မုန်းရဲ့အလင်းရောင်

By ShayyLinkar

479K 28.9K 1K

သူငယ်ချင်းဆိုတဲ့ အဖြူရောင်အလွှာလေးကိုငါအရောင်တွေစွန်းထင်စေမိပီအလင်း မုန်း(မုန်းမာန်) သူငယ်ချင်းဆိုတဲ့တံတိုင်း... More

Part 1 (U+Z)
Part 2 (U+Z)
Part 3 (U+Z)
Part 4 (U+Z)
Part 5 (U+Z)
Part 6 (U+Z)
Part 7 (U+Z)
Part 8 (U+Z)
Part 10 (U+Z)
Part 11 (U+Z)
Part 12(U+Z)
Part 13 (U+Z)
Apologize
Part 14 (U+Z)
Part 15 (U+Z)
Part 16 (U+Z)
Part 17 (U+Z)
Part 18 (U+Z)
Part 19 (U+Z)
Part 20 (U+Z)
Part 21 (U+Z)
Part 22 (U+Z)
Part 23 (U+Z)
Part 23 (Zawgyi)
Part 24 (U+Z)
Part 25 (U+Z)
Part 26 (U+Z)
Part 27 (U+Z)
Part 28 (U+Z)
Part 29 (U+Z)
Part 30 (U+Z)
Part 31 (U+Z)
Part 32 (U+Z)
Part 33 (U+Z)
Part 34 (U+Z)
Part 35 (U+Z) Waning
New Fic
Part 36 (U+Z)
Part 37 (U+Z) Waning
Part 38 (U+Z)
Part 39 (U+Z)
Part 40 (U+Z)
Part 41 (U+Z)
Part 42 (U+Z) The End
ကျေးဇူးတင်လွှာ & ရည်ရွယ်ချက်
Extra 1 (U+Z)

Part 9 (U+Z)

9.3K 758 48
By ShayyLinkar

#Unicode

အလင်းတို့ ကိုးတန်းဖြေပြီး ငါးရက်ကြာတော့ ကျူရှင်တွေ စတက်ကြရတယ်။ မေမေအရင်ပြောခဲ့သလိုမျိုး အလင်းက မဟာကိုယ်ပိုင်အထက်တန်းကျောင်းမှာ မတက်ဖြစ်ခဲ့ပါဘူး။ မေမေကိုယ်တိုင်က အလုပ်မထွက်ချင်သေးတာရော အလင်းအတွက်ပါ စိတ်ပူတာမို့ အလင်းတို့အိမ်မှာပဲ အလင်းရယ် သုတရယ် အာကာရယ် နွေရယ် လေးယောက်တစ်ဖွဲ့ ဆရာသီးသန့်နဲ့ ကျူရှင်ဝိုင်း တစ်ဝိုင်း ဝိုင်းဖြစ်ခဲ့ကြတယ်။

မုန်းလည်း အလင်းတို့နဲ့အတူတူ စာသင်ချင်ပါတယ်။ မုန်းဖေဖေ့ကို ဘယ်လိုပြောရမှန်းမသိသလို ပြောဖို့ကိုလည်းကြောက်တယ်။ ကြောက်ကြောက်နဲ့ပဲ ပြောရတော့မှာပါ။

“ဖေဖေ”

“အင်း”

“အလင်းတို့အိမ်မှာ ဖေဖေငှားထားတဲ့ ဆရာတွေ ဆရာမတွေပဲ ပြန်ဝိုင်းထားတာမို့ သားအလင်းတို့နဲ့အတူတူ တစ်ဝိုင်းတည်း စာသင်ချင်လို့ပါဖေဖေ”

“ငါက မင်းတစ်ယောက်တည်း အနှောက်အယှက်မရှိ‌ အေးအေးဆေးဆေး သီးသန့်စာသင်လို့ရအောင် ပိုက်ဆံအကုန်အကျခံပြီး ဆရာသီးသန့်ဝိုင်းထားတာမုန်း။ အိမ်မှာပဲ အေးဆေး‌သင်”

“ဟို ဆရာတွေ ဆရာမတွေက အလင်းတို့ဆီကနေ ကျွန်တော့ဆီကို လာသင်ကြတာ‌ဆိုတော့ နှစ်ခါခွဲသင်ရသလို ဖြစ်နေလို့ပါဖေဖေ။ အလင်းတို့နဲ့ပေါင်းသင်ရင် အချိန်လည်းပိုထွက်ပြီး စာလည်းပိုသင်နိုင်မှာ ဖေဖေ။ တခြားသူလည်း မပါပါဘူး။ အလင်းရယ် အားသစ်နဲ့သုတရယ် နွေရယ် လေးယောက်ပဲ ရှိတာပါ ဖေဖေ”

“သားလေး အလင်းတို့ဝိုင်းနဲ့ တစ်ဝိုင်းတည်း သင်ချင်ရင်သင်လေ။ မေမေ ဆရာတွေ ဆရာမတွေကို ပြောပြီးပေါင်းလိုက်မယ်”

“ဟုတ် ကျေးဇူးပါမေမေ”

မေ‌မေပြောတော့ဖေဖေက ဘာတစ်ခွန်းမှ ဝင်မပြော‌တော့ပေ။ မုန်းတို့အိမ်က ဒီလိုပဲ မေမေလုပ်တဲ့အလုပ်ကို ဖေဖေကတစ်ခွန်းမှ ဝင်မပြောသလို မေမေကလည်း ဖေဖေ့ကို တစ်ခွန်းမှမပြောပါဘူး။ တစ်အိမ်တည်းနေပြီး တစ်စားပွဲတည်း ထမင်းစားပေမယ့် ဖေဖေနဲ့မေမေက စကားမပြောကြပါဘူး။

ဒီလိုနဲ့မုန်းလည်း အလင်းတို့အိမ်မှာပဲ အလင်းတို့နဲ့ ဝိုင်းခွင့်ရသွားဝာာမို့ သူငယ်ချင်းတွေနဲ့ မခွဲရတော့ဘဲ အတူတူ စာသင်ခွင့်ရခဲ့တယ်။

ဆယ်တန်းကို အလင်းတို့အိမ်မှာပဲ စာသင်ရတယ်။ ကျောင်းတက်စရာလည်းမလိုတော့ ငါးယောက်လုံးက အလင်းအိမ်မှာပဲ စတည်းချဖြစ်ခဲ့ကြတယ်။

(ကျောင်းတက်စရာမလိုတာက အိမ်မှာပဲ ဆရာသီးသန့်ခေါ်တဲ့ခလေးတွေက ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ကျောင်းအပ်ပါတယ်။ သုံးသိန်းဆိုသုံးသိန်း ငါးသိန်းဆိုငါးသိန်း‌ သူတို့သတ်မှတ်ထားတဲ့ဈေးကို ပေးရတယ်။ အရှေးတို့ဆီမှာတော့ 3သိန်းပေးရပါတယ်။ ကျောင်းအပ်ရုံပဲမို့ပါ ကိုယ်ပိုင်ကျောင်းတက်ရင်တော့ သိန်း25ပေးရပါတယ်။ ဒါကဝောာ့ ကိုယ်ပိုင်ကျောင်းနဲ့ ချမ်းသာတဲ့မိဘတွေ နားလည်မှုယူပြီး ကိုယ်ပိုင်ကျောင်းမှာ အမည်ခံ ကျောင်းတက်တဲ့ပုံစံနဲ့ ကျောင်းအပ်ကြတာပါ။)

မုန်းကတော့ အိမ်ကိုပြန်ရင်လည်း နွေထွေးမှုမရှိတာမို့ နွေးထွေးမှုပေးပြီး အရမ်းချစ်ပေးတဲ့ အလင်းနဲ့မေတို့အိမ်မှာပဲ နေခဲ့ပါတယ်။ အိမ်ကနေ အဝတ်နဲ့ လိုအပ်တာလေး နည်းနည်းယူထားပြီး အလင်းတို့ အိမ်မှာပဲအိပ်ပါတယ်။ မုန်းတစ်ယောက်တည်းလားဆိုတော့ မဟုတ်ပါ။ သွားလိုက်ပြန်လိုက်လုပ်ရမှာပျင်းတဲ့ အမောင်သုတကပါ အလင်းတို့အိမ်မှာနေပါတယ်။

သုတနဲ့မုန်းအိမ်ကတော့ ထမင်းနေ့တိုင်း ပုံမှန်လာပို့ပေမယ့် နောက်ပိုင်းကြတော့ မေက အိမ်ကလူကြီးတွေ သွားလိုက်ပြန်လိုက်နဲ့ အလုပ်ရှုပ်မှာဆိုးလို့ ဒီခလေးငါးယောက်စာတော့ သူချက်ကျွေးနိုင်ပါတယ်ပြောတာကြောင့် သုတအိမ်ကတော့ လာမပို့တော့ပေ။ မုန်းအိမ်ကတော့ နေ့တိုင်း ပုံမှန် ပို့ပေးခဲ့ပါတယ်။

နွေကတော့ စာသင်နှစ်ဝက်လောက်ရောက်တော့ စာတွေများလာတာမို့ မေတို့အိမ်မှာပဲ မေနဲ့တူတူအိပ်ပါတယ်။ အားသစ်တစ်ယောက်ပဲ အိမ်ပြန်အိပ်တာပါ။ ကျန်တဲ့လေးယောက်ကတော့ တစ်ခါတလေမှ အိမ်ပြန်ဖြစ်ကြတယ်။

“မုန်း ဘာလို့ငိုနေတာလဲ”

မုန်းငိုတာမြင်တော့ အလင်းရင်တွေ တကယ်ပူလာရပါတယ်။ ဒီကလေး ဘာလို့ငိုပါလိမ့်။

“မုန်းလေး ဘာဖြစ်တာလဲ။ နွေ့ကို ပြောပြလေ”

“မုန်းဘာလို့လဲ”

သုတနဲ့အားသစ်လည်း မနေနိုင်တော့ပေ။

“အလင်း ငါစာကျက်လို့ မရတော့ဘူး အင့် . . . ”

တအင့်အင့်နဲ့ ရှိုက်ရှိုက်ပြီးငိုနေ‌တဲ့ မုန်းရယ်ပါ။

“ဘာတွေ စိုးရိမ်ပူပန်နေပြန်ပြီလဲ မုန်းရာ။ စိတ်အေးအေးထားပြီး စာကျက်လေ။ ခဏနေ ရသွားမှာပါ”

အလင်းကပြောတော့ သုတကလည်း ကူပြောပေးရှာတယ်။

“အေးလေးကွာ မုန်းကလည်း။ ဒီမှာ အလင်းပြီးရင် မင်းအတော်ဆုံးကို။ ငါဆို ခုထိ Physic Definition တွေ မရသေးဘူး”

မုန်းက အရမ်းစိတ်ပူပြီး အရမ်းလည်း ကြောက်တတ်ပါတယ်။ ဒါတွေကလည်း မုန်းအဖေရဲ့ ဖိအားတွေကြောင့် မုန်းက အရမ်းစိတ်ပူတတ်ခဲ့တာပါ။ မုန်းအဖေက ဘယ်လောက်အထိ ရရမယ်ဆိုတဲ့ စံနှုန်းတွေ တအားထားတယ်။ အလင်းနဲ့အမြဲယှဉ်ပြီး မုန်းကို အမြဲဆူတယ်။ ဘာပဲလုပ်လုပ် မုန်းကို သူများထက် သာရမယ်ဆိုတဲ့ ဖိအားကို အမြဲပေးတယ်။ သူ့အဖေမျှော်လင့်သလို ဖြစ်မလာမှာကို မုန်းက တအားကြောက်နေတာပါ။

အလင်းကတော့ ကံကောင်းတယ်။ မေမေ‌နဲ့ဖေဖေက အမြဲပြောခဲ့တယ်။

“သားလုပ်နိုင်တဲ့ အတိုင်းအတာထိ လုပ်နိုင်သလောက်လုပ်ခဲ့။ သားလုပ်နိုင်တဲ့ အတိုင်းအတာအတိုင်း ရလာလိမ့်မယ်။ မေမေနဲ့ဖေဖေက သားကို ဘာမှ အပြစ်ပြောမှာ မဟုတ်ဘူး။ သားရတဲ့ အတိုင်းအတာက သားရဲ့ရလဒ်မို့ လုပ်နိုင်ရဲ့သားနဲ့ မလုပ်ခဲ့တာလား၊ တကယ်ပဲ သားလုပ်နိုင်သလောက် လုပ်ခဲ့တာပဲလားကို သားကိုယ်တိုင် သိရင် ရပြီ”

ဒီလိုပဲပြောခဲ့သလို မေမေတို့က အလင်းကို ဖိအားမပေးဘူး။ ရွေးချယ် မပေးဘူး။ ရွေးချယ်ခွင့်ပဲ အမြဲပေးခဲ့တယ်။

“ဟယ် မေ့သားလေး ဘာလို့ငိုနေတာလဲ။ မေ့ကိုပြော”

ဒေါ်ရတနာအလုပ်ကပြန်လာတော့ မုန်းလေး ငိုနေတာကို မြင်လိုက်ရပါတယ်။ ဒီကလေးလေး ဘာတွေကို စိုးရိမ်နေပြန်ပါပြီလဲ။

မုန်းကို မေးရင်းကပင် မေက အခန်းထဲဝင်လာပြီး မုန်းကို ရင်ခွင်ထဲ‌ ထည့်လိုက်တော့ ပိုဝမ်းနည်းလာရပြီး ပိုငိုချင်လာပါရော။

“အီးးးဟီးးးဟီး မေ မုန်း စာတွေ ကျက်လို့မရတော့ဘူး။ ခေါင်းတွေ အရမ်းပူလာပြီး စိတ်တွေလည်း ရှုပ်လာပြီ အီးးးဟီး “

“ဟယ် မေ့သားလေးရယ်။ မငိုနဲ့တော့ ခဏနားလိုက်နော်။ မေက မေ့သားလေးကြိုက်တဲ့ လက်ဖက်သုပ်လေးနဲ့ ကြက်ဥလေးကြော်ပြီး ထမင်းခွံ့ကြွေးမှာပေါ့။ စားမှာလား သား”

မုန်းက မေမေ့ရဲ့အမေးကို ခေါင်းငြိမ့်ပြပြီး ပြန်ဖြေလိုက်တယ်။

“ပြီးရင် သားအလင်းလေးက မုန်းလေးကို စာကူကျက်ပေးလိုက်ဦးနော်”

“ဟုတ်”

ဒေါ်ရတနာလည်း မုန်းကိုချော့ပြီး သားတော်မောင်ကိုပြောခဲ့ကာ ကလေးငါးယောက်လုံးစားဖို့ လက်ဖက်သုပ်နဲ့ ကြက်ဥငါးလုံးကြော်ပြီး ပန်ကန်ထဲထည့်လိုက်တယ်။ ထမင်းကို ငါးယောက်စာ ဆီဆမ်း ဆားဖြူပြီး အိမ်ရှေ့ကို ယူလာပေးလိုက်တယ်။

“သားမုန်း မေမေခွံ့ပေးရမလား”

“ရတယ်မေ။ သားဘာသား စားလိုက်မယ်။ မေ အလုပ်လုပ်စရာရှိတာ လုပ်နော်။ သားကြောင့် မေအလုပ်ရှုပ်ရပြီ”

ခုထိ အငိုမတိတ်သေးတဲ့ မုန်းလေးက တရှုံ့ရှုံ့နဲ့ရယ်ပါ။ ကျန်တဲ့ ကလေးတွေကတော့ မုန်းလေးအငိုတိတ်အောင် စလိုက် စားလိုက်နဲ့ ရယ်နေကြလေရဲ့။ ကျမ သူတို့လေးတွေမရှိတော့ရင် နေတောင် နေတတ်ပါတော့မလားဘဲ။

စားသောက်ပြီးတော့ ခဏနားပြီး အလင်းက မုန်းကို စာကူကျက်ပေးဖို့ ပြင်လိုက်တယ်။ မုန်းက အငိုတိတ်သွားပေမယ့် မျက်ရည်စလေးတွေက မ‌ခြောက်သေးဘဲ မျက်တောင်ကော့လေးမှာ ကျန်နေတုန်းပင်။

ငိုထားလို့ မျက်လုံးလေးတွေနီနေပြီး ပါးလေးတွေကရဲနေတာမို့ မုန်းမျက်နှာရဲရဲလေးက ပန်းသီးလေးလိုပဲ ကိုက်စားချင်စရာလေးပါ။

အမ်! ငါ ဘာတွေ တွေးနေပါလိမ့်။ အလင်း မင်းရူးများနေလား။ မုန်းကိုကြည့်ပြီး ကိုက်စားဖို့ ကြံနေတာလား။

အလင်း ကိုယ့်အတွေးကိုယ် သဘောကျကာ ရှက်ရှက်နဲ့ ပြုံးလိုက်မိတော့ မုန်းက သူ့ကိုလှောင်တယ်ထင်ပါလေရော။

“အလင်း မင်းဘာပြုံးဝာာလဲ။ ငါ့ကို လှောင်နေတာလား။ မင်းနော်“

“မဟုတ်ပါဘူး မုန်းရာ။ ငါ့ဘာငါ ပြုံးတာပါ။ မင်းကို မဟုတ်ပါဘူး။ စာကျက်မယ် လာ။ ဘာကူကျက်ပေးရမလဲ ပြော”

“Bio ကူကျက်ပေး”

အလင်းကို မုန်းအားကျပါတယ်။ အလင်းဉာဏ်ရည်က ဖေနဲ့မေ နှစ်ယောက်လုံးဆီက ပေါင်းရထားတာမို့ထင်တယ် ဉာဏ်အတော်ကို ကောင်းပါတယ်။

မုန်းတစ်ယောက် အလင်းနဲ့ စာကျက်နေတုန်း အလင်းကို သေချာ စိုက်ကြည့်လိုက်မိတယ်။ အလင်းရဲ့ နှုတ်ခမ်းသားလေတွေက ပိရိသေသပ်ပြီး စာကို အာရုံစူးစိုက်ကြည့်နေတာကိုက ခန့်ခန့်ညားညားနဲ့ပါ။‌ ခဲတံကိုင်ပြီး စာအုပ်မှာ ခြစ်နေတဲ့လက်ကို အကြည့်ရောက်ပြန်တော့ အကြောလေးတွေ ထင်းနေတဲ့ လက်ချောင်း သွယ်သွယ်လေးတွေက ယောက်ျားပီသလို့နေပါတယ်။

မျက်ခုံးထူထူ မျက်လုံးနက်နက်လေးတွေက မေ့ဆီက အမွေရထားတော့ မောင်အလင်းတို့ ကံကောင်းချက်။ ဖြောင့်စင်းပြီး ချွန်နေတဲ့နှားခေါင်းလေးကိုက အားရပါးရ ကိုက်ဆွဲချင်စရာကြီးပါ။

အမလေး ဗု‌ဒ္ဓေါ။ မုန်း ဘာကိုကြည့်ပြီး ပြစ်မှားနေတာလဲ။ ဘုရား ဘုရား စာကို အာရုံစိုက်စမ်း မုန်း။ မုန်းမှာ စာကို မနည်းအာရုံစိုက်ပြီး စာကျက်လိုက်ရပါတော့တယ်။

မုန်းကို အလင်း စာကူကျက်ပေးပြီးတဲ့အခါ ငါးယောက်လုံး သင်္ချာစုတွက်လိုက်ကြတယ်။ ခဏကြာတော့ နွေ့ဆီက တခိခိနဲ့ ရယ်သံကြားလို့ ခေါင်းထောင်ကြည့်လိုက်တော့ ‘အမလေး မောင်မုန်းက စားပွဲပေါ် ခေါင်းလေး‌တင်ပြီး တရှူးရှူးနဲ့အိပ်ပျော်နေတာပါ။’ ငိုလိုက်ရလို့ မောသွားတယ်ထင်ပါရဲ့။

“ဟဲ့ နင်တို့ သေချာကြည့်စမ်း။ မုန်းက တော်တော်ချစ်ဖို့ကောင်းတာ။ နှုတ်ခမ်းဖူးဖူးလေးနဲ့ အသားကထိလိုက်ရင် ကြွေကြတော့မယ့် အတိုင်းပဲ။ အိပ်နေတာလေးကိုလည်း ကြည့်ဦး ကလေးလေးကြနေတာပဲ။ အတော်ချစ်ဖို့ကောင်းတဲ့ ကလေးလေး”

နွေပြောသလိုပဲ မုန်းက အဟုတ်ကို ချစ်ဖို့ကောင်းတာပါ။ နှုတ်ခမ်းအိအိလေးတွေက ကိုက်စားချင်စရာလေး။

ဟမ်! ဘာတွေ တွေးနေပြန်ပြီလဲ အလင်း။ ဒီ‌တစ်နေ့တည်းနဲ့ မင်း မုန်းကို စားဖို့ကြံနေတာ ဘယ်နှစ်ကြိမ်မြောက်‌နေပြီလဲ။ ကိုယ့်အတွေးတွေကို ခေါင်းထဲက အမြန်ခါထုတ်လိုက်ရတယ်။

“မေမေ မုန်းအိပ်ပျော်သွားပြီ”

“ဟယ် ဟုတ်လား။ နေရာ ရွှေ့ပေးလိုက်သား။ ကလေး ဇက်ညောင်းနေမယ်။ မေမေ အိပ်ရာပြင်လိုက်မယ် ခဏ”

မေမေ အိပ်ရာပြင်နေတုန်းမှာ မုန်းရဲ့ခေါင်းလေးကိုအသာ မ’ကာ အလင်းပေါင်ပေါ် တင်ထားပေးလိုက်ပြီး အလင်းကတော့ သင်္ချာ ဆက်တွက်နေလိုက်ပါတယ်။ တော်တော်ကြာတဲ့ထိ မေမေက ထွက်မလာသေးပေ။ ခုထိ အိပ်ရာ ပြင်မပြီးသေးတာတော့ မဟုတ်လောက်ပါဘူး။

“သား ညောင်းနေပြီလား။ မေမေ အလုပ်ကိစ္စ ဖုန်းပြောနေတာ နည်းနည်းကြာသွားလို့။ မုန်းလေးကို အိပ်ရာထဲ‌ ပွေ့ချီသွားပေးလိုက်ပါ သားရယ်။ မနှိုးနဲ့တော့ ခလေးအိပ်ပျော်နေတာ အိပ်ပါစေ”

“ဟမ်! မေမေကလည်း သားဘယ်လိုလုပ်နိုင်မလဲ မေမေရ။ မေမေ့သားက သေးသေးလေးလည်း မဟုတ်ဘဲနဲ့။ ကျွန်တော့ထက် မဆိုသလောက်လေးပဲ ပုတဲ့ဟာကို”

“လူကောင်က သားထက်သေးပါတယ် သားရယ်။‌ ပွေ့ချီကြည့်ပါဦးလား။ မချီကြည့်ဘဲ ပြောနေတယ်။ မ‌ချီနိုင်ရင် မေမေလည်း ကူပေးမယ်”

မေမေပြောတော့လည်း အလင်း‌မှာ မုန်းကို ပွေ့ချီကြည့်ရပါတယ်။ အမလေး တစ်လိုက်တဲ့ကိုယ်လုံး မနည်းချီရတယ်။

“မသက်သာပါ့လား မေမေရယ်။ မေမေ့သားကိုယ်လုံးက တစ်လိုက်တာ တအားပဲ”

“အိပ်ရာနဲ့ နီးနီးလေးပါ သားရယ် သွား”

မုန်းကိုပွေ့ချီလာပြီး အိပ်ရာပေါ် ချပေးလိုက်တယ်။ ဘာလေးမှန်း မသိဘူး။ တကယ် စားနိုင် သောက်နိုင် အိပ်နိုင်လေး။ စိတ်ပူတတ်တာလည်းသူပဲ။ မင်းက တကယ့် ကလေးပိစိလေးပဲ မုန်း။

[A/N] => fic လေးက ဖတ်ရင်းဖတ်ရင်းနဲ့ အီနေလောက်ပြီထင်တယ်။

******************************

#Zawgyi

အလင္းတို႔ ကိုးတန္းေျဖၿပီး ငါးရက္ၾကာေတာ့ က်ဴရွင္ေတြ စတက္ၾကရတယ္။ ေမေမအရင္ေျပာခဲ့သလိုမ်ိဳး အလင္းက မဟာကိုယ္ပိုင္အထက္တန္းေက်ာင္းမွာ မတက္ျဖစ္ခဲ့ပါဘူး။ ေမေမကိုယ္တိုင္က အလုပ္မထြက္ခ်င္ေသးတာေရာ အလင္းအတြက္ပါ စိတ္ပူတာမို႔ အလင္းတို႔အိမ္မွာပဲ အလင္းရယ္ သုတရယ္ အာကာရယ္ ေႏြရယ္ ေလးေယာက္တစ္ဖြဲ႕ ဆရာသီးသန႔္နဲ႔ က်ဴရွင္ဝိုင္း တစ္ဝိုင္း ဝိုင္းျဖစ္ခဲ့ၾကတယ္။

မုန္းလည္း အလင္းတို႔နဲ႔အတူတူ စာသင္ခ်င္ပါတယ္။ မုန္းေဖေဖ့ကို ဘယ္လိုေျပာရမွန္းမသိသလို ေျပာဖို႔ကိုလည္းေၾကာက္တယ္။ ေၾကာက္ေၾကာက္နဲ႔ပဲ ေျပာရေတာ့မွာပါ။

“ေဖေဖ”

“အင္း”

“အလင္းတို႔အိမ္မွာ ေဖေဖငွားထားတဲ့ ဆရာေတြ ဆရာမေတြပဲ ျပန္ဝိုင္းထားတာမို႔ သားအလင္းတို႔နဲ႔အတူတူ တစ္ဝိုင္းတည္း စာသင္ခ်င္လို႔ပါေဖေဖ”

“ငါက မင္းတစ္ေယာက္တည္း အေႏွာက္အယွက္မရွိ‌ ေအးေအးေဆးေဆး သီးသန႔္စာသင္လို႔ရေအာင္ ပိုက္ဆံအကုန္အက်ခံၿပီး ဆရာသီးသန႔္ဝိုင္းထားတာမုန္း။ အိမ္မွာပဲ ေအးေဆး‌သင္”

“ဟို ဆရာေတြ ဆရာမေတြက အလင္းတို႔ဆီကေန ကၽြန္ေတာ့ဆီကို လာသင္ၾကတာ‌ဆိုေတာ့ ႏွစ္ခါခြဲသင္ရသလို ျဖစ္ေနလို႔ပါေဖေဖ။ အလင္းတို႔နဲ႔ေပါင္းသင္ရင္ အခ်ိန္လည္းပိုထြက္ၿပီး စာလည္းပိုသင္နိုင္မွာ ေဖေဖ။ တျခားသူလည္း မပါပါဘူး။ အလင္းရယ္ အားသစ္နဲ႔သုတရယ္ ေႏြရယ္ ေလးေယာက္ပဲ ရွိတာပါ ေဖေဖ”

“သားေလး အလင္းတို႔ဝိုင္းနဲ႔ တစ္ဝိုင္းတည္း သင္ခ်င္ရင္သင္ေလ။ ေမေမ ဆရာေတြ ဆရာမေတြကို ေျပာၿပီးေပါင္းလိုက္မယ္”

“ဟုတ္ ေက်းဇူးပါေမေမ”

ေမ‌ေမေျပာေတာ့ေဖေဖက ဘာတစ္ခြန္းမွ ဝင္မေျပာ‌ေတာ့ေပ။ မုန္းတို႔အိမ္က ဒီလိုပဲ ေမေမလုပ္တဲ့အလုပ္ကို ေဖေဖကတစ္ခြန္းမွ ဝင္မေျပာသလို ေမေမကလည္း ေဖေဖ့ကို တစ္ခြန္းမွမေျပာပါဘူး။ တစ္အိမ္တည္းေနၿပီး တစ္စားပြဲတည္း ထမင္းစားေပမယ့္ ေဖေဖနဲ႔ေမေမက စကားမေျပာၾကပါဘူး။

ဒီလိုနဲ႔မုန္းလည္း အလင္းတို႔အိမ္မွာပဲ အလင္းတို႔နဲ႔ ဝိုင္းခြင့္ရသြားဝာာမို႔ သူငယ္ခ်င္းေတြနဲ႔ မခြဲရေတာ့ဘဲ အတူတူ စာသင္ခြင့္ရခဲ့တယ္။

ဆယ္တန္းကို အလင္းတို႔အိမ္မွာပဲ စာသင္ရတယ္။ ေက်ာင္းတက္စရာလည္းမလိုေတာ့ ငါးေယာက္လုံးက အလင္းအိမ္မွာပဲ စတည္းခ်ျဖစ္ခဲ့ၾကတယ္။

(ေက်ာင္းတက္စရာမလိုတာက အိမ္မွာပဲ ဆရာသီးသန႔္ေခၚတဲ့ခေလးေတြက ကိုယ္ပိုင္အထက္တန္းေက်ာင္းမွာ ေက်ာင္းအပ္ပါတယ္။ သုံးသိန္းဆိုသုံးသိန္း ငါးသိန္းဆိုငါးသိန္း‌ သူတို႔သတ္မွတ္ထားတဲ့ေဈးကို ေပးရတယ္။ အေရွးတို႔ဆီမွာေတာ့ 3သိန္းေပးရပါတယ္။ ေက်ာင္းအပ္႐ုံပဲမို႔ပါ ကိုယ္ပိုင္ေက်ာင္းတက္ရင္ေတာ့ သိန္း25ေပးရပါတယ္။ ဒါကေဝာာ့ ကိုယ္ပိုင္ေက်ာင္းနဲ႔ ခ်မ္းသာတဲ့မိဘေတြ နားလည္မႈယူၿပီး ကိုယ္ပိုင္ေက်ာင္းမွာ အမည္ခံ ေက်ာင္းတက္တဲ့ပုံစံနဲ႔ ေက်ာင္းအပ္ၾကတာပါ။)

မုန္းကေတာ့ အိမ္ကိုျပန္ရင္လည္း ေႏြေထြးမႈမရွိတာမို႔ ေႏြးေထြးမႈေပးၿပီး အရမ္းခ်စ္ေပးတဲ့ အလင္းနဲ႔ေမတို႔အိမ္မွာပဲ ေနခဲ့ပါတယ္။ အိမ္ကေန အဝတ္နဲ႔ လိုအပ္တာေလး နည္းနည္းယူထားၿပီး အလင္းတို႔ အိမ္မွာပဲအိပ္ပါတယ္။ မုန္းတစ္ေယာက္တည္းလားဆိုေတာ့ မဟုတ္ပါ။ သြားလိုက္ျပန္လိုက္လုပ္ရမွာပ်င္းတဲ့ အေမာင္သုတကပါ အလင္းတို႔အိမ္မွာေနပါတယ္။

သုတနဲ႔မုန္းအိမ္ကေတာ့ ထမင္းေန႔တိုင္း ပုံမွန္လာပို႔ေပမယ့္ ေနာက္ပိုင္းၾကေတာ့ ေမက အိမ္ကလူႀကီးေတြ သြားလိုက္ျပန္လိုက္နဲ႔ အလုပ္ရႈပ္မွာဆိုးလို႔ ဒီခေလးငါးေယာက္စာေတာ့ သူခ်က္ေကၽြးနိုင္ပါတယ္ေျပာတာေၾကာင့္ သုတအိမ္ကေတာ့ လာမပို႔ေတာ့ေပ။ မုန္းအိမ္ကေတာ့ ေန႔တိုင္း ပုံမွန္ ပို႔ေပးခဲ့ပါတယ္။

ေႏြကေတာ့ စာသင္ႏွစ္ဝက္ေလာက္ေရာက္ေတာ့ စာေတြမ်ားလာတာမို႔ ေမတို႔အိမ္မွာပဲ ေမနဲ႔တူတူအိပ္ပါတယ္။ အားသစ္တစ္ေယာက္ပဲ အိမ္ျပန္အိပ္တာပါ။ က်န္တဲ့ေလးေယာက္ကေတာ့ တစ္ခါတေလမွ အိမ္ျပန္ျဖစ္ၾကတယ္။

“မုန္း ဘာလို႔ငိုေနတာလဲ”

မုန္းငိုတာျမင္ေတာ့ အလင္းရင္ေတြ တကယ္ပူလာရပါတယ္။ ဒီကေလး ဘာလို႔ငိုပါလိမ့္။

“မုန္းေလး ဘာျဖစ္တာလဲ။ ေႏြ႕ကို ေျပာျပေလ”

“မုန္းဘာလို႔လဲ”

သုတနဲ႔အားသစ္လည္း မေနနိုင္ေတာ့ေပ။

“အလင္း ငါစာက်က္လို႔ မရေတာ့ဘူး အင့္ . . . ”

တအင့္အင့္နဲ႔ ရွိုက္ရွိုက္ၿပီးငိုေန‌တဲ့ မုန္းရယ္ပါ။

“ဘာေတြ စိုးရိမ္ပူပန္ေနျပန္ၿပီလဲ မုန္းရာ။ စိတ္ေအးေအးထားၿပီး စာက်က္ေလ။ ခဏေန ရသြားမွာပါ”

အလင္းကေျပာေတာ့ သုတကလည္း ကူေျပာေပးရွာတယ္။

“ေအးေလးကြာ မုန္းကလည္း။ ဒီမွာ အလင္းၿပီးရင္ မင္းအေတာ္ဆုံးကို။ ငါဆို ခုထိ Physic Definition ေတြ မရေသးဘူး”

မုန္းက အရမ္းစိတ္ပူၿပီး အရမ္းလည္း ေၾကာက္တတ္ပါတယ္။ ဒါေတြကလည္း မုန္းအေဖရဲ့ ဖိအားေတြေၾကာင့္ မုန္းက အရမ္းစိတ္ပူတတ္ခဲ့တာပါ။ မုန္းအေဖက ဘယ္ေလာက္အထိ ရရမယ္ဆိုတဲ့ စံႏႈန္းေတြ တအားထားတယ္။ အလင္းနဲ႔အျမဲယွဥ္ၿပီး မုန္းကို အျမဲဆူတယ္။ ဘာပဲလုပ္လုပ္ မုန္းကို သူမ်ားထက္ သာရမယ္ဆိုတဲ့ ဖိအားကို အျမဲေပးတယ္။ သူ႔အေဖေမၽွာ္လင့္သလို ျဖစ္မလာမွာကို မုန္းက တအားေၾကာက္ေနတာပါ။

အလင္းကေတာ့ ကံေကာင္းတယ္။ ေမေမ‌နဲ႔ေဖေဖက အျမဲေျပာခဲ့တယ္။

“သားလုပ္နိုင္တဲ့ အတိုင္းအတာထိ လုပ္နိုင္သေလာက္လုပ္ခဲ့။ သားလုပ္နိုင္တဲ့ အတိုင္းအတာအတိုင္း ရလာလိမ့္မယ္။ ေမေမနဲ႔ေဖေဖက သားကို ဘာမွ အျပစ္ေျပာမွာ မဟုတ္ဘူး။ သားရတဲ့ အတိုင္းအတာက သားရဲ့ရလဒ္မို႔ လုပ္နိုင္ရဲ့သားနဲ႔ မလုပ္ခဲ့တာလား၊ တကယ္ပဲ သားလုပ္နိုင္သေလာက္ လုပ္ခဲ့တာပဲလားကို သားကိုယ္တိုင္ သိရင္ ရၿပီ”

ဒီလိုပဲေျပာခဲ့သလို ေမေမတို႔က အလင္းကို ဖိအားမေပးဘူး။ ေရြးခ်ယ္ မေပးဘူး။ ေရြးခ်ယ္ခြင့္ပဲ အျမဲေပးခဲ့တယ္။

“ဟယ္ ေမ့သားေလး ဘာလို႔ငိုေနတာလဲ။ ေမ့ကိုေျပာ”

ေဒၚရတနာအလုပ္ကျပန္လာေတာ့ မုန္းေလး ငိုေနတာကို ျမင္လိုက္ရပါတယ္။ ဒီကေလးေလး ဘာေတြကို စိုးရိမ္ေနျပန္ပါၿပီလဲ။

မုန္းကို ေမးရင္းကပင္ ေမက အခန္းထဲဝင္လာၿပီး မုန္းကို ရင္ခြင္ထဲ‌ ထည့္လိုက္ေတာ့ ပိုဝမ္းနည္းလာရၿပီး ပိုငိုခ်င္လာပါေရာ။

“အီးးးဟီးးးဟီး ေမ မုန္း စာေတြ က်က္လို႔မရေတာ့ဘူး။ ေခါင္းေတြ အရမ္းပူလာၿပီး စိတ္ေတြလည္း ရႈပ္လာၿပီ အီးးးဟီး “

“ဟယ္ ေမ့သားေလးရယ္။ မငိုနဲ႔ေတာ့ ခဏနားလိုက္ေနာ္။ ေမက ေမ့သားေလးႀကိဳက္တဲ့ လက္ဖက္သုပ္ေလးနဲ႔ ၾကက္ဥေလးေၾကာ္ၿပီး ထမင္းခြံ့ေႂကြးမွာေပါ့။ စားမွာလား သား”

မုန္းက ေမေမ့ရဲ့အေမးကို ေခါင္းၿငိမ့္ျပၿပီး ျပန္ေျဖလိုက္တယ္။

“ၿပီးရင္ သားအလင္းေလးက မုန္းေလးကို စာကူက်က္ေပးလိုက္ဦးေနာ္”

“ဟုတ္”

ေဒၚရတနာလည္း မုန္းကိုေခ်ာ့ၿပီး သားေတာ္ေမာင္ကိုေျပာခဲ့ကာ ကေလးငါးေယာက္လုံးစားဖို႔ လက္ဖက္သုပ္နဲ႔ ၾကက္ဥငါးလုံးေၾကာ္ၿပီး ပန္ကန္ထဲထည့္လိုက္တယ္။ ထမင္းကို ငါးေယာက္စာ ဆီဆမ္း ဆားျဖဴၿပီး အိမ္ေရွ႕ကို ယူလာေပးလိုက္တယ္။

“သားမုန္း ေမေမခြံ့ေပးရမလား”

“ရတယ္ေမ။ သားဘာသား စားလိုက္မယ္။ ေမ အလုပ္လုပ္စရာရွိတာ လုပ္ေနာ္။ သားေၾကာင့္ ေမအလုပ္ရႈပ္ရၿပီ”

ခုထိ အငိုမတိတ္ေသးတဲ့ မုန္းေလးက တရႈံ႔ရႈံ႔နဲ႔ရယ္ပါ။ က်န္တဲ့ ကေလးေတြကေတာ့ မုန္းေလးအငိုတိတ္ေအာင္ စလိုက္ စားလိုက္နဲ႔ ရယ္ေနၾကေလရဲ့။ က်မ သူတို႔ေလးေတြမရွိေတာ့ရင္ ေနေတာင္ ေနတတ္ပါေတာ့မလားဘဲ။

စားေသာက္ၿပီးေတာ့ ခဏနားၿပီး အလင္းက မုန္းကို စာကူက်က္ေပးဖို႔ ျပင္လိုက္တယ္။ မုန္းက အငိုတိတ္သြားေပမယ့္ မ်က္ရည္စေလးေတြက မ‌ေျခာက္ေသးဘဲ မ်က္ေတာင္ေကာ့ေလးမွာ က်န္ေနတုန္းပင္။

ငိုထားလို႔ မ်က္လုံးေလးေတြနီေနၿပီး ပါးေလးေတြကရဲေနတာမို႔ မုန္းမ်က္ႏွာရဲရဲေလးက ပန္းသီးေလးလိုပဲ ကိုက္စားခ်င္စရာေလးပါ။

အမ္! ငါ ဘာေတြ ေတြးေနပါလိမ့္။ အလင္း မင္း႐ူးမ်ားေနလား။ မုန္းကိုၾကည့္ၿပီး ကိုက္စားဖို႔ ႀကံေနတာလား။

အလင္း ကိုယ့္အေတြးကိုယ္ သေဘာက်ကာ ရွက္ရွက္နဲ႔ ျပဳံးလိုက္မိေတာ့ မုန္းက သူ႔ကိုေလွာင္တယ္ထင္ပါေလေရာ။

“အလင္း မင္းဘာျပဳံးဝာာလဲ။ ငါ့ကို ေလွာင္ေနတာလား။ မင္းေနာ္“

“မဟုတ္ပါဘူး မုန္းရာ။ ငါ့ဘာငါ ျပဳံးတာပါ။ မင္းကို မဟုတ္ပါဘူး။ စာက်က္မယ္ လာ။ ဘာကူက်က္ေပးရမလဲ ေျပာ”

“Bio ကူက်က္ေပး”

အလင္းကို မုန္းအားက်ပါတယ္။ အလင္းဉာဏ္ရည္က ေဖနဲ႔ေမ ႏွစ္ေယာက္လုံးဆီက ေပါင္းရထားတာမို႔ထင္တယ္ ဉာဏ္အေတာ္ကို ေကာင္းပါတယ္။

မုန္းတစ္ေယာက္ အလင္းနဲ႔ စာက်က္ေနတုန္း အလင္းကို ေသခ်ာ စိုက္ၾကည့္လိုက္မိတယ္။ အလင္းရဲ့ ႏႈတ္ခမ္းသားေလေတြက ပိရိေသသပ္ၿပီး စာကို အာ႐ုံစူးစိုက္ၾကည့္ေနတာကိုက ခန႔္ခန႔္ညားညားနဲ႔ပါ။‌ ခဲတံကိုင္ၿပီး စာအုပ္မွာ ျခစ္ေနတဲ့လက္ကို အၾကည့္ေရာက္ျပန္ေတာ့ အေၾကာေလးေတြ ထင္းေနတဲ့ လက္ေခ်ာင္း သြယ္သြယ္ေလးေတြက ေယာက္်ားပီသလို႔ေနပါတယ္။

မ်က္ခုံးထူထူ မ်က္လုံးနက္နက္ေလးေတြက ေမ့ဆီက အေမြရထားေတာ့ ေမာင္အလင္းတို႔ ကံေကာင္းခ်က္။ ေျဖာင့္စင္းၿပီး ခၽြန္ေနတဲ့ႏွားေခါင္းေလးကိုက အားရပါးရ ကိုက္ဆြဲခ်င္စရာႀကီးပါ။

အမေလး ဗု‌ေဒၶါ။ မုန္း ဘာကိုၾကည့္ၿပီး ျပစ္မွားေနတာလဲ။ ဘုရား ဘုရား စာကို အာ႐ုံစိုက္စမ္း မုန္း။ မုန္းမွာ စာကို မနည္းအာ႐ုံစိုက္ၿပီး စာက်က္လိုက္ရပါေတာ့တယ္။

မုန္းကို အလင္း စာကူက်က္ေပးၿပီးတဲ့အခါ ငါးေယာက္လုံး သခၤ်ာစုတြက္လိုက္ၾကတယ္။ ခဏၾကာေတာ့ ေႏြ႕ဆီက တခိခိနဲ႔ ရယ္သံၾကားလို႔ ေခါင္းေထာင္ၾကည့္လိုက္ေတာ့ ‘အမေလး ေမာင္မုန္းက စားပြဲေပၚ ေခါင္းေလး‌တင္ၿပီး တရႉးရႉးနဲ႔အိပ္ေပ်ာ္ေနတာပါ။’ ငိုလိုက္ရလို႔ ေမာသြားတယ္ထင္ပါရဲ့။

“ဟဲ့ နင္တို႔ ေသခ်ာၾကည့္စမ္း။ မုန္းက ေတာ္ေတာ္ခ်စ္ဖို႔ေကာင္းတာ။ ႏႈတ္ခမ္းဖူးဖူးေလးနဲ႔ အသားကထိလိုက္ရင္ ေႂကြၾကေတာ့မယ့္ အတိုင္းပဲ။ အိပ္ေနတာေလးကိုလည္း ၾကည့္ဦး ကေလးေလးၾကေနတာပဲ။ အေတာ္ခ်စ္ဖို႔ေကာင္းတဲ့ ကေလးေလး”

ေႏြေျပာသလိုပဲ မုန္းက အဟုတ္ကို ခ်စ္ဖို႔ေကာင္းတာပါ။ ႏႈတ္ခမ္းအိအိေလးေတြက ကိုက္စားခ်င္စရာေလး။

ဟမ္! ဘာေတြ ေတြးေနျပန္ၿပီလဲ အလင္း။ ဒီ‌တစ္ေန႔တည္းနဲ႔ မင္း မုန္းကို စားဖို႔ႀကံေနတာ ဘယ္ႏွစ္ႀကိမ္ေျမာက္‌ေနၿပီလဲ။ ကိုယ့္အေတြးေတြကို ေခါင္းထဲက အျမန္ခါထုတ္လိုက္ရတယ္။

“ေမေမ မုန္းအိပ္ေပ်ာ္သြားၿပီ”

“ဟယ္ ဟုတ္လား။ ေနရာ ေရႊ႕ေပးလိုက္သား။ ကေလး ဇက္ေညာင္းေနမယ္။ ေမေမ အိပ္ရာျပင္လိုက္မယ္ ခဏ”

ေမေမ အိပ္ရာျပင္ေနတုန္းမွာ မုန္းရဲ့ေခါင္းေလးကိုအသာ မ’ကာ အလင္းေပါင္ေပၚ တင္ထားေပးလိုက္ၿပီး အလင္းကေတာ့ သခၤ်ာ ဆက္တြက္ေနလိုက္ပါတယ္။ ေတာ္ေတာ္ၾကာတဲ့ထိ ေမေမက ထြက္မလာေသးေပ။ ခုထိ အိပ္ရာ ျပင္မၿပီးေသးတာေတာ့ မဟုတ္ေလာက္ပါဘူး။

“သား ေညာင္းေနၿပီလား။ ေမေမ အလုပ္ကိစၥ ဖုန္းေျပာေနတာ နည္းနည္းၾကာသြားလို႔။ မုန္းေလးကို အိပ္ရာထဲ‌ ေပြ႕ခ်ီသြားေပးလိုက္ပါ သားရယ္။ မႏွိုးနဲ႔ေတာ့ ခေလးအိပ္ေပ်ာ္ေနတာ အိပ္ပါေစ”

“ဟမ္! ေမေမကလည္း သားဘယ္လိုလုပ္နိုင္မလဲ ေမေမရ။ ေမေမ့သားက ေသးေသးေလးလည္း မဟုတ္ဘဲနဲ႔။ ကၽြန္ေတာ့ထက္ မဆိုသေလာက္ေလးပဲ ပုတဲ့ဟာကို”

“လူေကာင္က သားထက္ေသးပါတယ္ သားရယ္။‌ ေပြ႕ခ်ီၾကည့္ပါဦးလား။ မခ်ီၾကည့္ဘဲ ေျပာေနတယ္။ မ‌ခ်ီနိုင္ရင္ ေမေမလည္း ကူေပးမယ္”

ေမေမေျပာေတာ့လည္း အလင္း‌မွာ မုန္းကို ေပြ႕ခ်ီၾကည့္ရပါတယ္။ အမေလး တစ္လိုက္တဲ့ကိုယ္လုံး မနည္းခ်ီရတယ္။

“မသက္သာပါ့လား ေမေမရယ္။ ေမေမ့သားကိုယ္လုံးက တစ္လိုက္တာ တအားပဲ”

“အိပ္ရာနဲ႔ နီးနီးေလးပါ သားရယ္ သြား”

မုန္းကိုေပြ႕ခ်ီလာၿပီး အိပ္ရာေပၚ ခ်ေပးလိုက္တယ္။ ဘာေလးမွန္း မသိဘူး။ တကယ္ စားနိုင္ ေသာက္နိုင္ အိပ္နိုင္ေလး။ စိတ္ပူတတ္တာလည္းသူပဲ။ မင္းက တကယ့္ ကေလးပိစိေလးပဲ မုန္း။

[A/N] => fic ေလးက ဖတ္ရင္းဖတ္ရင္းနဲ႔ အီေနေလာက္ၿပီထင္တယ္။

Continue Reading

You'll Also Like

2.8M 181K 87
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
2.7K 89 5
╰⋯➤ 𝐌𝐚𝐥𝐞 𝐎𝐜 𝐱 𝐓𝐰𝐢𝐬𝐭𝐞𝐝 𝐖𝐨𝐧𝐝𝐞𝐫𝐥𝐚𝐧𝐝 𝐈𝐍 𝐖𝐇𝐈𝐂𝐇- The middle child of the shroud family charms many's hearts with his bright...
1.7M 112K 200
**Story is gonna be slow paced. Read only if you have patience. 🔥** Isha Sharma married a driver whom she had just met. She was taking a huge risk...
1.5M 91.8K 38
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...