လေနုအေးက Misaki ၏နီရဲနေသော နားရွက်အဖျားလေးအပေါ်ကနေ ဖြတ်ပြေးသွားသည်။ မျက်စိတစ်ဆုံးရေပြင်ကျယ်ကို ကြည့်နေရင်း သက်ပြင်းသဲ့သဲ့ချမိသည်။ ဒီနေ့တစ်ရက်အတွင်း အဖြစ်အပျက်ေတွများလွန်းလို့ သူမဦးနှောက်က သိပ်ပင်အလုပ်မလုပ်ချင်တော့ဘူး။
သူ့ဘေးနားတွင် ရပ်ကာ အိပ်မှုန်စုံမွှားဖြစ်နေသည့်အမျိုးသမီးလေးကို Daniel စောင်းငဲ့ကြည့်မိသည်။ သူမ၏ဝဲကျနေသော ဆံပင်တိုတိုတို့အား နားရွက်နောက်သို့သပ်တင်ပေးလိုက်သည်။ ပုခုံးအထက်တွင် မညီမညာဖြစ်နေသော ဆံပင်တိုလေးတွေကအစ ချစ်ဖို့ကောင်းလွန်းနေ၏။
"ပြန်ကြမယ် ဒီနေရာကအေးတယ်" ကြောင်ဖြူလေးကတော့ သူ့သခင်ပေါ်မှာ ဇိမ်ကျနေပြီ။ အပြန်လမ်းတစ်လျှောက်လုံး Misaki အတွေးများနေသည်။ သူမနောက်ကျောက နှလုံးခုန်သံသဲ့သဲ့နှင့် လုံခြုံတဲ့အနွေးဓာတ်တစ်ခုသာ ခေါင်းနားတွင်ဝဲလည်နေတော့၏။
အနက်ရောင်ဆိုင်ကယ်လေးသည် ကြီးမားလွန်းသော စံအိမ်ထဲသို့ချိုးဝင်သွားသည်။ ထိုစံအိမ်အရှေ့တွင်တော့ Mommy Jes က သူမတို့ကိုစောင့်နေဟန်ရှိ၏။
ဆိုင်ကယ်ပေါ်မှဆင်းလိုက်သည်နှင့် သူမသည် Jessica ၏ရင်ခွင်ထဲသို့ ဆွဲသွင်းခံလိုက်ရပြန်သည်။ ရင်ခွင်ထဲကကြောင်ဖြူလေးကတော့ သူအားဖိမိသွား၍ထင်။ အသံသဲ့သဲ့သာပြုပြီး ပြန်အိပ်သွားလေ၏။
"Daniel မင်းဆုံးဖြတ်ပြီးပြီလား" Mommy Jes ၏ပူဆွေးသောအသံသည် ထွက်ပေါ်လာ၏။
"ကျွန်တော် အဆင်ပြေတယ်" တည်တံ့သောအကြည့်တို့နှင့် ပြန်ဖြေလေသည်။
"ကိုယ် ပြန်လာခေါ်မယ်" Misaki၏ခေါင်းကို ဖွဖွပုတ်လိုက်ရင်း ခပ်တိုးတိုးဆိုလေသည်။
"ဘယ်တော့လဲ"
သူမ၏အမေးကြောင့် Jessica နှင့် Daniel တို့မျက်လုံးချင်းဆုံသွားသည်။ သူတို့ငါ့ကို တစ်ခုခုဖုံးကွယ်ထားသလို ခံစားရတယ်။
Jessica တစ်ခုခုပြောဖို့ပြင်လိုက်ပေမယ့် Daniel ကသူမထက်အရင် ဖြေလိုက်၏။
"နှစ်ရက် နောက်နှစ်ရက်နေရင်ပေါ့" ယုံလို့ရလားဆိုသည့် အကြည့်ဖြင့် Daniel ကိုကြည့်လိုက်သည်။ ထိုသူက ခေါင်းတစ်ချက်ညိတ်ပြပြီး အနက်ရောင်ဆိုင်ကယ်သည်လည်း မျက်စိရှေ့မှ အလျှင်အမြန်ပျောက်ကွယ်သွား၏။
"Oliver ရော?"
"အိမ်ထဲအရင်ဝင်ပါဦး စကားများလိုက်တာ"
Misaki Jessica၏တိုက်တွန်းမှုကြောင့် မူလကိုယ်၏အခန်းတွင်ပြန်ကာ အနားယူနေလိုက်သည်။ ရှေ့ဆက်ပြီး မူလကိုယ်ရဲ့ကံကြမ္မာက သူမနှင့်အပြည့်အဝဆိုင်သွားပြီဖြစ်တာကြောင့် ဦးနှောက်ကိုအလုပ်ပေးနေမိသည်။
သူမမျက်လုံးတွေဖွင့်ပြီး နာရီကိုလိုက်ရှာလိုက်သည်။ အချိန်က ညနေတစ်နာရီ။ Misaki အောက်ထပ်ကိုပြေးဆင်းလာလိုက်သည်။ Jessicaအပါအဝင် မူလကိုယ်၏အဖိုးနှင့် အဖွားက သတင်းနားထောင်နေဟန်ရှိ၏။
Misaki screen မှတစ်ဆင့် ကျောင်းအုပ်ကိုမြင်နေရသည်။ သူ့၏နွမ်းလျသော မျက်လုံးတို့တွင် မုန်းတီးမှုတို့မှာ အထင်းသားပေါ်လွင်နေသည်။ ခပ်ဩဩအသံက သူ့အားစစ်မေးနေကာ သည်ကမ္ဘာတွင် ထိုကဲ့သို့သော ထုတ်လွှင့်မှုများသည် ခွင့်ပြုထားလေ၏။ ရည်ရွယ်ချက်မှာ တရားမျှတမှုအားမြင်သာထင်သာရှိစေရန်ဖြစ်သည်။
ထို့နောက်တွင်တော့ သတင်းတင်ဆက်သူ၏နားထောင်ချင်စဖွယ် အသံသည်ပျံ့လွင့်လာသည်။ အများစုမှာ ကျောင်းအုပ်သည် စိတ်ဖောက်ပြားနေသဖြင့် ထိုကဲ့သို့ပြုလုပ်ခြင်းဖြစ်ကြောင့် ညွှန်ပြနေကြသည်။ Misaki ထိုလုပ်ကြံသတင်းကြောင့် နှာခေါင်ရှုံ့မိသည်။
"ဘယ်လို အခြေအမြစ်မရှိတာလဲ" Mommy Jes ၏အသံထွက်လာပြီးနောက် ရုပ်သံလိုင်းပြောင်းသွားလေ၏။
သူမက Misaki ကိုသတိထားမိသွားပြီး စကားပြောရန် စာဖတ်ခန်းအတွင်းသို့ ဆွဲခေါ်လာလေသည်။
"သမီးအမြင်မှာရော ဘယ်လိုထင်လဲ ကျောင်းအုပ်ကတကယ်ပဲ အဲ့လိုလူလား"
"မေမေ သိပြီးသားပဲ ဘယ်လိုအေဖြကြားချင်လို့လဲ" Jessica မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး သူမ၏အဖိုးတန်လေးကိုစူးစိုက်ကြည့်မိသည်။ သည်ကလေး ပြောရဆိုရပိုခက်လာတယ်။
"ကျောင်းအုပ်ကတစ်ခုခုကို ချုပ်ကိုင်ချင်နေတာ သူရဲ့ရယ်ရွယ်ချက်အမှန်ကို မေမေလည်းမသိဘူး ပထမဆုံးကလေးအသတ်ခံရတာကမတော်တဆပဲ အဲ့နောက်ပိုင်းမှာတော့ ကျောင်းအုပ်ကကိုယ့်ကိုကိုယ်တွန်းအားပေးပြီး ကျောင်းရဲ့ထိပ်ဆုံးကျောင်းသားတွေကို ချုပ်နှောင်ထားလိုက်တယ် ဘယ်သူကထင်မှာလဲ အဲ့ကလေးတွေက ထွက်ပြေးပြီး သူ့အကြံအစည်တွေကိုဖျက်ဆီးလိမ့်မယ်လို့ နောက်ဆုံးအသတ်ခံရတဲ့နှစ်ယောက်ကလည်း မတတ်သာတဲ့အဆုံး သတ်လိုက်ရတဲ့ပုံစံပဲ" Misaki Mommy Jes အတွက် စိတ်ထဲမှလက်ခုတ်တီးပေးလိုက်သည်။ တကယ်တော်တာပဲ။
Jessica ကစကားကိုဆက်မပြောသေးဘဲ စဉ်းစားနေ၏။ အတန်ကြာမှ
"ဒါပေမယ့် ဘာလို့အဲ့လိုလုပ်တာလဲ စိတ္တဇတော့မဖြစ်နိုင်ဘူး ဟိုမိသားစုကရော ဘာကိုအတင်းဖုံးကွယ်ချင်နေတာလဲ"
Misakiရဲ့နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
"အပေးအယူတစ်ခုလုပ်ကြမလား"
Jessica သူမ့အဖိုးတန်လေး၏စကားကြောင့် တွေးနေရာမှအသိဝင်လာသည်။ ဘာလို့ ငါ့ကလေးလေးက အရမ်းထူးဆန်းနေတယ်လို့ ခံစားနေရတာလဲ။
ထို့နောက်တွင်တော့ အခန်းထဲတွင် Misaki ၏အသံသဲ့သဲ့သာ ထွက်ပေါ်လာသည်။
"ကျောင်းက သိတဲ့အတိုင်း တစ်ခုခုချို့ယွင်းနေတဲ့ကျောင်းသား တွေအတွက် ရည်ရွယ်ပြီးဖွင့်ထားတာ ပြသနာကကျောင်းအုပ်နဲ့မဆိုင်ဘူး သူကခေါင်းခံဖြေရှင်းပေးချင်နေတာ သူ့ကလေးတွေထူးချွန်လာတာကိုကြည့်တိုင်း ဒီထက်ပိုချို့ယွင်းတဲ့ကလေးတွေအတွက် အခွင့်အရေးပိုရှာပေးချင်ခဲ့တယ် မြို့တော်ရဲ့အိမ်တော်သုံးခုကို ဒီကိစ္စဆွေးနွေးခဲ့ပေမယ့် လူချမ်းသာတွေမှာအခြားစီမံကိန်းတွေရှိနေတာကြောင့် ဒီကလေးတွေအတွက် သူတို့ရဲ့ပိုက်ဆံကို အသုံးမပြုချင်ကြဘူး အဲ့တာကြောင့် စာတော်တဲ့ကလေးတွေနဲ့မျှားပြီး အစိုးရအာရုံစိုက်လာအောင် စီစဉ်ထားတာ"
Misaki ဖန်ခွက်ထဲမှရေကို ကုန်စင်အောင်သောက်လိုက်ပြီးမှ စကားပြန်ဆက်လေသည်။
"ကံမကောင်းချင်တော့ သူ့အစီအစဉ်တွေစပင်မစရသေးခင်အခုဖမ်းမိသွားပြီ မိသားစုကြီးတွေ အထူးသဖြင့် Daniel ရဲ့အဖိုး သူအုပ်ချုပ်တဲ့နယ်မြေမှာ ဒီလိုကိစ္စဖြစ်သွားတယ်ဆိုတာ မပြန့်ကြားစေချင်တာကြောင့် အခုစစ်ဆေးရေးခန်းထဲမှာပဲ အပြီးသတ်နှုတ်ပိတ်ချင်နေတာဖြစ်မယ် မဟုတ်ရင် သူ့မြေးကိုရော Oliver နဲ့ Jason ကိုရော ထိန်းသိမ်းထားတယ်ဆိုပြီး ကျောင်းအုပ်နဲ့အတူအကျဉ်းချထားစရာမှမလိုတာ"
Misaki ၏ယုတ္တိဆန်လွန်းသော စကားများကြောင့် Jessica အမှန်ပင် အံ့ဩမိသွားသည်။ သူမပင်မချိတ်ဆက်နိုင်သည့် ပဟေဠိများကို လွယ်လွယ်ကူကူဖြေရှင်းသွားနိုင်သည်။ အမှန်က Oliver တို့သုံးယောက်ကို ထိန်းသိမ်းထားသည့်အကြောင်းကို သူမသိထားပြီးသားပင်။ ဒါပေမယ့် ဒီကလေးကရော ဘယ်လိုလုပ်ပြီးအကုန်သိနေတာလဲ။
ေလႏုေအးက Misaki ၏နီရဲေနေသာ နား႐ြက္အဖ်ားေလးအေပၚကေန ျဖတ္ေျပးသြားသည္။ မ်က္စိတစ္ဆုံးေရျပင္က်ယ္ကို ၾကည့္ေနရင္း သက္ျပင္းသဲ့သဲ့ခ်မိသည္။ ဒီေန႔တစ္ရက္အတြင္း အျဖစ္အပ်က္ေတြမ်ားလြန္းလို႔ သူမဦးေႏွာက္က သိပ္ပင္အလုပ္မလုပ္ခ်င္ေတာ့ဘူး။
သူ႔ေဘးနားတြင္ ရပ္ကာ အိပ္မႈန္စုံမႊားျဖစ္ေနသည့္အမ်ိဳးသမီးေလးကို Daniel ေစာင္းငဲ့ၾကည့္မိသည္။ သူမ၏ဝဲက်ေနေသာ ဆံပင္တိုတိုတို႔အား နား႐ြက္ေနာက္သို႔သပ္တင္ေပးလိုက္သည္။ ပုခုံးအထက္တြင္ မညီမညာျဖစ္ေနေသာ ဆံပင္တိုေလးေတြကအစ ခ်စ္ဖို႔ေကာင္းလြန္းေန၏။
"ျပန္ၾကမယ္ ဒီေနရာကေအးတယ္" ေၾကာင္ျဖဴေလးကေတာ့ သူ႔သခင္ေပၚမွာ ဇိမ္က်ေနၿပီ။ အျပန္လမ္းတစ္ေလွ်ာက္လုံး Misaki အေတြးမ်ားေနသည္။ သူမေနာက္ေက်ာက ႏွလုံးခုန္သံသဲ့သဲ့ႏွင့္ လုံၿခဳံတဲ့အေႏြးဓာတ္တစ္ခုသာ ေခါင္းနားတြင္ဝဲလည္ေနေတာ့၏။
အနက္ေရာင္ဆိုင္ကယ္ေလးသည္ ႀကီးမားလြန္းေသာ စံအိမ္ထဲသို႔ခ်ိဳးဝင္သြားသည္။ ထိုစံအိမ္အေရွ႕တြင္ေတာ့ Mommy Jes က သူမတို႔ကိုေစာင့္ေနဟန္ရွိ၏။
ဆိုင္ကယ္ေပၚမွဆင္းလိုက္သည္ႏွင့္ သူမသည္ Jessica ၏ရင္ခြင္ထဲသို႔ ဆြဲသြင္းခံလိုက္ရျပန္သည္။ ရင္ခြင္ထဲကေၾကာင္ျဖဴေလးကေတာ့ သူအားဖိမိသြား၍ထင္။ အသံသဲ့သဲ့သာျပဳၿပီး ျပန္အိပ္သြားေလ၏။
"Daniel မင္းဆုံးျဖတ္ၿပီးၿပီလား" Mommy Jes ၏ပူေဆြးေသာအသံသည္ ထြက္ေပၚလာ၏။
"ကြၽန္ေတာ္ အဆင္ေျပတယ္" တည္တံ့ေသာအၾကည့္တို႔ႏွင့္ ျပန္ေျဖေလသည္။
"ကိုယ္ ျပန္လာေခၚမယ္" Misaki၏ေခါင္းကို ဖြဖြပုတ္လိုက္ရင္း ခပ္တိုးတိုးဆိုေလသည္။
"ဘယ္ေတာ့လဲ"
သူမ၏အေမးေၾကာင့္ Jessica ႏွင့္ Daniel တို႔မ်က္လုံးခ်င္းဆုံသြားသည္။ သူတို႔ငါ့ကို တစ္ခုခုဖုံးကြယ္ထားသလို ခံစားရတယ္။
Jessica တစ္ခုခုေျပာဖို႔ျပင္လိုက္ေပမယ့္ Daniel ကသူမထက္အရင္ ေျဖလိုက္၏။
"ႏွစ္ရက္ ေနာက္ႏွစ္ရက္ေနရင္ေပါ့" ယုံလို႔ရလားဆိုသည့္ အၾကည့္ျဖင့္ Daniel ကိုၾကည့္လိုက္သည္။ ထိုသူက ေခါင္းတစ္ခ်က္ညိတ္ျပၿပီး အနက္ေရာင္ဆိုင္ကယ္သည္လည္း မ်က္စိေရွ႕မွ အလွ်င္အျမန္ေပ်ာက္ကြယ္သြား၏။
"Oliver ေရာ?"
"အိမ္ထဲအရင္ဝင္ပါဦး စကားမ်ားလိုက္တာ"
Misaki Jessica၏တိုက္တြန္းမႈေၾကာင့္ မူလကိုယ္၏အခန္းတြင္ျပန္ကာ အနားယူေနလိုက္သည္။ ေရွ႕ဆက္ၿပီး မူလကိုယ္ရဲ႕ကံၾကမၼာက သူမႏွင့္အျပည့္အဝဆိုင္သြားၿပီျဖစ္တာေၾကာင့္ ဦးေႏွာက္ကိုအလုပ္ေပးေနမိသည္။
သူမမ်က္လုံးေတြဖြင့္ၿပီး နာရီကိုလိုက္ရွာလိုက္သည္။ အခ်ိန္က ညေနတစ္နာရီ။ Misaki ေအာက္ထပ္ကိုေျပးဆင္းလာလိုက္သည္။ Jessicaအပါအဝင္ မူလကိုယ္၏အဖိုးႏွင့္ အဖြားက သတင္းနားေထာင္ေနဟန္ရွိ၏။
Misaki screen မွတစ္ဆင့္ ေက်ာင္းအုပ္ကိုျမင္ေနရသည္။ သူ႔၏ႏြမ္းလ်ေသာ မ်က္လုံးတို႔တြင္ မုန္းတီးမႈတို႔မွာ အထင္းသားေပၚလြင္ေနသည္။ ခပ္ဩဩအသံက သူ႔အားစစ္ေမးေနကာ သည္ကမာၻတြင္ ထိုကဲ့သို႔ေသာ ထုတ္လႊင့္မႈမ်ားသည္ ခြင့္ျပဳထားေလ၏။ ရည္႐ြယ္ခ်က္မွာ တရားမွ်တမႈအားျမင္သာထင္သာရွိေစရန္ျဖစ္သည္။
ထို႔ေနာက္တြင္ေတာ့ သတင္းတင္ဆက္သူ၏နားေထာင္ခ်င္စဖြယ္ အသံသည္ပ်ံ႕လြင့္လာသည္။ အမ်ားစုမွာ ေက်ာင္းအုပ္သည္ စိတ္ေဖာက္ျပားေနသျဖင့္ ထိုကဲ့သို႔ျပဳလုပ္ျခင္းျဖစ္ေၾကာင့္ ၫႊန္ျပေနၾကသည္။ Misaki ထိုလုပ္ႀကံသတင္းေၾကာင့္ ႏွာေခါင္ရႈံ႕မိသည္။
"ဘယ္လို အေျခအျမစ္မရွိတာလဲ" Mommy Jes ၏အသံထြက္လာၿပီးေနာက္ ႐ုပ္သံလိုင္းေျပာင္းသြားေလ၏။
သူမက Misaki ကိုသတိထားမိသြားၿပီး စကားေျပာရန္ စာဖတ္ခန္းအတြင္းသို႔ ဆြဲေခၚလာေလသည္။
"သမီးအျမင္မွာေရာ ဘယ္လိုထင္လဲ ေက်ာင္းအုပ္ကတကယ္ပဲ အဲ့လိုလူလား"
"ေမေမ သိၿပီးသားပဲ ဘယ္လိုအေျဖၾကားခ်င္လို႔လဲ" Jessica မ်က္ခုံးတစ္ခ်က္ပင့္လိုက္ၿပီး သူမ၏အဖိုးတန္ေလးကိုစူးစိုက္ၾကည့္မိသည္။ သည္ကေလး ေျပာရဆိုရပိုခက္လာတယ္။
"ေက်ာင္းအုပ္ကတစ္ခုခုကို ခ်ဳပ္ကိုင္ခ်င္ေနတာ သူရဲ႕ရယ္႐ြယ္ခ်က္အမွန္ကို ေမေမလည္းမသိဘူး ပထမဆုံးကေလးအသတ္ခံရတာကမေတာ္တဆပဲ အဲ့ေနာက္ပိုင္းမွာေတာ့ ေက်ာင္းအုပ္ကကိုယ့္ကိုကိုယ္တြန္းအားေပးၿပီး ေက်ာင္းရဲ႕ထိပ္ဆုံးေက်ာင္းသားေတြကို ခ်ဳပ္ေႏွာင္ထားလိုက္တယ္ ဘယ္သူကထင္မွာလဲ အဲ့ကေလးေတြက ထြက္ေျပးၿပီး သူ႔အႀကံအစည္ေတြကိုဖ်က္ဆီးလိမ့္မယ္လို႔ ေနာက္ဆုံးအသတ္ခံရတဲ့ႏွစ္ေယာက္ကလည္း မတတ္သာတဲ့အဆုံး သတ္လိုက္ရတဲ့ပုံစံပဲ" Misaki Mommy Jes အတြက္ စိတ္ထဲမွလက္ခုတ္တီးေပးလိုက္သည္။ တကယ္ေတာ္တာပဲ။
Jessica ကစကားကိုဆက္မေျပာေသးဘဲ စဥ္းစားေန၏။ အတန္ၾကာမွ
"ဒါေပမယ့္ ဘာလို႔အဲ့လိုလုပ္တာလဲ စိတၱဇေတာ့မျဖစ္ႏိုင္ဘူး ဟိုမိသားစုကေရာ ဘာကိုအတင္းဖုံးကြယ္ခ်င္ေနတာလဲ"
Misakiရဲ႕ႏႈတ္ခမ္းထက္တြင္ အၿပဳံးတစ္ခု ျဖစ္ေပၚလာသည္။
"အေပးအယူတစ္ခုလုပ္ၾကမလား"
Jessica သူမ့အဖိုးတန္ေလး၏စကားေၾကာင့္ ေတြးေနရာမွအသိဝင္လာသည္။ ဘာလို႔ ငါ့ကေလးေလးက အရမ္းထူးဆန္းေနတယ္လို႔ ခံစားေနရတာလဲ။
ထို႔ေနာက္တြင္ေတာ့ အခန္းထဲတြင္ Misaki ၏အသံသဲ့သဲ့သာ ထြက္ေပၚလာသည္။
"ေက်ာင္းက သိတဲ့အတိုင္း တစ္ခုခုခ်ိဳ႕ယြင္းေနတဲ့ေက်ာင္းသား ေတြအတြက္ ရည္႐ြယ္ၿပီးဖြင့္ထားတာ ျပသနာကေက်ာင္းအုပ္နဲ႔မဆိုင္ဘူး သူကေခါင္းခံေျဖရွင္းေပးခ်င္ေနတာ သူ႔ကေလးေတြထူးခြၽန္လာတာကိုၾကည့္တိုင္း ဒီထက္ပိုခ်ိဳ႕ယြင္းတဲ့ကေလးေတြအတြက္ အခြင့္အေရးပိုရွာေပးခ်င္ခဲ့တယ္ ၿမိဳ႕ေတာ္ရဲ႕အိမ္ေတာ္သုံးခုကို ဒီကိစၥေဆြးေႏြးခဲ့ေပမယ့္ လူခ်မ္းသာေတြမွာအျခားစီမံကိန္းေတြရွိေနတာေၾကာင့္ ဒီကေလးေတြအတြက္ သူတို႔ရဲ႕ပိုက္ဆံကို အသုံးမျပဳခ်င္ၾကဘူး အဲ့တာေၾကာင့္ စာေတာ္တဲ့ကေလးေတြနဲ႔မွ်ားၿပီး အစိုးရအာ႐ုံစိုက္လာေအာင္ စီစဥ္ထားတာ"
Misaki ဖန္ခြက္ထဲမွေရကို ကုန္စင္ေအာင္ေသာက္လိုက္ၿပီးမွ စကားျပန္ဆက္ေလသည္။
"ကံမေကာင္းခ်င္ေတာ့ သူ႔အစီအစဥ္ေတြစပင္မစရေသးခင္အခုဖမ္းမိသြားၿပီ မိသားစုႀကီးေတြ အထူးသျဖင့္ Daniel ရဲ႕အဖိုး သူအုပ္ခ်ဳပ္တဲ့နယ္ေျမမွာ ဒီလိုကိစၥျဖစ္သြားတယ္ဆိုတာ မျပန႔္ၾကားေစခ်င္တာေၾကာင့္ အခုစစ္ေဆးေရးခန္းထဲမွာပဲ အၿပီးသတ္ႏႈတ္ပိတ္ခ်င္ေနတာျဖစ္မယ္ မဟုတ္ရင္ သူ႔ေျမးကိုေရာ Oliver နဲ႔ Jason ကိုေရာ ထိန္းသိမ္းထားတယ္ဆိုၿပီး ေက်ာင္းအုပ္နဲ႔အတူအက်ဥ္းခ်ထားစရာမွမလိုတာ"
Misaki ၏ယုတၱိဆန္လြန္းေသာ စကားမ်ားေၾကာင့္ Jessica အမွန္ပင္ အံ့ဩမိသြားသည္။ သူမပင္မခ်ိတ္ဆက္ႏိုင္သည့္ ပေဟဠိမ်ားကို လြယ္လြယ္ကူကူေျဖရွင္းသြားႏိုင္သည္။ အမွန္က Oliver တို႔သုံးေယာက္ကို ထိန္းသိမ္းထားသည့္အေၾကာင္းကို သူမသိထားၿပီးသားပင္။ ဒါေပမယ့္ ဒီကေလးကေရာ ဘယ္လိုလုပ္ၿပီးအကုန္သိေနတာလဲ။