Unicode Font ( Zawgyi Below)
ဖန်း တစ်ယောက် ကဖေးဆိုင်လေးထဲ
ဂိမ်းနိပ်၍ မိုင် အလာကိုစောင့်နေလေသည်" အို... "
ဘယ်ဘက်မျက်ခမ်းစပ်မှာ စပ်ကနဲစပ်ကနဲ
လှုပ်သွားသည်မို့ စိတ်ထဲ နည်းနည်း
စနိုးစနောက်တော့ဖြစ်သွားမိသည်
စိတ်ထဲအရင်ရောက်လာသည်က မိုင်ဒီကဖေးလေးက မိုင့်ရုံးနဲ့ နှစ်ဘလောက်
အကွာမှာရှိပေမဲ့ ရုတ်တရက်မိုင့်ကို စိတ်ပူမိသွားသည် မို့ အသည်းပုံလေးနဲ့
မှတ်ထားသော နံပါတ်လေးကို အလိုလို
နိပ်မိသွားသည်" လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ
သတ်မှတ်ချိန် အတွင်း ပြန်လည်ဖြေကြားခြင်း
မရှိပါသဖြင့်.. "" အွီး... မိုင်.. ဘာလို့ဖုန်းမကိုင်တာလဲ "
" တူ... တူ... "
အခေါ်ဝင်နေ၍ မြည်နေသော ဖုန်းခေါ်သံသာ
ကြာငြောင်းနေသဖြင့် ဖန်းရဲ့ စိတ်တနေရာမှ
လေးလံလာသည်မိုင်... ဘာတွေလုပ်နေတာလဲ
ရေခဲစိမ်အအေးခွက်လေးတောင် အရည်ပျော်လို့
အရသာတွေပေါ့ကုန်တော့မည်
ဖန်း စိတ်တွေလည်း စိုးထိတ်မှုတွေနဲ့
ချွေးများပင် စိုစွတ်လာလေသည်နောက်ဆုံးတော့ ဖန်းလည်း နှုတ်ခမ်းဖျားမှာ လေညင်းလေးနဲ့ နှုတ်ဆိတ်ကာ
ဘုရားစာလေး စိတ်မှ ရွတ်ပြီး
ငြိမ်းချမ်းစေနေလိုက်သည်မကြာလိုက် တခဏအကြာတွင်
" ဖန်း... "
" မိုင် ... "
" ဆောရီး ကိုယ် နောက်ကျသွားတယ်
နည်းနည်းအလုပ်လေးရှုပ်နေလို့ပါ "" အွန်းပါ ဒီကစိတ်ပူနေတာ ဖုန်းကော?? "
" အာ... အံဆွဲထဲထည့်ထားမိတာ
မယူလာခဲ့မိဘူး "" အော် တို့က ဖုန်းတွေခေါ်နေတာ ရှင်ဟာလေ "
" အဟား ဟား ဟုတ်ပါပြီနော် "
" အအေးတွေ အရည်ပျော်ကုန်ပြီ
ဖန်း အသစ်မှာလိုက်မယ် ခဏ.. "" နိုး... ရတယ် ဒီကိုခဏလာ "
ညနေစောင်းအချိန်မို့ ကဖေးဆိုင်လေးက
လူလည်း ရှင်းနေပြီ ဖွင့်ထားသော
တေးသံလေးတွေကလည်း စိတ်ထဲ
အေးချမ်းနေစေလေသည်