🐚🎈 My Balloon 🎈🐚(H.I.A.T...

By LeonAres_2020

68.8K 6.3K 242

ကုန်း​မြေနဲ့​ရေပြင်​ကိုကိုယ်​စားပြုတဲ့ ​အိမ်​​ရှေ့စံ​လေးဝမ်​ရိ​ပေါ်နဲ့ ​ရေသူထီး​လေး​ရှောင်​ကျန့်​ရဲ့ချစ်​ပြုံ... More

🐚🎈 MB - XZ 🎈🐚
🐚🎈 MB - XZ 🎈🐚
🐚🎈 MB - XZ 🎈🐚 Uni
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
🐚🎈 MB - XZ 🎈🐚 U&Z
Hello

🐚🎈 MB - XZ 🎈🐚 U&Z

3K 314 18
By LeonAres_2020

🎈 My Balloon 🎈

🐳 Episode - 15 🐳



ပါးစပ်​ထဲမှာစွဲ​နေဆဲ...။



❆ သိပြီ သွား​တော့ ❆



သက်​သာသွားသလိုပင်​...။

ကြည့်​​နေ​လေသည်​ ။


❆ ကိုကို ဒီနားကိုလာခဲ့ ❆

လာ​နေတဲ့ကိုကို...


ဆွဲချလိုက်​​လေသည်​ ။

ကြောင်းလမ်းရ​တော့မယ်​...❆

မော့ကြည့်​လာပြီး


သူနဲ့​ကြောင်းလမ်းလိုက်​လည်း ကိုကိုကပဲ ကျ​နော့်

❆ အင်းပါ ❆







အိပ်​​ပျော်​သွားတာ...။

❆ အိမ်​​ရှေ့ မင်းသား ❆







❆ ❆ ❆ ❆ ❆ ❆ ❆ ❆  ♡ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

အိ​နြေ္ဒအပြည့်​နဲ့​လျှောက်​လှမ်းလာတဲ့မိန်းမပျို ။


သိမ်းပိုက်​​ချင်​​နေသူ...။

လက်​ကမ်းမကြိုဆိုခဲ့ ။

❆ ​အကိုရယ်​ စိမ်းလိုက်​တာ


မ​ပြောပါနဲ့ ❆

ချက်​ချင်း​ကိုပြန်​ပြုံးလိုက်​ပြီး

ကျေးဇူးတင်​ပါတယ်​ ❆


အ​စေခံ​တွေရဲ့အ​တွေးပင်​ ။

လှည့်​ဝင်​ခဲ့လိုက်​သည်​ ။



ဟင်း ဟင်း...❆




❆ မီကို (​ကော်​ဖီမစ်​မဟုတ်​) ❆



❆ ❆ ❆ ❆ ❆ ❆ ❆ ❆  Tbc ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

နောက်​မှဆက်​မယ်​​နော်
ပျက်​သွားတယ်​​လေ ။



Unicode ver ~~~

🎈 My Balloon 🎈

🐳 Episode - 15 🐳

​ရေထဲမှာနာရီအ​တော်​ကြာ​အောင်​​နေလိုက်​တာမို့
ရိ​ပေါ်​နေသိပ်​မ​ကောင်းချင်​...။

လူက​ခေါင်းကိုက်​တာလိုလို ဘာလိုလိုနဲ့...

ကိုကိုအတင်းခွံ့လို့ပါးစပ်​ထဲ​ရောက်​လာတဲ့
​ရေ​မှော်​ပင်​​တွေရဲ့အရသာကလည်းအခုချိန်​ထိ
ပါးစပ်​ထဲမှာစွဲ​နေဆဲ...။

❆ အိမ်​​ရှေ့စံ ဘုရင်​မကြီးရဲ့အမှာစကားပါ ❆

ရိ​ပေါ်​ခေါင်းငြိမ့်ပြလိုက်​​တော့ စစ်​သည်​က
❆ ​နေတစ်​ဝင်​ကြာပြီးတဲ့​နောက်​မှာ ရီယန်​နိုင်​ငံက
အမျိုး​ကောင်းသမီးနှစ်​​ယောက်​ ​ရောက်​ရှိလာ​တော့မှာမို့
ကြိုဆိုဖို့ပြင်​ဆင်​ထားရန်​ပါ ❆

❆ သိပြီ သွား​တော့ ❆

ရိ​ပေါ်နားထင်​ကိုလက်​နဲ့ဖိလိုက်​ရင်း
အစီအစဉ်​ချရန်​စဉ်းစား​နေမိသည်​ ။

❆ ရိ​ပေါ်...​နေမ​ကောင်းဘူးလား ❆

ကိုကိုရဲ့အသံ​သေး​သေး​လေး​ကြောင့်
ဖြစ်​ချင်​​နေတဲ့​ရောဂါတစ်​ဝက်​​လောက်​
သက်​သာသွားသလိုပင်​...။

ရိ​ပေါ်ကိုကို့ကို လှမ်းကြည့်လိုက်​​တော့
တံခါးက​နေသူ့ကို ​ခေါင်း​လေးသာ​ဖော်​ပြီး
ကြည့်​နေ​လေသည်​ ။

(ရိ​ပေါ်ရဲ့အိပ်​ခန်းနဲ့စင်္ကြံကြားထဲမှာဧည့်ခန်းသ​ဘောမျိုး
အခန်းတစ်​ခန်းရှိပါတယ်​ ရိ​ပေါ်ကအခုအဲ့အခန်းထဲက
ခုံမှာထိုင်​​နေတာဖြစ်​ပြီး ​ရှောင်​ကျန့်ကအိပ်​ခန်းထဲက​နေ
ရိ​ပေါ်ကိုလှမ်းကြည့်တာပါ​နော်​ )

❆ ကိုကို ဒီနားကိုလာခဲ့ ❆

ရိ​ပေါ် ထိုင်​ခုံလက်​ယမ်းကိုပုတ်​ပြလိုက်​ပြီး
ကိုကို့ကို​ခေါ်လိုက်​​တော့ သူ့နားကို လှုပ်​လိလှုပ်​လဲ့​နဲ့
လာ​နေတဲ့ကိုကို...

ချစ်​ဖို့​ကောင်းလိုက်​တာ...

အနားကို​ရောက်​​တော့ သူပုတ်​ပြတဲ့ လက်​ယမ်း​ပေါ်ကို
ထိုင်​ချလိုက်​တဲ့ကိုကို့ကို ရိ​ပေါ်က သူ့အ​ပေါ်ကို
ဆွဲချလိုက်​​လေသည်​ ။

❆ ကိုကို ကျ​နော်​ မကြာခင်​ မိန်းက​လေးတစ်​​ယောက်​နဲ့
​ကြောင်းလမ်းရ​တော့မယ်​...❆

သူက​ပြော​တော့ ကိုကိုကရင်​ခွင်​ထဲက​နေသူ့ကို
​မော့ကြည့်လာပြီး

❆ ရိ​ပေါ်ကငါ့ကို​ရေထဲကိုပြန်​လွှတ်​ချင်​လို့လား ❆

❆ ပြန်​လွှတ်​စရာလား ကျ​နော်​​ပြောချင်​တာက
သူနဲ့​ကြောင်းလမ်းလိုက်​လည်း ကိိုကိုကပဲ ကျ​နော့်
သတို့သမီးဖြစ်​ရမယ်​ ကျ​နော့်ကြင်​ယာ​တော်​က
ကိုကိုပဲဖြစ်​ရမယ်​ အဲ့တာကို​သေချာမှတ်​ထား...❆

❆ အင်းပါ ❆

​ရှောင်​ကျန့်ကအားမရှိသလို​လေးပြန်​​ဖြေလာပြီး
ရိ​ပေါ်ရဲ့ရင်​ဘတ်​​ပေါ်ကိုမှီနွဲ့လာသည်​ ။

ရင်​ဘတ်​​ပေါ်ကိုပစ်​မှီလာတဲ့ခန္ဓာကိုယ်​​လေး​ကြောင့်
ရိ​ပေါ်အသက်​​အောင့်ထားမိသည်​ ။

လက်​ကလည်းကိုကို့ရဲ့ကိုယ်​​လေးကို
မသိမသာ​လေးတိုးပြီးဖက်​လိုက်​မိသည်​...။

ကိုကိုရဲ့​ခေါင်း​လေး​ပေါ်ကို​မေးတင်​ပြီး
ငြိမ်​​နေမိ​တော့ ခဏအကြာမှ ကိုကိုဟာ
အသက်​ရှူ သံမှန်​မှန်​နဲ့ အိပ်​​ပျော်​သွား​လေသည်​ ။

ရိ​ပေါ်ငြိမ်​ငြိမ်​​လေးပဲထိုင်​​နေလိုက်​သည်​ ။

သူဘယ်​​​လောက်​​တောင်​ကံ​ကောင်းလိုက်​လဲ?

သူ့အသက်​ထက်​မြတ်​နိုးရတဲ့ချစ်​ရသူက
သူ့ရင်​ခွင်​ထဲမှာစိတ်​ချလက်​ချနဲ့နှစ်​နှစ်​ခြိုက်​ခြိုက်​ကို
အိပ်​​ပျော်​သွားတာ...။

❆ အိမ်​​ရှေ့ မင်းသား ❆

ယွီပင်​က ရိ​ပေါ်ကို​ခေါ်ရင်းဝင်​လာ​ပေမဲ့
ရိ​ပေါ် အ​ပေါ်မှာအိပ်​​ပျော်​​နေတဲ့ ​ရှောင်​ကျန့်ကိုမြင်​တာမို့
အသံကိုတိုးချလိုက်​သည်​ ။

ရိ​ပေါ်ကဘာလဲဆိုတဲ့သ​ဘောနဲ့​မေး​ငေါ့ပြ​တော့
❆ ရီယန်​နိုင်​ငံက မင်းသမီး​​ရောက်​လာပါပြီ ❆

ရိ​ပေါ်​ခေါင်းငြိမ့်ပြလိုက်​ပြီး
ကိုကိုရဲ့ဒ​ကောက်​​ကွေးကြားကို
လက်​တစ်​ဖက်​လျှိုဝင်​ကာ ကိုကို့ကို​ပွေ့ချီလိုက်​သည်​

ထို့​နောက်​အိပ်​ခန်းထဲကိုဝင်​ကာ ကိုကို့ကို
အိပ်​ယာ​ပေါ်သို့ငြင်​သာသာချ​ပေးလိုက်​ပြီး
​စောင်​ပါခြုံ​ပေးခဲ့လိုက်သည်​ ။

ထိုအခါ ပြတင်း​ပေါက်​က​နေ
ထွန်းလင်း​နေတဲ့လမင်းကြီးကိုမြင်​ပြီး
မိုးချုပ်​သွားမှန်းသတိထားမိတဲ့ရိ​ပေါ်ရဲ့အဖြစ်​....

ကိုကို့ကိုယ်​​နွေး​နွေး​လေးကိုအာရုံစိုက်​​နေခဲ့မိတာ
မိုးချုပ်​သွားမှန်း​တောင်​မသိခဲ့ရ ။

❆ ❆ ❆ ❆ ❆ ❆ ❆ ❆  ♡ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

နန်း​တော်​ရဲ့ အဝင်​ဝက​နေစပြီး
ကတီပါအခင်းကြီးခင်းကာ ကြွကြွရွရွ
အိ​န္ဒြေအပြည့်နဲ့​လျှောက်​လှမ်းလာတဲ့မိန်းမပျို ။

သူမကရီယန်​နိုင်​ငံရဲ့သမီးအငယ်​ ။

တစ်​နည်း​ပြောရရင်​ ရိ​ပေါ်ရဲ့ကြင်​ယာ​နေရာကို
သိမ်းပိုက်​​ချင်​​နေသူ...။

သူမကဂါဝန်​ရှည်​ကြီးကိုမပြီး ရိ​ပေါ်ဆီကိုဦးတည်​
​လျှောက်​လှမ်းလာ​ပေမဲ့ ရိ​ပေါ်က​တော့
လက်​ကမ်းမကြိုဆိုခဲ့ ။

❆ ​အကိုရယ်​ စိမ်းလိုက်​တာ
မကြာခင်​ပဲလင်​ကိုယ်​မယားဖြစ်​ရ​တော့မှာကို ❆

သူမကရှက်​ပြုံးနဲ့​ပြောလာသည်​ ။

❆ မင်းသမီးမှာ မင်းသမီးတစ်​​ယောက်​ရှိသင့်တဲ့
သိက္ခာတရားရှိတယ်​ဆိုရင်​ ​အဓိပ္ပါယ်​မပါတဲ့စကား​တွေ
မ​ပြောပါနဲ့ ❆

သူမမျက်​နှာက ကွက်​ခနဲဖြစ်​သွား​ပေမဲ့
ချက်​ချငး်​ကိုပြန်​ပြုံးလိုက်​ပြီး

❆ ဟုတ်​ အကိုက နှမကိုဂရုစိုက်​​ပေးတာ
​ကျေးဇူးတင်​ပါတယ်​ ❆

ဂရုစိုက်​တယ်​ ဘယ်​သူကလဲ အိမ်​​ရှေ့စံကလား
တမင်​သတ်​သတ်​ရွဲ့​ပြောတာကို
ဒီမင်းသမီးတကယ်​မသိဘူးလား...။

အ​စေခံ​တွေရဲ့အ​တွေးပင်​ ။

ရိ​ပေါ်လည်းစိတ်​ပျက်​စွာပဲနန်း​တော်​ထဲကို
လှည့်ဝင်​ခဲ့လိုက်​သည်​ ။

❆ ကိုယ်​ရံ​တော်​ချုပ်​ မင်းသမီးကို စီစဉ်​ထားတဲ့အခန်းကို
ပို့​ပေးလိုက်​ပါ မင်္ဂလာပွဲကို​နောက်​လကျရင်​
ကျင်းပမဲ့အ​ကြောင်းကို​ပြောလိုက်​ပါ ❆

(ကိုယ်​ရံ​တော်​ချုပ်​ - ကျိရန်​ )

❆ အကိုကလည်း နှမလည်း အကို့အခန်းမှာအိပ်​မယ်​​လေ...​နောက်​လည်းတစ်​ခန်းထဲတူတူ​နေရမှာပဲကို...
ဟင်း ဟင်း...❆

သူမကရှက်​သလိုဟန်​နဲ့ ခပ်​တိုးတိုးဆိုလာ​ပေမဲ့
သူမရဲ့ခပ်​တိုးတိုးက အကုန်​လုံးကြား​နေရ​လေသည်​

❆ မင်းသမီး သိက္ခာထိန်းပါ ! ❆

ယွီပင်းက သတိ​ပေးစကားဆို​တော့
မင်းသမီးရဲ့အကြည့်စူးစူးက ယွီပင်းထံသို့ ။

❆ မီကို (​ကော်​ဖီမစ်​မဟုတ်​) ❆

သူမက​ခေါ်​တော့ သူမ​နောက်​ကအ​ခြွေရံ​တွေထဲက
မိန်းမပျိုတစ်​ဦးထွက်​လာ​လေသည်​ ။

ကျိရန်​နှင့်အတူ ရိ​ပေါ် , ယွီပင်​နဲ့ အခြားအ​ခြွေအရံအချို့
အံ့သြထိတ်​လန့်ကုန်​ကျသည်​

❆ ❆ ❆ ❆ ❆ ❆ ❆ ❆  Tbc ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

​နောက်​မှဆက်​မယ်​​နော်​
​နောက်​ကျတယ်​ကျ​နော်​ အပျင်းကြီး​နေတာရယ်​
အသည်းကွဲ​နေတာရယ်​ ​ဘေမရှိတာရယ်​
​ပေါင်းသွားလို့ ဒီကြားထဲအရင်​​ရေးထားတာကလည်း
ပျက်​သွားတယ်​​လေ ။

ကျ​နော်​ vote ကို၈၀ကို​လျော့လိုက်​တယ်​
အဲ့တာမှတစ်​ရာပြည့်ရင်​တင်​​နိုင်​​အောင်​လို့ ။

စပွိုင်​လာ​ပေးမယ်​ ​နောက်​အပိုင်းကျရင်​
ဝမ်​ရိ​ပေါ်နဲ့မင်းသမီး ​ရှောင်​ကျန့်ကိုလုကြမှာ😇

Continue Reading

You'll Also Like

1.1M 20.1K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...
377K 13.5K 58
𝐈𝐍 𝐖𝐇𝐈𝐂𝐇 Ellie Sloan reunites with her older brother when her hospital merges with his jackson avery x ellie sloan (oc) season six ━ season se...
218K 4.6K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
605K 9.4K 87
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...