မြန်မာစာပေအခြေခံမှ ရသစာပေသို့

By shinhtwe

20.4K 2.8K 460

အခုမှစပြီး စာရေးချင်တယ် ဘာမှလည်း မသိသေးဘူး ဆိုတဲ့သူတွေအတွက် ရသနယ်ပယ်ကို သွားတဲ့အခါ ဒီစာအုပ်လေးက လှေကားထစ်ဖြစ်... More

မိတ်ဆက်
အသုံးလွဲသော စကားလုံးများ
သတင်းစာရောင်းအား
သရုပ်ဖော်ရေးသားခြင်း
ပုဒ်ဖြတ် ပုဒ်ရပ်နှင့် စာပုဒ်ခွဲခြင်း
စာကြောင်းအမျိုးအစား(U/Z)
စာကြောင်းအမျိုးအစား Part-2 (U/Z)
စာကြောင်းအမျိုးအစား Part-3(U/Z)
ဇာတ်ကွက်ပုံဖော်ခြင်း(Z/U)
ရသ (9)မျိုးနှင့်ရသစာပေ
ရသ(9)မျိုးနှင့်ရသစာပေ
ရသ(9)မျိုးနှင့်ရသစာပေ
ရသ(9)မျိုးနှင့်ရသစာပေ
ကော်ပီ
ရသ(9)မျိုးနှင့် ရသစာပေ
မထုတ်သင့်တဲ့စာအုပ်တွေ

E bookဖြင့် စာဖတ်ခြင်းသည် ကောင်းလား ??

1.1K 225 51
By shinhtwe

Zawgyi!!























ဒါမှ အာရုံစိုက်နိုင်မှာ


2. လေ့ကျင့်ခန်းလုပ်ပါ



မှ/ ရှင်ထွေး

Unicode!!

ကျွန်တော် 8 တန်းကတည်းက စာဖတ်ပါတယ်…

ဘာတွေဖတ်လဲ မေးရင် တွေ့သမျှ အကုန်ဖတ်တယ်…

ဒါကြောင့် မြန်မာစာ ဝေါဟာရတွေ ကျွန်တော်မှာပေါများတယ်ဗျ…

ဝေါဟာရ ကြွယ်ဝတာ စာရေးတဲ့နေရာမှာ အလွန်အသုံးတည့်တယ်…

ကျွန်တော့်အကြောင်းကို ပြောပြနေတာ မဟုတ်ဘူး…

ခင်ဗျားလေးတို့ကို စာဖတ်ဖို့ပြောနေတာ…

စာဖတ်ဖို့ ဆိုတဲ့နေရာမှာ အကောင်းဆုံး စာဖတ်နည်းက စာအုပ်ဖြင့် စာဖတ်ခြင်းပါပဲ…

ဘာလို့လဲ ဆိုတော့ သိပ္ပံတွေ့ရှိချက်အရပြောတယ်

Screen Time များလေလေ အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းလေပဲ…

န်း tablet tv လက်တော့ပ် ဒီလေးထောင့်သေးသေးထဲကိုပဲ အာရုံစိုက်လိုက်တော့ ဘေးကဖြစ်နေတာမမြင်တော့ဘူး မကြားတော့ဘူး ဒီနည်းနဲ့ အာရုံကြောတွေပျက်စီးလာတာဖြစ်တယ်

ပြောင်းပြန်အားဖြင့် စာအုပ်ဖတ်ခြင်းဟာ အာရုံစူးစိုက်မှု တိုးတက်စေတယ်…

ကလေးတစ်ယောက်ဟာ screen time အရမ်းများတယ် သူဟာ ဂိမ်းဆော့တယ် TV ကြည့်တယ် ဖုန်းသုံးတယ် ဒါပဲလုပ်တယ်…

ဘာဖြစ်လာလဲဆိုရင် ဘေးမှာ သူညီလေး ငိုနေရင်လည်း သူမသိဘူး အမေခေါ်လည်းမကြားဘူး သူ့မျက်လုံးထောင့်စွန်းကနေ tvသာဖွင့်လိုက် tv screen lightက သူ့ဦးနှောက်ကို ချက်ချင်းလှုံဆော်တယ် အဲကလေးက ချက်ချင်း TV ကို လှည့်ကြည့်တယ် အရမ်းကြောက်ဖို့ကောင်းပါတယ် မသိမသာဖြစ်နေတာပါ

ဖုန်းအရမ်းသုံးသူတွေ သိလိမ့်မယ် စာကျက်ရင် အာရုံစိုက်မရဘူး ဖုန်းပဲ ပြန်ကိုင်ဖို့ မသိစိတ်က တွန်းအားပေးခံနေရတယ်

တော်ပြီ စိတ်မပါဘူးကွာ ဆိုပြီး စာအုပ်ချ ဖုန်းပဲပွတ်နေလိုက်တယ် ဖုန်းထဲက သတင်းတွေ postတွေက စိတ်ဝင်စားဖို့ ကောင်းလို့ ဒါမျိုးဖြစ်နေတာမဟုတ်ဘူး

screen ရဲ့ ဆွဲဆောင်အား အရမ်းပြင်းတဲ့အတွက် ဦးနှောက်ကိုအလုပ်ပေးစရာသိပ်မလိုဘူး ပေါ့ပေါ့ပါးပါးထားလို့ရတယ် ဒါကြောင့်အာရုံစူးစိုက်နိုင်စွမ်းကျတာဖြစ်ပြီး
တခြားအရာတွေကို အာရုံမစိုက်နိုင်တော့တာဖြစ်တယ်

စာအုပ်ဖတ်တာက အလင်းပြန်နေတာ အရုပ်လှုပ်နေတာတွေမပါဘူး စကားလုံးတွေကနေတဆင့် ဦးနှောက်ကို ကောင်း၂အလုပ်ပေးပြီး ပုံဖော်ယူရတယ် ဒါကြောင့် ဦးနှောက်အာရုံကြောတွေ ကောင်းလာတာဖြစ်တယ်

ကျွန်တော်ကိုယ်တွေ့ပြောပြမယ် တက္ကသိုလ်တက်တုန်းက ကျွန်တော်ဖုန်းမကိုင်ဘူး လက်တော့ပ်လည်းမရှိဘူး အဲတုန်းက စာကျက်လည်းမြန်တယ် နမော်နမဲ့မေ့သွားတယ် အာရုံမစိုက်မိဆိုတာ မရှိသလောက်ဘဲ အိမ်ကလူကြီးတွေခိုင်းရင် အကြားအာရုံကြောက ပို့တာ ဦးနှောက်ကအကုန်မှတ်နိင်တယ် အလွဲအချော မရှိ ခိုင်းတာ အကုန်လုပ်နိုင်တယ်

အခုနောက်ပိုင်း ခိုင်းခံလိုက်ရရင် အာရုံမရလိုက်တာက များနေတယ် စာကျက် စာဖတ်ချင်စိတ်လည်း ဝေးသွားတယ် အားအားရှိ ဒီဖုန်းပဲလုပ်နေတာ စာဖတ်ရင်လည်း မျက်လုံးကသာ စာတွေဖတ်နေတာ ခေါင်းကသေချာ လိုက်ပုံဖော်မပေးနိုင်တော့ဘူး တနှစ်လောက်အတွင်းမှာ ဒီလောက်ပျက်စီးသွားတော့ လန့်သွားတာပဲ ဒါ screen time များခြင်းရဲ့ ဆိုးကျိုးပဲ

ကဲ E- book ဖတ်တာ မကောင်းဘူးမပြောပါနော်
ကောင်းကျိုးဆိုးကျိုးတွဲလျှက်မို့

တန်ဆေး လွန်ဘေး ဆိုတဲ့အတိုင်း အချိန်အဆနဲ့သုံးကြပေါ့

စာရေးသူတွေကတော့ ဦးနှောက်လေးကြည်နေမှ ဇာတ်လမ်းလေးတွေကို ပိုပြီး ဖန်တီးနိုင်မှာမလား

ဦးနှောက်ကြည်နေဖို့ အာရုံကြော အားကောင်းဖို့လိုတယ်
ဒါမှ အာရုံစိုက်နိုင်မွာ

1. ညစောစောအိပ်ပါ (9:30/10:00) နောက်ဆုံးထားအိပ်သင့်ပါတယ် ညကျ ညလယ်အထိနေတယ် မနက်ကျ မထနိုင် အိပ်ယာကနိုးတော့ မကြည်သလိုခေါင်းကိုက်နေတတ်တာ ရေ ရှည်မှာ အာရုံစိုက်နိုင်စွမ်းကျစေပါတယ်

2. လေ့ကျင့်ခန်းလုပ်ပါ

3.စာအုပ်များများဖတ်ဖတ်ပါ

အခုဟိုရောက် ဒီရောက်ဖြစ်နေတဲ့ အကြောင်းရာတွေကို ဆက်လိုက်ရင် စာရေးသူအပေါင်းတို့ screen timeကို လျှော့ပြီး အချက်၃ချက်ကို လိုက်နာရင် ဇာတ်လမ်းကောင်းတွေကို ပိုကောင်းလာအောင် ဖန်တီးနိုင်မဲ့အပြင် နေ့စဉ်ဘဝမှာပါ ဖလန်း ဖလန်း ထနိုင်ကြမှာပါ

မှ/ ရှင်ထွေး



Continue Reading

You'll Also Like

39.1K 40 89
Stories you love to read by yourself. SPG. For offline reading. *All about: DXD | Non-Human
14.3K 1.4K 17
" ඇයි අයියෙ ඔයා කොයි වෙලෙත් මාව සුදු අරලිය මලකට සමාන කරන්නෙ.." මං අයියගෙ මූන දිහා බලන් අහනකොට එයා මගෙ ඇස් දෙක දිහා බැලුවා.. මගෙ අයියගෙ මූනෙ ඇඳිලා තිබ...
46.8K 6.2K 53
"ඒයි ඇටිකිච්ච ඔහොම ඉන්නවා" "නේත්‍ර, නේත්‍ර... මගේ නම නේත්‍ර" "මොකද උඹේ කට ඔච්චර සද්දෙ, මට ඔය වයසට වඩා උඩ පනින්න දඟලන ඇටි කිච්චන්ව පේන්න බෑ. ඒ නිසා මට...
9.9K 319 13
"𝑪𝒂𝒖𝒈𝒉𝒕 𝒎𝒚 𝒆𝒚𝒆, 𝑰 𝒂𝒊𝒏'𝒕 𝒆𝒗𝒆𝒏 𝒂𝒕 𝒕𝒉𝒆 𝒔𝒑𝒐𝒕 𝒄𝒖𝒛 𝑰 𝒃𝒆 𝒐𝒏𝒕𝒐 𝒚𝒐𝒖"