#Unicode
“ဖေဖေ သားအဆင်သင့်ဖြစ်ပြီနော်”
“အေး သား ဖေဖေလာပြီ”
ဖေဖေ့ကိုလှမ်းပြောပြီးတာနဲ့ မနက်စာစားဖို့ပြင်လိုက်တယ်။ မနက်တိုင်း မေမေက အလင်းတို့သုံးယောက်လုံးအတွက် ထမင်းချိုင့်ပြင်ပေးပြီး အလင်းကသုံးယောက်လုံး စားဖို့အတွက် မနက်စာပြင်ပေးရတယ်။ ဒါက အလင်းတို့ရဲ့ မနက်တိုင်း ပုံမှန်အလုပ်ပါ။ ဘယ်သူ့အလုပ်ဆိုပြီး သတ်မှတ်မထားပေမယ့် အိမ်အလုပ်အားလုံးကို မေမေကအိမ်ရှင်မမို့ မေမေပဲလုပ်ရမယ်ဆိုပြီး ကျန်တဲ့သူက ဒီတိုင်းမနေခဲ့ဘူး။ မေမေမနက်စာပြင်ရင် အလင်းထမင်းချိုင့်ပြင်တယ်။ ဖေဖေကတော့ မေမေ့ကို မနက်ပိုင်းထပြီး ထမင်းဟင်းချက်တာ ကူပေးတယ်။ ဈေးဝောာ့ ကူမလိုက်ဘူး။ အိပ်ရာ အစောကြီးထရမှာ ပျင်းလို့တဲ့လေ။ အိမ်ကအငယ်ဆုံးလေး ကျွန်တော့ဖေဖေရယ်ပါ။
“သား မင်းမေမေကို မနက်စာကောက်ညှင်းပေါင်းလေး ဝယ်ခဲ့ပါဆိုတာကို မဝယ်ခဲ့ဘူး။ သားကြိုက်ပါတယ်လို့ ပြောတဲ့ဟာကို”
သူစားချင်တာကို အလင်းကို ဆွဲထည့်နေတဲ့ဖေဖေပါ။ ဖေဖေ့အကြောင်းသိတဲ့ မေမေကတော့ ပြုံးလို့သာနေပါတော့တယ်။
“အမလေးကိုကို ရှင့်အကြောင်း ကျမ မသိရင်ခက်မယ်။ သားကြိုက်တာ ကျမသိတယ်။ ဒါပေမဲ့ သားက ခုရက်ထဲ စားချင်ပါတယ်လို့ မပြောဘူး။ ရှင်စားချင်လို့မို့လား”
ချစ်မျက်စောင်းလေးထိုးရင်းပြောတဲ့ မေမေ့ကိုကြည့်ပြီး အလင်းတို့ သားအဖနှစ်ယောက်လုံး သဘောတကျ ပြုံးမိခဲ့ကြတယ်။ ဒီအိမ် ဒီကမ္ဘာလေးက ဖေဖေမေမေတို့အချစ်ကြောင့် ပျော်ရွှင်နေရတာပါ။ ကျွန်တော့်ဘ၀ ကျွန်တော့်ကမ္ဘာလေးပါ။
“ကဲ ဖေဖေ ကောက်ညှင်းပေါင်း မစားရလည်း သားလက်ရာ လက်ဖက်ထမင်းနဲ့ ကြက်ဥကြော်လေးကို အရသာရှိရှိ သုံးဆောင်ပါဖေဖေ”
အလင်းဖေဖေ့ရှေ့ကို ထမင်းပန်းကန်လေးချပေးရင်း ပြောလိုက်တယ်။
“ငါ့သားလက်ရာလေးက ဖေဖေ့အကြိုက်လက်ရာ။ သားမေမေ့လက်ရာလေးကတော့ ကမ္ဘာပေါ်မှာ အကောင်းတကာ့ အကောင်းဆုံးနဲ့ ဖေဖေ့အကြိုက်ဆုံး လက်ရာပဲ”
အလင်းကိုပြောပြီး ဖေဖေက မေမေ့ကိုကြည့်တော့ မေမေက မျက်စောင်းလှလှလေး ထိုးပါလေရော။
“ပိုပြီ”
“မပိုပါဘူးကွာ”
ခဏကြာတော့ အားလုံးထမင်းစားပြီးကြတဲ့အခါ ကိုယ်စီကိုယ်ငှ အိမ်မှထွက်ခါဖို့ ပြင်ကြတယ်။
“သားစားပြီးရင် သွားရအောင်။ ချစ်အိမ်တံခါးပိတ်”
ဖေဖေ့ဆိုင်ကယ်နောက်မှာ အလင်းထိုင်လိုက်ပြီး ဖေဖေ့ခါးကို ဖက်လိုက်တယ်။ မေမေကတော့ သူ့ရဲ့လက်ဆွဲတော် စက်ဘီးလေးဆွဲပြီး ထွက်သွားပါတယ်။ မေမေက ကျန်းမာရေးကောင်းအောင် ကိုယ်လက်လှုပ်ရှားမှုရအောင်ဆိုပြီး စက်ဘီးနဲ့မနက်တိုင်း ရုံးကိုသွားတယ်။ ဖေဖေက အလင်းကိုကျောင်းပို့ရင်း ရုံးကိုဆိုင်ကယ်နဲ့သွားပါတယ်။ မနက်တိုင်းဖေဖေ့ခါးကိုဖက်ပြီး ကျောင်းသွားရတာလည်း အလင်းရဲ့အပျော်ရဆုံးထဲက တစ်ခုပါပဲ။
ခဏနေတော့ မုန်းတို့အိမ်ရှေ့ ရောက်လာတာမို့ ဖေဖေက ဆိုင်ကယ်ရပ်ပြီး ဟွန်းတီးလိုက်ပါတယ်။
“တီ . . . တီ”
ဟော အလင်းနဲ့ဖေနဲ့ ရောက်နေပြီ။ မုန်းက ဟိုးငယ်ငယ်လေးကတည်းက အလင်းရဲ့ဖေဖေ့ကို ဖေလို့ခေါ်ပြီး အလင်းရဲ့မေမေ့ကို မေလို့ခေါ်ခဲ့တာပါ။ ဖေနဲ့မေ့ကို မုန်းက အဖေနဲ့အမေလိုချစ်ရသလို ဖေနဲ့မေကလည်း မုန်းကို သားအရင်းလို ချစ်ပေးကြပါတယ်။
“မေမေ သားသွားပြီ”
မေမေ့ကိုနှုတ်ဆက်ပြီးတာနဲ့ လွယ်အိတ်နဲ့ထမင်းချိုင့်ကို ဆွဲယူပြီး ထွက်လာလိုက်တယ်။
အိမ်ရှေ့ရောက်တော့ အလင်းပေးတဲ့ ဆိုင်ကယ်ဦးထုပ်ကို ယူဆောင်းရင်း ဖေ့နောက်ကို ဝင်ထိုင်းပြီး ဖေ့ခါးကို ဖက်လိုက်တယ်။ အလင်းကတော့ မုန်းနောက်ကဝင်ထိုင်ပြီး မုန်းခါးကိုဖက်ထားလေရဲ့။
ကျောင်းသွားတိုင်း အလင်းမှာ ဖေဖေ့ခါးကို မုန်းတို့အိမ်ထိပဲ ဖက်ရပါတယ်။ မုန်းတို့အိမ်ရောက်တာနဲ့ မုန်းကိုဖေဖေနဲ့ အလင်းကြားမှာ ထားရတယ်။ မေမေက မုန်းတခုခုဖြစ်မှာဆိုးလို့ပါတဲ့။ ကိုယ်ကတာဝန်ယူပြီး ဝင်ခေါ်ရတာဆိုတော့ သူများကလေး တစ်ခုခုဖြစ်သွားရင် မျက်နှာမရ ခြေထောက်ရမှာဆိုးလို့တဲ့လေ။ ပြီးတော့ မုန်းကလည်း ဖေဖေ့သားဆိုတော့ မုန်းကိုလည်း ဖက်ခွင့်ပေးရမယ်ဆိုတာကြောင့် မုန်းအိမ်ရှေ့ရောက်ရင် အလင်းက အမြဲနောက်ဆင်းပေးခဲ့ရတာပါ။
ဆိုင်ကယ်၅မိနစ် ၁၀မိနစ်လောက် မောင်းပြီးတဲ့အခါ အလင်းတို့ကျောင်းရှေ့ကို ရောက်လာပါတယ်။
“သား ညနေကြ မင်းမေမေက မမသီရိကို လာခေါ်ခိုင်းမယ်ထင်တယ်။ တကယ်လို့ မမသီရိမလာလည်း ဖေဖေ့ကို မုန်းလေးဖုန်းနဲ့ miss called ပေးလိုက်နော်။ ဖေဖေစီစဉ်ပေးမယ် “
“ဟုတ်ကဲ့ဖေဖေ တာ့တာ”
“သားမုန်း ဖေသွားပြီ”
“ဟုတ်ဖေ တာတာ့”
ဖေဖေ ထွက်သွားတာကို မျက်စိတဆုံးကြည့်ပြီး မျက်စိရှေ့က ပျောက်သွားပြီဆိုမှ ကျောင်းထဲကိုဝင်လာခဲ့လိုက်တယ်။
“အလင်း ငါညကနွေ့ကို မက်ဆေ့ပို့လိုက်တယ်”
“အင်း ဘာပြောလဲ”
“သူ့ဖုန်းနံပတ် ဘယ်ကရလဲတဲ့။ ငါအားသစ်ဆီကရတယ်ပြောတော့ ဘာပြောစရာ ရှိလို့လဲတဲ့။ ငါနင့်ကို စိတ်ဝင်စားနေတာကြာပြီမို့ ငါနင့်ကိုချစ်တယ်လို့ ပြောလိုက်တယ်”
“အင်း”
“စဉ်းစားဦးမယ်တဲ့ . . . မင်းရော . . .စပြီးသွားပြီလား”
“အင်း ရည်းစားစာတော့ ရေးလာတယ်။ မုန်း မင်းအရင်သွားနှင့်နော်။ ငါကျောင်းထိပ်မှာ နှင်းဆီပန်း ဝင်ဝယ်လိုက်ဦးမယ်”
မုန်းကိုပြောပြီးတာနဲ့ အ.ထ.က (၁) မြောင်းမြဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ ပန်းရောင်းတဲ့ အန်တီဆီက နှင်းဆီပန်းတစ်စီးဝယ်ပြီး ကျောင်းရှေ့မှာပဲ မယောင်မလယ် ရပ်နေလိုက်တယ်။
ခဏကြာတော့ နွေဦးမေဆိုတဲ့ ကျွန်တော်တို့ရဲ့နွေလေးရောက်လာတယ်။
“နွေ ဒီနေ့ ငါတို့အသင်း ဘုရားပန်းလဲရမယ့်နေ့မို့လား။ ငါ နှင်းဆီပန်း ဝယ်လာခဲ့တယ်”
နွေနဲ့အလင်းက အသင်းတူတာမို့ အလင်းဝယ်လာတဲ့ ပန်းစည်းကို နွေ့ကိုပေးလိုက်တယ်။
“မဝယ်လည်း ရပါတယ် အလင်းရယ်။ နင်အမြဲဝယ်ပေးနေတာ။ နေဦး ငါသပြေပန်း ဝယ်လိုက်ဦးမယ်။ နှစ်ခုပေါင်းထိုးရင် အတော်လှတယ်။ မေမေအဲ့လိုထိုးတာတွေ့လို့ ကျောင်းမှာပြန်ထိုးမယ်တွေးနေတာ”
နွေက သပြေတစ်ခက်ဝယ်ပြီး အလင်းဆီက နှင်းဆီပန်းစည်းကို လှမ်းယူလိုက်ပါတယ်။
“နွေ ပန်းစည်းထဲမှာစာပါတာမို့ သေချာဂရုစိုက်ယူနော်။ အဲ့စာထဲမှာ ငါနင့်အပေါ်ထားတဲ့ ခံစားချက်တွေ ရေးထားတယ်”
နွေ့ကိုပြောပြီး အလင်းလှည့်ထွက်လာတော့ နွေက ရှက်ပြုံးလေးပြုံးပြီး ကျန်ခဲ့ပါတော့တယ်။
******************************
#Zawgyi
“ေဖေဖ သားအဆင္သင့္ျဖစ္ၿပီေနာ္”
“ေအး သား ေဖေဖလာၿပီ”
ေဖေဖ့ကိုလွမ္းေျပာၿပီးတာနဲ႔ မနက္စာစားဖို႔ျပင္လိုက္တယ္။ မနက္တိုင္း ေမေမက အလင္းတို႔သုံးေယာက္လုံးအတြက္ ထမင္းခ်ိဳင့္ျပင္ေပးၿပီး အလင္းကသုံးေယာက္လုံး စားဖို႔အတြက္ မနက္စာျပင္ေပးရတယ္။ ဒါက အလင္းတို႔ရဲ့ မနက္တိုင္း ပုံမွန္အလုပ္ပါ။ ဘယ္သူ႔အလုပ္ဆိုၿပီး သတ္မွတ္မထားေပမယ့္ အိမ္အလုပ္အားလုံးကို ေမေမကအိမ္ရွင္မမို႔ ေမေမပဲလုပ္ရမယ္ဆိုၿပီး က်န္တဲ့သူက ဒီတိုင္းမေနခဲ့ဘူး။ ေမေမမနက္စာျပင္ရင္ အလင္းထမင္းခ်ိဳင့္ျပင္တယ္။ ေဖေဖကေတာ့ ေမေမ့ကို မနက္ပိုင္းထၿပီး ထမင္းဟင္းခ်က္တာ ကူေပးတယ္။ ေဈးေဝာာ့ ကူမလိုက္ဘူး။ အိပ္ရာ အေစာႀကီးထရမွာ ပ်င္းလို႔တဲ့ေလ။ အိမ္ကအငယ္ဆုံးေလး ကၽြန္ေတာ့ေဖေဖရယ္ပါ။
“သား မင္းေမေမကို မနက္စာေကာက္ညႇင္းေပါင္းေလး ဝယ္ခဲ့ပါဆိုတာကို မဝယ္ခဲ့ဘူး။ သားႀကိဳက္ပါတယ္လို႔ ေျပာတဲ့ဟာကို”
သူစားခ်င္တာကို အလင္းကို ဆြဲထည့္ေနတဲ့ေဖေဖပါ။ ေဖေဖ့အေၾကာင္းသိတဲ့ ေမေမကေတာ့ ျပဳံးလို႔သာေနပါေတာ့တယ္။
“အမေလးကိုကို ရွင့္အေၾကာင္း က်မ မသိရင္ခက္မယ္။ သားႀကိဳက္တာ က်မသိတယ္။ ဒါေပမဲ့ သားက ခုရက္ထဲ စားခ်င္ပါတယ္လို႔ မေျပာဘူး။ ရွင္စားခ်င္လို႔မို႔လား”
ခ်စ္မ်က္ေစာင္းေလးထိုးရင္းေျပာတဲ့ ေမေမ့ကိုၾကည့္ၿပီး အလင္းတို႔ သားအဖႏွစ္ေယာက္လုံး သေဘာတက် ျပဳံးမိခဲ့ၾကတယ္။ ဒီအိမ္ ဒီကမၻာေလးက ေဖေဖေမေမတို႔အခ်စ္ေၾကာင့္ ေပ်ာ္ရႊင္ေနရတာပါ။ ကၽြန္ေတာ့္ဘ၀ ကၽြန္ေတာ့္ကမၻာေလးပါ။
“ကဲ ေဖေဖ ေကာက္ညႇင္းေပါင္း မစားရလည္း သားလက္ရာ လက္ဖက္ထမင္းနဲ႔ ၾကက္ဥေၾကာ္ေလးကို အရသာရွိရွိ သုံးေဆာင္ပါေဖေဖ”
အလင္းေဖေဖ့ေရွ႕ကို ထမင္းပန္းကန္ေလးခ်ေပးရင္း ေျပာလိုက္တယ္။
“ငါ့သားလက္ရာေလးက ေဖေဖ့အႀကိဳက္လက္ရာ။ သားေမေမ့လက္ရာေလးကေတာ့ ကမၻာေပၚမွာ အေကာင္းတကာ့ အေကာင္းဆုံးနဲ႔ ေဖေဖ့အႀကိဳက္ဆုံး လက္ရာပဲ”
အလင္းကိုေျပာၿပီး ေဖေဖက ေမေမ့ကိုၾကည့္ေတာ့ ေမေမက မ်က္ေစာင္းလွလွေလး ထိုးပါေလေရာ။
“ပိုၿပီ”
“မပိုပါဘူးကြာ”
ခဏၾကာေတာ့ အားလုံးထမင္းစားၿပီးၾကတဲ့အခါ ကိုယ္စီကိုယ္ငွ အိမ္မွထြက္ခါဖို႔ ျပင္ၾကတယ္။
“သားစားၿပီးရင္ သြားရေအာင္။ ခ်စ္အိမ္တံခါးပိတ္”
ေဖေဖ့ဆိုင္ကယ္ေနာက္မွာ အလင္းထိုင္လိုက္ၿပီး ေဖေဖ့ခါးကို ဖက္လိုက္တယ္။ ေမေမကေတာ့ သူ႔ရဲ့လက္ဆြဲေတာ္ စက္ဘီးေလးဆြဲၿပီး ထြက္သြားပါတယ္။ ေမေမက က်န္းမာေရးေကာင္းေအာင္ ကိုယ္လက္လႈပ္ရွားမႈရေအာင္ဆိုၿပီး စက္ဘီးနဲ႔မနက္တိုင္း ႐ုံးကိုသြားတယ္။ ေဖေဖက အလင္းကိုေက်ာင္းပို႔ရင္း ႐ုံးကိုဆိုင္ကယ္နဲ႔သြားပါတယ္။ မနက္တိုင္းေဖေဖ့ခါးကိုဖက္ၿပီး ေက်ာင္းသြားရတာလည္း အလင္းရဲ့အေပ်ာ္ရဆုံးထဲက တစ္ခုပါပဲ။
ခဏေနေတာ့ မုန္းတို႔အိမ္ေရွ႕ ေရာက္လာတာမို႔ ေဖေဖက ဆိုင္ကယ္ရပ္ၿပီး ဟြန္းတီးလိုက္ပါတယ္။
“တီ . . . တီ”
ေဟာ အလင္းနဲ႔ေဖနဲ႔ ေရာက္ေနၿပီ။ မုန္းက ဟိုးငယ္ငယ္ေလးကတည္းက အလင္းရဲ့ေဖေဖ့ကို ေဖလို႔ေခၚၿပီး အလင္းရဲ့ေမေမ့ကို ေမလို႔ေခၚခဲ့တာပါ။ ေဖနဲ႔ေမ့ကို မုန္းက အေဖနဲ႔အေမလိုခ်စ္ရသလို ေဖနဲ႔ေမကလည္း မုန္းကို သားအရင္းလို ခ်စ္ေပးၾကပါတယ္။
“ေမေမ သားသြားၿပီ”
ေမေမ့ကိုႏႈတ္ဆက္ၿပီးတာနဲ႔ လြယ္အိတ္နဲ႔ထမင္းခ်ိဳင့္ကို ဆြဲယူၿပီး ထြက္လာလိုက္တယ္။
အိမ္ေရွ႕ေရာက္ေတာ့ အလင္းေပးတဲ့ ဆိုင္ကယ္ဦးထုပ္ကို ယူေဆာင္းရင္း ေဖ့ေနာက္ကို ဝင္ထိုင္းၿပီး ေဖ့ခါးကို ဖက္လိုက္တယ္။ အလင္းကေတာ့ မုန္းေနာက္ကဝင္ထိုင္ၿပီး မုန္းခါးကိုဖက္ထားေလရဲ့။
ေက်ာင္းသြားတိုင္း အလင္းမွာ ေဖေဖ့ခါးကို မုန္းတို႔အိမ္ထိပဲ ဖက္ရပါတယ္။ မုန္းတို႔အိမ္ေရာက္တာနဲ႔ မုန္းကိုေဖေဖနဲ႔ အလင္းၾကားမွာ ထားရတယ္။ ေမေမက မုန္းတခုခုျဖစ္မွာဆိုးလို႔ပါတဲ့။ ကိုယ္ကတာဝန္ယူၿပီး ဝင္ေခၚရတာဆိုေတာ့ သူမ်ားကေလး တစ္ခုခုျဖစ္သြားရင္ မ်က္ႏွာမရ ေျခေထာက္ရမွာဆိုးလို႔တဲ့ေလ။ ၿပီးေတာ့ မုန္းကလည္း ေဖေဖ့သားဆိုေတာ့ မုန္းကိုလည္း ဖက္ခြင့္ေပးရမယ္ဆိုတာေၾကာင့္ မုန္းအိမ္ေရွ႕ေရာက္ရင္ အလင္းက အျမဲေနာက္ဆင္းေပးခဲ့ရတာပါ။
ဆိုင္ကယ္၅မိနစ္ ၁၀မိနစ္ေလာက္ ေမာင္းၿပီးတဲ့အခါ အလင္းတို႔ေက်ာင္းေရွ႕ကို ေရာက္လာပါတယ္။
“သား ညေနၾက မင္းေမေမက မမသီရိကို လာေခၚခိုင္းမယ္ထင္တယ္။ တကယ္လို႔ မမသီရိမလာလည္း ေဖေဖ့ကို မုန္းေလးဖုန္းနဲ႔ miss called ေပးလိုက္ေနာ္။ ေဖေဖစီစဥ္ေပးမယ္ “
“ဟုတ္ကဲ့ေဖေဖ တာ့တာ”
“သားမုန္း ေဖသြားၿပီ”
“ဟုတ္ေဖ တာတာ့”
ေဖေဖ ထြက္သြားတာကို မ်က္စိတဆုံးၾကည့္ၿပီး မ်က္စိေရွ႕က ေပ်ာက္သြားၿပီဆိုမွ ေက်ာင္းထဲကိုဝင္လာခဲ့လိုက္တယ္။
“အလင္း ငါညကေႏြ႕ကို မက္ေဆ့ပို႔လိုက္တယ္”
“အင္း ဘာေျပာလဲ”
“သူ႔ဖုန္းနံပတ္ ဘယ္ကရလဲတဲ့။ ငါအားသစ္ဆီကရတယ္ေျပာေတာ့ ဘာေျပာစရာ ရွိလို႔လဲတဲ့။ ငါနင့္ကို စိတ္ဝင္စားေနတာၾကာၿပီမို႔ ငါနင့္ကိုခ်စ္တယ္လို႔ ေျပာလိုက္တယ္”
“အင္း”
“စဥ္းစားဦးမယ္တဲ့ . . . မင္းေရာ . . .စၿပီးသြားၿပီလား”
“အင္း ရည္းစားစာေတာ့ ေရးလာတယ္။ မုန္း မင္းအရင္သြားႏွင့္ေနာ္။ ငါေက်ာင္းထိပ္မွာ ႏွင္းဆီပန္း ဝင္ဝယ္လိုက္ဦးမယ္”
မုန္းကိုေျပာၿပီးတာနဲ႔ အ.ထ.က (၁) ေျမာင္းျမဆိုတဲ့ ဆိုင္းဘုတ္ေအာက္မွာ ပန္းေရာင္းတဲ့ အန္တီဆီက ႏွင္းဆီပန္းတစ္စီးဝယ္ၿပီး ေက်ာင္းေရွ႕မွာပဲ မေယာင္မလယ္ ရပ္ေနလိုက္တယ္။
ခဏၾကာေတာ့ ေႏြဦးေမဆိုတဲ့ ကၽြန္ေတာ္တို႔ရဲ့ေႏြေလးေရာက္လာတယ္။
“ေႏြ ဒီေန႔ ငါတို႔အသင္း ဘုရားပန္းလဲရမယ့္ေန႔မို႔လား။ ငါ ႏွင္းဆီပန္း ဝယ္လာခဲ့တယ္”
ေႏြနဲ႔အလင္းက အသင္းတူတာမို႔ အလင္းဝယ္လာတဲ့ ပန္းစည္းကို ေႏြ႕ကိုေပးလိုက္တယ္။
“မဝယ္လည္း ရပါတယ္ အလင္းရယ္။ နင္အျမဲဝယ္ေပးေနတာ။ ေနဦး ငါသေျပပန္း ဝယ္လိုက္ဦးမယ္။ ႏွစ္ခုေပါင္းထိုးရင္ အေတာ္လွတယ္။ ေမေမအဲ့လိုထိုးတာေတြ႕လို႔ ေက်ာင္းမွာျပန္ထိုးမယ္ေတြးေနတာ”
ေႏြက သေျပတစ္ခက္ဝယ္ၿပီး အလင္းဆီက ႏွင္းဆီပန္းစည္းကို လွမ္းယူလိုက္ပါတယ္။
“ေႏြ ပန္းစည္းထဲမွာစာပါတာမို႔ ေသခ်ာဂ႐ုစိုက္ယူေနာ္။ အဲ့စာထဲမွာ ငါနင့္အေပၚထားတဲ့ ခံစားခ်က္ေတြ ေရးထားတယ္”
ေႏြ႕ကိုေျပာၿပီး အလင္းလွည့္ထြက္လာေတာ့ ေႏြက ရွက္ျပဳံးေလးျပဳံးၿပီး က်န္ခဲ့ပါေတာ့တယ္။