(Unicode)
"ကိုလင်း...ကိုလင်းရေ!!..."
အသံကြားရုံနှင့်ကျွန်တော်သိလိုက်သည်က သူပဲ
"လာလေ!...ကိုသွေး...ကိုကိုရှိတယ်..... "
'ကိုလင်း' တဲ့ သူလေး ကျွန်တော့်ကိုခေါ်တဲ့နာမည်
ယခင်က ကျွန်တော့်နာမည်ကို အဖျားစွတ်ခေါ်လျှင် ကျွန်တော်နည်းနည်းမျှ မနှစ်သက်ပေ။
ကျွန်တော့်သူငယ်ချင်းများကို "ဟေ့ကောင်တွေ...ငါ့နာမည်က.. လင်းအံ့မင်း.... ပြည့်ပြည့်စုံစုံခေါ်စေချင်လို့..သုံးလုံးမှည့်ထားတာ...အဖျားတွေအရင်းတွေ..လာမစွတ်နဲ့..နားရင်းရိုက်မှာ...." စသဖြင့် ကတ်သီးကတ်သက် ဘုကလန့်ကောင် ကျွန်တော်က ခုတော့ ဘယ်လိုခေါ်ခေါ် အပြစ်လို့ပင် မယူဆခဲ့။
"လာလေသား...သားအကို..အပေါ်ထပ်မှာ..ရှိတယ်...ထမင်းစားပြီးမှပြန်နော်..."
"ဟုတ်ကဲ့... အန်တီမေ..."
သွေးသစ်က ချစ်မွှေးပါသည် ဟုပင်ပြောရမလို၊ ခုတော့ ဖေဖေ၊မေမေ၊ညီမလေး အားလုံးနှင့်အတော်အသင့်ခင်နေပေပြီ။
မနက်မိုးလင်းတာနှင့် အိမ်ကိုရောက်ချလာတတ်သည်။ မနက်ပိုင်းမလာဖြစ်ရင်တောင် နေ့လည်ပိုင်း၊ညနေပိုင်း စသဖြင့် စိတ်ကူးပေါက်သလို ရောက်ရောက်လာတတ်သည်။ ရောက်လာတိုင်း မေမေ့ကိုအိမ်အလုပ်ဝိုင်းကူလိုက်၊ ညီမလေးနှင့် စကားစမြည်ပြောလိုက်၊ စလိုက်နောက်လိုက်နှင့် ၊ ကျွန်တော်နှင့်တော့ သိပ်မရင်းနှီးသေးသလို ဒါပေမယ့် လည်း သူလာသည်နှင့် ကျွန်တော့်နာမည်ကို ဦးစွာခေါ်တတ်သည်ကိုပင် ဂုဏ်ယူရမလို။
ပြောရင်းဆိုရင်းနှင့် သူကျွန်တော့်အခန်းထဲရောက်လာလေသည်။ကုတင်ပေါ်တွင် ထိုင်ကာ
"ကိုလင်း...ကိုလင်း... မထသေးဘူးလား...အိပ်ပုတ်ကြီး လိုက်တာ....ဧည့်သည်ကအခန်းထဲတောင်ရောက်နေပြီနော်...ကိုလင်း...ထ..ထဆို..."
သူ၏ နုဖတ်သောလက်ကလေးများဖြင့် လှုပ်နှိုးနေလေရဲ့၊ "ဟားဟား... မင်းရဲ့..လက်ကလေးတွေနဲ့..လှုပ်နှိုးတာလောက်တော့...ဒီကကောင်ကသနားတယ်..လို့တောင်ပြောချင်တယ်...တခါတခါဖေဖေအိပ်ရာနှိုးရင်...ကုတင်ပေါ်ကပင်..ကန်ချခံရသေး......" တစ်ယောက်တည်း စောင်ခေါင်းမြီးခြုံကာသူမသိအောင် ကြိတ်ရယ်နေရသေးသည်။
"ကိုလင်း...ကိုလင်း....ထပါဆိုကွာ..."
ကလေးရယ်..ဒီကကောင်က မင်းရဲ့အသံမပြောနဲ့ ကိုယ်သင်းနံ့ကအစ မှတ်ထားတဲ့ကောင်ပါကွ ကိုယ်နိုးနေပြီဆိုတာ မင်းဘာကြောင့်မသိပါလိမ့်..
ဟော....သူလည်းမခေဘူးပဲ။
ကျွန်တော် ခေါင်းမြီးခြုံထားသော စောင်ကိုသူစဆွဲလေပြီ။ ကျွန်တော်ကလည်း ဘယ်ရမလဲ ပြန်ဆွဲသည်ပေါ့။ ကုတင်ပေါ်မှာ စောင်တစ်ထည်ကို သူဆွဲ ကိုယ်ဆွဲဖြင့် ကျွန်တော့်ရဲ့ အားကြမ်းကြီးတွေကြောင့်...
သူ ကျွန်တော့် အပေါ်ပုံလျက်သားလဲကျလာလေသည်။ ကျွန်တော့်မျက်နှာကလည်း သူရှိရာသို့အလှည့်မှာ ဒုတိယအကြိမ် နှုတ်ခမ်းချင်း မိတ်ဆွေဖွဲ့သွားလေသည်။
နှုတ်ခမ်းချင်း ထိစပ်မှု၊ မျက်လုံးချင်း စကားပြောမှု တို့ကြောင့် နှလုံးခုန်သံချင်းကြားနေရသော ခဏတာမျှ မလှုပ်မယှက် နေနေမိကြသည်။
"ဒေါက်..ဒေါက်.."
တံခါးခေါက်သံကြားမှ နှစ်ယောက်သားလူချင်းခွာလိုက်မိသည်။
သူလည်းကြောင်အမ်းအမ်း ကိုယ်လည်းရှက်ကိုးရှက်ကန်းနှင့်
"သားရေ..နိုးရင်ဆင်းလာတော့လေ..မေမေမနက်စာပြင်ပြီးပြီ..."
"ဟုတ်ကဲ့... သားတို့..ဆင်းလာခဲ့မယ်...မေမေ..."
မေမေ ပြန်ဆင်းသွားသံ ကြားတော့မှ
"မင်းကွာ...စောစောစီးစီး... လာဒုက္ခပေးတယ်...အိပ်နေတယ်လေကွာ...နားမလည်ဘူးလား...."
မည်သည့်အရာကို ဒေါသထွက်၍ထွက်မှန်းမသိ၊ သူ့ ကိုဒေါသထွက်သည် မဟုတ်တာတော့ သေချာသည်။
ထိုအခါ မျက်နှာငယ်လေးဖြင့်
" ကျွန်တော်က...မနက်စာတူတူစားရအောင်...လာနှိုးတာပါ...အိမ်မှာဖေဖေအလုပ်သွားရင်...တစ်ယောက်တည်း မစားချင်လို့ပါ...."
"အဲ့ဒါဆိုလည်း...နည်းနည်းပါးပါး..အလိုက်သိ....ကိုယ်ဖြစ်ချင်တာပဲ.. အမြဲရှေ့တန်းမတင်နဲ့လေကွာ..."
သွားပြီ...ကျွန်တော် ရဲ့ လူကြမ်းဗီဇက တစ်ခါတစ်ခါပေါ်ပေါ်လာတတ်သည်။
သူ မျက်ရည်များ ဝဲလာကာ
" Sor...Sorry...ကိုလင်း... ကျွန်တော် ..တစ်ကိုယ်ကောင်းဆန်သလို..ဖြစ်သွားလို့ပါ..... " ဟုပြောပြီး ထထွက်သွားလေသည်။
သေလိုက်တော့ကွာ..မင်းသေလိုက်တော့..လင်းအံ့ရာ..ကိုယ့်ခံစားချက်တွေလူသိမှာ ကြောက်တာနဲ့..သူ့ ကိုအပြစ်တွေပုံချလိုက်တာ..အုတ်နံရံနဲ့ ခေါင်းနဲ့သာ စောင့်ပစ်လိုက်တော့ကွာ.........
&&&&&&&&&&&&&&&&&&
"သား.သောက်လေ...coffeeတွေ..အေးကုန်ပြီ....ဘာတွေစဥ်းစားနေတာလဲသား...မနေ့တည်းက.. ငူငူငိုင်ငိုင်နဲ့...နေမကောင်းဘူး လား..မှန်းစမ်း..."
မေမေက ကျွန်တော် နဖူးကိုစမ်းကြည့်ပြီးမှ
"ကိုယ်လည်းမပူပါဘူး...သားရဲ့...."
ထိုအခါ ညီမလေး က
"မေမေကလည်း..ကိုကိုက..ကိုသွေးကိုလွမ်းနေတာ...ဟီးဟီး.... "
"ဒေါက်...ကဲဟယ်....ကိုယ့်အကိုကို..ဘာတွေပြောနေတာလဲ... "
"မေမေကလည်း......"ဟုပြောကာ စိတ်ကောက်ပြီး ထွက်သွားလေသည်။
"မေမေ...သွေးသစ်..ဒီမနက်လာသေးလား..."
"မလာဘူးသားရဲ့... မေမေတောင်မျှော်နေသေးတာ...ဒီကလေးနေများမကောင်းလို့လား...မနေ့ကသားနဲ့ ရန်ဖြစ်သွားတာမဟုတ်လား....မေမေ့ကိုမှန်မှန်ပြော..."
"ဟုတ်တယ်..မေမေ...သားဘက်က..."
"သားဘက်ကလွန်သွားတယ်....မဟုတ်လား...."
ကျွန်တော်ခေါင်းငြိမ့် ပြလိုက်တော့ မေမေက
"ကိုယ့်ထက်အငယ်ကို အနိုင်မကျင့်ရဘူးသား...သူ့ခမျာအဖော်မရှိလို့...အိမိကိုလာလာနေတာ....သားသွားတောင်းပန်လိုက်နော်...မေမေနန်းကြီးသုပ်..ထည့်ပေးလိုက်မယ်... "
သွေးသစ်ရယ် မင်းငါ့ကိုစိတ်ဆိုးသွားပြီလား။စိတ်ထဲကမပါပဲ ပြောလိုက်မိတဲ့ ငါ့စကားတွေက မင်းကိုနာကျင်စေမိလို့ ငါတောင်းပန်ပါတယ် ကွာ။
မင်းစိတ်ဆိုးပြီး အိမ်ကိုမလာတော့မှာ၊ ငါနဲ့ သူငယ်ချင်း မလုပ်တော့မှာ၊ မင်းကိုနေ့တိုင်း မတွေ့ရတော့မှာ ငါဘယ်လောက်ကြောက်မိမှန်း မင်းကိုသိစေချင်တယ်ကွာ။
အခုကစပြီး ငါရဲ့ဂျစ်ကန်ကန်ဆန်တဲ့ အပြောအဆို အပြုအမူတွေ အကုန်လုံးကို ငါမင်းကြောင့် ပြောင်းလဲပစ်ရတော့မယ်။
မိဘတွေ ဆုံးမပြုပြင်တာတောင် မလိုက်နာတဲ့ ငါ့လိုကောင်က မင်းတစ်ချက်စိတ်ဆိုးတာနဲ့ အရာအားလုံးကိုပြောင်းလဲပစ်ချင်စိတ်တွေ ဘာကြောင့်ဖြစ်လာရတာလဲ.. ဆိုတော့ ငါ့နှလုံးသားက မင်းမှမင်း ဖြစ်နေလို့ပေါ့ ကလေးရယ်................
&&&&&&&&&&&&&&&&&&&&&&&&
Thank you everyone 😘😘😘
&&&&&&&&&&&&&&&&&&&&&&&&
(Zawgyi)
"ကိုလင္း...ကိုလင္းေရ!!..."
အသံၾကား႐ုံႏွင့္ကြၽန္ေတာ္သိလိုက္သည္က သူပဲ
"လာေလ!...ကိုေသြး...ကိုကိုရွိတယ္..... "
'ကိုလင္း' တဲ့ သူေလး ကြၽန္ေတာ့္ကိုေခၚတဲ့နာမည္
ယခင္က ကြၽန္ေတာ့္နာမည္ကို အဖ်ားစြတ္ေခၚလွ်င္ ကြၽန္ေတာ္နည္းနည္းမွ် မႏွစ္သက္ေပ။
ကြၽန္ေတာ့္သူငယ္ခ်င္းမ်ားကို "ေဟ့ေကာင္ေတြ...ငါ့နာမည္က.. လင္းအံ့မင္း.... ျပည့္ျပည့္စုံစုံေခၚေစခ်င္လို႔..သုံးလုံးမွည့္ထားတာ...အဖ်ားေတြအရင္းေတြ..လာမစြတ္နဲ႔..နားရင္း႐ိုက္မွာ...." စသျဖင့္ ကတ္သီးကတ္သက္ ဘုကလန္႔ေကာင္ ကြၽန္ေတာ္က ခုေတာ့ ဘယ္လိုေခၚေခၚ အျပစ္လို႔ပင္ မယူဆခဲ့။
"လာေလသား...သားအကို..အေပၚထပ္မွာ..ရွိတယ္...ထမင္းစားၿပီးမွျပန္ေနာ္..."
"ဟုတ္ကဲ့... အန္တီေမ..."
ေသြးသစ္က ခ်စ္ေမႊးပါသည္ ဟုပင္ေျပာရမလို၊ ခုေတာ့ ေဖေဖ၊ေမေမ၊ညီမေလး အားလုံးႏွင့္အေတာ္အသင့္ခင္ေနေပၿပီ။
မနက္မိုးလင္းတာႏွင့္ အိမ္ကိုေရာက္ခ်လာတတ္သည္။ မနက္ပိုင္းမလာျဖစ္ရင္ေတာင္ ေန႔လည္ပိုင္း၊ညေနပိုင္း စသျဖင့္ စိတ္ကူးေပါက္သလို ေရာက္ေရာက္လာတတ္သည္။ ေရာက္လာတိုင္း ေမေမ့ကိုအိမ္အလုပ္ဝိုင္းကူလိုက္၊ ညီမေလးႏွင့္ စကားစျမည္ေျပာလိုက္၊ စလိုက္ေနာက္လိုက္ႏွင့္ ၊ ကြၽန္ေတာ္ႏွင့္ေတာ့ သိပ္မရင္းႏွီးေသးသလို ဒါေပမယ့္ လည္း သူလာသည္ႏွင့္ ကြၽန္ေတာ့္နာမည္ကို ဦးစြာေခၚတတ္သည္ကိုပင္ ဂုဏ္ယူရမလို။
ေျပာရင္းဆိုရင္းႏွင့္ သူကြၽန္ေတာ့္အခန္းထဲေရာက္လာေလသည္။ကုတင္ေပၚတြင္ ထိုင္ကာ
"ကိုလင္း...ကိုလင္း... မထေသးဘူးလား...အိပ္ပုတ္ႀကီး လိုက္တာ....ဧည့္သည္ကအခန္းထဲေတာင္ေရာက္ေနၿပီေနာ္...ကိုလင္း...ထ..ထဆို..."
သူ၏ ႏုဖတ္ေသာလက္ကေလးမ်ားျဖင့္ လႈပ္ႏႈိးေနေလရဲ႕၊ "ဟားဟား... မင္းရဲ႕..လက္ကေလးေတြနဲ႔..လႈပ္ႏႈိးတာေလာက္ေတာ့...ဒီကေကာင္ကသနားတယ္..လို႔ေတာင္ေျပာခ်င္တယ္...တခါတခါေဖေဖအိပ္ရာႏႈိးရင္...ကုတင္ေပၚကပင္..ကန္ခ်ခံရေသး......" တစ္ေယာက္တည္း ေစာင္ေခါင္းၿမီးၿခဳံကာသူမသိေအာင္ ႀကိတ္ရယ္ေနရေသးသည္။
"ကိုလင္း...ကိုလင္း....ထပါဆိုကြာ..."
ကေလးရယ္..ဒီကေကာင္က မင္းရဲ႕အသံမေျပာနဲ႔ ကိုယ္သင္းနံ႔ကအစ မွတ္ထားတဲ့ေကာင္ပါကြ ကိုယ္ႏိုးေနၿပီဆိုတာ မင္းဘာေၾကာင့္မသိပါလိမ့္..
ေဟာ....သူလည္းမေခဘူးပဲ။
ကြၽန္ေတာ္ ေခါင္းၿမီးၿခဳံထားေသာ ေစာင္ကိုသူစဆြဲေလၿပီ။ ကြၽန္ေတာ္ကလည္း ဘယ္ရမလဲ ျပန္ဆြဲသည္ေပါ့။ ကုတင္ေပၚမွာ ေစာင္တစ္ထည္ကို သူဆြဲ ကိုယ္ဆြဲျဖင့္ ကြၽန္ေတာ့္ရဲ႕ အားၾကမ္းႀကီးေတြေၾကာင့္...
သူ ကြၽန္ေတာ့္ အေပၚပုံလ်က္သားလဲက်လာေလသည္။ ကြၽန္ေတာ့္မ်က္ႏွာကလည္း သူရွိရာသို႔အလွည့္မွာ ဒုတိယအႀကိမ္ ႏႈတ္ခမ္းခ်င္း မိတ္ေဆြဖြဲ႕သြားေလသည္။
ႏႈတ္ခမ္းခ်င္း ထိစပ္မႈ၊ မ်က္လုံးခ်င္း စကားေျပာမႈ တို႔ေၾကာင့္ ႏွလုံးခုန္သံခ်င္းၾကားေနရေသာ ခဏတာမွ် မလႈပ္မယွက္ ေနေနမိၾကသည္။
"ေဒါက္..ေဒါက္.."
တံခါးေခါက္သံၾကားမွ ႏွစ္ေယာက္သားလူခ်င္းခြာလိုက္မိသည္။
သူလည္းေၾကာင္အမ္းအမ္း ကိုယ္လည္းရွက္ကိုးရွက္ကန္းႏွင့္
"သားေရ..ႏိုးရင္ဆင္းလာေတာ့ေလ..ေမေမမနက္စာျပင္ၿပီးၿပီ..."
"ဟုတ္ကဲ့... သားတို႔..ဆင္းလာခဲ့မယ္...ေမေမ..."
ေမေမ ျပန္ဆင္းသြားသံ ၾကားေတာ့မွ
"မင္းကြာ...ေစာေစာစီးစီး... လာဒုကၡေပးတယ္...အိပ္ေနတယ္ေလကြာ...နားမလည္ဘူးလား...."
မည္သည့္အရာကို ေဒါသထြက္၍ထြက္မွန္းမသိ၊ သူ႔ ကိုေဒါသထြက္သည္ မဟုတ္တာေတာ့ ေသခ်ာသည္။
ထိုအခါ မ်က္ႏွာငယ္ေလးျဖင့္
" ကြၽန္ေတာ္က...မနက္စာတူတူစားရေအာင္...လာႏႈိးတာပါ...အိမ္မွာေဖေဖအလုပ္သြားရင္...တစ္ေယာက္တည္း မစားခ်င္လို႔ပါ...."
"အဲ့ဒါဆိုလည္း...နည္းနည္းပါးပါး..အလိုက္သိ....ကိုယ္ျဖစ္ခ်င္တာပဲ.. အၿမဲေရွ႕တန္းမတင္နဲ႔ေလကြာ..."
သြားၿပီ...ကြၽန္ေတာ္ ရဲ႕ လူၾကမ္းဗီဇက တစ္ခါတစ္ခါေပၚေပၚလာတတ္သည္။
သူ မ်က္ရည္မ်ား ဝဲလာကာ
" Sor...Sorry...ကိုလင္း... ကြၽန္ေတာ္ ..တစ္ကိုယ္ေကာင္းဆန္သလို..ျဖစ္သြားလို႔ပါ..... " ဟုေျပာၿပီး ထထြက္သြားေလသည္။
ေသလိုက္ေတာ့ကြာ..မင္းေသလိုက္ေတာ့..လင္းအံ့ရာ..ကိုယ့္ခံစားခ်က္ေတြလူသိမွာ ေၾကာက္တာနဲ႔..သူ႔ ကိုအျပစ္ေတြပုံခ်လိုက္တာ..အုတ္နံရံနဲ႔ ေခါင္းနဲ႔သာ ေစာင့္ပစ္လိုက္ေတာ့ကြာ.........
&&&&&&&&&&&&&&&&&&
"သား.ေသာက္ေလ...coffeeေတြ..ေအးကုန္ၿပီ....ဘာေတြစဥ္းစားေနတာလဲသား...မေန႔တည္းက.. ငူငူငိုင္ငိုင္နဲ႔...ေနမေကာင္းဘူး လား..မွန္းစမ္း..."
ေမေမက ကြၽန္ေတာ္ နဖူးကိုစမ္းၾကည့္ၿပီးမွ
"ကိုယ္လည္းမပူပါဘူး...သားရဲ႕...."
ထိုအခါ ညီမေလး က
"ေမေမကလည္း..ကိုကိုက..ကိုေသြးကိုလြမ္းေနတာ...ဟီးဟီး.... "
"ေဒါက္...ကဲဟယ္....ကိုယ့္အကိုကို..ဘာေတြေျပာေနတာလဲ... "
"ေမေမကလည္း......"ဟုေျပာကာ စိတ္ေကာက္ၿပီး ထြက္သြားေလသည္။
"ေမေမ...ေသြးသစ္..ဒီမနက္လာေသးလား..."
"မလာဘူးသားရဲ႕... ေမေမေတာင္ေမွ်ာ္ေနေသးတာ...ဒီကေလးေနမ်ားမေကာင္းလို႔လား...မေန႔ကသားနဲ႔ ရန္ျဖစ္သြားတာမဟုတ္လား....ေမေမ့ကိုမွန္မွန္ေျပာ..."
"ဟုတ္တယ္..ေမေမ...သားဘက္က..."
"သားဘက္ကလြန္သြားတယ္....မဟုတ္လား...."
ကြၽန္ေတာ္ေခါင္းၿငိမ့္ ျပလိုက္ေတာ့ ေမေမက
"ကိုယ့္ထက္အငယ္ကို အႏိုင္မက်င့္ရဘူးသား...သူ႔ခမ်ာအေဖာ္မရွိလို႔...အိမိကိုလာလာေနတာ....သားသြားေတာင္းပန္လိုက္ေနာ္...ေမေမနန္းႀကီးသုပ္..ထည့္ေပးလိုက္မယ္... "
ေသြးသစ္ရယ္ မင္းငါ့ကိုစိတ္ဆိုးသြားၿပီလား။စိတ္ထဲကမပါပဲ ေျပာလိုက္မိတဲ့ ငါ့စကားေတြက မင္းကိုနာက်င္ေစမိလို႔ ငါေတာင္းပန္ပါတယ္ ကြာ။
မင္းစိတ္ဆိုးၿပီး အိမ္ကိုမလာေတာ့မွာ၊ ငါနဲ႔ သူငယ္ခ်င္း မလုပ္ေတာ့မွာ၊ မင္းကိုေန႔တိုင္း မေတြ႕ရေတာ့မွာ ငါဘယ္ေလာက္ေၾကာက္မိမွန္း မင္းကိုသိေစခ်င္တယ္ကြာ။
အခုကစၿပီး ငါရဲ႕ဂ်စ္ကန္ကန္ဆန္တဲ့ အေျပာအဆို အျပဳအမူေတြ အကုန္လုံးကို ငါမင္းေၾကာင့္ ေျပာင္းလဲပစ္ရေတာ့မယ္။
မိဘေတြ ဆုံးမျပဳျပင္တာေတာင္ မလိုက္နာတဲ့ ငါ့လိုေကာင္က မင္းတစ္ခ်က္စိတ္ဆိုးတာနဲ႔ အရာအားလုံးကိုေျပာင္းလဲပစ္ခ်င္စိတ္ေတြ ဘာေၾကာင့္ျဖစ္လာရတာလဲ.. ဆိုေတာ့ ငါ့ႏွလုံးသားက မင္းမွမင္း ျဖစ္ေနလို႔ေပါ့ ကေလးရယ္................
&&&&&&&&&&&&&&&&&&&&&&&&
Thank you everyone 😘😘😘
&&&&&&&&&&&&&&&&&&&&&&&&