ေ႐ွးေဟာင္းဘုရားေပါင္းမ်ားစြာနဲ႔ ဂနၱဝင္ဆန္ဆန္တည္ရိွေနေသာ ေျမာက္ဦးၿမိဳ႕ေတာ္...။ျမင္ျမင္သမွ်ဘုရားေစတီပုထိုးမ်ားကို ၾကည္ညိဳစြာဖူးေျမာ္ခြင့္ရမည့္ေဒသတစ္ခုလည္းျဖစ္ေပသည္။ၿမိဳ႕အဝင္တြင္ ေ႐ွးေဟာင္းတံတိုင္းႀကီးကို အနည္းငယ္ယိုယြင္းေနေသာအေနအထားျဖင့္ ဝမ္းနည္းဖြယ္ေတြ႔ျမင္ႏိုင္ပါသည္။
"မေဟာ္စံအိမ္"
ၿမိဳ႕ေတာ္ထဲက အႀကီးမားဆံုးစံအိမ္တစ္ခုပင္ျဖစ္သည္။
ေ႐ွးဘိုးစင္ေဘာင္ဆက္ကပင္တည္ရိွခဲ့ေသာဤစံအိမ္ႀကီးသည္ ယခုထက္တိုင္ခမ္းနားလွပေနဆဲ...။
"မိလံုးေရ"
"ဘုရား"
"ညည္းမမေလးကိုသြားၾကည့္ေခ်"
"ဟုတ္ကဲ့ ႀကီးႀကီး"
ျခံထဲတြင္မိလံုးနဲ႔ကစားေနေသာကေလးမေလးကိုအေပၚထပ္ျပတင္းေပါက္မွေကာင္ေလးသည္ၿငိမ္သက္စြာၾကည့္ေနခဲ့သည္။ထို႔ေနာက္ စားပဲြေလးေပၚျပန္ထိုင္ကာစာၾကည့္ေနခဲ့သည္။ ကြၽန္ေတာ္လည္းညမေလးလိုကစားခ်င္တယ္။
သူငယ္ခ်င္းဆိုတာႀကီးကိုလည္းေတြ႔ဖူးခ်င္တယ္။ ေက်ာင္းပိတ္ရက္ေတြတိုင္းသူမ်ားေတြလိုေဘာလံုးကန္ၾက အျပင္ထြက္ၾက၊ကြၽန္ေတာ္လည္းအဲ့လိုလြတ္လြတ္လပ္လပ္ေနခ်င္တာေပါ့။ဒါေပမဲ့ ကြၽန္ေတာ့အေပါင္းအေဖာ္ကစာမ်ားပင္
ျဖစ္သည္။ ေဖေဖနဲ႔ေမေမ့ရဲ႕ေမ်ွာ္လင့္ခ်က္အတိုင္း ကြၽန္ေတာ္ဟာအေတာ္ဆံုးျဖစ္ေနရမည္ေလ။
"သီရိမေဟာ္ အဆင့္ေတြက်ျပန္ၿပီ"
ေဖေဖ့ရဲ႕ေဒါသသံကထမင္းစားခန္းထဲကလူအားလံုးကိုၿငိမ္သက္သြားေစသည္။ ငခြၽတ္မေလးသီရိကလဲြလို႔ေပါ့။
"ဟာ ေဖႀကီးကလည္း အဆင့္၂ရတာဘာျဖစ္လို႔လည္း
ကိုကိုက အဆင့္၁ သမီးကအဆင့္၂ ဘယ္ေလာက္ေ႐ွ႕သြားေနာက္လိုက္ညီလဲ"
"ငရဲငအံုေတြေတာ့ႀကီးေတာ့မွာပဲ စကားကိုဘယ္လိုေျပာေနတာလဲ သမီးငယ္"
"ေမေမရယ္သမီးကအမွန္ေျပာတာကို"
"ေနာက္တစ္လအဆင့္၁ပဲျမင္ခ်င္တယ္"
ေျပာၿပီးထမင္းစားခန္းထဲကထထြက္သြားတဲ့
ဲ့ ဦးသူရမေဟာ္ကိုၾကည့္ၿပီး ေဒၚျမတ္ေသာသီရိသက္ျပင္းခ်မိတယ္။
သားနဲ႔သမီးရဲ႕ပညာေရးကိုအေလးေပးလြန္းေသာေၾကာင့္
ကေလးေတြစိတ္ပင္ပန္းမွာစိုးေပမဲ့ သူမကိုယ္တိုင္
ကလည္းလိုလားခဲ့သူမို႔လို႔...။
"သမီးငယ္ ကစားတာေလးေလ်ွာ့ၿပီး စာပိုက်က္ရမယ္ေနာ္ သမီးအကိုကိုၾကည့္ တစ္ခါမွအျပင္မထြက္ဘူး စာပဲက်က္ေနတာ အခုလာမဲ့သခ်ၤာစြမ္းရည္ၿပိဳင္ပဲြေတာင္ဝင္ၿပိဳင္မွာ"
"သမီးလည္းအဂၤလိပ္စာစြမ္းရည္ၿပိဳင္မွာပါေနာ္"
ေမေမနဲ႔အၾကည့္ခ်င္းဆံုၿပီးျပံဳးရျပန္သည္။ ညမေလးကတကယ့္အသြက္ေလးပါပင္။ကြၽန္ေတာ့္ထက္ႏွစ္ႏွစ္ပဲငယ္ေသာညမေလးက အရာရာကိုစူးစမ္းခ်င္ၿပီးထက္ျမက္သူေလးျဖစ္သည္။
*********
၈တန္း(A)
အတန္းထဲဆရာမ မဝင္ေသး၍ဆူညံပြက္ေလာ႐ိုက္ေနသည္။ Aခန္း စာေတာ္တဲ့သူေတြေနရတဲ့အခန္းဆိုၿပီးအထင္ျကီးလိုက္ရင္မွားသြားမည္။ မႏိုင္စိန္ေတြစုေဝးရာအခန္းဆိုပိုမွန္မည္။
ဒုတိယခံုတန္းရဲ႕အစြန္မွာထိုင္ၿပီးစာက်က္ေနတဲ့ ျမတ္မင္းမေဟာ္ကလဲြလို႔ေပါ့။
"မဂၤလာပါဆရာမ"
"မဂၤလာပါ ထိုင္"
အတန္းပိုင္ဆရာမရဲ႕ေနာက္ကလိုက္လာေသာ ေက်ာင္းသားသစ္ကိုတစ္တန္းလံုးကစူးစမ္းေနၾကသည္။ဆရာမကသူ႔ကိုေနရာခ်ေပးလိုက္ေတာ့ မေဟာ့္ရဲ႕ေဘးခံုမွာ...။
ေဘးနားဝင္ထိုင္ၿပီး ျပံဳးျပေနတဲ့ေကာင္ေလး...။
သူဆရာမသင္မဲ့ စာမ်က္ႏွာကိုပဲဂ႐ုတစိုက္လွန္ေနလိုက္တယ္။
အာ ဒီေကာင္ဘယ္လိုလဲ။ လူမႈေရးေခါင္းပါးခ်က္ပဲ။
ဆရာမစာေခၚေပးေနၿပီျဖစ္၍စာအုပ္သာအျမန္ထုတ္လိုက္ရတယ္။
ဆရာမထြက္သြားေတာ့...
"ငါ့နာမည္က႐ွင္းဆက္ မင္းကေရာ"
"ျမတ္မင္းမေဟာ္ "
"ေဝါင္း နာမည္မိုက္"
သူ႔စကားကိုဂ႐ုမစိုက္ပဲ ခုနကအိမ္စာေပးသြားတာေတြတြက္ေနတဲ့ မေဟာ့္ကိုၾကည့္ၿပီးႏွာေခါင္း႐ွံု႔လိုက္မိတယ္။
စာဂ်ပိုးေတြနဲ႔မေပါင္းခ်င္ဘူး...။
"ေဟး ငါကလဝန္းငယ္"
"ငါက႐ွင္းဆက္"
"မိုးသားငယ္"
"ႏွစ္ေယာက္ကအမႊာေတြလား"
"အင္း ဟုတ္တယ္ မိုးသားငယ္ကငါ့ေမာင္ေလး"
"အံမာ ၃မိနစ္ပဲႀကီးတာကို"
ဘုန္း!!
"အား ေက်ာကဲြၿပီ ေမေမနဲ႔တိုင္မယ္"
အခန္းထဲပတ္ေျပးေနတဲ့အမႊာႏွစ္ေယာက္ကိုၾကည့္ၿပီး
ရယ္ေနမိေတာ့တယ္။ေဘးကကိုယ္ေတာ္ကေတာ့ သခ်ၤာတြက္မပ်က္။
>>>>>>
"သားေရ ေက်ာင္းမွာအဆင္ေျပလား"
"ဟုတ္ေျပတယ္ ေဖေဖ"
ေဖေဖက ဝန္ထမ္းဆိုေတာ့ သူတို႔မိသားစုကနယ္ခဏခဏေျပာင္းရတယ္။ ေနရာသစ္မွာအသားက်သြားၿပီဆိုတာနဲ႔
ထပ္ေျပာင္း႐ျပန္ေရာ။
"ဟိုေန႔ကသားကိုႀကီးဖုန္းဆက္တယ္ Top tenဝင္ရင္
စပ႐ိုက္တိုက္မယ္တဲ့"
"ဗ်ာ တကယ္ႀကီးလား"
ကိုႀကီးက ရန္ကုန္ေဆး၁မွာတက္ေနတာပင္။ေျပာရမွာေတာ့နည္းနည္း႐ွက္မိသလိုပဲ။ ကိုႀကီးကစာေတာ္သည္။
အတန္းတိုင္းသူပထမရတာခ်ည္း။ ကြၽန္ေတာ္ကဘိတ္ခ်ီးဗ်ာ။ အဲ့လိုေျပာလိုက္လို႔အထင္ေတာ့မေသးေစခ်င္ဘူး။
စာက်က္ရမွာပ်င္းစရာႀကီး။ ေခါင္းထဲဝင္မလာခ်င္တဲ့စာေတြကိုအတင္းေခၚရေအာင္ကြၽန္ေတာ္ကမာနႀကီးလြန္းတယ္။ မလာဘူးဆိုတာကိုမေခၚဘူး။အဲ့ေတာ့ကြၽန္ေတာ္စာမက်က္ဘူး ဟဲဟဲ။
"ၾကည့္စမ္း ျပံဳးစိစိျဖစ္ေနတာမ်ား Top tenဝင္ေအာင္အရင္ႀကိဳးစား"
ေမေမ့စကားေၾကာင့္ကြၽန္ေတာ္ခ်ံဳ႕မဲ့သြားရတယ္။ အင္း
တစ္ခုလိုခ်င္ရင္တစ္ခုေတာ့ေပးဆပ္ရမွာေပါ့။
ဂါးးးးး ဘာေတြလဲ ဘာေတြလဲ။ ဘာလို႔၁၃၀၀ျပည့္အေရးေတာ္ပံုေပၚလာတာလဲ။ ေတာင္သူလယ္သမားေတြြကေရာဘာလ္ု႔ိလယ္စိုက္စားမေနဘဲ ဆနၵျပေနတာလဲ။
ေရနံေျမသပိတ္နဲ႔ငါ့ကိုသာလာထုလိုက္ၾက ဂါးးးးး ႐ူးခ်င္လာၿပီ။
"ဟဲ့ေကာင္ေလး ဘာေတြေလ်ွာက္ေအာ္ေနတာလဲ စာေကာင္းေကာင္းက်က္"
အခန္းဝမွေမေမလာေအာ္တာေၾကာင့္ပါးစပ္ေလးပိတ္ၿပီး
သမိုင္းစာအုပ္က္ုိအားနဲ႔ထိုးပလိုက္တယ္.....လက္ညိဳးနဲ႔။
မင္းေၾကာင့္!!!
To be continued.....
>>>>>>>>>>>>>Unicode<<<<<<<<<<
ရေှးဟောင်းဘုရားပေါင်းများစွာနဲ့ ဂန္တဝင်ဆန်ဆန်တည်ရိှနေသော မြောက်ဦးမြို့တော်...။မြင်မြင်သမှျဘုရားစေတီပုထိုးများကို ကြည်ညိုစွာဖူးမြော်ခွင့်ရမည့်ဒေသတစ်ခုလည်းဖြစ်ပေသည်။မြို့အဝင်တွင် ရေှးဟောင်းတံတိုင်းကြီးကို အနည်းငယ်ယိုယွင်းနေသောအနေအထားဖြင့် ဝမ်းနည်းဖွယ်တွေ့မြင်နိုင်ပါသည်။
"မဟော်စံအိမ်"
မြို့တော်ထဲက အကြီးမားဆုံးစံအိမ်တစ်ခုပင်ဖြစ်သည်။
ရေှးဘိုးစင်ဘောင်ဆက်ကပင်တည်ရိှခဲ့သောဤစံအိမ်ကြီးသည် ယခုထက်တိုင်ခမ်းနားလှပနေဆဲ...။
"မိလုံးရေ"
"ဘုရား"
"ညည်းမမလေးကိုသွားကြည့်ချေ"
"ဟုတ်ကဲ့ ကြီးကြီး"
ခြံထဲတွင်မိလုံးနဲ့ကစားနေသောကလေးမလေးကိုအပေါ်ထပ်ပြတင်းပေါက်မှကောင်လေးသည်ငြိမ်သက်စွာကြည့်နေခဲ့သည်။ထို့နောက် စားပွဲလေးပေါ်ပြန်ထိုင်ကာစာကြည့်နေခဲ့သည်။ ကျွန်တော်လည်းညမလေးလိုကစားချင်တယ်။
သူငယ်ချင်းဆိုတာကြီးကိုလည်းတွေ့ဖူးချင်တယ်။ ကျောင်းပိတ်ရက်တွေတိုင်းသူများတွေလိုဘောလုံးကန်ကြ အပြင်ထွက်ကြ၊ကျွန်တော်လည်းအဲ့လိုလွတ်လွတ်လပ်လပ်နေချင်တာပေါ့။ဒါပေမဲ့ ကျွန်တော့အပေါင်းအဖော်ကစာများပင်
ဖြစ်သည်။ ဖေဖေနဲ့မေမေ့ရဲ့မျေှာ်လင့်ချက်အတိုင်း ကျွန်တော်ဟာအတော်ဆုံးဖြစ်နေရမည်လေ။
"သီရိမဟော် အဆင့်တွေကျပြန်ပြီ"
ဖေဖေ့ရဲ့ဒေါသသံကထမင်းစားခန်းထဲကလူအားလုံးကိုငြိမ်သက်သွားစေသည်။ ငချွတ်မလေးသီရိကလွဲလို့ပေါ့။
"ဟာ ဖေကြီးကလည်း အဆင့်၂ရတာဘာဖြစ်လို့လည်း
ကိုကိုက အဆင့်၁ သမီးကအဆင့်၂ ဘယ်လောက်ရေှ့သွားနောက်လိုက်ညီလဲ"
"ငရဲငအုံတွေတော့ကြီးတော့မှာပဲ စကားကိုဘယ်လိုပြောနေတာလဲ သမီးငယ်"
"မေမေရယ်သမီးကအမှန်ပြောတာကို"
"နောက်တစ်လအဆင့်၁ပဲမြင်ချင်တယ်"
ပြောပြီးထမင်းစားခန်းထဲကထထွက်သွားတဲ့
ဲ့ ဦးသူရမဟော်ကိုကြည့်ပြီး ဒေါ်မြတ်သောသီရိသက်ပြင်းချမိတယ်။
သားနဲ့သမီးရဲ့ပညာရေးကိုအလေးပေးလွန်းသောကြောင့်
ကလေးတွေစိတ်ပင်ပန်းမှာစိုးပေမဲ့ သူမကိုယ်တိုင်
ကလည်းလိုလားခဲ့သူမို့လို့...။
"သမီးငယ် ကစားတာလေးလျေှာ့ပြီး စာပိုကျက်ရမယ်နော် သမီးအကိုကိုကြည့် တစ်ခါမှအပြင်မထွက်ဘူး စာပဲကျက်နေတာ အခုလာမဲ့သချင်္ာစွမ်းရည်ပြိုင်ပွဲတောင်ဝင်ပြိုင်မှာ"
"သမီးလည်းအင်္ဂလိပ်စာစွမ်းရည်ပြိုင်မှာပါနော်"
မေမေနဲ့အကြည့်ချင်းဆုံပြီးပြုံးရပြန်သည်။ ညမလေးကတကယ့်အသွက်လေးပါပင်။ကျွန်တော့်ထက်နှစ်နှစ်ပဲငယ်သောညမလေးက အရာရာကိုစူးစမ်းချင်ပြီးထက်မြက်သူလေးဖြစ်သည်။
*********
၈တန်း(A)
အတန်းထဲဆရာမ မဝင်သေး၍ဆူညံပွက်လောရိုက်နေသည်။ Aခန်း စာတော်တဲ့သူတွေနေရတဲ့အခန်းဆိုပြီးအထင်ကြီးလိုက်ရင်မှားသွားမည်။ မနိုင်စိန်တွေစုဝေးရာအခန်းဆိုပိုမှန်မည်။
ဒုတိယခုံတန်းရဲ့အစွန်မှာထိုင်ပြီးစာကျက်နေတဲ့ မြတ်မင်းမဟော်ကလွဲလို့ပေါ့။
"မင်္ဂလာပါဆရာမ"
"မင်္ဂလာပါ ထိုင်"
အတန်းပိုင်ဆရာမရဲ့နောက်ကလိုက်လာသော ကျောင်းသားသစ်ကိုတစ်တန်းလုံးကစူးစမ်းနေကြသည်။ဆရာမကသူ့ကိုနေရာချပေးလိုက်တော့ မဟော့်ရဲ့ဘေးခုံမှာ...။
ဘေးနားဝင်ထိုင်ပြီး ပြုံးပြနေတဲ့ကောင်လေး...။
သူဆရာမသင်မဲ့ စာမျက်နှာကိုပဲဂရုတစိုက်လှန်နေလိုက်တယ်။
အာ ဒီကောင်ဘယ်လိုလဲ။ လူမွုရေးခေါင်းပါးချက်ပဲ။
ဆရာမစာခေါ်ပေးနေပြီဖြစ်၍စာအုပ်သာအမြန်ထုတ်လိုက်ရတယ်။
ဆရာမထွက်သွားတော့...
"ငါ့နာမည်ကရှင်းဆက် မင်းကရော"
"မြတ်မင်းမဟော် "
"ဝေါင်း နာမည်မိုက်"
သူ့စကားကိုဂရုမစိုက်ပဲ ခုနကအိမ်စာပေးသွားတာတွေတွက်နေတဲ့ မဟော့်ကိုကြည့်ပြီးနှာခေါင်းရှုံ့လိုက်မိတယ်။
စာဂျပိုးတွေနဲ့မပေါင်းချင်ဘူး...။
"ဟေး ငါကလဝန်းငယ်"
"ငါကရှင်းဆက်"
"မိုးသားငယ်"
"နှစ်ယောက်ကအမွွာတွေလား"
"အင်း ဟုတ်တယ် မိုးသားငယ်ကငါ့မောင်လေး"
"အံမာ ၃မိနစ်ပဲကြီးတာကို"
ဘုန်း!!
"အား ကျောကွဲပြီ မေမေနဲ့တိုင်မယ်"
အခန်းထဲပတ်ပြေးနေတဲ့အမွွာနှစ်ယောက်ကိုကြည့်ပြီး
ရယ်နေမိတော့တယ်။ဘေးကကိုယ်တော်ကတော့ သချင်္ာတွက်မပျက်။
>>>>>>
"သားရေ ကျောင်းမှာအဆင်ပြေလား"
"ဟုတ်ပြေတယ် ဖေဖေ"
ဖေဖေက ဝန်ထမ်းဆိုတော့ သူတို့မိသားစုကနယ်ခဏခဏပြောင်းရတယ်။ နေရာသစ်မှာအသားကျသွားပြီဆိုတာနဲ့
ထပ်ပြောင်းရပြန်ရော။
"ဟိုနေ့ကသားကိုကြီးဖုန်းဆက်တယ် Top tenဝင်ရင်
စပရိုက်တိုက်မယ်တဲ့"
"ဗျာ တကယ်ကြီးလား"
ကိုကြီးက ရန်ကုန်ဆေး၁မှာတက်နေတာပင်။ပြောရမှာတော့နည်းနည်းရှက်မိသလိုပဲ။ ကိုကြီးကစာတော်သည်။
အတန်းတိုင်းသူပထမရတာချည်း။ ကျွန်တော်ကဘိတ်ချီးဗျာ။ အဲ့လိုပြောလိုက်လို့အထင်တော့မသေးစေချင်ဘူး။
စာကျက်ရမှာပျင်းစရာကြီး။ ခေါင်းထဲဝင်မလာချင်တဲ့စာတွေကိုအတင်းခေါ်ရအောင်ကျွန်တော်ကမာနကြီးလွန်းတယ်။ မလာဘူးဆိုတာကိုမခေါ်ဘူး။အဲ့တော့ကျွန်တော်စာမကျက်ဘူး ဟဲဟဲ။
"ကြည့်စမ်း ပြုံးစိစိဖြစ်နေတာများ Top tenဝင်အောင်အရင်ကြိုးစား"
မေမေ့စကားကြောင့်ကျွန်တော်ချုံ့မဲ့သွားရတယ်။ အင်း
တစ်ခုလိုချင်ရင်တစ်ခုတော့ပေးဆပ်ရမှာပေါ့။
ဂါးးးးး ဘာတွေလဲ ဘာတွေလဲ။ ဘာလို့၁၃၀၀ပြည့်အရေးတော်ပုံပေါ်လာတာလဲ။ တောင်သူလယ်သမားတေွွကရောဘာလ်ု့ိလယ်စိုက်စားမနေဘဲ ဆန္ဒပြနေတာလဲ။
ရေနံမြေသပိတ်နဲ့ငါ့ကိုသာလာထုလိုက်ကြ ဂါးးးးး ရူးချင်လာပြီ။
"ဟဲ့ကောင်လေး ဘာတွေလျေှာက်အော်နေတာလဲ စာကောင်းကောင်းကျက်"
အခန်းဝမှမေမေလာအော်တာကြောင့်ပါးစပ်လေးပိတ်ပြီး
သမိုင်းစာအုပ်က်ုိအားနဲ့ထိုးပလိုက်တယ်.....လက်ညိုးနဲ့။
မင်းကြောင့်!!!
To be continued.....