Beloved Wangfei Xiao Yun [Com...

By Mai_Han-Kha

77.7K 9.6K 752

This work is a historical feiyunxi fanfiction. Names, places, characters and background facts are just my ima... More

အခန်း(၁) နန်းတွင်းအရှုပ်တော်ပုံနှင့် လော်အိမ်တော်၏ နောက်ဆုံးမျိုးဆက်
အခန်း (၃) သိကျွမ်းခဲ့ဖူးသူသည် သိကျွမ်းခဲ့ဖူးသူမဟုတ်တော့
အခန်း (၄) အသုံးမဝင်တဲ့အပိုလူ
အခန်း(၅) မိတ်ဆွေဟောင်းနှင့် ပြန်တွေ့ခြင်း
အခန်း(၆) သဝန်တိုနေသော စစ်သူကြီး
အခန်း (၇) ငါ့မှာ မင်းပဲရှိတာ
အခန်း(၈) ကလေးမဟုတ်တော့ဘူး
အခန်း (၉) တော်ဝင်ညစာစားပွဲ
အခန်း (၁၀) ဝမ်ဖေးကိုထိပါးခွင့်မပြုဘူး
အခန်း (၁၁) ကိုယ်လုပ်တော်ရှန်း
အခန်း (၁၂) အရှင့်သားအတွက် တွေးပေးရမယ်
အခန်း(၁၃) သေရာပါမည့်ဒဏ်ရာ
အခန်း (၁၄) တစ်ချိန်က တိမ်ဖြူလေး
အခန်း(၁၅) မင်းမှမဟုတ်ရင် မလိုချင်ဘူး
အခန်း(၁၆) အနောက်မင်နိုင်ငံ အရေးကိစ္စ
အခန်း(၁၇) စစ်ထွက်ရမည့် စစ်သူကြီး
အခန်း (၁၈) ပွဲတော်ရက်နှင့် ရေစက်ကြမ္မာ
အခန်း (၁၉) ပြောင်းလဲမှု
အခန်း (၂၀) နွေးထွေးစေတဲ့ မျက်ဝန်းတွေ
အခန်း (၂၁) အသိအမှတ်ပြုမခံရတဲ့ကလေး
အခန်း (၂၂) လူလိမ်
အခန်း (၂၃) ​အတုံ့အလှည့်ဆိုတာမျိုး မလိုအပ်ဘူး
အခန်း (၂၄) ကွာရှင်းခွင့်စာလွှာ
အခန်း (၂၅) သေသည့်တိုင် ဖမ်းဆုပ်ထားလိုသော
အခန်း(၂၆) အပြန်အလှန်ကတိ
အခန်း (၂၇) ချစ်ကြည်ရေးခရီး
အခန်း (၂၈) မြောက်ပိုင်းဝူ၏ ပဥ္စမမြောက်မင်းသား
အခန်း (၂၉) ထိုက်တန်သည့်အပေးအယူ
အခန်း(၃၀) စကြဝဠာကြီးအတွက် ကြယ်ကလေးတစ်ပွင့်
နိဂုံး [ကျန်းနန်နွေဦး၏မိုးဖွဲလေးများ]
ကျေးဇူးတင်လွှာ [ ေက်းဇူးတင္လႊာ]
[My Prime Minister]
One Life One Dream [Yi Sheng Yi Meng]

အခန်း(၂) ယွီဝမ်စစ်သူကြီး၏ ထိမ်းမြားမင်္ဂလာ

3.2K 468 3
By Mai_Han-Kha

[Unicode..]

ဆယ့်လေးနှစ်ကြာပြီးနောက်...

ချန်နိုင်ငံ။

မြို့တော်၏ အဓိကလမ်းမကြီးပေါ်တွင် ပြည်သူပြည်သားများက ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေကြသည်။ နံနက်ခင်း၏ စျေးတန်းမှာလည်း ကြက်ပျံမကျ စည်ကားလှပေသည်။ ထို့ထက်ထူးခြားသည်မှာ ပြည်သူတစ်ဦးချင်းစီ၏ မျက်နှာပေါ်မှ အပြုံးများပင်ဖြစ်သည်။

လမ်းဘေးအချိုမုန့်သည် အဒေါ်ကြီး၏ မျက်နှာပေါ်က အပြုံးသည်လည်း ချိုမြိန်လှ၏။ ဖိနပ်ဆိုင်ရှင် ဦးလေးကြီး၏ အပြုံးသည်လည်း တစ်လောကလုံးမှ ကံကောင်းခြင်းတို့ သူ့အပေါ် စုပြုံကြရောက်နေသယောင်ရှိ၏။ မီးပုံးငယ်လေးများ လုပ်ရောင်းနေသော ကလေးငယ်မှာလည်း ယနေ့သူ့လက်ဖြင့် ပြုလုပ်ထားသော ဆီစိမ်စက္ကူမီးပုံးလေးများမှာ အစောကြီးရောင်းကုန်သွားသကဲ့သို့ပင် မျက်လုံးကလေးများမှေး၍ ပါးချိုင့်ကလေးများပေါ်သည်အထိ ပြုံးရယ်နေ၏။

ပြုံးပျော်နေကြသော ပြည်သူလုထုအား ကြည့်ရသည်မှာ နံနက်ခင်းတွင် အလွန်မင်္ဂလာရှိသော မြင်ကွင်းပင်ဖြစ်လေသည်။

"ဟေ့! မင်းတို့ကြားပြီးပြီလား!
ဒီနေ့ စစ်သူကြီး မြို့တော်ကိုပြန်ရောက်မယ်တဲ့"

ကိုယ်စီအလုပ်များနေကြသဖြင့် လမ်းမပေါ်တွင် ခပ်မြန်မြန်လှုပ်ရှားနေကြသော လူအုပ်ကြီးသည် ပန်းပဲဖိုပိုင်ရှင်၏ စကားသံကျယ်ကျယ်ကြောင့် ခြေလှမ်းတို့ကိုနှေးပစ်လိုက်ကြ၏။

"ဟေ! ဟုတ်လား။ ငါတော့မကြားမိပေါင်"

ပန်းပဲဖိုဘေးရှိ စာအုပ်ဆိုင်မှဦးလေးကြီးက လက်ထဲရှိ ဖုန်သုတ်အဝတ်ကိုခါနေရင်း ပြန်ပြောသည်။

"အိုက်ယား... ခင်ဗျားတို့ကလည်း
ဘာမှကိုမသိကြဘူး။ စစ်သူကြီးက
ဒီတစ်ခေါက် တောင်ဘက်နယ်စပ်က
သူပုန်စခန်းတစ်ခုလုံးကို အမြစ်ဖြတ်
သုတ်သင်နိုင်ခဲ့တာလေ။ အဲဒါ
လွန်ခဲ့တဲ့ဆယ့်ငါးရက်က သတင်းဆိုတော့
ရက်တွက်ကြည့်ရင် ဒီနေ့မြို့တော်ကို
ပြန်ရောက်မှာပေါ့။ မနေ့က ကျုပ်သားက
ဟိုဘက်မြို့ကနေပြန်ရောက်တာ။
စစ်သူကြီးအဲ့ဒီမြို့ကိုရောက်နေပြီတဲ့"

"လောင်ဟွမ်ပြောတာ ဟုတ်တယ်တော့!
ကျုပ်တို့တော့ စစ်သူကြီးရဲ့မျက်နှာချောချောလေးကို နောက်တစ်ခေါက်မြင်ရချည်သေးရဲ့"

အထည်ဆိုင်က အဒေါ်ကြီးရဲ့အသံကြောင့် လူအများပွဲကျသွားကြ၏။ အချို့မှာ ခေါင်းတခါခါနှင့် အတောမသတ်နိုင်အောင် ရယ်ကြလေသည်။ အချို့က "ဒီမိန်းမတော့"ဟု ရေရွတ်ရင်း ပြုံးသွားကြလေ၏။ ပန်းပဲဖိုက ဦးလေးကြီးမှာ ပုံသွင်းလက်စဓားကို တူဖြင့်ထုရင်း လှမ်းပြောသည်။

"ဟေ့ ရှောင်ကျင်း! မင်းအိပ်မက်မက်မနေနဲ့။
စစ်သူကြီးက မင်းရဲ့သားအရွယ်လောက်
ရှိတာကို"

"အိုတော်! ဘာပဲဖြစ်ဖြစ်
မျက်နှာချောချောလေးတွေမြင်ရတာ
စိတ်ချမ်းသာတယ်ရှင့်!"

ယပ်တောင်ကို တဖျတ်ဖျတ်ခပ်နေရင်း ပြောလိုက်သော အထည်ဆိုင်ပိုင်ရှင်ကြောင့် လမ်းမတစ်လျှောက် ရယ်သံများဖြင့်ဆူညံသွားပြန်သည်။

"ခင်ဗျားနှယ် ကြည့်ကြပ်လုပ်ဦး။ တော်ကြာစစ်သူကြီးနဲ့ မျက်လုံးချင်းသွားဆုံမိရင်
ဓားက လည်ကုပ်ပေါ်ကျလာဦးမယ်"

စာအုပ်ဆိုင်ပိုင်ရှင်က ပြောလိုက်သောအခါ
ထိုအမျိုးသမီးက ဟွန့်ခနဲ့ နှာမှုတ်လိုက်၏။

"ဒါတော့ ကျုပ်သိပါတယ်။
ကိုယ့်ရှေ့မရောက်ခင်လေးတော့
ကြိုကြည့်ထားရတာပေါ့ရှင့်။
ရှေ့ရောက်လာမှ ခေါင်းကိုမြေကြီးနဲ့
ထိလိုက်ရုံပဲ"

"အေးပေါ့လေ တို့စစ်သူကြီးက ငယ်ငယ်နဲ့
ဒီလောက်ထက်မြက်ပြီး ဂုဏ်သတင်းကလည်းကျော်ကြား၊ ရုပ်ရည်ကလည်း အင်မတန်ကို
ကြည့်ကောင်းတာဆိုတော့လည်း ခင်ဗျားတို့
မိန်းမတွေ သည်းသည်းလှုပ်နေတာ
မဆန်းပါဘူး။ ဒါနဲ့ တို့စစ်သူကြီးက
အသက်ဘယ်လောက် ရှိပါပြီလိမ့်"

ပန်းပဲဖိုပိုင်ရှင် လောင်ဟွမ်က ဓားသွားကိုရေစိမ်လိုက်ရင်း မေးလာ၏။ ဓားသွားမှ "ရှဲ"ဆိုသည့်အသံက ထွက်ပေါ်လာလေသည်။

"ဒီနှစ်နွေတုန်းက နှစ်ဆယ်ပြည့်သွားပြီလေ"

လောင်ဟွမ်က "သြော်"ဟု တစ်ချက်ရေရွတ်ရင်း ပန်းပဲဖိုအနောက်ဘက်သို့ ဝင်သွား၏။ စာအုပ်ဆိုင်ပိုင်ရှင် ဦးလေးယန်က ဆိုင်ရှေ့ရှိ ထိုင်ခုံလေးတွင် ဝင်ထိုင်ရင်း ပြောလာသည်။

"သူများသားသမီးတွေများ အသက်နှစ်ဆယ်နဲ့
စစ်တပ်အာဏာကို လက်ဝါးကြီးအုပ်ထားနိုင်ပြီ။ ကျုပ်သားကတော့ အသက်သုံးဆယ်သာ
ပြည့်တော့မယ် မိန်းမတစ်ယောက်တောင်
ဖြောင့်အောင်မယူနိုင်သေးဘူး"

ထိုအခါ ရှောင်ကျင်းဆိုသောအမျိုးသမီးက မျက်နှာကို ယပ်တောင်ဖြင့်ကာလိုက်ပြီး
တခစ်ခစ်ရယ်ရင်း​ပြောလေ၏။

"ကျွန်မတော့ အမွှေးနံ့သာရောင်းတဲ့အိမ်က
သခင်လေးလီက ရှင့်သားအနားကို
အတင်းကပ်ရင်း"အစ်ကို အစ်ကို"နဲ့ ခေါ်နေတာ
ခဏခဏ မြင်တာပါပဲရှင်"

"ဟေ!.."

ဦးလေးယန်၏ အာမေဋိတ်သံ မဆုံးမီ လမ်းထိပ်မှ တံပိုးခရာမှုတ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာ၏။ လမ်းမပေါ်ရှိလူများမှာ ဘေးတစ်ဖက်တစ်ချက်စီသို့ ကပ်လိုက်ကြရင်း အလျင်အမြန် ဒူးထောက်လိုက်ကြသည်။ ထို့နောက် စျေးဆိုင်တန်းများ၏ ထိပ်ဆုံးတွင် စစ်တပ်၏ အလံတော်ကိုတွေ့မြင်လိုက်ရတာကြောင့် ပြည်သူပြည်သားတို့၏ ဦးခေါင်းများ
မြေပြင်သို့ တစ်ပြိုင်တည်းဦးညွတ်သွားကြလေသည်။

ရှေ့ဆုံးမှမြင်းဆယ်စီးခန့်က ဦးစွာထွက်ပေါ်လာ၏။ စစ်သည်တော်ပေါင်း ငါးရာခန့်ရှိမည့်
စစ်တပ်ကိုဦးဆောင်လာသူမှာ ချန်နိုင်ငံ၏ ဒုတိယမင်းသား ချန်ဖေးယွီပင်ဖြစ်သည်။ သူသည် အလွန်​မြင့်မား၍ တုတ်ခိုင်သန်စွမ်းလှသည့် မြင်းနက်ကြီးတစ်ကောင်ကိုစီးလျက် စစ်တပ်၏ ရှေ့ဆုံးတွင် မားမားမတ်မတ်တည်ရှိနေ၏။

မြင်း၏ အနက်ရောင်ကဲ့သို့ပင် သူ၏စစ်ဝတ်တန်ဆာမှာလည်း မဟူရာရောင်ကဲ၏။ ရွှေရောင်တဖိတ်ဖိတ်တောက်နေသော ခါးပတ်နှင့် သားရေခြေနင်းတွင်အနားကွပ်ထားသော ရွှေကြိုးတို့က သူ၏အရှိန်အဝါကို ပို၍ ကြီးကျယ်ခမ်းနားစေ၏။ သံချပ်ကာဝတ်ရုံမှတစ်ဆင့် ကျောပြင်တစ်လျှောက်ကျဆင်းနေသော အနီရင့်ရင့် ကတ္တီပါဝတ်ရုံစမှာ ခရီးဝေးနှင်လာရသဖြင့် ဖုန်အနည်းငယ်ပေရေနေလေသည်။

သို့သော် ထိုအရာက သူ၏ပုံစံကို အနည်းငယ်မျှမှေးမှိန်မသွားစေသည့်အပြင် ငွေရောင်ဆံချိတ်ဖြင့် မြှောက်စည်းထားသော ပိတုန်းရောင်ဆံနွယ်တို့က ကြက်သွေးရောင်ဝတ်ရုံနှင့် ပနံသင့်လှ၏။ သူ၏ထိုင်နေပုံက မားမားမတ်မတ်။ ရင်ဘတ်ကိုစွင့်ထားပြီး ကျောပြင်မှာဖြောင့်တန်းနေ၏။

မျက်ခုံးတို့က နက်မှောင်ထူထဲပြီး သူ၏မျက်ဝန်းတို့က သူတစ်ပါး၏စိတ်ဝိညာဥ်အတွင်းထဲထိ ထိုးဖောက်သိမြင်နိုင်စွမ်းရှိနေသယောင် စူးစူးရဲရဲနိုင်လှ၏။ ဖြောင့်စင်းသောနှာတံ တိရိ​သေသပ်သော နှုတ်ခမ်းလွှာနှင့် အချိုးအစားကျနလှသည့် မေးရိုးသွယ်သွယ်က သူ၏အသွင်အပြင်ကို ပို၍ယောက်ျားပီသအောင် ထောက်ပံ့ပေးနေ၏။

အမြဲတစေ တွန့်ချိုးနေတတ်သော မျက်ခုံးတစ်စုံကြောင့် သူ့ထံမှ ကြောက်စရာအရှိန်အဝါတစ်မျိုး ထွက်ပေါ်နေပြီး မျက်ဝန်းတို့မှာ အနားကပ်သူတိုင်းကြက်သီးထလောက်သည်အထိ  အေးစက်စူးရှ၏။ ဤသည်မှာ ချန်နိုင်ငံတော်၏ ဒုတိယမင်းသားတစ်ဖြစ်လဲ စစ်သေနာပတိချုပ် ချန်ဖေးယွီ၏ အံသြမှင်သက်ဖွယ် အရှိန်အဝါပင်ဖြစ်လေသည်။

ချန် ဟူသောစာလုံးကိုရေးဆွဲထားသော စစ်တပ်အလံနှင့်အတူ စစ်သူကြီး၏မြင်းသည် နန်းမြို့ရိုးအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။ထို့နောက် စစ်တပ်တစ်ခုလုံး နန်းတော်အတွင်းသို့ ဝင်ရောက်သွားသည့်အခါ မြို့တော်၏ စျေးလမ်းမသည် ပုံစံမပျက် ပြန်လည်အသက်ဝင်လာလေသည်။

************************************

"မင်းသား အရှင်မင်းကြီးက..."

"အိမ်တော်ကို အရင်ပြန်မယ်"

ဖေးယွီ သူ၏စစ်မြင်းကို မြင်းဇောင်းမှာထားခဲ့ပြီး ပြန်ထွက်လာသောအချိန် ဝူယန့်ချန် လာရောက်လျှောက်တင်သောစကားကို ဖြတ်ချလိုက်၏။ သူ နန်းတွင်းကိုဝင်လိုစိတ် မရှိသေးပါ။ ဤတစ်ခေါက်ခရီးစဥ်က သုံးလမျှ ကြာမြင့်ခဲ့ပြီးနောက် သူလည်းပင်ပန်းလှပြီဖြစ်၏။ အိမ်တော်ကိုသာ အလျင်ပြန်၍ အနားယူဖို့ဆန္ဒရှိနေသည်။

"ကောင်းပါပြီ"

သူ့မျက်နှာပေါ်က ပင်ပန်းမှုအရိပ်အယောင်ကို
သတိထားမိ၍လားမသိပေ။ ဝူယန့်ချန်က ဆက်မပြောလာတော့။ ဖေးယွီ အသင့်ပြင်ထားသော
မြင်းတစ်ကောင်ဖြင့် အိမ်တော်သို့ပြန်လာခဲ့၏။
ဝူယန့်ချန်ကလည်း သူ့နောက်မှ ထပ်ကြပ်မကွာလိုက်ပါလာသည်။

*ယွီဝမ်စစ်သူကြီး၏ အိမ်တော်*

အနက်ရောင်နောက်ခံမျက်နှာပြင်ပေါ်တွင်ရွှေရောင် စာလုံးတို့ဖြင့် ရေးချယ်ထားသော
မုခ်ဦးဆိုင်းဘုတ်တစ်ခုက အိမ်တော်အပေါက်ဝမှ စောင့်ကြိုနေ၏။ ဖေးယွီမြင်းပေါ်မှ ဆင်းလိုက်သည်။

"ယွီဝမ်အရှင့်သားကို ကြိုဆိုပါတယ်!"

အစေခံတွေက တစ်ပြိုင်နက်တည်း နှုတ်ဆက်လိုက်ကြပြီး အသက်လေးဆယ်အရွယ်ရှိ
လူတစ်ယောက်က မြင်းကိုလာရောက်သိမ်းဆည်း၏။ ဖေးယွီ ခေါင်းငြိမ့်အသိအမှတ်ပြုလိုက်သည်။ ထို့နောက်
အိမ်တော်ဝင်းအတွင်းသို့ လှမ်းဝင်ခဲ့၏။

စစ်သူကြီး၏အိမ်တော်မှာ ငါးဧကစာမျှ ကျယ်ဝန်းသော ခြံဝန်းကျယ်ကြီးဖြစ်ပြီး နန်းမြို့ရိုး၏ တောင်ဘက်စူးစူးတွင် တည်ရှိလေသည်။ စစ်သူကြီးမှာ မက်မွန်ပန်းကို လွန်စွာနှစ်သက်လေရာ အိမ်တော်ဝင်း၏ အရှေ့ဘက်ခြမ်းတွင် နှစ်ဧကစာရှိသော မက်မွန်ပင်တို့ကို စိုက်ပျိုးထား၏။ ထို့ပြင် အိမ်တော်ရှိ နေရာတော်တော်များများတွင်လည်း မက်မွန်ပင်တို့ကိုတွေ့ရတတ်သည်။

အိမ်တော်ဝင်းသို့ ဝင်လျှင်ဝင်ခြင်းပင် မက်မွန်ပင်ကြီးနှစ်ပင်က စောင့်ကြိုနေ၏။ ထို့နောက် ပင်မအိမ်တော်သို့ ရောက်သည်။ ပင်မအိမ်တော်သည်ပင် တစ်ဧကစာမျှရှိလေသည်။ ပင်မအိမ်တော်၌ ဥယျာဥ်သုံးခုနှင့် အဆောင်သုံးဆောင် ပါဝင်၏။ထိုအဆောင်တို့မှာ စစ်သူကြီး အခါအားလျော်စွာအလှည့်ကျနေထိုင်သော အဆောင်များ ဖြစ်လေသည်။

ထိုမျှသာမက အိမ်တော်ဝင်းအတွင်း၌ပင် ရေကန်ကြီးတစ်ကန်နှင့် လူလုပ်စမ်းချောင်းငယ်တစ်ခုကိုလည်း တူးဖော်ထားသေးသည့် အပြင် စစ်ရေးလေ့ကျင့်ကွင်းကိုပါ ထည့်သွင်းတည်ဆောက်ထားပေ၏။ ချန်နိုင်ငံ၏ မြို့တော်တွင် နန်းတော်နှင့် နန်းမြို့ရိုးပြီးလျှင် စစ်သူကြီး၏ အိမ်တော်မှာ အကြီးကျယ်ဆုံး အခမ်းနားဆုံးဖြစ်လေသည်။

"ဒီအစေခံက အရှင့်သားကို ကြိုဆိုပါတယ်"

ဖေးယွီတစ်ယောက် ဖီးနစ်အဆောင်ထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် အထိန်းတော်ချင်က အရိုအသေပေးရင်း နှုတ်ခွန်းဆက်သလာ၏။ ဖေးယွီ စကားတစ်ခွန်းမဆိုဘဲ အိပ်ဆောင်အတွင်းသို့ ဝင်သွားလိုက်သည်။ အထိန်းတော်ချင်က အလိုက်တသိပင် စစ်ဝတ်တန်ဆာတို့ကို ကူညီ၍ဖြုတ်ပေးလာသည်။

"ကိုယ်တော် ဒီနေ့ဝါးရုံပင်ဥယျာဥ်မှာရှိမယ်။
ဘယ်သူလာတွေ့တွေ့ အတွေ့မခံနဲ့။ ပြီးတော့
မယ်မင်းနဲ့ ယန့်ချန်ကလွဲပြီး တခြားလူကို မမြင်ချင်ဘူး"

"ဒီအစေခံ နားလည်ပါပြီ။ အရှင့်သားအတွက် ဝါးရုံပင်ဥယျာဥ်မှာ ချိုးရေ အသင့်ပြင်ထားပါတယ်"

"အင်း"

ဖေးယွီ အပြင်ဝတ်ရုံခါးစည်းကြိုးကို ဖြည်ချထားခဲ့ပြီး ဝါးရုံပင်ဥယျာဥ်ဘက်သို့ ဆင်းလာခဲ့၏။ ထို့နောက် အတွင်းဝတ်ရုံတစ်ထပ်တည်းဖြင့် ရေချိူးဆောင်ထဲရှိ အသင့်ပြင်ထားသောရေကန်ထဲသို့ ဝင်လိုက်သည်။ ရေကန်မှတစ်ဆင့် သင်းပျံလာသော မက်မွန်ပန်းရနံ့နှင့် ချိုးရေနွေးနွေးတို့က
ပင်ပန်းနေသော ခန္ဓာကိုယ်ကို ပြေလျော့သွားစေပြီး၊ နောက်ကျိနေသောစိတ်အစဥ်ကို တဖြည်းဖြည်း ကြည်လင်လာစေသည်။ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ပြီး နောက်ကအုတ်ဘောင်ပေါ်ကို ခေါင်းမှီလိုက်ရင်း မျက်လုံးမှိတ်လိုက်သည်။

"ဆယ့်လေးနှစ်ကြာခဲ့ပြီ"

နှုတ်မှ ခပ်တိုးတိုးရေရွတ်လိုက်သံမှတစ်ပါး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေ၏။ အတွေးစတို့က အတိတ်ကာလဆီသို့ ​အလုအယက်ပြေးသွားကြလေသည်။

ယခုလို ဆောင်းရာသီနှောင်းပိုင်းကာလပင်။
တန်ဖိုးထား၍ ချစ်မြတ်နိုးရသူ နှစ်ယောက်လုံးကို ယခုလိုဆောင်းရာသီရဲ့ ညတစ်ညမှာပဲ ဖေးယွီ ဆုံးရှုံးလိုက်ရ၏။ တစ်ယောက်က သူ့မယ်တော်။
နောက်တစ်ယောက်က သူ့ကို စာပေသင်ကြားပေးခဲ့တဲ့ သူ့ရဲ့ဆရာ။

ထိုမြင်ကွင်းက သူအတွက်တစ်သက်စာ မေ့မရနိုင်တော့မည့် မြင်ကွင်းတစ်ခုသာဖြစ်ခဲ့သည်။ ခိုက်ခိုက်တုန်အောင် ချမ်းအေးနေသည့် ညအမှောင်၌ အအေးနန်းဆောင်၏နံရံပေါ် မှီတွယ်ရင်း အသက်ရှူသံတို့ တဖြည်းဖြည်းနှေးကွေးလာသည့် အဖြူရောင်ပုံရိပ်လေးတစ်ခု။

ဖေးယွီ ထိုအချိန်က သတိကင်းမဲ့နေသည့်ခန္ဓာကို ပွေ့ဖက်ထားပြီး တသိမ့်သိမ့်ငိုရှိုက်ရင်း အိပ်ပျော်သွားခဲ့သည်။ နိုးထလာသည့်အချိန် သူ့လောကကြီးက အရာအားလုံးပြောင်းလဲ သွားချေပြီ။

မယ်တော်မရှိတော့ပေ။
လော်မိသားစုကလည်း နန်းတော်ကိုကာကွယ်ရင်း တစ်အိမ်သားလုံး လုပ်ကြံခံလိုက်ရသည်။ ပုန်ကန်သည့် ဦးရီးတော်၏ စစ်တပ်က လော်အိမ်တော်ကို ဦးစွာအမြစ်ဖြတ်ခဲ့ပြီးမှ နန်းတော်သို့ ချီတက်လာခဲ့ကြ၏။ နန်းတော်တွင် ပညာရေးဝန်ကြီးနှင့် သားဖြစ်သူတို့သာ ကျန်ခဲ့လေသည်။ ပညာရေးဝန်ကြီးက ခမည်းတော်ကို ကာကွယ်ရင်း အသက်ပေးသွားခဲ့သလို သားဖြစ်သူကလည်း ဖေးယွီနှင့် အစ်ကိုတော်ကို ကာကွယ်ရင်း အသက်ပေးသွားရ၏။

ထိုအချိန်မှစ၍ လော်အိမ်တော်၏သတင်းမှာအစအနမျှပင် ရှာမရတော့။ ဖေးယွီ အသက်ဆယ်နှစ်အရွယ်တွင် စစ်တပ်သို့ဝင်ခဲ့သည်။ အစ်ကိုတော်က နန်းတွင်းအရေးတို့အား ကိုင်တွယ်ဖြေရှင်းနေသည့် အချိန် သူက စစ်တပ်၌ နေရာရဖို့ ကြိုးစားခဲ့သည်။ သူ့အသက်ဆယ့်ခြောက်နှစ်တွင် စစ်သူကြီး ဖြစ်လာခဲ့ပြီး အသက်ဆယ့်ရှစ်နှစ်အရွယ်တွင် အနောက်ဘက်ရှိ မင်နိုင်ငံကို သိမ်းယူပေးနိုင်ခဲ့သဖြင့် စစ်တပ်အာဏာက သူ့လက်ထဲသို့ လုံးလုံးလျားလျား ရောက်ရှိလာသည်။

ယခုအချိန်၌ နန်းတွင်းအရေးများအားလုံးမှာ အစ်ကိုတော့်လက်ထဲတွင်ရှိပြီး စစ်တပ်အာဏာက သူ့လက်ထဲတွင်ရှိသည်။ ခမည်းတော်က အမည်ခံမျှသာဖြစ်၍ ညီလာခံကိစ္စအားလုံးကို အစ်ကိုတော့်ထံတွင် လွှဲပြောင်းထား၏။ သူနှင့် အစ်ကိုတော်၏ ဆက်ဆံရေးက အဆင်ပြေသော်လည်း
နန်းတွင်းဆိုသည်မှာ ကြိုတင်ခန့်မှန်း၍ မရပေ။
ပုန်ကန်မှုဖြစ်ပွားရာတွင် ခမည်းတော်ဘက်က
အနိုင်ရရှိခဲ့ပြီး ဦးရီးတော်နှင့် နောက်လိုက်တို့ကို ကွပ်မျက်စေခဲ့၏။

ထိုနှစ်တွင်ပင် တော်ဝင်ကိုယ်လုပ်တော်ရှန်းက သားတော်တစ်ပါးမွေးဖွားခဲ့၏။ နောင်နှစ်နှစ်အကြာတွင်လည်း သားတော်တစ်ပါး ထပ်မံမွေးဖွားနိုင်ခဲ့ရာ အနောက်ဆောင်တွင် မိဖုရားခေါင်ကြီးပြီးလျှင် အာဏာအရှိဆုံးမှာ တော်ဝင်ကိုယ်လုပ်တော်ရှန်း ဖြစ်လာခဲ့တော့သည်။

ယခုလက်ရှိတွင် တတိယမင်းသားငယ် ချန်ယွိက ဖေးယွီ လက်အောက်တွင် တပ်မှူးအရာအထိရအောင် ယူထားနိုင်၏။ ရှောင်ယွိက ဖေးယွီကိုလည်း အလွန်ခင်တွယ်ရှာသည်။ ညီငယ်မှာလည်း ဖေးယွီကဲ့သို့ပင် ထက်မြက်သူဖြစ်လေရာ ခမည်းတော်၏ ချစ်မြတ်နိုးခြင်းခံရလေသည်။

သားတော်က ရိုးသားဖြူစင်သော်လည်းာမယ်တော်ဖြစ်သူ၏ စိတ်ထဲတွင် မည်သို့ကြံစည်နေသည်ကို မသိနိုင်ပါပေ။ ထို့ကြောင့်သာ ဖေးယွီရော အစ်ကိုတော်ပါ သတိကြီးကြီးထားနေရခြင်း
ဖြစ်လေသည်။

"စစ်သူကြီး"

"ယန့်ချန်..."

အပြင်မှတံခါးခေါက်သံကြောင့် ဖေးယွီ မျက်လုံးဖွင့်လိုက်ပြီး အတည်ပြုသည့်သဘောဖြင့်နာမည်ခေါ်လိုက်သည်။ အိမ်တော်တွင် သူ့ကို စစ်သူကြီးဟုခေါ်သူမှာ ယန့်ချန်သာရှိသည်လေ။

"ကျွန်တော်မျိုးပါ"

"အင်း ဘာကိစ္စလဲ"

"အရှင်မင်းကြီးက ညနေကျရင် နန်းတွင်းကို
အခစားဝင်ဖို့ အခေါ်လွှတ်လိုက်ပါတယ်"

"ကောင်းပြီ"

အပြင်မှအသံက တိတ်ဆိတ်သွား၏။ ဖေးယွီ တစ်စုံတစ်ခုကို သတိရလိုက်တာကြောင့် တစ်ဖက်လူကို ခေါ်မိရသည်။

"ယန့်ချန်"

"အမိန့်ရှိပါ"

"ညနေ နန်းတွင်းဝင်ရင် မင်းလိုက်ဖို့မလိုတော့ဘူး။ ဒီရက်ပိုင်းမင်းလည်း ပင်ပန်းခဲ့ပြီ။
အပြင်ထွက်ပြီး အပန်းဖြေခဲ့ပါ"

သူ့ထံမှ အသံတိတ်သွား၏။ ထို့နောက် ခပ်တိုးတိုး ပြောလာသည်။

"စစ်သူကြီးကို ကျေးဇူးတင်ပါတယ်"

ခြေသံခပ်အုပ်အုပ်က လမ်းတစ်လျှောက် ထွက်ပေါ်လာပြီး တိတ်ဆိတ်သွား၏။ ဖေးယွီ ရေချိုးဆောင်မှထွက်ခဲ့ပြီး အိပ်ဆောင်ရှိရာသို့ လှမ်းခဲ့တော့သည်။

************************************

နံနက်ခင်းညီလာခံ...

"ယွီဝမ်စစ်သူကြီး ချန်ဖေးယွီ"

အမတ်အရာရှိအသီးသီးက အရေးကိစ္စအဝဝကို တင်လျှောက်ပြီး၍ အမိန့်ချမှတ်ပြီးချိန်တွင် အစ်ကိုတော်က ညီလာခံထိပ်မှာ ထိုင်နေရင်း သူ့နာမည်ကိုခေါ်လာတာကြောင့် ရှေ့ထွက်ပြီးရပ် လိုက်ရ၏။ ဘေးမှအမတ်တို့ကလည်း လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။

"အရှင်မင်းကြီးရဲ့တိုက်ရိုက်အမိန့်ဖြစ်တယ်။
ယွီဝမ်စစ်သူကြီး အမိန့်နာခံပါ"

ဖေးယွီဒူးထောက်ချလိုက်သည်။ အစ်ကိုတော်က ကတ္တီပါအမိန့်စာလိပ်ကိုကိုင်ရင်း ညီလာခံတစ်ခုလုံးကြားအောင် ဖတ်ပြလိုက်သည်။

"ယွီဝမ်စစ်သူကြီး ချန်ဖေးယွီသည် အမျိုးသား
ကြင်ရာတော်တစ်ဦးနှင့် လက်ဆက်ရမည်..."

"ဘာ!"

"မဖြစ်နိုင်ဘူး!
ဒါက ဘယ်လိုအဓိပ္ပါယ်မရှိတာလဲ!"

အစ်ကိုတော့်အသံကို ညီလာခံရှိ အမတ်နှင့်အရာရှိတို့ ငြင်းဆိုသံ ကန့်ကွက်သံတို့က ဖုံးလွှမ်းသွား၏။ ဖေးယွီ ဒူးထောက်ထားရင်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။ မိမိကို ထောက်ခံအားပေးသော အမတ်အရာရှိတို့ အပြင်းအထန်ကန့်ကွက်ကြမည်ကို ဖေးယွီကောင်းစွာနားလည်ပါ၏။ သို့သော် ဤလမ်းကို မိမိရွေးချယ်ခဲ့ပြီးပြီ။

"ကျွန်တော်မျိုးချန်ဖေးယွီ အမိန့်နာခံပါတယ်"

သူ့အသံက မီးကိုရေဖြင့်ငြှိမ်းလိုက်သလို ညီလာခံတစ်ခုလုံးကို ငြိမ်ကျသွားစေ၏။ သူနှင့်ရင်းနှီးသော အမတ်အရာရှိတို့က ဖေးယွီကို မယုံကြည်နိုင်ဟန် ငေးကြည့်နေကြသည်။ သို့သော် ဤအရာက မင်းမိန့်ဖြစ်သည့်အတွက် ငြင်းဆိုရန် မဖြစ်နိုင်ကြောင်းလည်း အနှှသူတို့ကောင်းစွာ သဘောပေါက်ထားကြပြီးသားပင်။ အစ်ကိုတော်က ဆက်ပြောလာ၏။

" အမျိုးသားကြင်ရာတော်၏ မျိုးရိုးနှင့်
ဇစ်မြစ်ကို အပြင်လူတို့ သိခွင့်ပြုမည်မဟုတ်။
ထို့ပြင် ယွီဝမ်၏ တောင်ဘက်နယ်စပ်အရေး
ဆောင်ရွက်မှုမှာ ချီးကျုးဖွယ်ဖြစ်သည့်အတွက်
လော့ယန်မြို့ကို အပိုင်စားစေ"

အစ်ကိုတော်၏ အမိန့်သံအဆုံးတွင် ညီလာခံတစ်ခုလုံး ဆူညံသွားပြန်သည်။ လော့ယန်မြို့သည် ချန်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဟုပင် ပြော၍ရသည်မဟုတ်ပါလား။ ဤမြို့ကို ဖေးယွီအားအပိုင်စားပေးခြင်းက သူ့အင်အားကို ပို၍ကြီးမားအောင် လုပ်လိုက်ခြင်းပင်။

"အရှင်မင်းကြီး ကျေးဇူးကြီးမားလှပါတယ်"

ဖေးယွီ ညီလာခံရင်ပြင်ကို ဦးချလိုက်ရင်း ကျေးဇူးတင်ကြောင်းပြသလိုက်၏။ ထို့နောက် နေရာ၌ပင်ပြန်ရပ်နေလိုက်သည်။

"လျှောက်တင်စရာ ရှိပါသေးသလား"

အစ်ကိုတော်က မေးလာသည်။ ထို့နောက် ​​ဖေးယွီကို နှစ်သိမ့်သည့်အကြည့်ဖြင့်ကြည့်လာ၏။ သူ ပြုံးပြလိုက်သည်။ ဖေးယွီ အမှန်တကယ်ပင် အဆင်ပြေပါ၏။ သူရွေးချယ်ခဲ့သော လမ်းအတွက် နောင်တရမည်မဟုတ်ပါ။

"ညီလာခံသိမ်းမယ်"

လျှောက်တင်စရာ မရှိတော့သောကြောင့် အစ်ကိုတော်က ညီလာခံခန်းမထဲမှ ဦးစွာထွက်ခွာသွား၏။ ဖေးယွီ သူ့ကိုကြည့်နေကြသည့် မျက်ဝန်းတို့ထံမှ မေးခွန်းတို့အား လျစ်လျူရှုလိုက်ပြီး ညီလာခံခန်းမထဲမှထွက်လာခဲ့တော့သည်။

************************************

"အရှင့်သား ဒီအစေခံ သတင်းကြားပြီးပါပြီ
စိတ်မကောင်းပါဘူး"

ဖေးယွီအတွက် အိပ်ရာပြင်ပေးနေရင်း အထိန်းတော်ချင်က ပြောလာသည်။ အမှန်စင်စစ်
ယနေ့ ဖေးယွီ စစ်တပ်လေ့ကျင့်ကွင်းမှ တမင်တကာနောက်ကျ ပြန်လာခြင်းဖြစ်သည်။ ညီတော်ကလည်း သူနှင့်အတူ လေ့ကျင့်နေစဥ်ဤသို့ပင်ပြောလာ၏။

သူတို့ စိတ်ပူသည်မှာလည်း သဘာဝကျပါသည်။ အမျိုးသားကြင်ရာတော်နှင့် လက်ဆက်လိုက်ခြင်းက ဆက်ခံသူမရှိသောပြဿနာကို ရင်ဆိုင်ရစေ၏။ ဤသည်ကို ဖေးယွီ နားလည်ပါသည်။ ခမည်းတော်ကလည်း ဤပြဿနာကြောင့်သာ
သူ့ကို ယခုလိုအမိန့်ချမှတ်ခဲ့ခြင်းမဟုတ်ပါလား။ အကယ်၍ ဖေးယွီထံ၌ ဆက်ခံသူရှိလာခဲ့လျှင် အစ်ကိုတော့်၏ထီးနန်းနေရာအား ခြိမ်းခြောက်လာမှာ စိုးရိမ်နေခြင်းပင်။ စစ်တပ်အာဏာတစ်ခုလုံးက ဖေးယွီထံမှာရှိနေသောကြောင့် ခမည်းတော် စိတ်ပူမည်ဆိုလျှင်လည်း စိတ်ပူသင့်သည်ပေ။

အစ်ကိုတော်ကတော့ သူ့ကိုတိုးတိုးတိတ်တိတ်
တောင်းပန်စကားဆိုပါသေး၏။ သူ အမှန်ပင်
ဤပြဿနာကို စိတ်ထဲမထားပါလေ။ ထီးနန်းဆိုသည်မှာ အလွန်အန္တရာယ်များလှသည်။
သူ့စိတ်ထဲတွင် ထီးနန်းကိုလိုချင်တပ်မက်စိတ်
မြူမှုန်စာမျှပင်မရှိပါချေ။ ဒီနေ့ဒီအခြေအနေ
အထိရောက်အောင် ကြိုးစားခဲ့သည်မှာလည်း
မိမိက အင်အားကြီးနေမှသာလျှင်
မိမိတန်ဖိုးထားသူတို့ကို ကာကွယ်နိုင်မည်ဖြစ်သောကြောင့်ပင်။

"အထိန်းတော်ချင်"

"ဒီအစေခံ နားထောင်နေပါတယ်"

ဖေးယွီ စက်ရာသလွန်ပေါ်မှာထိုင်နေရင်း နာမည်ခေါ်တော့ အထိန်းတော်ချင်က ပြန်လည်ဖြေကြားလာ၏။

"ဒီလမ်းက ကိုယ်တော်ရွေးခဲ့တာ။ ခမည်းတော်က ကိုယ်တော့်ကို ဖိအားမပေးပါဘူး"

သူ့စကားကြောင့် အထိန်းတော်ချင်က တအံ့တသြကြည့်လာ၏။

"ပြီးတော့ ရောက်လာမယ့် ဝမ်ဖေး*အတွက်
ဝါးရုံပင်အဆောင်ကို ပြင်ဆင်ထားလိုက်ပါ။
ရိုးရိုးရှင်းရှင်းဆိုရတယ်။ သူက ပစ္စည်းတွေ
အများကြီး ရှုပ်ရှက်ခတ်နေမှာကို မကြိုက်ဘူး"

(ဝမ်ဖေး=ကြင်ရာတော်၊ မိဖုရား)

"အရှင့်သား...ဒါ..ဒါက.."

စကားတွေပင်ထစ်လာသော အထိန်းတော်ချင်ကြောင့် ဖေးယွီလှိုက်လှိုက်လှဲလှဲပြုံးမိသည်။ ​အေးပေါ့လေ။ ဝါးရုံပင်အဆောင်ဆိုတာက အိမ်တော်မှာ ဖေးယွီအနှစ်သက်ဆုံးကိုး။ ပင်မအိမ်တော်လည်းဖြစ်၊ ဧည့်သည်တွေနှင့် လက်ခံတွေ့ဆုံရာနေရာဖြစ်သည့် ဖီးနစ်အဆောင်ကိုပင် ဝါးရုံပင်အဆောင်လောက် ဖေးယွီသဘောမတွေ့ပါပေ။

ထို့ပြင် ထိုအဆောင်ကို အပြင်လူပင် ဝင်ခွင့်မပေးရာ ယခု ဝမ်ဖေးအတွက် အဆောင်တစ်ခုလုံးကို
ရက်ရက်ရောရော ပေးလိုက်သည်ဆိုတော့
အထိန်းတော်ချင် အံ့သြထိတ်လန့်ရှာပေမည်။

"ဒီအစေခံတော့ အရှင့်သားရဲ့ရွေးချယ်မှု
မှန်ကန်တယ်လို့ ထင်ပါတယ်"

အစမရှိအဆုံးမရှိ ဆိုလာသော အထိန်းတော်ချင်၏စကားကြောင့် ဖေးယွီ နားမလည်ဟန်ကြောင်ငေးနေမိသည်။ သူက ပြုံးပြရင်း ဖြေလာသည်။

"အရှင့်သား ဒီလိုပြုံးတာကို
မမြင်ရတာအတော်ကြာပါပြီ"

ဖေးယွီ ရုတ်တရက်အတွေးလွန်သွားမိ၏။

သူ စိတ်ထဲကပါတဲ့ အပြုံးမျိုး မပြုံးမိတာ ဘယ်လောက်ကြာပါပြီလိမ့်။

"ထားပါ။ မနက်ဖြန်ကစပြီး မင်္ဂလာပွဲအတွက် ပြင်ဆင်တော့။ နောက်သုံးရက်နေရင် မင်္ဂလာပွဲ ကျင်းပဖြစ်လိမ့်မယ်"

"ဒီအစေခံ နားလည်ပါပြီ။"

အထိန်းတော်ချင်က သူ့ကိုအရိုအသေပြုပြီး အိပ်ဆောင်မှ ထွက်သွား၏။ ဖေးယွီ သလွန်ပေါ်လှဲချလိုက်ချိန် အမည်မဖော်နိုင်သည့် ခံစားချက်တစ်ချို့ ရင်ထဲမှလှိုက်တက်လာသည်။

ပျော်ရွှင်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ ဝမ်းနည်းခြင်း၊ကြောက်ရွံ့မှု၊ မျှော်လင့်ချက်။ သူ မခွဲခြားနိုင်ပေ။ သူ့အာရုံကို ထွေပြားစေသည့် ခံစားချက်တို့ ဖြစ်ပေါ်သည်မှာ ရှားပါးသောဖြစ်ရပ်တစ်ခုပင်။
စစ်၏ တံပိုးခရာသံကို ကြားရစဥ်ကအတိုင်း သူ့နှလုံးခုန်သံက အနည်းငယ်မြန်နေ၏။ နောက်ဆုံး သက်ပြင်းအထပ်ထပ်ချရင်း အိပ်ပျော်ဖို့ ကြိုးစားရတော့သည်။

************************************

ယွီဝမ်စစ်သူ​ကြီး၏ မင်္ဂလာပွဲနေ့...

စစ်သူကြီးအိမ်တော်တစ်ခုလုံး အလုပ်ရှုပ်နေ
ကြ၏။ ခြံဝန်းတစ်ခုလုံးတွင်လည်း အနီရောင် ဖဲကြိုး၊ ဖဲပွင့်တို့ဖြင့် အလှဆင်ထားသည်။ အိမ်တော်၏ လျှောက်လမ်းများနှင့် လက်ရန်းတို့ပင် မကျန် အနီရောင်စွေးစွေးဖြင့် လှပနေသည်။ အထူးသဖြင့် ဝါးရုံပင်အဆောင်တော်။

အဆောင်တစ်ခုလုံး စက်ရာအိပ်ဆောင်မှအစ အနီရောင်တို့ဖြင့်ပြည့်နှက်နေသည်။အဆောင်၏ အဝင်ဝတွင် "မင်္ဂလာ"ဟူသော စကားလုံးကို အနီရောင်နောက်ခံပေါ်တွင် ရွှေရောင်စာလုံးဖြင့် ရေးဆွဲထားသည်။ အိမ်တော်ခေါင်မိုးနှင့် ခြံဝန်းထဲရှိသစ်ပင် အားလုံးတို့၌ နီစွေးစွေးမီးပုံးကလေးများ ချိတ်ဆွဲထားလေသည်။

ဖေးယွီ အိမ်တော်အပြင်ကိုထွက်ရင်း မင်္ဂလာဝေါယာဥ်ကို စောင့်နေမိသည်။ ကြာကြာမစောင့်ရသေးခင်မှာပင် လမ်းမကြီး၏ထောင့်စွန်းမှ မင်္ဂလာတေးသံတို့တီးမှုတ်နေသော အဖွဲ့က ထွက်ပေါ်လာပြီး ထိုနောက်တွင် လူရှစ်ယောက်ထမ်းသည့် အနီရောင်ဝေါယာဥ်က လိုက်ပါလာ၏။

အခြွေအရံတို့ စုံလင်လှသော မင်္ဂလာဝေါယာဥ်ကို ကြည့်နေစဥ်မှာပင် ဝေါယာဥ်က သူ့ရှေ့သို့ဆိုက်ရောက်လာသည်။ ဖေးယွီ အိမ်တော်လှကားထစ်တွေကနေ ခပ်သွက်သွက်ဆင်းလိုက်ပြီး ဝေါယာဥ်ရဲ့အခြေကို သုံးချက်အသာအယာကန်လိုက်သည်။

ဝေါယာဥ်ရှေ့၌ကာထားသည့် အနီရောင်တောက်တောက် ကန်လန့်ကာက အထက်သို့ ပင့်တင်ခြင်းခံလိုက်ရပြီး အနီရောင်ပဝါအုပ်ထားသည့် ယောက်ျားပျိုတစ်ယောက်က ဝေါယာဥ်ပေါ်မှ ဆင်းလာသည်။ ဖေးယွီ အလျင်အမြန်ပဲ ထိုသူ့အနားကိုရောက်သွားပြီး လက်ကိုအသာအယာဆုပ်ကိုင်လိုက်ရင်း ကူညီပေးမိသည်။

သူ့လက်နှင့် ထိမိသည့်အခါ တစ်ဖက်လူ၏ ခန္ဓာကိုယ်လေးက တစ်ချက်တုန်သွား၏။ ဖေးယွီကိုယ်တိုင်ပင် မသိလိုက်ဘဲ နှုတ်ခမ်းထောင့်စွန်းက ကွေးညွတ်သွားမိသည်။ သူ့လက်ကိုအသာအယာ ဆုပ်ကိုင်ထားတဲ့အထိအတွေ့က ချောမွတ်နူးညံ့လှ၏။ ယောက်ျားလေးတစ်ဦး၏ လက်ဆိုသည်မှာ မယုံချင်စရာပင်။

လက်ဖျားကနေ ကြမ်းပြင်အထိ တရွတ်တိုက်သွားသည့် အနီရောင်ဝတ်ရုံစက ထိုသူ၏ လက်ချောင်းဖြူဖြူသွယ်သွယ်တွေကို ပို၍ဖြူဖျော့လှပအောင် ထောက်ပံပေးနေသည့်နှယ်။အနှီယောက်ျားပျို၏ခါးမှာ ကျစ်လျစ်သွယ်လျ၍ ကိုယ်နေဟန်မှာ တည်ငြိမ်ကျော့ရှင်းလှပေ၏။ ဖေးယွီ သိခဲ့ဖူးသည့် တစ်စုံတစ်ယောက်အတိုင်းပါပင်။

ရုတ်တရက် ခပ်ညစ်ညစ်အတွေးငယ်တစ်ခု ခေါင်းထဲရောက်လာသည့်အချိန် ရပ်စောင့်နေကြသည့် အထိန်းတော်နှင့် အစေခံတို့အား ခေတ္တမျှ လျစ်လျူရှုလိုက်၏။ ထို့နောက် ဖေးယွီသူ့လက်ထဲက လက်သွယ်သွယ်ကို အသာအယာဖျစ်ညစ်လိုက်ရင်း အနားကပ်ကာ တိုးတိုးပြောမိသည်။

"အခမ်းအနားပြီးတဲ့အခါ ကိုယ်တော့်ကို
စောင့်နေ။ အရေးကြီးဧည့်သည်တွေ လာကြမှာမို့
ညဥ့်နက်လိမ့်မယ်။ ကိုယ်တော် မင်းကို ပင်ပန်းစေမိပြီ။ ကိုယ်တော့်ရဲ့ ဝမ်ဖေး"

နီစွေးစွေးခပ်သွယ်သွယ် အရိပ်ကလေးက ခေါင်းငုံ့သွား၏။ ဖေးယွီ ဘေးပတ်ဝန်းကျင်ကို အကဲခတ်မိချိန် အစေခံငယ်တို့နင့် အထိန်းတော်ချင်က သူ့အား အထူးအဆန်းသဖွယ် ငေးကြည့်နေကြသည်။ ဖေးယွီရဲ့အပြုံးက အဆုံးမသတ်နိုင်မီ နံဘေးရှိပုဂ္ဂိုလ်ထံမှ တိုးလျလျအသံတစ်ခု ထွက်ပေါ်လာသည်။

"ကျွန်တော်မျိုး သိပါပြီ"

ထိုအသံခပ်တိုးတိုးက ဖေးယွီ၏နှလုံးသားကို
ငြိမ်းချမ်းသွားစေကြောင်း သူကိုယ်တိုင်ပင်
မသိလိုက်ပါချေ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

[Zawgyi..]

အခန္း(၂) ယြီဝမ္စစ္သူႀကီး၏ ထိမ္းျမားမဂၤလာ

ဆယ့္ေလးႏွစ္ၾကာၿပီးေနာက္.....

ခ်န္ႏိုင္ငံ။

ၿမိဳ႕ေတာ္၏ အဓိကလမ္းမႀကီးေပၚတြင္ ျပည္သူျပည္သားမ်ားက ပ်ားပန္းခတ္မွ် လႈပ္႐ွားသြားလာေနၾကသည္။ နံနက္ခင္း၏ ေစ်းတန္းမွာလည္း ၾကက္ပ်ံမက် စည္ကားလွေပသည္။ ထို႔ထက္ထူးျခားသည္မွာ ျပည္သူတစ္ဦးခ်င္းစီ၏ မ်က္ႏွာေပၚမွ အျပဳံးမ်ားပင္ျဖစ္သည္။

လမ္းေဘးအခ်ိဳမုန္႔သည္ အေဒၚႀကီး၏ မ်က္ႏွာေပၚက အျပဳံးသည္လည္း ခ်ိဳၿမိန္လွ၏။ ဖိနပ္ဆိုင္႐ွင္ ဦးေလးႀကီး၏ အျပဳံးသည္လည္း တစ္ေလာကလုံးမွ ကံေကာင္းျခင္းတို႔ သူ႕အေပၚ စုျပဳံၾကေရာက္ေနသေယာင္႐ွိ၏။ မီးပုံးငယ္ေလးမ်ား လုပ္ေရာင္းေနေသာ ကေလးငယ္မွာလည္း ယေန႔သူ႕လက္ျဖင့္ ျပဳလုပ္ထားေသာ ဆီစိမ္စကၠဴမီးပုံးေလးမ်ားမွာ အေစာႀကီးေရာင္းကုန္သြားသကဲ့သို႔ပင္ မ်က္လုံးကေလးမ်ားေမွး၍ ပါးခ်ိဳင့္ကေလးမ်ားေပၚသည္အထိ ျပဳံးရယ္ေန၏။

ျပဳံးေပ်ာ္ေနၾကေသာ ျပည္သူလုထုအား ၾကည့္ရသည္မွာ နံနက္ခင္းတြင္ အလြန္မဂၤလာ႐ွိေသာ ျမင္ကြင္းပင္ျဖစ္ေလသည္။

"ေဟ့! မင္းတို႔ၾကားၿပီးၿပီလား!
ဒီေန႔ စစ္သူႀကီး ၿမိဳ႕ေတာ္ကိုျပန္ေရာက္မယ္တဲ့"

ကိုယ္စီအလုပ္မ်ားေနၾကသျဖင့္ လမ္းမေပၚတြင္ ခပ္ျမန္ျမန္လႈပ္႐ွားေနၾကေသာ လူအုပ္ႀကီးသည္ ပန္းပဲဖိုပိုင္႐ွင္၏ စကားသံက်ယ္က်ယ္ေၾကာင့္ ေျခလွမ္းတို႔ကိုေႏွးပစ္လိုက္ၾက၏။

"ေဟ! ဟုတ္လား။ ငါေတာ့မၾကားမိေပါင္"

ပန္းပဲဖိုေဘး႐ွိ စာအုပ္ဆိုင္မွဦးေလးႀကီးက လက္ထဲ႐ွိ ဖုန္သုတ္အဝတ္ကိုခါေနရင္း ျပန္ေျပာသည္။

"အိုက္ယား... ခင္ဗ်ားတို႔ကလည္း
ဘာမွကိုမသိၾကဘူး။ စစ္သူႀကီးက
ဒီတစ္ေခါက္ ေတာင္ဘက္နယ္စပ္က
သူပုန္စခန္းတစ္ခုလုံးကို အျမစ္ျဖတ္
သုတ္သင္ႏိုင္ခဲ့တာေလ။ အဲဒါ
လြန္ခဲ့တဲ့ဆယ့္ငါးရက္က သတင္းဆိုေတာ့
ရက္တြက္ၾကည့္ရင္ ဒီေန႔ၿမိဳ႕ေတာ္ကို
ျပန္ေရာက္မွာေပါ့။ မေန႔က က်ဳပ္သားက
ဟိုဘက္ၿမိဳ႕ကေနျပန္ေရာက္တာ။
စစ္သူႀကီးအဲ့ဒီၿမိဳ႕ကိုေရာက္ေနၿပီတဲ့"

"ေလာင္ဟြမ္ေျပာတာ ဟုတ္တယ္ေတာ့!
က်ဳပ္တို႔ေတာ့ စစ္သူႀကီးရဲ႕မ်က္ႏွာေခ်ာေခ်ာေလးကို ေနာက္တစ္ေခါက္ျမင္ရခ်ည္ေသးရဲ႕"

အထည္ဆိုင္က အေဒၚႀကီးရဲ႕အသံေၾကာင့္ လူအမ်ားပြဲက်သြားၾက၏။ အခ်ိဳ႕မွာ ေခါင္းတခါခါႏွင့္ အေတာမသတ္ႏိုင္ေအာင္ ရယ္ၾကေလသည္။ အခ်ိဳ႕က "ဒီမိန္းမေတာ့"ဟု ေရ႐ြတ္ရင္း ျပဳံးသြားၾကေလ၏။ ပန္းပဲဖိုက ဦးေလးႀကီးမွာ ပုံသြင္းလက္စဓားကို တူျဖင့္ထုရင္း လွမ္းေျပာသည္။

"ေဟ့ ေ႐ွာင္က်င္း! မင္းအိပ္မက္မက္မေနနဲ႔။
စစ္သူႀကီးက မင္းရဲ႕သားအ႐ြယ္ေလာက္
႐ွိတာကို"

"အိုေတာ္! ဘာပဲျဖစ္ျဖစ္
မ်က္ႏွာေခ်ာေခ်ာေလးေတြျမင္ရတာ
စိတ္ခ်မ္းသာတယ္႐ွင့္!"

ယပ္ေတာင္ကို တဖ်တ္ဖ်တ္ခပ္ေနရင္း ေျပာလိုက္ေသာ အထည္ဆိုင္ပိုင္႐ွင္ေၾကာင့္ လမ္းမတစ္ေလွ်ာက္ ရယ္သံမ်ားျဖင့္ဆူညံသြားျပန္သည္။

"ခင္ဗ်ားႏွယ္ ၾကည့္ၾကပ္လုပ္ဦး။ ေတာ္ၾကာစစ္သူႀကီးနဲ႔ မ်က္လုံးခ်င္းသြားဆုံမိရင္
ဓားက လည္ကုပ္ေပၚက်လာဦးမယ္"

စာအုပ္ဆိုင္ပိုင္႐ွင္က ေျပာလိုက္ေသာအခါ
ထိုအမ်ိဳးသမီးက ဟြန္႔ခနဲ႔ ႏွာမႈတ္လိုက္၏။

"ဒါေတာ့ က်ဳပ္သိပါတယ္။
ကိုယ့္ေ႐ွ႕မေရာက္ခင္ေလးေတာ့
ႀကိဳၾကည့္ထားရတာေပါ့႐ွင့္။
ေ႐ွ႕ေရာက္လာမွ ေခါင္းကိုေျမႀကီးနဲ႔
ထိလိုက္႐ုံပဲ"

"ေအးေပါ့ေလ တို႔စစ္သူႀကီးက ငယ္ငယ္နဲ႔
ဒီေလာက္ထက္ျမက္ၿပီး ဂုဏ္သတင္းကလည္းေက်ာ္ၾကား၊ ႐ုပ္ရည္ကလည္း အင္မတန္ကို
ၾကည့္ေကာင္းတာဆိုေတာ့လည္း ခင္ဗ်ားတို႔
မိန္းမေတြ သည္းသည္းလႈပ္ေနတာ
မဆန္းပါဘူး။ ဒါနဲ႔ တို႔စစ္သူႀကီးက
အသက္ဘယ္ေလာက္ ႐ွိပါၿပီလိမ့္"

ပန္းပဲဖိုပိုင္႐ွင္ ေလာင္ဟြမ္က ဓားသြားကိုေရစိမ္လိုက္ရင္း ေမးလာ၏။ ဓားသြားမွ "႐ွဲ"ဆိုသည့္အသံက ထြက္ေပၚလာေလသည္။

"ဒီႏွစ္ေႏြတုန္းက ႏွစ္ဆယ္ျပည့္သြားၿပီေလ"

ေလာင္ဟြမ္က "ေၾသာ္"ဟု တစ္ခ်က္ေရ႐ြတ္ရင္း ပန္းပဲဖိုအေနာက္ဘက္သို႔ ဝင္သြား၏။ စာအုပ္ဆိုင္ပိုင္႐ွင္ ဦးေလးယန္က ဆိုင္ေ႐ွ႕႐ွိ ထိုင္ခုံေလးတြင္ ဝင္ထိုင္ရင္း ေျပာလာသည္။

"သူမ်ားသားသမီးေတြမ်ား အသက္ႏွစ္ဆယ္နဲ႔
စစ္တပ္အာဏာကို လက္ဝါးႀကီးအုပ္ထားႏိုင္ၿပီ။ က်ဳပ္သားကေတာ့ အသက္သုံးဆယ္သာ
ျပည့္ေတာ့မယ္ မိန္းမတစ္ေယာက္ေတာင္
ေျဖာင့္ေအာင္မယူႏိုင္ေသးဘူး"

ထိုအခါ ေ႐ွာင္က်င္းဆိုေသာအမ်ိဳးသမီးက မ်က္ႏွာကို ယပ္ေတာင္ျဖင့္ကာလိုက္ၿပီး
တခစ္ခစ္ရယ္ရင္း​ေျပာေလ၏။

"ကြၽန္မေတာ့ အေမႊးနံ႔သာေရာင္းတဲ့အိမ္က
သခင္ေလးလီက ႐ွင့္သားအနားကို
အတင္းကပ္ရင္း"အစ္ကို အစ္ကို"နဲ႔ ေခၚေနတာ
ခဏခဏ ျမင္တာပါပဲ႐ွင္"

"ေဟ!.."

ဦးေလးယန္၏ အာေမဋိတ္သံ မဆုံးမီ လမ္းထိပ္မွ တံပိုးခရာမႈတ္သံက က်ယ္ေလာင္စြာ ထြက္ေပၚလာ၏။ လမ္းမေပၚ႐ွိလူမ်ားမွာ ေဘးတစ္ဖက္တစ္ခ်က္စီသို႔ ကပ္လိုက္ၾကရင္း အလ်င္အျမန္ ဒူးေထာက္လိုက္ၾကသည္။ ထို႔ေနာက္ ေစ်းဆိုင္တန္းမ်ား၏ ထိပ္ဆုံးတြင္ စစ္တပ္၏ အလံေတာ္ကိုေတြ႕ျမင္လိုက္ရတာေၾကာင့္ ျပည္သူျပည္သားတို႔၏ ဦးေခါင္းမ်ား
ေျမျပင္သို႔ တစ္ၿပိဳင္တည္းဦးၫြတ္သြားၾကေလသည္။

ေ႐ွ႕ဆုံးမွျမင္းဆယ္စီးခန္႔က ဦးစြာထြက္ေပၚလာ၏။ စစ္သည္ေတာ္ေပါင္း ငါးရာခန္႔႐ွိမည့္
စစ္တပ္ကိုဦးေဆာင္လာသူမွာ ခ်န္ႏိုင္ငံ၏ ဒုတိယမင္းသား ခ်န္ေဖးယြီပင္ျဖစ္သည္။ သူသည္ အလြန္​ျမင့္မား၍ တုတ္ခိုင္သန္စြမ္းလွသည့္ ျမင္းနက္ႀကီးတစ္ေကာင္ကိုစီးလ်က္ စစ္တပ္၏ ေ႐ွ႕ဆုံးတြင္ မားမားမတ္မတ္တည္႐ွိေန၏။

ျမင္း၏ အနက္ေရာင္ကဲ့သို႔ပင္ သူ၏စစ္ဝတ္တန္ဆာမွာလည္း မဟူရာေရာင္ကဲ၏။ ေ႐ႊေရာင္တဖိတ္ဖိတ္ေတာက္ေနေသာ ခါးပတ္ႏွင့္ သားေရေျခနင္းတြင္အနားကြပ္ထားေသာ ေ႐ႊႀကိဳးတို႔က သူ၏အ႐ွိန္အဝါကို ပို၍ ႀကီးက်ယ္ခမ္းနားေစ၏။ သံခ်ပ္ကာဝတ္႐ုံမွတစ္ဆင့္ ေက်ာျပင္တစ္ေလွ်ာက္က်ဆင္းေနေသာ အနီရင့္ရင့္ ကတၱီပါဝတ္႐ုံစမွာ ခရီးေဝးႏွင္လာရသျဖင့္ ဖုန္အနည္းငယ္ေပေရေနေလသည္။

သို႔ေသာ္ ထိုအရာက သူ၏ပုံစံကို အနည္းငယ္မွ်ေမွးမွိန္မသြားေစသည့္အျပင္ ေငြေရာင္ဆံခ်ိတ္ျဖင့္ ေျမႇာက္စည္းထားေသာ ပိတုန္းေရာင္ဆံႏြယ္တို႔က ၾကက္ေသြးေရာင္ဝတ္႐ုံႏွင့္ ပနံသင့္လွ၏။ သူ၏ထိုင္ေနပုံက မားမားမတ္မတ္။ ရင္ဘတ္ကိုစြင့္ထားၿပီး ေက်ာျပင္မွာေျဖာင့္တန္းေန၏။

မ်က္ခုံးတို႔က နက္ေမွာင္ထူထဲၿပီး သူ၏မ်က္ဝန္းတို႔က သူတစ္ပါး၏စိတ္ဝိညာဥ္အတြင္းထဲထိ ထိုးေဖာက္သိျမင္ႏိုင္စြမ္း႐ွိေနသေယာင္ စူးစူးရဲရဲႏိုင္လွ၏။ ေျဖာင့္စင္းေသာႏွာတံ တိရိ​ေသသပ္ေသာ ႏႈတ္ခမ္းလႊာႏွင့္ အခ်ိဳးအစားက်နလွသည့္ ေမး႐ိုးသြယ္သြယ္က သူ၏အသြင္အျပင္ကို ပို၍ေယာက်္ားပီသေအာင္ ေထာက္ပံ့ေပးေန၏။

အၿမဲတေစ တြန္႔ခ်ိဳးေနတတ္ေသာ မ်က္ခုံးတစ္စုံေၾကာင့္ သူ႕ထံမွ ေၾကာက္စရာအ႐ွိန္အဝါတစ္မ်ိဳး ထြက္ေပၚေနၿပီး မ်က္ဝန္းတို႔မွာ အနားကပ္သူတိုင္းၾကက္သီးထေလာက္သည္အထိ  ေအးစက္စူး႐ွ၏။ ဤသည္မွာ ခ်န္ႏိုင္ငံေတာ္၏ ဒုတိယမင္းသားတစ္ျဖစ္လဲ စစ္ေသနာပတိခ်ဳပ္ ခ်န္ေဖးယြီ၏ အံၾသမွင္သက္ဖြယ္ အ႐ွိန္အဝါပင္ျဖစ္ေလသည္။

ခ်န္ ဟူေသာစာလုံးကိုေရးဆြဲထားေသာ စစ္တပ္အလံႏွင့္အတူ စစ္သူႀကီး၏ျမင္းသည္ နန္းၿမိဳ႕႐ိုးအတြင္းသို႔ ဝင္ေရာက္ေပ်ာက္ကြယ္သြား၏။ထို႔ေနာက္ စစ္တပ္တစ္ခုလုံး နန္းေတာ္အတြင္းသို႔ ဝင္ေရာက္သြားသည့္အခါ ၿမိဳ႕ေတာ္၏ ေစ်းလမ္းမသည္ ပုံစံမပ်က္ ျပန္လည္အသက္ဝင္လာေလသည္။

************************************

"မင္းသား အ႐ွင္မင္းႀကီးက..."

"အိမ္ေတာ္ကို အရင္ျပန္မယ္"

ေဖးယြီ သူ၏စစ္ျမင္းကို ျမင္းေဇာင္းမွာထားခဲ့ၿပီး ျပန္ထြက္လာေသာအခ်ိန္ ဝူယန္႔ခ်န္ လာေရာက္ေလွ်ာက္တင္ေသာစကားကို ျဖတ္ခ်လိုက္၏။ သူ နန္းတြင္းကိုဝင္လိုစိတ္ မ႐ွိေသးပါ။ ဤတစ္ေခါက္ခရီးစဥ္က သုံးလမွ် ၾကာျမင့္ခဲ့ၿပီးေနာက္ သူလည္းပင္ပန္းလွၿပီျဖစ္၏။ အိမ္ေတာ္ကိုသာ အလ်င္ျပန္၍ အနားယူဖို႔ဆႏၵ႐ွိေနသည္။

"ေကာင္းပါၿပီ"

သူ႕မ်က္ႏွာေပၚက ပင္ပန္းမႈအရိပ္အေယာင္ကို
သတိထားမိ၍လားမသိေပ။ ဝူယန္႔ခ်န္က ဆက္မေျပာလာေတာ့။ ေဖးယြီ အသင့္ျပင္ထားေသာ
ျမင္းတစ္ေကာင္ျဖင့္ အိမ္ေတာ္သို႔ျပန္လာခဲ့၏။
ဝူယန္႔ခ်န္ကလည္း သူ႕ေနာက္မွ ထပ္ၾကပ္မကြာလိုက္ပါလာသည္။

*ယြီဝမ္စစ္သူႀကီး၏ အိမ္ေတာ္*

အနက္ေရာင္ေနာက္ခံမ်က္ႏွာျပင္ေပၚတြင္ေ႐ႊေရာင္ စာလုံးတို႔ျဖင့္ ေရးခ်ယ္ထားေသာ
မုခ္ဦးဆိုင္းဘုတ္တစ္ခုက အိမ္ေတာ္အေပါက္ဝမွ ေစာင့္ႀကိဳေန၏။ ေဖးယြီျမင္းေပၚမွ ဆင္းလိုက္သည္။

"ယြီဝမ္အ႐ွင့္သားကို ႀကိဳဆိုပါတယ္!"

အေစခံေတြက တစ္ၿပိဳင္နက္တည္း ႏႈတ္ဆက္လိုက္ၾကၿပီး အသက္ေလးဆယ္အ႐ြယ္႐ွိ
လူတစ္ေယာက္က ျမင္းကိုလာေရာက္သိမ္းဆည္း၏။ ေဖးယြီ ေခါင္းၿငိမ့္အသိအမွတ္ျပဳလိုက္သည္။ ထို႔ေနာက္
အိမ္ေတာ္ဝင္းအတြင္းသို႔ လွမ္းဝင္ခဲ့၏။

စစ္သူႀကီး၏အိမ္ေတာ္မွာ ငါးဧကစာမွ် က်ယ္ဝန္းေသာ ျခံဝန္းက်ယ္ႀကီးျဖစ္ၿပီး နန္းၿမိဳ႕႐ိုး၏ ေတာင္ဘက္စူးစူးတြင္ တည္႐ွိေလသည္။ စစ္သူႀကီးမွာ မက္မြန္ပန္းကို လြန္စြာႏွစ္သက္ေလရာ အိမ္ေတာ္ဝင္း၏ အေ႐ွ႕ဘက္ျခမ္းတြင္ ႏွစ္ဧကစာ႐ွိေသာ မက္မြန္ပင္တို႔ကို စိုက္ပ်ိဳးထား၏။ ထို႔ျပင္ အိမ္ေတာ္႐ွိ ေနရာေတာ္ေတာ္မ်ားမ်ားတြင္လည္း မက္မြန္ပင္တို႔ကိုေတြ႕ရတတ္သည္။

အိမ္ေတာ္ဝင္းသို႔ ဝင္လွ်င္ဝင္ျခင္းပင္ မက္မြန္ပင္ႀကီးႏွစ္ပင္က ေစာင့္ႀကိဳေန၏။ ထို႔ေနာက္ ပင္မအိမ္ေတာ္သို႔ ေရာက္သည္။ ပင္မအိမ္ေတာ္သည္ပင္ တစ္ဧကစာမွ်႐ွိေလသည္။ ပင္မအိမ္ေတာ္၌ ဥယ်ာဥ္သုံးခုႏွင့္ အေဆာင္သုံးေဆာင္ ပါဝင္၏။ထိုအေဆာင္တို႔မွာ စစ္သူႀကီး အခါအားေလ်ာ္စြာအလွည့္က်ေနထိုင္ေသာ အေဆာင္မ်ား ျဖစ္ေလသည္။

ထိုမွ်သာမက အိမ္ေတာ္ဝင္းအတြင္း၌ပင္ ေရကန္ႀကီးတစ္ကန္ႏွင့္ လူလုပ္စမ္းေခ်ာင္းငယ္တစ္ခုကိုလည္း တူးေဖာ္ထားေသးသည့္ အျပင္ စစ္ေရးေလ့က်င့္ကြင္းကိုပါ ထည့္သြင္းတည္ေဆာက္ထားေပ၏။ ခ်န္ႏိုင္ငံ၏ ၿမိဳ႕ေတာ္တြင္ နန္းေတာ္ႏွင့္ နန္းၿမိဳ႕႐ိုးၿပီးလွ်င္ စစ္သူႀကီး၏ အိမ္ေတာ္မွာ အႀကီးက်ယ္ဆုံး အခမ္းနားဆုံးျဖစ္ေလသည္။

"ဒီအေစခံက အ႐ွင့္သားကို ႀကိဳဆိုပါတယ္"

ေဖးယြီတစ္ေယာက္ ဖီးနစ္အေဆာင္ထဲသို႔ ဝင္လိုက္သည္ႏွင့္တစ္ၿပိဳင္နက္ အထိန္းေတာ္ခ်င္က အ႐ိုအေသေပးရင္း ႏႈတ္ခြန္းဆက္သလာ၏။ ေဖးယြီ စကားတစ္ခြန္းမဆိုဘဲ အိပ္ေဆာင္အတြင္းသို႔ ဝင္သြားလိုက္သည္။ အထိန္းေတာ္ခ်င္က အလိုက္တသိပင္ စစ္ဝတ္တန္ဆာတို႔ကို ကူညီ၍ျဖဳတ္ေပးလာသည္။

"ကိုယ္ေတာ္ ဒီေန႔ဝါး႐ုံပင္ဥယ်ာဥ္မွာ႐ွိမယ္။
ဘယ္သူလာေတြ႕ေတြ႕ အေတြ႕မခံနဲ႔။ ၿပီးေတာ့
မယ္မင္းနဲ႔ ယန္႔ခ်န္ကလြဲၿပီး တျခားလူကို မျမင္ခ်င္ဘူး"

"ဒီအေစခံ နားလည္ပါၿပီ။ အ႐ွင့္သားအတြက္ ဝါး႐ုံပင္ဥယ်ာဥ္မွာ ခ်ိဳးေရ အသင့္ျပင္ထားပါတယ္"

"အင္း"

ေဖးယြီ အျပင္ဝတ္႐ုံခါးစည္းႀကိဳးကို ျဖည္ခ်ထားခဲ့ၿပီး ဝါး႐ုံပင္ဥယ်ာဥ္ဘက္သို႔ ဆင္းလာခဲ့၏။ ထို႔ေနာက္ အတြင္းဝတ္႐ုံတစ္ထပ္တည္းျဖင့္ ေရခ်ိဴးေဆာင္ထဲ႐ွိ အသင့္ျပင္ထားေသာေရကန္ထဲသို႔ ဝင္လိုက္သည္။ ေရကန္မွတစ္ဆင့္ သင္းပ်ံလာေသာ မက္မြန္ပန္းရနံ႔ႏွင့္ ခ်ိဳးေရေႏြးေႏြးတို႔က
ပင္ပန္းေနေသာ ခႏၶာကိုယ္ကို ေျပေလ်ာ့သြားေစၿပီး၊ ေနာက္က်ိေနေသာစိတ္အစဥ္ကို တျဖည္းျဖည္း ၾကည္လင္လာေစသည္။ သက္ျပင္းတစ္ခ်က္မႈတ္ထုတ္လိုက္ၿပီး ေနာက္ကအုတ္ေဘာင္ေပၚကို ေခါင္းမွီလိုက္ရင္း မ်က္လုံးမွိတ္လိုက္သည္။

"ဆယ့္ေလးႏွစ္ၾကာခဲ့ၿပီ"

ႏႈတ္မွ ခပ္တိုးတိုးေရ႐ြတ္လိုက္သံမွတစ္ပါး ပတ္ဝန္းက်င္တစ္ခုလုံး တိတ္ဆိတ္ေန၏။ အေတြးစတို႔က အတိတ္ကာလဆီသို႔ ​အလုအယက္ေျပးသြားၾကေလသည္။

ယခုလို ေဆာင္းရာသီေႏွာင္းပိုင္းကာလပင္။
တန္ဖိုးထား၍ ခ်စ္ျမတ္ႏိုးရသူ ႏွစ္ေယာက္လုံးကို ယခုလိုေဆာင္းရာသီရဲ႕ ညတစ္ညမွာပဲ ေဖးယြီ ဆုံး႐ႈံးလိုက္ရ၏။ တစ္ေယာက္က သူ႕မယ္ေတာ္။
ေနာက္တစ္ေယာက္က သူ႕ကို စာေပသင္ၾကားေပးခဲ့တဲ့ သူ႕ရဲ႕ဆရာ။

ထိုျမင္ကြင္းက သူအတြက္တစ္သက္စာ ေမ့မရႏိုင္ေတာ့မည့္ ျမင္ကြင္းတစ္ခုသာျဖစ္ခဲ့သည္။ ခိုက္ခိုက္တုန္ေအာင္ ခ်မ္းေအးေနသည့္ ညအေမွာင္၌ အေအးနန္းေဆာင္၏နံရံေပၚ မွီတြယ္ရင္း အသက္႐ွဴသံတို႔ တျဖည္းျဖည္းေႏွးေကြးလာသည့္ အျဖဴေရာင္ပုံရိပ္ေလးတစ္ခု။

ေဖးယြီ ထိုအခ်ိန္က သတိကင္းမဲ့ေနသည့္ခႏၶာကို ေပြ႕ဖက္ထားၿပီး တသိမ့္သိမ့္ငို႐ိႈက္ရင္း အိပ္ေပ်ာ္သြားခဲ့သည္။ ႏိုးထလာသည့္အခ်ိန္ သူ႕ေလာကႀကီးက အရာအားလုံးေျပာင္းလဲ သြားေခ်ၿပီ။

မယ္ေတာ္မ႐ွိေတာ့ေပ။
ေလာ္မိသားစုကလည္း နန္းေတာ္ကိုကာကြယ္ရင္း တစ္အိမ္သားလုံး လုပ္ၾကံခံလိုက္ရသည္။ ပုန္ကန္သည့္ ဦးရီးေတာ္၏ စစ္တပ္က ေလာ္အိမ္ေတာ္ကို ဦးစြာအျမစ္ျဖတ္ခဲ့ၿပီးမွ နန္းေတာ္သို႔ ခ်ီတက္လာခဲ့ၾက၏။ နန္းေတာ္တြင္ ပညာေရးဝန္ႀကီးႏွင့္ သားျဖစ္သူတို႔သာ က်န္ခဲ့ေလသည္။ ပညာေရးဝန္ႀကီးက ခမည္းေတာ္ကို ကာကြယ္ရင္း အသက္ေပးသြားခဲ့သလို သားျဖစ္သူကလည္း ေဖးယြီႏွင့္ အစ္ကိုေတာ္ကို ကာကြယ္ရင္း အသက္ေပးသြားရ၏။

ထိုအခ်ိန္မွစ၍ ေလာ္အိမ္ေတာ္၏သတင္းမွာအစအနမွ်ပင္ ႐ွာမရေတာ့။ ေဖးယြီ အသက္ဆယ္ႏွစ္အ႐ြယ္တြင္ စစ္တပ္သို႔ဝင္ခဲ့သည္။ အစ္ကိုေတာ္က နန္းတြင္းအေရးတို႔အား ကိုင္တြယ္ေျဖ႐ွင္းေနသည့္ အခ်ိန္ သူက စစ္တပ္၌ ေနရာရဖို႔ ႀကိဳးစားခဲ့သည္။ သူ႕အသက္ဆယ့္ေျခာက္ႏွစ္တြင္ စစ္သူႀကီး ျဖစ္လာခဲ့ၿပီး အသက္ဆယ့္႐ွစ္ႏွစ္အ႐ြယ္တြင္ အေနာက္ဘက္႐ွိ မင္ႏိုင္ငံကို သိမ္းယူေပးႏိုင္ခဲ့သျဖင့္ စစ္တပ္အာဏာက သူ႕လက္ထဲသို႔ လုံးလုံးလ်ားလ်ား ေရာက္႐ွိလာသည္။

ယခုအခ်ိန္၌ နန္းတြင္းအေရးမ်ားအားလုံးမွာ အစ္ကိုေတာ္႕လက္ထဲတြင္႐ွိၿပီး စစ္တပ္အာဏာက သူ႕လက္ထဲတြင္႐ွိသည္။ ခမည္းေတာ္က အမည္ခံမွ်သာျဖစ္၍ ညီလာခံကိစၥအားလုံးကို အစ္ကိုေတာ္႕ထံတြင္ လႊဲေျပာင္းထား၏။ သူႏွင့္ အစ္ကိုေတာ္၏ ဆက္ဆံေရးက အဆင္ေျပေသာ္လည္း
နန္းတြင္းဆိုသည္မွာ ႀကိဳတင္ခန္႔မွန္း၍ မရေပ။
ပုန္ကန္မႈျဖစ္ပြားရာတြင္ ခမည္းေတာ္ဘက္က
အႏိုင္ရ႐ွိခဲ့ၿပီး ဦးရီးေတာ္ႏွင့္ ေနာက္လိုက္တို႔ကို ကြပ္မ်က္ေစခဲ့၏။

ထိုႏွစ္တြင္ပင္ ေတာ္ဝင္ကိုယ္လုပ္ေတာ္႐ွန္းက သားေတာ္တစ္ပါးေမြးဖြားခဲ့၏။ ေနာင္ႏွစ္ႏွစ္အၾကာတြင္လည္း သားေတာ္တစ္ပါး ထပ္မံေမြးဖြားႏိုင္ခဲ့ရာ အေနာက္ေဆာင္တြင္ မိဖုရားေခါင္ႀကီးၿပီးလွ်င္ အာဏာအ႐ွိဆုံးမွာ ေတာ္ဝင္ကိုယ္လုပ္ေတာ္႐ွန္း ျဖစ္လာခဲ့ေတာ့သည္။

ယခုလက္႐ွိတြင္ တတိယမင္းသားငယ္ ခ်န္ယြိက ေဖးယြီ လက္ေအာက္တြင္ တပ္မႉးအရာအထိရေအာင္ ယူထားႏိုင္၏။ ေ႐ွာင္ယြိက ေဖးယြီကိုလည္း အလြန္ခင္တြယ္႐ွာသည္။ ညီငယ္မွာလည္း ေဖးယြီကဲ့သို႔ပင္ ထက္ျမက္သူျဖစ္ေလရာ ခမည္းေတာ္၏ ခ်စ္ျမတ္ႏိုးျခင္းခံရေလသည္။

သားေတာ္က ႐ိုးသားျဖဴစင္ေသာ္လည္းာမယ္ေတာ္ျဖစ္သူ၏ စိတ္ထဲတြင္ မည္သို႔ၾကံစည္ေနသည္ကို မသိႏိုင္ပါေပ။ ထို႔ေၾကာင့္သာ ေဖးယြီေရာ အစ္ကိုေတာ္ပါ သတိႀကီးႀကီးထားေနရျခင္း
ျဖစ္ေလသည္။

"စစ္သူႀကီး"

"ယန္႔ခ်န္..."

အျပင္မွတံခါးေခါက္သံေၾကာင့္ ေဖးယြီ မ်က္လုံးဖြင့္လိုက္ၿပီး အတည္ျပဳသည့္သေဘာျဖင့္နာမည္ေခၚလိုက္သည္။ အိမ္ေတာ္တြင္ သူ႕ကို စစ္သူႀကီးဟုေခၚသူမွာ ယန္႔ခ်န္သာ႐ွိသည္ေလ။

"ကြၽန္ေတာ္မ်ိဳးပါ"

"အင္း ဘာကိစၥလဲ"

"အ႐ွင္မင္းႀကီးက ညေနက်ရင္ နန္းတြင္းကို
အခစားဝင္ဖို႔ အေခၚလႊတ္လိုက္ပါတယ္"

"ေကာင္းၿပီ"

အျပင္မွအသံက တိတ္ဆိတ္သြား၏။ ေဖးယြီ တစ္စုံတစ္ခုကို သတိရလိုက္တာေၾကာင့္ တစ္ဖက္လူကို ေခၚမိရသည္။

"ယန္႔ခ်န္"

"အမိန္႔႐ွိပါ"

"ညေန နန္းတြင္းဝင္ရင္ မင္းလိုက္ဖို႔မလိုေတာ့ဘူး။ ဒီရက္ပိုင္းမင္းလည္း ပင္ပန္းခဲ့ၿပီ။
အျပင္ထြက္ၿပီး အပန္းေျဖခဲ့ပါ"

သူ႕ထံမွ အသံတိတ္သြား၏။ ထို႔ေနာက္ ခပ္တိုးတိုး ေျပာလာသည္။

"စစ္သူႀကီးကို ေက်းဇူးတင္ပါတယ္"

ေျခသံခပ္အုပ္အုပ္က လမ္းတစ္ေလွ်ာက္ ထြက္ေပၚလာၿပီး တိတ္ဆိတ္သြား၏။ ေဖးယြီ ေရခ်ိဳးေဆာင္မွထြက္ခဲ့ၿပီး အိပ္ေဆာင္႐ွိရာသို႔ လွမ္းခဲ့ေတာ့သည္။

************************************

နံနက္ခင္းညီလာခံ...

"ယြီဝမ္စစ္သူႀကီး ခ်န္ေဖးယြီ"

အမတ္အရာ႐ွိအသီးသီးက အေရးကိစၥအဝဝကို တင္ေလွ်ာက္ၿပီး၍ အမိန္႔ခ်မွတ္ၿပီးခ်ိန္တြင္ အစ္ကိုေတာ္က ညီလာခံထိပ္မွာ ထိုင္ေနရင္း သူ႕နာမည္ကိုေခၚလာတာေၾကာင့္ ေ႐ွ႕ထြက္ၿပီးရပ္ လိုက္ရ၏။ ေဘးမွအမတ္တို႔ကလည္း လႈပ္လႈပ္႐ွား႐ွား ျဖစ္လာၾကသည္။

"အ႐ွင္မင္းႀကီးရဲ႕တိုက္႐ိုက္အမိန္႔ျဖစ္တယ္။
ယြီဝမ္စစ္သူႀကီး အမိန္႔နာခံပါ"

ေဖးယြီဒူးေထာက္ခ်လိုက္သည္။ အစ္ကိုေတာ္က ကတၱီပါအမိန္႔စာလိပ္ကိုကိုင္ရင္း ညီလာခံတစ္ခုလုံးၾကားေအာင္ ဖတ္ျပလိုက္သည္။

"ယြီဝမ္စစ္သူႀကီး ခ်န္ေဖးယြီသည္ အမ်ိဳးသား
ၾကင္ရာေတာ္တစ္ဦးႏွင့္ လက္ဆက္ရမည္..."

"ဘာ!"

"မျဖစ္ႏိုင္ဘူး!
ဒါက ဘယ္လိုအဓိပၸါယ္မ႐ွိတာလဲ!"

အစ္ကိုေတာ္႕အသံကို ညီလာခံ႐ွိ အမတ္ႏွင့္အရာ႐ွိတို႔ ျငင္းဆိုသံ ကန္႔ကြက္သံတို႔က ဖုံးလႊမ္းသြား၏။ ေဖးယြီ ဒူးေထာက္ထားရင္း လက္သီးကို က်စ္က်စ္ပါေအာင္ဆုပ္ထားမိသည္။ မိမိကို ေထာက္ခံအားေပးေသာ အမတ္အရာ႐ွိတို႔ အျပင္းအထန္ကန္႔ကြက္ၾကမည္ကို ေဖးယြီေကာင္းစြာနားလည္ပါ၏။ သို႔ေသာ္ ဤလမ္းကို မိမိေ႐ြးခ်ယ္ခဲ့ၿပီးၿပီ။

"ကြၽန္ေတာ္မ်ိဳးခ်န္ေဖးယြီ အမိန္႔နာခံပါတယ္"

သူ႕အသံက မီးကိုေရျဖင့္ၿငႇိမ္းလိုက္သလို ညီလာခံတစ္ခုလုံးကို ၿငိမ္က်သြားေစ၏။ သူႏွင့္ရင္းႏွီးေသာ အမတ္အရာ႐ွိတို႔က ေဖးယြီကို မယုံၾကည္ႏိုင္ဟန္ ေငးၾကည့္ေနၾကသည္။ သို႔ေသာ္ ဤအရာက မင္းမိန္႔ျဖစ္သည့္အတြက္ ျငင္းဆိုရန္ မျဖစ္ႏိုင္ေၾကာင္းလည္း အႏွွသူတို႔ေကာင္းစြာ သေဘာေပါက္ထားၾကၿပီးသားပင္။ အစ္ကိုေတာ္က ဆက္ေျပာလာ၏။

" အမ်ိဳးသားၾကင္ရာေတာ္၏ မ်ိဳး႐ိုးႏွင့္
ဇစ္ျမစ္ကို အျပင္လူတို႔ သိခြင့္ျပဳမည္မဟုတ္။
ထို႔ျပင္ ယြီဝမ္၏ ေတာင္ဘက္နယ္စပ္အေရး
ေဆာင္႐ြက္မႈမွာ ခ်ီးက်ဳးဖြယ္ျဖစ္သည့္အတြက္
ေလာ့ယန္ၿမိဳ႕ကို အပိုင္စားေစ"

အစ္ကိုေတာ္၏ အမိန္႔သံအဆုံးတြင္ ညီလာခံတစ္ခုလုံး ဆူညံသြားျပန္သည္။ ေလာ့ယန္ၿမိဳ႕သည္ ခ်န္ႏိုင္ငံ၏ ဒုတိယအႀကီးဆုံးၿမိဳ႕ဟုပင္ ေျပာ၍ရသည္မဟုတ္ပါလား။ ဤၿမိဳ႕ကို ေဖးယြီအားအပိုင္စားေပးျခင္းက သူ႕အင္အားကို ပို၍ႀကီးမားေအာင္ လုပ္လိုက္ျခင္းပင္။

"အ႐ွင္မင္းႀကီး ေက်းဇူးႀကီးမားလွပါတယ္"

ေဖးယြီ ညီလာခံရင္ျပင္ကို ဦးခ်လိုက္ရင္း ေက်းဇူးတင္ေၾကာင္းျပသလိုက္၏။ ထို႔ေနာက္ ေနရာ၌ပင္ျပန္ရပ္ေနလိုက္သည္။

"ေလွ်ာက္တင္စရာ ႐ွိပါေသးသလား"

အစ္ကိုေတာ္က ေမးလာသည္။ ထို႔ေနာက္ ​​ေဖးယြီကို ႏွစ္သိမ့္သည့္အၾကည့္ျဖင့္ၾကည့္လာ၏။ သူ ျပဳံးျပလိုက္သည္။ ေဖးယြီ အမွန္တကယ္ပင္ အဆင္ေျပပါ၏။ သူေ႐ြးခ်ယ္ခဲ့ေသာ လမ္းအတြက္ ေနာင္တရမည္မဟုတ္ပါ။

"ညီလာခံသိမ္းမယ္"

ေလွ်ာက္တင္စရာ မ႐ွိေတာ့ေသာေၾကာင့္ အစ္ကိုေတာ္က ညီလာခံခန္းမထဲမွ ဦးစြာထြက္ခြာသြား၏။ ေဖးယြီ သူ႕ကိုၾကည့္ေနၾကသည့္ မ်က္ဝန္းတို႔ထံမွ ေမးခြန္းတို႔အား လ်စ္လ်ဴ႐ႈလိုက္ၿပီး ညီလာခံခန္းမထဲမွထြက္လာခဲ့ေတာ့သည္။

************************************

"အ႐ွင့္သား ဒီအေစခံ သတင္းၾကားၿပီးပါၿပီ
စိတ္မေကာင္းပါဘူး"

ေဖးယြီအတြက္ အိပ္ရာျပင္ေပးေနရင္း အထိန္းေတာ္ခ်င္က ေျပာလာသည္။ အမွန္စင္စစ္
ယေန႔ ေဖးယြီ စစ္တပ္ေလ့က်င့္ကြင္းမွ တမင္တကာေနာက္က် ျပန္လာျခင္းျဖစ္သည္။ ညီေတာ္ကလည္း သူႏွင့္အတူ ေလ့က်င့္ေနစဥ္ဤသို႔ပင္ေျပာလာ၏။

သူတို႔ စိတ္ပူသည္မွာလည္း သဘာဝက်ပါသည္။ အမ်ိဳးသားၾကင္ရာေတာ္ႏွင့္ လက္ဆက္လိုက္ျခင္းက ဆက္ခံသူမ႐ွိေသာျပႆနာကို ရင္ဆိုင္ရေစ၏။ ဤသည္ကို ေဖးယြီ နားလည္ပါသည္။ ခမည္းေတာ္ကလည္း ဤျပႆနာေၾကာင့္သာ
သူ႕ကို ယခုလိုအမိန္႔ခ်မွတ္ခဲ့ျခင္းမဟုတ္ပါလား။ အကယ္၍ ေဖးယြီထံ၌ ဆက္ခံသူ႐ွိလာခဲ့လွ်င္ အစ္ကိုေတာ္႕၏ထီးနန္းေနရာအား ၿခိမ္းေျခာက္လာမွာ စိုးရိမ္ေနျခင္းပင္။ စစ္တပ္အာဏာတစ္ခုလုံးက ေဖးယြီထံမွာ႐ွိေနေသာေၾကာင့္ ခမည္းေတာ္ စိတ္ပူမည္ဆိုလွ်င္လည္း စိတ္ပူသင့္သည္ေပ။

အစ္ကိုေတာ္ကေတာ့ သူ႕ကိုတိုးတိုးတိတ္တိတ္
ေတာင္းပန္စကားဆိုပါေသး၏။ သူ အမွန္ပင္
ဤျပႆနာကို စိတ္ထဲမထားပါေလ။ ထီးနန္းဆိုသည္မွာ အလြန္အႏၲရာယ္မ်ားလွသည္။
သူ႕စိတ္ထဲတြင္ ထီးနန္းကိုလိုခ်င္တပ္မက္စိတ္
ျမဴမႈန္စာမွ်ပင္မ႐ွိပါေခ်။ ဒီေန႔ဒီအေျခအေန
အထိေရာက္ေအာင္ ႀကိဳးစားခဲ့သည္မွာလည္း
မိမိက အင္အားႀကီးေနမွသာလွ်င္
မိမိတန္ဖိုးထားသူတို႔ကို ကာကြယ္ႏိုင္မည္ျဖစ္ေသာေၾကာင့္ပင္။

"အထိန္းေတာ္ခ်င္"

"ဒီအေစခံ နားေထာင္ေနပါတယ္"

ေဖးယြီ စက္ရာသလြန္ေပၚမွာထိုင္ေနရင္း နာမည္ေခၚေတာ့ အထိန္းေတာ္ခ်င္က ျပန္လည္ေျဖၾကားလာ၏။

"ဒီလမ္းက ကိုယ္ေတာ္ေ႐ြးခဲ့တာ။ ခမည္းေတာ္က ကိုယ္ေတာ္႕ကို ဖိအားမေပးပါဘူး"

သူ႕စကားေၾကာင့္ အထိန္းေတာ္ခ်င္က တအံ့တၾသၾကည့္လာ၏။

"ၿပီးေတာ့ ေရာက္လာမယ့္ ဝမ္ေဖး*အတြက္
ဝါး႐ုံပင္အေဆာင္ကို ျပင္ဆင္ထားလိုက္ပါ။
႐ိုး႐ိုး႐ွင္း႐ွင္းဆိုရတယ္။ သူက ပစၥည္းေတြ
အမ်ားႀကီး ႐ႈပ္႐ွက္ခတ္ေနမွာကို မႀကိဳက္ဘူး"

(ဝမ္ေဖး=ၾကင္ရာေတာ္၊ မိဖုရား)

"အ႐ွင့္သား...ဒါ..ဒါက.."

စကားေတြပင္ထစ္လာေသာ အထိန္းေတာ္ခ်င္ေၾကာင့္ ေဖးယြီလိႈက္လိႈက္လွဲလွဲျပဳံးမိသည္။ ​ေအးေပါ့ေလ။ ဝါး႐ုံပင္အေဆာင္ဆိုတာက အိမ္ေတာ္မွာ ေဖးယြီအႏွစ္သက္ဆုံးကိုး။ ပင္မအိမ္ေတာ္လည္းျဖစ္၊ ဧည့္သည္ေတြႏွင့္ လက္ခံေတြ႕ဆုံရာေနရာျဖစ္သည့္ ဖီးနစ္အေဆာင္ကိုပင္ ဝါး႐ုံပင္အေဆာင္ေလာက္ ေဖးယြီသေဘာမေတြ႕ပါေပ။

ထို႔ျပင္ ထိုအေဆာင္ကို အျပင္လူပင္ ဝင္ခြင့္မေပးရာ ယခု ဝမ္ေဖးအတြက္ အေဆာင္တစ္ခုလုံးကို
ရက္ရက္ေရာေရာ ေပးလိုက္သည္ဆိုေတာ့
အထိန္းေတာ္ခ်င္ အံ့ၾသထိတ္လန္႔႐ွာေပမည္။

"ဒီအေစခံေတာ့ အ႐ွင့္သားရဲ႕ေ႐ြးခ်ယ္မႈ
မွန္ကန္တယ္လို႔ ထင္ပါတယ္"

အစမ႐ွိအဆုံးမ႐ွိ ဆိုလာေသာ အထိန္းေတာ္ခ်င္၏စကားေၾကာင့္ ေဖးယြီ နားမလည္ဟန္ေၾကာင္ေငးေနမိသည္။ သူက ျပဳံးျပရင္း ေျဖလာသည္။

"အ႐ွင့္သား ဒီလိုျပဳံးတာကို
မျမင္ရတာအေတာ္ၾကာပါၿပီ"

ေဖးယြီ ႐ုတ္တရက္အေတြးလြန္သြားမိ၏။

သူ စိတ္ထဲကပါတဲ့ အျပဳံးမ်ိဳး မျပဳံးမိတာ ဘယ္ေလာက္ၾကာပါၿပီလိမ့္။

"ထားပါ။ မနက္ျဖန္ကစၿပီး မဂၤလာပြဲအတြက္ ျပင္ဆင္ေတာ့။ ေနာက္သုံးရက္ေနရင္ မဂၤလာပြဲ က်င္းပျဖစ္လိမ့္မယ္"

"ဒီအေစခံ နားလည္ပါၿပီ။"

အထိန္းေတာ္ခ်င္က သူ႕ကိုအ႐ိုအေသျပဳၿပီး အိပ္ေဆာင္မွ ထြက္သြား၏။ ေဖးယြီ သလြန္ေပၚလွဲခ်လိုက္ခ်ိန္ အမည္မေဖာ္ႏိုင္သည့္ ခံစားခ်က္တစ္ခ်ိဳ႕ ရင္ထဲမွလိႈက္တက္လာသည္။

ေပ်ာ္႐ႊင္ျခင္း၊ စိတ္လႈပ္႐ွားျခင္း၊ ဝမ္းနည္းျခင္း၊ေၾကာက္႐ြံ႕မႈ၊ ေမွ်ာ္လင့္ခ်က္။ သူ မခြဲျခားႏိုင္ေပ။ သူ႕အာ႐ုံကို ေထြျပားေစသည့္ ခံစားခ်က္တို႔ ျဖစ္ေပၚသည္မွာ ႐ွားပါးေသာျဖစ္ရပ္တစ္ခုပင္။
စစ္၏ တံပိုးခရာသံကို ၾကားရစဥ္ကအတိုင္း သူ႕ႏွလုံးခုန္သံက အနည္းငယ္ျမန္ေန၏။ ေနာက္ဆုံး သက္ျပင္းအထပ္ထပ္ခ်ရင္း အိပ္ေပ်ာ္ဖို႔ ႀကိဳးစားရေတာ့သည္။

************************************

ယြီဝမ္စစ္သူ​ႀကီး၏ မဂၤလာပြဲေန႔...

စစ္သူႀကီးအိမ္ေတာ္တစ္ခုလုံး အလုပ္႐ႈပ္ေန
ၾက၏။ ျခံဝန္းတစ္ခုလုံးတြင္လည္း အနီေရာင္ ဖဲႀကိဳး၊ ဖဲပြင့္တို႔ျဖင့္ အလွဆင္ထားသည္။ အိမ္ေတာ္၏ ေလွ်ာက္လမ္းမ်ားႏွင့္ လက္ရန္းတို႔ပင္ မက်န္ အနီေရာင္ေစြးေစြးျဖင့္ လွပေနသည္။ အထူးသျဖင့္ ဝါး႐ုံပင္အေဆာင္ေတာ္။

အေဆာင္တစ္ခုလုံး စက္ရာအိပ္ေဆာင္မွအစ အနီေရာင္တို႔ျဖင့္ျပည့္ႏွက္ေနသည္။အေဆာင္၏ အဝင္ဝတြင္ "မဂၤလာ"ဟူေသာ စကားလုံးကို အနီေရာင္ေနာက္ခံေပၚတြင္ ေ႐ႊေရာင္စာလုံးျဖင့္ ေရးဆြဲထားသည္။ အိမ္ေတာ္ေခါင္မိုးႏွင့္ ျခံဝန္းထဲ႐ွိသစ္ပင္ အားလုံးတို႔၌ နီေစြးေစြးမီးပုံးကေလးမ်ား ခ်ိတ္ဆြဲထားေလသည္။

ေဖးယြီ အိမ္ေတာ္အျပင္ကိုထြက္ရင္း မဂၤလာေဝါယာဥ္ကို ေစာင့္ေနမိသည္။ ၾကာၾကာမေစာင့္ရေသးခင္မွာပင္ လမ္းမႀကီး၏ေထာင့္စြန္းမွ မဂၤလာေတးသံတို႔တီးမႈတ္ေနေသာ အဖြဲ႕က ထြက္ေပၚလာၿပီး ထိုေနာက္တြင္ လူ႐ွစ္ေယာက္ထမ္းသည့္ အနီေရာင္ေဝါယာဥ္က လိုက္ပါလာ၏။

အေႁခြအရံတို႔ စုံလင္လွေသာ မဂၤလာေဝါယာဥ္ကို ၾကည့္ေနစဥ္မွာပင္ ေဝါယာဥ္က သူ႕ေ႐ွ႕သို႔ဆိုက္ေရာက္လာသည္။ ေဖးယြီ အိမ္ေတာ္လွကားထစ္ေတြကေန ခပ္သြက္သြက္ဆင္းလိုက္ၿပီး ေဝါယာဥ္ရဲ႕အေျခကို သုံးခ်က္အသာအယာကန္လိုက္သည္။

ေဝါယာဥ္ေ႐ွ႕၌ကာထားသည့္ အနီေရာင္ေတာက္ေတာက္ ကန္လန္႔ကာက အထက္သို႔ ပင့္တင္ျခင္းခံလိုက္ရၿပီး အနီေရာင္ပဝါအုပ္ထားသည့္ ေယာက်္ားပ်ိဳတစ္ေယာက္က ေဝါယာဥ္ေပၚမွ ဆင္းလာသည္။ ေဖးယြီ အလ်င္အျမန္ပဲ ထိုသူ႕အနားကိုေရာက္သြားၿပီး လက္ကိုအသာအယာဆုပ္ကိုင္လိုက္ရင္း ကူညီေပးမိသည္။

သူ႕လက္ႏွင့္ ထိမိသည့္အခါ တစ္ဖက္လူ၏ ခႏၶာကိုယ္ေလးက တစ္ခ်က္တုန္သြား၏။ ေဖးယြီကိုယ္တိုင္ပင္ မသိလိုက္ဘဲ ႏႈတ္ခမ္းေထာင့္စြန္းက ေကြးၫြတ္သြားမိသည္။ သူ႕လက္ကိုအသာအယာ ဆုပ္ကိုင္ထားတဲ့အထိအေတြ႕က ေခ်ာမြတ္ႏူးညံ့လွ၏။ ေယာက်္ားေလးတစ္ဦး၏ လက္ဆိုသည္မွာ မယုံခ်င္စရာပင္။

လက္ဖ်ားကေန ၾကမ္းျပင္အထိ တ႐ြတ္တိုက္သြားသည့္ အနီေရာင္ဝတ္႐ုံစက ထိုသူ၏ လက္ေခ်ာင္းျဖဴျဖဴသြယ္သြယ္ေတြကို ပို၍ျဖဴေဖ်ာ့လွပေအာင္ ေထာက္ပံေပးေနသည့္ႏွယ္။ အႏွီေယာက်္ားပ်ိဳ၏ခါးမွာ က်စ္လ်စ္သြယ္လ်၍ ကိုယ္ေနဟန္မွာ တည္ၿငိမ္ေက်ာ့႐ွင္းလွေပ၏။ ေဖးယြီ သိခဲ့ဖူးသည့္ တစ္စုံတစ္ေယာက္အတိုင္းပါပင္။

႐ုတ္တရက္ ခပ္ညစ္ညစ္အေတြးငယ္တစ္ခု ေခါင္းထဲေရာက္လာသည့္အခ်ိန္ ရပ္ေစာင့္ေနၾကသည့္ အထိန္းေတာ္ႏွင့္ အေစခံတို႔အား ေခတၱမွ် လ်စ္လ်ဴ႐ႈလိုက္၏။ ထို႔ေနာက္ ေဖးယြီသူ႕လက္ထဲက လက္သြယ္သြယ္ကို အသာအယာဖ်စ္ညစ္လိုက္ရင္း အနားကပ္ကာ တိုးတိုးေျပာမိသည္။

"အခမ္းအနားၿပီးတဲ့အခါ ကိုယ္ေတာ္႕ကို
ေစာင့္ေန။ အေရးႀကီးဧည့္သည္ေတြ လာၾကမွာမို႔ ညဥ့္နက္လိမ့္မယ္။ ကိုယ္ေတာ္ မင္းကို ပင္ပန္းေစမိၿပီ။ ကိုယ္ေတာ္႕ရဲ႕ ဝမ္ေဖး"

နီေစြးေစြးခပ္သြယ္သြယ္ အရိပ္ကေလးက ေခါင္းငုံ႔သြား၏။ ေဖးယြီ ေဘးပတ္ဝန္းက်င္ကို အကဲခတ္မိခ်ိန္ အေစခံငယ္တို႔နင့္ အထိန္းေတာ္ခ်င္က သူ႕အား အထူးအဆန္းသဖြယ္ ေငးၾကည့္ေနၾကသည္။ ေဖးယြီရဲ႕အျပဳံးက အဆုံးမသတ္ႏိုင္မီ နံေဘး႐ွိပုဂၢိဳလ္ထံမွ တိုးလ်လ်အသံတစ္ခု ထြက္ေပၚလာသည္။

"ကြၽန္ေတာ္မ်ိဳး သိပါၿပီ"

ထိုအသံခပ္တိုးတိုးက ေဖးယြီ၏ႏွလုံးသားကို
ၿငိမ္းခ်မ္းသြားေစေၾကာင္း သူကိုယ္တိုင္ပင္
မသိလိုက္ပါေခ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

Continue Reading

You'll Also Like

120K 11.9K 121
"မှားယွင်းသော လက်ထပ်ခြင်းမှသည်.....ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၁)" ***MM Translation (Just for fun) "မွားယြင္းေသာ လက္ထပ္ျခင္းမွသည္.....ေကာင...
86.5K 12.4K 33
Title - Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(Vol-2) Vol-2 (ေ႐ွးေဟာင္းနယ္ေျမဆီသို႔) author - Neko san
72.6K 7.2K 99
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
308K 39.2K 115
မိသားစုရဲ့အပယ်ခံသား ၊ညီဖြစ်သူ၏အနိုင်ကျင့်ခံရမှု ၊ ချစ်သူ၏ဖောက်ပြန်ခံရမှု တို့ကိုကြုံတွေ့ခံစားလာရတဲ့လူငယ်လေး... မိသားစုနှင့်ချစ်သူကိုသတ်ဖြတ်ပြီး သူ့ကိ...