အရာအားလုံးက ကျွန်မကြောင့်ပဲ
ဖြစ်လာတာတွေပဲလား
သာယာအေးချမ်းတဲ့မိသားစု
ပြီးပြည့်စုံနေမယ့် ညစာ
ပျော်ရွှင်နေမယ့် မိသားစုအချိန်လေးတွေဆိုတာ ကျွန်မဘဝမှာ မထိုက်တန်တဲ့အရာတွေပဲလား ဒါကဘဝပေးကံလို့ပဲဆိုရမလား
မကျေနပ်ဘူး မလိုချင်ဘူးလို့ အော်ဟစ်နေလည်း ရင်ကွဲနာကျရုံကအပ ဘာထူးလာမှာလဲ ဒါကဘဝပဲ ကျွန်မ မိုင်ဒါ့ဝိကာရဲ့ ဘဝ...
ခေါင်းတွေကရီဝေစွာနဲ့ ဘယ် ညာ ယိမ်းထိုးနေသလို , တစုံတခုပေါက်ကွဲတော့မလို
ခံစားနေရသည် ဝေဝေဝါးဝါးမြင်လာမိပြန်သည်က အတိတ်ရဲ့အရိပ်တချို့..
“ ကျွန်မတို့ကွာရှင်းရအောင်
ရှင်ဆီက တပြားတချပ်မှမယူပဲနေမှာမို့
ကျေးဇူးပြုပြီးလက်မှတ်လေးသာထိုးပေးပါ ”
“ ငါလက်မှတ်ထိုးပေးရင် မင်းကကျေနပ်
မယ်ပေါ့ စိတ်ချမ်းသာမယ်ပေါ့ ”
“ ရှင်ကိုယ်ရှင် မေတ္တာရှင်ကြီးလို ပြုမူနေတာ
ရပ်လိုက်ပါတော့ ဒီအမြောင်မတွေနဲ့
ယှဉ်ပြိုင်နေရသလိုနေနေရတာကို ရွံလာပြီမို့
ကျွန်မတို့သားအမကို လွှတ်ပေးပါတော့ ”
“အေးအေး ငါဆိုတဲ့ကောင်ကလည်း
ဒါမျိုးကိုကြိုက်တာ ငါ့သမီးဘယ်မှာလဲ
ငါခေါ်ထားမှာ မင်းကဘာအလုပ်အကိုင်ရှိလို့
ငါ့သမီးကိုခေါ်ထားမှာလဲ သမီး ဒါ့ဝိ လာ အဖေ့ဆီ ”
“ ရှင် တော်စမ်း ကျွန်မသမီးလေးကို
ရှင်နဲ့ရှင့်မယားငယ်တွေကြားမှာ မျက်နှာ
ငယ်ခိုင်းမလို့လား သွားသေလိုက် ...
ကျွန်မသမီးကိုကျွန်မ ထမင်းမငတ်အောင်တော့ ကျွေးနိုင်တယ် ရှင်စိတ်ပူစရာမလိုဘူး ”
“ ဟာ ဒီမိန်းမ ”
“ခွမ်း ” ( ပန်းအိုးကွဲသံ)
“မေမေ ...... ”
သွေးတွေကြမ်းပြင်မှာစီးကျစွာနဲ့
လဲကျနေသော မေမေ ...
ဆေးရုံကားသံတွေ ငိုနေတဲ့ကျွန်မ ...
“ မေမေ .. မေမေ ... မေမေ ”
အိမ်မက်ဆိုးတွေမက်ကာနိုးလာသော
ဒါ့ဝိကြောင့် ဧည့်ခန်းထဲကနေပြေးလာသော
ဟယ် အတွင်းရေးမှုး
“ မိုင် .. မိုင် ... ”
ချွေးတွေစို့ကာ အသက်ရှုသံတွေပင်
မြန်နေသော မိုင်ကြောင့် ဟယ်အတွင်းရေးမှူး
ရေပြေးခပ်ပြီး စိတ်အေးသွားအောင်
ရေတိုက်လိုက်သည်
“ အိမ်မက်တွေမက်နေပြန်ပြီလား ”
“ ငါ ..အမေ ကို တွေ့ချင်တယ် ”
“ လေယာဉ်လက်မှတ်ဖြတ်လိုက်ရမလား ”
“ ငါမရှိပဲအဆင်ပြေမလား ”
ဟယ် အတွင်းရေးမှုး သက်ပြင်းချလိုက်ပြီး
“ နင်ရှိနေလည်း ခုလို စိတ်သောကရောက်ပြီး ဟိုလုပ်ဒီလုပ် အမှားတွေဖြစ်နေတာဘာထူးလဲ သွားလိုက် အန်တီ ဆီကို , စိတ်သက်သာရာရတော့မှပြန်လာခဲ့ .. အဖြေတခုတော့ထွက်လာမှာပါ အဆင်ပြေသွားမှာပါ ”
_______________________________
“ ဒါတွေအကုန်လုံးအာ့တာဆို
ပြီးအောင်လုပ်ထားလိုက်တော့နော်
အာ့တာဆိုငါပြန်ပြီ ”
ဖန်း ဒီရက်ထဲဆိုင်ကနေ စောစောပြန်လာဖြစ်သည် နောင်တရစရာတွေကို ထပ်ခါ
ထပ်ခါလုပ်မိနေသည့် ကိုယ့်ကိုကိုယ်လည်း
စိတ်ပျက်နေမိသည်မို့ ညနေတိုင်း တရားထိုင်ဖြစ်သည် တစ်ယောက်တည်း ဝါသနာပါတာလေးတွေ လုပ်ဖြစ်နေသည်
အတူတူလုပ်နေကြအရာတွေမို့
တိုက်ဆိုင်သည့်အခါတိုင်းလည်း
သတိရမိသည်မို့ ငူငူငိုင်ငိုင်ဖြစ်မိပြန်သည်
“ အာ့ ”
ပန်းသီးလှီးရင်းကနေ ဓားချော်ကာ
လက်ကိုဓားထိသွားသည်
“ဖတ် ဖတ် ”
စိတ်ကတခုခုမကောင်းဖစ်မှာဆိုးသည်မို့
အကျင့်အရ ထွက်မိလိုက်သေးသည်
စိတ်ထဲမှာ မိုင်တခုခုများဖြစ်နေလားဆိုသည့်
မေးခွန်းကဝင်လာမိပြန်သည်
“ မနက်ဖန် Blind Date လုပ်ဖို့
အားအောင်လုပ်ထား ၂နာရီတဲ့ ”
“ အမေ ... ”
“ ငါ့လာမအော်နဲ့ငါခုလိုလုပ်နေတာ
နင်ကောင်းဖို့အတွက်တွေချည်းပဲ နင်ကဘာတွေမှန်တာလုပ်နေလို့ အော်နေတာလဲ ”
ဖန် လည်းဘာမှမပြောတော့ပဲ လှီးလက်စ
ပန်းသီးကို ဓားဆောင့်ချကာအခန်းထဲဝင်လာလိုက်တော့သည်
အရင်ဆို စာလေးတွေ တတီတီတတောင်တောင် ဝင်နေကျဖုန်းလေးက ခုတော့ ငြိမ်သက်စွာ ... စိတ်ကမလုပ်နဲ့လို့တားနေမိပေမဲ့
လက်ကအလိုလို အသည်းပုံလေးပေးထားသော ဖုန်းနပါတ်ကို နိပ်မိလိုက်သည်
တူ .... တူ .... တူ ......
လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ
နောက်တကြိမ်ထပ်ခေါ်ဖို့ရန် မာနကလည်း
တားဆီနေပြန်သည်မို့ ဖုန်းကိုအဝေးသို့သာ
ပြစ်ထားလိုက်မိတော့သည်
“အဆင်ပြေသွားမှာ ” လို့သာ
စိတ်ထဲရေရွတ်ရင်း အိပ်ယာထဲ
မှေးစက်မိလိုက်တော့သည်
လွမ်းဆွတ် ဝမ်းနည်းစရာကောင်းတဲ့
ရှည်ကြာသောညတွေအမြန်ကုန်ဆုံးပါတော့
လို့လည်းဆုတောင်းမိလေသည်
_____________________
“ မေမေ .... ”
ကလေးတစ်ယောက် အမေကို တွေ့သည်နှင့်
ပြေးဖက်သော ဒါ့ဝိကာ ...
“အွီး ခုမှ ခုမှ ဘာလာချွဲ..သွား ”
ပွေ့ဖက်ထားသည်ကို ကျီစယ်ဟန်နဲ့
ပြန်လည်ရုန်းနေသော အမေဖြစ်သူကို
တင်းကျပ်စွာထွေးဖက်ထားသော ဒါ့ဝိကာ..
“ မေမေ ... သံပုရာရည်သောက်ချင်တယ် ”
“ သွား နင့်ဘာနင်သွားခူး ပြီးဖျော်သောက် ”
“ မေမေကလည်း ...”
ကျယ်ဝန်းလှတဲ့ဒီစိုက်ပျိုးရေးခြံထဲမှာ
တိတ်ဆိတ်နေရာကနေ သားအမိနစ်ယောက်
ကျီစယ်စနောက်သံလေးတွေကြောင့်
အသက်ဝင်သွားလေသည် လေပြေအေးလေးတွေကလည်းတိုက်ခတ်နေသည်မို့ ဟိုးအဝေးကတောင်တန်းများကို မြင်နေရသည်ကပင်
လွမ်းမောစရာကောင်းနေပြန်သည်
“ အလုပ်တွေအဆင်ပြေရဲ့လား ဒါ့ဝိ ..”
“ မပြေလို့ ပြစ်ပြီးနယ်ကိုပြေးလာတာ ”
“ ဒါ့ဝိကာ...”
ဘယ်လောက်ပဲ စီးပွားရေးနယ်ပယ်မှာ
နာမည်တခုနဲ့ရပ်တည်ပြီး လူတကာ
လေးစားခံရတဲ့ ရင့်ကျက်တည်ငြိမ်တဲ့
သူတစ်ယောက်ပေမဲ့ အမေဖြစ်သူရဲ့
ရင်ခွင်ထဲမှာတော့ ကလေးတစ်ယောက်လိုပင်
“ သွား ... အထုတ်တွေအခန်းထဲသွားထည့်ချေ လာမယ်ဆိုလို့ အခန်းရှင်းထားပြီးသား
ခဏနေ သံပုရာရှည် ဖျော်လာပေးမယ် ”
“ရေး ... ဒါမှ ဒါ့ဝိလေးရဲ့မေမေ ”
အိမ်ပြောင်းလာသလိုပင် သယ်လာသော အထုပ်တွေကို မနိုင်မနင်းသယ်နေသော
ဒါ့ဝိလေးကိုကြည့်ရင်း တဖက်ကလည်း
လာလည်သည်ကိုပျော်မိသလို တဖက်ကလည်း တခုခုဖြစ်လာသည်ဟုခံစားမိသောကြောင့်ရင်ပူမိနေပြန်သည်
“မြတ်စွာဘုရားနဲ့ ဘိုးဘွားများ
ကျွန်မသမီးလေးကိုစောင့်ရှောက်ပေးကြပါ”
_________________________
ကျွန်မဒီကိုလာလိုက်ရင် အမေနဲ့
တွေ့မယ် ဒီတောတောင်သဘာဝတွေကို
ခံစားမယ် ဒီလောက်ဆို အနည်းဆုံး
ကျွန်မစိတ်အာရုံတဖက်ကိုပြောင်း
သွားမယ်လို့ မျှော်လင့်နေခဲ့တာ
ဒီတောင်တန်းကြီးတွေကိုငေးကြည့်နေမှပဲ
တစုံတခု တစုံတယောက်ကို လွမ်းဆွေး
နေမိသလိုပင် ခံစားလာရသည်
“ ဒါ့ဝိ ... ”
နောက်ကနေလှမ်းခေါ်လိုက်သော
အမေ့အသံကြောင့် ဝါးရံတာမှ
လွမ်းဆွေးနေစိတ်လေးကိုဖုံးဖိကာ
အပြုံးတုနဲ့စကားပြန်ပြောရပြန်သည်
“ မေမေ ... ဒီသံပုရာရည်ကိုလွမ်းနေတာသိလား အားပါးပါး လန်းဆန်းသွားတာပဲ ”
အမေ စိတ်ထဲသံသယမဖြစ်အောင်
အတတ်နိုင်ဆုံး ကြိုးစားဟန်ဆောင်နေပေမဲ့
အနုပညာပါရမီမပါခဲ့ဘူးထင်ပါတယ်
ကျွန်မ ဟန်ဆောင်ချက်တွေက ဟန်ချက်ပျက်ကုန်သည် ထိန်းထားသော်လည်း
လက်များကတုန်ယင်ကာ တားမရတော့သော
မျက်ရည်များက တစက်ချင်းစီ စီးကျလာသည် ....
“ ဒါ့ဝိ .... ”
ဆက်မပြောနိုင်တော့ပဲ ရပ်နေရာကနေ အပုံသားလေ အိပ်ယာပေါ်ဖင်ထိုင်ချမိတဲ့ထိ
အရုပ်ကြိုးပျက်သလိုဖြစ်သွားသော ဒါ့ဝိလေးကြောင့် အမေဖြစ်သူလည်း စိတ်ပူရပြန်တော့သည် ဒီကလေးမလေးအမြဲသန်မာချင်ယောင်ဆောင်နေခဲ့ပြီး ခုလိုမငိုခဲ့တာ ဘယ်နှနှစ်များတောင်ရှိခဲ့ပြီလဲ ....
“ ဒါ့...ဝိ ... ဘာတွေပဲဖြစ်နေဖြစ်နေ
မေမေက သမီးအတွက်ရှိတယ်ဆိုတာ
သမီးသိတယ်မလား ”
စိတ်သက်သာရာရစေမယ့်စကားလေးတွေပဲ
ရွေးပြောပေးနေပေမယ့် ကလေးလေးတစ်ယောက်လို အိပ်ယာဝင်ခါနီးအမေထွက်သွားမှာကိုကြောက်နေသလို ဆွဲဖက်ထားသော ဒါ့ဝိလေး...
“ပင် ပန်း တယ် .... ”
အတော်အတန် မျက်ရည်တွေကျပြီးမှ
ပင်ပန်းတယ်ဆိုတဲ့စကားလေးထွက်လာသည်
“ ဒါ့ .... ဝိ .... ပင်ပန်းတယ်ဆိုတာ
အမေသိတယ် ငါ့သမီးလေး ပင်ပန်းနေပြီ
အဲ့တော့ ခုအမေ့အိမ်မှာ လုံးဝ အလုပ်အကြောင်းကို မေ့ပြီး စိတ်ပျော်တဲ့ထိနေ .. ဟုတ်ပြီလား ”
အမေ့ကို ဖြစ်ကြောင်းကုန်စင်ပြောပြချင်ပေမဲ့
ဘာတွေခံစားနေလဲပြောပြချင်မိပေမဲ့
ခေါင်းစဉ်ရှာမရအောင် ဖြစ်နေမိသည်
ကျွန်မဘာကိုကြောက်နေမိတာလဲ
ကျွန်မစိတ်တွေဘာလို့ဒီလောက်မွန်းကြပ်နေမိတာလဲ ဆိုတာကိုလည်း အဖြေရှာမရချေ ...
“ မငိုနဲ့တော့နော် ငါ့သမီးလေးက
ခုမေမေလက်ထဲမှာမို့ .. ဘယ်သူမှစိတ်ဒုက္ခ
လာပေးလို့မရဘူး ဟုတ်ပြီလား ..”
တိတ်ဆိတ်နေသော ဒါ့ဝိကြောင့်
ကလေးတစ်ယောက်လိုချော့နေရသောအမေ
“ထပ်ငိုနေရင် သံပုရာရည်ဖျော်မတိုက်တော့ဘူး သိမ်းလိုက်တော့မယ် ”
“ မေမေ ... ကလည်း ”
“ ဟွန့် မငိုနဲ့တော့ ကလေးလည်း
မဟုတ်တော့ဘူး အိမ်ထောင်ပြုရမယ့်
အရွယ်ရောက်နေပြီ အမေကိုပဲ အမြဲ
ကလေးဆန်နေတယ် ရည်းစားထားပြီး
ကောင်လေးကို သွားဆန် .. ဒီအမေက
အလုပ်တွေနဲ့တင် ချော့ဖို့အားမရှိတော့ဘူး သွား ”
“ မေမေကလည်း ... ယေကျာ်းတွေကကောင်းလို့လား အမြဲတမ်း အနိုင်ကျင့်လိုစိတ်ကကိန်းအောင်းနေတဲ့ သတ္တဝါတွေကို ”
“ အဲ့တာလည်းဟုတ်တာပဲ ယေကျာ်းမယူပါနဲ့
ငါ့သမီးလေးကိုတော့ငါစောင့်ရှောက်နိုင်ပါတယ် နော့် အမလေး ငါ့သမီးအလှလေး ”
ကျွန်မခုလိုငိုလိုက်မိသော ရင်ထဲအစိုင်အခဲတချို့ သက်သာသွားပျောက်ဆုံးသွားသလိုပင် .. အမေ နဲ့တွေ့မှ အမေရဲ့နွေးထွေးမှုတွေရရှိမှ ကျွန်မရဲ့ အထီးကျန်ခြင်း သိမ်ငယ်ခြင်းတွေအတွက် နားခိုရာ ခိုလှုံရာနေရာလေးတစ်ခုရရှိသွားလို အေးချမ်းသွားသလိုခံစားရသည်
“ ခရီးပန်းလာတယ်မလား တရေးတမော
အိပ်လိုက် .. ညကျ အမေ့သမီးအကြိုက်
ဟင်းတွေချက်ကျွေးမယ် ခုတောင် ချန်စီ တို့ကို ဈေးသွားခိုင်းထားတာ ”
“ ချန်စီ?အဲ့ကလေးမလေး ခုဘယ်နတန်းလဲ ”
“ အထက်တန်းဒုတိယနစ်လေ
ဘဲထားလို့ ဟိုတနေ့ကပဲ ဆော်ပလော်တီးထားတာ ”
“ ဟား ဟား ပြန်လာမှ ဆူဦးမယ် ”
“ ကဲ နားလိုက်တော့ အမေလည်း
ဂေါ်ဖီ ခင်းဘက်သွားလိုက်ဦးမယ် ”
အိမ် .. နွေးထွေးသည် အေးချမ်းသည်
လုံခြုံသည် ဒီခံစားချက်တွေကိုအကုန်
တနေရာတည်းမှခံစားရသည် အနည်းဆုံးတော့ ကျွန်မရဲ့အထီးကျန်ခြင်းတချို့ကို
ဒီမှာကုစားလို့ရလောက်မှာပါ မနေ့ညက
တနေကုန်လုံးအိပ်မပျော်ထားသည်မို့
လောလောဆယ်တော့ကျွန်မအိပ်မှဖြစ်မည်
ချက် ( မီးပိတ်သံ)
__________________________
“ ဘာလို့ ကျွန်မကိုဆက်သွယ်လိုက်တာလဲ ”
ကော်ဖီဆိုင်ရဲ့ တိတ်ဆိတ်နေမှုက
ဟယ်အတွင်းရေးမှုးရဲ့ ခက်ထန်ထန်
မေးခွန်းကြောင့်အနည်းငယ်တုန်လှုပ်
သွားသလိုပင် ...
“ မိုင့်ကို ဆက်သွယ်လို့မရလို့ပါ ”
“ဆယ်သွယ်ပြီးဘာလုပ်မလို့လဲ
ဘာလဲ အနာကျက်ပြီထင်လို့
အနာဆွဦးမလို့လား ”
ဟယ် အတွင်းရေးမှုးရဲ့ ခပ်ပြတ်ပြတ်
မေးခွန်းတွေကို ခံနိုင်ရည်ရှိအောင်
သက်ပြင်းတချို့ချကာ မာန်မာနတို့ကို
မျိုချနေမိတော့သည်
“ မဟုတ်ဘူး ကျွန်မ မိုင့်ကို
တွေ့ချင်လို့ပါ ရုံးလည်းမလာဘူးဆိုလို့
ရှင့်ကိုဆက်သွယ်လိုက်တာပါ အဲ့တာ
ရှင်များ သိမလားလို့ပါ ”
“ သိရင်ကော ကျွန်မကဘာလို့
ပြောပြရမှာလဲ ”
“ ဟယ် အတွေးရေးမှုး ကျွန်မ ..”
“ ကျေးဇူးပြုပြီ ဒါ့ဝိကို လွှတ်ထားပေးလို့
မရဘူးလား မပြတ်မသားနဲ့ဘယ်တော့ထိ
စိတ်ဒုက္ခပေးဖို့စဉ်းစားထားလဲ ”
“ ကျွန်မတောင်းပန်ပါတယ် ”
“ ဒီရက်ထဲ သူဘယ်လောက်ထိ
ခံစားနေရလဲဆိုတာ ရှင် သိလား
ရှင်တို့ကတော့ မိစုံဖစုံနဲ့ အချိန်တန်
Happy Family ပဲမလား ”
“ ကျွန်မ ..”
“ ခု ကျွန်မရှင့်ကိုသူ့အတွင်းရေးမှုး
အနေနဲ့လာတွေ့တာမဟုတ်ဘူး
သူရဲ့အချစ်ဆုံးသူငယ်ချင်းအနေနဲ့
လာတွေ့တာပဲ ရှင်ရဲ့မပြတ်မသားမှူတွေနဲ့
ကျွန်မသူငယ်ချင်းကိုစိတ်ဒုက္ခမပေးပါနဲ့တော့
ကျွန်မတောင်းပန်ပါတယ် ”
“ ဟယ် အတွင်းရေးမှူး ... ကျွန်မတောင်းပန်ပါတယ် ကျွန်မမှားတာပါ ကျွန်မ အရမ်း
အရမ်းကြောက်နေခဲ့လို့ပါ ဘယ်လိုရင်ဆိုင်
ရမလဲဆိုတာကို မတွေးခဲ့ဖူးလို့ပါ ”
ဖန် လည်း ထိန်းထားသည်ကြားမှ
မျက်ရည်စများကကျဆင်းလာပြီး
အသံများပင်တုန်ရီလာလေသည်
“ ခုလိုလုပ်နေလည်း နောက်ကျသွားပြီ ”
“ ရှင် ... ”
“ သူ မနေ့ကပဲနယ်ပြန်သွားပြီ
သူစိတ်အေးချမ်းမှပြန်လာမယ်လို့ ပြောတယ် ဒါကျွန်မအကူညီနိင်ဆုံးနဲ့ပြောပြတာနောက်ဆုံးပဲ ကျွန်မလုပ်စရာရှိလို့ အရင်သွားလိုက်ပါဦးမယ် ”
ကော်ဖီအနည်မကျခင်ပင် ချက်ချင်းထပြန်သွားသော ဟယ်အတွင်းရေးမှုး...
ဖန် ခေါင်းထဲမှာတော့မေးခွန်းများစွာပင်..
တဖက်ကမိဘ တဖက်က ချစ်ရသူ
ဒီရွေးချယ်မှုတိုင်းမှာ တဖက်ကိုဆုံးရှုံးရမလို
အခြေအနေတွေကြောင့် စိတ်ကျဉ်းကြပ်လှသည် သူဘာဆက်လုပ်ရမလဲ
အမေ့ကိုဖီဆန်ပြီး မိုင်ရှိရာနယ်မြို့လေးကို
သူလိုက်သွားရမလား ဒါမှမဟုတ် သမီးလိမ္မာလေးအနေနဲ့ပင် တယောက်တည်းအသက်ဆက်ရှင်ရမလား
_________________________
“ မမ မိုင် ...မမ မိုင် ”
တခါမှမအိပ်ရသေးသလို
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောမိုင်
“ ဟမ် .. ဘယ်နနာရီထိုးနေပြီလဲ ”
“ လေးနာရီ ”
ဆံပင်ဖွာလန်ကျဲနဲ့နိုးလာသောမိုင်ကို
ကြည့်ပြီးရယ်နေသော ချန်စီ
“ ဘာရယ်တာလဲ လူကြီး
ဖြစ်နေတယ်ပေါ့လေ ဘဲတွေဘာတွေနဲ့ ”
“ ဟိဟိ ... ”
“ ဟယ် ..ငါဖုန်း ဖုန်းဘယ်မှာလဲမသိဘူး
ငါ ဟယ်အတွင်းရေးမှုးကိုရောက်တည်းက
မဆက်ရသေးတာခုမှသတိရတယ် ငါ့ဖုန်းကော ”
“ လာပါ ... အန်တီက အောက်ဆင်းခဲ့ဦးတဲ့ ”
“နေဦး ဖုန်းရှာပေးပါဦး ”
“ သွား ဆင်းနှင့် ... ယူလာခဲ့မယ် ”
မိုင်လည်း ဆံပင်ဖွာလန်ကျဲကို
ဘီး ပြေးဖြီးကာ အောက်ထပ်
ဆင်းလာခဲ့တော့သည်
ချန်စီလည်း ဟိုလှန်ဒီလှောနဲ့ မိုင့်ဖုန်းကိုရှာလေတော့သည် ရှေ့ဆုံးအိတ်လေးထဲမှာ
အသင့်ရှိနေသောဖုန်းလေး
“ ဟယ် ဖုန်းတွေခေါ်ထားတာပဲ
အမယ် အသည်းပုံလေးနဲ့”
ချန်စီလည်း ဖုန်းပြန်ခေါ်ဖို့ဖွင့်ကြည့်ပေမယ့်
လော့ချထားသည် လက်လျော့ကာယူသွားပေးဖို့လုပ်တော့သည်
တူ တူ တူ ...
“အယ် အသက်ရှည်ဦးမယ် ဖုန်းခေါ်တယ်ဟ"
“ဟယ်လို ... မိုင် .. ”
လေသံ တိုးတိုးလေးနဲ့ဆိုလာသော ဖန်း
“ မိုင်မဟုတ်ဘူးရှင့် ချန်စီပါ ”
“ ချန်စီ ?? မိုင်ညီမဝမ်းကွဲလေးမလား ”
“ ဟင် ဘယ်သူလဲ ကျွန်မကိုသိလို့လား ”
“ အမ ဘိုင်ဖန်းပါ ”
“ အော် ... မမ ဖန်း နေကောင်းလား ”
“ အင်း ချန်စီ မိုင်ခုအဲ့မှာလား ”
“ ဒီမှာမို့ ချန်စီဖုန်းကိုင်တာပေါ့
ခုပဲအောက်ဆင်းသွားတယ် ”
“ ချန်စီ ... မကိုတခုကူညီပါ
မကိုအဲ့ကလိပ်စာလေး ပြောပြပါလား ”
“ အော် မ ဖန်းကလည်း ဘာများလဲလို့
မက်ဆေ့ပို့လိုက်မယ်နော် အိုကေ? ”
“ အိုကေ ချန်စီ ... ကျေးဇုးနော် ”
ချန်စီလည်း သူ့ဖုန်းလေးကနေ ဖန်းဖုန်းနပါတ်လေးယူကာ အိမ်လိပ်စာကိုအမြန်ပို့ပေးလိုက်သည် ကလေးမို့ ခြေမြန်လက်မြန်ပင်
“ချန်စီ ....”
“ ရှင် ....”
“ နင်မြန်မြန်မလာရင် မုန့်တွေကုန်ပြီနော် ”
“ အား ...လာပြီ ”
တဖက်မှာ ချန်စီဆီက အိမ်လိပ်စာကို
ကြည့်ပြီး တခုခုကိုရင်ဆိုင်ရန်
ပြင်ဆင်နေသော ဖန်း ...
“ အဆင်ပြေသွားမှာပါ ”
To be continued
Bad comment Negative Comment တွေကြောင့်တင်ဖို့ကြန့်ကြာသွားတာပါ
မန့်လေးတွေကိုဖတ်ပြီး အားယူပြီးရေးရတယမို့အားပေးကြပါဦးလို့