ထာဝရသူငယ်ချင်း (B.F.F) (Z+U){...

By KhinwaddyKhaing

57.2K 4.5K 276

* အနီးဆုံးမှာရှိနေလျက်နဲ့ ငါတို့ဝေးနေတာ ဘာကြောင့်လဲဆိုတော့ သူငယ်ချင်းတွေဖြစ်နေလို့... * တစ်ယောက်ရဲ့ ခံစားချက... More

Introduction
1:lovely friend
3:ချည်
4: မင်းမှမင်း
5: မင်းအတွက်ဆိုရင်
6:လူရှုပ်ကလေး
7: အတူတူဆိုရင်
8: သုံးယောက်
9: အသစ်
10:Love and Friend
11: Love story
12: Missing boy
13: Silence
14: ဥပေက္ခာ
15: Near and far
16: Trip (1)
17: Trip (2)
18: နိဂုံး၏အစ
19: Love💘
20: No!!
21:Venus(The god of the love❣)
22:Love is Life👨‍❤️‍💋‍👨
23:အချစ်မီး🔥
24:Forwards (OR) Backwards??
25:Love-target🎎(ဇာတ်သိမ်းပိုင်း)

2:စတင်ခြင်း

3K 230 7
By KhinwaddyKhaing

(Unicode)

" ဖေဖေ...ကိုကိုပြန်လာပြီ.."

တစ်မနက်လုံး မတွေ့ရပဲ ဘယ်ကိုခြေရှည်နေမှန်း မသိသော သားဖြစ်သူကို ဒေါသတကြီးဖြင့် စောင့်နေသောဖေဖေ့ကို 'ကြယ်စင်မင်း' က အသံကျယ်ကြီးဖြင့် သတိပေးလိုက်ခြင်းဖြစ်သည်။

"ဒေါက်!!......"
" အား....ကိုကိုနော်... ကြယ်စင့်ကိုလာအနိုင်မကျင့် နဲ့..ဖေဖေရှိတယ်..အော်တိုင်ပစ်မှာ....."

"အေး...နင်အဲ့လိုအတိုင်အပြောထူလို့ကို..ခေါက်တာ မှတ်ပီလား...ငါ့ဘာသာငါဘယ်သွားသွား နင့်အပူလား...စိတ်ညစ်နေရတဲ့ကြားထဲ...နင်ကတစ်မျိုး.."

"လင်းအံ့.... !!!!"

"ဗ....ဗျာ...ဖေဖေ..."

"ဗျာမနေနဲ့!..မင်းဒီကိုလာစမ်းပါဦး!!...."

ဖေဖေ့ကိုတော့ တအိမ်သားလုံးမလွန်ဆန်ဝင့်ပေ။
"ဟုတ်ကဲ့..."

ညီမဖြစ်သူကတော့ ကောင်းတယ်..ကောင်းတယ်..ဝမ်းသာတယ်..ဟူသော မျက်နှာပေးဖြင့်၊ ဖေဖေရှိနေ၍သာ ဒီကောင်မလေးသက်သာသွားသည် ဟုစိတ်ထဲမှတွေးမိသည်။

" မင်းဘယ်လိုကောင်လဲ..ပြောစမ်း..ငါ့ကိုအရှက်ခွဲနေတာလား...ကိုးတန်း တောင်ကျတယ်တဲ့...ရှက်တတ်ရင် မင်း....မင်းတော့.. ကွာ...."

ဖေဖေက ကျွန်တော့် တီရှပ်ကိုဆောင့်ဆွဲ၍ ထိုးမည်ရွယ်လိုက်စဥ်

"တော်ပါတော့...ဖေကြီးရယ်..ဒီကိစ္စလောက်နဲ့ သားကို..ထိုးမလို့လား....ကလေးပဲ...စာမေးပွဲ ကျတာမဆန်းပါဘူးရှင်...ဒီနှစ်မအောင်တော့..နောက်တစ်နှစ်ပေါ့..."

မေမေဝင်တား၍သာ ကျွန်တော် သက်သာရာရသွားသည်။ဖေဖေက စိတ်မရှည်ဟန်ဖြင့်

" ဘာကွ...စာမေးပွဲ ကျတာတော့မဆန်းပေမယ့်..ခုဟာကသူများလို..ဆယ်တန်းကျတာဆိုခံသာသေး...မင်း..သားက ကိုးတန်းကိုတောင်ကျအောင်ဖြေတာကွ...ငါဒီပတ်ဝန်းကျင်မှာ..ဘယ်လိုမျက်နှာမျိုးနဲ့ဆက်နေရမှာလဲ...ငါ့မိတ်ဆွေသားသမီးတွေနဲ့ယှဥ်ရင်..ဘယ်လောက်ရှက်ဖို့ကောင်းလဲ....တနေ့တနေ့..ဂိမ်းဆိုင်သွားလိုက်...လက်ဖက်ရည်ဆိုင်သွားလိုက်နဲ့....မင်းမှမကျရင် ကျမယ့်သူမရှိတော့ဘူးကွ....."

မေမေက ကျွန်တော့်ဘက်မှနေ၍

"အို..ရှင်....ဒါများ...နောက်လထဲမှာ...ရန်ကုန်ပြောင်းမယ့်ဟာ...ဒီပတ်ဝန်းကျင်မှာဆက်နေမှာမှမဟုတ်ပဲ...ဟိုရောက်မှ... ကျောင်းဆက်ထားလည်းရတာကို..."

"ခုတော့..အဲ့လိုပဲလုပ်ရတော့မှာပေါ့...နောက်နှစ်တွေစာမေးပွဲကျရဲရင်ကျကြည့်စမ်း... မင်းကိုငါအရှင်မထားဘူး......"

"......."

"ဒီအမေနဲ့ ဒီသားနဲ့တော့..လိုက်ပါ့..ကွာ..."

&&&&&&&&&&&&&&&&&&&

လူနေတိတ်ဆိတ်သော၊ ခြံကျယ်ကျယ်ကြီးများရှိသော၊ နေရာသို့ ကျွန်တော်တို့မိသားစုပြောင်းလာကြသည်။ဖေဖေက အရာရှိတစ်ယောက်ဖြစ်၍ အခုလိုပင် မကြာခဏပြောင်းရရွှေ့ရသည်။ဝန်ထမ်းမိသားစုဖြစ်ပေမယ့် မေမေ့ဘက်မှ အမွေရ၍ ရွှေတိုက် တစ်ခုပိုင်ဆိုင်ခဲ့ပြီး၊ထိုမှပင် ရန်ကုန်တွင် ခြံနှင့်ဝန်းနှင့်တောင့်တောင့်တင်းတင်းနေနိုင်သည်အထိ ဖြစ်လာခဲ့သည်။ကျွန်တော်ကတော့ ဆိုင်ကယ်တဝီဝီဖြင့်သွားချင်ရာသွားနိုင်သည့် မန္တလေးရွှေမြို့တော်ကြီးကိုပင် လွမ်းနေမိသည်။ ရောက်ရောက်ချင်း အဖော်ကလည်းမရှိ ဘယ်သွားပြီး ဘာလုပ်ရမှန်းလဲ မသိ၍ တစ်ပတ်တိတိ အိမ်တွင်းအောင်းနေမိသည်။ ခုတော့ညီမလေးနှင့်ကျွန်တော် တစ်အိမ်ဝင်တစ်အိမ်ထွက်ဖြင့် အိမ်တက်အလျှူဖိတ်စာများလိုက်ဝေနေမိသည်။

ကျွန်တော်တို့ခြံနှင့် တစ်ခြံမျှသာကျော်သော အိမ်သို့ရောက်သွားသောအခါ ၊ တိတ်ဆိတ်ခြင်းအတိပြီးရုံမျှမက ခြံရှေ့တွင်လည်း လူရိပ်တောင်မတွေ့ရ၍ ဟိုကြည့် ဒီကြည့် ကြည့်မိရာ

"ကယ်...ကယ်ကြပါဦး......ကယ်ကြပါဦး.. "

ခြံဘေးရေကူးကန်ထဲမှ ဗလုံးဗထွေးနှင့် အကူအညီတောင်းသံကြားရ၍ အသံလာရာသို့ကြည့်မိသောအခါ ရေကူးကန်ထဲတွင် လူတစ်ယောက် ရေနစ်နေလေသည်။ ကျွန်တော် ဘာမျှ မစဥ်းစားတော့ပဲ ရေထဲသို့သာ ဝုန်းကနဲ ဒိုင်ဗင်ထိုးချလိုက်တော့သည်။

အခြေအနေကကျွန်တော်ထင်သည်ထက်ပင် ပို၍ဆိုးသည်။ ရေကူးကန်ထဲမှ ထိုပုဂ္ဂိုလ်က ကြောက်အားလန့်အားဖြင့် အသားကုန်ဆွဲထား၍ နှစ်ယောက်လုံး ယက်ကန်ယက်ကန် ဖြစ်နေလေသည်။ထိုအခါ အပေါ်မှ အသံတစ်ခု

"ညီ..ညီ..ကိုယ့်လက်ကိုဆွဲလိုက်လေ...ဆွဲလိုက်...."

ကမ်းပေးသောလက်ကိုဆွဲယူလိုက်၍ သက်သာရာရသွားသည်။ အသက်ရှင်ပြီ ဟူသောအသိဖြင့် နှစ်​ယောက်စလုံး အပေါ်သို့ ရောက်လာခဲ့ရသည်။ ပြီးမှ ရေနစ်သော ထိုပုဂ္ဂိုလ်အားကြည့်မိရာ ဖြူဖြူဖွေးဖွေး၊နှာတံပေါ်ပေါ်နှင့် ခပ်ချောချောကောင်လေးတစ်ယောက် လူကောင်ကတော့ ခပ်သေးသေးရယ် ၊ငါနှင့်ရွယ်တူလောက်ပဲ ဟုထင်မိသည် ။
နှုတ်ခမ်းလေး များပင် ဖြူစုပ်စုပ်ဖြစ်နေလေသည်။ စောစောကလက်ကမ်းပေးသော အကိုက ကျွန်တော့်တို့အတွက် သဘက်သွားယူနေလေသည်။
ထိုပုဂ္ဂိုလ်အား ကျွန်တော်ပင် လှုပ်နှိုးမိသည်။ တုတ်တုတ်မျှမလှုပ်၍ စိတိအတော်ပင်ပူသွားမိသည်။ ဒုက္ခပါပဲငါဘာလုပ်ရမလဲ ဟုတွေးမိရင်း စိတ်ထဲတွင်ပေါ်လာသည်က.....

'ရှေးဦးသူနာပြုစုနည်း' အတိုင်း ထိုသူ၏ ဖွေးလွှလွှနှုတ်ခမ်းသားများဆီသို့...နှုတ်ခမ်းချင်းတေ့ကာ လေမှုတ်သွင်းလိုက်သည့်သကာလ..... တဒဂ် အတွင်းပင် ခံစားချက်ပေါင်းစုံ ဝင်ရောက်လာခဲ့သည်။ အမည်မဖော်တတ်သော ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။

ထိုသူကတော့မသိနိုင်ပေ။ နှုတ်ခမ်းချင်းအခွာတွင် နွေး ကနဲခံစားလိုက်ရပြန်သည်။ သူ့ နှုတ်ခမ်းလေးများ ပန်းရောင်သမ်းလာခဲ့သည်။မကြာမီ သတိပြန်လည်လာသည်။

"ဟူး..............."

အခုမှပင် သက်ပြင်းချနိုင်တော့သည်။
သဘက်သွားယူသောအကိုတယောက်လည်း ပြန်ရောက်လာလေသည်။

"ရော့!...ညီ...သုတ်လိုက်..."

ကျွန်တော်တို့နှစ်ယောက် ထိုပုဂ္ဂိုလ်အား အိမ်ထဲသို့ ရွှေ့လိုက်ကြသည်။ လာရင်း ကိစ္စ ပင်မေ့တေ့တေ့ဖြစ်နေလေပြီ။

ထိုအချိန်က ကျွန်တော်ကယ်လိုက်သော သူသည် တစ်​​​နေ့မှာ ကျွန့်တော့် ဘဝတွင် အရေးအပါဆုံးလူသားတစ်ဦး ဖြစ်လာလိမ့်မည်ဟု ကိုယ်တိုင်ပင်သတိမထားမိခဲ့။

အချစ်ကိုစတင်ခံစားတတ်သောအရွယ်တွင်.....ကျွန်တော့်အချစ်သည် လိင်တူယောက်ျားလေးတစ်ဦးနှင့် စတင်ခဲ့ရသည်မှာ ကံဆိုးသလား၊ကံကောင်းသလား ကိုယ်ကိုယ်တိုင်ပင် မခွဲခြားနိုင်တော့.............

&&&&&&&&&&&&&&&&&&&&&&&&

Thank you everyone 😘😘😘

&&&&&&&&&&&&&&&&&&&&&&&&

(Zawgyi)

"ေဖေဖ...ကိုကိုျပန္လာၿပီ.."

တစ္မနက္လုံး မေတြ႕ရပဲ ဘယ္ကိုေျခရွည္ေနမွန္း မသိေသာ သားျဖစ္သူကို ေဒါသတႀကီးျဖင့္ ေစာင့္ေနေသာေဖေဖ့ကို 'ၾကယ္စင္မင္း' က အသံက်ယ္ႀကီးျဖင့္ သတိေပးလိုက္ျခင္းျဖစ္သည္။

"ေဒါက္!!......"
" အား....ကိုကိုေနာ္... ၾကယ္စင့္ကိုလာအႏိုင္မက်င့္ နဲ႔..ေဖေဖရွိတယ္..ေအာ္တိုင္ပစ္မွာ....."

"ေအး...နင္အဲ့လိုအတိုင္အေျပာထူလို႔ကို..ေခါက္တာ မွတ္ပီလား...ငါ့ဘာသာငါဘယ္သြားသြား နင့္အပူလား...စိတ္ညစ္ေနရတဲ့ၾကားထဲ...နင္ကတစ္မ်ိဳး.."

"လင္းအံ့.... !!!!"

"ဗ....ဗ်ာ...ေဖေဖ..."

"ဗ်ာမေနနဲ႔!..မင္းဒီကိုလာစမ္းပါဦး!!...."

ေဖေဖ့ကိုေတာ့ တအိမ္သားလုံးမလြန္ဆန္ဝင့္ေပ။
"ဟုတ္ကဲ့..."

ညီမျဖစ္သူကေတာ့ ေကာင္းတယ္..ေကာင္းတယ္..ဝမ္းသာတယ္..ဟူေသာ မ်က္ႏွာေပးျဖင့္၊ ေဖေဖရွိေန၍သာ ဒီေကာင္မေလးသက္သာသြားသည္ ဟုစိတ္ထဲမွေတြးမိသည္။

" မင္းဘယ္လိုေကာင္လဲ..ေျပာစမ္း..ငါ့ကိုအရွက္ခြဲေနတာလား...ကိုးတန္း ေတာင္က်တယ္တဲ့...ရွက္တတ္ရင္ မင္း....မင္းေတာ့.. ကြာ...."

ေဖေဖက ကြၽန္ေတာ့္ တီရွပ္ကိုေဆာင့္ဆြဲ၍ ထိုးမည္႐ြယ္လိုက္စဥ္

"ေတာ္ပါေတာ့...ေဖႀကီးရယ္..ဒီကိစၥေလာက္နဲ႔ သားကို..ထိုးမလို႔လား....ကေလးပဲ...စာေမးပြဲ က်တာမဆန္းပါဘူးရွင္...ဒီႏွစ္မေအာင္ေတာ့..ေနာက္တစ္ႏွစ္ေပါ့..."

ေမေမဝင္တား၍သာ ကြၽန္ေတာ္ သက္သာရာရသြားသည္။ေဖေဖက စိတ္မရွည္ဟန္ျဖင့္

" ဘာကြ...စာေမးပြဲ က်တာေတာ့မဆန္းေပမယ့္..ခုဟာကသူမ်ားလို..ဆယ္တန္းက်တာဆိုခံသာေသး...မင္း..သားက ကိုးတန္းကိုေတာင္က်ေအာင္ေျဖတာကြ...ငါဒီပတ္ဝန္းက်င္မွာ..ဘယ္လိုမ်က္ႏွာမ်ိဳးနဲ႔ဆက္ေနရမွာလဲ...ငါ့မိတ္ေဆြသားသမီးေတြနဲ႔ယွဥ္ရင္..ဘယ္ေလာက္ရွက္ဖို႔ေကာင္းလဲ....တေန႔တေန႔..ဂိမ္းဆိုင္သြားလိုက္...လက္ဖက္ရည္ဆိုင္သြားလိုက္နဲ႔....မင္းမွမက်ရင္ က်မယ့္သူမရွိေတာ့ဘူးကြ....."

ေမေမက ကြၽန္ေတာ့္ဘက္မွေန၍

"အို..ရွင္....ဒါမ်ား...ေနာက္လထဲမွာ...ရန္ကုန္ေျပာင္းမယ့္ဟာ...ဒီပတ္ဝန္းက်င္မွာဆက္ေနမွာမွမဟုတ္ပဲ...ဟိုေရာက္မွ... ေက်ာင္းဆက္ထားလည္းရတာကို..."

"ခုေတာ့..အဲ့လိုပဲလုပ္ရေတာ့မွာေပါ့...ေနာက္ႏွစ္ေတြစာေမးပြဲက်ရဲရင္က်ၾကည့္စမ္း... မင္းကိုငါအရွင္မထားဘူး......"

"......."

"ဒီအေမနဲ႔ ဒီသားနဲ႔ေတာ့..လိုက္ပါ့..ကြာ..."

&&&&&&&&&&&&&&&&&&&

လူေနတိတ္ဆိတ္ေသာ၊ ၿခံက်ယ္က်ယ္ႀကီးမ်ားရွိေသာ၊ ေနရာသို႔ ကြၽန္ေတာ္တို႔မိသားစုေျပာင္းလာၾကသည္။ေဖေဖက အရာရွိတစ္ေယာက္ျဖစ္၍ အခုလိုပင္ မၾကာခဏေျပာင္းရေ႐ႊ႕ရသည္။ဝန္ထမ္းမိသားစုျဖစ္ေပမယ့္ ေမေမ့ဘက္မွ အေမြရ၍ ေ႐ႊတိုက္ တစ္ခုပိုင္ဆိုင္ခဲ့ၿပီး၊ထိုမွပင္ ရန္ကုန္တြင္ ၿခံႏွင့္ဝန္းႏွင့္ေတာင့္ေတာင့္တင္းတင္းေနႏိုင္သည္အထိ ျဖစ္လာခဲ့သည္။ကြၽန္ေတာ္ကေတာ့ ဆိုင္ကယ္တဝီဝီျဖင့္သြားခ်င္ရာသြားႏိုင္သည့္ မႏၲေလးေ႐ႊၿမိဳ႕ေတာ္ႀကီးကိုပင္ လြမ္းေနမိသည္။ ေရာက္ေရာက္ခ်င္း အေဖာ္ကလည္းမရွိ ဘယ္သြားၿပီး ဘာလုပ္ရမွန္းလဲ မသိ၍ တစ္ပတ္တိတိ အိမ္တြင္းေအာင္းေနမိသည္။ ခုေတာ့ညီမေလးႏွင့္ကြၽန္ေတာ္ တစ္အိမ္ဝင္တစ္အိမ္ထြက္ျဖင့္ အိမ္တက္အလွ်ဴဖိတ္စာမ်ားလိုက္ေဝေနမိသည္။

ကြၽန္ေတာ္တို႔ၿခံႏွင့္ တစ္ၿခံမွ်သာေက်ာ္ေသာ အိမ္သို႔ေရာက္သြားေသာအခါ ၊ တိတ္ဆိတ္ျခင္းအတိၿပီး႐ုံမွ်မက ၿခံေရွ႕တြင္လည္း လူရိပ္ေတာင္မေတြ႕ရ၍ ဟိုၾကည့္ ဒီၾကည့္ ၾကည့္မိရာ

"ကယ္...ကယ္ၾကပါဦး......ကယ္ၾကပါဦး.. "

ၿခံေဘးေရကူးကန္ထဲမွ ဗလုံးဗေထြးႏွင့္ အကူအညီေတာင္းသံၾကားရ၍ အသံလာရာသို႔ၾကည့္မိေသာအခါ ေရကူးကန္ထဲတြင္ လူတစ္ေယာက္ ေရနစ္ေနေလသည္။ ကြၽန္ေတာ္ ဘာမွ် မစဥ္းစားေတာ့ပဲ ေရထဲသို႔သာ ဝုန္းကနဲ ဒိုင္ဗင္ထိုးခ်လိုက္ေတာ့သည္။

အေျခအေနကကြၽန္ေတာ္ထင္သည္ထက္ပင္ ပို၍ဆိုးသည္။ ေရကူးကန္ထဲမွ ထိုပုဂၢိဳလ္က ေၾကာက္အားလန္႔အားျဖင့္ အသားကုန္ဆြဲထား၍ ႏွစ္ေယာက္လုံး ယက္ကန္ယက္ကန္ ျဖစ္ေနေလသည္။ထိုအခါ အေပၚမွ အသံတစ္ခု

"ညီ..ညီ..ကိုယ့္လက္ကိုဆြဲလိုက္ေလ...ဆြဲလိုက္...."

ကမ္းေပးေသာလက္ကိုဆြဲယူလိုက္၍ သက္သာရာရသြားသည္။ အသက္ရွင္ၿပီ ဟူေသာအသိျဖင့္ ႏွစ္​ေယာက္စလုံး အေပၚသို႔ ေရာက္လာခဲ့ရသည္။ ၿပီးမွ ေရနစ္ေသာ ထိုပုဂၢိဳလ္အားၾကည့္မိရာ ျဖဴျဖဴေဖြးေဖြး၊ႏွာတံေပၚေပၚႏွင့္ ခပ္ေခ်ာေခ်ာေကာင္ေလးတစ္ေယာက္ လူေကာင္ကေတာ့ ခပ္ေသးေသးရယ္ ၊ငါႏွင့္႐ြယ္တူေလာက္ပဲ ဟုထင္မိသည္ ။
ႏႈတ္ခမ္းေလး မ်ားပင္ ျဖဴစုပ္စုပ္ျဖစ္ေနေလသည္။ ေစာေစာကလက္ကမ္းေပးေသာ အကိုက ကြၽန္ေတာ့္တို႔အတြက္ သဘက္သြားယူေနေလသည္။
ထိုပုဂၢိဳလ္အား ကြၽန္ေတာ္ပင္ လႈပ္ႏႈိးမိသည္။ တုတ္တုတ္မွ်မလႈပ္၍ စိတိအေတာ္ပင္ပူသြားမိသည္။ ဒုကၡပါပဲငါဘာလုပ္ရမလဲ ဟုေတြးမိရင္း စိတ္ထဲတြင္ေပၚလာသည္က.....

'ေရွးဦးသူနာျပဳစုနည္း' အတိုင္း ထိုသူ၏ ေဖြးလႊလႊႏႈတ္ခမ္းသားမ်ားဆီသို႔...ႏႈတ္ခမ္းခ်င္းေတ့ကာ ေလမႈတ္သြင္းလိုက္သည့္သကာလ..... တဒဂ္ အတြင္းပင္ ခံစားခ်က္ေပါင္းစုံ ဝင္ေရာက္လာခဲ့သည္။ အမည္မေဖာ္တတ္ေသာ ခံစားမႈတစ္ခုကို ခံစားလိုက္ရသည္။

ထိုသူကေတာ့မသိႏိုင္ေပ။ ႏႈတ္ခမ္းခ်င္းအခြာတြင္ ေႏြး ကနဲခံစားလိုက္ရျပန္သည္။ သူ႔ ႏႈတ္ခမ္းေလးမ်ား ပန္းေရာင္သမ္းလာခဲ့သည္။မၾကာမီ သတိျပန္လည္လာသည္။

"ဟူး..............."

အခုမွပင္ သက္ျပင္းခ်ႏိုင္ေတာ့သည္။
သဘက္သြားယူေသာအကိုတေယာက္လည္း ျပန္ေရာက္လာေလသည္။

"ေရာ့!...ညီ...သုတ္လိုက္..."

ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ထိုပုဂၢိဳလ္အား အိမ္ထဲသို႔ ေ႐ႊ႕လိုက္ၾကသည္။ လာရင္း ကိစၥ ပင္ေမ့ေတ့ေတ့ျဖစ္ေနေလၿပီ။

ထိုအခ်ိန္က ကြၽန္ေတာ္ကယ္လိုက္ေသာ သူသည္ တစ္​​​ေန႔မွာ ကြၽန္႔ေတာ့္ ဘဝတြင္ အေရးအပါဆုံးလူသားတစ္ဦး ျဖစ္လာလိမ့္မည္ဟု ကိုယ္တိုင္ပင္သတိမထားမိခဲ့။

အခ်စ္ကိုစတင္ခံစားတတ္ေသာအ႐ြယ္တြင္.....ကြၽန္ေတာ့္အခ်စ္သည္ လိင္တူေယာက္်ားေလးတစ္ဦးႏွင့္ စတင္ခဲ့ရသည္မွာ ကံဆိုးသလား၊ကံေကာင္းသလား ကိုယ္ကိုယ္တိုင္ပင္ မခြဲျခားႏိုင္ေတာ့.............

&&&&&&&&&&&&&&&&&&&&&&&&

Thank you everyone 😘😘😘

&&&&&&&&&&&&&&&&&&&&&&&&

Continue Reading

You'll Also Like

178K 26.3K 32
#Both available with unicode & zawgyi မယုံနိုင်လောက်အောင်ပဲ ဒီလက်စွပ်ကလေးက~~~
135K 9.5K 35
အကို့ကို ဘာလို့ချစ်​ရသလဲ​မေးကြတဲ့အခါ ကျွန်​တော့်​မှာ​ဖြေစရာ အ​ဖြေမရှိ။ အကိုက ကျွန်​တော့်​အတွက်​အ​ဖြေမရှိတဲ့ ​မေးခွန်းပဲ..... ...
49.7K 1.5K 64
[Unicode] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အဓိပ္ပါယ်က နေရောင်ခြည်လိုတောက်ပပြီးနွေးထွေးတဲ့အပြုံးလေးကိုရည်ညွှန်းသတဲ့။ [Zawgyi] ကျူးလစ်ပန်းအဝါရောင်လေးတွေရဲ့အ...
242K 14.2K 18
အခ်စ္နဲ႔ပတ္သက္လာခဲ႔ရင္ လူေတာ္ေတာ္မ်ားမ်ား ေျပာက်ရတဲ႔စကား ခ်စ္တိုင္းလည္းမညား ညားတိုင္းလည္းမခ်စ္တဲ႔..ထိုစကားေလးက ကြ်န္ေတာ္တို႔ ႏွစ္ေယာက္ကို ျငင္းဆန္ေစခ...