ထာဝရသူငယ်ချင်း (B.F.F) (Z+U){...

By KhinwaddyKhaing

57.2K 4.5K 276

* အနီးဆုံးမှာရှိနေလျက်နဲ့ ငါတို့ဝေးနေတာ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းတွေဖြစ်နေလို့... * တစ်ယောက်ရဲ့ ခံစားချက... More

Introduction
1:lovely friend
2:စတင်ခြင်း
4: မင်းမှမင်း
5: မင်းအတွက်ဆိုရင်
6:လူရှုပ်ကလေး
7: အတူတူဆိုရင်
8: သုံးယောက်
9: အသစ်
10:Love and Friend
11: Love story
12: Missing boy
13: Silence
14: ဥပေက္ခာ
15: Near and far
16: Trip (1)
17: Trip (2)
18: နိဂုံး၏အစ
19: Love💘
20: No!!
21:Venus(The god of the love❣)
22:Love is Life👨‍❤️‍💋‍👨
23:အချစ်မီး🔥
24:Forwards (OR) Backwards??
25:Love-target🎎(ဇာတ်သိမ်းပိုင်း)

3:ချည်

2.3K 213 13
By KhinwaddyKhaing

(Unicode)

'သွေးသစ်စ...သွေးသစ်စ'

လူတစ်ယောက်ရဲ့ နာမည်ကို တတွတ်တွတ်ရေရွတ်ဖူးသည်မှာ ဘဝတွင်ပထမဆုံးအကြိမ်ပင်ဖြစ်သည်။

နာမည်နဲ့လူနဲ့လည်းလိုက်ပါသည်။ ဖြူဖြူဖွေးဖွေး နှင့် မိန်းကလေးတစ်ယောက်နှယ် နုဖတ်လွန်းနေသော ယောကျ်ားလေးတစ်ယောက်ကို ကျွန်တော် ယခုမှ ပင်မြင်တွေ့ဖူးသည်။ ကျွန်တော် ပေါင်းခဲ့ဖူးသောသူငယ်ချင်းများနှင့်တော့ ဆီနှင့်ရေနှယ် ကွာခြားလွန်းသည်။

သူ့ဘဝလေးအကြောင်းကိုကြားတော့ ပို၍ပင်ကရုဏာသက်မိသည်။ သူ၏အကိုဖြစ်သူ 'ကိုထွန်းသစ်စ 'ပြောပြချက်အရ သူငါးတန်းအရွယ်လောက်ကတည်းက မိဘတွေက ကွာရှင်းခဲ့ကြသည်။သူကတော့ အဖေဖြစ်သူနှင့် နှစ်ယောက်တည်း နေခဲ့ပြီး အမေနှင့်အကိုက သက်သက်ခွဲ​​နေကြသည်။

ဖခင်ဖြစ်သူကလည်း အလုပ်တစ်ဖက်နှင့်မို့ ဂရုမစိုက်အား၍ အထီးကျန်နေသည့် သူ့ဘဝလေး၊ ဖခင်ကပန်းချီဆွဲခြင်းကို မနှစ်သက်မှန်းသိ၍ မည်သူမျှမရှိတဲ့အချိန် ပန်းချီ ခိုးဆွဲရာမှ စုတ်တံကလေး မတော်တဆပြုတ်ကျလို့ ရေထဲဆင်းကောက်ရင်းနှင့် ရေနစ်ခြင်းဖြစ်ကြောင်းကိုလည်း ကျွန်တော့်ကို ကိုထွန်းသစ်စ ပြောပြ၍သိရသည်။

ကိုယ့်ကိုကိုယ်ပင် နားမလည်နိုင်ဖြစ်နေရသည်က ထိုနေ့မှစ၍ ကျွန်တော့်အတွေးထဲတွင် နေ့တိုင်းလိုလို သူရှိနေသည်မှာ အဘယ်ကြောင့်နည်း? ထိုနေ့ကအဖြစ်အပျက်ကိုလည်း...

"ကိုကို...ဘာလုပ်နေတာလဲ... ခုတလောအဲ့ဒီ့နှုတ်ခမ်းတကိုင်ကိုင်နဲ့...နှုတ်ခမ်းကွဲနေလို့လား?..."

အတွေးစတွေနှင့်ရှုပ်ယှက်ခတ်နေ​တော့ မိမိအပြုအမူကိုပင် မိမိသတိမထားမိ 'သေလိုက်ပါတော့ကွာ...' ဟုသာစိတ်ထဲမှ ပြောမိတော့သည်။ ဒီကောင်မလေး တစ်ယောက်နှင့်ခက်နေပါပြီ။ အခန်းထဲသို့ စွပ်စွပ်ဝင်လာတာပဲ ဟုသာရေရွတ်မိတော့သည်။

"ဘာလဲ..ကြယ်စင်..ငါဘာမှမဖြစ်ဘူး...နင်ဘာလာလုပ်တာလဲ?...."
" အောက်မှာ.. ကိုကို့သူငယ်ချင်းရောက်နေတယ်...အဲ့ဒါကြောင့်.. လာခေါ်တာ...."

သူငယ်ချင်း တဲ့...ကျွန်တော်ဒီကိုစပြောင်းလာကတည်းက သူငယ်ချင်းတစ်ယောက်မှမရသေး။

"အေးအေး..ငါလာခဲ့မယ်လို့ပြောလိုက်.."
"............"

&&&&&&&&&&&&&&&&&

မြင်မြင်ချင်း ကျွန်တော့်မျက်လုံးကိုပင် မယုံနိုင်ဖြစ်သွားရသည်။ သူ...သူပဲ ဟုအံ့သြသွားရသည်။

သူကကျွန်တော့် ကိုမြင်တော့ ရယ်ပြသည်။ကျွန်တော်သတိထားမိလိုက်သည်က သူ့တွင်လည်း ကျွန်တော့်လို သွားတက်ကလေးများရှိသည်ကိုပင်၊ 'ဟာ..ငါဘာတွေလျှောက်ကြည့်နေတာလဲ' ဟုအတွေးစကို ဘရိတ်အုပ်ကာ ကျွန်တော်သူနှင့် မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။

သူကလက်ကမ်းပေးကာ

"ကျွန်တော့်နာမည်..သွေးသစ်စပါ...သွေးသစ်လို့ပဲရင်းရင်းနှီးနှီး ခေါ်လို့ရပါတယ်...အကို.."

ကျွန်တော်သူ့လက်ကို ဆုပ်ကိုင်လိုက်တော့...မရိုးမသားစိတ်တခုဝင်လာ၍ မြန်မြန်ပင်လက်လွှတ်ပေးလိုက်ရသည်။

"လင်းအံ့မင်း ပါ....." ဟုသာ ခပ်တိုတိုပြောလိုက်မိသည်။ ပြောစရာစကား တစ်ခွန်းမျှ ကျွန်တော်ရှာမတွေ့ ဖြစ်နေသည်။ ငါဘာလို့စိတ်တွေ ကဏုာမငြိမ်ဖြစ်နေပါလိမ့်...

"ကိုကိုကြီးပြောပြလို့...ကျွန်တော်အားလုံးသိပြီးပါပြီ...အကို..ကျေးဇူး အများကြီးတင်ပါတယ် နော်..."

"ရပါတယ်...မင်း..သက်သာရဲ့လား?.."

"ဟုတ်ကဲ့..ကျွန်တော်အားလုံးကောင်းသွားပါပြီအကို..."

"............"

" ကျွန်....ကျွန်တော်.... ကျွန်တော် လေ...."

သူတစ်ခုခုကိုပြောချင်နေပုံ ရ၍
" ပြောလေ...မင်း ဘာပြောမလို့လဲ... "

" ကျွန်တော်..အကိုနဲ့သူငယ်ချင်းဖြစ်ချင်လို့...ရမလားအကို....."

ကျွန်တော့်အပြောကို သူစောင့်နေသည်။ မျက်နှာငယ်လေးနဲ့..စောင့်နေသည်ကိုမမြင်လို၍ ချက်ချင်း ပင်..

" ရတယ်လေ...ငါ့မှာလည်းအဖော်မရှိသေးတာနဲ့..အတော်ပဲပေါ့...."

သူပြုံးသွားသည်။

ကျွန်တော်အလိုလိုပင် လိုက်ပြုံးမိသွားသည်။ ငါ့နှယ့် သူဘာလုပ်လုပ်ဘာလို့ သဘောတူနေမှန်းမသိ........

မင်းကတော့ သာမန်အတိုင်းပြုမူနေထိုင်တာလေးကို
ငါ့ဘက်ကဘာလို့ ကြီးကြီးမားမားတွေ ခံစားနေရမှန်း ကိုယ့်ကိုကိုယ်ပင် အဖြေရှာမရဖြစ်ရလေပြီ။

ထိုနေ့က မင်းငါ့ဆီ သူငယ်ချင်းဖြစ်ဖို့အတွက် လာတာမဟုတ်ဘူး သွေးသစ် 'မင်း' ဆိုတဲ့ ဖြစ်တည်မှုတစ်ခုကို ငါ့နှလုံးသားမှာ လာ ချည်သွားတာ....................

&&&&&&&&&&&&&&&&&&&&&&&&

Thank you everyone 😘😘😘

&&&&&&&&&&&&&&&&&&&&&&&&

(Zawgyi)

'ေသြးသစ္စ...ေသြးသစ္စ'

လူတစ္ေယာက္ရဲ႕ နာမည္ကို တတြတ္တြတ္ေရ႐ြတ္ဖူးသည္မွာ ဘဝတြင္ပထမဆုံးအႀကိမ္ပင္ျဖစ္သည္။

နာမည္နဲ႔လူနဲ႔လည္းလိုက္ပါသည္။ ျဖဴျဖဴေဖြးေဖြး ႏွင့္ မိန္းကေလးတစ္ေယာက္ႏွယ္ ႏုဖတ္လြန္းေနေသာ ေယာက်္ားေလးတစ္ေယာက္ကို ကြၽန္ေတာ္ ယခုမွ ပင္ျမင္ေတြ႕ဖူးသည္။ ကြၽန္ေတာ္ ေပါင္းခဲ့ဖူးေသာသူငယ္ခ်င္းမ်ားႏွင့္ေတာ့ ဆီႏွင့္ေရႏွယ္ ကြာျခားလြန္းသည္။

သူ႔ဘဝေလးအေၾကာင္းကိုၾကားေတာ့ ပို၍ပင္က႐ုဏာသက္မိသည္။ သူ၏အကိုျဖစ္သူ 'ကိုထြန္းသစ္စ 'ေျပာျပခ်က္အရ သူငါးတန္းအ႐ြယ္ေလာက္ကတည္းက မိဘေတြက ကြာရွင္းခဲ့ၾကသည္။သူကေတာ့ အေဖျဖစ္သူႏွင့္ ႏွစ္ေယာက္တည္း ေနခဲ့ၿပီး အေမႏွင့္အကိုက သက္သက္ခြဲ​​ေနၾကသည္။

ဖခင္ျဖစ္သူကလည္း အလုပ္တစ္ဖက္ႏွင့္မို႔ ဂ႐ုမစိုက္အား၍ အထီးက်န္ေနသည့္ သူ႔ဘဝေလး၊ ဖခင္ကပန္းခ်ီဆြဲျခင္းကို မႏွစ္သက္မွန္းသိ၍ မည္သူမွ်မရွိတဲ့အခ်ိန္ ပန္းခ်ီ ခိုးဆြဲရာမွ စုတ္တံကေလး မေတာ္တဆျပဳတ္က်လို႔ ေရထဲဆင္းေကာက္ရင္းႏွင့္ ေရနစ္ျခင္းျဖစ္ေၾကာင္းကိုလည္း ကြၽန္ေတာ့္ကို ကိုထြန္းသစ္စ ေျပာျပ၍သိရသည္။

ကိုယ့္ကိုကိုယ္ပင္ နားမလည္ႏိုင္ျဖစ္ေနရသည္က ထိုေန႔မွစ၍ ကြၽန္ေတာ့္အေတြးထဲတြင္ ေန႔တိုင္းလိုလို သူရွိေနသည္မွာ အဘယ္ေၾကာင့္နည္း? ထိုေန႔ကအျဖစ္အပ်က္ကိုလည္း...

"ကိုကို...ဘာလုပ္ေနတာလဲ... ခုတေလာအဲ့ဒီ့ႏႈတ္ခမ္းတကိုင္ကိုင္နဲ႔...ႏႈတ္ခမ္းကြဲေနလို႔လား?..."

အေတြးစေတြႏွင့္ရႈပ္ယွက္ခတ္ေန​ေတာ့ မိမိအျပဳအမူကိုပင္ မိမိသတိမထားမိ 'ေသလိုက္ပါေတာ့ကြာ...' ဟုသာစိတ္ထဲမွ ေျပာမိေတာ့သည္။ ဒီေကာင္မေလး တစ္ေယာက္ႏွင့္ခက္ေနပါၿပီ။ အခန္းထဲသို႔ စြပ္စြပ္ဝင္လာတာပဲ ဟုသာေရ႐ြတ္မိေတာ့သည္။

"ဘာလဲ..ၾကယ္စင္..ငါဘာမွမျဖစ္ဘူး...နင္ဘာလာလုပ္တာလဲ?...."
" ေအာက္မွာ.. ကိုကို႔သူငယ္ခ်င္းေရာက္ေနတယ္...အဲ့ဒါေၾကာင့္.. လာေခၚတာ...."

သူငယ္ခ်င္း တဲ့...ကြၽန္ေတာ္ဒီကိုစေျပာင္းလာကတည္းက သူငယ္ခ်င္းတစ္ေယာက္မွမရေသး။

"ေအးေအး..ငါလာခဲ့မယ္လို႔ေျပာလိုက္.."
"............"

&&&&&&&&&&&&&&&&&

ျမင္ျမင္ခ်င္း ကြၽန္ေတာ့္မ်က္လုံးကိုပင္ မယုံႏိုင္ျဖစ္သြားရသည္။ သူ...သူပဲ ဟုအံ့ၾသသြားရသည္။

သူကကြၽန္ေတာ့္ ကိုျမင္ေတာ့ ရယ္ျပသည္။ကြၽန္ေတာ္သတိထားမိလိုက္သည္က သူ႔တြင္လည္း ကြၽန္ေတာ့္လို သြားတက္ကေလးမ်ားရွိသည္ကိုပင္၊ 'ဟာ..ငါဘာေတြေလွ်ာက္ၾကည့္ေနတာလဲ' ဟုအေတြးစကို ဘရိတ္အုပ္ကာ ကြၽန္ေတာ္သူႏွင့္ မ်က္ႏွာခ်င္းဆိုင္ခုံတြင္ ဝင္ထိုင္လိုက္သည္။

သူကလက္ကမ္းေပးကာ

"ကြၽန္ေတာ့္နာမည္..ေသြးသစ္စပါ...ေသြးသစ္လို႔ပဲရင္းရင္းႏွီးႏွီး ေခၚလို႔ရပါတယ္...အကို.."

ကြၽန္ေတာ္သူ႔လက္ကို ဆုပ္ကိုင္လိုက္ေတာ့...မ႐ိုးမသားစိတ္တခုဝင္လာ၍ ျမန္ျမန္ပင္လက္လႊတ္ေပးလိုက္ရသည္။

"လင္းအံ့မင္း ပါ....." ဟုသာ ခပ္တိုတိုေျပာလိုက္မိသည္။ ေျပာစရာစကား တစ္ခြန္းမွ် ကြၽန္ေတာ္ရွာမေတြ႕ ျဖစ္ေနသည္။ ငါဘာလို႔စိတ္ေတြ ကဏုာမၿငိမ္ျဖစ္ေနပါလိမ့္...

"ကိုကိုႀကီးေျပာျပလို႔...ကြၽန္ေတာ္အားလုံးသိၿပီးပါၿပီ...အကို..ေက်းဇူး အမ်ားႀကီးတင္ပါတယ္ ေနာ္..."

"ရပါတယ္...မင္း..သက္သာရဲ႕လား?.."

"ဟုတ္ကဲ့..ကြၽန္ေတာ္အားလုံးေကာင္းသြားပါၿပီအကို..."

"............"

" ကြၽန္....ကြၽန္ေတာ္.... ကြၽန္ေတာ္ ေလ...."

သူတစ္ခုခုကိုေျပာခ်င္ေနပုံ ရ၍
" ေျပာေလ...မင္း ဘာေျပာမလို႔လဲ... "

" ကြၽန္ေတာ္..အကိုနဲ႔သူငယ္ခ်င္းျဖစ္ခ်င္လို႔...ရမလားအကို....."

ကြၽန္ေတာ့္အေျပာကို သူေစာင့္ေနသည္။ မ်က္ႏွာငယ္ေလးနဲ႔..ေစာင့္ေနသည္ကိုမျမင္လို၍ ခ်က္ခ်င္း ပင္..

" ရတယ္ေလ...ငါ့မွာလည္းအေဖာ္မရွိေသးတာနဲ႔..အေတာ္ပဲေပါ့...."

သူၿပဳံးသြားသည္။

ကြၽန္ေတာ္အလိုလိုပင္ လိုက္ၿပဳံးမိသြားသည္။ ငါ့ႏွယ့္ သူဘာလုပ္လုပ္ဘာလို႔ သေဘာတူေနမွန္းမသိ........

မင္းကေတာ့ သာမန္အတိုင္းျပဳမူေနထိုင္တာေလးကို
ငါ့ဘက္ကဘာလို႔ ႀကီးႀကီးမားမားေတြ ခံစားေနရမွန္း ကိုယ့္ကိုကိုယ္ပင္ အေျဖရွာမရျဖစ္ရေလၿပီ။

ထိုေန႔က မင္းငါ့ဆီ သူငယ္ခ်င္းျဖစ္ဖို႔အတြက္ လာတာမဟုတ္ဘူး ေသြးသစ္ 'မင္း' ဆိုတဲ့ ျဖစ္တည္မႈတစ္ခုကို ငါ့ႏွလုံးသားမွာ လာ ခ်ည္သြားတာ....................

&&&&&&&&&&&&&&&&&&&&&&&&

Thank you everyone 😘😘😘

&&&&&&&&&&&&&&&&&&&&&&&&

Continue Reading

You'll Also Like

397K 35.5K 29
တစ်နေ့မှာ 'သုနွယ်ဂုဏ်ချီ 'ဆိုတဲ့ လူခြောက်ကလေးက...လမ်းမှားပြီး 'တည်ကြည်ငြိမ်းချမ်း 'ဆိုတဲ့ ကောင်လေးရဲ့ အိပ်မက်ထဲကို ရောက်သွားသတဲ့ကွယ်... ....(14.1.202...
3.9M 267K 81
Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင္းငါ့ကိုအရင္ေက်ာခိုင္းရင္ မင္းထားခဲ႔တဲ႔အ...
125K 7.2K 46
အရင်းနှီးဆုံး ရန်သူတွေ..... တနည်းအားဖြင့် မင်းကို ယစ်မူးစွဲလမ်းနေမိတဲ့... ကိုယ် ^^ဥပမာပေးရရင် ခင်ဗျားက Alcohol လိုပဲ သောက်ခါစမှာ အရမ်းခါးပြီး နောက...
178K 26.3K 32
#Both available with unicode & zawgyi မယုံနိုင်လောက်အောင်ပဲ ဒီလက်စွပ်ကလေးက~~~