ထာဝရသူငယ်ချင်း (B.F.F) (Z+U){...

By KhinwaddyKhaing

57.2K 4.5K 276

* အနီးဆုံးမှာရှိနေလျက်နဲ့ ငါတို့ဝေးနေတာ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းတွေဖြစ်နေလို့... * တစ်ယောက်ရဲ့ ခံစားချက... More

Introduction
1:lovely friend
2:စတင်ခြင်း
3:ချည်
4: မင်းမှမင်း
5: မင်းအတွက်ဆိုရင်
6:လူရှုပ်ကလေး
7: အတူတူဆိုရင်
9: အသစ်
10:Love and Friend
11: Love story
12: Missing boy
13: Silence
14: ဥပေက္ခာ
15: Near and far
16: Trip (1)
17: Trip (2)
18: နိဂုံး၏အစ
19: Love💘
20: No!!
21:Venus(The god of the love❣)
22:Love is Life👨‍❤️‍💋‍👨
23:အချစ်မီး🔥
24:Forwards (OR) Backwards??
25:Love-target🎎(ဇာတ်သိမ်းပိုင်း)

8: သုံးယောက်

1.5K 149 3
By KhinwaddyKhaing

(Unicode)

"March...April....May....ဟင်း........"
သွေးသစ် တစ်ယောက်ပြက္ခဒိန်ကို ကြည့်ကာ သက်ပြင်းချနေမိသည်။

"ပျင်းလိုက်တာ!........ဟူး..."
"ညီသွေး....ဘာဖြစ်လို့အဲ့ဒီလောက်..သက်ပြင်းတွေချနေရတာလဲ......"

မိမိကိုယ်မိမိ သတိမထားမိသော်လည်း ကိုကိုကြီး က ကျွန်တော့်အားအရိပ်တကြည့်ကြည့် နေတတ်သောကြောင့်
"ဘာမှမဟုတ်ပါဘူး...ကိုကိုကြီးရယ်...."

"ဒါဆိုဘာလို့...ပြက္ခဒိန်..ကိုခဏခဏလှန်ကြည့်နေရတာလဲ......"

"............"

"ဘာလဲ...လင်းအံ့..ကို..သတိရနေတာလား?.."

ဟုတ်မည်ထင်ပါသည်။ ကိုးတန်းစာမေးပွဲဖြေပြီးကတည်းက ကိုလင်းတစ်ယောက် သူ့အဖွားရှိရာ ကလောသို့ အဖေဖြစ်သူ၏ အတင်းအဓမ္မ စေလွှတ်မှုကြောင့် သွားနေနေ ရသည်မှာ တစ်ပတ်ပင်ရှိသေးသည်။ မြင်နေကြလူ၊တွေ့နေကြလူကို မမြင်ရ မတွေ့
ရသည်မှာ တစ်ပတ်ဆိုတော့

"ညီသွေးကိုမပြောသွားဘူးလား...ဘယ်နေ့ပြန်လာမယ်လို့...."

"ကျောင်းဖွင့်ကာနီးမှ..ပြန်လာရမှာတဲ့...
အောင်စာရင်းတောင်...ကျွန်တော့်ကို..ကြည့်ခိုင်းထားတာ..."

"ဒါကြောင့်...ပြက္ခဒိန် ကြည့်...လတွေတွက်ပြီး..သက်ပြင်းချနေတာလား....." ဟူ၍ ကိုကိုကြီး ကရယ်ကျဲကျဲဖြင့် ပြောလေသည်။

ကိုကိုကြီးကို ကျွန်တော်ဘာမျှပြန်မပြောဖြစ်။ စိတ်ထဲတွင် တစ်ခုခုလိုနေသည်မှာတော့ အမှန်ပင်။ မသွားခင် နှုတ်ဆက်သွားသော ကိုလင်းမျက်နှာကို ပြန်ပြန်မြင်နေမိသည်မှာလည်း ဘယ်နှခါမှန်းပင်မသိတော့။

တော်သေးသည်က အခုတလော အလုပ်အားသည့်ရက်တိုင်း ကိုကိုကြီးက အိမ်ကို မကြာခဏရောက်ချလာတတ်သည်။ သို့ပေမယ့်လည်း ကျွန်တော့်အပေါ် အမြဲ အနစ်နာခံ၊ အနိုင်ကျင့်ခံသော ကိုလင်းနှင့် ကိုကိုကြီးကတော့ မတူပေဘူးလေ။

"ဘယ်သွားမလို့လဲ?... ညီသွေး..."
ထိုင်နေရာမှ ရုတ်တရက်ထကာ စက်ဘီးသော့ယူလိုက်တော့ ကိုကိုကြီးကမေးလေသည်။

"ရခိုင်မုန့်တီဆိုင်!.....ကိုကိုကြီး..စားဦးမလား?..."

"မစားတော့ပါဘူး....နေပူတယ်...ဦးထုပ်ဆောင်းသွားနော်....."

"ဟုတ်ကဲ့..... "ဟုပြောကာ စက်ဘီးတစ်စီးနှင့် ထွက်လာခဲ့လိုက်မိသည်။

စက်ဘီးစီးတော့လည်း ကိုလင်းကိုသတိရမိပြန်သည်။ ဘေးချင်းယှဥ်ကာ အမြဲစီးနေကျ စက်ဘီးတစ်စီးကို အောက်မေ့မိသည်။ ကျွန်တော့်စိတ်ထဲတွင် ယခင်ကဲ့သို့ပင် အထီးကျန် သလို ခံစားနေရသည်။

ရခိုင်မုန့်တီဆိုင် ရောက်တော့ မုန့်တီတစ်ပွဲမှာကာ တုတ်ထိုးကို စိတ်ကြိုက်သာ ထိုင်စားလိုက်မိတော့သည်။

ထိုအချိန်  ကျောချင်းကပ် စားဝိုင်းတစ်ခုမှ
မိန်းကလေးတစ်ဦးနှင့် စားပွဲထိုးအကိုကြီး တို့အသံ
"အကိုညီမမှာ...သုံးထောင်ပဲပါလာလို့...ရလားဟင်.."

"ဟာ..ဒီမယ်..အဲ့ဒါဆိုအစကတည်းက..ပါသလောက်ပဲစားပါလား...ခုတော့ကွာ..."

"ဒီမယ်...ကျွန်မမှာပါတဲ့ပိုက်ဆံက..ဒီရေမွှေးဝယ်လိုက်လို့ရှင့်....ပြီးတော့ တစ်ခါတည်း..လမ်းကြုံလို့..ဝင်စားလိုက်တာ...ကျွန်မအိမ်ကဒီနားတင်...ပြီးရင်..လိုတဲ့ ပိုက်ဆံလာပြန်ပေးမယ်..ရလား..."

"မင်းကိုငါ..တစ်ခါမှမမြင်ဖူးဘူး....လာမပေးရင်ဘယ်လိုလုပ်မလဲ....ဘယ်မှမသွားရဘူး....."

"မသွားရင်လိုတဲ့..ပိုက်ဆံဘယ်လိုပေးရမှာလဲ....ရှင်စိုက်ပေးမှာလား...."

"မင်းစားတာ..မင်းရှင်းရမှာပေါ့...."

"အဲ့ဒါ ကြောင့်..ပိုက်ဆံ သွားယူမယ်လို့..ပြောတာပေါ့...ရှင်နဲ့တော့..ခက်ပြီ...."

"ခက်တာက..မင်းကွ...ဘယ်လိုဟာမလေးမှန်းမသိဘူး..သူကလည်းမှားသေး...လေသံကိုက...."

မှန်တော့မှန်ပါသည်။သူမဘက်ကလည်း မှားသေး လေသံကနည်းနည်းမှ မလျှော့။ စိတ်ညစ်လို့ မြစ်ကမ်းဘေးလာထိုင်ကာမှ သပွတ်အူရေထဲမျော လာသည့်အဖြစ်မျိုးနှင့် ကြုံနေရသည်။ ကျွန်တော်လည်းမနေသာသည့်အဆုံး
"ဒီမှာ... ပိုက်ဆံကဘယ်လောက်လိုလို့လဲ....."

သူမကပင် သွက်သွက်လက်လက်ဖြင့်
"တစ်ထောင်တည်းပါ!...အကိုရယ်......"

ကျွန်တော် တစ်ထောင်တန်တစ်ရွက် ထုတ်ပေးလိုက်တော့ သူမကလှမ်းယူလိုက်ကာ စားပွဲထိုးအကိုကြီးကို
"ရော့...နောက်ဘယ်တော့မှ..လာမစားဘူး...."

ပိုက်ဆံရတော့ စားပွဲထိုးအကိုကြီးက လှည့်ထွက်သွားလေသည်။ ရန်ပွဲ ပြီးပြီ ဟု ကျွန်တော်ထင်မိသော်လည်း သူမက ကျွန်တော့်ဝိုင်း လာထိုင်ကာ
" ဘယ်လိုလူမှန်းမသိဘူး...ကိုယ့်ဆိုင်လာတဲ့..customer ကို...ချိုချိုသာသာ ပြောရမှန်း..နားမလည်ဘူး လား ..မသိဘူး....." ဟူ၍ ကျွန်တော့်ဘေး တစ်ဗျစ်တောက်တောက် လာပြောပြနေသည်။

ပြီးတော့ သူမကပင် လက်ကမ်းကာ
"ကျွန်မနာမည်..ချစ်ရိပ်ချို..ပါ...ကိုးတန်းဖြေထားတယ်...အကိုကရော....." ဟူ၍ လာမိတ်ဆက်နေလေသည်။

ကျွန်တော်လည်း မလွှဲသာ၍ လက်ဆွဲနှုတ်ဆက်ကာ
"သွေးသစ်စပါ... အကိုမဟုတ်ဘူး..ရွယ်တူပဲ....."

"ဟယ်...ဒါဆို...သူငယ်ချင်း...လုပ်လို့ရမလားဟင်....ချစ်ရိပ်တို့ကပြောင်းလာတာ..မကြာသေးဘူး...အဖော်မရှိလို့နော်...လုပ်မယ်မဟုတ်လား....."

သူမဆီက သူငယ်ချင်းလုပ်ရန် ကမ်းလှမ်းချက်ရတော့ ကိုလင်းကိုသတိရ သွားမိပြန်သည်။
သို့ပေမယ့် သူမကတော့ ဇွတ်ပင် သူငယ်ချင်း မလုပ်ရင် မပြန်မည့်သဘောရှိ၍
"အေး..အေး....." ဟု ပြောလိုက်သော်လည်း သူမကနေရာမှမထသေးပဲ
"နင်မပြန်သေးဘူးလား....ပြန်တော့လေ..."ဟု ပြောလိုက်တော့ သူမက
"နင်မှစားလို့..မပြီးသေးပဲ....ပြီးမှတူတူပြန်မယ်လေ...နင်ငါ့အိမ်လိုက်ပို့လေ...နင်ကို..ပိုက်ဆံပေးရဦးမယ့်ဟာ......."

သြော်...ဒါကြောင့်သူမ မပြန်သေးတာကိုး ဟုတွေးမိကာ
"ရတယ်...ထားလိုက်...မပေးနဲ့တော့...."
"ဘာလို့..မပေးရမှာလဲ...ငါသူများအပေါ်အကြွေးတင်နေတာ..မကြိုက်ဘူး...ဒီနေ့ပြန်ပေးမယ်...မရဘူး...."

ဝဋ်ဆိုတာ နောက်ဘဝမကူးပေ။ ကိုလင်းအပေါ် ကတ်သီးကတ်သက်လုပ်ခဲ့ သမျှ ဝဋ်လည်ပြီထင်။ သူမ ရှိနေလျှင်တော့ ဘယ်လိုမှ ကောင်းကောင်းနေရမည် မဟုတ်ဟု တွေးကာ
"ဒီမှာ..ပိုက်ဆံထားခဲ့ပြီနော်...ထ..သွားမယ်..." ဟူ၍ မြန်မြန်ပင် ထထွက်လာရတော့သည်။

သူမက ကျွန်တော့်စက်ဘီးနောက်မှ ထိုင်ကာ သူမအိမ်ရှိရာသို့ လမ်းညွှန်ပေးလေသည်။

အိမ်ရောက်တော့ သူမကခဏစောင့်ခိုင်းကာ ပိုက်ဆံတစ်ထောင် သွားယူပြီး
"ရော့....သူငယ်ချင်း.... တာ့တာ...."
ခေါင်းငြိမ့်ပြလိုက် တော့ အိမ်ထဲကို မြူးထူးပျော်ပါးစွာဝင်သွား လေသည်။ ဘယ်လိုကောင်မလေးလဲ မိန်းမမဆန်လိုက်တာ ဟူ၍ကောက်ချက်ချကာ စက်ဘီးနင်းပြီး ပြန်လာခဲ့လိုက်တော့သည်။

&&&&&&&&&&&&&&&&&&&&&&&&

မနက်မိုးလင်းကတည်းက ပျင်းပျင်းနှင့် ခြံထဲတွင်ဆင်းကာ ပန်းချီ ဆွဲနေမိသည်။ ကိုကိုကြီး ကလည်း မနက်ကပင် ပြန်သွားသည်။ အိမ်ဖော်အန်တီကြီးလည်း ရွာခဏပြန်သွား၍ တကယ်မှတကယ့်ကိုတစ်ယောက်တည်းပေ။

'ကိုလင်းမရှိတော့ ..ဟိုးအရင်လို အချိန်တွေကို.. ကျွန်တော် တစ်ယောက်တည်းဖြတ်သန်းရပြန်ပြီ ..နေနိုင်လိုက်တာ.. ကိုလင်းရယ်.. ဖုန်းလေးတစ်ချက်တောင်မဆက်ဘူး ... အင်းလေ..သူလည်းဟိုမှာပျော်နေမှာပေါ့.....' ဟူ၍  တစ်ယောက်တည်း တွေးမိနေစဥ် ခြံရှေ့တွင်  လူခေါ်ခေါင်းလောင်းတီးနေ သံကြားသောကြောင့် ​လျှောက်လာမိတော့

"ကြာလိုက်တာဟယ်....ခြံထဲမှာရှိနေရက်သားနဲ့...မြန်မြန်လာပါလား...နေပူတယ်..ဟ.." ဟူသော အပြစ်တင်သံနှင့်အတူ မနေ့က ကောင်မလေးပင်
"နင်ဘာလာလုပ်တာလဲ...ပြီးတော့. ..ငါ့အိမ်ကိုဘယ်လိုသိတာလဲ..."
"အမလေး..ဒါလေးများ...မနေ့ကမုန့်တီဆိုင်ကို..သွားမေးတာပေါ့...နင်ကခဏခဏသွားစားတယ်..မဟုတ်လား....သူတို့ကနင့်ကိုသိတယ်ဟ...အဲ့ဒါ ကြောင့်...."

မနေ့ကပင် ဘယ်တော့မှမလာဘူးဟု ပြောခဲ့သော ဆိုင်ကို ထပ်သွားကာ မေးခဲ့သည်တဲ့ ဘယ်လိုလေးပါလိမ့် ဟုစိတ်ထဲမှ တွေးမိကာ
"ထားပါတော့လေ....ဘာလာလုပ်တာလဲ....."

သူမက ခြံထဲသို့ ခြေလှမ်း များလှမ်းကာ
"လာလည်တာပေါ့....ကိုယ့်သူငယ်ချင်းအိမ်ကို......"
ဟုပြောပြီး ကျွန်တော်ပန်းချီဆွဲသော နေရာသို့ဆိုက်ဆိုက် မြိုက်မြိုက် လျှောက်သွားလေသည်။

ကျွန်တော် ဆွဲထားသော ပုံကိုကြည့်ကာ
"နင်လည်း...ပန်းချီဆွဲတတ်တာလား....စုတ်ချက်တွေကမိုက်တယ်...." ဟုပြောကာ စတင်၍ဝေဖန်လေတော့သည်။

"နင်ရော..ဆွဲတတ်လို့လား......" ဟုမေးတော့
"အင်း....နည်းနည်းပါ.... ငါရောဆွဲလို့ရမလား...." ဟူ၍ ကျွန်တော့်အား ခွင့်တောင်းကာ ကျွန်တော်ဆွဲလက်စပုံတွင် သူမ စုတ်တံကိုင်ကာ ဆက်ဆွဲလေသည်။

သူမဆွဲပုံဆွဲနည်း ကိုကြည့်ကာကျွန်တော်ပြောနိုင်သည်က သူမသည် ခေသူတော့မဟုတ်ပေ။ သာလိကာအရှုံးပေးရလောက်အောင် စကားပြောလှသော သူမက ယခုတော့ သူမ မဟုတ်သလို ငြိမ်သက်ကာ စိတ်နှစ်ပြီး ဆွဲနေလေသည်။

မနေ့ကတော့ သူမသည် ဖရိုဖရဲချွေးသံတရွှဲရွှဲနှင့် စိတ်ပျက်စရာကောင်းနေ၍ သတိမထားမိသော်လည်း ယနေ့သေချာကြည့်မိတော့မှ သူမသည် လှသည်ဆိုတာထက် ချစ်ဖို့ကောင်းပြီး ကျက်သရေရှိလှသော ရုပ်ရည်ကိုပိုင်ဆိုင်ထားသူဖြစ်သည်။ တစ်ချက်တစ်ချက် ပြုံးလိုက်လျှင် ပါးချိုင့် လေးနှစ်ဖက်ပေါ်လာ
တတ်သည်။နားသယ်စပ်မှ အမွှေးရေးရေးကလေးများကလည်း နဖူးပြင်တစ်လျှောက်လုံး ပျံ့နှံ့နေလေသည်။ မျက်ခုံးနှစ်ဖက်ကလည်း ဆက်နေပြီး မျက်လုံးလေးများလည်း ကြည်လင်ရွှန်းစိုကာ လှနေသေးသော သူမပါ၊ မျက်နှာကျ ဖွဲ့စည်းပုံသည်လည်း ပြည့်စုံလွန်းလှသည်။

"ဘာကြည့်နေတာလဲ....ငါလှလို့လား...." ဟူ၍  ကျွန်တော်သူမကို ငေးနေမိသည်ကို သူမမြင်ပြီး ရုတ်တရက်မေးလိုက်တော့ မျက်လုံးလွှဲလိုက်မိသည်။

သူမလည်း ပုံဆက်ဆွဲလေသည်။ခဏကြာတော့
"ငါဗိုက်ဆာတယ်ဟာ...နင့်အိမ်မှာ..ဘာဟင်းချက်လဲ.... " ဟူ၍ မေးလေသည်။
"ဘာမှမချက်ဘူး...ချက်မယ့်လူလည်းမရှိဘူး...."
"အန်....ဒါဆိုနင်ဘာနဲ့...စားမှာလဲ..."
"ခေါက်ဆွဲ ပြုတ်"

သူမ လက်ထဲမှ စုတ်တံကိုချကာ ခေါင်းတစ်ချက်ခါလိုက်ပြီး
"နင့်အိမ်..မီးဖိုချောင်ကို...ငါ့ခေါ်သွား....."
"ဘာမှမရှိပါဘူးဆို....."
"မရှိမှန်းသိလို့..ခေါ်သွားခိုင်းတာပေါ့....."

သူမ ဘာလုပ်ဦးမလဲ ဟုတွေးမိကာ မလွှဲသာ၍ ခေါ်လာခဲ့လိုက်တော့သည်။

မီးဖို​ချောင် ထဲရောက်တော့ သူမက ရေခဲသေတ္တာကိုဖွင့်ကာ ဟိုရှာ ဒီရှာ ရှာပြီး
"ငါနင့်ကို....ပဲကုလားဟင်းချက်ကျွေးမယ်...ပြီးတော့..ငါးခြောက်အစပ်ကြော်ကျွေးမယ်...စားမလား.."
"နင်လုပ်တတ်လို့လား...."
"မလုပ်တတ်ရင်..မေးမလားနင့်ကို...စားမလား...မစားဘူးလား...မြန်မြန်ပြောဟာ...."
"စားမယ်ဟာ..."
"Okay....." ဟုပြောကာ သူမစချက်လေတော့သည်။

ကျွန်တော်လည်း ဘာမျှမပြောပဲ ထိုင်ကြည့်နေမိတော့သည်။ တစ်နာရီလောက် ကြာတော့ စားပွဲပေါ် ဟင်းများ ရောက်လာလေသည်။
"မြည်းကြည့်...." ဟူ၍ အချက်ပြလေသည်။

ကျွန်တော်လည်း မြည်းကြည့်မိတော့
"Wow....good..." ဟူ၍ လက်မထောင်ပြလိုက်မိသည်။

သူမနှင့် ကျွန်တော် အတူတူပင် နေ့လည်စာစားလိုက်တော့သည်။ နေ့လည်စာစားရင်း သူမကမေး၍ ကျွန်တော့်အိမ်အကြောင်း ပြောပြလိုက်တော့ သူမက
"ဒါဆို...နင်ကနေ့တိုင်းနီးပါး...တစ်ယောက်တည်းပေါ့..."
"အင်း....."
"အဲ့ဒါဆို...နောက်နေ့တွေရော...ငါလာလို့ရမလား...နေ့တိုင်းနင့်ကို...ဟင်းတွေလာလာချက်ပေးမယ်...ပြီးရင်တူတူစားကြမယ်လေ...ငါ့အန်တီလေးဆီက..ဟင်းချက်နည်းအသစ်တွေလည်း..သင်ခဲ့မယ်လေ...နော်...."

ကျွန်တော်လည်း အထီးကျန်နေသောကြောင့် အဖော်ရစေရန်
"လာပေါ့....." ဟုပြောလိုက်တော့သည်။

ထိုနေ့မှစ၍သူမ ကျွန်တော့်အိမ်ကို နေ့တိုင်းလာတတ်သည်။ လာတိုင်းလည်း ပန်းချီ အတူဆွဲ၊ ဟင်းအတူချက်ကာ စနောက်နေတတ်သည်။ သူမက မိန်းမမဆန်ဘူး ဟုထင်ခဲ့မိသော်လည်း အထင်နှင့်အမြင်မှာ လွဲနေသည်။ အချက်အပြုတ်တော်ရုံတင်မဟုတ် အိမ်မှုကိစ္စများလည်း နိုင်နင်းသောသူမပင်။ အိမ်သန့်ရှင်းရေးက အစ လုပ်ပေးသွားသည့် နေ့လည်းရှိသေးသည်။

ဘာပဲဖြစ်ဖြစ် သူမ ရှိသည်က ကျွန်တော့်ကို အနှောင့်အယှက်ပေးသည်ဟူသော အတွေးများပျောက်ကာ မလာရင်ပင် မျှော်နေမိသေးသည်။ တစ်ရက်တစ်ရက်ကုန်အောင်လည်း ကျွန်တော် အကြာကြီး စောင့်စရာမလိုတော့ပေ။ သူမနှင့်သာ အချိန်များကုန်မှန်းမသိ ကုန်နေမိတော့သည်။

ကိုလင်း ဘယ်နေ့ပြန်လာမှာလဲ ဟုလည်း လက်ချိုးမရေမိတော့။ သို့ပေမယ့် ကိုလင်း ပြန်လာရင်တော့ ကျွန်တော်တို့နှစ်ယောက် တည်းမဟုတ်တော့ဘူး သူငယ်ချင်းတစ်ယောက်ရှိလာပြီး သုံးယောက် ဖြစ်သွားပြီဟု ပြောပြရတော့မည်................................

&&&&&&&&&&&&&&&&&&&&&&&&

Thank you everyone 😘😘😘

&&&&&&&&&&&&&&&&&&&&&&&&

(Zawgyi)

"March...April....May....ဟင္း........"
ေသြးသစ္ တစ္ေယာက္ျပကၡဒိန္ကို ၾကည့္ကာ သက္ျပင္းခ်ေနမိသည္။

"ပ်င္းလိုက္တာ!........ဟူး..."
"ညီေသြး....ဘာျဖစ္လို႔အဲ့ဒီေလာက္..သက္ျပင္းေတြခ်ေနရတာလဲ......"

မိမိကိုယ္မိမိ သတိမထားမိေသာ္လည္း ကိုကိုႀကီး က ကြၽန္ေတာ့္အားအရိပ္တၾကည့္ၾကည့္ ေနတတ္ေသာေၾကာင့္
"ဘာမွမဟုတ္ပါဘူး...ကိုကိုႀကီးရယ္...."

"ဒါဆိုဘာလို႔...ျပကၡဒိန္..ကိုခဏခဏလွန္ၾကည့္ေနရတာလဲ......"

"............"

"ဘာလဲ...လင္းအံ့..ကို..သတိရေနတာလား?.."

ဟုတ္မည္ထင္ပါသည္။ ကိုးတန္းစာေမးပြဲေျဖၿပီးကတည္းက ကိုလင္းတစ္ေယာက္ သူ႕အဖြားရွိရာ ကေလာသို႔ အေဖျဖစ္သူ၏ အတင္းအဓမၼ ေစလႊတ္မႈေၾကာင့္ သြားေနေန ရသည္မွာ တစ္ပတ္ပင္ရွိေသးသည္။ ျမင္ေနၾကလူ၊ေတြ႕ေနၾကလူကို မျမင္ရ မေတြ႕
ရသည္မွာ တစ္ပတ္ဆိုေတာ့

"ညီေသြးကိုမေျပာသြားဘူးလား...ဘယ္ေန႕ျပန္လာမယ္လို႔...."

"ေက်ာင္းဖြင့္ကာနီးမွ..ျပန္လာရမွာတဲ့...
ေအာင္စာရင္းေတာင္...ကြၽန္ေတာ့္ကို..ၾကည့္ခိုင္းထားတာ..."

"ဒါေၾကာင့္...ျပကၡဒိန္ ၾကည့္...လေတြတြက္ၿပီး..သက္ျပင္းခ်ေနတာလား....." ဟူ၍ ကိုကိုႀကီး ကရယ္က်ဲက်ဲျဖင့္ ေျပာေလသည္။

ကိုကိုႀကီးကို ကြၽန္ေတာ္ဘာမွ်ျပန္မေျပာျဖစ္။ စိတ္ထဲတြင္ တစ္ခုခုလိုေနသည္မွာေတာ့ အမွန္ပင္။ မသြားခင္ ႏႈတ္ဆက္သြားေသာ ကိုလင္းမ်က္ႏွာကို ျပန္ျပန္ျမင္ေနမိသည္မွာလည္း ဘယ္ႏွခါမွန္းပင္မသိေတာ့။

ေတာ္ေသးသည္က အခုတေလာ အလုပ္အားသည့္ရက္တိုင္း ကိုကိုႀကီးက အိမ္ကို မၾကာခဏေရာက္ခ်လာတတ္သည္။ သို႔ေပမယ့္လည္း ကြၽန္ေတာ့္အေပၚ အၿမဲ အနစ္နာခံ၊ အနိုင္က်င့္ခံေသာ ကိုလင္းႏွင့္ ကိုကိုႀကီးကေတာ့ မတူေပဘူးေလ။

"ဘယ္သြားမလို႔လဲ... ညီေသြး..."
ထိုင္ေနရာမွ ႐ုတ္တရက္ထကာ စက္ဘီးေသာ့ယူလိုက္ေတာ့ ကိုကိုႀကီးကေမးေလသည္။

"ရခိုင္မုန့္တီဆိုင္.....ကိုကိုႀကီး..စားဦးမလား..."
"မစားေတာ့ပါဘူး....ေနပူတယ္...ဦးထုပ္ေဆာင္းသြားေနာ္....."
"ဟုတ္ကဲ့..... "ဟုေျပာကာ စက္ဘီးတစ္စီးႏွင့္ ထြက္လာခဲ့လိုက္မိသည္။

စက္ဘီးစီးေတာ့လည္း ကိုလင္းကိုသတိရမိျပန္သည္။ ေဘးခ်င္းယွဥ္ကာ အၿမဲစီးေနက် စက္ဘီးတစ္စီးကို ေအာက္ေမ့မိသည္။ ကြၽန္ေတာ့္စိတ္ထဲတြင္ ယခင္ကဲ့သို႔ပင္ အထီးက်န္ သလို ခံစားေနရသည္။

ရခိုင္မုန့္တီဆိုင္ ေရာက္ေတာ့ မုန့္တီတစ္ပြဲမွာကာ တုတ္ထိုးကို စိတ္ႀကိဳက္သာ ထိုင္စားလိုက္မိေတာ့သည္။

ထိုအခ်ိန္  ေက်ာခ်င္းကပ္ စားဝိုင္းတစ္ခုမွ
မိန္းကေလးတစ္ဦးႏွင့္ စားပြဲထိုးအကိုႀကီး တို႔အသံ
"အကိုညီမမွာ...သုံးေထာင္ပဲပါလာလို႔...ရလားဟင္.."

"ဟာ..ဒီမယ္..အဲ့ဒါဆိုအစကတည္းက..ပါသေလာက္ပဲစားပါလား...ခုေတာ့ကြာ..."

"ဒီမယ္...ကြၽန္မမွာပါတဲ့ပိုက္ဆံက..ဒီေရေမႊးဝယ္လိုက္လို႔ရွင့္....ၿပီးေတာ့ တစ္ခါတည္း..လမ္းႀကဳံလို႔..ဝင္စားလိုက္တာ...ကြၽန္မအိမ္ကဒီနားတင္...ၿပီးရင္..လိုတဲ့ ပိုက္ဆံလာျပန္ေပးမယ္..ရလား..."

"မင္းကိုငါ..တစ္ခါမွမျမင္ဖူးဘူး....လာမေပးရင္ဘယ္လိုလုပ္မလဲ....ဘယ္မွမသြားရဘူး....."

"မသြားရင္လိုတဲ့..ပိုက္ဆံဘယ္လိုေပးရမွာလဲ....ရွင္စိုက္ေပးမွာလား...."

"မင္းစားတာ..မင္းရွင္းရမွာေပါ့...."
"အဲ့ဒါ ေၾကာင့္..ပိုက္ဆံ သြားယူမယ္လို႔..ေျပာတာေပါ့...ရွင္နဲ႕ေတာ့..ခက္ၿပီ...."

"ခက္တာက..မင္းကြ...ဘယ္လိုဟာမေလးမွန္းမသိဘူး..သူကလည္းမွားေသး...ေလသံကိုက...."

မွန္ေတာ့မွန္ပါသည္။သူမဘက္ကလည္း မွားေသး ေလသံကနည္းနည္းမွ မေလွ်ာ့။ စိတ္ညစ္လို႔ ျမစ္ကမ္းေဘးလာထိုင္ကာမွ သပြတ္အူေရထဲေမ်ာ လာသည့္အျဖစ္မ်ိဳးႏွင့္ ႀကဳံေနရသည္။ ကြၽန္ေတာ္လည္းမေနသာသည့္အဆုံး
"ဒီမွာ... ပိုက္ဆံကဘယ္ေလာက္လိုလို႔လဲ....."

သူမကပင္ သြက္သြက္လက္လက္ျဖင့္
"တစ္ေထာင္တည္းပါ...အကိုရယ္......"
ကြၽန္ေတာ္ တစ္ေထာင္တန္တစ္႐ြက္ ထုတ္ေပးလိုက္ေတာ့ သူမကလွမ္းယူလိုက္ကာ စားပြဲထိုးအကိုႀကီးကို
"ေရာ့...ေနာက္ဘယ္ေတာ့မွ..လာမစားဘူး...."

ပိုက္ဆံရေတာ့ စားပြဲထိုးအကိုႀကီးက လွည့္ထြက္သြားေလသည္။ ရန္ပြဲ ၿပီးၿပီ ဟု ကြၽန္ေတာ္ထင္မိေသာ္လည္း သူမက ကြၽန္ေတာ့္ဝိုင္း လာထိုင္ကာ
" ဘယ္လိုလူမွန္းမသိဘူး...ကိုယ့္ဆိုင္လာတဲ့..customer ကို...ခ်ိဳခ်ိဳသာသာ ေျပာရမွန္း..နားမလည္ဘူး လား ..မသိဘူး....." ဟူ၍ ကြၽန္ေတာ့္ေဘး တစ္ဗ်စ္ေတာက္ေတာက္ လာေျပာျပေနသည္။

ၿပီးေတာ့ သူမကပင္ လက္ကမ္းကာ
"ကြၽန္မနာမည္..ခ်စ္ရိပ္ခ်ိဳ..ပါ...ကိုးတန္းေျဖထားတယ္...အကိုကေရာ....." ဟူ၍ လာမိတ္ဆက္ေနေလသည္။

ကြၽန္ေတာ္လည္း မလႊဲသာ၍ လက္ဆြဲႏႈတ္ဆက္ကာ
"ေသြးသစ္စပါ... အကိုမဟုတ္ဘူး..႐ြယ္တူပဲ....."
"ဟယ္...ဒါဆို...သူငယ္ခ်င္း...လုပ္လို႔ရမလားဟင္....ခ်စ္ရိပ္တို႔ကေျပာင္းလာတာ..မၾကာေသးဘူး...အေဖာ္မရွိလို႔ေနာ္...လုပ္မယ္မဟုတ္လား....."

သူမဆီက သူငယ္ခ်င္းလုပ္ရန္ ကမ္းလွမ္းခ်က္ရေတာ့ ကိုလင္းကိုသတိရ သြားမိျပန္သည္။
သို႔ေပမယ့္ သူမကေတာ့ ဇြတ္ပင္ သူငယ္ခ်င္း မလုပ္ရင္ မျပန္မည့္သေဘာရွိ၍
"ေအး..ေအး....." ဟု ေျပာလိုက္ေသာ္လည္း သူမကေနရာမွမထေသးပဲ
"နင္မျပန္ေသးဘူးလား....ျပန္ေတာ့ေလ..."ဟု ေျပာလိုက္ေတာ့ သူမက
"နင္မွစားလို႔..မၿပီးေသးပဲ....ၿပီးမွတူတူျပန္မယ္ေလ...နင္ငါ့အိမ္လိုက္ပို႔ေလ...နင္ကို..ပိုက္ဆံေပးရဦးမယ့္ဟာ......."

ေၾသာ္...ဒါေၾကာင့္သူမ မျပန္ေသးတာကိုး ဟုေတြးမိကာ
"ရတယ္...ထားလိုက္...မေပးနဲ႕ေတာ့...."
"ဘာလို႔..မေပးရမွာလဲ...ငါသူမ်ားအေပၚအေႂကြးတင္ေနတာ..မႀကိဳက္ဘူး...ဒီေန႕ျပန္ေပးမယ္...မရဘူး...."

ဝဋ္ဆိုတာ ေနာက္ဘဝမကူးေပ။ ကိုလင္းအေပၚ ကတ္သီးကတ္သက္လုပ္ခဲ့ သမွ် ဝဋ္လည္ၿပီထင္။ သူမ ရွိေနလွ်င္ေတာ့ ဘယ္လိုမွ ေကာင္းေကာင္းေနရမည္ မဟုတ္ဟု ေတြးကာ
"ဒီမွာ..ပိုက္ဆံထားခဲ့ၿပီေနာ္...ထ..သြားမယ္..." ဟူ၍ ျမန္ျမန္ပင္ ထထြက္လာရေတာ့သည္။

သူမက ကြၽန္ေတာ့္စက္ဘီးေနာက္မွ ထိုင္ကာ သူမအိမ္ရွိရာသို႔ လမ္းၫႊန္ေပးေလသည္။

အိမ္ေရာက္ေတာ့ သူမကခဏေစာင့္ခိုင္းကာ ပိုက္ဆံတစ္ေထာင္ သြားယူၿပီး
"ေရာ့....သူငယ္ခ်င္း.... တာ့တာ...."
ေခါင္းၿငိမ့္ျပလိုက္ ေတာ့ အိမ္ထဲကို ျမဴးထူးေပ်ာ္ပါးစြာဝင္သြား ေလသည္။ ဘယ္လိုေကာင္မေလးလဲ မိန္းမမဆန္လိုက္တာ ဟူ၍ေကာက္ခ်က္ခ်ကာ စက္ဘီးနင္းၿပီး ျပန္လာခဲ့လိုက္ေတာ့သည္။

&&&&&&&&&&&&&&&&&&&&&&&&

မနက္မိုးလင္းကတည္းက ပ်င္းပ်င္းႏွင့္ ၿခံထဲတြင္ဆင္းကာ ပန္းခ်ီ ဆြဲေနမိသည္။ ကိုကိုႀကီး ကလည္း မနက္ကပင္ ျပန္သြားသည္။ အိမ္ေဖာ္အန္တီႀကီးလည္း ႐ြာခဏျပန္သြား၍ တကယ္မွတကယ့္ကိုတစ္ေယာက္တည္းေပ။

'ကိုလင္းမရွိေတာ့ ..ဟိုးအရင္လို အခ်ိန္ေတြကို.. ကြၽန္ေတာ္ တစ္ေယာက္တည္းျဖတ္သန္းရျပန္ၿပီ ..ေနနိုင္လိုက္တာ.. ကိုလင္းရယ္.. ဖုန္းေလးတစ္ခ်က္ေတာင္မဆက္ဘူး ... အင္းေလ..သူလည္းဟိုမွာေပ်ာ္ေနမွာေပါ့.....' ဟူ၍  တစ္ေယာက္တည္း ေတြးမိေနစဥ္ ၿခံေရွ႕တြင္  လူေခၚေခါင္းေလာင္းတီးေန သံၾကားေသာေၾကာင့္ ​ေလွ်ာက္လာမိေတာ့

"ၾကာလိုက္တာဟယ္....ၿခံထဲမွာရွိေနရက္သားနဲ႕...ျမန္ျမန္လာပါလား...ေနပူတယ္..ဟ.." ဟူေသာ အျပစ္တင္သံႏွင့္အတူ မေန႕က ေကာင္မေလးပင္
"နင္ဘာလာလုပ္တာလဲ...ၿပီးေတာ့. ..ငါ့အိမ္ကိုဘယ္လိုသိတာလဲ..."
"အမေလး..ဒါေလးမ်ား...မေန႕ကမုန့္တီဆိုင္ကို..သြားေမးတာေပါ့...နင္ကခဏခဏသြားစားတယ္..မဟုတ္လား....သူတို႔ကနင့္ကိုသိတယ္ဟ...အဲ့ဒါ ေၾကာင့္...."

မေန႕ကပင္ ဘယ္ေတာ့မွမလာဘူးဟု ေျပာခဲ့ေသာ ဆိုင္ကို ထပ္သြားကာ ေမးခဲ့သည္တဲ့ ဘယ္လိုေလးပါလိမ့္ ဟုစိတ္ထဲမွ ေတြးမိကာ
"ထားပါေတာ့ေလ....ဘာလာလုပ္တာလဲ....."

သူမက ၿခံထဲသို႔ ေျခလွမ္း မ်ားလွမ္းကာ
"လာလည္တာေပါ့....ကိုယ့္သူငယ္ခ်င္းအိမ္ကို......"
ဟုေျပာၿပီး ကြၽန္ေတာ္ပန္းခ်ီဆြဲေသာ ေနရာသို႔ဆိုက္ဆိုက္ ၿမိဳက္ၿမိဳက္ ေလွ်ာက္သြားေလသည္။

ကြၽန္ေတာ္ ဆြဲထားေသာ ပုံကိုၾကည့္ကာ
"နင္လည္း...ပန္းခ်ီဆြဲတတ္တာလား....စုတ္ခ်က္ေတြကမိုက္တယ္...." ဟုေျပာကာ စတင္၍ေဝဖန္ေလေတာ့သည္။

"နင္ေရာ..ဆြဲတတ္လို႔လား......" ဟုေမးေတာ့
"အင္း....နည္းနည္းပါ.... ငါေရာဆြဲလို႔ရမလား...." ဟူ၍ ကြၽန္ေတာ့္အား ခြင့္ေတာင္းကာ ကြၽန္ေတာ္ဆြဲလက္စပုံတြင္ သူမ စုတ္တံကိုင္ကာ ဆက္ဆြဲေလသည္။

သူမဆြဲပုံဆြဲနည္း ကိုၾကည့္ကာကြၽန္ေတာ္ေျပာနိုင္သည္က သူမသည္ ေခသူေတာ့မဟုတ္ေပ။ သာလိကာအရႈံးေပးရေလာက္ေအာင္ စကားေျပာလွေသာ သူမက ယခုေတာ့ သူမ မဟုတ္သလို ၿငိမ္သက္ကာ စိတ္ႏွစ္ၿပီး ဆြဲေနေလသည္။

မေန႕ကေတာ့ သူမသည္ ဖရိုဖရဲေခြၽးသံတ႐ႊဲ႐ႊဲႏွင့္ စိတ္ပ်က္စရာေကာင္းေန၍ သတိမထားမိေသာ္လည္း ယေန႕ေသခ်ာၾကည့္မိေတာ့မွ သူမသည္ လွသည္ဆိုတာထက္ ခ်စ္ဖို႔ေကာင္းၿပီး က်က္သေရရွိလွေသာ ႐ုပ္ရည္ကိုပိုင္ဆိုင္ထားသူျဖစ္သည္။ တစ္ခ်က္တစ္ခ်က္ ၿပဳံးလိုက္လွ်င္ ပါးခ်ိဳင့္ ေလးႏွစ္ဖက္ေပၚလာ
တတ္သည္။နားသယ္စပ္မွ အေမႊးေရးေရးကေလးမ်ားကလည္း နဖူးျပင္တစ္ေလွ်ာက္လုံး ပ်ံ့ႏွံ႕ေနေလသည္။ မ်က္ခုံးႏွစ္ဖက္ကလည္း ဆက္ေနၿပီး မ်က္လုံးေလးမ်ားလည္း ၾကည္လင္႐ႊန္းစိုကာ လွေနေသးေသာ သူမပါ၊ မ်က္ႏွာက် ဖြဲ႕စည္းပုံသည္လည္း ျပည့္စုံလြန္းလွသည္။

"ဘာၾကည့္ေနတာလဲ....ငါလွလို႔လား...." ဟူ၍  ကြၽန္ေတာ္သူမကို ေငးေနမိသည္ကို သူမျမင္ၿပီး ႐ုတ္တရက္ေမးလိုက္ေတာ့ မ်က္လုံးလႊဲလိုက္မိသည္။

သူမလည္း ပုံဆက္ဆြဲေလသည္။ခဏၾကာေတာ့
"ငါဗိုက္ဆာတယ္ဟာ...နင့္အိမ္မွာ..ဘာဟင္းခ်က္လဲ.... " ဟူ၍ ေမးေလသည္။
"ဘာမွမခ်က္ဘူး...ခ်က္မယ့္လူလည္းမရွိဘူး...."
"အန္....ဒါဆိုနင္ဘာနဲ႕...စားမွာလဲ..."
"ေခါက္ဆြဲ ျပဳတ္"

သူမ လက္ထဲမွ စုတ္တံကိုခ်ကာ ေခါင္းတစ္ခ်က္ခါလိုက္ၿပီး
"နင့္အိမ္..မီးဖိုေခ်ာင္ကို...ငါ့ေခၚသြား....."
"ဘာမွမရွိပါဘူးဆို....."
"မရွိမွန္းသိလို႔..ေခၚသြားခိုင္းတာေပါ့....."

သူမ ဘာလုပ္ဦးမလဲ ဟုေတြးမိကာ မလႊဲသာ၍ ေခၚလာခဲ့လိုက္ေတာ့သည္။

မီးဖို​ေခ်ာင္ ထဲေရာက္ေတာ့ သူမက ေရခဲေသတၱာကိုဖြင့္ကာ ဟိုရွာ ဒီရွာ ရွာၿပီး
"ငါနင့္ကို....ပဲကုလားဟင္းခ်က္ေကြၽးမယ္...ၿပီးေတာ့..ငါးေျခာက္အစပ္ေၾကာ္ေကြၽးမယ္...စားမလား.."
"နင္လုပ္တတ္လို႔လား...."
"မလုပ္တတ္ရင္..ေမးမလားနင့္ကို...စားမလား...မစားဘူးလား...ျမန္ျမန္ေျပာဟာ...."
"စားမယ္ဟာ..."
"Okay....." ဟုေျပာကာ သူမစခ်က္ေလေတာ့သည္။

ကြၽန္ေတာ္လည္း ဘာမွ်မေျပာပဲ ထိုင္ၾကည့္ေနမိေတာ့သည္။ တစ္နာရီေလာက္ ၾကာေတာ့ စားပြဲေပၚ ဟင္းမ်ား ေရာက္လာေလသည္။
"ျမည္းၾကည့္...." ဟူ၍ အခ်က္ျပေလသည္။

ကြၽန္ေတာ္လည္း ျမည္းၾကည့္မိေတာ့
"Wow....good..." ဟူ၍ လက္မေထာင္ျပလိုက္မိသည္။

သူမႏွင့္ ကြၽန္ေတာ္ အတူတူပင္ ေန႕လည္စာစားလိုက္ေတာ့သည္။ ေန႕လည္စာစားရင္း သူမကေမး၍ ကြၽန္ေတာ့္အိမ္အေၾကာင္း ေျပာျပလိုက္ေတာ့ သူမက
"ဒါဆို...နင္ကေန႕တိုင္းနီးပါး...တစ္ေယာက္တည္းေပါ့..."
"အင္း....."
"အဲ့ဒါဆို...ေနာက္ေန႕ေတြေရာ...ငါလာလို႔ရမလား...ေန႕တိုင္းနင့္ကို...ဟင္းေတြလာလာခ်က္ေပးမယ္...ၿပီးရင္တူတူစားၾကမယ္ေလ...ငါ့အန္တီေလးဆီက..ဟင္းခ်က္နည္းအသစ္ေတြလည္း..သင္ခဲ့မယ္ေလ...ေနာ္...."

ကြၽန္ေတာ္လည္း အထီးက်န္ေနေသာေၾကာင့္ အေဖာ္ရေစရန္
"လာေပါ့....." ဟုေျပာလိုက္ေတာ့သည္။

ထိုေန႕မွစ၍သူမ ကြၽန္ေတာ့္အိမ္ကို ေန႕တိုင္းလာတတ္သည္။ လာတိုင္းလည္း ပန္းခ်ီ အတူဆြဲ၊ ဟင္းအတူခ်က္ကာ စေနာက္ေနတတ္သည္။ သူမက မိန္းမမဆန္ဘူး ဟုထင္ခဲ့မိေသာ္လည္း အထင္ႏွင့္အျမင္မွာ လြဲေနသည္။ အခ်က္အျပဳတ္ေတာ္႐ုံတင္မဟုတ္ အိမ္မႈကိစၥမ်ားလည္း နိုင္နင္းေသာသူမပင္။ အိမ္သန့္ရွင္းေရးက အစ လုပ္ေပးသြားသည့္ ေန႕လည္းရွိေသးသည္။

ဘာပဲျဖစ္ျဖစ္ သူမ ရွိသည္က ကြၽန္ေတာ့္ကို အႏွောင့္အယွက္ေပးသည္ဟူေသာ အေတြးမ်ားေပ်ာက္ကာ မလာရင္ပင္ ေမွ်ာ္ေနမိေသးသည္။ တစ္ရက္တစ္ရက္ကုန္ေအာင္လည္း ကြၽန္ေတာ္ အၾကာႀကီး ေစာင့္စရာမလိုေတာ့ေပ။ သူမႏွင့္သာ အခ်ိန္မ်ားကုန္မွန္းမသိ ကုန္ေနမိေတာ့သည္။

ကိုလင္း ဘယ္ေန႕ျပန္လာမွာလဲ ဟုလည္း လက္ခ်ိဳးမေရမိေတာ့။ သို႔ေပမယ့္ ကိုလင္း ျပန္လာရင္ေတာ့ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ တည္းမဟုတ္ေတာ့ဘူး သူငယ္ခ်င္းတစ္ေယာက္ရွိလာၿပီး သုံးေယာက္ ျဖစ္သြားၿပီဟု ေျပာျပရေတာ့မည္.............................................................

&&&&&&&&&&&&&&&&&&&&&&&&

Thank you everyone 😘😘😘

&&&&&&&&&&&&&&&&&&&&&&&&

Continue Reading

You'll Also Like

624K 36K 55
💗အချစ်က မမျှော်လင့်ထားတဲ့ချိန် မမျှော်လင့်ဘဲလဲ သုအလိုလိုရောက်လာတတ်တယ် ကိုယ်တို့ဖူးစာက နဖူးစာရွာပတ်လိုပဲဆိုရမလားနော်😁 Zawgyi Unicode နှစ်မျိုးလုံးန...
316K 24.9K 32
punishment type ပါ။ အဆင်ပြေမှဖတ်ပါ။
101K 5.3K 15
ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။ ဇာတျလမျးပါအကွောငျးအရာမြားသညျ စာရေးသူ၏ စိတျကူးယဉျသကျသကျသာ ဖွဈသညျ။
144K 11.5K 94
အစ်ကိုထွင်းက ဇာတ်စင်ပေါ်မယ် အချိုးအချိတ်ကျကျ လှလှကလေး ကကြိုးဆင်ပါလေ....သည်မောင်ကတော့ ဇာတ်စင်အောက် တစ်နေရာကနေ လက်ခုပ်တီးနေပါ့မယ်...