ထာဝရသူငယ်ချင်း (B.F.F) (Z+U){...

由 KhinwaddyKhaing

57.2K 4.5K 276

* အနီးဆုံးမှာရှိနေလျက်နဲ့ ငါတို့ဝေးနေတာ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းတွေဖြစ်နေလို့... * တစ်ယောက်ရဲ့ ခံစားချက... 更多

Introduction
1:lovely friend
2:စတင်ခြင်း
3:ချည်
4: မင်းမှမင်း
5: မင်းအတွက်ဆိုရင်
6:လူရှုပ်ကလေး
8: သုံးယောက်
9: အသစ်
10:Love and Friend
11: Love story
12: Missing boy
13: Silence
14: ဥပေက္ခာ
15: Near and far
16: Trip (1)
17: Trip (2)
18: နိဂုံး၏အစ
19: Love💘
20: No!!
21:Venus(The god of the love❣)
22:Love is Life👨‍❤️‍💋‍👨
23:အချစ်မီး🔥
24:Forwards (OR) Backwards??
25:Love-target🎎(ဇာတ်သိမ်းပိုင်း)

7: အတူတူဆိုရင်

1.6K 176 18
由 KhinwaddyKhaing

(Unicode)

"သူပြောတဲ့...BFF..ဒီစကားမှာ စည်းအထပ်ထပ်...တားထားတာ သိလျက်ပျက်...ချစ်လာပြီ..ငါတစ်ဖတ်သတ်...စိတ်ကူးနဲ့..ငါတစ်ရက်ရက်...ပြောလိုက်မယ်..ဘာမှမထည့်တွက်ပဲ.......

"ကိုကိုရေ!..ကိုကို.....ရေမြန်မြန်ချိုး...အောက်မှာ..ကိုသွေးရောက်နေပြီ.....မေမေခေါ်ခိုင်းလိုက်လို့....."

ရေချိုး ခန်းတွင် လွှမ်းပိုင်နှင့် နီနီခင်ဇော် သီချင်းညည်း နေရင်း ညီမလေးအသံကြား၍ သီချင်းရပ်လိုက်ကာ
"အေးအေး...ပြီးပြီ....သွေးသစ်အတွက်...coffee တစ်ခွက်ဖျော်ထားလိုက်....မခါးစေနဲ့နော်...သကြားလျော့ထည့်...နို့ဆီများများထည့်. .....ကြားလား.."

သူကလေးက အခါးကြောက်သည်၊ သကြားလည်းသိပ်မထည့် နို့ဆီပါသော coffee ဆိမ့်ဆိမ့်လေးသာ သောက်တတ်သည်ကို အချိန် ကြာလာသည်နှင့် ကျွန်တော်သိလာရသည်။

"ဟုတ်ကဲ့......" ဟုပြောကာ ညီမလေး ဆင်းသွားလေသည်။

တော်ပါသေးရဲ့... ကျွန်​တော်ဆိုနေသော သီချင်းကို..ဒီကောင်မလေး..ကြားများကြားသွားသေးလား...ဟူ၍ သက်ပြင်းတစ်ချက်ချမိသည်။

သူကလေး စောင့်နေသည် ဆိုသော အသိက ကျွန်တော့်ကို လှုံ့ဆော်သောကြောင့် မြန်မြန် ပင် အဝတ်အစားလဲ၍ Physics စာအုပ် တစ်ချို့နှင့်အတူ ဆင်းလာခဲ့တော့သည်။

ယခုဆိုလျှင် သူကလေးနှင့်ကျွန်တော်သည် ကျောင်းစာအတူကျက်၊ အတူတွက်ကာ အတူတူပင် နေ့တိုင်းနီးပါး ရှိနေတတ်သည်။
သူကလေးက စာတော်သည်။ သူမတူအောင် ရည်းစားများလှသော်လည်း မည်သူ့အကြောင်းကိုမျှ စကားထဲပင် ထည့်မပြော။ အပျော်သဘောဖြင့်သာ တွဲကြောင်းဖြစ်ပြီး စိတ်ထဲတွင် နှစ်နှစ်ကာကာမရှိကြောင်းကိုလည်း ကျွန်တော် တဖြည်းဖြည်း သိလာရသည်။

သူလေး ခုလို ဆိုးပေချင်ယောင်ဆောင်နေရသည့်အကြောင်းရင်းမှာလည်း ၁၀နှစ်သာသာ မိဘသွန်သင်ပေးမှုအောက်တွင်ရှိနေ ရမည့်ကလေးတစ်ယောက်သည် မိဘများ၏ ပဋိပက္ခ များကြားတွင် မြေဇာပင် ဖြစ်ခဲ့ရသောကြောင့်ပင် ဖြစ်သည်။

သားအကြီးဖြစ်သူနှင့်အိမ်ခွဲ နေနေသော မိခင်ဖြစ်သူက တစ်ခါတစ်ရံမျှပင်လျှင် သူကလေးဆီရောက်မလာတတ်။ ဖုန်း​ဖြင့်သာ အဆက်အသွယ်ရှိသည်။ဖခင်ဖြစ်သူကလည်း အလုပ်များသောသူဖြစ်၍ အတူတူရှိချိန်မှာ ရှားပါးလွန်းလှသည်။ တစ်ဦးတည်း အထီးကျန် နေသော သူကလေးကလည်း ကိုယ်တိုင်အပျော်ရှာလိုက် ခြင်းဖြစ်သည် ဟုကျွန်တော် နားလည်လိုက်ရသည်။

သနားစဖွယ် သူ့ဘဝကလေး အတွက် ကျွန်တော်အပြစ်မတင်ရက်တော့ပေ။

&&&&&&&&&&&&

"ကိုလင်း....ပြောလိုက်တာလား...ကျွန်တော့်အကြိုက် coffeeကို...."
အောက်ထပ်ရှိ စာကြည့်ခန်းထဲတွင် အရံသင့်စောင့်နေသော သွေးသစ်က အပေါ်ထပ်မှ ဆင်းကာ စာကြည့်ခန်းသို့ ဝင်လာသော ကျွန်တော့်အား ပြောလိုက်ခြင်းဖြစ်သည်။

"အင်း......."

ယခုချိန်ထိပင် သူ့အား စိတ်ကူးထဲတွင်သာ စကားပေါင်းများစွာ ဖောင်ဖွဲ့အောင် ပြောနေမိလည်း တကယ်တမ်း လက်တွေ့တွင်တော့ စကားစများက ရှာဖွေရန် ခက်ခဲနေသေးသည်။

"ကိုလင်းက....physics ကိုဘာလို့ကြောက်တာလဲ...ဒီလောက်ရှင်းရှင်းလေးကို....ကျွန်တော်ကတော့ ဘာသာတွေထဲမှာ.. physics. ကိုအကြိုက်ဆုံးပဲ.... ကိုလင်းရော...ဘယ်ဘာသာ အကြိုက်ဆုံးလဲ....."

ခက်ပြီ။ ကျောင်းစာကလွဲလျှင် အကုန်ထူးချွန်သော ကျွန်တော့်အား ဘယ်ဘာသာအကြိုက်ဆုံးလဲ တဲ့ လွယ်လွယ်ကူကူပင် ပြောလိုက်သည်က
"မြန်မာစာ......"
"ကိုလင်းက...မြန်မာစာမှာတော်တာလား.....ဒါဆိုကျွန်တော်ကိုလည်းသင်ပေးဦးလေ.....ကျွန်တော်ကကျန်တဲ့ဘာသာတွေ..ပြမေးမယ်...လေ.."

သူကလေးက ကျွန်တော်မရသော ဘာသာတိုင်းလိုလိုကို သင်ပြပေးသည်။ ယခင်က ဂိမ်းဆိုင်နှင့် လက်ဖက်ရည်ဆိုင်တွင်သာ အချိန်ကုန်နေတတ်သော ကျွန်တော်က ယခုဆိုလျှင် သူကလေးနှင့် အတူရှိနေရသည် ဟူသောစိတ်တစ်ခုတည်းနှင့်ပင် စာလုပ်ချင်စိတ်များ ပေါ်ပေါက်လာရသည်။

ဖေဖေကတော့ ကျွန်တော့်အချိုးများ ပြောင်းလဲသွားသည်ကို ကျေနပ်နေမိသည်မှာ အမှန်ပင်၊ ဒီကိုပြောင်းလာတာ မှန်သွားပြီ ဟုလည်း မေမေ့ကိုခဏခဏပြောသည် ဟု ကျွန်တော်သိရသည်။

အတွေးနယ်ထဲ ကျွန်တော် လွင့်မြောနေသောကြောင့်
" ကိုလင်း....ကျွန်တော်ပြောတာ..တစ်ခုခုပြန်ပြောဦးလေ......"

ကျွန်တော် အနည်းငယ် အားနာသွားမိကာ
"ငါ မြန်မာစာတော်တယ်လို့...မပြောပါဘူး...
အကြိုက်ဆုံးလို့ပြောတာပါ....ကျန်တဲ့ ဘာသာတွေက eng လိုတွေဆိုတော့....ဗမာလိုပဲကြိုက်တာပေါ့..."

ကျွန်တော့် စကားကို သူကလေး သဘောကျသွားကာ သွားတက်ကလေးများပေါ်အောင်ပင် ရယ်မိလေသည်။ ရယ်လိုက်တိုင်း ပေါ်လာတတ်သော သွားဖြူဖြူလေးများ နှင့် မှေးသွားသော မျက်လုံးကလေးများက ကျွန်တော့် အတွက်တော့ ဆွဲငင်အား တစ်ခုနှယ်၊ အနီးကပ်ကြည့်လျှင် ပန်းသွေးရောင် သမ်းနေသော ပါးပြင်ကလေးတွေက ကျွန်တော့်စိတ်အား တမင်ဆွနေသည်နှယ်

"ကိုလင်း...ဘာကြည့်နေတာလဲ....ကျွန်တော့်မျက်နှာမှာ..တစ်ခုခုပေနေလို့လား......" ဟူ၍ သူ့မျက်နှာသူ လက်ကလေးနှင့် ပွတ်လေသည်။

သူခိုးလူမိလို့တော့ မဖြစ်ဘူးလေ။ ဒါကြောင့် ကျွန်တော် အနည်းငယ် အချိုးမပြေစွာပင် ပြောလိုက်မိသည်က

"မဟုတ်ပါဘူး....မင်း..ရယ်တာက.. ငါ့ကိုလှောင်နေသလိုပဲ....."
" sorry....sorry...ကိုလင်း....ကျွန်တော်..မရယ်တော့ဘူး...စာဆက်လုပ်ရအောင်...နော်.." ဟူ၍ ကျွန်တော့်အား ပုစ္ဆာများနှင့် တွက်ပုံတွက်နည်းများ ကို တစ်ဆင့်ချင်းရှင်းပြလေသည်။

သွေးသစ်ရယ် မင်းလေးက ငါ့အတွက်အပျင်းဆုံးအလုပ်တွေကို တောင်မှ ပျော်ရွှင်တက်ကြွလာအောင် လှုံ့ဆော်ပေးနိုင်တဲ့ တစ်ခုတည်းသော ဆေးတစ်လက်ပါပဲကွာ........

&&&&&&&&&&&&&&&&&&&&&&&&

တိမ်သားတိမ်လိပ်တွေက အလုံးအရင်းနှင့်ပင် ချီတက်လာလေပြီ။ မိုးကြိုးနတ်သမီးနှင့် လေနတ်သားတို့ကလည်း ကောင်းကင်တွင် ခွန်အားချင်းပြိုင်နေပေပြီ။ မကြာမီပင် မိုးရေစက်ကလေးများက တွဲလျက်ခို၍ မောင်းတင်ကာ မြေပြင်ပေါ် သို့သက်ဆင်းကျတော့မည်မှာလည်း မလွဲပေ။

"ကိုလင်း...မိုးရွာတော့မယ်ထင်တယ်နော်....."
"အင်း...."
"ဘယ်လိုလုပ်မလဲ...ကိုလင်း....ဒုက္ခပါပဲ.. မိုးကလည်း...ကျောင်းဆင်းရင်..အမြဲရွာတယ်....."

သူကလေးက မိုးရွာတော့မည်ကို စိုးရိမ်တကြီးနှင့် ကျွန်တော့်အား ပြောနေပေမယ့် ကျွန်တော့်မှာတော့ ရှေ့တွင် စာသင်နေသော ဆရာမကိုကြည့်၍ သူ့အတွက် စိတ်ပူနေရသည်။
"သွေးသစ်...ဆရာမ..ကြည့်နေတယ်...."
".........."

​သူ့ကိုသာ ပြောလိုက်ရသော်လည်း ကျွန်တော်ကိုယ်တိုင်လည်း စာတွင်စိတ်မပါ။ယခု Chemistry ချိန်သည် ပြီးလျှင် ကျောင်းဆင်းတော့မည်။ ကျောင်းဆင်းလျှင် မိုးရွာမည့်အရေး ကိုစဥ်းစားကာ ရင်လေးနေမိသည်မှာ အမှန်ပင် ဖြစ်သည်။

ခဏအကြာတွင်
"ကိုလင်း...မိုးကဘာလို့ဒီနေ့မှ..ရွာရတာလဲ..မသိဘူးနော်...မနက်ကစက်ဘီးမပါပါဘူးဆိုမှ...စက်ဘီးပါရင်တော့ကောင်းသား...မြန်မြန်နင်းရင်...အိမ်ကိုမြန်မြန်ရောက်နိုင်တယ်.....နော်..." ဟူ၍ ခပ်တိုးတိုးပြောပြန်သည်။

မှန်ပါသည်။ မနက်က ကျွန်တော်တို့နှစ်ယောက်လုံး စက်ဘီးနှင့်လာသည်မဟုတ်။
သွေးသစ်ဖေဖေ 'ဦးမင်းသစ်စ' က အလုပ်သွားရင်း လမ်းကြုံသည်ဆိုကာ ကားနှင့်လိုက်ပို့မည်ဟုပြောသည်။ ကျွန်တော်က အားနာ၍မလိုက်ချင်ဘူး ဟုငြင်းသော်လည်း သွေးသစ်က တစ်နှစ်နေမှ တစ်ခါလောက် သာ သူ့ဖေဖေလိုက်ပို့သည်ကို ပျော်ရွှင်နေပြီး ကျွန်တော့်ကိုလည်း သူနှင့်အတူတူလိုက်စေချင်သည်ဟု ပြော၍ မငြင်းသာပဲ လိုက်ပါခဲ့ရသည်။

"အယ်...!!...အဲ့ဒါမှ..ဒုက္ခပဲ...ကိုလင်း....ကျွန်တော်တို့နှစ်ယောက် လုံး...ဒီနေ့ထီးမပါဘူးလေ......"

"ဟိုဘေးထောင့်က....သွေးသစ်စ....ထပါဦး!!.."

ဒီတစ်ကြိမ်တွင်တော့ ကျွန်တော်တားချိန်ပင် မရလိုက် ။မိုးကလည်းရွာသွန်းနေ၍ မိုးသံကြောင့်ရော၊
Chemistry ဆရာမသည် စာသင်ချိန်တွင် အာရုံမစိုက်ပဲ စကားများပါက ဒေါသကြီးပြီး အရိုက်ကြမ်းသည်ဟု နာမည်ကြီးသောကြောင့်ရော ကျန်ကျောင်းသားများ အားလုံး တိတ်ဆိတ်နေသော အချိန်တွင်မှ သူ့အသံသည်လည်း အနည်းငယ်ကျယ်သွားသောကြောင့်ဖြစ်သည်။

ကာယကံရှင် ထက်ပင် ခေါင်းနပန်းကြီးသွားရသည်က ကျွန်တော် ပင်။ သူ့ကိုကြည့်မိတော့လည်း စောစောက တက်တက်ကြွကြွ စကားများပြောနေသော မျက်နှာနှင့်မတူတော့ မျက်နှာတစ်ခုလုံး သွေးမရှိတော့သလို ဖြစ်သွားသည်ကို သတိထားမိလိုက်သည်။

နောက်တန်းတွင်ထိုင်သော ကျော်ကြီးကလည်း
"သေပြီ..သွေးသစ်ရေ....ဒီဆရာမတင်ပါးကိုရိုက်တာ...ငါတစ်ခါခံဖူးတယ်...အိမ်ရောက်တော့...မထိုင်နိုင်ဘူး..ဟေ့ကောင်ရေ...ကွတတဖြစ်နေတာ....."
ဟူ၍အပေါင်းအပါ တစုကို အတွေ့အကြုံ ဝေမျှ နေလေသည်။

ကျွန်တော်ပို၍ စိတ်ပူသွားမိသည်က ကျော်ကြီးတို့လို လူကြမ်းကောင်တွေတောင် ဒီလောက်ဖြစ်ရင် သူလေးသာဆို ခွေလဲကျသွားနိုင်သည် ဟုစိတ်ထဲမှ တွေးမိသည်။

သူကလေး လက်ပိုက်ကာ ကြောက်ကြောက်လန့်လန့် တုန်တုန်ယင်ယင် ဖြင့် ထရပ်လိုက်တော့ ဆရာမက
"မင်း..ငါသင်တဲ့စာထဲမှာ..စိတ်မဝင်စားပဲ...စကား ပြောနေတယ်ပေါ့..ဟုတ်လား...."
"............."

သူ့ဆီမှ စကားမေးမရသောကြောင့် ဆရာမပို၍ဒေါသထွက်သွားဟန် တူသည်။
"ဖြေလေ!!!....ဘာပေကပ်ကပ်လုပ်နေတာလဲ....မကြားဖူးလား!!!..."

သူအတော်လေးကြောက်လန့်နေမည်မှာ သူ့မျက်နှာကိုမမြင်ရသော်လည်း ကျွန်တော်သိနေသည်။

ကျွန်တော်ဘာမျှ ဆက်မစဥ်းစားနိုင်တော့ပဲ ထရပ်လိုက်မိတော့
"မင်းကဘာထလုပ်တာလဲ......" ဟူ၍ ဆရာမ မေးလေသည်။

"စကားပြောတာ..သွေးသစ်...မဟုတ်ပါဘူး... ကျွန်တော်ပါ...ဆရာမ......"
"ဘယ်လို!!!..သွေးသစ်စ..မပြောဘူး...မင်းပြောတာဟုတ်လား....ငါအကုန်မြင်တယ်နော်...ဘယ်သူပြောလဲဆိုတာ....." ဟု ဆရာမက ကျွန်တော်မပြောသည်ကို သူသိသည် ဟူသော အကြည့်ဖြင့်လည်း ကြည့်သည်။

ကျောင်းသားအားလုံးကတော့ အမှန်ကိုသိပုံမရသော်လည်း အာရုံစိုက်ပြီး ကြည့်နေကြသည်။
"သွေးသစ်မပြောပါဘူး...ဆရာမ...သူ့မှာအပြစ်မရှိပါဘူး....ပြောတာ..ကျွန်တော်ပါ...ဆရာမ..အပြစ်ပေးမယ်ဆို....အပြစ်ရှိတဲ့...ကျွန်တော့်ကိုပဲ...ပေးပါ..ဆရာမ...."ဟူ၍ ပြတ်ပြတ်သားသားပင် ပြောလိုက်မိသည်။

"မင်းထွက်လာခဲ့......" ဟု ဆရာမပြော၍ မတ်တပ်ရပ်နေသော သွေးသစ်ပခုံးကို လက်တစ်ဖက်ဖြင့် နှိမ့်လိုက်ပြီး ထိုင်စေကာ ကျွန်တော် ထွက်သွားလိုက်သည်။

တစ်တန်းလုံးဝိုင်းကြည့်နေကြရာ
"ဖြန်း...ဖြန်း......" ဟူ၍ ကြိမ်သံ နှစ်သံ ထွက်ပြီး
သူ့ကိုလှမ်းကြည့်မိတော့ သူငိုနေသည်။ အသံမထွက်သော်လည်း ကျွန်တော့်ကိုကြည့်ကာ မျက်ရည်များ ပါးပြင်ပေါ် ကျဆင်းနေသည် ကိုတွေ့လိုက်သည်။

"ကလောင်...ကလောင်...ကလောင်..."
ကျောင်းဆင်းခေါင်းလောင်း တီးလျှင်တီးချင်းပင် ကျန်ကျောင်းသားများ အားလုံး ဆရာမကိုနှုတ်ဆက်နေကြသော်လည်း ကျွန်တော်အတန်းရှေ့တွင် သာရပ်နေဆဲ ဖြစ်ပြီး မျက်လုံးများကား သူ့ဆီမှာ။

တရုန်းရုန်း တဝုန်းဝုန်းဖြင့် ကျောင်းဆင်းနေကြပေပြီ။ ကျွန်တော်မလှုပ်မယှက် နေရာတွင်ပင် ရပ်နေကာ မျက်ဝန်းအိမ်မှ ကျနေသော မျက်ရည်များနှင့် ပြည့်နှက်နေသည့် သူ့မျက်နှာလေးကိုသာ အတန်ကြာငေးနေမိသည်။

ကျွန်တော် မည်မျှ သူ့ကိုငေးကြည့်နေမိသည်မသိ တစ်တန်းလုံးရှင်းလင်းသွားတော့မှ အသိဝင်ကာ နေရာသို့ လာခဲ့တော့ သူကကျွန်တော့်ကို လှမ်းဖက်လိုက်ပြီး ကျွန်တော့် ပခုံးပေါ်တွင် ငိုလေသည်။

ကျွန်တော်သူ့ပခုံးနှစ်ဖက်ကို ကိုင်၍ မျက်နှာကိုသေချာကြည့်ကာ 'အဆင်ပြေပါတယ် ' ဟူသော အပြုံးတစ်ချက် ပြုံးပြလိုက်ပြီး မျက်ရည်များ သုတ်ပေးလိုက်သည်။

နှစ်ယောက်လုံး အတန်းထဲမှ ထွက်လာတော့ တစ်ကျောင်းလုံးတွင် ကျောင်းသားများအတော်ရှင်းသွားသည်။ သို့ပေမယ့် ကျောင်းရှေ့တွင် မိန်းကလေးတစ်ဦး စောင့်နေ၍ သွေးသစ်ကို ကျွန်တော် မေးငေါ့ ပြလိုက်တော့ သူထွက်သွားသည်။

ခဏနေတော့ နှစ်ယောက်လုံး ကျွန်တော့်ဆီ ရောက်လာကြကာ သူကလေးက
"ကိုလင်း....အိမ့်မှူးကို... လွယ်အိတ်နဲ့ထမင်းချိုင့်တွေပေးလိုက်....."

သူရဲ့လွယ်အိတ်နဲ့ ထမင်းချိုင့်ကလည်း ထိုကောင်မလေး လက်ထဲမှာဖြစ်၍ ကြောင်အမ်းအမ်းဖြစ်နေစဥ် သူကပင် ကျွန်တော့် ထမင်းချိုင့်နဲ့ လွယ်အိတ်ကို အတင်းချွတ်ပေးလိုက်လေသည်။

ကောင်မလေးက ပြုံးပြကာ နှုတ်ဆက်ပြီး မိုးရွာနေ၍ ရှေ့တွင် ရပ်ထားသော ကားထဲသို့ ကမြန်းကတမ်းဝင်သွားလေသည်။

ကျွန်တော် နားမလည်သောဟန် ရှိ၍ သွေးသစ်က
"သူက..ကျွန်တော်ထီးရော..စက်ဘီးရော..မပါတာသိလို့..သူ့ကားနဲ့..လိုက်ခဲ့ဖို့..စောင့်ခေါ်တာ....."
" မင်း..ဘာလို့လိုက်မသွားတာလဲ....." ဟုမေးမိတော့

"မလိုက်ပါဘူး....ကျွန်တော်...ကိုလင်းကိုတစ်ယောက် တည်း..မထားခဲ့နိုင်ဘူး....အဲ့ဒါကြောင့် လွယ်အိတ်နဲ့ ထမင်းချိုင့်တွေ..ပေးလိုက်တာ...."
"ဒါဆို..မင်းဘယ်လိုပြန်မှာလဲ....." ဟုမေးတော့
"ကိုလင်းရော....ဘယ်လိုပြန်မှာလဲ..." ဟူ၍ပြန်မေးလေသည်။

သြော်..ဒီကလေးနှယ်
"မိုးရေထဲ..လမ်းလျှောက်ပြန်မှာပေါ့ဟ....."
"ကျွန်တော်လည်း....ကိုလင်းနဲ့ အတူတူပဲပေါ့...မိုးရေထဲ..လမ်းလျှောက်ပြန်မှာ...."
"............"
"ကိုလင်းတစ်ယောက်တည်း... အနစ်နာခံ တတ်တယ်ထင်နေတာလား...ကျွန်တော်လည်း..အနစ်နာခံပြီး....ကိုလင်းနဲ့အတူတူ...ပြန်မှာပေါ့....."

ကျွန်တော် စကားများ ဆွံအ သွားရသည်။ သူကလေးက ကျွန်တော့်ကို တစ်ယောက်တည်း မထားခဲ့နိုင် လို့ မိုးရေထဲတူတူပြန်မယ်တဲ့လား အိမ်မက်များ မက်နေသလား ထင်ရသည်။

ထိုနေ့က မိုးရွာ​နေသော အိမ်အပြန်လမ်းမှာ ကလေးတစ်ယောက်နှယ် မြူးတူးပျော်ပါးနေသော သူ့ကိုကြည့်ကာ ကျွန်တော်တွေးမိသည်က မင်းသာ ငါ့ဘေးမှာ အတူတူရှိ​နေရင် ငါဘာတစ်ခုကိုမျှ ကြောက်မိမှာ မဟုတ်တော့ဘူး။

ငါတစ်ခုပဲကြောက်မိတာက မင်းငါနဲ့ အတူတူမရှိတော့ မှာကိုပဲ......................................................
&&&&&&&&&&&&&&&&&&&&&&&&

Thank you everyone 😘😘😘
&&&&&&&&&&&&&&&&&&&&&&&&

(Zawgyi)

"သူေျပာတဲ့...BFF..ဒီစကားမွာ စည္းအထပ္ထပ္...တားထားတာ သိလ်က္ပ်က္...ခ်စ္လာၿပီ..ငါတစ္ဖတ္သတ္...စိတ္ကူးနဲ႕..ငါတစ္ရက္ရက္...ေျပာလိုက္မယ္..ဘာမွမထည့္တြက္ပဲ.......

"ကိုကိုေရ..ကိုကို.....ေရျမန္ျမန္ခ်ိဳး...ေအာက္မွာ..ကိုေသြးေရာက္ေနၿပီ.....ေမေမေခၚခိုင္းလိုက္လို႔....."

ေရခ်ိဳး ခန္းတြင္လႊမ္းပိုင္ႏွင့္ နီနီခင္ေဇာ္ သီခ်င္းညည္း ေနရင္း ညီမေလးအသံၾကား၍ သီခ်င္းရပ္လိုက္ကာ
"ေအးေအး...ၿပီးၿပီ....ေသြးသစ္အတြက္...coffee တစ္ခြက္ေဖ်ာ္ထားလိုက္....မခါးေစနဲ႕ေနာ္...သၾကားေလ်ာ့ထည့္...နို႔ဆီမ်ားမ်ားထည့္. .....ၾကားလား.."

သူကေလးက အခါးေၾကာက္သည္၊ သၾကားလည္းသိပ္မထည့္ နို႔ဆီပါေသာ coffee ဆိမ့္ဆိမ့္ေလးသာ ေသာက္တတ္သည္ကို အခ်ိန္ ၾကာလာသည္ႏွင့္ ကြၽန္ေတာ္သိလာရသည္။

"ဟုတ္ကဲ့......" ဟုေျပာကာ ညီမေလး ဆင္းသြားေလသည္။

ေတာ္ပါေသးရဲ႕... ကြၽန္​ေတာ္ဆိုေနေသာ သီခ်င္းကို..ဒီေကာင္မေလး..ၾကားမ်ားၾကားသြားေသးလား...ဟူ၍ သက္ျပင္းတစ္ခ်က္ခ်မိသည္။

သူကေလး ေစာင့္ေနသည္ ဆိုေသာ အသိက ကြၽန္ေတာ့္ကို လႈံ႕ေဆာ္ေသာေၾကာင့္ ျမန္ျမန္ ပင္ အဝတ္အစားလဲ၍ Physics စာအုပ္ တစ္ခ်ိဳ႕ႏွင့္အတူ ဆင္းလာခဲ့ေတာ့သည္။

ယခုဆိုလွ်င္ သူကေလးႏွင့္ကြၽန္ေတာ္သည္ ေက်ာင္းစာအတူက်က္၊ အတူတြက္ကာ အတူတူပင္ ေန႕တိုင္းနီးပါး ရွိေနတတ္သည္။
သူကေလးက စာေတာ္သည္။ သူမတူေအာင္ ရည္းစားမ်ားလွေသာ္လည္း မည္သူ႕အေၾကာင္းကိုမွ် စကားထဲပင္ ထည့္မေျပာ။ အေပ်ာ္သေဘာျဖင့္သာ တြဲေၾကာင္းျဖစ္ၿပီး စိတ္ထဲတြင္ ႏွစ္ႏွစ္ကာကာမရွိေၾကာင္းကိုလည္း ကြၽန္ေတာ္ တျဖည္းျဖည္း သိလာရသည္။

သူေလး ခုလို ဆိုးေပခ်င္ေယာင္ေဆာင္ေနရသည့္အေၾကာင္းရင္းမွာလည္း ၁၀ႏွစ္သာသာ မိဘသြန္သင္ေပးမႈေအာက္တြင္ရွိေန ရမည့္ကေလးတစ္ေယာက္သည္ မိဘမ်ား၏ ပဋိပကၡ မ်ားၾကားတြင္ ေျမဇာပင္ ျဖစ္ခဲ့ရေသာေၾကာင့္ပင္ ျဖစ္သည္။

သားအႀကီးျဖစ္သူႏွင့္အိမ္ခြဲ ေနေနေသာ မိခင္ျဖစ္သူက တစ္ခါတစ္ရံမွ်ပင္လွ်င္ သူကေလးဆီေရာက္မလာတတ္။ ဖုန္း​ျဖင့္သာ အဆက္အသြယ္ရွိသည္။ဖခင္ျဖစ္သူကလည္း အလုပ္မ်ားေသာသူျဖစ္၍ အတူတူရွိခ်ိန္မွာ ရွားပါးလြန္းလွသည္။ တစ္ဦးတည္း အထီးက်န္ ေနေသာ သူကေလးကလည္း ကိုယ္တိုင္အေပ်ာ္ရွာလိုက္ ျခင္းျဖစ္သည္ ဟုကြၽန္ေတာ္ နားလည္လိုက္ရသည္။

သနားစဖြယ္ သူ႕ဘဝကေလး အတြက္ ကြၽန္ေတာ္အျပစ္မတင္ရက္ေတာ့ေပ။

&&&&&&&&&&&&

"ကိုလင္း....ေျပာလိုက္တာလား...ကြၽန္ေတာ့္အႀကိဳက္ coffeeကို...."
ေအာက္ထပ္ရွိ စာၾကည့္ခန္းထဲတြင္ အရံသင့္ေစာင့္ေနေသာ ေသြးသစ္က အေပၚထပ္မွ ဆင္းကာ စာၾကည့္ခန္းသို႔ ဝင္လာေသာ ကြၽန္ေတာ့္အား ေျပာလိုက္ျခင္းျဖစ္သည္။

"အင္း......."

ယခုခ်ိန္ထိပင္ သူ႕အား စိတ္ကူးထဲတြင္သာ စကားေပါင္းမ်ားစြာ ေဖာင္ဖြဲ႕ေအာင္ ေျပာေနမိလည္း တကယ္တမ္း လက္ေတြ႕တြင္ေတာ့ စကားစမ်ားက ရွာေဖြရန္ ခက္ခဲေနေသးသည္။

"ကိုလင္းက....physics ကိုဘာလို႔ေၾကာက္တာလဲ...ဒီေလာက္ရွင္းရွင္းေလးကို....ကြၽန္ေတာ္ကေတာ့ ဘာသာေတြထဲမွာ.. physics. ကိုအႀကိဳက္ဆုံးပဲ.... ကိုလင္းေရာ...ဘယ္ဘာသာ အႀကိဳက္ဆုံးလဲ....."

ခက္ၿပီ။ ေက်ာင္းစာကလြဲလွ်င္ အကုန္ထူးခြၽန္ေသာ ကြၽန္ေတာ့္အား ဘယ္ဘာသာအႀကိဳက္ဆုံးလဲ တဲ့ လြယ္လြယ္ကူကူပင္ ေျပာလိုက္သည္က
"ျမန္မာစာ......"
"ကိုလင္းက...ျမန္မာစာမွာေတာ္တာလား.....ဒါဆိုကြၽန္ေတာ္ကိုလည္းသင္ေပးဦးေလ.....ကြၽန္ေတာ္ကက်န္တဲ့ဘာသာေတြ..ျပေမးမယ္...ေလ.."

သူကေလးက ကြၽန္ေတာ္မရေသာ ဘာသာတိုင္းလိုလိုကို သင္ျပေပးသည္။ ယခင္က ဂိမ္းဆိုင္ႏွင့္ လက္ဖက္ရည္ဆိုင္တြင္သာ အခ်ိန္ကုန္ေနတတ္ေသာ ကြၽန္ေတာ္က ယခုဆိုလွ်င္ သူကေလးႏွင့္ အတူရွိေနရသည္ ဟူေသာစိတ္တစ္ခုတည္းႏွင့္ပင္ စာလုပ္ခ်င္စိတ္မ်ား ေပၚေပါက္လာရသည္။

ေဖေဖကေတာ့ ကြၽန္ေတာ့္အခ်ိဳးမ်ား ေျပာင္းလဲသြားသည္ကို ေက်နပ္ေနမိသည္မွာ အမွန္ပင္၊ ဒီကိုေျပာင္းလာတာ မွန္သြားၿပီ ဟုလည္း ေမေမ့ကိုခဏခဏေျပာသည္ ဟု ကြၽန္ေတာ္သိရသည္။

အေတြးနယ္ထဲ ကြၽန္ေတာ္ လြင့္ေျမာေနေသာေၾကာင့္
" ကိုလင္း....ကြၽန္ေတာ္ေျပာတာ..တစ္ခုခုျပန္ေျပာဦးေလ......"

ကြၽန္ေတာ္ အနည္းငယ္ အားနာသြားမိကာ
"ငါ ျမန္မာစာေတာ္တယ္လို႔...မေျပာပါဘူး...
အႀကိဳက္ဆုံးလို႔ေျပာတာပါ....က်န္တဲ့ ဘာသာေတြက eng လိုေတြဆိုေတာ့....ဗမာလိုပဲႀကိဳက္တာေပါ့..."

ကြၽန္ေတာ့္ စကားကို သူကေလး သေဘာက်သြားကာ သြားတက္ကေလးမ်ားေပၚေအာင္ပင္ ရယ္မိေလသည္။ ရယ္လိုက္တိုင္း ေပၚလာတတ္ေသာ သြားျဖဴျဖဴေလးမ်ား ႏွင့္ ေမွးသြားေသာ မ်က္လုံးကေလးမ်ားက ကြၽန္ေတာ့္ အတြက္ေတာ့ ဆြဲငင္အား တစ္ခုႏွယ္၊ အနီးကပ္ၾကည့္လွ်င္ ပန္းေသြးေရာင္ သမ္းေနေသာ ပါးျပင္ကေလးေတြက ကြၽန္ေတာ့္စိတ္အား တမင္ဆြေနသည္ႏွယ္

"ကိုလင္း...ဘာၾကည့္ေနတာလဲ....ကြၽန္ေတာ့္မ်က္ႏွာမွာ..တစ္ခုခုေပေနလို႔လား......" ဟူ၍ သူ႕မ်က္ႏွာသူ လက္ကေလးႏွင့္ ပြတ္ေလသည္။

သူခိုးလူမိလို႔ေတာ့ မျဖစ္ဘူးေလ။ ဒါေၾကာင့္ ကြၽန္ေတာ္ အနည္းငယ္ အခ်ိဳးမေျပစြာပင္ ေျပာလိုက္မိသည္က

"မဟုတ္ပါဘူး....မင္း..ရယ္တာက.. ငါ့ကိုေလွာင္ေနသလိုပဲ....."
" sorry....sorry...ကိုလင္း....ကြၽန္ေတာ္..မရယ္ေတာ့ဘူး...စာဆက္လုပ္ရေအာင္...ေနာ္.." ဟူ၍ ကြၽန္ေတာ့္အား ပုစ္ဆာမ်ားႏွင့္ တြက္ပုံတြက္နည္းမ်ား ကို တစ္ဆင့္ခ်င္းရွင္းျပေလသည္။

ေသြးသစ္ရယ္ မင္းေလးက ငါ့အတြက္အပ်င္းဆုံးအလုပ္ေတြကို ေတာင္မွ ေပ်ာ္႐ႊင္တက္ႂကြလာေအာင္ လႈံ႕ေဆာ္ေပးနိုင္တဲ့ တစ္ခုတည္းေသာ ေဆးတစ္လက္ပါပဲကြာ........

&&&&&&&&&&&&&&&&&&&&&&&&

တိမ္သားတိမ္လိပ္ေတြက အလုံးအရင္းႏွင့္ပင္ ခ်ီတက္လာေလၿပီ။ မိုးႀကိဳးနတ္သမီးႏွင့္ ေလနတ္သားတို႔ကလည္း ေကာင္းကင္တြင္ ခြန္အားခ်င္းၿပိဳင္ေနေပၿပီ။ မၾကာမီပင္ မိုးေရစက္ကေလးမ်ားက တြဲလ်က္ခို၍ ေမာင္းတင္ကာ ေျမျပင္ေပၚ သို႔သက္ဆင္းက်ေတာ့မည္မွာလည္း မလြဲေပ။

"ကိုလင္း...မိုး႐ြာေတာ့မယ္ထင္တယ္ေနာ္....."
"အင္း...."
"ဘယ္လိုလုပ္မလဲ...ကိုလင္း....ဒုကၡပါပဲ.. မိုးကလည္း...ေက်ာင္းဆင္းရင္..အၿမဲ႐ြာတယ္....."

သူကေလးက မိုး႐ြာေတာ့မည္ကို စိုးရိမ္တႀကီးႏွင့္ ကြၽန္ေတာ့္အား ေျပာေနေပမယ့္ ကြၽန္ေတာ့္မွာေတာ့ ေရွ႕တြင္ စာသင္ေနေသာ ဆရာမကိုၾကည့္၍ သူ႕အတြက္ စိတ္ပူေနရသည္။
"ေသြးသစ္...ဆရာမ..ၾကည့္ေနတယ္...."
".........."

​သူ႕ကိုသာ ေျပာလိုက္ရေသာ္လည္း ကြၽန္ေတာ္ကိုယ္တိုင္လည္း စာတြင္စိတ္မပါ။ယခု Chemistry ခ်ိန္သည္ ၿပီးလွ်င္ ေက်ာင္းဆင္းေတာ့မည္။ ေက်ာင္းဆင္းလွ်င္ မိုး႐ြာမည့္အေရး ကိုစဥ္းစားကာ ရင္ေလးေနမိသည္မွာ အမွန္ပင္ ျဖစ္သည္။

ခဏအၾကာတြင္
"ကိုလင္း...မိုးကဘာလို႔ဒီေန႕မွ..႐ြာရတာလဲ..မသိဘူးေနာ္...မနက္ကစက္ဘီးမပါပါဘူးဆိုမွ...စက္ဘီးပါရင္ေတာ့ေကာင္းသား...ျမန္ျမန္နင္းရင္...အိမ္ကိုျမန္ျမန္ေရာက္နိုင္တယ္.....ေနာ္..." ဟူ၍ ခပ္တိုးတိုးေျပာျပန္သည္။

မွန္ပါသည္။ မနက္က ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံး စက္ဘီးႏွင့္လာသည္မဟုတ္။
ေသြးသစ္ေဖေဖ 'ဦးမင္းသစ္စ' က အလုပ္သြားရင္း လမ္းႀကဳံသည္ဆိုကာ ကားႏွင့္လိုက္ပို႔မည္ဟုေျပာသည္။ ကြၽန္ေတာ္က အားနာ၍မလိုက္ခ်င္ဘူး ဟုျငင္းေသာ္လည္း ေသြးသစ္က တစ္ႏွစ္ေနမွ တစ္ခါေလာက္ သာ သူ႕ေဖေဖလိုက္ပို႔သည္ကို ေပ်ာ္႐ႊင္ေနၿပီး ကြၽန္ေတာ့္ကိုလည္း သူႏွင့္အတူတူလိုက္ေစခ်င္သည္ဟု ေျပာ၍ မျငင္းသာပဲ လိုက္ပါခဲ့ရသည္။

"အယ္...!!...အဲ့ဒါမွ..ဒုကၡပဲ...ကိုလင္း....ကြၽန္ေတာ္တို႔ႏွစ္ေယာက္ လုံး...ဒီေန႕ထီးမပါဘူးေလ......"

"ဟိုေဘးေထာင့္က....ေသြးသစ္စ....ထပါဦး!!.."

ဒီတစ္ႀကိမ္တြင္ေတာ့ ကြၽန္ေတာ္တားခ်ိန္ပင္ မရလိုက္ ။မိုးကလည္း႐ြာသြန္းေန၍ မိုးသံေၾကာင့္ေရာ၊
Chemistry ဆရာမသည္ စာသင္ခ်ိန္တြင္ အာ႐ုံမစိုက္ပဲ စကားမ်ားပါက ေဒါသႀကီးၿပီး အရိုက္ၾကမ္းသည္ဟု နာမည္ႀကီးေသာေၾကာင့္ေရာ က်န္ေက်ာင္းသားမ်ား အားလုံး တိတ္ဆိတ္ေနေသာ အခ်ိန္တြင္မွ သူ႕အသံသည္လည္း အနည္းငယ္က်ယ္သြားေသာေၾကာင့္ျဖစ္သည္။

ကာယကံရွင္ ထက္ပင္ ေခါင္းနပန္းႀကီးသြားရသည္က ကြၽန္ေတာ္ ပင္။ သူ႕ကိုၾကည့္မိေတာ့လည္း ေစာေစာက တက္တက္ႂကြႂကြ စကားမ်ားေျပာေနေသာ မ်က္ႏွာႏွင့္မတူေတာ့ မ်က္ႏွာတစ္ခုလုံး ေသြးမရွိေတာ့သလို ျဖစ္သြားသည္ကို သတိထားမိလိုက္သည္။

ေနာက္တန္းတြင္ထိုင္ေသာ ေက်ာ္ႀကီးကလည္း
"ေသၿပီ..ေသြးသစ္ေရ....ဒီဆရာမတင္ပါးကိုရိုက္တာ...ငါတစ္ခါခံဖူးတယ္...အိမ္ေရာက္ေတာ့...မထိုင္နိုင္ဘူး..ေဟ့ေကာင္ေရ...ကြတတျဖစ္ေနတာ....."
ဟူ၍အေပါင္းအပါ တစုကို အေတြ႕အႀကဳံ ေဝမွ် ေနေလသည္။

ကြၽန္ေတာ္ပို၍ စိတ္ပူသြားမိသည္က ေက်ာ္ႀကီးတို႔လို လူၾကမ္းေကာင္ေတြေတာင္ ဒီေလာက္ျဖစ္ရင္ သူေလးသာဆို ေခြလဲက်သြားနိုင္သည္ ဟုစိတ္ထဲမွ ေတြးမိသည္။

သူကေလး လက္ပိုက္ကာ ေၾကာက္ေၾကာက္လန့္လန့္ တုန္တုန္ယင္ယင္ ျဖင့္ ထရပ္လိုက္ေတာ့ ဆရာမက
"မင္း..ငါသင္တဲ့စာထဲမွာ..စိတ္မဝင္စားပဲ...စကား ေျပာေနတယ္ေပါ့..ဟုတ္လား...."
"............."

သူ႕ဆီမွ စကားေမးမရေသာေၾကာင့္ ဆရာမပို၍ေဒါသထြက္သြားဟန္ တူသည္။
"ေျဖေလ!!!....ဘာေပကပ္ကပ္လုပ္ေနတာလဲ....မၾကားဖူးလား!!!..."

သူအေတာ္ေလးေၾကာက္လန့္ေနမည္မွာ သူ႕မ်က္ႏွာကိုမျမင္ရေသာ္လည္း ကြၽန္ေတာ္သိေနသည္။

ကြၽန္ေတာ္ဘာမွ် ဆက္မစဥ္းစားနိုင္ေတာ့ပဲ ထရပ္လိုက္မိေတာ့
"မင္းကဘာထလုပ္တာလဲ......" ဟူ၍ ဆရာမ ေမးေလသည္။

"စကားေျပာတာ..ေသြးသစ္...မဟုတ္ပါဘူး... ကြၽန္ေတာ္ပါ...ဆရာမ......"
"ဘယ္လို!!!..ေသြးသစ္စ..မေျပာဘူး...မင္းေျပာတာဟုတ္လား....ငါအကုန္ျမင္တယ္ေနာ္...ဘယ္သူေျပာလဲဆိုတာ....." ဟု ဆရာမက ကြၽန္ေတာ္မေျပာသည္ကို သူသိသည္ ဟူေသာ အၾကည့္ျဖင့္လည္း ၾကည့္သည္။

ေက်ာင္းသားအားလုံးကေတာ့ အမွန္ကိုသိပုံမရေသာ္လည္း အာ႐ုံစိုက္ၿပီး ၾကည့္ေနၾကသည္။
"ေသြးသစ္မေျပာပါဘူး...ဆရာမ...သူ႕မွာအျပစ္မရွိပါဘူး....ေျပာတာ..ကြၽန္ေတာ္ပါ...ဆရာမ..အျပစ္ေပးမယ္ဆို....အျပစ္ရွိတဲ့...ကြၽန္ေတာ့္ကိုပဲ...ေပးပါ..ဆရာမ...."ဟူ၍ ျပတ္ျပတ္သားသားပင္ ေျပာလိုက္မိသည္။

"မင္းထြက္လာခဲ့......" ဟု ဆရာမေျပာ၍ မတ္တပ္ရပ္ေနေသာ ေသြးသစ္ပခုံးကို လက္တစ္ဖက္ျဖင့္ ႏွိမ့္လိုက္ၿပီး ထိုင္ေစကာ ကြၽန္ေတာ္ ထြက္သြားလိုက္သည္။

တစ္တန္းလုံးဝိုင္းၾကည့္ေနၾကရာ
"ျဖန္း...ျဖန္း......" ဟူ၍ ႀကိမ္သံ ႏွစ္သံ ထြက္ၿပီး
သူ႕ကိုလွမ္းၾကည့္မိေတာ့ သူငိုေနသည္။ အသံမထြက္ေသာ္လည္း ကြၽန္ေတာ့္ကိုၾကည့္ကာ မ်က္ရည္မ်ား ပါးျပင္ေပၚ က်ဆင္းေနသည္ ကိုေတြ႕လိုက္သည္။

"ကေလာင္...ကေလာင္...ကေလာင္..."
ေက်ာင္းဆင္းေခါင္းေလာင္း တီးလွ်င္တီးခ်င္းပင္ က်န္ေက်ာင္းသားမ်ား အားလုံး ဆရာမကိုႏႈတ္ဆက္ေနၾကေသာ္လည္း ကြၽန္ေတာ္အတန္းေရွ႕တြင္ သာရပ္ေနဆဲ ျဖစ္ၿပီး မ်က္လုံးမ်ားကား သူ႕ဆီမွာ။

တ႐ုန္း႐ုန္း တဝုန္းဝုန္းျဖင့္ ေက်ာင္းဆင္းေနၾကေပၿပီ။ ကြၽန္ေတာ္မလႈပ္မယွက္ ေနရာတြင္ပင္ ရပ္ေနကာ မ်က္ဝန္းအိမ္မွ က်ေနေသာ မ်က္ရည္မ်ားႏွင့္ ျပည့္ႏွက္ေနသည့္ သူ႕မ်က္ႏွာေလးကိုသာ အတန္ၾကာေငးေနမိသည္။

ကြၽန္ေတာ္ မည္မွ် သူ႕ကိုေငးၾကည့္ေနမိသည္မသိ တစ္တန္းလုံးရွင္းလင္းသြားေတာ့မွ အသိဝင္ကာ ေနရာသို႔ လာခဲ့ေတာ့ သူကကြၽန္ေတာ့္ကို လွမ္းဖက္လိုက္ၿပီး ကြၽန္ေတာ့္ ပခုံးေပၚတြင္ ငိုေလသည္။

ကြၽန္ေတာ္သူ႕ပခုံးႏွစ္ဖက္ကို ကိုင္၍ မ်က္ႏွာကိုေသခ်ာၾကည့္ကာ 'အဆင္ေျပပါတယ္ ' ဟူေသာ အၿပဳံးတစ္ခ်က္ ၿပဳံးျပလိုက္ၿပီး မ်က္ရည္မ်ား သုတ္ေပးလိုက္သည္။

ႏွစ္ေယာက္လုံး အတန္းထဲမွ ထြက္လာေတာ့ တစ္ေက်ာင္းလုံးတြင္ ေက်ာင္းသားမ်ားအေတာ္ရွင္းသြားသည္။ သို႔ေပမယ့္ ေက်ာင္းေရွ႕တြင္ မိန္းကေလးတစ္ဦး ေစာင့္ေန၍ ေသြးသစ္ကို ကြၽန္ေတာ္ ေမးေငါ့ ျပလိုက္ေတာ့ သူထြက္သြားသည္။

ခဏေနေတာ့ ႏွစ္ေယာက္လုံး ကြၽန္ေတာ့္ဆီ ေရာက္လာၾကကာ သူကေလးက
" ကိုလင္း...အိမ့္မႉးကို... လြယ္အိတ္နဲ႕ထမင္းခ်ိဳင့္ေတြေပးလိုက္....."

သူရဲ႕လြယ္အိတ္နဲ႕ ထမင္းခ်ိဳင့္ကလည္း ထိုေကာင္မေလး လက္ထဲမွာျဖစ္၍ ေၾကာင္အမ္းအမ္းျဖစ္ေနစဥ္ သူကပင္ ကြၽန္ေတာ့္ ထမင္းခ်ိဳင့္နဲ႕ လြယ္အိတ္ကို အတင္းခြၽတ္ေပးလိုက္ေလသည္။

ေကာင္မေလးက ၿပဳံးျပကာ ႏႈတ္ဆက္ၿပီး မိုး႐ြာေန၍ ေရွ႕တြင္ ရပ္ထားေသာ ကားထဲသို႔ ကျမန္းကတမ္းဝင္သြားေလသည္။

ကြၽန္ေတာ္ နားမလည္ေသာဟန္ ရွိ၍ ေသြးသစ္က
"သူက..ကြၽန္ေတာ္ထီးေရာ..စက္ဘီးေရာ..မပါတာသိလို႔..သူ႕ကားနဲ႕..လိုက္ခဲ့ဖို႔..ေစာင့္ေခၚတာ....."
" မင္း..ဘာလို႔လိုက္မသြားတာလဲ....." ဟုေမးမိေတာ့

"မလိုက္ပါဘူး....ကြၽန္ေတာ္...ကိုလင္းကိုတစ္ေယာက္ တည္း..မထားခဲ့နိုင္ဘူး....အဲ့ဒါေၾကာင့္ လြယ္အိတ္နဲ႕ ထမင္းခ်ိဳင့္ေတြ..ေပးလိုက္တာ...."
"ဒါဆို..မင္းဘယ္လိုျပန္မွာလဲ....." ဟုေမးေတာ့
"ကိုလင္းေရာ....ဘယ္လိုျပန္မွာလဲ..." ဟူ၍ျပန္ေမးေလသည္။

ေၾသာ္..ဒီကေလးႏွယ္
"မိုးေရထဲ..လမ္းေလွ်ာက္ျပန္မွာေပါ့ဟ....."
"ကြၽန္ေတာ္လည္း....ကိုလင္းနဲ႕ အတူတူပဲေပါ့...မိုးေရထဲ..လမ္းေလွ်ာက္ျပန္မွာ...."
"............"
"ကိုလင္းတစ္ေယာက္တည္း... အနစ္နာခံ တတ္တယ္ထင္ေနတာလား...ကြၽန္ေတာ္လည္း..အနစ္နာခံၿပီး....ကိုလင္းနဲ႕အတူတူ...ျပန္မွာေပါ့....."

ကြၽန္ေတာ္ စကားမ်ား ဆြံအ သြားရသည္။ သူကေလးက ကြၽန္ေတာ့္ကို တစ္ေယာက္တည္း မထားခဲ့နိုင္ လို႔ မိုးေရထဲတူတူျပန္မယ္တဲ့လား အိမ္မက္မ်ား မက္ေနသလား ထင္ရသည္။

ထိုေန႕က မိုး႐ြာ​ေနေသာ အိမ္အျပန္လမ္းမွာ ကေလးတစ္ေယာက္ႏွယ္ ျမဴးတူးေပ်ာ္ပါးေနေသာ သူ႕ကိုၾကည့္ကာ ကြၽန္ေတာ္ေတြးမိသည္က မင္းသာ ငါ့ေဘးမွာ အတူတူရွိ​ေနရင္ ငါဘာတစ္ခုကိုမွ် ေၾကာက္မိမွာ မဟုတ္ေတာ့ဘူး။

ငါတစ္ခုပဲေၾကာက္မိတာက မင္းငါနဲ႕ အတူတူမရွိေတာ့ မွာကိုပဲ......................................................................

&&&&&&&&&&&&&&&&&&&&&&&&

Thank you everyone 😘😘😘

&&&&&&&&&&&&&&&&&&&&&&&&

繼續閱讀

You'll Also Like

50K 1.5K 64
[Unicode] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အဓိပ္ပါယ်က နေရောင်ခြည်လိုတောက်ပပြီးနွေးထွေးတဲ့အပြုံးလေးကိုရည်ညွှန်းသတဲ့။ [Zawgyi] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အ...
125K 7.2K 46
အရင်းနှီးဆုံး ရန်သူတွေ..... တနည်းအားဖြင့် မင်းကို ယစ်မူးစွဲလမ်းနေမိတဲ့... ကိုယ် ^^ဥပမာပေးရရင် ခင်ဗျားက Alcohol လိုပဲ သောက်ခါစမှာ အရမ်းခါးပြီး နောက...
101K 5.3K 15
ဇာတ်လမ်းပါအကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးယဉ်သက်သက်သာ ဖြစ်သည်။ ဇာတျလမျးပါအကွောငျးအရာမြားသညျ စာရေးသူ၏ စိတျကူးယဉျသကျသကျသာ ဖွဈသညျ။
397K 35.5K 29
တစ်နေ့မှာ 'သုနွယ်ဂုဏ်ချီ 'ဆိုတဲ့ လူခြောက်ကလေးက...လမ်းမှားပြီး 'တည်ကြည်ငြိမ်းချမ်း 'ဆိုတဲ့ ကောင်လေးရဲ့ အိပ်မက်ထဲကို ရောက်သွားသတဲ့ကွယ်... ....(14.1.202...