"မင္းတို႔တကယ္ပဲ..."
ဂေယာင္ဆူးလက္ထဲကစာရြက္ႏွစ္ရြက္ကို ခ်န္းေယာလ္ ဆြဲယူလိုက္သည္။
"ထပ္စဥ္စားဦးကြာ။ စဥ္းစားၿပီးလည္း ထပ္စဥ္းစား။ အႀကိမ္ႀကိမ္စဥ္းစား။ အခုလုပ္ကိုလုပ္ရမယ္လို႔ ငါေတာ့မထင္ဘူး"
"ငါတို႔ႏွစ္ေယာက္လံုးအခ်ိန္ယူၿပီး ေဆြးေႏြးၿပီးၿပီ ဆယ္ဟြန္း။ အခုလုပ္ကိုလုပ္ရမယ္လို႔မဟုတ္ေပမယ့္ ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ ဒါက ငါတို႔ႏွစ္ေယာက္တစ္ခ်ိန္ခ်ိန္မွာ လုပ္ကိုလုပ္ရမယ့္ကိစၥ"
"ဒါ့ေၾကာင့္ေျပာတာေပါ့။ ေက်ာင္းတက္ဘြဲ႕ယူ၊ စီးပြားရွာ အေျခခိုင္ေအာင္အရင္လုပ္ပါဦး။ ဒီစာခ်ဳပ္နဲ႔ခ်ည္ေႏွာင္လိုက္ဖို႔က စကၠန္႔ပိုင္းပဲၾကာမွာ။ မင္းတို႔ရဲ႕ငယ္ဘဝကိုအရင္တည္ေဆာက္ေစခ်င္တယ္ ငါကေတာ့"
"ငါတို႔ဆံုးျဖတ္ခ်က္ကိုမျပင္တာ့ဘူး ဆယ္ဟြန္း"
ဘတ္ဟြ်န္းနီးကဝင္ေျပာသည္။ ခ်န္းေယာလ္ ဘတ္ဟြ်န္းနီးလက္ေလးကိုတင္းတင္းဆုပ္ကိုင္လိုက္၏။ ဒီေလာက္ထိျပင္ဆင္ၾကဖို႔ဆႏၵမရွိေပမယ့္ ခ်န္းေယာလ္တာဝန္ယူခ်င္သည္။ ဆယ္ဟြန္းတို႔ဂေယာင္ဆူးတို႔ကို ဖြင့္မေျပာႏိုင္တဲ့တစ္ျခမ္းမွာ ခ်န္းေယာလ္တို႔စည္းေက်ာ္ခဲ့ၾကၿပီးၿပီ။ တကယ္ဆို ဘတ္ဟြ်န္းနီးလည္းေယာက္်ားေလးပဲ။ ေယာက္်ားေလး၊ မိန္းကေလးျဖစ္ျခင္းနဲ႔မသက္ဆိုင္ပဲ ဘတ္ဟြ်န္းနီးကို တန္ဖိုးထားခ်င္ခဲ့သည္။ ဒါကစာခ်ဳပ္တစ္ခုျဖစ္ေပမယ့္ ခ်န္းေယာလ္ရဲ႕သစၥာနဲ႔ကတိေတြထပ္ေပါင္းထားတာထက္ ပိုသည္။
"ႏွစ္ေယာက္လံုးက ၁၈ႏွစ္ျပည့္ၿပီးသြားၿပီဆိုေတာ့ ျပႆနာေတာ့မရွိပါဘူး။ ငါ့အေဖဆီက ခိုးခဲ့တဲ့စာခ်ဳပ္ဆိုေတာ့ တံဆိပ္ေခါင္းလည္း ကပ္ခဲ့ၿပီးသား။ မင္းတို႔လက္မွတ္ထိုးၿပီးရင္ ငါနဲ႔ဆယ္ဟြန္းကအသိသက္ေသေနရာမွာ နာမည္ျဖည့္ေပးမယ္။ ၿပီးရင္ ၿမိဳ႕နယ္တရားရံုးကိုသြားတင္လိုက္ၾက။ လက္ထပ္မွတ္ပံုတင္သြင္းၿပီး တရားဝင္ျဖစ္ဖို႔က တစ္ရက္ပဲၾကာတယ္။ ဆံုးျဖတ္ၿပီးေနမွေတာ့ ငါ ဘာမွမေျပာခ်င္ဘူး။ ခ်န္းေယာလ္ ဘတ္ဟြ်န္း မင္းတို႔ႏွစ္ေယာက္လံုးက ဥာဏ္ေကာင္းၿပီးသားပဲ။ ဒီကိစၥမွာ ငါမင္းတို႔သေဘာထားကို ေလးစားေပးမယ္"
ဂေယာင္ဆူးအေတြးက ဒီလို။ ဆယ္ဟြန္းက တစ္ခြန္းမွမေျပာေတာ့။ လက္ထပ္စာခ်ဳပ္မွာနာမည္ျဖည့္သြင္း လက္မွတ္ထိုးၿပီးတာနဲ႔ တံဆိပ္တံုးထုလိုက္ၾကသည္။ ဂေယာင္ဆူးနဲ႔ဆယ္ဟြန္းကသက္ေသ။ တရားရံုးကိုေတာ့ ဆယ္ဟြန္းနဲ႔ဂေယာင္ဆူးမလိုက္လာေတာ့။ ဘတ္ဟြ်န္းနီးက ေဘာင္းဘီအျဖဴနဲ႔ အနီေရာင္ရွပ္အက်ႌေပၚကမွ ရွပ္အျဖဴေရာင္ကိုထပ္ဝတ္ထားခဲ့သည္။ ေကာင္းကင္ေနာက္ခံကလည္း အျပာေပၚမွာ အျဖဴေရးေရး။ ဘတ္ဟြ်န္းနီးရဲ႕အျပံဳးတို႔က မေန႔တစ္ေန႔ကနဲ႔ ျခားနားစြာပဲ တည္ၿငိမ္ေနခဲ့သည္။ မလြတ္တမ္းဆုပ္ကိုင္ထားၾကမိတဲ့ လက္ေခ်ာင္းတို႔က ေခၽြးစတို႔နဲ႔ေအးစက္ေနခဲ့၏။
"ဘတ္ဟြ်န္းနီး..."
"ဟင္..."
ခ်န္းေယာလ္ဘက္လွည့္ၾကည့္လာတဲ့မ်က္ႏွာေလးဆီ ေရကန္ကိုျဖတ္တိုက္လာတဲ့ေလတို႔ကတိုးေဝွ႕သြားသည္။ နဖူးေပၚက ဆံဖ်ားညိဳညိဳေလးေတြက ဝဲခနဲ။ ဂိုယန္းပန္းျခံကအီဆန္ၿမိဳ႕မွာအႀကီးဆံုးပန္းျခံျဖစ္သည္။ ေက်ာင္းဖြင့္ရက္ျဖစ္တာမို႔ ပန္းျခံကလူရွင္းသည္။ ခ်န္းေယာလ္တို႔က ပန္းျခံအလယ္ကေရကန္နားမွာလမ္းေလၽွာက္ေနၾကတာျဖစ္သည္။ ေမပယ္ပင္ေပၚက ႏွင္းခဲေတြ အပင္ေပၚကေနေဖ်ာခနဲေႂကြက်သည္။ ဘတ္ဟြ်န္းနီးဆံပင္ေလးေတြကို ခ်န္းေယာလ္ သပ္တင္ေပးလိုက္၏။
"မျပည့္စံုေသးတဲ့အခ်ိန္မွာ ဒီလိုေတြျဖစ္ခဲ့ရလို႔ ေတာင္းပန္ပါတယ္"
"ဘာေတာင္းပန္စရာရွိလဲ ခ်န္းေယာလ္။ မျပည့္စံုတာကို ျပည့္စံုလာေအာင္ အတူတူႀကိဳးစားလို႔ရပါတယ္။ အေရးႀကီးတာက ငါတို႔ႏွစ္ေယာက္ တစ္သက္လံုးလက္တြဲေနႏိုင္ဖို႔"
ခ်န္းေယာလ္ေဘာင္းဘီအိတ္ထဲကထုတ္ယူလိုက္တဲ့အရာကို လက္ဖဝါးထဲထည့္ၿပီးျဖန္႔လိုက္သည္။
"ဒါက..."
"ေမေမ့ဆီကေနာက္ဆံုးက်န္ခဲ့တဲ့ပစၥည္းပဲ ဘတ္ဟၽြန္းနီး။ ငါ့ရဲ႕တစ္ခုတည္းေသာ ခ်မ္းသာမႈဆိုလည္းဟုတ္တယ္။ ဒီလက္စြပ္က လြန္ခဲ့တဲ့ဆယ့္ငါးႏွစ္က ေမေမထားသြားခဲ့တဲ့အတိုင္း တန္ဖိုးရွိေနတုန္းပဲ။ တစ္ခ်ိန္ခ်ိန္က်ရင္ေတာ့ ဒီသိမ္ငယ္မႈေတြကို ငါကိုယ္တိုင္ ဖယ္ရွားေပးပါ့မယ္။ ဒီေန႔လိုတန္ဖိုးရွိတဲ့ေန႔မွာေတာ့ ငါပိုင္ဆိုင္သမၽွ ဘတ္ဟၽြန္းနီးဆီပံုအပ္ထားခ်င္တယ္။ မျငင္းရင္ေကာင္းမွာပဲ"
တြဲထားတဲ့လက္တစ္ဖက္ကိုဘတ္ဟြ်န္းနီးကရုန္းထြက္သြားသည္။ ၿပီးေတာ့ လက္ေခ်ာင္းရွည္သြယ္သြယ္ေလးေတြ ခ်န္းေယာလ္မ်က္စိေရွ႕ေရာက္လာ၏။ ခ်န္းေယာလ္ မ်က္ရည္ေတြဝဲလာရသည္။ ဘတ္ဟြ်န္းနီးကိုျမင္ေနရတာ ဝိုးတဝါး။ ရင္ထဲလႈိက္ခနဲျပံဳးတာက ႏႈတ္ခမ္းေတြမွာပါ သြားထင္ဟပ္လိမ့္မယ္။
"ေက်းဇူးတင္ပါတယ္ ဘတ္ဟြ်န္းနီး။ ၿပီးေတာ့ ခ်စ္တယ္"
ႏွင္းခဲေတြက ေနေရာင္မွာၿပိဳက်သလိုမ်ိဳး ခ်န္းေယာလ္အနမ္းေတြက ဘတ္ဟြ်န္းနီးမ်က္ႏွာႏုႏုေပၚ ေနရာမလပ္ျဖစ္တည္ခဲ့ျပန္၏။
××××××××××××××××××××××××××××××
"ကၽြန္မ လက္မခံႏိုင္ဘူး။ ျပန္ၾကပါ"
ခပ္ဟဟျဖစ္ေနသည့္ အိမ္တံခါးမႀကီးမွ ထြက္လာသည့္အသံ။ ခ်န္းေယာလ္နဲ႔ဘတ္ဟြ်န္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္မိသြားသည္။
"ဘြား!"
ဘတ္ဟြ်န္းနီးက အိမ္ထဲေျပးဝင္၏။ ဘြားနဲ႔မ်က္ႏွာခ်င္းဆိုင္မွာ အနက္ေရာင္အေနာက္တိုင္းဝတ္စံုျပည့္နဲ႔လူတစ္ေယာက္ထိုင္ေန၏။ သူ႔ေဘးမွာက ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးႏွင့္ ရဲယူနီေဖာင္းဝတ္အမ်ိဳးသားႏွစ္ေယာက္။
"ဘတ္ဟြ်န္း..."
"ဘြား ဘာျဖစ္လို႔လဲဟင္။ သားကိုေျပာေလ ဘြား"
"ေနာက္ေန႔မွ ထပ္လာခဲ့ပါ့မယ္ ခြင့္ျပဳပါဦး"
ခ်န္းေယာလ္ တံခါးဝကေနပဲ ေခါင္းညႊတ္အရိုအေသေပးလိုက္သည္။ ဘြားက မ်က္ႏွာမေကာင္း။
"အကုန္ျပန္သြားၾကၿပီ ဘြား"
ဘြားရဲ႕တစ္ဖက္ျခမ္းမွာ ခ်န္းေယာလ္ ဝင္ထိုင္လိုက္သည္။
"ဘြား...ဘာျဖစ္တာလဲ သားတို႔ကိုေျပာပါဆို"
"အႏိုင္ရတဲ့အီဆန္ၿမိဳ႕ေတာ္ဝန္က ဒီေတာင္ကုန္းေနရာမွာ ဘာေဆာက္မလို႔ဆိုလားပဲ အိမ္ေနရာကိုဖယ္ေပးဖို႔လာေျပာတာ။ ေလ်ာ္ေၾကးလည္းေပးမယ္ေျပာတာပဲ"
"ဘြား ဘာျပန္ေျပာလိုက္လဲ"
"ဘာေျပာရမလဲ ျငင္းလိုက္တာေပါ့။ ဒါ ဘယ္လိုေနရာမို႔လို႔လဲ။ မက်ယ္ဘူးဆိုေပမယ့္ ဘြားတို႔ရဲ႕ ဘိုးဘြားပိုင္ျခံပဲေလ။ ရပ္ကြက္ထဲကတျခားျခံေတြလည္း ေလ်ာ္ေၾကးယူလိုက္ၿပီမို႔လို႔ ၾကာၾကာတင္းခံမေနႏိုင္ပါဘူးလို႔ ေျပာသြားတာ သူတို႔က"
"ဒါ သပ္သပ္လူပါးဝတာ ဘြား"
ဘြားမျမင္ေအာင္ ဘတ္ဟၽြန္းနီးကို ေခါင္းခါျပလိုက္သည္။
"ဘတ္ဟြ်န္းနီး ဘြား နားခ်င္မွာေပါ့"
ဘြားလက္ေမာင္းတစ္ဖက္တစ္ခ်က္ကေန ဆြဲမထူယူၿပီး အခန္းထဲတြဲပို႔ေပးလိုက္ၾကသည္။
"အကုန္လံုးသာေျပာင္းေရႊ႕ရမယ္ဆိုရင္ ဘယ္လိုလုပ္ၾကမလဲဟင္ ခ်န္းေယာလ္"
"ဘတ္ဟြ်န္းနီးကပါ ေတြးပူမေနပါနဲ႔။ ကိုယ့္သေဘာဆႏၵမပါရင္ သူတို႔ဒါမ်ိဳးလုပ္လို႔ဘယ္ရမလဲ။ သဘက္ခါဆို စာေမးပြဲေျဖရေတာ့မွာ စာကိုပဲအာရံုစိုက္ထားဦး။ တစ္ခုခုဆို ငါလည္းရွိေနပါတယ္ ဘတ္ဟြ်န္းနီးရဲ႕"
"အင္း...ခ်န္းေယာလ္လီေရာ အိမ္ကိုျပန္ၾကည့္ရမယ္မလား။ ခ်န္းေယာလ္တို႔ဘက္ကိုလည္း ေရာက္ေနေလာက္မယ္ထင္တယ္"
"အင္း... ငါ အိမ္ျပန္ၾကည့္လိုက္ဦးမယ္ ဘတ္ဟြ်န္းနီး။ ဘြားကိုဂရုစိုက္ေနာ္။ ညက်ရင္ ငါ ဖုန္းဆက္လိုက္မယ္"
အေျခအေနေတြက ရုတ္တရတ္ဆန္ဆန္ျဖစ္ပ်က္လာတာပါပဲ။
××××××××××××××××××××××××××××××
"ပတ္ခ်န္းေယာလ္"
အိမ္ထဲဝင္ဝင္လိုက္ခ်င္း ထြက္လာသည့္အသံ။ ပ်ံဝဲလြင့္လာသည့္စာရြက္ျဖဴတို႔က ခ်န္းေယာလ္မ်က္ႏွာကိုေတာင္ ဖံုးအုပ္သြားေစသည္။ ခ်န္းေယာလ္ဖိနပ္ပင္မခၽြတ္ရေသး။
"အေလေတြလိုက္ၿပီး ေက်ာင္းလည္းမတက္။ နင့္အေဖ ေနာက္မယားယူၿပီး ကိုရီးယားကိုျပန္မလာေတာ့မယ့္အေၾကာင္း စာပို႔လိုက္တာေတာင္ မသိေသးဘူးမလား"
"ေဖေဖ?"
စာရြက္ျဖဴေပၚက မွင္ျပာျပာနဲ႔ေရးထားတဲ့လက္ေရးခၽြန္ခၽြန္ေတြ။ ဟႏိြဳင္းသူနဲ႔အေၾကာင္းပါခဲ့သည့္အေၾကာင္း။ ေဒၚေလးတို႔အတြက္ ေငြေရးအခ်ိဳ႕ေထာက္ပံ့လိုက္သည့္အေၾကာင္းႏွင့္ ခ်န္းေယာလ္ကို ေတာင္းပန္ထားသည္က ႏွစ္ေၾကာင္းခန္႔သာပါသည္။ ခ်န္းေယာလ္ရင္ထဲ နင့္နင့္သဲသဲပင္ျဖစ္သြားရ၏။
"အလကား မႀကိဳးစားခ်င္တဲ့ကေလး။ ဖေအအေပၚေႏြးေႏြးေထြးေထြးမရွိမွေတာ့ ဖေအလုပ္တဲ့သူက အိမ္ျပန္လာပါေတာ့မလား။ အခု အီဆန္ၿမိဳ႕ေတာ္ဝန္အသစ္ေျပာင္းတာလည္း အိမ္ေနရာကဖယ္ေပးရဦးမယ္။ ေလ်ာ္ေၾကးက တစ္ပဲေျခာက္ျပား။ နင့္အေဖပို႔ေပးလိုက္တဲ့ပိုက္ဆံက မျဖစ္စေလာက္။ အခ်ိန္ပိုင္းကရသမၽွပိုက္ဆံေတြက်ေတာ့ ဟိုေကာင္ေလးကိုဖို႔"
"ဘတ္ဟြ်န္းနီးနာမည္ ထည့္မေျပာနဲ႔ ေဒၚေလး!"
ခြမ္း!
ေဘးနားကပန္းအိုးကိုေကာက္ကိုင္လိုက္တာျမင္သည္။ မ်က္လံုးမွိတ္ခ်လိုက္ေပမယ့္ လူကေဘးကိုယိုင္သြားခဲ့၏။ ပန္းအိုးက တံခါးေဘာင္ကိုသြားထိၿပီး ၾကမ္းျပင္ေပၚက်ကြဲသံကျပင္းသည္။ ခ်န္းေယာလ္ အလန္႔တၾကားနဲ႔မ်က္လံုး ဖြင့္ၾကည့္လိုက္၏။ လက္ေမာင္းတစ္ဖက္ကိုဆြဲထားသူက ဟြမ္အီေဂ်ာင္...။
တိတ္ဆိတ္မႈက ညနက္ပိုင္းရဲ႕အေမွာင္ထုကိုအေဖာ္ျပဳေနသည္။ ခ်န္းေယာလ္ေျခသံေတြနဲ႔ကပ္လ်က္မွာ ဖဝါးထက္မကြာတဲ့ေျခလွမ္းတစ္စံုရွိေနခဲ့သည္။
"ဘာလာလုပ္တာလဲ"
"အိုလံပစ္ၿပိဳင္ပြဲကရတဲ့ဆုေၾကးေပးမလို႔။ မင္းေက်ာင္းမလာတာနဲ႔ ဆရာမက ေပးခိုင္းလိုက္တာ"
ဒါကအေၾကာင္းျပခ်က္သပ္သပ္ျဖစ္မွန္းသိေပမယ့္ ခ်န္းေယာလ္ဆက္မေျပာျဖစ္။ ခ်န္းေယာလ္အတြက္ဆို ဘတ္ဟြ်န္းနီးပါမရွိရင္ ဆယ္ဟြန္းနဲ႔ေပးေနက်ပဲေလ။ ခ်န္းေယာလ္လက္ထဲကို စာအိတ္ျဖဴျဖဴထည့္ေပးလာသည္။
"ေက်းဇူးပဲ ဟြမ္အီေဂ်ာင္။ မင္းအိမ္က လိုက္ပို႔တာမလား။ ငါ ျပန္ၿပီ"
"ေန...ေနပါဦး ခ်န္းေယာလ္"
ခ်န္းေယာလ္လက္ေမာင္းကို ဟြမ္အီေဂ်ာင္ကဆြဲထားသည္။ ငဲ့ၾကည့္လိုက္တာမို႔ ခ်က္ခ်င္းျဖဳတ္ခ်သြားျပန္၏။
"ဘယ္ကိုျပန္မွာလဲ ခ်န္းေယာလ္"
ခ်န္းေယာလ္နဲ႔ေဒၚေလးရဲ႕အျဖစ္အပ်က္၊ အေျခအေနအားလံုးကို ဟြမ္အီေဂ်ာင္ျမင္သြားခဲ့တာပဲ။ တကယ္ေတာ့ ခ်န္းေယာလ္လည္း အိမ္မျပန္ခ်င္။ ေဒၚေလးရဲ႕အျပဳအမူအေျပာအဆိုထဲက မလိုလားမႈေတြက ခ်န္းေယာလ္ကို ႏွင္ထုတ္ေနတာ အသိအသာပဲမလား။ ဘတ္ဟြ်န္းနီးဆီသြားရင္ ဘြားကိုပါ အေႏွာင့္အယွက္ေပးသလိုျဖစ္ဦးမည္။ တကယ္ေတာ့ ဆယ္ဟြန္းဆီပဲသြားဖို႔ ေတြးေနမိတာျဖစ္သည္။
"မင္းနဲ႔ဘာဆိုင္လို႔လဲ"
"စာေမးပြဲေျဖရေတာ့မွာေလ ခ်န္းေယာလ္။ အျပင္မွာေလၽွာက္သြားေနရင္ ေနမေကာင္းျဖစ္လိမ့္မယ္"
"ဟြမ္အီေဂ်ာင္! မင္း ငါ့ကိစၥေတြမွာ မပါလို႔မရဘူးလား"
"ဘာျဖစ္လို႔လဲဟင္ ငါတို႔က တစ္တန္းတည္းအခန္းေဖာ္ေတြပဲဟာ။ ၿပီးေတာ့ သူငယ္ခ်င္းေတြေလ"
"ငါ မင္းကိုခင္တယ္လို႔ ေျပာမိလို႔လား"
ဟြမ္အီေဂ်ာင္က မ်က္ႏွာငယ္ငယ္ကို ငံု႔ခ်သြားၿပီးေခါင္းခါသည္။
"ငါ့ကို မုန္းေနတာလား ခ်န္းေယာလ္က"
"မုန္းတယ္လို႔ေရာ ငါေျပာမိလို႔လား"
"ဒါဆို ခ်စ္ႏိုင္မလား"
"ဘာ!"
ခ်န္းေယာလ္ အသံေတာ္ေတာ္က်ယ္သြားခဲ့သည္။ ေဆာင္းရာသီညဦးပိုင္းမို႔ အသံက်ယ္က်ယ္က အက္ရွခ်င္သလိုပင္ျဖစ္သြားခဲ့သည္။ ေမာ့ၾကည့္လာတဲ့ ဟြမ္အီေဂ်ာင္မ်က္လံုးက အရည္လဲ့လဲ့။
"ငါ ခ်န္းေယာလ္ကို ခ်စ္တယ္"
"ငါ အခု မုန္းတယ္ဆိုတဲ့စကားကိုေျပာရေတာ့မယ္ ထင္တယ္ ဟြမ္အီေဂ်ာင္"
"ဘာလို႔လဲ ေျဗာင္ဘတ္ဟြ်န္းနီး မဟုတ္လို႔လား"
ဟြမ္အီေဂ်ာင္အက်ႌလည္ပင္းစကို ခ်န္းေယာလ္ေဆာင့္ဆြဲယူပစ္လိုက္သည္။
"ဘတ္ဟြ်န္းနီးနာမည္ထည့္ေျပာစရာမလိုဘူး။ ဘတ္ဟြ်န္းနီးလို႔လည္း မင္း ေခၚစရာမလိုဘူး"
"ကန္႔သတ္ခ်က္ေတြမ်ားလိုက္တာ ခ်န္းေယာလ္လီရာ"
"ဟြမ္အီေဂ်ာင္ မင္း အခုခ်က္ခ်င္း ငါ့ေရွ႕ကထြက္သြားလိုက္ေတာ့ အခုခ်က္ခ်င္း!"
ပစ္စလတ္ခတ္တြန္းထုတ္ပစ္လိုက္တာမို႔ ကားလမ္းမေပၚပံုခနဲလဲက်သြားသည္။ ခ်န္းေယာလ္ ထူေပးဖို႔စိတ္ကူးမရွိသလို မသနားတာအမွန္ျဖစ္၏။ ဟြမ္အီေဂ်ာင္ပါးစပ္က ဘတ္ဟြ်န္းနီးနာမည္ထြက္လာတည္းက ဘယ္အခ်ိန္ကစၿပီး မနာလိုျဖစ္ေနခဲ့သလဲေတာင္ မခန္႔မွန္းႏိုင္ေတာ့။ ေက်ာင္းစတက္တည္းက ဘတ္ဟြ်န္းနီးနားကပ္ခဲ့တာေတြေတာင္ ေသြးရိုးသားရိုးဟုတ္ခဲ့ရဲ႕လား။ မရိုးသားခဲ့ဘူးဆိုရင္ေတာင္ ခ်န္းေယာလ္သိခ်င္စိတ္မရွိ။ ရႈပ္ေထြးၿပီး စိတ္ဓာတ္မရိုးရွင္းတဲ့သူေတြကို ခ်န္းေယာလ္မႀကိဳက္။ ဟြမ္အီေဂ်ာင္ လဲက်ေနတဲ့အတိုင္းပဲ ေက်ာခိုင္းပစ္ခဲ့လိုက္ေတာ့သည္။
××××××××××××××××××××××××××××××
"ဆရာမ တကယ္ေျပာတာလား"
"ဟုတ္တယ္ တကယ္ပါ။ ေနာက္စရာမွမဟုတ္တာ။ အိုလံပစ္ထူးခၽြန္ေက်ာင္းသား ပတ္ခ်န္းေယာလ္အတြက္ ပညာသင္အထူးဆု ဒီမွာေလ မနက္ကပဲ ဆိုးလ္တကၠသိုလ္က Fax ပို႔လာတာ။ သား ေလၽွာက္ခ်င္တဲ့ ေမဂ်ာေလၽွာက္ခြင့္ရွိတယ္။ ပထမႏွစ္မွာ Full scholar ပဲ။ ေနာက္ႏွစ္ေတြအတြက္ေတာ့ သားရဲ႕ႀကိဳးစားမႈအေပၚမူတည္သြားမွာေပါ့။ အဲ့ေတာ့ တကၠသိုလ္ဝင္ခြင့္အတြက္ပါ အခုကတည္းက တစ္ခါတည္းျပင္ဆင္ထားေတာ့"
ဆရာမကမ္းေပးလာတဲ့စာရြက္မွာ ခ်န္းေယာလ္နာမည္အတိအက်ပါသည္။ ဆိုးလ္တကၠသိုလ္ဆိုတာနဲ႔ မေန႔ညကဟြမ္အီေဂ်ာင္နဲ႔အျဖစ္အပ်က္ကို သြားသတိရလိုက္သည္။ ခ်န္းေယာလ္ ဒုကၡေရာက္ေနခ်ိန္တိုင္း အဆင္သင့္ျဖစ္ေနတတ္တဲ့ အခြင့္အေရးေတြ။
"ဆရာမ ဒီပညာသင္ဆုက အဖြဲ႕အစည္းက ေပးတာလား။ လူပုဂၢိဳလ္ကေပးတာလား"
ဟြမ္အီေဂ်ာင္တို႔အိမ္က ေပးတာလားလို႔ေမးခ်င္ေပမယ့္ ဆရာမ မေျဖမွာကို သိေနသည္။ ဒါ့ေၾကာင့္ ခ်န္းေယာလ္ တျခားပံုစံတစ္မ်ိဳးေျပာင္းေမးရ၏။
"ဟင္! အင္း...လူပုဂၢိဳလ္ကေပးတာေလ"
ေသခ်ာသေလာက္ေတာ့ရွိေနပါၿပီ။
"ဟုတ္ကဲ့။ ကၽြန္ေတာ္ စဥ္းစားဖို႔အခ်ိန္ရတယ္မလား ဆရာမ"
"ဘာေတြစဥ္းစားဦးမလဲ သားရယ္။ ဒီေလာက္ေကာင္းတဲ့အခြင့္အေရးကို"
"ဒီေလာက္ေကာင္းတဲ့အခြင့္အေရးမို႔လို႔ ကၽြန္ေတာ္ စဥ္းစားပါရေစ ဆရာမ"
"အင္း...သား သေဘာပါပဲ"
ဆရာမကိုႏႈတ္ဆက္ၿပီးထြက္လာလိုက္၏။ အတည္ျပဳစရာေတြရွိေနၿပီမလား။
##########################
June 18.2020.(Thursday)
××××××××××××××××××××××××××××
"မင်းတို့တကယ်ပဲ..."
ဂယောင်ဆူးလက်ထဲကစာရွက်နှစ်ရွက်ကို ချန်းယောလ် ဆွဲယူလိုက်သည်။
"ထပ်စဉ်စားဦးကွာ။ စဉ်းစားပြီးလည်း ထပ်စဉ်းစား။ အကြိမ်ကြိမ်စဉ်းစား။ အခုလုပ်ကိုလုပ်ရမယ်လို့ ငါတော့မထင်ဘူး"
"ငါတို့နှစ်ယောက်လုံးအချိန်ယူပြီး ဆွေးနွေးပြီးပြီ ဆယ်ဟွန်း။ အခုလုပ်ကိုလုပ်ရမယ်လို့မဟုတ်ပေမယ့် ဘယ်အချိန်ပဲဖြစ်ဖြစ် ဒါက ငါတို့နှစ်ယောက်တစ်ချိန်ချိန်မှာ လုပ်ကိုလုပ်ရမယ့်ကိစ္စ"
"ဒါ့ကြောင့်ပြောတာပေါ့။ ကျောင်းတက်ဘွဲ့ယူ၊ စီးပွားရှာ အခြေခိုင်အောင်အရင်လုပ်ပါဦး။ ဒီစာချုပ်နဲ့ချည်နှောင်လိုက်ဖို့က စက္ကန့်ပိုင်းပဲကြာမှာ။ မင်းတို့ရဲ့ငယ်ဘဝကိုအရင်တည်ဆောက်စေချင်တယ် ငါကတော့"
"ငါတို့ဆုံးဖြတ်ချက်ကိုမပြင်တာ့ဘူး ဆယ်ဟွန်း"
ဘတ်ဟျွန်းနီးကဝင်ပြောသည်။ ချန်းယောလ် ဘတ်ဟျွန်းနီးလက်လေးကိုတင်းတင်းဆုပ်ကိုင်လိုက်၏။ ဒီလောက်ထိပြင်ဆင်ကြဖို့ဆန္ဒမရှိပေမယ့် ချန်းယောလ်တာဝန်ယူချင်သည်။ ဆယ်ဟွန်းတို့ဂယောင်ဆူးတို့ကို ဖွင့်မပြောနိုင်တဲ့တစ်ခြမ်းမှာ ချန်းယောလ်တို့စည်းကျော်ခဲ့ကြပြီးပြီ။ တကယ်ဆို ဘတ်ဟျွန်းနီးလည်းယောက်ျားလေးပဲ။ ယောက်ျားလေး၊ မိန်းကလေးဖြစ်ခြင်းနဲ့မသက်ဆိုင်ပဲ ဘတ်ဟျွန်းနီးကို တန်ဖိုးထားချင်ခဲ့သည်။ ဒါကစာချုပ်တစ်ခုဖြစ်ပေမယ့် ချန်းယောလ်ရဲ့သစ္စာနဲ့ကတိတွေထပ်ပေါင်းထားတာထက် ပိုသည်။
"နှစ်ယောက်လုံးက ၁၈နှစ်ပြည့်ပြီးသွားပြီဆိုတော့ ပြဿနာတော့မရှိပါဘူး။ ငါ့အဖေဆီက ခိုးခဲ့တဲ့စာချုပ်ဆိုတော့ တံဆိပ်ခေါင်းလည်း ကပ်ခဲ့ပြီးသား။ မင်းတို့လက်မှတ်ထိုးပြီးရင် ငါနဲ့ဆယ်ဟွန်းကအသိသက်သေနေရာမှာ နာမည်ဖြည့်ပေးမယ်။ ပြီးရင် မြို့နယ်တရားရုံးကိုသွားတင်လိုက်ကြ။ လက်ထပ်မှတ်ပုံတင်သွင်းပြီး တရားဝင်ဖြစ်ဖို့က တစ်ရက်ပဲကြာတယ်။ ဆုံးဖြတ်ပြီးနေမှတော့ ငါ ဘာမှမပြောချင်ဘူး။ ချန်းယောလ် ဘတ်ဟျွန်း မင်းတို့နှစ်ယောက်လုံးက ဉာဏ်ကောင်းပြီးသားပဲ။ ဒီကိစ္စမှာ ငါမင်းတို့သဘောထားကို လေးစားပေးမယ်"
ဂယောင်ဆူးအတွေးက ဒီလို။ ဆယ်ဟွန်းက တစ်ခွန်းမှမပြောတော့။ လက်ထပ်စာချုပ်မှာနာမည်ဖြည့်သွင်း လက်မှတ်ထိုးပြီးတာနဲ့ တံဆိပ်တုံးထုလိုက်ကြသည်။ ဂယောင်ဆူးနဲ့ဆယ်ဟွန်းကသက်သေ။ တရားရုံးကိုတော့ ဆယ်ဟွန်းနဲ့ဂယောင်ဆူးမလိုက်လာတော့။ ဘတ်ဟျွန်းနီးက ဘောင်းဘီအဖြူနဲ့ အနီရောင်ရှပ်အင်္ကျီပေါ်ကမှ ရှပ်အဖြူရောင်ကိုထပ်ဝတ်ထားခဲ့သည်။ ကောင်းကင်နောက်ခံကလည်း အပြာပေါ်မှာ အဖြူရေးရေး။ ဘတ်ဟျွန်းနီးရဲ့အပြုံးတို့က မနေ့တစ်နေ့ကနဲ့ ခြားနားစွာပဲ တည်ငြိမ်နေခဲ့သည်။ မလွတ်တမ်းဆုပ်ကိုင်ထားကြမိတဲ့ လက်ချောင်းတို့က ချွေးစတို့နဲ့အေးစက်နေခဲ့၏။
"ဘတ်ဟျွန်းနီး..."
"ဟင်..."
ချန်းယောလ်ဘက်လှည့်ကြည့်လာတဲ့မျက်နှာလေးဆီ ရေကန်ကိုဖြတ်တိုက်လာတဲ့လေတို့ကတိုးဝှေ့သွားသည်။ နဖူးပေါ်က ဆံဖျားညိုညိုလေးတွေက ဝဲခနဲ။ ဂိုယန်းပန်းခြံကအီဆန်မြို့မှာအကြီးဆုံးပန်းခြံဖြစ်သည်။ ကျောင်းဖွင့်ရက်ဖြစ်တာမို့ ပန်းခြံကလူရှင်းသည်။ ချန်းယောလ်တို့က ပန်းခြံအလယ်ကရေကန်နားမှာလမ်းလျှောက်နေကြတာဖြစ်သည်။ မေပယ်ပင်ပေါ်က နှင်းခဲတွေ အပင်ပေါ်ကနေဖျောခနဲကြွေကျသည်။ ဘတ်ဟျွန်းနီးဆံပင်လေးတွေကို ချန်းယောလ် သပ်တင်ပေးလိုက်၏။
"မပြည့်စုံသေးတဲ့အချိန်မှာ ဒီလိုတွေဖြစ်ခဲ့ရလို့ တောင်းပန်ပါတယ်"
"ဘာတောင်းပန်စရာရှိလဲ ချန်းယောလ်။ မပြည့်စုံတာကို ပြည့်စုံလာအောင် အတူတူကြိုးစားလို့ရပါတယ်။ အရေးကြီးတာက ငါတို့နှစ်ယောက် တစ်သက်လုံးလက်တွဲနေနိုင်ဖို့"
ချန်းယောလ်ဘောင်းဘီအိတ်ထဲကထုတ်ယူလိုက်တဲ့အရာကို လက်ဖဝါးထဲထည့်ပြီးဖြန့်လိုက်သည်။
"ဒါက..."
"မေမေ့ဆီကနောက်ဆုံးကျန်ခဲ့တဲ့ပစ္စည်းပဲ ဘတ်ဟျွန်းနီး။ ငါ့ရဲ့တစ်ခုတည်းသော ချမ်းသာမှုဆိုလည်းဟုတ်တယ်။ ဒီလက်စွပ်က လွန်ခဲ့တဲ့ဆယ့်ငါးနှစ်က မေမေထားသွားခဲ့တဲ့အတိုင်း တန်ဖိုးရှိနေတုန်းပဲ။ တစ်ချိန်ချိန်ကျရင်တော့ ဒီသိမ်ငယ်မှုတွေကို ငါကိုယ်တိုင် ဖယ်ရှားပေးပါ့မယ်။ ဒီနေ့လိုတန်ဖိုးရှိတဲ့နေ့မှာတော့ ငါပိုင်ဆိုင်သမျှ ဘတ်ဟျွန်းနီးဆီပုံအပ်ထားချင်တယ်။ မငြင်းရင်ကောင်းမှာပဲ"
တွဲထားတဲ့လက်တစ်ဖက်ကိုဘတ်ဟျွန်းနီးကရုန်းထွက်သွားသည်။ ပြီးတော့ လက်ချောင်းရှည်သွယ်သွယ်လေးတွေ ချန်းယောလ်မျက်စိရှေ့ရောက်လာ၏။ ချန်းယောလ် မျက်ရည်တွေဝဲလာရသည်။ ဘတ်ဟျွန်းနီးကိုမြင်နေရတာ ဝိုးတဝါး။ ရင်ထဲလှိုက်ခနဲပြုံးတာက နှုတ်ခမ်းတွေမှာပါ သွားထင်ဟပ်လိမ့်မယ်။
"ကျေးဇူးတင်ပါတယ် ဘတ်ဟျွန်းနီး။ ပြီးတော့ ချစ်တယ်"
နှင်းခဲတွေက နေရောင်မှာပြိုကျသလိုမျိုး ချန်းယောလ်အနမ်းတွေက ဘတ်ဟျွန်းနီးမျက်နှာနုနုပေါ် နေရာမလပ်ဖြစ်တည်ခဲ့ပြန်၏။
××××××××××××××××××××××××××××××
"ကျွန်မ လက်မခံနိုင်ဘူး။ ပြန်ကြပါ"
ခပ်ဟဟဖြစ်နေသည့် အိမ်တံခါးမကြီးမှ ထွက်လာသည့်အသံ။ ချန်းယောလ်နဲ့ဘတ်ဟျွန်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိသွားသည်။
"ဘွား!"
ဘတ်ဟျွန်းနီးက အိမ်ထဲပြေးဝင်၏။ ဘွားနဲ့မျက်နှာချင်းဆိုင်မှာ အနက်ရောင်အနောက်တိုင်းဝတ်စုံပြည့်နဲ့လူတစ်ယောက်ထိုင်နေ၏။ သူ့ဘေးမှာက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲယူနီဖောင်းဝတ်အမျိုးသားနှစ်ယောက်။
"ဘတ်ဟျွန်း..."
"ဘွား ဘာဖြစ်လို့လဲဟင်။ သားကိုပြောလေ ဘွား"
"နောက်နေ့မှ ထပ်လာခဲ့ပါ့မယ် ခွင့်ပြုပါဦး"
ချန်းယောလ် တံခါးဝကနေပဲ ခေါင်းညွှတ်အရိုအသေပေးလိုက်သည်။ ဘွားက မျက်နှာမကောင်း။
"အကုန်ပြန်သွားကြပြီ ဘွား"
ဘွားရဲ့တစ်ဖက်ခြမ်းမှာ ချန်းယောလ် ဝင်ထိုင်လိုက်သည်။
"ဘွား...ဘာဖြစ်တာလဲ သားတို့ကိုပြောပါဆို"
"အနိုင်ရတဲ့အီဆန်မြို့တော်ဝန်က ဒီတောင်ကုန်းနေရာမှာ ဘာဆောက်မလို့ဆိုလားပဲ အိမ်နေရာကိုဖယ်ပေးဖို့လာပြောတာ။ လျော်ကြေးလည်းပေးမယ်ပြောတာပဲ"
"ဘွား ဘာပြန်ပြောလိုက်လဲ"
"ဘာပြောရမလဲ ငြင်းလိုက်တာပေါ့။ ဒါ ဘယ်လိုနေရာမို့လို့လဲ။ မကျယ်ဘူးဆိုပေမယ့် ဘွားတို့ရဲ့ ဘိုးဘွားပိုင်ခြံပဲလေ။ ရပ်ကွက်ထဲကတခြားခြံတွေလည်း လျော်ကြေးယူလိုက်ပြီမို့လို့ ကြာကြာတင်းခံမနေနိုင်ပါဘူးလို့ ပြောသွားတာ သူတို့က"
"ဒါ သပ်သပ်လူပါးဝတာ ဘွား"
ဘွားမမြင်အောင် ဘတ်ဟျွန်းနီးကို ခေါင်းခါပြလိုက်သည်။
"ဘတ်ဟျွန်းနီး ဘွား နားချင်မှာပေါ့"
ဘွားလက်မောင်းတစ်ဖက်တစ်ချက်ကနေ ဆွဲမထူယူပြီး အခန်းထဲတွဲပို့ပေးလိုက်ကြသည်။
"အကုန်လုံးသာပြောင်းရွှေ့ရမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲဟင် ချန်းယောလ်"
"ဘတ်ဟျွန်းနီးကပါ တွေးပူမနေပါနဲ့။ ကိုယ့်သဘောဆန္ဒမပါရင် သူတို့ဒါမျိုးလုပ်လို့ဘယ်ရမလဲ။ သဘက်ခါဆို စာမေးပွဲဖြေရတော့မှာ စာကိုပဲအာရုံစိုက်ထားဦး။ တစ်ခုခုဆို ငါလည်းရှိနေပါတယ် ဘတ်ဟျွန်းနီးရဲ့"
"အင်း...ချန်းယောလ်လီရော အိမ်ကိုပြန်ကြည့်ရမယ်မလား။ ချန်းယောလ်တို့ဘက်ကိုလည်း ရောက်နေလောက်မယ်ထင်တယ်"
"အင်း... ငါ အိမ်ပြန်ကြည့်လိုက်ဦးမယ် ဘတ်ဟျွန်းနီး။ ဘွားကိုဂရုစိုက်နော်။ ညကျရင် ငါ ဖုန်းဆက်လိုက်မယ်"
အခြေအနေတွေက ရုတ်တရတ်ဆန်ဆန်ဖြစ်ပျက်လာတာပါပဲ။
××××××××××××××××××××××××××××××
"ပတ်ချန်းယောလ်"
အိမ်ထဲဝင်ဝင်လိုက်ချင်း ထွက်လာသည့်အသံ။ ပျံဝဲလွင့်လာသည့်စာရွက်ဖြူတို့က ချန်းယောလ်မျက်နှာကိုတောင် ဖုံးအုပ်သွားစေသည်။ ချန်းယောလ်ဖိနပ်ပင်မချွတ်ရသေး။
"အလေတွေလိုက်ပြီး ကျောင်းလည်းမတက်။ နင့်အဖေ နောက်မယားယူပြီး ကိုရီးယားကိုပြန်မလာတော့မယ့်အကြောင်း စာပို့လိုက်တာတောင် မသိသေးဘူးမလား"
"ဖေဖေ?"
စာရွက်ဖြူပေါ်က မှင်ပြာပြာနဲ့ရေးထားတဲ့လက်ရေးချွန်ချွန်တွေ။ ဟနွိုင်းသူနဲ့အကြောင်းပါခဲ့သည့်အကြောင်း။ ဒေါ်လေးတို့အတွက် ငွေရေးအချို့ထောက်ပံ့လိုက်သည့်အကြောင်းနှင့် ချန်းယောလ်ကို တောင်းပန်ထားသည်က နှစ်ကြောင်းခန့်သာပါသည်။ ချန်းယောလ်ရင်ထဲ နင့်နင့်သဲသဲပင်ဖြစ်သွားရ၏။
"အလကား မကြိုးစားချင်တဲ့ကလေး။ ဖအေအပေါ်နွေးနွေးထွေးထွေးမရှိမှတော့ ဖအေလုပ်တဲ့သူက အိမ်ပြန်လာပါတော့မလား။ အခု အီဆန်မြို့တော်ဝန်အသစ်ပြောင်းတာလည်း အိမ်နေရာကဖယ်ပေးရဦးမယ်။ လျော်ကြေးက တစ်ပဲခြောက်ပြား။ နင့်အဖေပို့ပေးလိုက်တဲ့ပိုက်ဆံက မဖြစ်စလောက်။ အချိန်ပိုင်းကရသမျှပိုက်ဆံတွေကျတော့ ဟိုကောင်လေးကိုဖို့"
"ဘတ်ဟျွန်းနီးနာမည် ထည့်မပြောနဲ့ ဒေါ်လေး!"
ခွမ်း!
ဘေးနားကပန်းအိုးကိုကောက်ကိုင်လိုက်တာမြင်သည်။ မျက်လုံးမှိတ်ချလိုက်ပေမယ့် လူကဘေးကိုယိုင်သွားခဲ့၏။ ပန်းအိုးက တံခါးဘောင်ကိုသွားထိပြီး ကြမ်းပြင်ပေါ်ကျကွဲသံကပြင်းသည်။ ချန်းယောလ် အလန့်တကြားနဲ့မျက်လုံး ဖွင့်ကြည့်လိုက်၏။ လက်မောင်းတစ်ဖက်ကိုဆွဲထားသူက ဟွမ်အီဂျောင်...။
တိတ်ဆိတ်မှုက ညနက်ပိုင်းရဲ့အမှောင်ထုကိုအဖော်ပြုနေသည်။ ချန်းယောလ်ခြေသံတွေနဲ့ကပ်လျက်မှာ ဖဝါးထက်မကွာတဲ့ခြေလှမ်းတစ်စုံရှိနေခဲ့သည်။
"ဘာလာလုပ်တာလဲ"
"အိုလံပစ်ပြိုင်ပွဲကရတဲ့ဆုကြေးပေးမလို့။ မင်းကျောင်းမလာတာနဲ့ ဆရာမက ပေးခိုင်းလိုက်တာ"
ဒါကအကြောင်းပြချက်သပ်သပ်ဖြစ်မှန်းသိပေမယ့် ချန်းယောလ်ဆက်မပြောဖြစ်။ ချန်းယောလ်အတွက်ဆို ဘတ်ဟျွန်းနီးပါမရှိရင် ဆယ်ဟွန်းနဲ့ပေးနေကျပဲလေ။ ချန်းယောလ်လက်ထဲကို စာအိတ်ဖြူဖြူထည့်ပေးလာသည်။
"ကျေးဇူးပဲ ဟွမ်အီဂျောင်။ မင်းအိမ်က လိုက်ပို့တာမလား။ ငါ ပြန်ပြီ"
"နေ...နေပါဦး ချန်းယောလ်"
ချန်းယောလ်လက်မောင်းကို ဟွမ်အီဂျောင်ကဆွဲထားသည်။ ငဲ့ကြည့်လိုက်တာမို့ ချက်ချင်းဖြုတ်ချသွားပြန်၏။
"ဘယ်ကိုပြန်မှာလဲ ချန်းယောလ်"
ချန်းယောလ်နဲ့ဒေါ်လေးရဲ့အဖြစ်အပျက်၊ အခြေအနေအားလုံးကို ဟွမ်အီဂျောင်မြင်သွားခဲ့တာပဲ။ တကယ်တော့ ချန်းယောလ်လည်း အိမ်မပြန်ချင်။ ဒေါ်လေးရဲ့အပြုအမူအပြောအဆိုထဲက မလိုလားမှုတွေက ချန်းယောလ်ကို နှင်ထုတ်နေတာ အသိအသာပဲမလား။ ဘတ်ဟျွန်းနီးဆီသွားရင် ဘွားကိုပါ အနှောင့်အယှက်ပေးသလိုဖြစ်ဦးမည်။ တကယ်တော့ ဆယ်ဟွန်းဆီပဲသွားဖို့ တွေးနေမိတာဖြစ်သည်။
"မင်းနဲ့ဘာဆိုင်လို့လဲ"
"စာမေးပွဲဖြေရတော့မှာလေ ချန်းယောလ်။ အပြင်မှာလျှောက်သွားနေရင် နေမကောင်းဖြစ်လိမ့်မယ်"
"ဟွမ်အီဂျောင်! မင်း ငါ့ကိစ္စတွေမှာ မပါလို့မရဘူးလား"
"ဘာဖြစ်လို့လဲဟင် ငါတို့က တစ်တန်းတည်းအခန်းဖော်တွေပဲဟာ။ ပြီးတော့ သူငယ်ချင်းတွေလေ"
"ငါ မင်းကိုခင်တယ်လို့ ပြောမိလို့လား"
ဟွမ်အီဂျောင်က မျက်နှာငယ်ငယ်ကို ငုံ့ချသွားပြီးခေါင်းခါသည်။
"ငါ့ကို မုန်းနေတာလား ချန်းယောလ်က"
"မုန်းတယ်လို့ရော ငါပြောမိလို့လား"
"ဒါဆို ချစ်နိုင်မလား"
"ဘာ!"
ချန်းယောလ် အသံတော်တော်ကျယ်သွားခဲ့သည်။ ဆောင်းရာသီညဦးပိုင်းမို့ အသံကျယ်ကျယ်က အက်ရှချင်သလိုပင်ဖြစ်သွားခဲ့သည်။ မော့ကြည့်လာတဲ့ ဟွမ်အီဂျောင်မျက်လုံးက အရည်လဲ့လဲ့။
"ငါ ချန်းယောလ်ကို ချစ်တယ်"
"ငါ အခု မုန်းတယ်ဆိုတဲ့စကားကိုပြောရတော့မယ် ထင်တယ် ဟွမ်အီဂျောင်"
"ဘာလို့လဲ ဗြောင်ဘတ်ဟျွန်းနီး မဟုတ်လို့လား"
ဟွမ်အီဂျောင်အင်္ကျီလည်ပင်းစကို ချန်းယောလ်ဆောင့်ဆွဲယူပစ်လိုက်သည်။
"ဘတ်ဟျွန်းနီးနာမည်ထည့်ပြောစရာမလိုဘူး။ ဘတ်ဟျွန်းနီးလို့လည်း မင်း ခေါ်စရာမလိုဘူး"
"ကန့်သတ်ချက်တွေများလိုက်တာ ချန်းယောလ်လီရာ"
"ဟွမ်အီဂျောင် မင်း အခုချက်ချင်း ငါ့ရှေ့ကထွက်သွားလိုက်တော့ အခုချက်ချင်း!"
ပစ်စလတ်ခတ်တွန်းထုတ်ပစ်လိုက်တာမို့ ကားလမ်းမပေါ်ပုံခနဲလဲကျသွားသည်။ ချန်းယောလ် ထူပေးဖို့စိတ်ကူးမရှိသလို မသနားတာအမှန်ဖြစ်၏။ ဟွမ်အီဂျောင်ပါးစပ်က ဘတ်ဟျွန်းနီးနာမည်ထွက်လာတည်းက ဘယ်အချိန်ကစပြီး မနာလိုဖြစ်နေခဲ့သလဲတောင် မခန့်မှန်းနိုင်တော့။ ကျောင်းစတက်တည်းက ဘတ်ဟျွန်းနီးနားကပ်ခဲ့တာတွေတောင် သွေးရိုးသားရိုးဟုတ်ခဲ့ရဲ့လား။ မရိုးသားခဲ့ဘူးဆိုရင်တောင် ချန်းယောလ်သိချင်စိတ်မရှိ။ ရှုပ်ထွေးပြီး စိတ်ဓာတ်မရိုးရှင်းတဲ့သူတွေကို ချန်းယောလ်မကြိုက်။ ဟွမ်အီဂျောင် လဲကျနေတဲ့အတိုင်းပဲ ကျောခိုင်းပစ်ခဲ့လိုက်တော့သည်။
××××××××××××××××××××××××××××××
"ဆရာမ တကယ်ပြောတာလား"
"ဟုတ်တယ် တကယ်ပါ။ နောက်စရာမှမဟုတ်တာ။ အိုလံပစ်ထူးချွန်ကျောင်းသား ပတ်ချန်းယောလ်အတွက် ပညာသင်အထူးဆု ဒီမှာလေ မနက်ကပဲ ဆိုးလ်တက္ကသိုလ်က Fax ပို့လာတာ။ သား လျှောက်ချင်တဲ့ မေဂျာလျှောက်ခွင့်ရှိတယ်။ ပထမနှစ်မှာ Full scholar ပဲ။ နောက်နှစ်တွေအတွက်တော့ သားရဲ့ကြိုးစားမှုအပေါ်မူတည်သွားမှာပေါ့။ အဲ့တော့ တက္ကသိုလ်ဝင်ခွင့်အတွက်ပါ အခုကတည်းက တစ်ခါတည်းပြင်ဆင်ထားတော့"
ဆရာမကမ်းပေးလာတဲ့စာရွက်မှာ ချန်းယောလ်နာမည်အတိအကျပါသည်။ ဆိုးလ်တက္ကသိုလ်ဆိုတာနဲ့ မနေ့ညကဟွမ်အီဂျောင်နဲ့အဖြစ်အပျက်ကို သွားသတိရလိုက်သည်။ ချန်းယောလ် ဒုက္ခရောက်နေချိန်တိုင်း အဆင်သင့်ဖြစ်နေတတ်တဲ့ အခွင့်အရေးတွေ။
"ဆရာမ ဒီပညာသင်ဆုက အဖွဲ့အစည်းက ပေးတာလား။ လူပုဂ္ဂိုလ်ကပေးတာလား"
ဟွမ်အီဂျောင်တို့အိမ်က ပေးတာလားလို့မေးချင်ပေမယ့် ဆရာမ မဖြေမှာကို သိနေသည်။ ဒါ့ကြောင့် ချန်းယောလ် တခြားပုံစံတစ်မျိုးပြောင်းမေးရ၏။
"ဟင်! အင်း...လူပုဂ္ဂိုလ်ကပေးတာလေ"
သေချာသလောက်တော့ရှိနေပါပြီ။
"ဟုတ်ကဲ့။ ကျွန်တော် စဉ်းစားဖို့အချိန်ရတယ်မလား ဆရာမ"
"ဘာတွေစဉ်းစားဦးမလဲ သားရယ်။ ဒီလောက်ကောင်းတဲ့အခွင့်အရေးကို"
"ဒီလောက်ကောင်းတဲ့အခွင့်အရေးမို့လို့ ကျွန်တော် စဉ်းစားပါရစေ ဆရာမ"
"အင်း...သား သဘောပါပဲ"
ဆရာမကိုနှုတ်ဆက်ပြီးထွက်လာလိုက်၏။ အတည်ပြုစရာတွေရှိနေပြီမလား။
##########################
June 18.2020.(Thursday)
××××××××××××××××××××××××××××