(Unicode)
"ကျွန်မနာမည်...ချစ်ရိပ်ချို ပါ...ကိုလင်းအံမင်း.... သွေးသစ်ကို..ခင်သလိုပဲ...ခင်လို့ရပါတယ်နော်...."
သူမကမ်းပေးသော လက်ကို ကျွန်တော်ဆွဲယူလိုက်သည်။ ကျွန်တော့်နာမည်ကို တော့ မိတ်ဆက်စရာမလိုတော့ပြီမို့ မပြောဖြစ်။
"ကိုလင်းအံမင်း... ကို...သွေးသစ်ခေါ်သလို..ကိုလင်း လို့ပဲခေါ်လို့ရမလားဟင်...."
ဖြစ်နိုင်လျှင် တော့ မခေါ်စေ့ချင်။ သွေးသစ် တစ်ဦးတည်းကိုသာ ခွင့်ပြုထားသောနာမည် မဟုတ်လား။သို့သော်လည်း မခေါ်နဲ့ ဟု အပြတ်ပြော၍လည်းမဖြစ်ပေ။ သူမဘေးမှာ သူကလေးလည်းပါလာသည်။
"ခေါ်ပါ..ကြိုက်သလိုခေါ်လို့ရပါတယ်........"
ညီမလေး ကြယ်စင်က ကော်ဖီ ခွက်များလာချကာ ဧည့်ခံလေတော့မှ အတော်ပဲ ဟုတွေးကာ ဧည့်ခန်းမှထ ထွက်လာခဲ့လိုက်သည်။ သူကလေးနှင့် သူမဘေးချင်းယှဥ် ထိုင်နေသည်ကိုပင် မနှစ်မြို့၍ မမြင်ရလျှင် ဒေါသထွက် သက်သာသည်မဟုတ်လား။
"မမနဲ့...ကိုသွေးက..ခင်တာကြာပြီလားဟင်....ဘယ်တုန်းက ဘယ်လိုခင်သွားရတာလဲ....."
"ဒီလို...ကြယ်စင်ရဲ့.................."
ဖြစ်ကြောင်းကုန်စင်ကို ခရေစေ့တွင်းကျ ပြောပြနေသော ချစ်ရိပ်နှင့် ကြယ်စင်တို့ စကားလက်ဆုံကျနေစဥ် ကျွန်တော်လည်း ကိုလင်းဆီသို့ ထထွက်လာခဲ့လိုက်သည်။ ကိုလင်း စိတ်ဆိုးနေသေးမှန်း ကျွန်တော်သိသည်။ စောစောက တစ်ချိန်လုံး ကိုလင်း ကျွန်တော့်မျက်နှာကို မကြည့် သူငယ်ချင်းဟုပြောလိုက်သော်လည်း ယုံသွားပုံမပေါ်တာကြောင့် ထပ်မံရှင်းပြရန် လိုက်လာခဲ့မိတော့သည်။
ကိုလင်းအခုလို သူ့အပေါ်စိမ်းကားနေတာကို သူ မလိုချင်။ ဘာကြောင့်မှန်းမသိ ပေမယ့် ကိုလင်းအထင်လွဲနေခြင်းကိုတော့ ရှင်းပြချင်သေးသည်။
"ဒေါက်..ဒေါက်....."
"တံခါးမပိတ်ထားဘူး...ဝင်ခဲ့....."
ပြောလိုက်သည့် အသံသည်ပင် ဒေါသရိပ်သမ်းနေသည်။ ကျွန်တော်လည်း ဝင်ခဲ့လိုက်တော့
"မင်းဘာလာလုပ်တာလဲ...သွေးသစ်.... အောက်မှာ..ချစ်ရိပ်ချို...တစ်ယောက်တည်းလေ...."
"အိမ်ရှင်ဖြစ်တဲ့...ကိုလင်း..တောင်..မရှိနေပဲ....ကျွန်တော်တက်လာတာ..ထူးဆန်းလို့လား....."
ဒီကလေး ဘယ်တုန်းက ဒီလောက် ပြောတတ်ဆိုတတ်သွားရတာလဲ။
"မတူဘူးကွ....မင်းကသူ့ကို..ခေါ် လာတာလေ....ငါကခေါ်လာခိုင်းလို့လား......"
"ကျွန်တော့်သူငယ်ချင်းက...ကိုလင်းသူငယ်ချင်းပဲပေါ့......ကျွန်တော့်ကိုဆက်ဆံသလို...သူ့ကိုဆက်ဆံပေး လို့မရဘူးလား...."
မင်းကို ဆက်ဆံသလို မဖြစ်နိုင်ဘူး ကလေး။ မင်းဘာလို့ မဖြစ်နိုင်တာကို တောင်းဆိုချင်နေရတာလဲ။ မင်းနားမှာရှိတဲ့ မိန်းကလေးတွေကို မြင်နေရရုံတင် ငါ့အတွက် ဒီလောက်ခက်ခဲတာ သူငယ်ချင်းလုပ်ဖို့ဆိုတာ မင်းအတွက် လွယ်ချင်လွယ်မယ် ငါ့အတွက်တော့.....
"ကိုလင်း...မဖြစ်ဘူး လားလို့....ချစ်ရိပ်က..ကိုလင်းကိုခင်ချင်နေတာ....နော်... ကိုလင်း.... "
"မဖြစ်နိုင်ဘူး...သွေးသစ်....."
"ကိုလင်း...က..ကျွန်တော့်ကို..စိတ်ဆင်းရဲစေချင်လား...စိတိချမ်းသာစေချင်လား.....တစ်ခုပဲပြော...."
ဒါနောက်ဆုံး လက်နက်လား ကလေးရယ်။ ဘာလို့ဒီမေးခွန်းကြီးလဲ။ မင်းကို အတိုင်းထက်အလွန် စိတ်ချမ်းသာစေချင်တာပေါ့ ကွာ။
"အေးကွာ...ခင်ပေးမယ်...ကျေနပ်ပြီလား.... "
"Promise??......"
"အင်း..." ဟုပြောကာ လက်သန်းချင်းချိတ်လိုက်မိတော့သည်။
နောက်တော့ သွေးသစ်က ထိုမိန်းကလေးနှင့် ဘယ်လိုဘယ်ပုံ တွေ့ဆုံခဲ့ကြောင်း၊ ထိုမိန်းကလေး ဘယ်လိုခင်ဖို့ကောင်းကြောင်း ပြောပြနေလေသည်။ ကျွန်တော်စိတ်မဝင်စား၍ နားထဲသို့ မဝင်တစ်ချက် ဝင်တစ်ချက်။ ကျွန်တော်စိတ်ဝင်စားသည်က စကားများကို မမောနိုင်မပန်းနိုင် ပြောနေသော သူ့မျက်နှာလေးကိုသာ တစ်ချိန်လုံး ငေးကြည့်နေမိသည်။ ဘယ်လောက်တောင် ဝေးခဲ့၍လည်း မသိ။သူ့မျက်နှာလေးက ကြည့်လို့ပင် မဝနိုင်။
ထိုနေ့က သူတို့နှစ်ယောက် လုံးကျွန်တော့်အိမ်တွင်သာ နေ့လည်စာ စားဖြစ်ကြသည်။ မေမေနှင့် ညီမလေးကတော့ မိန်းကလေးချင်းဖြစ်၍ထင် ထိုမိန်းကလေးနှင့် အတော်လေးရင်းနှီးသွားကြသည်။ထမင်းဝိုင်းတွင်လည်း သူမကိုသာ ဂရုတစိုက်
"ထည့်စားနော်..သမီး...ဘာမှအားမနာနဲ့...."
"ဟုတ်တယ်...မမရော့...." ဟူ၍ ကြက်သားတစ်တုံးသူမ ပန်းကန်ထဲ သို့
"ဒါလေးက...ပုစွန်ဆီပြန်လေး...ရော...သမီး..."
ဟူ၍ ပုစွန်ထုပ်တစ်ကောင်လည်း သူမပန်းကန်ဆီသို့ပင်။
ဘယ် လိုဖြစ်နေကြပါလိမ့်။ တော်တော်ချစ်နေလည်း အိမ်သာခေါ်ထားလိုက်ကြတော့ ဟူ၍ တွေးမိစဥ်
မေမေက
"နောက်နေ့တွေလည်း...လာခဲ့လေ.....သမီး....."
"ဟုတ်သားပဲ... ဖြစ်နိုင်ရင်... မမကို..အိမ်မှာ...အပိုင်ခေါ်ထားလိုက်ချင်တာ......" ဟု ညီမလေး ဆီမှ ပြောသံကြား၍
"အဟွတ်....အဟွတ်.....အဟွတ်..." ဟူ၍ထမင်းသီးသွားရသည် အထိ။
သွေးသစ်က ကမြန်းကတမ်း ရေခတ်ပေးမည်လုပ်သော်လည်း သူ့ထက်မြန်သောသူက
"ရော့....ကိုလင်းအံ့....သောက်လိုက်......"
ရေတစ်ခွက် အမြန်လိုနေသည်မို့ မည်သူကမ်းပေးပါစေ ယူသောက်မိလိုက်တော့သည်။ သွေးသစ် သိသိသာသာ မျက်နှာလေးပျက်သွားသည်ကို ကျွန်တော် သတိထားမိလိုက်သည်။ သူ၏ ချစ်ရိပ်ချိုက ကျွန်တော့်အား ဂရုစိုက်၍ထင်။ နောက်မဖြစ်စေရပါဘူး ကလေးရယ်။ သူက မင်းအပိုင်ပါ ဟု စိတ်ထဲမှသာ ပြောမိလေသည်။
&&&&&&&&&&
ဒီနေ့တော့ သွေးသစ်အိမ်သွားကာ မိမိ၏ ကလောမှ အတွေ့အကြုံ များ၊ မိသားစုများ အကြောင်းပြောပြမည် ဟူ၍ တွေးကာ နိုးကတည်းက ရေချိုးအဝတ်အစားလဲကာ ပြင်ဆင်နေမိသည်။
သွေးသစ်ကိုပေးဖို့ ဝယ်လာတဲ့ လက်ဆောင်ပစ္စည်းတွေ သွားပေးချင်သောကြောင့်လည်း ပါသည်။ မနက်စာစားရန် အောက်ဆင်းလာလေတော့ ထမင်းစားခန်းထဲတွင် မေမေ့ကိုမတွေ့ ကြယ်စင့်ကိုသာ တွေမိသည်။ ဒီကောင်မလေး အဖော်တောင် တော်တော်ရနေပါ့လား ဟုလည်းတွေးမိသေးသည်။
နောက်မှ သတိထားမိသည်က ကြယ်စင်ဝတ်ထားသော ဆွယ်တာအနွေးထည်လေး
"ကြယ်စင်...နင်..ဒီအနွေးထည်..ဘယ်ကရလဲ....."
"ဘာဖြစ်လို့လဲ...ကိုကို...ညီမလေးအတွက်.. ဝယ်လာတာမဟုတ်ဘူးလား.....ကိုကို့အခန်းထဲကတွေ့လို့...ယူဝတ်ထားတာလေ...မလှဘူးလား.."
"ချွတ်...ချွတ်...ခုပြန်ချွတ်...အဲ့ဒါနင့်အတွက်..မဟုတ်ဘူး....."
"မချွတ်ပါဘူး...ဒါလေးကလှတယ်.....ညီမလေးကိုပေး....."
"နင့်အတွက်မဟုတ်ဘူးလို့...ငါပြောနေတယ်လေ....ချွတ်"
"ညီမလေး အတွက်..မဟုတ်ရင်..ဘယ်သူ့အတွက်လဲ...ကိုကို့မှာလည်း...ဆင်တူတစ်ထည်...ကြယ်စင် တွေ့ပါတယ်နော်....."
"ကြယ်စင်...ငါကောင်းကောင်းတောင်းနေတုန်း...ပေးနော်!!!......."
ကျွနိတော့်အသံတွင် ဒေါသသံများပါသွားသည်။ ဘုရားခန်းမှ ထမင်းစားခန်းသို့ ဝင်လာသောမေမေကြားသွားသည်။
"ဟဲ့ ..ဘယ်လိုဖြစ်နေကြတာလဲ...မနက်စောစောစီးစီး...အော်ကြီး ဟစ်ကျယ်နဲ့........."
ညီမလေးက မေမေ့နားသို့ ကပ်ကာ ဦးအောင် တိုင်ပြောလေသည်။ အကြောင်းစုံသိရတော့ မေမေက
"သားရယ်...ကိုယ့်ညီမလေး...ဝတ်တာပဲ...ဘာဖြစ်လို့အဲ့လောက်..ဒေါသတွေထွက်နေရတာလဲ......."
"သား...သူ့အတွက်...ဝယ်လာတာ...မဟုတ်ဘူး...မေမေ....."
"ဒါဆို...ဘယ်သူအတွက်လဲ...မေမေ့ကိုပြော....."
သွေးသစ်အတွက်ဝယ်လာခဲ့သည်ကို ကျွန်တော့်ပါးစပ်မှ ပြောမထွက်။ အနွေးထည် ကဆင်တူဖြစ်နေသောကြောင့် မေမေနှင့်ညီမလေး သိလို့မဖြစ်ဘူး မဟုတ်လား။
"အဲ့ဒါ.... အဲ့ဒါ က......ဟိုဟာ....." ပြောလို့မထွက်ဖြစ်နေစဥ် တစုံတယောက် ကဝင်ဖြေလေသည်။
"ချစ်ရိပ်အတွက်....မဟုတ်လား....ကိုလင်း....."
အသံလာရာကို ကြည့်မိတော့ ချစ်ရိပ်ချို လက်ထဲတွင်လည်း ချိုင့်တစ်ခုနှင့်။
"သြော်......မမအတွက်လား....စောစောကပြောပါလား..ကိုကိုရယ်....ကြယ်စင်ချွတ်ပေးမှာပေါ့....."
ဟူ၍ မြန်မြန်ချွတ်ကာ သေသေချာချာ လျှော်၊ မီးပူတိုက်ပြီးမှ ပေးမည် ဟုလည်းပြောနေသေးသည်။
ဟာကွာ..ခုတ်ရာတစ်ခြား..ရှရာတစ်ခြားတော့..ဖြစ်တော့မှာပဲ....သူမနှင့်တော့ ဆင်တူ မဝတ်လို။ အပြာနုရောင်မကြိုက်သော ကျွနိတော်က သွေးသစ်နှင့်လိုက်မည့်အရောင်ကိုရွေးကာ မကြိုက်သော်လည်း ဆင်တူဝတ်ရလျှင်ပြီးရော ဟူသော အကြံက အခုတော့....
"အန်တီတို့အတွက်....ချစ်ရိပ်ကိုယ်တိုင်..အစောကြီးထချက်ထားတဲ့...မုန့်ဟင်းခါး... ကိုလင်းကြိုက်တယ်ဆိုလို့...လာပို့ပေးတာ...."
"ပေးပေး...မမ...ကြယ်စင်...ကိုကို့အတွက်..ထည့်ပေးလိုက်မယ်......"
ကျွန်တော့်အတွက်တဲ့....သူမ..ဘာသဘောလဲ.... ဘယ်လိုဖြစ်ဖြစ်...သူမ..ဂရုစိုက်ခြင်းကို...မနှစ်သက်
"မထည့်နဲ့...ကြယ်စင်...ငါမစားတော့ဘူး....ငါ့အနွေးထည်နင်ပဲ....ယူလိုက်တော့...ငါမယူတော့ဘူး...."
ဟုပြောကာ ထထွက်လာခဲ့လိုက်တော့သည်။
ချစ်ရိပ်ချို.. မင်းဘာသဘောနဲ့ ..ဘာတွေလုပ်နေတာလဲ..မင်းနဲ့ငါက..ဒီလောက်ထိရင်းနှီးရမည့်..အခြေအနေ မဟုတ်ဘူးထင်တယ်...သွေးသစ်ကိုမင်း..နာကျင်ရအောင်..လုပ်ရင်တော့..ငါခွင့်မလွှတ်ဘူး..မင်းကို......
&&&&&&&&&&
"ရော...ကိုလင်း....coffee..."
သွေးသစ်ဖျော်ပေးသော coffee ကိုမြည်းကြည့်မိတော့ ခါးသက်နေသည်။ ကျွန်တော်သဘောကျစွာ ပြုံးမိသည်။ coffee ဆိုခါးခါးမှ သောက်တတ်သော ကျွန်တော့်အကြိုက်ကို သူသိသွားပြီ။
သူ့အတွက် coffeeခွက်ကိုလည်း သူကိုယ်တိုင်ပင်ဖျော်ကာ ခုံတွင် ဝင်ထိုင်လိုက်လေသည်။
"ကောင်းလိုက်တာ....ဆိမ့်နေတာပဲ...ကိုလင်း..coffee နဲ့တစ်ခြားစီ...ကိုလင်း..ဘာလို့..coffee...ခါးခါးမှကြိုက်တာလဲ.....ဒီလောက်ခါးသက်နေတာကို....."
ချစ်စဖွယ် အမူအရာလေးနှင့် ပြောနေပုံက အသည်းယားစရာ။
"Coffee စေ့... စစ်စစ်က..ဘယ်လိုအရသာရှိလဲ..သွေးသစ်..."
"ခါးတယ်လေ....."
"ကိုယ်က...coffee...ရဲ့..တကယ့်အရသာစစ်စစ်ကို...နှစ်သက်သာ...အဲ့ဒါမှ...coffeeသောက်တယ်..ခေါ်တယ်လေ..သွေးသစ်ရဲ့...."
မသိဘူးဆိုသော အမူအရာဖြင့် နှုတ်ခမ်းစူကာ ခေါင်းယမ်းပြလေသည်။ မင်းကိုယ့်စိတ်တွေကို...လာဆွနေတာလား...သွေးသစ်.....
ပြီးနောက် သွေးသစ်က ပန်းသီးစားမလား ဟုမေးကာ ရေခဲသတ္တာထဲရှိ ပန်းသီးကိုထုတ်ကာ ဓားဖြင့်အခွံခွာလေသည်။
"ခွာတတ်ရဲ့လား.....လက်ထိမယ်...."
"ကိုလင်းက..ကျွန်တော့်ကို..အထင်သေးတာလား...ကျွန်တော်က..ပန်းသီးလည်းခွာတတ်တယ်...ကြက်သွန်လည်း..လှီးတတ်တယ်....ပြီးတော့..တခြားဟာတေလည်း........အား......."
ပြောပြောဆိုဆို သူကလေး လက်ဓားထိသွားလေသည်။ ကျွန်တော် ထိုင်နေရာမှ ကမန်းကတန်း ထကာ ဓားထိသွားသော သူ့လက်ကလေး ကိုင်ကာ ဘေစင်သို့ ရေဆေးရန် ခေါ်သွားလိုက်သည်။
သွေးတွေက ရေဆေး၍ မရပ်ပေ။ သူကလေးနာကျင်တာကို ကျွန်တော်မမြင်လို၍ သွေးထွက်နေသော သူ့လက်ကလေးကို အာခံတွင်းထဲထည့်ကာ စုပ်ပစ်လိုက်သည်။
သူကလေးမျက်လုံးပြူးသွားသည်။
"ကိုလင်း...ဘာလုပ်တာလဲ....သွေးတွေက..ညစ်ပတ်တယ်လေ...." ဟုပြောကာ လက်ကလေးကိုရုန်း လေသည်။ ကျွန်တော်လွှတ်မပေးမိ။
သူကလေးကျွန်တော့် မျက်လုံးများကို သေချာစွာစိုက်ကြည့်နေလေသည်။ မျက်လုံးချင်းစုံသည့် ခဏ
"ဒုတ်..ဒုတ်.... ဒုတ်.. ဒုတ်..... ဒုတ်.. ဒုတ်... " ဟူ၍ သူကလေး၏ နှလုံးခုန်သံများကို ကြားလိုက်ရသည်။
ကိုလင်းဘာလို့..စိုက်ကြည့်နေတာလဲ...ငါကရော..ဘာလို့..ယောကျာ်း ချင်း ရင်ခုန်နေရတာလဲ....
ကျွန်တော် လည်း ထိုကလေး၏ နှလုံးခုန်သံများကိုဘာသာပြန် ခက်ခဲနေစဥ် ကျွန်တော့် မျက်လုံးများ၏လားရာသည် သူ၏နှုတ်ခမ်းသားများဆီသို့...
စိတ်ခံစားချက်များက..ထိန်းချုပ်ရာမဲ့၍ သူကလေး၏ လက်ကိုပါးစပ်မှထုတ်ကာ...ကျွန်တော့်နှုတ်ခမ်းများဦးတည်ရာသို့သာ...ဦးခေါင်းတစ်ခုလုံးပါလာလေသည်။
"ခွမ်း.........."
ရုတ်တရက်ပေါ်လာသော ဖန်ခွက်ကွဲသံကြောင့် ကျွန်တော့်အသိများ ပြန်ဝင်လာကာ ကိုင်ထားသော သူ့လက်ကိုလွှတ်ပေးလိုက်မိသည်။
ကျွန်တော့်ကိုခွင့်လွှတ်ပါ..ကိုလင်းရယ်...ကိုလင်းကိုငြင်းဆန်မိလို့....ကျွန်တော့်လက်တစ်ဖက်က..ခုံပေါ်တင်ထားတဲ့..ဖန်ခွက်ကို..တမင်တွန်းချလိုက်တာက..ထိန်းချုပ်ရာမဲ့နေတဲ့..ကိုလင်းကို..သတိပြန်ဝင်စေရုံပါပဲ.......
"ဆေးထည့်ပေးရမလား...သွေးသစ်..."
"ရတယ်...ကျွန်တော့်ဘာသာထည့်လိုက်မယ်....ကိုလင်းပြန်တော့လေ....."
သူကလေးက နှင်လွှတ်နေလေသည်။ အင်းလေ...ကိုယ့်အပြစ်နှင့်ကိုယ်မို့ ဘာမှမပြောသာတော့ပဲ...လှည့်ထွက်လာတော့သည်။
ကိုလင်းထွက်သွားတော့ ကျွန်တော်ကြည့်မိသည့်အရာက ကိုလင်းသောက်သွားသော coffeeခွက်သို့။
ငါဘာလို..ကိုလင်းနှုတ်ခမ်းရာရှိနေတဲ့..coffee ခွက်ကို နှမြောတသကြည့်နေမိတာလဲ...ကိုယ်ကိုတိုင်လည်း..နားမလည်နိုင်။ ကိုလင်းရယ်...ကျွန်တော့်ရဲ့..ထာဝရသူငယ်ချင်းပဲ...ဆက်ဖြစ်နေပေးပါ....ကျွန်တော်တောင်းဆိုပါတယ်..........................
&&&&&&&&&&&&&&&&&&&&&&&&
Thank you everyone 😘😘😘
&&&&&&&&&&&&&&&&&&&&&&&&
(Zawgyi)
"ကြၽန္မနာမည္...ခ်စ္ရိပ္ခ်ိဳ ပါ...ကိုလင္းအံမင္း.... ေသြးသစ္ကို..ခင္သလိုပဲ...ခင္လို႔ရပါတယ္ေနာ္...."
သူမကမ္းေပးေသာ လက္ကို ကြၽန္ေတာ္ဆြဲယူလိုက္သည္။ ကြၽန္ေတာ့္နာမည္ကို ေတာ့ မိတ္ဆက္စရာမလိုေတာ့ၿပီမို႔ မေျပာျဖစ္။
"ကိုလင္းအံမင္း... ကို...ေသြးသစ္ေခၚသလို..ကိုလင္း လို႔ပဲေခၚလို႔ရမလားဟင္...."
ျဖစ္နိုင္လွ်င္ ေတာ့ မေခၚေစ့ခ်င္။ ေသြးသစ္ တစ္ဦးတည္းကိုသာ ခြင့္ျပဳထားေသာနာမည္ မဟုတ္လား။သို႔ေသာ္လည္း မေခၚနဲ႕ ဟု အျပတ္ေျပာ၍လည္းမျဖစ္ေပ။ သူမေဘးမွာ သူကေလးလည္းပါလာသည္။
"ေခၚပါ..ႀကိဳက္သလိုေခၚလို႔ရပါတယ္........"
ညီမေလး ၾကယ္စင္က ေကာ္ဖီ ခြက္မ်ားလာခ်ကာ ဧည့္ခံေလေတာ့မွ အေတာ္ပဲ ဟုေတြးကာ ဧည့္ခန္းမွထ ထြက္လာခဲ့လိုက္သည္။ သူကေလးႏွင့္ သူမေဘးခ်င္းယွဥ္ ထိုင္ေနသည္ကိုပင္ မႏွစ္ၿမိဳ႕၍ မျမင္ရလွ်င္ ေဒါသထြက္ သက္သာသည္မဟုတ္လား။
"မမနဲ႕...ကိုေသြးက..ခင္တာၾကာၿပီလားဟင္....ဘယ္တုန္းက ဘယ္လိုခင္သြားရတာလဲ....."
"ဒီလို...ၾကယ္စင္ရဲ႕.................."
ျဖစ္ေၾကာင္းကုန္စင္ကို ခေရေစ့တြင္းက် ေျပာျပေနေသာ ခ်စ္ရိပ္ႏွင့္ ၾကယ္စင္တို႔ စကားလက္ဆုံက်ေနစဥ္ ကြၽန္ေတာ္လည္း ကိုလင္းဆီသို႔ ထထြက္လာခဲ့လိုက္သည္။ ကိုလင္း စိတ္ဆိုးေနေသးမွန္း ကြၽန္ေတာ္သိသည္။ ေစာေစာက တစ္ခ်ိန္လုံး ကိုလင္း ကြၽန္ေတာ့္မ်က္ႏွာကို မၾကည့္ သူငယ္ခ်င္းဟုေျပာလိုက္ေသာ္လည္း ယုံသြားပုံမေပၚတာေၾကာင့္ ထပ္မံရွင္းျပရန္ လိုက္လာခဲ့မိေတာ့သည္။
ကိုလင္းအခုလို သူ႕အေပၚစိမ္းကားေနတာကို သူ မလိုခ်င္။ ဘာေၾကာင့္မွန္းမသိ ေပမယ့္ ကိုလင္းအထင္လြဲေနျခင္းကိုေတာ့ ရွင္းျပခ်င္ေသးသည္။
"ေဒါက္..ေဒါက္....."
"တံခါးမပိတ္ထားဘူး...ဝင္ခဲ့....."
ေျပာလိုက္သည့္ အသံသည္ပင္ ေဒါသရိပ္သမ္းေနသည္။ ကြၽန္ေတာ္လည္း ဝင္ခဲ့လိုက္ေတာ့
"မင္းဘာလာလုပ္တာလဲ...ေသြးသစ္.... ေအာက္မွာ..ခ်စ္ရိပ္ခ်ိဳ...တစ္ေယာက္တည္းေလ...."
"အိမ္ရွင္ျဖစ္တဲ့...ကိုလင္း..ေတာင္..မရွိေနပဲ....ကြၽန္ေတာ္တက္လာတာ..ထူးဆန္းလို႔လား....."
ဒီကေလး ဘယ္တုန္းက ဒီေလာက္ ေျပာတတ္ဆိုတတ္သြားရတာလဲ။
"မတူဘူးကြ....မင္းကသူ႕ကို..ေခၚ လာတာေလ....ငါကေခၚလာခိုင္းလို႔လား......"
"ကြၽန္ေတာ့္သူငယ္ခ်င္းက...ကိုလင္းသူငယ္ခ်င္းပဲေပါ့......ကြၽန္ေတာ့္ကိုဆက္ဆံသလို...သူ႕ကိုဆက္ဆံေပး လို႔မရဘူးလား...."
မင္းကို ဆက္ဆံသလို မျဖစ္နိုင္ဘူး ကေလး။ မင္းဘာလို႔ မျဖစ္နိုင္တာကို ေတာင္းဆိုခ်င္ေနရတာလဲ။ မင္းနားမွာရွိတဲ့ မိန္းကေလးေတြကို ျမင္ေနရ႐ုံတင္ ငါ့အတြက္ ဒီေလာက္ခက္ခဲတာ သူငယ္ခ်င္းလုပ္ဖို႔ဆိုတာ မင္းအတြက္ လြယ္ခ်င္လြယ္မယ္ ငါ့အတြက္ေတာ့.....
"ကိုလင္း...မျဖစ္ဘူး လားလို႔....ခ်စ္ရိပ္က..ကိုလင္းကိုခင္ခ်င္ေနတာ....ေနာ္... ကိုလင္း.... "
"မျဖစ္နိုင္ဘူး...ေသြးသစ္....."
"ကိုလင္း...က..ကြၽန္ေတာ့္ကို..စိတ္ဆင္းရဲေစခ်င္လား...စိတိခ်မ္းသာေစခ်င္လား.....တစ္ခုပဲေျပာ...."
ဒါေနာက္ဆုံး လက္နက္လား ကေလးရယ္။ ဘာလို႔ဒီေမးခြန္းႀကီးလဲ။ မင္းကို အတိုင္းထက္အလြန္ စိတ္ခ်မ္းသာေစခ်င္တာေပါ့ ကြာ။
"ေအးကြာ...ခင္ေပးမယ္...ေက်နပ္ၿပီလား.... "
"Promise??......"
"အင္း..." ဟုေျပာကာ လက္သန္းခ်င္းခ်ိတ္လိုက္မိေတာ့သည္။
ေနာက္ေတာ့ ေသြးသစ္က ထိုမိန္းကေလးႏွင့္ ဘယ္လိုဘယ္ပုံ ေတြ႕ဆုံခဲ့ေၾကာင္း၊ ထိုမိန္းကေလး ဘယ္လိုခင္ဖို႔ေကာင္းေၾကာင္း ေျပာျပေနေလသည္။ ကြၽန္ေတာ္စိတ္မဝင္စား၍ နားထဲသို႔ မဝင္တစ္ခ်က္ ဝင္တစ္ခ်က္။ ကြၽန္ေတာ္စိတ္ဝင္စားသည္က စကားမ်ားကို မေမာနိုင္မပန္းနိုင္ ေျပာေနေသာ သူ႕မ်က္ႏွာေလးကိုသာ တစ္ခ်ိန္လုံး ေငးၾကည့္ေနမိသည္။ ဘယ္ေလာက္ေတာင္ ေဝးခဲ့၍လည္း မသိ။သူ႕မ်က္ႏွာေလးက ၾကည့္လို႔ပင္ မဝနိုင္။
ထိုေန႕က သူတို႔ႏွစ္ေယာက္ လုံးကြၽန္ေတာ့္အိမ္တြင္သာ ေန႕လည္စာ စားျဖစ္ၾကသည္။ ေမေမႏွင့္ ညီမေလးကေတာ့ မိန္းကေလးခ်င္းျဖစ္၍ထင္ ထိုမိန္းကေလးႏွင့္ အေတာ္ေလးရင္းႏွီးသြားၾကသည္။ထမင္းဝိုင္းတြင္လည္း သူမကိုသာ ဂ႐ုတစိုက္
"ထည့္စားေနာ္..သမီး...ဘာမွအားမနာနဲ႕...."
"ဟုတ္တယ္...မမေရာ့...." ဟူ၍ ၾကက္သားတစ္တုံးသူမ ပန္းကန္ထဲ သို႔
"ဒါေလးက...ပုစြန္ဆီျပန္ေလး...ေရာ...သမီး..."
ဟူ၍ ပုစြန္ထုပ္တစ္ေကာင္လည္း သူမပန္းကန္ဆီသို႔ပင္။
ဘယ္ လိုျဖစ္ေနၾကပါလိမ့္။ ေတာ္ေတာ္ခ်စ္ေနလည္း အိမ္သာေခၚထားလိုက္ၾကေတာ့ ဟူ၍ ေတြးမိစဥ္
ေမေမက
"ေနာက္ေန႕ေတြလည္း...လာခဲ့ေလ.....သမီး....."
"ဟုတ္သားပဲ... ျဖစ္နိုင္ရင္... မမကို..အိမ္မွာ...အပိုင္ေခၚထားလိုက္ခ်င္တာ......" ဟု ညီမေလး ဆီမွ ေျပာသံၾကား၍
"အဟြတ္....အဟြတ္.....အဟြတ္..." ဟူ၍ထမင္းသီးသြားရသည္ အထိ။
ေသြးသစ္က ကျမန္းကတမ္း ေရခတ္ေပးမည္လုပ္ေသာ္လည္း သူ႕ထက္ျမန္ေသာသူက
"ေရာ့....ကိုလင္းအံ့....ေသာက္လိုက္......"
ေရတစ္ခြက္ အျမန္လိုေနသည္မို႔ မည္သူကမ္းေပးပါေစ ယူေသာက္မိလိုက္ေတာ့သည္။ ေသြးသစ္ သိသိသာသာ မ်က္ႏွာေလးပ်က္သြားသည္ကို ကြၽန္ေတာ္ သတိထားမိလိုက္သည္။ သူ၏ ခ်စ္ရိပ္ခ်ိဳက ကြၽန္ေတာ့္အား ဂ႐ုစိုက္၍ထင္။ ေနာက္မျဖစ္ေစရပါဘူး ကေလးရယ္။ သူက မင္းအပိုင္ပါ ဟု စိတ္ထဲမွသာ ေျပာမိေလသည္။
&&&&&&&&&&
ဒီေန႕ေတာ့ ေသြးသစ္အိမ္သြားကာ မိမိ၏ ကေလာမွ အေတြ႕အႀကဳံ မ်ား၊ မိသားစုမ်ား အေၾကာင္းေျပာျပမည္ ဟူ၍ ေတြးကာ နိုးကတည္းက ေရခ်ိဳးအဝတ္အစားလဲကာ ျပင္ဆင္ေနမိသည္။
ေသြးသစ္ကိုေပးဖို႔ ဝယ္လာတဲ့ လက္ေဆာင္ပစၥည္းေတြ သြားေပးခ်င္ေသာေၾကာင့္လည္း ပါသည္။ မနက္စာစားရန္ ေအာက္ဆင္းလာေလေတာ့ ထမင္းစားခန္းထဲတြင္ ေမေမ့ကိုမေတြ႕ ၾကယ္စင့္ကိုသာ ေတြမိသည္။ ဒီေကာင္မေလး အေဖာ္ေတာင္ ေတာ္ေတာ္ရေနပါ့လား ဟုလည္းေတြးမိေသးသည္။
ေနာက္မွ သတိထားမိသည္က ၾကယ္စင္ဝတ္ထားေသာ ဆြယ္တာအႏြေးထည္ေလး
"ၾကယ္စင္...နင္..ဒီအႏြေးထည္..ဘယ္ကရလဲ....."
"ဘာျဖစ္လို႔လဲ...ကိုကို...ညီမေလးအတြက္.. ဝယ္လာတာမဟုတ္ဘူးလား.....ကိုကို႔အခန္းထဲကေတြ႕လို႔...ယူဝတ္ထားတာေလ...မလွဘူးလား.."
"ခြၽတ္...ခြၽတ္...ခုျပန္ခြၽတ္...အဲ့ဒါနင့္အတြက္..မဟုတ္ဘူး....."
"မခြၽတ္ပါဘူး...ဒါေလးကလွတယ္.....ညီမေလးကိုေပး....."
"နင့္အတြက္မဟုတ္ဘူးလို႔...ငါေျပာေနတယ္ေလ....ခြၽတ္"
"ညီမေလး အတြက္..မဟုတ္ရင္..ဘယ္သူ႕အတြက္လဲ...ကိုကို႔မွာလည္း...ဆင္တူတစ္ထည္...ၾကယ္စင္ ေတြ႕ပါတယ္ေနာ္....."
"ၾကယ္စင္...ငါေကာင္းေကာင္းေတာင္းေနတုန္း...ေပးေနာ္!!!......."
ကြၽနိေတာ့္အသံတြင္ ေဒါသသံမ်ားပါသြားသည္။ ဘုရားခန္းမွ ထမင္းစားခန္းသို႔ ဝင္လာေသာေမေမၾကားသြားသည္။
"ဟဲ့ ..ဘယ္လိုျဖစ္ေနၾကတာလဲ...မနက္ေစာေစာစီးစီး...ေအာ္ႀကီး ဟစ္က်ယ္နဲ႕........."
ညီမေလးက ေမေမ့နားသို႔ ကပ္ကာ ဦးေအာင္ တိုင္ေျပာေလသည္။ အေၾကာင္းစုံသိရေတာ့ ေမေမက
"သားရယ္...ကိုယ့္ညီမေလး...ဝတ္တာပဲ...ဘာျဖစ္လို႔အဲ့ေလာက္..ေဒါသေတြထြက္ေနရတာလဲ......."
"သား...သူ႕အတြက္...ဝယ္လာတာ...မဟုတ္ဘူး...ေမေမ....."
"ဒါဆို...ဘယ္သူအတြက္လဲ...ေမေမ့ကိုေျပာ....."
ေသြးသစ္အတြက္ဝယ္လာခဲ့သည္ကို ကြၽန္ေတာ့္ပါးစပ္မွ ေျပာမထြက္။ အႏြေးထည္ ကဆင္တူျဖစ္ေနေသာေၾကာင့္ ေမေမႏွင့္ညီမေလး သိလို႔မျဖစ္ဘူး မဟုတ္လား။
"အဲ့ဒါ.... အဲ့ဒါ က......ဟိုဟာ....." ေျပာလို႔မထြက္ျဖစ္ေနစဥ္ တစုံတေယာက္ ကဝင္ေျဖေလသည္။
"ခ်စ္ရိပ္အတြက္....မဟုတ္လား....ကိုလင္း....."
အသံလာရာကို ၾကည့္မိေတာ့ ခ်စ္ရိပ္ခ်ိဳ လက္ထဲတြင္လည္း ခ်ိဳင့္တစ္ခုႏွင့္။
"ေၾသာ္......မမအတြက္လား....ေစာေစာကေျပာပါလား..ကိုကိုရယ္....ၾကယ္စင္ခြၽတ္ေပးမွာေပါ့....."
ဟူ၍ ျမန္ျမန္ခြၽတ္ကာ ေသေသခ်ာခ်ာ ေလွ်ာ္၊ မီးပူတိုက္ၿပီးမွ ေပးမည္ ဟုလည္းေျပာေနေသးသည္။
ဟာကြာ..ခုတ္ရာတစ္ျခား..ရွရာတစ္ျခားေတာ့..ျဖစ္ေတာ့မွာပဲ....သူမႏွင့္ေတာ့ ဆင္တူ မဝတ္လို။ အျပာႏုေရာင္မႀကိဳက္ေသာ ကြၽနိေတာ္က ေသြးသစ္ႏွင့္လိုက္မည့္အေရာင္ကိုေ႐ြးကာ မႀကိဳက္ေသာ္လည္း ဆင္တူဝတ္ရလွ်င္ၿပီးေရာ ဟူေသာ အႀကံက အခုေတာ့....
"အန္တီတို႔အတြက္....ခ်စ္ရိပ္ကိုယ္တိုင္..အေစာႀကီးထခ်က္ထားတဲ့...မုန့္ဟင္းခါး... ကိုလင္းႀကိဳက္တယ္ဆိုလို႔...လာပို႔ေပးတာ...."
"ေပးေပး...မမ...ၾကယ္စင္...ကိုကို႔အတြက္..ထည့္ေပးလိုက္မယ္......"
ကြၽန္ေတာ့္အတြက္တဲ့....သူမ..ဘာသေဘာလဲ.... ဘယ္လိုျဖစ္ျဖစ္...သူမ..ဂ႐ုစိုက္ျခင္းကို...မႏွစ္သက္
"မထည့္နဲ႕...ၾကယ္စင္...ငါမစားေတာ့ဘူး....ငါ့အႏြေးထည္နင္ပဲ....ယူလိုက္ေတာ့...ငါမယူေတာ့ဘူး...."
ဟုေျပာကာ ထထြက္လာခဲ့လိုက္ေတာ့သည္။
ခ်စ္ရိပ္ခ်ိဳ.. မင္းဘာသေဘာနဲ႕ ..ဘာေတြလုပ္ေနတာလဲ..မင္းနဲ႕ငါက..ဒီေလာက္ထိရင္းႏွီးရမည့္..အေျခအေန မဟုတ္ဘူးထင္တယ္...ေသြးသစ္ကိုမင္း..နာက်င္ရေအာင္..လုပ္ရင္ေတာ့..ငါခြင့္မလႊတ္ဘူး..မင္းကို......
&&&&&&&&&&
"ေရာ...ကိုလင္း....coffee..."
ေသြးသစ္ေဖ်ာ္ေပးေသာ coffee ကိုျမည္းၾကည့္မိေတာ့ ခါးသက္ေနသည္။ ကြၽန္ေတာ္သေဘာက်စြာ ၿပဳံးမိသည္။ coffee ဆိုခါးခါးမွ ေသာက္တတ္ေသာ ကြၽန္ေတာ့္အႀကိဳက္ကို သူသိသြားၿပီ။
သူ႕အတြက္ coffeeခြက္ကိုလည္း သူကိုယ္တိုင္ပင္ေဖ်ာ္ကာ ခုံတြင္ ဝင္ထိုင္လိုက္ေလသည္။
"ေကာင္းလိုက္တာ....ဆိမ့္ေနတာပဲ...ကိုလင္း..coffee နဲ႕တစ္ျခားစီ...ကိုလင္း..ဘာလို႔..coffee...ခါးခါးမွႀကိဳက္တာလဲ.....ဒီေလာက္ခါးသက္ေနတာကို....."
ခ်စ္စဖြယ္ အမူအရာေလးႏွင့္ ေျပာေနပုံက အသည္းယားစရာ။
"Coffee ေစ့... စစ္စစ္က..ဘယ္လိုအရသာရွိလဲ..ေသြးသစ္..."
"ခါးတယ္ေလ....."
"ကိုယ္က...coffee...ရဲ႕..တကယ့္အရသာစစ္စစ္ကို...ႏွစ္သက္သာ...အဲ့ဒါမွ...coffeeေသာက္တယ္..ေခၚတယ္ေလ..ေသြးသစ္ရဲ႕...."
မသိဘူးဆိုေသာ အမူအရာျဖင့္ ႏႈတ္ခမ္းစူကာ ေခါင္းယမ္းျပေလသည္။ မင္းကိုယ့္စိတ္ေတြကို...လာဆြေနတာလား...ေသြးသစ္.....
ၿပီးေနာက္ ေသြးသစ္က ပန္းသီးစားမလား ဟုေမးကာ ေရခဲသတၱာထဲရွိ ပန္းသီးကိုထုတ္ကာ ဓားျဖင့္အခြံခြာေလသည္။
"ခြာတတ္ရဲ႕လား.....လက္ထိမယ္...."
"ကိုလင္းက..ကြၽန္ေတာ့္ကို..အထင္ေသးတာလား...ကြၽန္ေတာ္က..ပန္းသီးလည္းခြာတတ္တယ္...ၾကက္သြန္လည္း..လွီးတတ္တယ္....ၿပီးေတာ့..တျခားဟာေတလည္း........အား......."
ေျပာေျပာဆိုဆို သူကေလး လက္ဓားထိသြားေလသည္။ ကြၽန္ေတာ္ ထိုင္ေနရာမွ ကမန္းကတန္း ထကာ ဓားထိသြားေသာ သူ႕လက္ကေလး ကိုင္ကာ ေဘစင္သို႔ ေရေဆးရန္ ေခၚသြားလိုက္သည္။
ေသြးေတြက ေရေဆး၍ မရပ္ေပ။ သူကေလးနာက်င္တာကို ကြၽန္ေတာ္မျမင္လို၍ ေသြးထြက္ေနေသာ သူ႕လက္ကေလးကို အာခံတြင္းထဲထည့္ကာ စုပ္ပစ္လိုက္သည္။
သူကေလးမ်က္လုံးျပဴးသြားသည္။
"ကိုလင္း...ဘာလုပ္တာလဲ....ေသြးေတြက..ညစ္ပတ္တယ္ေလ...." ဟုေျပာကာ လက္ကေလးကို႐ုန္း ေလသည္။ ကြၽန္ေတာ္လႊတ္မေပးမိ။
သူကေလးကြၽန္ေတာ့္ မ်က္လုံးမ်ားကို ေသခ်ာစြာစိုက္ၾကည့္ေနေလသည္။ မ်က္လုံးခ်င္းစုံသည့္ ခဏ
"ဒုတ္..ဒုတ္.... ဒုတ္.. ဒုတ္..... ဒုတ္.. ဒုတ္... " ဟူ၍ သူကေလး၏ ႏွလုံးခုန္သံမ်ားကို ၾကားလိုက္ရသည္။
ကိုလင္းဘာလို႔..စိုက္ၾကည့္ေနတာလဲ...ငါကေရာ..ဘာလို႔..ေယာက်ာ္း ခ်င္း ရင္ခုန္ေနရတာလဲ....
ကြၽန္ေတာ္ လည္း ထိုကေလး၏ ႏွလုံးခုန္သံမ်ားကိုဘာသာျပန္ ခက္ခဲေနစဥ္ ကြၽန္ေတာ့္ မ်က္လုံးမ်ား၏လားရာသည္ သူ၏ႏႈတ္ခမ္းသားမ်ားဆီသို႔...
စိတ္ခံစားခ်က္မ်ားက..ထိန္းခ်ဳပ္ရာမဲ့၍ သူကေလး၏ လက္ကိုပါးစပ္မွထုတ္ကာ...ကြၽန္ေတာ့္ႏႈတ္ခမ္းမ်ားဦးတည္ရာသို႔သာ...ဦးေခါင္းတစ္ခုလုံးပါလာေလသည္။
"ခြမ္း.........."
႐ုတ္တရက္ေပၚလာေသာ ဖန္ခြက္ကြဲသံေၾကာင့္ ကြၽန္ေတာ့္အသိမ်ား ျပန္ဝင္လာကာ ကိုင္ထားေသာ သူ႕လက္ကိုလႊတ္ေပးလိုက္မိသည္။
ကြၽန္ေတာ့္ကိုခြင့္လႊတ္ပါ..ကိုလင္းရယ္...ကိုလင္းကိုျငင္းဆန္မိလို႔....ကြၽန္ေတာ့္လက္တစ္ဖက္က..ခုံေပၚတင္ထားတဲ့..ဖန္ခြက္ကို..တမင္တြန္းခ်လိဳက္တာက..ထိန္းခ်ဳပ္ရာမဲ့ေနတဲ့..ကိုလင္းကို..သတိျပန္ဝင္ေစ႐ုံပါပဲ.......
"ေဆးထည့္ေပးရမလား...ေသြးသစ္..."
"ရတယ္...ကြၽန္ေတာ့္ဘာသာထည့္လိုက္မယ္....ကိုလင္းျပန္ေတာ့ေလ....."
သူကေလးက ႏွင္လႊတ္ေနေလသည္။ အင္းေလ...ကိုယ့္အျပစ္ႏွင့္ကိုယ္မို႔ ဘာမွမေျပာသာေတာ့ပဲ...လွည့္ထြက္လာေတာ့သည္။
ကိုလင္းထြက္သြားေတာ့ ကြၽန္ေတာ္ၾကည့္မိသည့္အရာက ကိုလင္းေသာက္သြားေသာ coffeeခြက္သို႔။
ငါဘာလို..ကိုလင္းႏႈတ္ခမ္းရာရွိေနတဲ့..coffee ခြက္ကို ႏွေျမာတသၾကည့္ေနမိတာလဲ...ကိုယ္ကိုတိုင္လည္း..နားမလည္နိုင္။ ကိုလင္းရယ္...ကြၽန္ေတာ့္ရဲ႕..ထာဝရသူငယ္ခ်င္းပဲ...ဆက္ျဖစ္ေနေပးပါ....ကြၽန္ေတာ္ေတာင္းဆိုပါတယ္..........................
&&&&&&&&&&&&&&&&&&&&&&&&
Thank you everyone 😘😘😘
&&&&&&&&&&&&&&&&&&&&&&&&