It Has To Be YOU

By schwarzeart

16.7K 901 290

အရာအားလုံးထက် မင်းဖြစ်​နေဖို့ပဲလိုတယ် ချစ်သူ More

EP 1
ေၾကာ္ျငာ
Ep 2
BTS PIC
EP 4
EP 5
EP 6
Ep 7

EP 3

1.4K 141 38
By schwarzeart

Unicode Font

ချစ်ခြင်းတရားဆိုတာကို ကျွန်မတို့ခေါင်းစဉ်အမျိုးမျိုးနဲ့
သတ်မှတ်ကြတယ် တချို့က ပေးဆပ်ခြင်း တချို့က
ရယူခြင်း ဆိုတာတွေနဲ့ပေါ့

အဲ့တာဆို ကျွန်မအတွက် အချစ်ဆိုတာကကော
ဘယ်လိုခေါင်းစဉ်မျိုးနဲ့တည်ရှိနေတာလဲဆိုတာကို
သိချင်မိလာသည်

မိုင် ကော်ဖီပူပူလေးကို ရေနွေးငွေ့လေး
နှာခေါင်းထိပ်လေးနဲ့ခံစားရင် စိတ်ကူးတွေ
လေထဲဝဲပါနေသည်

ဒီနေ့မိုးရွာတာ သည်းတော့ ဆွေးစရာပင်
ကောင်းလှနေသည် တစုံတရာကို လွမ်းဆွတ်နေသလိုလို
တစုံတရာကို တမ်းတနေသလိုလို ခံစားချက်တချို့ကလည်း
ဟိုဝင်သည်ဝင် စိတ်ရဲ့အနှံ့ ဝင်ထွက်နေပြန်သည်

" မိုင်....  "

ရေချိုးခန်းထဲကနေ ခေါင်းလျှော်ပြီး ထွက်လာသော ဖန်း

" ဖန်း...  ဟာ ပြောစကားနားမထောင်ဘူး "

" ဟင်?  "

" ရာသီဥတု အေးနေတာကို ညနေ စောင်းကြီး
ဘာလို့ခေါင်းလျှော်တာလဲ ဖျားတော့မှာပဲ "

ကော်ဖီခွက်ကို ဘေးချကာ ဆူလာသော
မိုင်ကို မျက်စောင်းလေးနဲ့ကြည့်လိုက်သော ဖန်း

" မဖျားစေချင်ရင် ခေါင်းခြောက်အောင် လာလုပ်ပေးလေ "

ဒီကလေးကို ဆူလည်း စိတ်ကောက်မည့်အဆုံး
သက်ပြင်းသာချပြီး Dryer ကောက်ကိုင်လိုက်ရသော မိုင်

" အအေးနဲ့မှုတ်ပေးပြီးမှ အပူပေးနော် "

" သိပါတယ် ဟိုဖက်လှည့် "

ဖန်း ရဲ့ဆံကေသာလေးတွေကို စိုရာမှ ခြောက်မှ
အသာလေးဖွပြီး လေမှုတ်ပေးနေသော မိုင်

ခေါင်းလျော်လိုက်သည်ကို စိတ်ဆိုးသည်မှာ
စိုးရိမ်၍သာဖြစ်သော်လည်း ခုလို ဖန်းရဲ့ ဆံနွယ်လေးတွေကို
ခြောက်အောင် လုပ်ပေးနေရသည်က မိုင်အတွက်
ပျော်ရွှင်မှု ကိုဖြစ်စေသည်

မိုင် အတွက် ချစ်ခြင်းတရားဆိုတာ ပျော်ရွှင်ခြင်း ဆိုတဲ့
ခေါင်းစဉ်နဲ့များ တည်ရှိနေသည်လား.... 

" မိုင်....  "

" အွန်း...  "

" ဖေဖေ တို့ကို ဘယ်တော့ပြောမှာလဲ "

" ............ "

မိုင် ရုတ်တရက်ငြိမ်သက်သွားသည်
ဖန်းကတော့ မေးခွန်းတွေပြည့်နှက်နေတဲ့
မျက်ဝန်းတွေနဲ့ကြည့်နေသည်

" နောက်မှ ပေါ့ အရာရာအဆင်ပြေတဲ့အချိန်မှပေါ့"

" ဘယ်တော့လဲ နောက်မှ ဆိုတဲ့အချိန်က "

" ခေါင်းခြောက်သွားပြီ.....  "

မိုင် စကားလမ်းကြောင်းလွှဲပြီး Dryer လေး
ကိုင်ပြီး ထွက်သွားသည်
မိုင် ထိုကိစ္စကို ပြောချင်ဟန်မပေါ်သည်ဟု
ထင်ရသည်မို့ ဖန်းလည်း ဆက်မမေးပဲနေလိုက်သည်
နာရီကို ကြည့်လိုက်တော့ ခုနစ်နာရီပင်ထိုးတော့မည်

ဗိုက်လည်း ဆာလာသည် မို့ ဖန်းလည်း
တခုခုစားဖို့ နောက်ဖေးဝင်လာလိုက်သည်
မိုင်က ရေချိုးခန်းထဲ ဝင်သွားတာတွေ့သည်မို့
ညစာလေး အမြန်လုပ်ဖို့ ဟိုရှာဒီရှာကြည့်နေစဉ်

" တီ.........တီ.. " (ဖုန်းမြည်သံ)

" ဟယ်လို မေမေ ပြော"

" သမီးလား မိုင့် ကွန်ဒိုမှာလေ နောက်ကျနေလို့
ဒီမှာပဲ အိပ်လိုက်တော့မို့ "

" ဘာလို့လဲ "

မိုင် ရေချိူးခန်းထဲကထွက်လာသည်မို့
ဖန်း ဖုန်းပြောနေရင်း အသံတိုးလိုက်သည်

" မသိဘူး သမီး ဒီညဒီမှာနေလိုက်မယ်
ကလေးလည်းမဟုတ်ဘူး ဒါပဲ "

ဖုန်းကို အမြန် ချလိုက်သော ဖန်းကို မိုင်တချက်
ကြည့်လိုက်သည် ဖန်း က ဘာမှမဟုတ်သလိုပဲ
လုပ်စရာရှိတာလုပ်နေသည်

မိုင် ဘယ်လိုမေးရင်ကောင်းမလဲလို့
စဉ်းစားနေမိသည် ဖန်းပုံစံကတစုံတခုကို
ဖုံးကွယ်နေသလိုဖြစ်နေသည်

" ဟိုနေ့က ခေါက်ဆွဲတွေကော
ချဉ်ချဉ်စပ်စပ်လေးစားချင်တာ... ဟိဟိ "

" ဖန်း...  "

မိုင် မျက်နာထား တည်တည်နဲ့ ဆိုလာသည်

" ဟင်?  "

နှုတ်ခမ်းလေးစေ့တင်းလျက် မျက်လုံးလေး
ပင့်ပြီး ပြန်ပြောလာသော ဖန်း

" ဘယ်သူဆက်တာလဲ "

" ဟင်...  အာ အလုပ်ကပါ "

မိုင် လက်ပိုက်ကာ သက်ပြင်းချလိုက်ရင်
မလိမ်တတ်ပဲ လိမ်နေသော ထိုကောင်မလေးကို
အသာလေးတွန်းဖယ်ကာ ခေါက်ဆွဲထုတ်
ရှာပေးလိုက်သည်

" ဟိဟိ ဟုတ်တယ် ဒါပြောတာ "

" တီ...... တီ....  " ( ဖုန်းခေါ်သံ) 

ဖုန်းသံထပ်မြည်လာသည်မို့ မိုင် လျင်မြင်စွာပဲ
Contact name ကိုကြည့်လိုက်သော
ဖန်းရဲ့ အမေဖြစ်သူဖြစ်နေသည်

ဖုန်းကိုမကိုင်ပဲ မိုင်ကို ကြည့်လာသော ဖန်း

" ဘာလို့လဲ ကိုင်လိုက်လေ "

" မေမေကလည်း ဘာဖြစ်နေလဲမသိဘူး "

" ပေး "

မိုင် ဖန်းရဲ့ဖုန်းကို ဆွဲယူပြီးကိုင်လိုက်သည်

" ဟယ်လို "

" ဘိုင်ဖန်း... အဲ့အိမ်ကနေမပြန်လာဘူးလား
နင် ဒီအမေသေတာကို
ကြည့်ချင်လို့လား အေး ငါလည်း ဒီလိုဘဝဆို
မနေချင်တော့ဘူး ငါ့ကိုလာသတ်လိုက်တော့
သမီးမိန်းကလေးမွေးထားပြီး လူတကာကဲ့ရဲ့တာ
ခံရတာကို နင်မြင်ချင်နေတာလား
နင် ဘဝကို နင်လျှောက် ငါ့ကို အမေလို့
လာမခေါ်နဲ့...  ဟယ်လို ဘိုင်ဖန်း...  ဟယ်လို "

မိုင် ဘာတခွန်းမှ ပြန်မပြောနိုင်ပဲ
စက္ကန့်ပိုင်းမျှ ဖုန်းကိုင်လျက်သားနဲ့
ကြောက်ရုပ်တမျှရပ်တန့်သွားသည်

ဆက်နားထောင်ဖို့ ခွန်အားတို့လည်း မရှိတော့သည်မို့
ဖုန်းကိုချလိုက်သည်  မျက်ရည်စများ ဝဲပြီး
မိုင်ကို ကြည့်နေသည်က ဖန်း

" မိုင်...  ဘာလို့ကိုင်လိုက်တာလဲ .. "

ဖန်းရဲ့အသံက ငိုသံလေးများပင် စွတ်လာသည်
မိုင် သက်ပြင်းတို့ထပ်ချရင်း မကျလာသော မျက်ရည်စများ
ကို ဟန့် ထားရင်း မာန်တင်းလိုက်ကာ... 

" အကျီလဲ...  ကိုယ်ပြန်လိုက်ပို့ပေးမယ် "

" ဟင့်အင့် မပြန်ဘူး "

" ပြန်လိုက်...  ကိုယ်ကားသွားထုတ်လိုက်မယ် "

" ဟင့်အင်း မသွားပါဘူးဆို "

" ငါ ပြန်လို့ ပြောနေတယ်လေ...  ပြန်လို့ ပြောနေတာ "

မိုင် လေသံမာစွာနဲ့ ဖန်းကိုအော်လိုက်သည်
ငိုသံလေးနဲ့ မိုင်ကို ဆွဲထားသော ဖန်းရဲ့လက်လေးများပင်
မိုင် အော်သံကြောင့်အနည်းငယ် တုန်လှုပ်သွားသည်

ထိုအခါမှ မိုင်လည်း လေသံပြန်လျော့လိုက်ပြီး
ကားသော့ကိုင်ကာထွက်သွားသည်

" သွား နွေးနွေးထွေးထွေး ဝတ်ခဲ့
ကားထဲမှာစောင့်နေမယ် "

အေးစက်သွားသော ကော်ဖီခွက်လေးနဲ့
ဖောက်လက်စ ခေါက်ဆွဲခြောက်လေးတွေက
အထီးကျန်စွာ ဒဏ်ရာ တခုလို အမှတ်တရတချို့နဲ့
ထင်ကျန်နေခဲ့သည်

ကားမောင်လာသည် တလျှောက်လုံး မိုင် ကော
ဖန်းကော စကားမပြောခဲ့ကြပဲ တိတ်ဆိတ်နေကြသည်
အရင်လို ကားမောင်းရင်း စနောက်တတ်တဲ့
မိုင် နဲ့ Lover Seat ကနေ သီချင်းတွေဆိုပြီး
ပျော်နေတတ်တဲ့ ဖန်း တို့ ပုံရိပ်များက ဝိုးဝါးစွာ....

" ဘယ်တုန်းတည်းကလဲ "

မေးခွန်းစမေးလာသော မိုင်

" ဘာကိုလဲ...  "

" ဖန်းနုဲ့မိုင် အကြောင်းကို "

" သတင်းတွေကနေ တဆင့် ... "

" သတင်းတွေလောက်နဲ့ မဟုတ်ဘူး "

မိုင်ရဲ့စကားလုံးများက မွန်းကြပ်မှူများ
စို့နစ်မှုများကို ပေါ်လွင်နေစေသည်

" ဖေဖေက လူယုံတွေလွှတ်ထားရင်း သိသွားတာ "

ု " ............. "

မိုင် နှူတ်ဆိတ်သွားသည်

" ဖန်းလည်းမသိခဲ့ဘူး ဖေဖေက အဲ့လောက်ထိ
လက်မခံပေးလောက်မယ်မှန်း မထင်ထားခဲ့ဘူး "

" ............. "

" ဖန်း...  တကယ် မသိခဲ့တာ "

" ဘယ်လောက်ကြာပြီလဲ "

မိုင် တတ်နိုင်သလောက် စိတ်ကိုတင်းကာ
ဆက်မေးလာသည်

" ပြီးခဲ့တဲ့လက "

မိုင်ရဲ့ ခု ပုံစံကို ဖန်းအရမ်းကြောက်သည်
ဘယ်အရာကိုမှမကြောက်သလို ဘာကိုမှ
ဆုံးရှုံးစရာမရှိတဲ့သူလို အရုပ်ကြိုးပျက်နေသလို
ဖြစ်နေသည်

" မိုင်...  ဖန်းတို့ ပြောလိုက်ရအောင် "

မိုင် ကားကို ရုတ်တရက် လမ်းဘေးကပ်ရပ်လိုက်ပြီး
ဖန်းကို ကြည့်ပြီး

" ဘာကိုလဲ ပြောလိုက်ပြီး မင်းကို မင်းအဖေက
အိမ်ထောင်ချပေးလိုက်တာကို လိုချင်တာလား "

" မိုင်...  "

မင်း ဆိုသော အသုံးအနှုန်းကို ဖန်း ရင်ထဲ
တဆစ်ဆစ်နာသည်ထိ မုန်းသည်

" မင်း အဖေသဘောကျ ငါနဲ့ အဆက်သွယ်ဖြတ်ပြီး
အိမ်ထောင်ကျ မြေးရ တာမျိုးကိုလား "

" မိုင် တော်တော့....  "

နောက်ထပ်ပြောလာမယ့် မိုင်ရဲ့ စကားတွေကို
ဖန်း ဆက်နားထောင်ဖို့ ခွန်အားမရှိတော့သည်မို့
ကားပေါ်မှ ဆင်းလိုက်ပြီး ဖြတ်သွားသော
Taxi ကို လက်တားငှားကာ တက်သွားလေသည်

ထိုအခါမှ မိုင် စိတ်တို့ ပြန်အသိဝင်လာပြီး

" ဖန်း... ဖန်း...  " 

သူဆက်လိုက်ဖို့ အင်အားလည်းမရှိတော့ပါ
ဘယ်လိုရှေ့ဆက်ရမလဲကိုလည်း မတွေးရဲ့တော့သလို
ဖြစ်နေသည်  အရာရာထက် ဖန်းကို ဆုံးရှုံးရမှာ
သူအရမ်းကြောက်နေမိသည်

ထိန်းကာထားသော မျက်ရည်များက
လျော့ချလိုက်သော စိတ်နဲ့အတူမျောကျလာသည်
စို့နစ်လှသည် နက်ရှိုင်းလှသည် ဒဏ်ရာများက
ဆူးနင့်လှသည်

ထိုနည်းအတူ Taxi ပေါ်မှာ ကလေးလေး
တယောက်လို ငိုနေသည်က ဖန်း.... 
အလျင်အမြန်ဆင်းလိုက်သည်မို့
ဒေါက်ဖိနပ် ပင် ကျိူးပြီး ခြေဖဝါးနုနုလေးက
သွေးခြေပင် ဥ သွားသည်

အချစ်ဆိုသော အရာက တကယ်တော့
သူတို့နစ်ယောက်အတွက် ဝေးကွာခြင်းဆိုတဲ့
ခေါင်းစဉ်နဲ့များ ရှိနေသည်လား...... 

ဆက်ရန်..... 
To be Continued
ကြယ်လေးတွေ မန့် လေးတွေ ပေးသွားပါဦးနော်
ဒီအပိုင်းရေးတာ ကိုယ်ပါငိုချင်မိတယ်

---------------------------------------------

Zawgyi Font


ခ်စ္ျခင္းတရားဆိုတာကို ကြၽန္မတို႔ေခါင္းစဥ္အမ်ဳိးမ်ဳိးနဲ႔
သတ္မွတ္ၾကတယ္ တခ်ဳိ႕က ေပးဆပ္ျခင္း တခ်ဳိ႕က
ရယူျခင္း ဆိုတာေတြနဲ႔ေပါ့

အဲ့တာဆို ကြၽန္မအတြက္ အခ်စ္ဆိုတာကေကာ
ဘယ္လိုေခါင္းစဥ္မ်ဳိးနဲ႔တည္ရိွေနတာလဲဆိုတာကို
သိခ်င္မိလာသည္

မိုင္ ေကာ္ဖီပူပူေလးကို ေရေႏြးေငြ႕ေလး
ႏွာေခါင္းထိပ္ေလးနဲ႔ခံစားရင္ စိတ္ကူးေတြ
ေလထဲဝဲပါေနသည္

ဒီေန႔မိုးရြာတာ သည္းေတာ့ ေဆြးစရာပင္
ေကာင္းလွေနသည္ တစံုတရာကို လြမ္းဆြတ္ေနသလိုလို
တစံုတရာကို တမ္းတေနသလိုလို ခံစားခ်က္တခ်ဳိ႕ကလည္း
ဟိုဝင္သည္ဝင္ စိတ္ရဲ႕အႏွံ႔ ဝင္ထြက္ေနျပန္သည္

" မိုင္....  "

ေရခ်ဳိးခန္းထဲကေန ေခါင္းေလွ်ာ္ၿပီး ထြက္လာေသာ ဖန္း

" ဖန္း...  ဟာ ေျပာစကားနားမေထာင္ဘူး "

" ဟင္?  "

" ရာသီဥတု ေအးေနတာကို ညေန ေစာင္းႀကီး
ဘာလို႔ေခါင္းေလွ်ာ္တာလဲ ဖ်ားေတာ့မွာပဲ "

ေကာ္ဖီခြက္ကို ေဘးခ်ကာ ဆူလာေသာ
မိုင္ကို မ်က္ေစာင္းေလးနဲ႔ၾကည့္လိုက္ေသာ ဖန္း

" မဖ်ားေစခ်င္ရင္ ေခါင္းေျခာက္ေအာင္ လာလုပ္ေပးေလ "

ဒီကေလးကို ဆူလည္း စိတ္ေကာက္မည့္အဆံုး
သက္ျပင္းသာခ်ၿပီး Dryer ေကာက္ကိုင္လိုက္ရေသာ မိုင္

" အေအးနဲ႔မႈတ္ေပးၿပီးမွ အပူေပးေနာ္ "

" သိပါတယ္ ဟိုဖက္လွည့္ "

ဖန္း ရဲ႕ဆံေကသာေလးေတြကို စိုရာမွ ေျခာက္မွ
အသာေလးဖြၿပီး ေလမႈတ္ေပးေနေသာ မိုင္

ေခါင္းေလ်ာ္လိုက္သည္ကို စိတ္ဆိုးသည္မွာ
စိုးရိမ္၍သာျဖစ္ေသာ္လည္း ခုလို ဖန္းရဲ႕ ဆံႏြယ္ေလးေတြကို
ေျခာက္ေအာင္ လုပ္ေပးေနရသည္က မိုင္အတြက္
ေပ်ာ္ရႊင္မႈ ကိုျဖစ္ေစသည္

မိုင္ အတြက္ ခ်စ္ျခင္းတရားဆိုတာ ေပ်ာ္ရႊင္ျခင္း ဆိုတဲ့
ေခါင္းစဥ္နဲ႔မ်ား တည္ရိွေနသည္လား.... 

" မိုင္....  "

" အြန္း...  "

" ေဖေဖ တို႔ကို ဘယ္ေတာ့ေျပာမွာလဲ "

" ............ "

မိုင္ ႐ုတ္တရက္ၿငိမ္သက္သြားသည္
ဖန္းကေတာ့ ေမးခြန္းေတြျပည့္ႏွက္ေနတဲ့
မ်က္ဝန္းေတြနဲ႔ၾကည့္ေနသည္

" ေနာက္မွ ေပါ့ အရာရာအဆင္ေျပတဲ့အခ်ိန္မွေပါ့"

" ဘယ္ေတာ့လဲ ေနာက္မွ ဆိုတဲ့အခ်ိန္က "

" ေခါင္းေျခာက္သြားၿပီ.....  "

မိုင္ စကားလမ္းေၾကာင္းလႊဲၿပီး Dryer ေလး
ကိုင္ၿပီး ထြက္သြားသည္
မိုင္ ထိုကိစၥကို ေျပာခ်င္ဟန္မေပၚသည္ဟု
ထင္ရသည္မို႔ ဖန္းလည္း ဆက္မေမးပဲေနလိုက္သည္
နာရီကို ၾကည့္လိုက္ေတာ့ ခုနစ္နာရီပင္ထိုးေတာ့မည္

ဗိုက္လည္း ဆာလာသည္ မို႔ ဖန္းလည္း
တခုခုစားဖို႔ ေနာက္ေဖးဝင္လာလိုက္သည္
မိုင္က ေရခ်ဳိးခန္းထဲ ဝင္သြားတာေတြ႕သည္မို႔
ညစာေလး အျမန္လုပ္ဖို႔ ဟိုရွာဒီရွာၾကည့္ေနစဥ္

" တီ.........တီ.. " (ဖုန္းျမည္သံ)

" ဟယ္လို ေမေမ ေျပာ"

" သမီးလား မိုင့္ ကြန္ဒိုမွာေလ ေနာက္က်ေနလို႔
ဒီမွာပဲ အိပ္လိုက္ေတာ့မို႔ "

" ဘာလို႔လဲ "

မိုင္ ေရခ်ဴိးခန္းထဲကထြက္လာသည္မို႔
ဖန္း ဖုန္းေျပာေနရင္း အသံတိုးလိုက္သည္

" မသိဘူး သမီး ဒီညဒီမွာေနလိုက္မယ္
ကေလးလည္းမဟုတ္ဘူး ဒါပဲ "

ဖုန္းကို အျမန္ ခ်လိုက္ေသာ ဖန္းကို မိုင္တခ်က္
ၾကည့္လိုက္သည္ ဖန္း က ဘာမွမဟုတ္သလိုပဲ
လုပ္စရာရိွတာလုပ္ေနသည္

မိုင္ ဘယ္လိုေမးရင္ေကာင္းမလဲလို႔
စဥ္းစားေနမိသည္ ဖန္းပံုစံကတစံုတခုကို
ဖံုးကြယ္ေနသလိုျဖစ္ေနသည္

" ဟိုေန႔က ေခါက္ဆြဲေတြေကာ
ခ်ဥ္ခ်ဥ္စပ္စပ္ေလးစားခ်င္တာ... ဟိဟိ "

" ဖန္း...  "

မိုင္ မ်က္နာထား တည္တည္နဲ႔ ဆိုလာသည္

" ဟင္?  "

ႏႈတ္ခမ္းေလးေစ့တင္းလ်က္ မ်က္လံုးေလး
ပင့္ၿပီး ျပန္ေျပာလာေသာ ဖန္း

" ဘယ္သူဆက္တာလဲ "

" ဟင္...  အာ အလုပ္ကပါ "

မိုင္ လက္ပိုက္ကာ သက္ျပင္းခ်လိုက္ရင္
မလိမ္တတ္ပဲ လိမ္ေနေသာ ထိုေကာင္မေလးကို
အသာေလးတြန္းဖယ္ကာ ေခါက္ဆြဲထုတ္
ရွာေပးလိုက္သည္

" ဟိဟိ ဟုတ္တယ္ ဒါေျပာတာ "

" တီ...... တီ....  " ( ဖုန္းေခၚသံ) 

ဖုန္းသံထပ္ျမည္လာသည္မို႔ မိုင္ လ်င္ျမင္စြာပဲ
Contact name ကိုၾကည့္လိုက္ေသာ
ဖန္း႐ဲ့ အေမျဖစ္သူျဖစ္ေနသည္

ဖုန္းကိုမကိုင္ပဲ မိုင္ကို ၾကည့္လာေသာ ဖန္း

" ဘာလို႔လဲ ကိုင္လိုက္ေလ "

" ေမေမကလည္း ဘာျဖစ္ေနလဲမသိဘူး "

" ေပး "

မိုင္ ဖန္းရဲ႕ဖုန္းကို ဆြဲယူၿပီးကိုင္လိုက္သည္

" ဟယ္လို "

" ဘိုင္ဖန္း... အဲ့အိမ္ကေနမျပန္လာဘူးလား
နင္ ဒီအေမေသတာကို
ၾကည့္ခ်င္လို႔လား ေအး ငါလည္း ဒီလိုဘဝဆို
မေနခ်င္ေတာ့ဘူး ငါ့ကိုလာသတ္လိုက္ေတာ့
သမီးမိန္းကေလးေမြးထားၿပီး လူတကာကဲ့ရဲ႕တာ
ခံရတာကို နင္ျမင္ခ်င္ေနတာလား
နင္ ဘဝကို နင္ေလွ်ာက္ ငါ့ကို အေမလို႔
လာမေခၚနဲ ့...  ဟယ္လို ဘိုင္ဖန္း...  ဟယ္လို "

မိုင္ ဘာတခြန္းမွ ျပန္မေျပာႏိုင္ပဲ
စကၠန္႔ပိုင္းမွ် ဖုန္းကိုင္လ်က္သားနဲ႔
ေၾကာက္႐ုပ္တမွ်ရပ္တန္႔သြားသည္

ဆက္နားေထာင္ဖို႔ ခြန္အားတို႔လည္း မရိွေတာ့သည္မို႔
ဖုန္းကိုခ်လိုက္သည္  မ်က္ရည္စမ်ား ဝဲၿပီး
မိုင္ကို ၾကည့္ေနသည္က ဖန္း

" မိုင္...  ဘာလို႔ကိုင္လိုက္တာလဲ .. "

ဖန္းရဲ႕အသံက ငိုသံေလးမ်ားပင္ စြတ္လာသည္
မိုင္ သက္ျပင္းတို႔ထပ္ခ်ရင္း မက်လာေသာ မ်က္ရည္စမ်ား
ကို ဟန္ ့ ထားရင္း မာန္တင္းလိုက္ကာ... 

" အက်ီလဲ...  ကိုယ္ျပန္လိုက္ပို႔ေပးမယ္ "

" ဟင့္အင့္ မျပန္ဘူး "

" ျပန္လိုက္...  ကိုယ္ကားသြားထုတ္လိုက္မယ္ "

" ဟင့္အင္း မသြားပါဘူးဆို "

" ငါ ျပန္လို႔ ေျပာေနတယ္ေလ...  ျပန္လို႔ ေျပာေနတာ "

မိုင္ ေလသံမာစြာနဲ႔ ဖန္းကိုေအာ္လိုက္သည္
ငိုသံေလးနဲ႔ မိုင္ကို ဆြဲထားေသာ ဖန္းရဲ႕လက္ေလးမ်ားပင္
မိုင္ ေအာ္သံေၾကာင့္အနည္းငယ္ တုန္လႈပ္သြားသည္

ထိုအခါမွ မိုင္လည္း ေလသံျပန္ေလ်ာ့လိုက္ၿပီး
ကားေသာ့ကိုင္ကာထြက္သြားသည္

" သြား ေႏြးေႏြးေထြးေထြး ဝတ္ခဲ့
ကားထဲမွာေစာင့္ေနမယ္ "

ေအးစက္သြားေသာ ေကာ္ဖီခြက္ေလးနဲ႔
ေဖာက္လက္စ ေခါက္ဆြဲေျခာက္ေလးေတြက
အထီးက်န္စြာ ဒဏ္ရာ တခုလို အမွတ္တရတခ်ဳိ႕နဲ႔
ထင္က်န္ေနခဲ့သည္

ကားေမာင္လာသည္ တေလွ်ာက္လံုး မိုင္ ေကာ
ဖန္းေကာ စကားမေျပာခဲ့ၾကပဲ တိတ္ဆိတ္ေနၾကသည္
အရင္လို ကားေမာင္းရင္း စေနာက္တတ္တဲ့
မိုင္ နဲ႔ Lover Seat ကေန သီခ်င္းေတြဆိုၿပီး
ေပ်ာ္ေနတတ္တဲ့ ဖန္း တို႔ ပံုရိပ္မ်ားက ဝိုးဝါးစြာ....

" ဘယ္တုန္းတည္းကလဲ "

ေမးခြန္းစေမးလာေသာ မိုင္

" ဘာကိုလဲ...  "

" ဖန္းႏုဲ႔မိုင္ အေၾကာင္းကို "

" သတင္းေတြကေန တဆင့္ ... "

" သတင္းေတြေလာက္နဲ႔ မဟုတ္ဘူး "

မိုင္ရဲ႕စကားလံုးမ်ားက မြန္းၾကပ္မႉမ်ား
စို႔နစ္မႈမ်ားကို ေပၚလြင္ေနေစသည္

" ေဖေဖက လူယံုေတြလႊတ္ထားရင္း သိသြားတာ "

ု " ............. "

မိုင္ ႏႉတ္ဆိတ္သြားသည္

" ဖန္းလည္းမသိခဲ့ဘူး ေဖေဖက အဲ့ေလာက္ထိ
လက္မခံေပးေလာက္မယ္မွန္း မထင္ထားခဲ့ဘူး "

" ............. "

" ဖန္း...  တကယ္ မသိခဲ့တာ "

" ဘယ္ေလာက္ၾကာၿပီလဲ "

မိုင္ တတ္ႏိုင္သေလာက္ စိတ္ကိုတင္းကာ
ဆက္ေမးလာသည္

" ၿပီးခဲ့တဲ့လက "

မိုင္ရဲ႕ ခု ပံုစံကို ဖန္းအရမ္းေၾကာက္သည္
ဘယ္အရာကိုမွမေၾကာက္သလို ဘာကိုမွ
ဆံုး႐ံႈးစရာမရိွတဲ့သူလို အ႐ုပ္ႀကိဳးပ်က္ေနသလို
ျဖစ္ေနသည္

" မိုင္...  ဖန္းတို ့ ေျပာလိုက္ရေအာင္ "

မိုင္ ကားကို ႐ုတ္တရက္ လမ္းေဘးကပ္ရပ္လိုက္ၿပီး
ဖန္းကို ၾကည့္ၿပီး

" ဘာကိုလဲ ေျပာလိုက္ၿပီး မင္းကို မင္းအေဖက
အိမ္ေထာင္ခ်ေပးလိုက္တာကို လိုခ်င္တာလား "

" မိုင္...  "

မင္း ဆိုေသာ အသံုးအႏႈန္းကို ဖန္း ရင္ထဲ
တဆစ္ဆစ္နာသည္ထိ မုန္းသည္

" မင္း အေဖသေဘာက် ငါနဲ႔ အဆက္သြယ္ျဖတ္ၿပီး
အိမ္ေထာင္က် ေျမးရ တာမ်ဳိးကိုလား "

" မိုင္ ေတာ္ေတာ့....  "

ေနာက္ထပ္ေျပာလာမယ့္ မိုင္ရဲ႕ စကားေတြကို
ဖန္း ဆက္နားေထာင္ဖို႔ ခြန္အားမရိွေတာ့သည္မို႔
ကားေပၚမွ ဆင္းလိုက္ၿပီး ျဖတ္သြားေသာ
Taxi ကို လက္တားငွားကာ တက္သြားေလသည္

ထိုအခါမွ မိုင္ စိတ္တို ့ ျပန္အသိဝင္လာၿပီး

" ဖန္း... ဖန္း...  " 

သူဆက္လိုက္ဖို႔ အင္အားလည္းမရိွေတာ့ပါ
ဘယ္လိုေရွ႕ဆက္ရမလဲကိုလည္း မေတြးရဲ႕ေတာ့သလို
ျဖစ္ေနသည္  အရာရာထက္ ဖန္းကို ဆံုး႐ံႈးရမွာ
သူအရမ္းေၾကာက္ေနမိသည္

ထိန္းကာထားေသာ မ်က္ရည္မ်ားက
ေလ်ာ့ခ်လိုက္ေသာ စိတ္နဲ႔အတူေမ်ာက်လာသည္
စို႔နစ္လွသည္ နက္႐ိႈင္းလွသည္ ဒဏ္ရာမ်ားက
ဆူးနင့္လွသည္

ထိုနည္းအတူ Taxi ေပၚမွာ ကေလးေလး
တေယာက္လို ငိုေနသည္က ဖန္း.... 
အလ်င္အျမန္ဆင္းလိုက္သည္မို႔
ေဒါက္ဖိနပ္ ပင္ က်ဴိးၿပီး ေျခဖဝါးႏုႏုေလးက
ေသြးေျခပင္ ဥ သြားသည္

အခ်စ္ဆိုေသာ အရာက တကယ္ေတာ့
သူတို႔နစ္ေယာက္အတြက္ ေဝးကြာျခင္းဆိုတဲ့
ေခါင္းစဥ္နဲ႔မ်ား ရိွေနသည္လား...... 

ဆက္ရန္..... 
To be Continued
ၾကယ္ေလးေတြ မန္႔ ေလးေတြ ေပးသြားပါဦးေနာ္
ဒီအပိုင္းေရးတာ ကိုယ္ပါငိုခ်င္မိတယ္

Continue Reading

You'll Also Like

8.1K 1.3K 27
පන්දුවෙන් වැඩදාන දගකාර හිතක් ලග ගන් එකෙන් වැඩ දාන සීතල හිතක් නතර උනොත් , #විරුශ් ...... 💞 For the love Of...
36.7K 4.5K 41
I don't wanna be right .
663K 44.4K 67
အသက်တစ်ခါရှူတိုင်း ရှင်ကျွန်မကို သတိရနေပါစေဆိုတဲ့ ဆုတောင်းမျိုးကို တကိုယ်ကောင်းဆန်စွာနဲ့ ဆုတောင်းတယ်။ - Lalisa Manoban - နာကျင်ရမယ်မှန်းသိလျက်နဲ့ တို...
3K 149 7
On the run in the year 1987, Bumblebee the Autobot seeks refuge in a junkyard in a small California beach town. Charlie and Y/N, on the brink of turn...