"ဘာတွေဖြစ်ကုန်တာလဲ ဖေဖေနဲ့ hannie..."
ဘယ်လိုပဲအားတင်းထားပါစေ ထိုစကားကိုမဆက်နိုင်။
ပြောမထွက်နိုင်....။
"hannie ကိုဖေဖေ့အိပ်ရာထဲမှာတွေ့ပြီး အန်တီ Yoona
ဆေးရုံတင်လိုက်ရတာ...."
Junhan သူ့သူငယ်ချင်း၏စကားကို ခါးသီးစွာပြန်ကြား
ယောင်မိပြန်၏ တကယ်ဆို ဖေဖေ့ကို သူမမေးချင်...
hannie ကိုမေးချင်ခဲ့တာ...
ဒါပေမယ့် အန်တီ Yoona တို့က hannie နဲ့သူ့ကို
လုံးဝပေးမတွေ့ခဲ့ပါ...
"ဖေဖေ...ကျွန်တော့်ကိုပွင့်ပွင့်လင်းလင်းပြောစမ်းပါ
hannie နဲ့ဖေဖေ ဘာတွေဖြစ်ခဲ့ကြတာလဲ...
အန်တီက ဘာလို့အထင်လွဲသွားတာလဲ...
ကျွန်တော်မရှိတဲ့ လပိုင်းလေးအတွင်းဘာတွေဖြစ်သွားကြတာ
လဲ...."
သူ ဘာဆက်မေးရမှန်းမသိတော့။
သူ အသံတိတ်သွားတဲ့အခါ အိမ်ထဲမှာပကတိတိတ်ကျသွား၏
သူဖေဖေ့ဆီကအဖြေကိုနားစွင့်ရင်း အမှောင်ထဲကဖေဖေ့
မျက်နှာကို စူးစိုက်ကြည့်နေမိသည်။
ဖေဖေ့ဆီမှ ဘာသံမှထွက်မလာ...
တဖြည်းဖြည်းခံစားချက်တွေ ပြင်းထန်ပေါက်ကွဲချင်လာသည့်
သူ့အသက်ရှူသံ ခပ်ပြင်းပြင်းသည်သာပို၍ပို၍ ကျယ်လာသည်။
"ဖေဖေ~~~~"
အရာရာကို သဘောပေါက်လိုက်သလို သူဆို့နင့်စွာခေါ်မိသည်။
"အားလုံးပြောနေကြတာတွေ မဟုတ်ဘူးလို့ပြောပေးပါ
ကျေးဇူးပြုပြီး ပြောပေးပါ...ကျွန်တော် ဖေဖေပြောသမျှ
ယုံပေးမှာ...ပြောပေးပါဖေဖေ"
"ကျွန်တော့်အဖေက အဲ့လိုလူစားမျိုးမဟုတ်ဘူး...
သိပ်ကို သိက္ခာသမာဓိရှိပြီး ဖြောင့်မတ်တည်ကြည်တဲ့လူ
မဟုတ်ဘူးလို့ ပြောပေးစမ်းပါဗျာ~~~~"
တိတ်ဆိတ်နေသည့်အိမ်ထဲမှာ သူတစ်ယောက်တည်း
အော်ဟစ်ပေါက်ကွဲမိရင်းနေရာမှ ဒူးညွတ်ကျသွား၏
သူဖေဖေ့ကို ပြန်မော့ကြည့်မိသည်။
"ဖေဖေ...ကျွန်တော့်ကိုဘာမှပြန်မပြောတော့ဘူးလား
ဘာစကားမှ ပြောစရာမရှိတော့ဘူးလား"
ဖေဖေ့ဆီမှမွန်းကျပ်လှိုက်မောသော အသက်တဝရှုသံထွက်
လာသည်။ သူဖေဖေ့ကိုမျက်လုံးမလွှဲဘဲ စိုက်ကြည့်နေမိရင်း
ဖေဖေပြောလာမည့်စကားကို ခါးသီးစွာနားစွင့်နေမိ၏
"ဖေဖေ့ကိုခွင့်လွှတ်ပါ...."
သူကြမ်းပေါ်မှာ အရုပ်ကြိုးပြတ်ထိုင်ချလိုက်မိသည်။
မဟုတ်ဘူး...သူလိုချင်တာဒီစကားမဟုတ်ဘူး...။
ဖေဖေက...hannie...ကို။
"ဟာ....ကဲကွာ.."
ခွမ်း....ဒုန်း....
သူစားပွဲပေါ်မှာရှိနေသည့်ဖေဖေသောက်လက်စ အရက်ပုလင်းကို ခွဲပစ်လိုက်၏ မျက်စိရှေ့မှာရှိနေသည့်ခုံကိုပါ ဆောင့်ကန်
ပစ်လိုက်သည်။
ဒုန်း...ဒုန်း...ခွမ်း...
နံရံဆီပြေးပြီး လက်သီးချက်ပေါင်းများစွာထိုးလိုက်၏
"သား...မလုပ်နဲ့...သား.."
Sehun ထိုင်ရာမှထလာပြီး Junhan ကိုလာဆွဲ၏
Junhan Sehun လက်ကိုခါးခါးသီးသီးခါထုတ်ပစ်လိုက်၏
"မထိနဲ့...."
Junhan Sehun ကိုဒေါသတကြီးတွန်းထုတ်ပစ်ရင်း
မငိုမိအောင်ထိန်းထားမိသည့်မျက်လုံးများမှ မျက်ရည်များ
လျှံကျလာသည်။
အံကြိတ်ထားသည့်နှုတ်ခမ်းတို့က မပီမပြင်ဖြင့်လှုပ်ခတ်နေ
သည်။ ပေါက်ကွဲငိုကြွေးပစ်လိုက်ချင်သည်။ အော်ဟစ်ပစ်ချင်လျက် အတင်းထိန်းချုပ်ထားရသည့်စိတ်က ပေါက်ကွဲခွင့်
မရတိုင်း သူ့မျက်နှာအသားစိုင်များမှာသာ လှုပ်ခတ်တုန်ရင်
လာသည်....။
"ဖေဖေ...ကျွန်တော် ကျွန်တော့်ကိုဘယ်တော့မှ သားလို့
ထပ်မခေါ်နဲ့ ဒီနေ့ကျွန်တော့်မျက်နှာကိုမြင်ရတာ နောက်ဆုံး
လို့မှတ်ထားပါ..."
Junhan အံကြိတ်သံဖြင့်ပြောပြီး နေရာမှလှည့်ထွက်သွား၏
Sehun တောင့်မတ်စွာရပ်ကျန်ခဲ့သည်။
တိတ်ဆိတ်သော မှောင်မိုက်သောအိမ်ထဲမှာ အလင်းရောင်
အောက်က ခုံအလွတ်လေးလည်း ထိုင်သူမဲ့ခြောက်ကပ်လျက်
💉💉💉💉💉💉
"ကိုယ်ဝန်က ဘယ်နှလရှိနေပြီလဲ"
မေမေ့မိတ်ဆွေဟုပြောသော ဒေါက်တာက hannie
ကိုကြည့်ပြီးမေး၏ hannie ဆေးခန်းကိုစိတ်မပါလက်မပါ
လိုက်ငေးကြည့်နေရင်း ကိုယ့်ကိုမေးနေမှန်းမသိပေ....
"သား....."
မေမေက hannie ကိုလက်တို့ပြီးသူပြဲပန်ဖြေလိုက်၏
"နှစ်လရှိနေပြီ...."
hannie ကိုယ့်ဗိုက်ကိုကိုင်မိကာ မေမေနဲ့ဒေါက်တာတို့
အားတစ်လှည့်စီကြည့်မိသည်။ ဖေဖေက လူပိုတစ်ယောက်လိုထိုင်နေသည်။ စကားတစ်လုံးမှဝင်မပြောပေမယ့်
မျက်ခုံးတွေတွန့်ကုတ်လျက် တစ်စုံတစ်ခုကိုအကြီးအကျယ်
စိတ်မကြည် စိတ်ဆိုးနေသလို.....
"သား....အသက်ဘယ်လောက်ရှိပြီလဲ "
"၁၈.."
"ပြည့်ဖို့သုံးလလိုသေးတယ်...သူငယ်ချင်းရဲ့"
မေမေက အဓိပ္ပါယ်ပါပါဝင်ဖြေ၏
သဘောက hannie နဲ့ပတ်သက်တဲ့ကိစ္စမှန်သမျှ
သူပဲဆုံးဖြတ်မယ်လို့ ကြေငြာလိုက်တာမျိုး...
hannie ဖေဖေ့ကို လှည့်ကြည့်မိသည်။
ခုနက မျက်မှောင်ကုတ်နေသည့်ဖေဖေသည် ခုတော့
hannie ကိုသနားကြင်နာသော နှမြောတသစိတ်မကောင်း
ဖြစ်သောအကြည့်ဖြင့် လှမ်းကြည့်နေသည်။
hannie လှည့်ကြည့်တော့ မျက်နှာလွှဲသွား၏....
"hannie ကိုဘာလုပ်မလို့လဲမေမေ..."
"သားအသက်အရမ်းငယ်သေးတယ်လေ...ကလေးယူရမယ့်အရွယ် မဟုတ်ဘူး...ပြီးတော့သားက ယောက်ျားလေး.."
hannie လှိုက်ခနဲဝမ်းနည်းသွား၏
hannie ဖေဖေ့ကိုအားကိုးတကြီးလှည့်ကြည့်မိသည်။
ဖေဖေကမျက်လုံးတွေနီနေလျက် အံကြိတ်မျက်နှာလွှဲနေသည်။
"hannie မလုပ်ချင်ဘူး...."
ဖေဖေနဲ့မေမေ hannie ရင်သွေးလေးကိုဖျက်ချဖို့လုပ်နေ
တယ်ဆိုတဲ့အသိနဲ့တင် hannie မျက်ရည်တွေချက်ချင်း
ပြိုကျလာသည်။
"Yoona...သားကအရမ်းအသက်ငယ်သေးတာမှန်ပါတယ်
ဒါပေမယ့်....သူလက်မခံပဲနဲ့တော့"
"မဟုတ်ဘူးသူငယ်ချင်း...နင်သားအကြောင်းကိုသိပါတယ်
သား လုံးဝကလေးယူလို့မရဘူး"
မေမေကနှစ်ယောက်တည်းသိသည့်အကြည့်နှင့် ကြည့်ပြီး
ပြောနေသည်။ hannie ဒေါက်တာနဲ့ မေမေ့ကို
တစ်လှည့်စီကြည့်မိသည်။
"ဟင့်အင်း...hannie မလုပ်ချင်ဘူး"
ဖေဖေထိုင်ရာမှ ထထွက်သွားဖို့ပြင်နေသည်။
hannie ထရပ်ပြီး ဖေဖေ့ဆီပြေးသွားမိသည်။
"ဖေဖေ...hannie တောင်းပန်ပါတယ်...အိမ်ပြန်ချင်တယ်...hannie ကိုအိမ်ပြန်ပို့ပေးပါ"
"သူငယ်ချင်း...နင့်ကိုငါတို့မိသားစုအကြောင်း အားလုံးပြောပြ
တောင်းပန်ထားပြီးပြီ နင်ဘာတွေတွေဝေနေတာလဲ...
နောက်ပိုင်းဖြစ်သမျှကိစ္စတွေအားလုံးကို ငါတာဝန်ယူမယ်
ငါ့သားအသက်နဲ့ဆိုင်တဲ့ကိစ္စမို့ တောင်းပန်နေတာ
နင် ငါ့ကိုဒါလေးတောင်လုပ်မပေးနိုင်ဘူးလား...."
"မဟုတ်ဘူး သူငယ်ချင်း ကာယကံရှင်ကဒီလောက်ဖြစ်နေတာ ငါလုပ်မပေးရဲဘူး..မွေးမယ့်မိဘနှစ်ယောက်ထဲက
တစ်ယောက်ယောက် လက်မှတ်ထိုးမှ...."
"ငါထိုးမယ်...မွေးမှာကငါ့သား..ငါတို့နှစ်ယောက်လက်မှတ်ထိုးပေးမယ် လောလောဆယ်မှာသားရဲ့အုပ်ထိန်းသူက
ငါတို့ပဲ...နင့်ကိုငါတောင်းပန်ပါတယ်သူငယ်ချင်းရယ်
ဒီထက်ပိုပြီး ဘယ်လိုတောင်းပန်ရမလဲ~~~"
"ကလေးအဖေက ပြဿနာမရှာဘူးဆိုတာသေချာရဲ့လား..
သူက လက်မခံဘူးဆိုရင်"
"ကျွန်တော် လုံးဝလက်မခံဘူး"
ဦး....။
hannie နောက်ကိုအားကိုးတကြီး လှည့်ကြည့်မိ၏
ဦးသည်ဆေးခန်းအတွင်း အလောတကြီးပြေးဝင်လာရပုံဖြင့်
မောဟိုက်နေလျက်တင်းနေအောင် အံကြိတ်ထားပုံက
အလွန်အမင်း ဒေါသကြီးနေပုံလည်းသိသာသည်။
"ကျုပ်ရင်သွေးတစ်ခုခုဖြစ်တာနဲ့ ခင်ဗျားဆေးဆက်ကုလို့
ရမယ်မထင်နဲ့...တစ်ခါတည်းထောင်ထဲပါအရောက်ပို့ပစ်မယ်
ကျုပ်ကလေးကို ခင်ဗျားထိကြည့်စမ်း...."
ဦးသည် ဒေါက်တာ့အားဒေါသတကြီးကြိမ်းဝါးပြီး hannie
အားငဲ့ကြည့်၏ hannie ဆီအကြည့်ရောက်လာလျှင်
ခုနကဒေါသတကြီးအရောင်တောက်နေသည့်မျက်လုံးများ
ချက်ချင်းအရည်ပျော်လျက် တမ်းတမ်းတတငေးကြည့်သည်။
hannie ဦးကိုမြင်သည်နှင့် ချက်ချင်းမျက်ရည်များပြိုကျလာ၏ ဦးဆီပြေးသွားချင်ပေမယ့် hannie
မသွားရဲပါ။ လှည့်ကြည့်လိုက်တော့ ဦးစကားကြောင့်
အသားတုန်နေအောင် ဒေါသထွက်နေတာဖေဖေနဲ့မေမေ...
"ထောင်ချမယ်...ဘယ်သူကဘယ်သူ့ကိုလဲ
အသက်မပြည့်သေးတဲ့ကလေးကိုဖျားယောင်းသိမ်းသွင်းခဲ့တဲ့
နင့်ကိုငါတို့အရင်ထောင်ချပစ်လို့ရတယ်သိလား...
နင်ထွက်သွားလိုက်တော့ Sehun
မဖြစ်သင့်တာတွေ မဖြစ်ခင်နင်ထွက်သွားလိုက်...."
Yoona အံတင်းတင်းကြိတ်လျက် Sehun ကိုစိုက်ကြည့်
နေသည့် Siwon ကိုငဲ့ကြည့်မိသည်။ မျက်နှာတစ်ပြင်လုံး
နီရဲလျက် Siwon ဒေါသကြီးနေတာ အချိန်မရွေးထပေါက်တော့မယ့် ဗုံးလို.....
"ထွက်သွား...ဟုတ်လား ငါထွက်သွားတာနဲ့ hannie
ကိုနင်တို့ဘာတွေဆက်လုပ်ကြတော့မလဲသိနေလျက်နဲ့
ငါကဘယ်လိုထွက်သွားရမလဲ...ဒီကိစ္စငါလုံးဝခွင့်မပြုဘူး
Yoona....နင်တို့ဒီလိုတွေဆက်လုပ်နေကြဦးမယ်ဆိုရင်
hannie ကိုငါခေါ်သွားမယ်...."
"ခေါ်ဦးကွာ.."
Siwon Sehun အားအရူးတစ်ယောက်လိုပြေးထိုး၏
Sehun မျက်နှာလည်ထွက်သွားပြီးကြမ်းပြင်ပေါ် ပစ်စလက်ခတ်လဲကျသွားသည်။ Siwon Sehun ဆီသွား
ပြီးဆက်တိုက် ထိုးပစ်၏
"ဦး...ဖေဖေ~~~~"
"ကို..ကိုမလုပ်နဲ့..ကို..."
"ဟဲ့..ဟဲ့တားကြပါဦး"
အားလုံးအလန့်တကြားဖြစ်ကုန်ကြ၏
Siwon ၏လက်သီးချက်များအား Sehunသည်တစ်ချက်မှ မတုံ့ပြန်ဘဲမျက်နှာတစ်ပြင်လုံးဖူးယောင်ညိုမည်းလာသည်
အထိ တင်းခံနေသည်။
ဦး...ဦးကိုမလုပ်ပါနဲ့တော့...။
hannie ပါးစပ်က စကားလုံးများထွက်မလာသည့်တိုင်
မျက်ရည်များပြိုကျလာရင်း အသက်ရှူရခက်လာသည်။
Yoona hannie ကိုငဲ့ကြည့်ရင်း Siwon ကိုအတင်း
ပြေးဆွဲ၏
"မင်း ကျေနပ်ပြီလား..."
"မင်းပါးစပ်မပိတ်ရင် မင်းကိုတစ်ခါတည်းသတ်ပစ်မှာ..
သွား...ငါ့ရှေ့ကသွားစမ်းကွာ"
"မင်းငါ့ကိုကြိုက်သလိုအပြစ်ပေး...ငါဂရုမစိုက်ဘူး
ဒါပေမယ့်...ငါ့ကလေးကိုမင်းတို့ထပ်ထိရင်.."
"ဟာ...မင်းကများ..."
Siwon Sehun ကိုထပ်ထိုးဖို့ ကြိုးစား၏
ဒီတစ်ခါ Sehun Siwon ထိုးတာမခံတော့ဘဲရှောင်ပစ်
လိုက်ပြီး Siwon ကိုတွန်းထုတ်ပစ်လိုက်သည်။
Siwon ယိုင်လျက်လဲကျသွား၏
"ငါ့ကလေးကိုထပ်သတ်ဖို့ကြိုးစားရင် hannie နဲ့ငါ့ကိစ္စ
ကိုတရားဝင်ကြေညာမယ်...မင်းကိုပါငါတရားစွဲမှာ
လုပ်ပေးတဲ့လူရော ဘယ်တစ်ယောက်မှချန်မထားဘူး..."