Xiao Zhan is Mine (ရှောင်းကျန...

By LayNge_

278K 20.6K 297

Xiao Zhan is Mine (ရှောင်းကျန့်က ငါ့အပိုင်) ဆိုတဲ့ fan fiction လေးက အရမ်းချစ်ပေမယ့် ဖွင့်ပြောလေ့မရှိတဲ့... More

XZIM 1
XZIM 2
XZIM 3
XZIM 4
XZIM 5
XZIM 6
XZIM 7
XZIM 8
XZIM 9
XZIM 11
XZIM 12
XZIM 1 (Zawgyi)
XZIM 2 (Zawgyi)
XZIM 3 (Zawgyi)
XZIM 4 (Zawgyi)
XZIM 5 (Zawgyi)
XZIM 6 (Zawgyi)
XZIM 7 (Zawgyi)
XZIM 8 (Zawgyi)
XZIM 9 (Zawgyi)
XZIM 10 (Zawgyi)
XZIM 11 (Zawgyi)
XZIM 12 (Zawgyi)
XZIM 13 (U+Z)
XZIM 14 (U+Z)
XZIM Final (U+Z)
Thank You Note

XZIM 10

11.8K 911 13
By LayNge_

တကျွိကျွိမြည်နေတာ ငှက်ကလေးတွေရဲ့ အသံများလား.. ရိပေါ် ကြားတစ်ချက် မကြားတစ်ချက် ... သတိလွတ်စွာ ဘေးကို အသာစောင်းငဲ့မိတော့  စူးခနဲအောင့်မျက်သွားလိုက်တာများ... အောက်ပိုင်းတစ်ခုလုံး နာကျင် လို့။ အတွေးထဲဝင်လာတဲ့ ညက ပုံရိပ်တွေကြောင့် ရိပေါ်  ရှက်လွန်းလို့  ခါးစပ်ကစောင်ကို မျက်နှာအထိ ဆွဲခြုံလိုက်မိတော့သည်။

မောင် ဆိုတဲ့ လူဆိုးကောင်က ဘယ်မှာများလဲ။ ဘုရား. ငါ အခု ရှောင်းကျန့်ကို မောင် လို့ တွေးလိုက်မိတာလား။  ရှက် လိုက်တာ။ မောင် လို့ မခေါ်နိုင်ပါဘူး နော် .. ဟွန့် ..

အသံသဲ့သဲ့ကြားမိတာကြောင့် ရိပေါ် ဖြတ်ခနဲ ကြည့်မိတော့ ရှပ်အင်းကျီအဖြူကို လက်ကြယ်သီးတွေလည်း မတပ်ထားတဲ့အပြင်  ရင်ဘက်ဟပြဲ.... စတိုင်ပန် ဘောင်းဘီရှည်အမည်းရောင်နဲ့ ဆွဲဆောင်မှုရှိရှိအပြုံးတွေနဲ့ သူ့ဆီလှမ်းလျှောက်လာနေတဲ့ သူ့ရဲ့မောင်..။

၆ ပေကျော်အရပ်နဲ့  အဆီပိုမရှိ ကျစ်လျစ်ဖြောင့်စင်းတဲ့ ခန္ဓာကိုယ်။ ချပ်ရပ်နေတဲ့ ဗိုက်ပေါ်က six pack အရာတွေနဲ့  ယောက်ကျားပီသတဲ့ sexy ကျကျ ဗိုက်ပေါ်ကအမွှေးတွေ..။ ခြေတံရှည်တွေနဲ့ လိုက်ဖက်စွာ ခပ်ကျဲကျဲခြေလှမ်းများ...

ရိပေါ် ဘယ်လောက်အထိ အငေးလွန်နေတယ် မသိ။ သတိထားမိတော့ ရှောင်းကျန့်ကရိပေါ်ကို ထပ်လျက်အုပ်မိုး လို့ ။  ရိပေါ် ရှက်ပြီး မျက်နှာကို စောင်နဲ့ဆွဲကာဖို့ ပြင်တော့ ရှောင်းကျန့်က စောင်ကို ဆွဲကိုင်ထားသည်။ ခေါင်းအုံးကို လှမ်းဆွဲပြီး အုပ်မယ်ပြင်ပြန်တော့လည်း ရိပေါ်အတွေးကို သိနေသည့်အလား ခေါင်းအုံးကို ဆွဲဖယ်ပစ်ပြန်သည်။

"ရှောင်းကျန့်..." ရှက်ပေမယ့် ဟန်ကိုယ့်ဖို့ အော်ပစ်လိုက်တော့

"မောင် ဆို... ည ကတော့ တစ်ညလုံး မောင် ဆို ပြီးတော့"

မျက်ခုံးတစ် ချက်ပင့်လို့ မထီတရီအပြုံးနဲ့ ပြောနေပုံက ...

"အားးး... ရှောင်းကျန့်.... လူဆိုးကောင်"

"မောင် လို့ ခေါ်ခံရဖို့ ညကလို လုပ်ရမှာလား"

ရိပေါ် ငြိမ်သွားတာမှ မလှုပ်ရဲတော့။  ဟက်... ရှောင်းကျန့် ခပ်သဲ့သဲ့ပြုံးရင်း ရိပေါ်ကိုယ်ပေါ်က စောင်လေးကို ခါးအထိ ဆွဲခွါလိုက်တော့ သူ့အချစ်က လန့်သွားလိုက်တာများ။ ဒီလောက်ကလေးကို လန့်နေရင် ရှေ့ဘယ်လိုဆက်ရပါ့။ နို့နှစ်ရောင် ကိုယ်လုံးလေးက အခုတော့ သူ ဆေးခြယ်ထားသမျှ လှချင်တိုင်းလှလို့။ 

စားမတတ် ဝါးမတတ်ကြည့်နေပြန်တော့ ရိပေါ် ရှက်ရွံ့စွာ တစ်ဖက်လှည့်လိုက်တော့ ကျောရိုးတစ်လျှောက် နာကျင်မှုကြောင့်  မျက်နှာလေးရှုံ့လို့   အင့်.. ခနဲ ငြီးသံလေး ထွက်သွားမိသည်။

"မလှုပ်နဲ့လေ အချစ်ရဲ့။ နာနေသေးတယ်မို့လား"

ရှောင်းကျန့် ညကနေ အရုဏ်ဦးချိန်ထိမို့ သူ့ လက်ဆ ဘယ်လောက်ပြင်းသလဲဆိုတာ သူကိုယ်တိုင်လည်းသိနေသည်။ 
ခါးအောက်ကို ညင်ညင်သာသာလေး လက်ထိုးသွင်းပြီး ရိပေါ်ကိုယ်လုံးလေးကို မနာအောင် သိမ်းပွေ့လိုက်တော့ သူ့လည်ပင်းကို ပြန်သိုင်းယှက်လာတဲ့ လက်ကလေးတွေ။ သူ့လက်ရာ နီညိုရောင် အမှတ်အသားတွေအပေါ် တဖွဖွ ပွတ်ဆွဲ နမ်းရှိုက်နေမိသည်။
နှုတ်ခမ်းထောင့်က သွေးစွန်းနေတာလေးက သူကပိုင်ရှင်ဆိုတဲ့ တံဆိပ်အမှတ်အသား။ နှုတ်ခမ်းဖူးလေးကို ဖွဖွလေးငုံထားလိုက်သည်။ ဘယ်တော့မှ ဖြတ်ဖို့ကြိုးစားမှာမဟုတ်တဲ့ သူ့ရဲ့ဓါတ်စာ မူးယစ်ဆေးလေး။ စွဲနေပြီ အချစ်ရယ်..
သူ့လက်ချက်ကြောင့် နီရဲစူတင်းနေတဲ့ ချယ်ရီသီးလေးတွေကို လျှာနဲ့ ထိတွေ့စွတ်စိုစေလိုက်သည်။

" အ ... မောင်" သူပြုလို့ ပွင့်ထွက်လာတဲ့ အချစ်ရဲ့ ညည်းသံလေးက သူ့ ဂျူနီယာကို တင်းမာလာစေသည်။ သူ့ကြောင့် ဖြစ်တည်လာတဲ့ အသံလေးကို ထပ်ကြားချင်မိတာကြောင့် အသီးလေးတွေကို နှုတ်ခမ်းနှစ်လွှာကြား တတိတိ ဖိချေမိပြန်တော့.

"အ့ ... ဟင့်အင်း.. မောင်... မ.. ရ. အာ့"

ရိပေါ် လန့်လာပြီ။ မဖြစ်ဘူးလေ။ သူ နာ နေသေးတယ်လေ။ မနေ့တစ်နေ့ကအထိ ရိပေါ်ကို မထိရက် မကိုင်ရက် ဖြစ်နေတဲ့ ရှောင်းကျန့်က နေ့ချင်း ညချင်း လူစားလဲလိုက်သလို။ 

"မောင်   ဘာမှမလုပ်ဘူးလေ အချစ်ရယ်... ဒီအတိုင်း ခဏလေး နမ်းရုံကို.... နော်.. လို့"

အဆုံးသတ်စကား .. နော်... လို့ ... ဆိုတာလေးကို ခပ်ချွဲချွဲပြောလာတဲ့ ရှောင်းကျန့်။ မြေခွေးဆိုးကြီးက ဒီလို အချွဲလုံးလေးတွေလည်း ရတာပဲလား။ ရိပေါ်ဖြင့် အံ့ဩလွန်းလို့ပါ၊

ရိပေါ်ရဲ့ sensitive ဖြစ်တဲ့ ချယ်ရီသီးလေးတွေနဲ့ ညှပ်ရိုးနေရာကို လျှာနဲ့ ထိုးကလိလိုက်.. နှုတ်ခမ်းတွေနဲ့ ပွတ်ဆွဲလိုက်လုပ်နေပြန်တဲ့ ရှောင်းကျန့်...

"မောင့်"

ရိပေါ်ရဲ့ အလန့်တကြား တွန်းထိုး ဟန့်တားသံကြောင့်  ရှောင်းကျန့် အသက်ပြင်းပြင်းရှူထုတ်ရင်း မရပ်ချင်ဘဲ ရပ်တန့်လိုက်ရတော့သည်။

"အချစ်ကို မောင် ရေချိုးပေးမယ် နော်"

ပြောရင်း ရိပေါ်ကို ပွေ့ချီလို့ ရေချိုးခန်းဆီ ခေါ်ဆောင်သွားလိုက်သည်။ 

ရိပေါ် ငြင်းရန်ပြင်ပြီးမှ သူ့အခြေအနေကလည်း လှုပ်ဖို့တောင် မလွယ်ကူနေတာကြောင့် အသာတကြည် သာ လိုက်လျော ပေးလိုက်တော့သည်။ ရှောင်းကျန့်က ရိပေါ်ကို ဘေစင်ပေါ် အသာတင်လို့ မျက်နှာကို ခပ်ဖွဖွသစ်ပေးပြီး ညင်သာစွာ သွားတိုက်  ပေးပြန်တော့ ရိပေါ်မှာ အနေရခက်သည့်ကြားမှ ကြည်နူးမိပြန်သည်။ ရေနွေးအသင့်စပ်ပေးထားတဲ့ bathtub ထဲ အသာချပေးပြီး လာဗင်ဒါနံ့သင်းသင်းဆပ်ပြာဖြင့် ဖွဖွလေး ဖိပွတ်ပေးနေရင်းက

"အချစ်"

"ဟင်"

ရှောင်းကျန့် ကျေနပ်စွာ ပြုံးလိုက်သည်။ အရင်က ရှောင်းကျန့်က အချစ် လို့ ခေါ်တိုင်း မှုန်ကုပ်ကုပ်ပြန်ကြည့်တတ်သည့်  ထော်လန်လေးက အခုလို အလိုအလျောက် တုန့်ပြန်ထူးလာတာကြောင့်  သူ ကျေနပ်မိခြင်းပင်။

"မနေ့ညက အချစ် မောင့်ကိုပေးတဲ့ လက်ဆောင်ပေါ့နော်။ အဲ့လိုလက်ဆောင်ကို  အမြဲ ပေးမယ် မဟုတ်လား"

"အာ .... မောင် ... မင်း... မင်း... လူဆိုးကောင်... နှာဗူးကောင်"
ရိပေါ် ရှက်ရမ်းရမ်းပြီး ရေတွေနဲ့ ကောက်ပက်ရင်း အတင်း ရေ ထဲ ခေါင်း မြှုပ်ပစ်မိသည်။ ဘယ်လိုတောင် အရှက်မဲ့လိုက်တာလဲ မောင်စုတ်။

ရှောင်းကျန့် တစ်ယောက် အားရပါးရ ရယ်မောလို့။ ရေချိုးခန်းထဲမှာ မကျေမနပ်အော်ဟစ်သံတွေ ရယ်မောသံတွေ ဖုံးလွှမ်းလို့ သာယာဖွယ် ဖြစ်နေတော့သည်။

တစ်လျှောက်လုံး ဥပုသ်စောင့်လာခဲ့ရတဲ့ ရှောင်းကျန့်ဟာ အခုတော့ဖြင့် မောင်ကျန်တစ်တို့ လို မြေခွေးဆိုးကြီးပါနော်။
———————————————————-

ဖိုးနဲ့ ဖွားတို့နဲ့ ဧည့်ခန်းမှာ စကားထိုင်ပြောရင်း ..

"မြေးကျန့်တော့ မြေးငယ်လေးကို အတော်လေး သည်းခံပေး ရမယ်ထင်တယ်"

ထမင်းစားရင်ပဲဖြစ်ဖြစ်၊ မုန့်စားချိန်ပဲဖြစ်ဖြစ် ရှောင်းကျန့်က ရိပေါ်ကို အရိပ်တကြည့်ကြည့်ရှိလွန်းသည်။ ရိပေါ် မစားချင် ဖြစ်နေပြန်ရင်လည်း ချော့မော့ပြီး ဝင်အောင်ကျွေးတတ်သည်။  အလို မကျစွာ စူပုပ်နေတဲ့ ရိပေါ်နဲ့  အပြုံးမပျက်စေဘဲ သည်းခံလွန်းတဲ့ ရှောင်းကျန့်ကို ကြည့်ပြီး ဖွားက လှမ်းပြောလိုက်ခြင်းပင်။

ရိပေါ်ကို သိပ်ချစ်တဲ့ ဖိုးနဲ့ဖွားရှေ့မှာတောင် သူက အမှတ်တွေရပြီး ရိပေါ်က လူဆိုးဖြစ်ရဦးမယ်... ဟွန်း။

ရှောင်းကျန့်က ပြုံးလျက် ရိပေါ်ကို စိုက်ကြည့်လိုက်ပြီး

"အချစ်က မဆိုးပါဘူး ဖွားရဲ့။ ခဏခဏ စိတ်ကောက်ပြီး စူထော်နေတတ်တာလေးပဲ"

"ဟင်... ဦးဦးကျန့်က ဦးငယ်လေးကို အချစ် တဲ့ ခစ် ခစ် "

ခဏအလည်ရောက်နေပြီး ခပ်လှမ်းလှမ်းမှာ ထိုင်ကစားနေတဲ့ ရိပေါ်ရဲ့ ၈ နှစ်အရွယ် တူမဝမ်းကွဲလေး ဖေးဖေး က ပြောလာတော့ ရိပေါ် အရှက်လွန်ပြီး သီး မတတ်။

"ဟား   ဟား   ဟားးးးး"

ဖိုးနဲ့ဖွား က သဘောတကျ ထရယ်တော့သည်။

ရိပေါ်ရှက်ရှက်နဲ့ ရှောင်းကျန့်ကို ဘုကြည့် ကြည့်ရင်း တူမတော် ဖေးဖေးကို ပါ လှည့်မဲတော့သည်။

"ဒါ ကလေး ပြောရမယ့် စကားလား ဖေးဖေး"

"ဦးငယ်လေးတို့ကကျ  ကလေးရှေ့ နားရှက်စရာတွေ လာပြောနေပြီးတော့"

ဘုရား... ဒီခေတ်ကလေးတွေ အတော်ကို စကားတတ်ကြပါ့လား။

"ဘာလို့ နားထောင်နေတာလဲ။ အပြင်မှာ သွားဆော့လေ"

"ဟမ့် ... ထောင်မနေပါဘူး"

ဖေးဖေးကပြောပြီးပြီးချင်း ခြံဝန်းထဲဆင်းသွားပြီး စက်ဘီးပတ်စီးနေတော့သည်။  ရိပေါ်တော့ တူမတော်ရှေ့ မရှိတဲ့ သိက္ခာတွေကျပြီး မရှိတဲ့ အရှက်တွေလည်း ကွဲလို့။ ရှောင်းကျန့်ကြောင့်...

ရှောင်းကျန့်ကတော့ ခုချိန်ထိ ရိပေါ်ကို ပြုံးပြုံးကြီးကြည့်နေဆဲ။ ရိပေါ်က ရှောင်းကျန့် လက်ကို မနာအောင် ဆွဲလိမ်ပစ်လိုက်သည်။

ဖိုးက သူတို့ ၂ ယောက်ကို ကြည့်ရင်း ပြုံးလျက်

"အိမ်ထောင်တစ်ခု ထူထောင်တယ်ဆိုတာ သွေးမတော် သားမစပ် သူစိမ်း ၂ ယောက် ပေါင်းစပ်ကြတာမို့ ရေရှည် တည်မြဲဖို့ဆိုရင်  တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် နားလည်မှု ရှိရမယ်။ အချင်းချင်း လေးစားရမယ်။ အရေးကြီးဆုံးက သိုဝှက်မထားဘဲ ဘာမဆို ပွင့်လင်းမှု ရှိဖို့ လိုတာပဲ"

ဖိုးက စကားခဏရပ်ပြီး သူတို့ ၂ ယောက်ကို အကဲခတ်သလို တစ်ချက်ကြည့်သည်။ ရိပေါ်က ခေါင်းကို ငုံ့ထားမိသည်။ ရှောင်းကျန့်က ရိပေါ်လက်ကို လာရောက်ဆုပ်ကိုင်လိုက်သည်။  ဖိုးက ထိုအနေအထားကို ခပ်ပြုံးပြုံးကြည့်ရင်း...

"မြေးတို့ ၂ ယောက် အိမ်ထောင်ရေးဆို  ယောက်ကျားလေး ၂ ယောက် ဖြစ်နေတာကြောင့် ပို သတိထားဖို့ လိုလိမ့်မယ်။  ယောက်ကျားလေးအနေနဲ့ အဖက်ဖက်က ပြည့်စုံနေတဲ့ အခြေအနေရှိတဲ့ သားတို့ ၂ ယောက်ရဲ့ အိမ်ထောင်ရေးကို တစ်ချို့က သွေးတိုးစမ်းချင်ကြမှာပဲ။  တစ်ခါတစ်လေမှာ ကိုယ်မရည်ရွယ်ပေမယ့် စိတ်အလိုဆန္ဒကို မထိန်းချုပ်မိလို့ မှားယွင်းတတ်တာမျိုး ရှိလာရင်"

သူတို့ ၂ ယောက်လုံး ဆတ်ခနဲ မတ်သွားသည်။ ရှောင်းကျန့်က ရိပေါ်လက်ကို ခပ်တင်းတင်းဆုပ်ညှစ်လိုက်သည်။

"ဖိုး  ဘာကို ဆိုလိုသလဲဆိုတာ မြေးတို့ နားလည် မှာပါ။ အဓိက က တစ်ယောက်နဲ့တစ်ယောက် ပွင့်လင်းဖို့ပဲကွာ။ ဖိုး ဒါပဲပြောချင်တယ် ဟုတ်ပြီလား"

ဖိုး စကားဆုံးတော့ ရှောင်းကျန့်က

"ဟုတ်ကဲ့ပါ ဖိုး။ ကျွန်တော်တို့  ဖိုးပြောတာတွေကို မှတ်သားလိုက်နာပါ့မယ်။ ပြီးတော့"

ရှောင်းကျန့်က ရိပေါ်ကို ကြည့်ရင်း

"ကျွန်တော် အဲ့လို အခြေအနေမျိုးတွေလည်း ဖြစ်လာမှာမဟုတ်ဘူးလို့ ကတိပေးပါတယ်ခင်ဗျာ။ ကျွန်တော် ရိပေါ်ကိုပဲချစ်တာမို့  ကျွန်တော့်အတွက် သူပဲလိုပါတယ်ခင်ဗျ"

ရိပေါ်ရဲ့ နားရွက်ဖျားလေးတွေ ရဲမှည့်လို့ လာပြန်ပါပြီ။ ဖိုးက ခေါင်းတငြိမ့်ငြိမ့် သဘောကျနေရင်း ရိပေါ်ကိုကြည့်လို့

"မြေးငယ်လေးကရော ပြောပါဦးလား တစ်ခုခု"

အဲ့လိုတွေ ပြောမှာမဟုတ်တဲ့ ရိပေါ်အကြောင်းသိနေတဲ့ ရှောင်းကျန့်က ရိပေါ်ကို အနေမခက်စေဖို့ ဖိုးကို တစ်ခုခုပြောရန် ပြင်လိုက်သည်။

"ဟို... သားမှာလည်း... အဲ့ လို တွေ ရှိလာမှာ မဟုတ်"

ရိပေါ် ပြောရင်း ရှက်ရှက်နဲ့ အသံက တိမ်ဝင်သွားသည်။ ရိပေါ် ပြောလာမည် ထင်မထားတဲ့ ရှောင်းကျန့်က ရိပေါ် ကို အံ့ဩစွာ လှမ်းကြည့်လာသည်။

"အဟမ်း.." ရိပေါ် ချောင်းတစ်ချက်ဟန့်ပြီး  သူ့လက်တွေပေါ် အုပ်ကိုင်ထားတဲ့ ရှောင်းကျန့်လက်တွေကို လက်ညှိုးလေးနဲ့ ရှေ့နောက် တို့ ထိ လိုက်ပြီး ..

"သား မှာ လည်း ... ဟို... အ ဟမ်း... သူ.... ပဲ... ရှိ.....တာ....မို့..."

ခပ်တိုးတိုးပြောရင်း  ရိပေါ်လည်း ရှက်ရှက်နဲ့  ရှောင်းကျန့်လက်ကိုပဲ ပွတ်နေမိတော့သည်။  ဖိုးနဲ့ဖွားကတော့ သူတို့ ၂ ယောက် ပုံစံကိုကြည့်ပြီး သဘောကျစွာ ရယ်နေကြသည်။

ရှောင်းကျန့်က သူ့လက်ကို ပွတ်သပ်နေတဲ့ ရိပေါ်လက်ကို  ရပ်သွား စေရန် ခပ်တင်းတင်း ဆုပ်ကိုင်ပစ်လိုက်တော့ ရိပေါ် ပြူးကြောင်ကြောင်လေး မော့ကြည့်လိုက်မိသည်။

ဘယ်လိုတွေတောင် မြှူဆွယ်နေတာလဲ အချစ်ရေ။ သူ့လက်ဖမိုးကို လက်ညှိုးလေးနဲ့ တို့ထိနေကတည်းက သူ့မှာ မရိုးမရွတွေဖြစ်လို့ မနည်းထိန်းချုပ်နေရပါတယ်ဆို... အခု ပုံစံလေးဖြစ်နေပုံက  ကိုက်စားပစ်ချင်စရာ။

ရှောင်းကျန့်က နှစ်ကိုယ်ကြားရုံလေသံဖြင့်

"အချစ်က မောင့်ကို ဆွဲဆောင်နေတာလား" တဲ့

လူဆိုးကောင် ရှောင်းကျန့်....

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

2130 words
Lay Nge Ko Ko
20200615

Continue Reading

You'll Also Like

176K 26.6K 21
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
81.6K 20.2K 62
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
364K 33.4K 26
အချိန်တွေသာ ကျော်ပြီး မင်းဆီရောက်လာပေမဲ့ ငါ့အချစ်တွေကတော့ မကျော်လွန်ဘဲ မင်းကိုလွမ်းနေတုန်း အချိန်တွေသာ ကျော်ပြီး မင်းဆီရောက်လာပေမဲ့ ငါ့အချစ်တွေကတော့ ...
202K 16.8K 40
i know it's getting late, getting late but can i still be on my way, on my way, yeath but when i touch her i feel like I'm cheating on you. ... chea...