမောပြေသွားပါတယ်။ Surprise ကလည်း သူ့ကို ကိုယ်က မတိုက်လိုက်ရဘဲ သူကကိုယ့်ကို တိုက်သွားပါတယ်။

ဘာလို့တွေ့တာလဲလို့ မေးကြည့်တော့ ဟိုမူလီမက ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံရလို့တဲ့။ ယုံချင်စရာကြီးကိုး။ တုံးအနေတဲ့ အလင်းပဲယုံမှာ။ ငါတော့မယုံဘူး မူလီမရဲ့ မူယာမာယာကိုများတယ်။ ပိုက်ဆံအိတ်ပျောက်တဲ့သူက ရုပ်ရှင်ကြည့်ဖို့ ခေါ်သေးတယ်ဆိုပဲ။ ဪ ပိုက်ဆံအိတ်ပျောက်တော့ စိတ်ချမ်းသာနေလို့ ကြည့်တာနေမှာပေါ့။ အဟက် ရယ်ရတယ် မူလီမ။

မုန်းက အလင်းကို သူငယ်ချင်းတစ်ယောက် လာကြည့်လိမ့်မယ်ပြောပြီး လက်မှတ်တစ်ခုံ ပိုဖြတ်ခိုင်းလိုက်ကာ သုံးခုံဝယ်ခိုင်းလိုက်တယ်။ ပြီးတော့ ဘယ်မှာ စောင့်မလဲလို့မေးတော့ ဂမုန်းပွင့်အောက်ဆုံးထပ်က Lotteria တဲ့။ Okလေ ငါနဲ့‌တွေ့ကြပြီပေါ့ မူလီမရေ။

မုန်း အိမ်ကကားမောင်းတဲ့ဦးလေးကို ဂမုန်းပွင့်ကို လိုက်ပို့ခိုင်းလိုက်တယ်။ ဂမုန်းပွင့်ရောက်တော့ ဦးလေးကိုပြန်ခိုင်းပြီး ဂမုန်းပွင့်အောက်ဆုံးထပ်က Lotteria ကြက်ကြော်ဆိုင်ကိုရှာရပါတယ်။

ဟော . . တွေ့ပါပြီ ဆိုင်ကို။ ဆိုင်ထဲမှာ အလင်းကို လိုက်ရှာတော့ တွေရပါပြီ မောင်အလင်းကို။ ဆိုင်ရဲ့ထောင့်ဆုံးမှာ မူလီမနဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး ပြုံးလို့ပျော်လို့။ ဘေးတိုက် မြင်နေရတာတောင် အပြုံးတွေက အသက်ဝင်နေပါရောလား မောင်အလင်းရဲ့။

ဝတ်ထားတာလည်း ရှိူးစမိူအပြည့်နဲ့။ ဂျင်းဘောင်ဘီအကျပ် Body Fit ကို ရှပ်အင်္ကျီအပွ ခါးရှည်နဲ့တွဲဝတ်ထားပြီး ကျွန်တော်ပေးထားတဲ့ ဦးထုပ်ကိုစောင်းထားကာ ပဲများနေတာပါ။‌ လိုလား မူလီမနဲ့တွေ့တာ အဲ့လောက် ဝတ်ဖို့လိုလား။

မုန်း အလင်းအနားကိုရောက်တဲ့အထိ လျှောက်သွားလိုက်တယ်။ အနားကို ရောက်တော့မှ အလင်းကိုခေါ်လိုက်တယ်။

“အလင်း”

“ဟင် မုန်း။ ဟ အားးး ဘယ်ကနေ ဘယ်လို ရောက်လာတာလဲကွာ။ ငါ့ကိုလည်း မပြောဘူး။ မင်းလာမယ်ဆို ငါလာခေါ်မှာပေါ့”

ပြောလည်းပြော ဖက်လည်းဖက်ကာ ပါးကိုလည်းဖြစ်လိုက်နဲ့ လူကို အရုပ်များမှတ်နေလား အလင်းစုတ်ရဲ့။ ဟိုမူလီမကို ကြည့်လိုက်တော့ ရုပ်က အီးမှန်ထားတဲ့ရုပ်နဲ့။ မှန်းချက်နဲ့နှမ်းထွက် မကိုက်ဖြစ်သွားလား ဒေါ်မူလီ။ Sorry ပါ ငါလာတာ‌ နင်အဲ့လောက် ပျော်သွားမယ်လို့ ထင်မထားဘူး အဟက်။

မေသူ့မှာ အလင်းနဲ့ရုပ်ရှင်ကြည့်ရဖို့ အိတ်ထဲရှိတဲ့ ပိုက်ဆံအိတ်ကိုတောင် ပျောက်သွားတယ် လုပ်ထားရတာ။‌ ဒီတောက်တဲ့ကောင်က ဘယ်က ရောက်လာတာလဲ။ မြောင်းမြကလူက ဒီကို ဘယ်လို ရောက်လာတာတုန်း။ စိတ်ပိန်လိုက်တာဟယ်။ တောက်တဲ့နဲ့ ဖားပျံနဲ့ စပ်ကျထားသလား‌ မှတ်ရတယ်။ ကျောင်းတက်တုန်းကလည်း ကျောင်းတက်တုန်းမို့ မခွာဘူး။ ကျောင်းပြီးတော့လည်း ကပ်နေတုန်းပဲ။ ဒီတောက်ဖားကတော့ ငါအတော် စိတ်တိုနေပါပြီနော်။

“မုန်းမာန် ဘယ်ကနေဘယ်လို ရောက်လာတာလဲ”

မူလီမ အလင်းကိုကြတော့ အလင်း အလင်းနဲ့ နာမည်က အလင်းရောင်ဆိုတာကိုတောင် မေ့နေပြီလားမသိ။ ငါ့ကြမှ မုန်းမာန်တဲ့ မူလီစုတ်မ။

“ခုပဲရောက်တာ။ ငါရောက်လာတော့ နင်အတော်လေး ဝမ်းသာသွားပုံရတယ်။ ရောက်တုန်းလေးရုပ်ရှင် အတူတူ ကြည့်ရအောင်လေ။ နင့် မျှော်လင့်ချက်လေး ရိုက်ချိုးမိသလို ဖြစ်သွားရင် sorryနော်မေသူ။‌ နင်မျှော်လင့်သလို ဖြစ်မလာဘဲ ငါက မဖိတ်ခေါ်ဘဲ ရောက်လာသလို ဖြစ်သွားရင် sorryနော်”

“ရပါတယ် မုန်းမာန်ရယ် နင်ကလည်း သူငယ်ချင်း အချင်းချင်းပဲကို ဟင်း ဟင်း”

“ဟင်း ဟင်း”

သူကတောင် လူယုတ်မာရယ်သံနဲ့ လာဟင်းတာ မုန်းလည်း သူနဲ့ တစ်ထေရာတည်း တူအောင် ပြန်ဟင်းလိုက်တယ်။ အလင်းကြည့်ရတာလည်း အူတူတူ အတတနဲ့ ဘာမှမသိတဲ့ရုပ်နဲ့။ ငါစိတ်ရှည်တယ်နော် အလင်း။ ငါစိတ်ပေါက်ပေါက်နဲ့ ဆွဲခေါ်သွားလိုက်ရ မကောင်းရှိဝောာ့မယ်။

“ဪ . . ဒါနဲ့ မုန်းမာန် မေသူတို့က လက်မှတ်ဖြတ်ပြီးပြီရယ်။ မုန်းမာန်က ခုမှ လက်မှတ်ဖြတ်ရင် ခုံနံပတ်ကပ်လျက် မရလောက်တော့ဘူး။ ဖြစ်ပါ့မလား”

“အလင်း မင်းကို သုံးခုံဖြတ်ခိုင်းတာ ဖြတ်ထားတယ်မို့လား”

မေသူ့အပြောကို ဂရုမစိုက်ဘဲ အလင်းကိုပဲ မေးလိုက်တယ်။

“အင်း ဖြတ်ထားတယ်လေ။ မင်းသူငယ်ချင်းလာမယ်ဆိုလို့ ငါ့မှာ ရင်ပူသွားတာပဲ။ ငါမသိတဲ့ ဘယ်က သူငယ်ချင်းတွေများ ရနေတာလဲလို့”

သူကလည်း သူစိတ်ပူတာကို ကြော်ငြာကဝင်လိုက်ရသေး။

“ငါသူငယ်ချင်းရတာကို မင်းက ဘာလို့ ရင်ပူရတာလဲ”

ဟုတ်တယ်လေ သူက ဘာကိုရင်ပူ။ သူငယ်ချင်းရတာပဲ ဘာရင်ပူစရာရှိ။

“ဟမ်! ဪ . . မင်းက ငါတို့လေးယောက်အပြင် တခြားသူငယ်ချင်းမှ မရှိတာ။ မင်းကို အပေါင်းအသင်း မှားမှာဆိုးလို့ပေါ့ကွ”

ဘာတွေပြောလိုက်တာလဲ အလင်း။ စကားကို ဘယ်လိုတွေ ပြောနေတာလဲ မဆင်မခြင်နဲ့။

“ဪ . . .ခု ငါက အပေါင်းအသင်း အမှန်တွေရထားတာပဲ။ အမလေး ဝမ်းသာလိုက်တာ။ သူတို့ကိုယ်သူတို့တော့ အကောင်းပေါ့ အဟက် ရယ်ရတယ် အလင်း။ မင်က လိပ်မျိုး”

“အဟဲ”

“ဘာမှ ရင်ပူမနေနဲ့။ ငါ့မှာ မင်းတို့ကလွဲရင် ဘယ်သူငယ်ချင်းမှမရှိဘူး။ မင်းကို Surprise လာလုပ်တာ။ ဒါပေမဲ့ မင်းတစ်ယောက်တည်း Surprise ဖြစ်သွားတာ မဟုတ်တော့ ငါ့ Surprise က အတော်ထိရောက်တယ် အဟက်။ ခုတော့ ရုပ်ရှင်သွားကြည့်မယ် လာ။ မေသူ လာ သွားမယ်လေ”

မုန်းက အလင်းလက်ကိုကိုင်ပြီး ခပ်တည်တည်နဲ့ပဲ ရှေ့က ထွက်လာလိုက်တယ်။ တကယ်တော့ ဘယ်ကို သွားရမှန်းလည်း မုန်းမသိပါ။ တော်သေးတယ် အလင်းက အလိုက်တသိနဲ့ မုန်းလက်ကိုကိုင်ပြီး အရှေ့ကနေ ဦးဆောင်ပြီးသွားပေးလို့။ အလင်းက မုန်းလက်ကို ပြန်ကိုင်လိုက်တော့ မုန်းရင်တွေ ခုန်လာပြန်ပါတယ်။

လက်ပတ်ကလည်း တာဝန်ကျေပွန်စွာ လင်းလာတာမို့ ခလုတ်နှိပ်ချင်ပေမယ့် အလင်းကိုင်ထားတဲ့လက်မှာ လက်ပတ်ရှိတာမို့ နှိပ်လို့မရပေ။ အလင်းကလည်း မုန်းလက်ကို အတင်းဆွဲကာ စက်လှေကားပေါ် တက်ဖို့ လုပ်နေတာကြောင့် ဆွဲခေါ်သလို ဖြစ်နေတာမို့ လှမ်းပိတ်ဖို့ကလည်း အဆင်မပြေပေ။

အလင်းလက်ကိုလွှတ်ခိုင်းပြီး ပိတ်ဖို့ကလည်းမဖြစ်ပြန်။ ဘယ်လို လုပ်ရမလဲ ကြံရာမရ ဖြစ်နေတုန်းမှာ မုန်းလက်ကိုဆွဲ‌ပြီး အရှေ့က လျှောက်နေတဲ့ အလင်းကလည်း မုန်းလက်ကို ခဏလွှတ်လိုက်တာကြောင့် ခလုတ်ပိတ်ဖို့အခွင့်အရေး ရလိုက်ပါတယ်။ တော်ပါသေးရဲ့ အလင်းက မုန်းလက်ကို လွှတ်လိုက်လို့။ မဟုတ်ရင် အလင်းက လက်ကိုမလွှတ်ဘဲ နောက်ပြန်လှည့်ပြီး ကိုင်ထားတဲ့လက်ကိုသာ ကြည့်မိရင်တော့ သွားပြီ။

အလင်းက မုန်းလက်ကိုလွှတ်လိုက်တာကလည်း ခဏဆိုမှခဏလေးပါ။ စက်လှေခါး စီးခါနီးကြတော့ ပြန်ကိုင်ပေးထားပြန်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို ပြောပါသေးတယ်။

“မုန်း ငါခြေလှမ်းပြီးတက်တာကိုကြည့်ပြီး ငါတက်သလိုတက်နော်။ ငါ့လက်ကိုလည်း မလွှတ်နဲ့နော်။ အဆင်းကြလည်း ငါဆင်းတာနဲ့ လိုက်ဆင်း ကြားလား”

“ငါ့ကို ကလေးပိစိများ မှတ်နေလား အလင်း။ စက်လှေကားလောက်တော့ ငါလည်း စီးတတ်ပါတယ်”

လက်ကိုလည်းလွှတ်မပေးဘဲ ကိုင်ထားတုန်းပင်။ စက်လှေကားစီးလို့ ရင်မတုန်ဘဲ သူလက်ကိုင်ထားလို့ ရင်ခုန်ပြီး သေရပါတော့မယ်။

လက်ကလက်ပတ်လေးက ရင်ခုန်သံမြန်လာရင် screen ပဲလင်းလာလို့ တော်သေးတယ်။ အသံမြည်တာသာပါရင် မလွယ်ဘူး။ အလင်းက မုန်းလက်ကို လာကိုင်တိုင်း တတီတီသာ မြည်နေရင်တော့ ဂွမ်းမှာ အသေအချာပါ။ လင်းရုံလေးပဲလင်းလို့ လက်ပတ်ကိုတောင် ကျေးဇူးတင်ရမလိုပါပဲ။

ကျွန်တော့်ရင်ခုန်သံက ထူးဆန်းပါတယ်။ အလင်းလက်ဖဝါးနဲ့ ကျွန်တော့်လက်ဖဝါး ထိမိတဲ့အချိန်တိုင်း ရင်ခုန်သံတွေ မြန်လာတတ်ပါတယ်။

နောက်ကမူလီမကတော့ လငပုပ်ဖမ်းတဲ့ရုပ်နဲ့။ မပြုံးချင်ဘဲပြုံးနေရတဲ့ ဟန်ဆောင်အပြုံးနဲ့ လိုက်လာခဲ့ပါလေတယ်။ ရုပ်ရှင်ရုံထဲရောက်တော့ ကျွန်တော်မောင်မုန်းက အလင်းနဲ့မူလီမကြား ခပ်တည်တည်နဲ့ပဲ ဝင်ထိုင်လိုက်တယ်။ မူလီမကတော့ ခဲလေသမျှ သဲရေကျရပြီပေါ့။ Sorry ပါမူလီမရေ။

ဒီတောက်ဖားကို အတော်ကို ဒေါသထွက်လာပါပြီ။ အတူတူ ရုပ်ရှင်လိုက်ကြည့်တာကို မပြောလိုပေမယ့် ဘာလို့ ကြားထဲကို ဝင်ထိုင်ရတာတုန်း။ ငါစိတ်ရှည်ထားတယ် တောက်ဖား။ အလင်းကို မရရအောင် ရည်းစားတော်ပြမှာမို့ နင်ခုတော့ ပြုံးနိုင်အောင်ပြုံးထားပါ။ ငါတို့ ရည်းစားဖြစ်တဲ့အချိန် နင်ခုလို သကာရည်လောင်းထားတဲ့ မျက်နှာအတိုင်းပဲ ဖြစ်နေပါစေ။ ဟူးးးးးမေသူရေ ဒီနေ့လည်း နင့်အကြံတွေ တောက်ဖားကြောင့်ပျက်ရပြန်ပါပြီနော်။ ရုပ်ရှင်သာ ပြီးသွားတယ် ဘာတွေမှန်းကို မသိလိုက်ပါဘူး။

ဘေးကနှစ်ယောက်ကတော့ နေကြာစိလေးစားလိုက်၊ ရေသောက်လိုက်၊ အချိုရည်သောက်လိုက်နဲ့ အတော်ကိုသာယာနေပါတယ်။

ရုပ်ရှင်ရုံကထွက်လာတဲ့အခါ မေသူတစ်ယောက်ကတော့ ဂျလမက်‌တွေမြိုပြီး ထွက်လာခဲ့ရပေမယ့် ကျွန်တော်‌မောင်မုန်းကတော့ သကြားရည်သောက်ပြီး ထွက်လာခဲ့ရပါတယ်။

“မုန်း အိမ်လိုက်ခဲ့မလား”

“ဒီနေ့တော့ မလိုက်တော့ဘူးအလင်း။ ဒီနေ့မှလာတာဆိုတော့ မေမေနဲ့ဖေဖေပါ ပါလာကြလို့။ ဖေဖေမရောက်ခင် ငါအိမ်ကို အရင် ပြန်ရောက်မှဖြစ်မှာ။ တော်ကြာ ရောက်ရောက်ချင်း အပြင်ထွက်လို့ ဒယ်ဒီဖားသားက ဆူနေဦးမယ်။ မေ့ကိုပြောပေး ငါသတိရတယ်လို့။ မေမေပြန်သွားရင် အိမ်လည်လာခဲ့မယ်”

“အင်း ပြီးရော။ မင်း ဘာနဲ့လာတာလဲ”

“အိမ်ကကားနဲ့ လာတာ။ ဖုန်းဆက်ထားပြီးပြီ။ ခဏနေ လာခေါ်လိမ့်မယ်”

သိပ်မကြာခင်မှာပဲ မုန်းအိမ်ကရောက်လာတာမို့ မုန်းပြန်သွားတော့ အလင်းလည်း မေသူ့ကိုနှုတ်ဆက်ပြီး ပြန်ဖို့လုပ်ရတယ်။

“မေသူ ငါပြန်တော့မယ်နော်။ ထွက်လာတာလည်း ကြာပြီဆိုတော့လေ”

“အေးအေး အလင်း ပြန်လေ။ နောက်မှ တွေ့မယ်အလင်း တာ့တာ”

“အင်း တာ့တာ ငါသွားပြီနော်”

အလင်းလည်း မေသူ့ကို နှုတ်ဆက်ပြီး အိမ်ကို ပြန်လာခဲ့လိုက်တော့တယ်။ အိမ်ရောက်တော့ ခဏအနားယူရင်း ရင်ခုန်သံတွေကို ပြန်မေးနေရတယ်။ မုန်းရောက်လာတာကို မင်းအရမ်းပျော်သလား အလင်း။ မုန်းလက်ဖဝါးကို ဆုပ်ကိုင်ရတာကို အရမ်းပဲ ရင်ခုန်နေခဲ့တာလား။‌ မုန်းလက်ကို ဆုပ်ကိုင်လိုက်တဲ့အချိန် ရင်တွေခုန်ပြီး လက်ပတ်လေး လင်းလာတာကို မုန်း မမြင်လိုက်လို့ တော်သေးတယ်။ အလင်းမှာ မုန်းမမြင်ခင် အလျင်အမြန် ခလုတ်နှိပ်လိုက်ရတယ်။

ကိုယ့်ရှူးကိုယ်ပတ်တယ်ဆိုတာ ဒါမျိုး။ ဘာလို့ ဒီလက်ပတ်ကို ဝယ်မိပါလိမ့်။ မုန်းကို‌လည်း ဆင်တူဝယ်ပေးထားပေမယ့် မုန်းလက်က screenက လင်းလာတာကို တစ်ခါမှမမြင်ဖူးဘူး။ မုန်းဘက်က မင်းကို သူငယ်ချင်းလိုချစ်တာမို့ အရင်းနှီးဆုံးနေခဲ့တာ။ မင်းကတော့ မုန်းရဲ့ ရိုးသားမှုကိုအသုံးချပြီး အရောင်တွေဆိုးနေတာပဲ အလင်း။

မင်းက မုန်းအပေါ်မှာ ဘာစိတ်တွေ ဖြစ်နေတာလဲအလင်း။ ဘာစိတ်မှ ဖြစ်လို့မရဘူးဆိုတာကို မင်းသိထားပါ။ ငါတို့က ယောက်ျာလေးတွေလေ။ မဖြစ်နိုင်တဲ့အရာကို ရှေ့မဆက်တာဘဲ ကောင်းတယ်။ ဒါကြောင့် မင်းမုန်းကို ရင်ခုန်မနေပါနဲ့အလင်း။ မုန်းလည်း မင်းကို ရင်ခုန်မှာမဟုတ်ဘူး။

သူငယ်ချင်းလိုပဲ ချစ်ပါ။ သူငယ်ချင်းလိုပဲ မြတ်နိုးလိုက်ပါ။ အဲ့ထက်ပိုသွားလို့ မုန်းဘက်က နားလည်လက်ခံပေးမယ်ဆိုရင်တောင် မင်းကြောင့် မင်းရော မုန်းရော မင်းမိဘတွေရော စိတ်ဆင်းရဲရမှာ။ ပြီးတော့ မင်းကို တစ်သက်လုံးယုံကြည်ပေးခဲ့ပြီး မင်းရဲ့ ဆုံးဖြတ်ချက်တိုင်းကို အလေးအနက်ထားပေးခဲ့တဲ့ မင်းမိဘတွေလည်း သူများ လက်ညှိုးထိုးခံရမယ့်ဘဝကို ရောက်ရမှာမို့ မင်းရင်ခုန်သံတွေကို ထိန်းချုပ်ထားလိုက်ပါအလင်း။

ရှေ့ဆက် မတိုးသင့်တဲ့ ဆက်ဆံရေးမို့ ခုကတည်းက နောက်ဆုတ်လိုက်တာပဲ အားလုံးအတွက် အဆင်အပြေဆုံးဖြစ်မှာပါ။ မင်း မုန်းကို ချစ်နေတာမဟုတ်ဘူး အလင်း။ သံယောဇဉ် ရှိတာပါ။ ဟုတ်တယ် မုန်းကို သူငယ်ချင်းလို ညီလေးလို ချစ်တာပါ။ ကျွန်တော် သူ့ကို သူငယ်ချင်းတစ်ယောက်ထက် မပိုခဲ့ပါဘူး။ မပိုဘူးနော်။

******************************

#Zawgyi

မုန္း‌ဒီေန႔ သင္တန္းတက္ဖို႔ဆိုၿပီး ရန္ကုန္ကိုလာခဲ့တာပါ။ ရန္ကုန္လာမယ္ဆိုတာကို အလင္းကို Surprise ခ်င္တာမို႔ မေျပာေသးဘဲ ေနလိုက္တယ္။ မနက္အေစာႀကီးက ထြက္လာတာမို႔ ရန္ကုန္ေရာက္ေတာ့ ရွစ္နာရီထိုးေနပါၿပီ။

ခါတိုင္းဆို မနက္တိုင္းအလင္းကို ဖုန္းေခၚေနၾကျဖစ္ေပမယ့္ ဒီေန႔ေတာ့ တမင္ဖုန္းမေခၚဘဲ ထားလိုက္တယ္။ သူဖုန္းေခၚတာကို ျပန္လည္း မေခၚသလို ကိုင္လည္းမကိုင္ဘဲေနလိုက္တယ္။ သူဘယ္လို ျဖစ္ေနမလဲဆိုတာ သိခ်င္လို႔ပါ။

မုန္းေနမယ့္အခန္းကိုေရာက္ေတာ့ ပစၥည္းေတြေနရာခ်ကာ ခဏအနားယူၿပီး ေရမိုးခ်ိဳးလိုက္တယ္။ ေရမိုးခ်ိဳးၿပီးတဲ့အခါ 12နာရီေတာင္ထိုးေနပါၿပီ။

“ေမေမ”

“ရွင္”

“သားအလင္းဆီကို ခဏသြားခ်င္တယ္”

“ေနာက္ေန႔မွသြားပါ့လား သားရယ္။ ခုမွေရာက္တာ ခရီးပန္မွာေပါ့”

“ရတယ္ ေမေမ။ သားသြားခ်င္လို႔ပါေနာ္ . . ေနာ္ . . ေမေမေနာ္”

“ကဲသြားခ်င္လည္း သြားပါရွင့္။ ေစာေစာေတာ့ ျပန္ခဲ့။ မင္းအေဖ မလာခင္ျပန္ခဲ့ ဟုတ္ၿပီလား”

“ဟုတ္ေမေမ ေက်းဇူးပါ”

အလင္းကို ဖုန္းအရင္ဆက္ဦးမွပါ။ ခုဘယ္မွာလဲလို႔ေမးၿပီး အိမ္မွာရွိတယ္ဆိုရင္ သူ႔ဆီကိုသြားရမယ္။ သူ႔လိပ္စာကို ကိုယ္အလြတ္ရေနတာဆိုေတာ့ သူအိမ္ေရွ႕ေရာက္မွ အိမ္ေရွ႕ကို ထြက္လာခဲ့ဆိုၿပီး ဖုန္းဆက္လိုက္ရင္ လုံးဝ Surprise ျဖစ္သြားမွာပဲ။

ကိုယ္အေတြးနဲ႔ကိုယ္ေပ်ာ္ၿပီး အလင္းကိုဖုန္းေခၚေတာ့ ခ်က္ျခင္းမကိုင္ဘဲ ခဏၾကာမွကိုင္ေလတယ္။ ဖုန္းကိုင္တာနဲ႔ ဘယ္မွာလဲလို႔ မုန္း ခ်က္ခ်င္းေမးလိုက္ေတာ့ ႐ုပ္ရွင္႐ုံမွာတဲ့။ ဘယ္သူနဲ႔လဲလို႔ ေမးေတာ့ ေမသူသူလင္းနဲ႔တဲ့ေလ။ အလင္းအေျဖက ရင္ဝကို ေစာင့္ကန္လိုက္သလိုပါပဲ။ ေတာ္ေတာ္ေလးကို အေမာေျပသြားပါတယ္။ Surprise ကလည္း သူ႔ကို ကိုယ္က မတိုက္လိုက္ရဘဲ သူကကိုယ့္ကို တိုက္သြားပါတယ္။

ဘာလို႔ေတြ႕တာလဲလို႔ ေမးၾကည့္ေတာ့ ဟိုမူလီမက ပိုက္ဆံအိတ္ ခါးပိုက္ႏွိုက္ခံရလို႔တဲ့။ ယုံခ်င္စရာႀကီးကိုး။ တုံးအေနတဲ့ အလင္းပဲယုံမွာ။ ငါေတာ့မယုံဘူး မူလီမရဲ့ မူယာမာယာကိုမ်ားတယ္။ ပိုက္ဆံအိတ္ေပ်ာက္တဲ့သူက ႐ုပ္ရွင္ၾကည့္ဖို႔ ေခၚေသးတယ္ဆိုပဲ။ ဪ ပိုက္ဆံအိတ္ေပ်ာက္ေတာ့ စိတ္ခ်မ္းသာေနလို႔ ၾကည့္တာေနမွာေပါ့။ အဟက္ ရယ္ရတယ္ မူလီမ။

မုန္းက အလင္းကို သူငယ္ခ်င္းတစ္ေယာက္ လာၾကည့္လိမ့္မယ္ေျပာၿပီး လက္မွတ္တစ္ခုံ ပိုျဖတ္ခိုင္းလိုက္ကာ သုံးခုံဝယ္ခိုင္းလိုက္တယ္။ ၿပီးေတာ့ ဘယ္မွာ ေစာင့္မလဲလို႔ေမးေတာ့ ဂမုန္းပြင့္ေအာက္ဆုံးထပ္က Lotteria တဲ့။ Okေလ ငါနဲ႔‌ေတြ႕ၾကၿပီေပါ့ မူလီမေရ။

မုန္း အိမ္ကကားေမာင္းတဲ့ဦးေလးကို ဂမုန္းပြင့္ကို လိုက္ပို႔ခိုင္းလိုက္တယ္။ ဂမုန္းပြင့္ေရာက္ေတာ့ ဦးေလးကိုျပန္ခိုင္းၿပီး ဂမုန္းပြင့္ေအာက္ဆုံးထပ္က Lotteria ၾကက္ေၾကာ္ဆိုင္ကိုရွာရပါတယ္။

ေဟာ . . ေတြ႕ပါၿပီ ဆိုင္ကို။ ဆိုင္ထဲမွာ အလင္းကို လိုက္ရွာေတာ့ ေတြရပါၿပီ ေမာင္အလင္းကို။ ဆိုင္ရဲ့ေထာင့္ဆုံးမွာ မူလီမနဲ႔ မ်က္ႏွာခ်င္းဆိုင္ထိုင္ၿပီး ျပဳံးလို႔ေပ်ာ္လို႔။ ေဘးတိုက္ ျမင္ေနရတာေတာင္ အျပဳံးေတြက အသက္ဝင္ေနပါေရာလား ေမာင္အလင္းရဲ့။

ဝတ္ထားတာလည္း ရွိူးစမိူအျပည့္နဲ႔။ ဂ်င္းေဘာင္ဘီအက်ပ္ Body Fit ကို ရွပ္အကၤ်ီအပြ ခါးရွည္နဲ႔တြဲဝတ္ထားၿပီး ကၽြန္ေတာ္ေပးထားတဲ့ ဦးထုပ္ကိုေစာင္းထားကာ ပဲမ်ားေနတာပါ။‌ လိုလား မူလီမနဲ႔ေတြ႕တာ အဲ့ေလာက္ ဝတ္ဖို႔လိုလား။

မုန္း အလင္းအနားကိုေရာက္တဲ့အထိ ေလၽွာက္သြားလိုက္တယ္။ အနားကို ေရာက္ေတာ့မွ အလင္းကိုေခၚလိုက္တယ္။

“အလင္း”

“ဟင္ မုန္း။ ဟ အားးး ဘယ္ကေန ဘယ္လို ေရာက္လာတာလဲကြာ။ ငါ့ကိုလည္း မေျပာဘူး။ မင္းလာမယ္ဆို ငါလာေခၚမွာေပါ့”

ေျပာလည္းေျပာ ဖက္လည္းဖက္ကာ ပါးကိုလည္းျဖစ္လိုက္နဲ႔ လူကို အ႐ုပ္မ်ားမွတ္ေနလား အလင္းစုတ္ရဲ့။ ဟိုမူလီမကို ၾကည့္လိုက္ေတာ့ ႐ုပ္က အီးမွန္ထားတဲ့႐ုပ္နဲ႔။ မွန္းခ်က္နဲ႔ႏွမ္းထြက္ မကိုက္ျဖစ္သြားလား ေဒၚမူလီ။ Sorry ပါ ငါလာတာ‌ နင္အဲ့ေလာက္ ေပ်ာ္သြားမယ္လို႔ ထင္မထားဘူး အဟက္။

ေမသူ႔မွာ အလင္းနဲ႔႐ုပ္ရွင္ၾကည့္ရဖို႔ အိတ္ထဲရွိတဲ့ ပိုက္ဆံအိတ္ကိုေတာင္ ေပ်ာက္သြားတယ္ လုပ္ထားရတာ။‌ ဒီေတာက္တဲ့ေကာင္က ဘယ္က ေရာက္လာတာလဲ။ ေျမာင္းျမကလူက ဒီကို ဘယ္လို ေရာက္လာတာတုန္း။ စိတ္ပိန္လိုက္တာဟယ္။ ေတာက္တဲ့နဲ႔ ဖားပ်ံနဲ႔ စပ္က်ထားသလား‌ မွတ္ရတယ္။ ေက်ာင္းတက္တုန္းကလည္း ေက်ာင္းတက္တုန္းမို႔ မခြာဘူး။ ေက်ာင္းၿပီးေတာ့လည္း ကပ္ေနတုန္းပဲ။ ဒီေတာက္ဖားကေတာ့ ငါအေတာ္ စိတ္တိုေနပါၿပီေနာ္။

“မုန္းမာန္ ဘယ္ကေနဘယ္လို ေရာက္လာတာလဲ”

မူလီမ အလင္းကိုၾကေတာ့ အလင္း အလင္းနဲ႔ နာမည္က အလင္းေရာင္ဆိုတာကိုေတာင္ ေမ့ေနၿပီလားမသိ။ ငါ့ၾကမွ မုန္းမာန္တဲ့ မူလီစုတ္မ။

“ခုပဲေရာက္တာ။ ငါေရာက္လာေတာ့ နင္အေတာ္ေလး ဝမ္းသာသြားပုံရတယ္။ ေရာက္တုန္းေလး႐ုပ္ရွင္ အတူတူ ၾကည့္ရေအာင္ေလ။ နင့္ ေမၽွာ္လင့္ခ်က္ေလး ရိုက္ခ်ိဳးမိသလို ျဖစ္သြားရင္ sorryေနာ္ေမသူ။‌ နင္ေမၽွာ္လင့္သလို ျဖစ္မလာဘဲ ငါက မဖိတ္ေခၚဘဲ ေရာက္လာသလို ျဖစ္သြားရင္ sorryေနာ္”

“ရပါတယ္ မုန္းမာန္ရယ္ နင္ကလည္း သူငယ္ခ်င္း အခ်င္းခ်င္းပဲကို ဟင္း ဟင္း”

“ဟင္း ဟင္း”

သူကေတာင္ လူယုတ္မာရယ္သံနဲ႔ လာဟင္းတာ မုန္းလည္း သူနဲ႔ တစ္ေထရာတည္း တူေအာင္ ျပန္ဟင္းလိုက္တယ္။ အလင္းၾကည့္ရတာလည္း အူတူတူ အတတနဲ႔ ဘာမွမသိတဲ့႐ုပ္နဲ႔။ ငါစိတ္ရွည္တယ္ေနာ္ အလင္း။ ငါစိတ္ေပါက္ေပါက္နဲ႔ ဆြဲေခၚသြားလိုက္ရ မေကာင္းရွိေဝာာ့မယ္။

“ဪ . . ဒါနဲ႔ မုန္းမာန္ ေမသူတို႔က လက္မွတ္ျဖတ္ၿပီးၿပီရယ္။ မုန္းမာန္က ခုမွ လက္မွတ္ျဖတ္ရင္ ခုံနံပတ္ကပ္လ်က္ မရေလာက္ေတာ့ဘူး။ ျဖစ္ပါ့မလား”

“အလင္း မင္းကို သုံးခုံျဖတ္ခိုင္းတာ ျဖတ္ထားတယ္မို႔လား”

ေမသူ႔အေျပာကို ဂ႐ုမစိုက္ဘဲ အလင္းကိုပဲ ေမးလိုက္တယ္။

“အင္း ျဖတ္ထားတယ္ေလ။ မင္းသူငယ္ခ်င္းလာမယ္ဆိုလို႔ ငါ့မွာ ရင္ပူသြားတာပဲ။ ငါမသိတဲ့ ဘယ္က သူငယ္ခ်င္းေတြမ်ား ရေနတာလဲလို႔”

သူကလည္း သူစိတ္ပူတာကို ေၾကာ္ျငာကဝင္လိုက္ရေသး။

“ငါသူငယ္ခ်င္းရတာကို မင္းက ဘာလို႔ ရင္ပူရတာလဲ”

ဟုတ္တယ္ေလ သူက ဘာကိုရင္ပူ။ သူငယ္ခ်င္းရတာပဲ ဘာရင္ပူစရာရွိ။

“ဟမ္! ဪ . . မင္းက ငါတို႔ေလးေယာက္အျပင္ တျခားသူငယ္ခ်င္းမွ မရွိတာ။ မင္းကို အေပါင္းအသင္း မွားမွာဆိုးလို႔ေပါ့ကြ”

ဘာေတြေျပာလိုက္တာလဲ အလင္း။ စကားကို ဘယ္လိုေတြ ေျပာေနတာလဲ မဆင္မျခင္နဲ႔။

“ဪ . . .ခု ငါက အေပါင္းအသင္း အမွန္ေတြရထားတာပဲ။ အမေလး ဝမ္းသာလိုက္တာ။ သူတို႔ကိုယ္သူတို႔ေတာ့ အေကာင္းေပါ့ အဟက္ ရယ္ရတယ္ အလင္း။ မင္က လိပ္မ်ိဳး”

“အဟဲ”

“ဘာမွ ရင္ပူမေနနဲ႔။ ငါ့မွာ မင္းတို႔ကလြဲရင္ ဘယ္သူငယ္ခ်င္းမွမရွိဘူး။ မင္းကို Surprise လာလုပ္တာ။ ဒါေပမဲ့ မင္းတစ္ေယာက္တည္း Surprise ျဖစ္သြားတာ မဟုတ္ေတာ့ ငါ့ Surprise က အေတာ္ထိေရာက္တယ္ အဟက္။ ခုေတာ့ ႐ုပ္ရွင္သြားၾကည့္မယ္ လာ။ ေမသူ လာ သြားမယ္ေလ”

မုန္းက အလင္းလက္ကိုကိုင္ၿပီး ခပ္တည္တည္နဲ႔ပဲ ေရွ႕က ထြက္လာလိုက္တယ္။ တကယ္ေတာ့ ဘယ္ကို သြားရမွန္းလည္း မုန္းမသိပါ။ ေတာ္ေသးတယ္ အလင္းက အလိုက္တသိနဲ႔ မုန္းလက္ကိုကိုင္ၿပီး အေရွ႕ကေန ဦးေဆာင္ၿပီးသြားေပးလို႔။ အလင္းက မုန္းလက္ကို ျပန္ကိုင္လိုက္ေတာ့ မုန္းရင္ေတြ ခုန္လာျပန္ပါတယ္။

လက္ပတ္ကလည္း တာဝန္ေက်ပြန္စြာ လင္းလာတာမို႔ ခလုတ္ႏွိပ္ခ်င္ေပမယ့္ အလင္းကိုင္ထားတဲ့လက္မွာ လက္ပတ္ရွိတာမို႔ ႏွိပ္လို႔မရေပ။ အလင္းကလည္း မုန္းလက္ကို အတင္းဆြဲကာ စက္ေလွကားေပၚ တက္ဖို႔ လုပ္ေနတာေၾကာင့္ ဆြဲေခၚသလို ျဖစ္ေနတာမို႔ လွမ္းပိတ္ဖို႔ကလည္း အဆင္မေျပေပ။

အလင္းလက္ကိုလႊတ္ခိုင္းၿပီး ပိတ္ဖို႔ကလည္းမျဖစ္ျပန္။ ဘယ္လို လုပ္ရမလဲ ႀကံရာမရ ျဖစ္ေနတုန္းမွာ မုန္းလက္ကိုဆြဲ‌ၿပီး အေရွ႕က ေလၽွာက္ေနတဲ့ အလင္းကလည္း မုန္းလက္ကို ခဏလႊတ္လိုက္တာေၾကာင့္ ခလုတ္ပိတ္ဖို႔အခြင့္အေရး ရလိုက္ပါတယ္။ ေတာ္ပါေသးရဲ့ အလင္းက မုန္းလက္ကို လႊတ္လိုက္လို႔။ မဟုတ္ရင္ အလင္းက လက္ကိုမလႊတ္ဘဲ ေနာက္ျပန္လွည့္ၿပီး ကိုင္ထားတဲ့လက္ကိုသာ ၾကည့္မိရင္ေတာ့ သြားၿပီ။

အလင္းက မုန္းလက္ကိုလႊတ္လိုက္တာကလည္း ခဏဆိုမွခဏေလးပါ။ စက္ေလွခါး စီးခါနီးၾကေတာ့ ျပန္ကိုင္ေပးထားျပန္ပါတယ္။ ၿပီးေတာ့ ကၽြန္ေတာ့္ကို ေျပာပါေသးတယ္။

“မုန္း ငါေျခလွမ္းၿပီးတက္တာကိုၾကည့္ၿပီး ငါတက္သလိုတက္ေနာ္။ ငါ့လက္ကိုလည္း မလႊတ္နဲ႔ေနာ္။ အဆင္းၾကလည္း ငါဆင္းတာနဲ႔ လိုက္ဆင္း ၾကားလား”

“ငါ့ကို ကေလးပိစိမ်ား မွတ္ေနလား အလင္း။ စက္ေလွကားေလာက္ေတာ့ ငါလည္း စီးတတ္ပါတယ္”

လက္ကိုလည္းလႊတ္မေပးဘဲ ကိုင္ထားတုန္းပင္။ စက္ေလွကားစီးလို႔ ရင္မတုန္ဘဲ သူလက္ကိုင္ထားလို႔ ရင္ခုန္ၿပီး ေသရပါေတာ့မယ္။

လက္ကလက္ပတ္ေလးက ရင္ခုန္သံျမန္လာရင္ screen ပဲလင္းလာလို႔ ေတာ္ေသးတယ္။ အသံျမည္တာသာပါရင္ မလြယ္ဘူး။ အလင္းက မုန္းလက္ကို လာကိုင္တိုင္း တတီတီသာ ျမည္ေနရင္ေတာ့ ဂြမ္းမွာ အေသအခ်ာပါ။ လင္း႐ုံေလးပဲလင္းလို႔ လက္ပတ္ကိုေတာင္ ေက်းဇူးတင္ရမလိုပါပဲ။

ကၽြန္ေတာ့္ရင္ခုန္သံက ထူးဆန္းပါတယ္။ အလင္းလက္ဖဝါးနဲ႔ ကၽြန္ေတာ့္လက္ဖဝါး ထိမိတဲ့အခ်ိန္တိုင္း ရင္ခုန္သံေတြ ျမန္လာတတ္ပါတယ္။

ေနာက္ကမူလီမကေတာ့ လငပုပ္ဖမ္းတဲ့႐ုပ္နဲ႔။ မျပဳံးခ်င္ဘဲျပဳံးေနရတဲ့ ဟန္ေဆာင္အျပဳံးနဲ႔ လိုက္လာခဲ့ပါေလတယ္။ ႐ုပ္ရွင္႐ုံထဲေရာက္ေတာ့ ကၽြန္ေတာ္ေမာင္မုန္းက အလင္းနဲ႔မူလီမၾကား ခပ္တည္တည္နဲ႔ပဲ ဝင္ထိုင္လိုက္တယ္။ မူလီမကေတာ့ ခဲေလသမၽွ သဲေရက်ရၿပီေပါ့။ Sorry ပါမူလီမေရ။

ဒီေတာက္ဖားကို အေတာ္ကို ေဒါသထြက္လာပါၿပီ။ အတူတူ ႐ုပ္ရွင္လိုက္ၾကည့္တာကို မေျပာလိုေပမယ့္ ဘာလို႔ ၾကားထဲကို ဝင္ထိုင္ရတာတုန္း။ ငါစိတ္ရွည္ထားတယ္ ေတာက္ဖား။ အလင္းကို မရရေအာင္ ရည္းစားေတာ္ျပမွာမို႔ နင္ခုေတာ့ ျပဳံးနိုင္ေအာင္ျပဳံးထားပါ။ ငါတို႔ ရည္းစားျဖစ္တဲ့အခ်ိန္ နင္ခုလို သကာရည္ေလာင္းထားတဲ့ မ်က္ႏွာအတိုင္းပဲ ျဖစ္ေနပါေစ။ ဟူးးးးးေမသူေရ ဒီေန႔လည္း နင့္အႀကံေတြ ေတာက္ဖားေၾကာင့္ပ်က္ရျပန္ပါၿပီေနာ္။ ႐ုပ္ရွင္သာ ၿပီးသြားတယ္ ဘာေတြမွန္းကို မသိလိုက္ပါဘူး။

ေဘးကႏွစ္ေယာက္ကေတာ့ ေနၾကာစိေလးစားလိုက္၊ ေရေသာက္လိုက္၊ အခ်ိဳရည္ေသာက္လိုက္နဲ႔ အေတာ္ကိုသာယာေနပါတယ္။

႐ုပ္ရွင္႐ုံကထြက္လာတဲ့အခါ ေမသူတစ္ေယာက္ကေတာ့ ဂ်လမက္‌ေတြၿမိဳၿပီး ထြက္လာခဲ့ရေပမယ့္ ကၽြန္ေတာ္‌ေမာင္မုန္းကေတာ့ သၾကားရည္ေသာက္ၿပီး ထြက္လာခဲ့ရပါတယ္။

“မုန္း အိမ္လိုက္ခဲ့မလား”

“ဒီေန႔ေတာ့ မလိုက္ေတာ့ဘူးအလင္း။ ဒီေန႔မွလာတာဆိုေတာ့ ေမေမနဲ႔ေဖေဖပါ ပါလာၾကလို႔။ ေဖေဖမေရာက္ခင္ ငါအိမ္ကို အရင္ ျပန္ေရာက္မွျဖစ္မွာ။ ေတာ္ၾကာ ေရာက္ေရာက္ခ်င္း အျပင္ထြက္လို႔ ဒယ္ဒီဖားသားက ဆူေနဦးမယ္။ ေမ့ကိုေျပာေပး ငါသတိရတယ္လို႔။ ေမေမျပန္သြားရင္ အိမ္လည္လာခဲ့မယ္”

“အင္း ၿပီးေရာ။ မင္း ဘာနဲ႔လာတာလဲ”

“အိမ္ကကားနဲ႔ လာတာ။ ဖုန္းဆက္ထားၿပီးၿပီ။ ခဏေန လာေခၚလိမ့္မယ္”

သိပ္မၾကာခင္မွာပဲ မုန္းအိမ္ကေရာက္လာတာမို႔ မုန္းျပန္သြားေတာ့ အလင္းလည္း ေမသူ႔ကိုႏႈတ္ဆက္ၿပီး ျပန္ဖို႔လုပ္ရတယ္။

“ေမသူ ငါျပန္ေတာ့မယ္ေနာ္။ ထြက္လာတာလည္း ၾကာၿပီဆိုေတာ့ေလ”

“ေအးေအး အလင္း ျပန္ေလ။ ေနာက္မွ ေတြ႕မယ္အလင္း တာ့တာ”

“အင္း တာ့တာ ငါသြားၿပီေနာ္”

အလင္းလည္း ေမသူ႔ကို ႏႈတ္ဆက္ၿပီး အိမ္ကို ျပန္လာခဲ့လိုက္ေတာ့တယ္။ အိမ္ေရာက္ေတာ့ ခဏအနားယူရင္း ရင္ခုန္သံေတြကို ျပန္ေမးေနရတယ္။ မုန္းေရာက္လာတာကို မင္းအရမ္းေပ်ာ္သလား အလင္း။ မုန္းလက္ဖဝါးကို ဆုပ္ကိုင္ရတာကို အရမ္းပဲ ရင္ခုန္ေနခဲ့တာလား။‌ မုန္းလက္ကို ဆုပ္ကိုင္လိုက္တဲ့အခ်ိန္ ရင္ေတြခုန္ၿပီး လက္ပတ္ေလး လင္းလာတာကို မုန္း မျမင္လိုက္လို႔ ေတာ္ေသးတယ္။ အလင္းမွာ မုန္းမျမင္ခင္ အလ်င္အျမန္ ခလုတ္ႏွိပ္လိုက္ရတယ္။

ကိုယ့္ရႉးကိုယ္ပတ္တယ္ဆိုတာ ဒါမ်ိဳး။ ဘာလို႔ ဒီလက္ပတ္ကို ဝယ္မိပါလိမ့္။ မုန္းကို‌လည္း ဆင္တူဝယ္ေပးထားေပမယ့္ မုန္းလက္က screenက လင္းလာတာကို တစ္ခါမွမျမင္ဖူးဘူး။ မုန္းဘက္က မင္းကို သူငယ္ခ်င္းလိုခ်စ္တာမို႔ အရင္းႏွီးဆုံးေနခဲ့တာ။ မင္းကေတာ့ မုန္းရဲ့ ရိုးသားမႈကိုအသုံးခ်ၿပီး အေရာင္ေတြဆိုးေနတာပဲ အလင္း။

မင္းက မုန္းအေပၚမွာ ဘာစိတ္ေတြ ျဖစ္ေနတာလဲအလင္း။ ဘာစိတ္မွ ျဖစ္လို႔မရဘူးဆိုတာကို မင္းသိထားပါ။ ငါတို႔က ေယာက္်ာေလးေတြေလ။ မျဖစ္နိုင္တဲ့အရာကို ေရွ႕မဆက္တာဘဲ ေကာင္းတယ္။ ဒါေၾကာင့္ မင္းမုန္းကို ရင္ခုန္မေနပါနဲ႔အလင္း။ မုန္းလည္း မင္းကို ရင္ခုန္မွာမဟုတ္ဘူး။

သူငယ္ခ်င္းလိုပဲ ခ်စ္ပါ။ သူငယ္ခ်င္းလိုပဲ ျမတ္နိုးလိုက္ပါ။ အဲ့ထက္ပိုသြားလို႔ မုန္းဘက္က နားလည္လက္ခံေပးမယ္ဆိုရင္ေတာင္ မင္းေၾကာင့္ မင္းေရာ မုန္းေရာ မင္းမိဘေတြေရာ စိတ္ဆင္းရဲရမွာ။ ၿပီးေတာ့ မင္းကို တစ္သက္လုံးယုံၾကည္ေပးခဲ့ၿပီး မင္းရဲ့ ဆုံးျဖတ္ခ်က္တိုင္းကို အေလးအနက္ထားေပးခဲ့တဲ့ မင္းမိဘေတြလည္း သူမ်ား လက္ညႇိုးထိုးခံရမယ့္ဘဝကို ေရာက္ရမွာမို႔ မင္းရင္ခုန္သံေတြကို ထိန္းခ်ဳပ္ထားလိုက္ပါအလင္း။

ေရွ႕ဆက္ မတိုးသင့္တဲ့ ဆက္ဆံေရးမို႔ ခုကတည္းက ေနာက္ဆုတ္လိုက္တာပဲ အားလုံးအတြက္ အဆင္အေျပဆုံးျဖစ္မွာပါ။ မင္း မုန္းကို ခ်စ္ေနတာမဟုတ္ဘူး အလင္း။ သံေယာဇဥ္ ရွိတာပါ။ ဟုတ္တယ္ မုန္းကို သူငယ္ခ်င္းလို ညီေလးလို ခ်စ္တာပါ။ ကၽြန္ေတာ္ သူ႔ကို သူငယ္ခ်င္းတစ္ေယာက္ထက္ မပိုခဲ့ပါဘူး။ မပိုဘူးေနာ္။

Continue Reading

You'll Also Like

1.7M 112K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
1.5M 91.9K 38
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
6.2K 598 8
ဗီလိန်ဇာတ်ကောင်ကိုယ်ထဲဝင်ရောက်ခြင်းရဲ့ficပါပဲ၊mc မူလကမ္ဘာကိုပြန်ရောက်သွားတာပါ။ ဗီလိန္ဇာတ္ေကာင္ကိုယ္ထဲဝင္ေရာက္ျခင္းရဲ႕ficပါပဲ၊mc မူလကမၻာကိုျပန္ေရာက္သ...
1.8K 123 20
Sasaki is a wizard who hasn't found his familiar yet. He has been to three different schools in two years trying to find his partner. They only know...