Unconditional Love

Por Euphoria_Min

329K 36.6K 5.5K

တစ်နေ့က ခေါင်မိုးထပ်အိမ်ခန်းငယ်ဆီကို ချစ်ခြင်းမေတ္တာတွေ မနိုင်မနင်းသယ်ပိုးထားတဲ့ လူလိမ်လေးတစ်ယောက် ရောက်လာခဲ့... Mais

🍒 1 🍒
🍒 2 🍒
🍒 3 🍒
🍒 4 🍒
🍒 5 🍒
🍒 6 🍒
🍒 7 🍒
🍒 8 🍒
🍒 9 🍒
🍒 10 🍒
🍒 11 🍒
🍒 12 🍒
🍒 13 🍒
🍒 14 🍒
🍒 16 🍒
🍒 17 🍒
🍒 18 🍒
🍒 19 🍒
🍒 20 🍒
🍒 21 🍒
🍒 22 🍒
🍒 23 🍒
🍒 24 - UNICODE 🍒
🍒 24 -ZAWGYI 🍒
🍒 25 🍒
🍒 26 🍒
🍒 27 🍒
🍒 28 🍒
🍒 29 🍒
🍒Finale (Unicode)🍒
🍒Finale (Zawgyi)🍒
🍀
Extra-1
Extra-2
🍔Fanart🍔

🍒 15 🍒

7.1K 1K 115
Por Euphoria_Min

Unicode

မနက်ပိုင်း Jungkookတို့မေမေရှိရာဆီမှ ပြန်
လာခဲ့ကြပြီးနောက် အဆောင်ဟောင်းလေးရဲ့
မီးလင်းဖိုနားမှာ ကလေးတစ်သိုက်နှင့် အတူရှိ
နေရင်း Jiminကတော့ ကလေးတွေစားဖို့ ထမင်း
လိပ်လုပ်ပေးနေလေသည်။

ကလေးတွေက ခပ်ကြီးကြီး လေးထောင့်စားပွဲခုံ
လေးမှာ ထိုင်ခုံအပုလေးများနှင့်ဝိုင်းထိုင်နေရင်း
သူတို့စားချင်တဲ့အရုပ်ပုံစံအမျိုးစုံကို လုပ်ကျွေးခိုင်းနေကြသည်။

မနေ့က ဆရာမကြီး မွေးနေ့လက်ဆောင်ပေးထားသည့် ပန်းနုရောင် မာဖလာလေးနှင့်ဆရာမ
ငယ် ပေးထားသည့် ပန်းရောင်ဖျော့ဖျော့ modern hanbok ဝမ်းဆက်လေးဝတ်ဆင်ထားသည့် Jiminက လူကြီးပေါက်စလေးလို တစ်မျိုးကြည့်ကောင်းနေလေသည်။

မေမေ့ဆီက ပြန်လာပြီးထဲက အစ်ကိုကြီးတစ်
ယောက်လို ပြုမူနေတဲ့ကောင်လေးကJungkook
လက်ထဲသို့လဲ ကန်စွန်းဉမီးဖုတ်တစ်လုံးကို အခွံ ခွာပြီး ထည့်ပေးထားသေးသည်။ကန်စွန်းဉစား
ပြီး ငြိမ်ငြိမ်ထိုင်နေဆိုသည့် သဘောဖြစ်သည်။

မနက်ကများ Jiminရင်ခွင်ထဲတိုးဝင်ပြီး တအင့်
အင့် ရှိုက်ငိုနေခဲ့တာ အငိုသန်တဲ့ကလေးပေါက်စ
လေးလိုပင်။ ငိုထားတဲ့အရှိန်ကြောင့် မျက်ခွံလေး
တွေက ခပ်မို့မို့လေးဖြစ်နေကာ Jiminပေးထား
သည့် ကန်စွန်းဉကို ကလေးတွေကြားထဲထိုင်ပြီး
စားနေလေသည်။

အသည်းနုလွန်းတဲ့ သူ့ဆရာဝန်လေးက အရမ်းပဲ
ချစ်ဖို့ကောင်းလိုက်တာ။

"ကိုကိုရော ... ဘာအရုပ်လိုချင်သေးလဲ"

"ကလေးတွေကိုပဲ ကျွေးပါ။သူတို့ကတစ်ခါတစ်
လေမှ အခုလိုစားရတာ"

"Aigooo ... ကိုကိုJungkookieက လိမ္မာလိုက်
တာ"

ထိုစဉ် မေမေကြီးက Jiminတို့ရှိနေရာသို့ ရောက်
လာကာ-

"ကလေးတွေ ငြိမ်နေပါလားထင်တာ...Jiminနား
ကပ်နေကြတာကိုး"

"ဟီး... ညကျရင် ပြန်တော့မှာဆိုတော့ သူတို့ကို
မုန့်လုပ်ကျွေးချင်လို့လေ"

"Jiminက အခုလိုကျတော့လဲ တကယ်ကြည့်ကောင်းသားပဲ...နော် Jungkookie"

"ဟုတ်"

"မေမေကြီးနဲ့ဆရာမငယ်အတွက်"

ကန်စွန်းဉမီးဖုတ်အချို့နှင့် သူပြင်ဆင်ထားသည့်
ထမင်းလိပ်ပန်းကန်ပြားလေး မေမေကြီးဆီလှမ်း
ပေးလိုက်တော့

"ကလေးနှစ်ယောက်ရောက်လာတုန်း အားလုံး
အတူတူဓာတ်ပုံရိုက်ထားချင်လို့ ပြီးရင်အပြင်
ထွက်ခဲ့ကြဦးနော်"

အလုပ်တွေ၊ သင်တန်းတွေသာမရှိလျှင် သူတို့
နှစ်ယောက် အခုထက်ပိုပြီး ကြာကြာလေးနေ
ပေးချင်သည်။ နှစ်ရက်ဆိုသည့်ကာလလေးအ
တွင်းမှာ ကလေးတွေနဲ့ရော မေမေကြီးနဲ့ပါ သံ
ယောဇဉ်တွယ်မိသည်မို့ ဆိုးလ်ကိုပြန်ဖို့ရာ ဝန်
လေးနေမိသည်။ Jungkookဆို ပိုဆိုးမှာပေါ့။

ကလေးတွေနဲ့ ဂေဟာက အဆောင်လေး ၂ ခုက
အံဝင်ခွင်ကျဖြစ်နေသော်လည်း Jungkookတို့
ငယ်ငယ်ထဲက နေခဲ့ကြသည့် အဆောင်ဟောင်းလေးကတော့ အတော်လေးဟောင်းနွမ်းနေပြီ ဖြစ်တာမို့ တလောက အဆောင်အသစ်ဆောက် ဖို့ ပိုက်ဆံလှမ်းထည့်ဖြစ်တာကို ဝမ်းသာလို့မဆုံး
ပေ။

ဒါကလဲ Jungkookပြောပြလို့သိရတာမဟုတ်
ဘူး။ တစ်လတစ်လ သူသုံးဖို့ပိုက်ဆံအနည်းအ ကျဉ်းလေးချန်ထားပြီးရင် ဂေဟာကိုပဲ ပြန်ပို့နေ
တာမို့ Jiminဘာသာစုံစမ်းပြီးသိရှိခဲ့ရတာ ဖြစ်
သည်။ ထို့နောက် မိသားစုရှေ့နေဆီကနေတစ် ဆင့် ဆက်သွယ်ပြီးတော့ လှူဒါန်းဖြစ်ခဲ့သည်။
သူ့နာမည်ကိုလျှို့ဝှက်ထားပြီးတော့ပေါ့လေ...။

ညနေစောင်းမှာ ကျောင်းကပြန်လာသည့် က
လေးတွေရော ဂေဟာက ဘုစုခရုတွေရော အား
လုံးစုံကြသည့်အချိန်တွင် ဂေဟာအပြင်ဘက်မှာ
အတူတူဓာတ်ပုံရိုက်ကြသည်။ အနောက်ဘက်
တောင်ကုန်းပေါ်က ဘုရားကျောင်းလေးကို
နောက်ခံထားပြီးတော့လဲ သူတို့နှစ်ယောက်တွဲ
ဓာတ်ပုံလေးတစ်ပုံရိုက်ဖြစ်ခဲ့ကြသေးသည်။

မေမေကြီးက Jungkookစာမေးပွဲအတွက် ရွာထဲ
က ဗေဒင်ဆရာမဆီမှာ သွားတောင်းခဲ့သည့် အ
ဆောင်လက်ပတ်ကြိုးလေးတစ်ခုကိုJungkook
လက်မှာ ဝတ်ပေးပြီးနောက် Jiminဆီသို့ အထုပ်
လေးတစ်ထုပ်ပေးလေသည်။

Jungkookငယ်ငယ်ကဝတ်ခဲ့တဲ့ ကျောင်းဝတ်စုံ
လေးနဲ့ သူသုံးခဲ့တဲ့စာအုပ်လေးတွေ။

"ကိုယ့်ကို အဲ့လောက်တောင်သဘောကျလား"

"အဲ့ထက်တောင်ပိုသေးတယ်"

Jiminဆီက ထိုကဲ့သို့အပြောခံရတဲ့အခါမျိုးဆို
လျှင် Jungkookတစ်ယောက် ကျေနပ်သည့်ပုံ
နှင့် ဝင့်ကြွားနေတတ်လေသည်။

ဂေဟာက ပြန်လာခဲ့ပြီးတဲ့နောက် သူတို့နှစ်
ယောက်ကြားက သံယောဇဉ်တွေလဲ ပိုမိုခိုင်မြဲ
ခဲ့ကြသည်။

******************************************

၂ရက် ၃ရက်ဆက်တိုက် အိမ်ကနေပျောက်နေခဲ့
တဲ့ Jiminကြောင့် မေတ္တာရိပ်မြုံဂေဟာသို့ သွားဖို့
စီစဉ်ထားပြီးကာမှ SeokJinတစ်ယောက် အိမ်
စောင့်ဖြစ်မှန်းမသိ ဖြစ်နေခဲ့သည်။ ပြန်လာနိုး ပြန်လာနိုးနှင့်စောင့်နေခဲ့ရသည်က Jiminဆီက ပစ္စည်းလေးတစ်ခုကို ခဏပြန်တောင်းချင်လို့ဖြစ်သည်။

SeokJin ရောက်လာလို့ပဲလား ၊ ပုံမှန်နေနေကျ
အတိုင်း နေတာလားမသိပေမဲ့ သူရှိနေတဲ့အချိန်
အတွင်းမှာ ဒီကောင်လေး အိမ်မကပ်သည်က
များသည်။

ဒီမနက်တော့ Jiminတစ်ယောက် အိမ်သို့ပြန်
ရောက်လာသည်။

"ပြန်ရောက်နေတာလား.."

"ဟုတ်... "

TaeHyungဆီသွားနေနေတာလား ဘာလားမေး
ချင်ပေမဲ့ Jiminစိတ်ထဲ စပ်စုလိုက်တာဆိုပြီး အ
ထင်လွဲနေမှာစိုးတာနှင့် "ပြန်ရောက်နေတာလား"ဆိုပြီးတော့ဘဲ မေးကြည့်မိသည်။

"ဟိုလေ Jiminဆီမှာ တောင်းစရာရှိလို့"

"ဟုတ်... ဘာတောင်းမလို့လဲ Hyung"

Jiminက ဧည့်ခန်းထဲက ဆိုဖာခုံမှာ ထိုင်နေရင်း
နှင့် ရေစိုနေသည့် ဆံစတို့ကို သဘက်ဖြင့်သုတ်
နေရင်းမှ SeokJinကို ပြန်မေးလာလေသည်။

Jiminက တစ်အိမ်လုံးရဲ့အချစ်တော်လေးဖြစ်
နေရတာကလဲ ထူးဆန်းတာတော့မဟုတ်။အိမ်
နေရင်း တီရှပ်ပွပွလေးနှင့် ဘောင်းဘီရှည်လေးဝတ်ထားသည်ကပင် ကလေးလေးတစ်ယောက်
လိုပဲ ချစ်ဖို့ကောင်းနေလေသည်။ရေချိုးပြီးခါစမို့ ခြေဖဝါးသေးသေးလေးကလဲ ဖောင်းဖောင်းရဲရဲလေးဖြစ်နေသည်။

ငယ်ငယ်ထဲက မွှေးကြူခွင့်မရခဲ့သည့် ပါးဖောင်း
လေး နှစ်ဖက်ကလဲ အခုချိန်ထိ ဖက်နမ်းချင်စရာ
ကောင်းနေတုန်းဖြစ်သည်။

"ဟိုလေ Hyung Jimin ကိုပေးထားခဲ့တဲ့ လက် ပတ်ကြိုးလေးလေ"

SeokJinရဲ့ စကားသံကြောင့် ပျက်ယွင်းသွားတဲ့
မျက်နှာလေးကိုတော့ SeokJinသတိမထားမိခဲ့။

"ဟုတ်.. လက်ပတ်ကြိုးလေး ဘာဖြစ်လို့လဲ Hyung"

"Hyungကို ခဏလောက်ပြန်ပေးလို့ရမလားလို့"

Hyungက အခုအချိန်မှ ဒီလက်ပတ်ကြိုးကို ဘာ
လုပ်မလို့ပါလိမ့်။

"ဟို.. အဲ့ကြိုးလေးက ဘယ်ရောက်သွားလဲမသိ
ဘူး.. အသိမ်းလွန်ပြီး ပျောက်နေတာ ကြာပြီ"

SeokJinရဲ့ မျက်နှာမှာ နှမြောတသ ဖြစ်သည့်
အရိပ်အယောင်နှင့် စိတ်ပျက်သွားသည့် အရိပ်
အယောင်တချို့ယှက်ပြေးသွားပေမဲ့ Jiminကို
ညိုညင်တဲ့အရိပ်အယောင်မျိုးတော့မတွေ့ရပေ။

"ဟုတ်လား... အင်းပါ နောက်ကျပြန်တွေ့မှာပေါ့"

"Hyungက ဘာလုပ်မလို့လဲဟင်"

"အော်... အမှန်တော့ Hyung ဒီကိုခဏပြန်လာ
တာ ငယ်ငယ်က နေခဲ့တဲ့ ဂေဟာဆီကိုတစ်ခါ
လောက် သွားကြည့်ချင်လို့လေ...Hyung ရဲ့မေမေဆီကိုလဲ သွားကြည့်ချင်လို့...အဲ့ဒါ ဒီနေ့သွားမလို့"

"အော်"

Hyungက ဂေဟာကိုသွားပြီး ဘာသွားလုပ်မှာလဲ
?Hyung ဂေဟာကိုသွားလို့မဖြစ်ဘူးမလား။အရေး အကြောင်းဆို ခေါင်းထဲကနေလဲ ဘာအကြံဉာဏ်မှထွက်မလာ...။

"ဟို.. တကယ်လို့ လက်ပတ်ကြိုးလေး အရေး
တကြီးလိုတယ်ဆိုရင် မေမေဆင်တူလုပ်ပေး
ထားတဲ့ ကြိုးလေး ကျွန်တော့်မှာရှိသေးတယ်
လေ။အဲ့ဒါယူမလား"

Jimin ရဲ့ စကားကို SeokJinက အများကြီးစဉ်း
စားမနေဘဲ ခပ်မြန်မြန် တုံ့ပြန်လေသည်။

"အစစ်မှမဟုတ်တာ... သုံးရတာ စိတ်မသန့်ဘူး
ဖြစ်နေမှာစိုးလို့ မယူတော့ပါဘူး။ အဲ့ဒါဆိုHyung
သွားတော့မယ်နော်။ တစ်ပတ်လောက်ကြာမ
လားမသိဘူး .... "

"အော်...ဟုတ်"

ကျောပိုးအိတ်ကြီးကြီးတစ်လုံးလွယ်လျက် Jimin
ကို နှုတ်ဆက်ပြီးထွက်သွားသည့်SeokJinHyung
ကိုကြည့်ပြီး ကြမ်းခင်းပေါ်သို့ အရုပ်ကြိုးပြတ် ထိုင်ချလိုက်မိသည်။တကယ်ပဲ Hyungကိုဘယ်လိုတားရပါ့မလဲ။

သူ့မှာရွေးခြယ်စရာနည်းလမ်းက တစ်ခုပဲရှိတော့
သည်။

******************************************

Jiminတစ်ယောက် မျက်နှာမကောင်းဘဲကျန်ခဲ့
တာကို တွေးမိပေမဲ့ သူမေးလဲ ထိုကလေးက
ဘာမှပြောပြမှာမဟုတ်တာမို့ စီစဉ်ထားသည့်
အတိုင်းဂေဟာကိုသွားဖို့ပဲ ထွက်လာခဲ့မိသည်။

လမ်းထိပ်ရောက်လို့ဒေါက်တာရဲ့ ကားလေးကို
လှမ်းတွေ့တော့ သူခပ်သွက်သွက်လျှောက်သွား
လိုက်သည်။ဒေါက်တာ့ကို မေမေ့ဆီခေါ်သွားရ
မည်။ဂေဟာက မေမေကြီးနှင့်လဲမိတ်ဆက်ပေးရ
ဦးမည်။

တစ်ချိန်တုန်းက အသည်းလေးဆိုသည့် ခပ်စွာ
စွာကလေးလေးကို မေမေကြီးမှတ်မိပါ့မလား
မသေချာပေမဲ့ သူကိုယ်တိုင်ကတော့ အကြာကြီး
နေမှ တစ်ခေါက်ထပ်သွားရတာမို့ စိတ်လှုပ်ရှား
ပြီး ပျော်လဲပျော်နေမိသည်။

မေမေ့ဆီမသွားရကောင်းလား ဟူ၍ဖေဖေ့ကိုလဲ
အပြစ်မတင်ရက်တော့။သူကိုယ်တိုင်တောင် အ
ကြာကြီး တစ်ယောက်ထဲထားထားခဲ့မိသည့်အ
တွက် အားနာတဲ့စိတ်ကြောင့် မနည်းအားတင်း
ပြီးသွားရမှာဖြစ်တာမို့ ဖေဖေ့ကိုလဲ ကိုယ်ချင်း
စာပေးနိုင်လာသည်။

"အကြာကြီးစောင့်လိုက်ရလား"

"မစောင့်ရပါဘူး...ရော့ မုန့်စားလိုက်ဦး အသည်း
လေး"

ကားထဲဝင်လိုက်သည်နှင့် ဒေါက်တာက သူဝယ်
ထားပေးသည့် Sandwich နှင့် ကော်ဖီဘူးလေး
SeokJinဆီလှမ်းပေးသည်။ ငယ်ငယ်ကကိစ္စတွေအကုန်လုံး ပြောပြပြီးကတည်းကဒေါက်တာက သူ့ကို အသည်းလေးဟူ၍ စ နောက်ပြီးခေါ်နေ
တော့တာဖြစ်သည်။

ဒေါက်တာ့ကားထဲဝင်ထိုင်ပြီးခါးပတ်ပတ်ရုံရှိသေး ..Jimin ဆီကဖုန်းဝင်လာသည်။

"ဟယ်လို"

"Hyung .... အိမ်ကို ခဏပြန်လာခဲ့ပါလား။
ကျွန်တော်နေမကောင်းလို့"

နှာသံလေးတရှုံ့ရှုံ့နှင့်ပြောလာသည့် Jimin ကြောင့် SeokJinလဲ ပြာယာခတ်သွားသည်။ စောစောကပဲ အကောင်းကြီးကျန်နေခဲ့တာ...

"ဟေ..."

"ခဏလေးပါ"

"အော်... Hyung အခုပြန်လာပြီနော်။ ခဏလေး
စောင့်နေ"

"ဟုတ်.."

"ညီလေး နေမကောင်းဖြစ်နေလို့တဲ့။
ဒီမှာခဏနေခဲ့ဦးနော်။အားနာလိုက်တာ"

တကယ်ပဲ ဒေါက်တာ့ကိုလဲ အားနာလှပါပြီ။ဘယ်လိုပဲ သူ့အလိုကို လိုက်လျောပေးတယ်ဆိုပေမဲ့ သူလှမ်းခေါ်လိုက်တဲ့အချိန်တိုင်းဒေါက်တာ
က ရှိသမျှကိစ္စတွေပစ်ထားခဲ့ပြီး သူ့ဆီရောက်
လာပေးတတ်သည်။ တစ်ခါမှငြင်းဆိုဖူးတာမျိုး
မရှိခဲ့။

"ကိုယ်လိုက်ခဲ့ပေးရမလား။ ဘာဖြစ်တာတဲ့လဲ"

"မသိသေးဘူး..မနက်ကတော့ အကောင်းကြီးပဲ
....မလိုက်ခဲ့နဲ့ဦးနော်"

SeokJinက NamJoonရဲ့ ပါးပြင်ကို လှစ်ခနဲ
တစ်ချက်နမ်းကာ ထိုင်ခုံခါးပတ်လေးဖြုတ်ပြီး
ကားပေါ်ကဆင်းသွားသည်။

အိမ်ထဲပြန်ရောက်တော့ Jiminက စောစောက
ထိုင်နေသည့် ဆိုဖာအောက်နားမှာ ကျုံ့ကျုံ့လေး
ထိုင်နေလျက် မျက်နှာတစ်ခုလုံးကလဲ နီရဲတွတ်
နေသည်။ဒီကလေး ငိုနေတာများလား...။

SeokJinသတိထားမိသလောက်တော့ Jiminက
မျက်ရည်လွယ်တဲ့သူမဟုတ်ပါဘူး။

"Jimin ဘာဖြစ်လို့လဲ။ ဘာလို့ငိုနေတာလဲ"

"Hyung.."

"အင်း... ဘာဖြစ်လို့လဲ။ ကိုယ်လဲမပူပါဘူး၊
ဘာလို့ငိုနေတာလဲလို့"

သူSeokJin Hyungရှေ့မှာ ဘယ်တော့မှ မကျ
ဆုံးချင်ဘူး။သူ့ဆီက JungkookကိုလဲSeokJin
Hyungဆီမပေးလိုက်ချင်ဘူး။ SeokJin Hyung က သူ့ကိုသနားနေမှာမျိုးကိုလဲမလိုချင်ဘူး။ လူလိမ်လေးဆိုပြီးသူ့နောက်ကွယ်မှာလှောင်ရယ်
နေမှာမျိုးကိုလဲမလိုချင်ဘူး။

သို့ပေမဲ့လဲအခုလိုမျိုး ဆုပ်လဲစူး စားလဲရူးမယ့်
အခြေအနေမှာတော့ သူ့ကိုကယ်တင်ပေးနိုင်တာ SeokJin Hyungတစ်ယောက်ပဲရှိတော့သည်။

သူ့အရှေ့တည့်တည့်မှာ ဒူးထောက်လျက်သား
ထိုင်နေရင်းနှင့် ဘာစကားမှမပြောဘဲ မျက်ရည်
တွေပဲ စီးကျနေသည့် ထိုကလေးကြောင့် Seok
Jinလဲ ပိုပြီးစိတ်ပူလာကာ...

"ဘာလို့လဲ... ဘယ်နေရာကနေမကောင်းဖြစ်
တာလဲ ...Hyung ဆေးခန်းလိုက်ပို့ပေးမယ်လေ၊
မငိုပါနဲ့"

"Hyung ...ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်
တော် တကယ်တောင်းပန်ပါတယ်"

"ဘာလို့လဲ Jiminရယ်... ဘာလို့တောင်းပန်နေ
တာလဲ"

Jiminက သူ့ရဲ့လက်သီးဆုပ်လေးထဲက အနီရဲရဲ ပိုးကြိုးလေးတစ်ခုကို SeokJinရဲ့လက်ထဲထည့် ပေးလာသည်။နာကျင်လိုက်ရတာ...ဒီလက်ပတ် လေး Hyung ကိုပြန်ပေးရတာတောင် သူ့နှလုံး
သားတစ်ခုလုံးထည့်ပေးလိုက်ရသလို ခံစားရ
ခက်လှသည်။

"တကယ်တော့လေ...."

တကယ်တော့လေ ဟူ၍ အစချီပြီးနောက် တအိ
အိ ရှိုက်ငိုနေသည့်ကောင်လေးက SeokJin
လက်ခံဖို့ခက်ခဲတဲ့ အကြောင်းအရာမျိုးစုံကို
ပြောပြလေတော့သည်။

Jiminက ဒီလက်ပတ်ကြိုးလေးကို အရင်းပြုပြီး
အမှားတွေအများကြီးလုပ်ခဲ့မိကြောင်း၊ ကျောက်
စိမ်းတုံးလေးပေါ်မှာ ထွင်းထားသည့် နာမည်ပိုင်
ရှင်လေးနှင့် ချစ်ကျွမ်းဝင်နေပြီဖြစ်ကြောင်း၊ အစ
ရှိသဖြင့် ... အများကြီးပြောပြနေပေမဲ့ တကယ့်
အကြောင်းအရာက အသည်းလေးအဖြစ် ဟန်
ဆောင်ပြီး နေနေခဲ့တာကိုပဲပြောချင်နေတာဖြစ်
သည်။

"မနေ့ကမှ ကျွန်တော်ဂေဟာကပြန်လာခဲ့တာ...
အခု Hyungထပ်သွားမယ်ဆိုတော့ ကျွန်တော်
ဘယ်လိုလုပ်ရမလဲဟင်"

Jimin ဆီက အမေးစကားကိုကြားမှ SeokJin
လဲ သတိပြန်ဝင်လာသည်။ဒီကောင်လေး ဘာ
တွေလျှောက်လုပ်ထားတာလဲ။ ခေါင်းထဲမှာလဲ
Jiminပြောပြတဲ့အကြောင်းအရာမျိုးစုံကို ပုံဖော်
ကြည့်နေမိသည်။

လောလောဆယ်တော့ အိတ်ကပ်ထဲက ဖုန်းကိုထုတ်ကာ ဒေါက်တာ့ဆီအရင်လှမ်းဆက်ရမည်။

"ဟယ်လို...ကျွန်တော့်ကို ခဏစောင့်နေပေးဦး
နော်"

"အေးပါ... ကိုယ်ကအဆင်ပြေတယ်။ ညီလေးကို
သေချာ ကြည့်ပေးလိုက်ဦး။ ပြီးမှ ကိုယ့်ကို popo တွေအများကြီးပေး"

တစ်ဖက်က အရွှန်းဖောက်နေသည့် စကားသံကို
လဲ သူ့မှာလိုက်ပြီးမရယ်မောနိုင်တော့ဘဲ သူ့ရဲ့
လက်ကို အားကိုးတကြီးဆုပ်ကိုင်ထားရင်းငိုနေ
သေးသည့် ကောင်လေးကိုကြည့်ရင်းနှင့်သူပါ
မွန်းကြပ်လာသလိုခံစားရသည်။

"Jiminရယ်"

"ကျွန်တော်တောင်းပန်ပါတယ်Hyung"

SeokJin ဒီအိမ်ကြီးပေါ်ရောက်လာတဲ့ နေ့ထဲက
ဖိုးဖိုးဆီကအချစ်တွေခွဲဝေပေးရလို့ SeokJinကို
မကျေမချမ်းဖြစ်နေတဲ့ ကောင်လေးရဲ့စိတ်ထဲမှာ
အခုလောက်ထိ ခပ်ညစ်ညစ်အတွေးတွေကိန်း
အောင်းနေလိမ့်မယ်လို့တော့ မထင်ထားခဲ့တာ
အမှန်ဖြစ်သည်။

တခြားလူတွေနဲ့ဆို ချစ်ဖို့ကောင်းအောင် ချွဲနွဲ့နေ
တတ်ပေမဲ့ SeokJinကိုတော့ ရန်သူကြီးတစ်
ယောက်လိုသဘောထားကာ အနားတောငါအကပ်မခံခဲ့။ ဒါက မိဘမဲ့ဂေဟာကရောက်လာ တဲ့သူမို့လို့ ချိုးနှိမ်ချင်တဲ့စိတ်နဲ့ ခွဲခြားဆက်ဆံတာမျိုး မဟုတ်တာကိုလဲ သူနားလည်ထားပါတယ်။

Jiminက သူ့တစ်ယောက်ထဲအတွက်တော့ သိပ်
ကိုဆိုးတဲ့ ခပ်ဂျစ်ဂျစ်ကလေးတစ်ယောက်ပဲဖြစ်
တယ်။သူ့အနားတစ်ခါမှ မကပ်ချင်တဲ့ကလေးက
အခုတော့ သူ့အရှေ့တည့်တည့်မှာ ဒူးထောက်
လျက်သား ထိုင်နေပြီးတော့ တောင်းပန်တိုးလျှိုး
နေလိုက်တာများ။

တောင်းပန်တယ်ဆိုတာကလဲ ငယ်ငယ်က ကိစ္စ
တွေကိုမဟုတ်ဘဲ လတ်တလောကိစ္စကိုသာ မတတ်နိုင်တော့လို့တောင်းပန်ရတဲ့ပုံ။ ဒီကောင်
လေး တော်တော်အမြင်ကတ်ဖို့ကောင်းတာပဲ။

ဒါပေမဲ့ Jimin မှာ ဘယ်လိုအစွမ်းအစတွေရှိနေလဲတော့ SeokJinလဲ မပြောတတ်ဘူး။ သူဒီက
လေးကို နားလည်ပေးပြီး ခွင့်လွှတ်ပေးနိုင်တယ်။
သူ့ညီလေးက အခုလိုမျိုး သူ့ကိုအားကိုးတကြီးနဲ့
အကူအညီတောင်းတာကိုလဲ သူသဘောကျတယ်။ ပြီးတော့ အဖြေရှာမတွေ့သေးပေမဲ့
သူကူညီချင်တယ်။

ကာယကံရှင်တွေရဲ့စိတ်ခံစားချက်တွေကို တစိုး
တစိမျှ ထည့်မစဉ်းဘဲ သူ့ရဲ့ခဏတာစိတ်ကျေနပ်
မှုအတွက် လုပ်ချင်ရာလျှောက်လုပ်ပစ်တဲ့ကောင်
လေးရဲ့လုပ်ရပ်က ဘာအဓိပ္ပါယ်မှမရှိတဲ့ ခပ် ကြောင်ကြောင်လုပ်ရပ်လို့ခေါင်းစဉ်တပ်နိုင်ပေမဲ့ SeokJinကိုအမြင်မကြည်တဲ့ Jiminဖြစ်နေတဲ့ အတွက် အဓိပ္ပါယ်ရှိတာ မရှိတာထက် ဘယ်လို ရွေးချယ်မှုမျိုးတွေရှိနေပါစေ ဒီလမ်းကိုပဲ
ဒ်ိကောင်လေးရွေးချယ်မှာသူသိတယ်။

"Hyung ဒီကိုပြန်လာတဲ့ ရည်ရွယ်ချက်က ဂေ
ဟာကို ခဏပြန်ဖို့ပဲဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ်
သွားမှတော့ရမယ်လေ"

"......."

"Jiminမှာ တခြားစိတ်ပူစရာတွေလဲရှိမယ်ထင်
တယ်။ဒီလက်ပတ်ကြိုးထဲက Jeon Jungkook
ကိုလဲ တစ်ခါလောက်တော့ ပြန်တွေ့ချင်တာမှန်
ပေမဲ့ ငယ်ငယ်ကပဲ သိခဲ့တာဆို​တော့ အခုဆို
အပြင်မှာမြင်လဲမှတ်မိမှာတောင်မဟုတ်ပါဘူး"

"Hyung ဂေဟာကို မသွားလို့မရဘူးလားဟင်...
မသွားပါနဲ့နော်"

"Jiminရယ် ... Hyungက အဲ့ဒီကိုသွားချင်လို့
ပြန်လာတာလေ။ ဖိုးဖိုးမကြိုက်တဲ့ကြားက ခိုးပြီး
ပြန်လာရတာ...ဟိုကိုပြန်ရောက်ရင်လဲ ဖိုးဖိုးဆီ
က ဘယ်လောက်အဆူခံရဦးမလဲမသိဘူး"

"ဟင့်... သူစာမေးပွဲရှိနေသေးလို့ပါ၊ သူစာမေးပွဲ
ဖြေခါနီးကို စိတ်မဆင်းရဲစေချင်လို့ပါ။ သူ့စာမေး
ပွဲ ပြီးရင်ကျွန်တော်အကုန်လုံးကိုအမှန်အတိုင်းဝန်ခံဖို့စဉ်းစားထားပြီးသားပါ။ သူကလေ..သူက
ကျွန်တော်ထင်ထားတာထက် စိတ်ပျော့တဲ့သူမို့
လို့ ကျွန်တော့်ကြောင့် စိတ်မဆင်းရဲစေချင်လို့ပါ"

တစ်သက်လုံးက တစ်အိမ်လုံးအပေါ် ဗိုလ်ကျလာ
တဲ့ကလေးက Jeon Jungkookအပေါ်ကိုတော့
တော်တော်သံယောဇဉ်ကြီးတဲ့ပုံပါပဲ၊

"Hyungတို့နှစ်ယောက်လုံး အဆင်ပြေအောင်
လုပ်လို့ရတာတစ်ခုတော့ရှိတယ်"

ဒီနည်းလမ်းက သူကိုယ်တိုင်ပါ လူမိုက်အားပေး
ဖြစ်နေမလား မသေချာပေမဲ့ သူ Jiminကို ကူညီ
ချင်တယ်။ သူ့ညီလေးဆီက အစ်ကိုတစ်ယောက်
အနေနဲ့ အသိအမှတ်ပြုခံရတာမျိုးကိုလဲ လိုချင်
တယ်။ အခုဆို သူက Yoongi Hyungရဲ့နေရာကို
ရောက်သွားသလိုပဲခံစားနေရတယ်။

"Hyung ဂေဟာကိုတော့သွားမယ်။ အသည်း
လေး အနေနဲ့တော့မဟုတ်ဘူး"

"ဘယ်လို"

Jiminရဲ့လက်ထဲကို လက်ပတ်ကြိုးလေးပြန်ထည့်ပေးလိုက်ကာ

"ငယ်ငယ်တုန်းက Hyungကိုစောင့်ရှောက်ပေး
ခဲ့တဲ့ ကျေးဇူးရှင်ကို တစ်ခါလောက်တော့ပြန်တွေ့ချင်တယ်လေ။ မေမေ့ကိုရောပဲ။ဒီအတိုင်း
Kim SeokJinအနေနဲ့သွားမှာပါ။ အဲ့ဒီတော့
အရမ်းစိတ်မပူနဲ့"

"Hyung တကယ်ပြောတာလား"

"အင်း... Jimin က Hyungအရှေ့မှာတောင် အခု
လိုဖြစ်နေတယ်ဆိုတော့ အရမ်းခက်ခဲနေတယ်
မလား။ အဲ့ဒီအစားHyungကို ကတိတစ်ခုပေး"

"အင်း ..ပေးမယ်။ ကျွန်တော်ဘာပြန်လုပ်ပေးရ
မလဲ"

" Jiminက တကယ့်အသည်းလေးမဟုတ်ဘူးဆို
တာက ပြောင်းလဲလို့မရတဲ့အမှန်တရားပဲလေ"

"ကျွန်တော်သိတယ်"

စကားကိုတောင် ဆုံးအောင်နားမထောင်ဘဲ ခပ်
ဆတ်ဆတ်လေသံလေးနဲ့ဝင်ပြောတဲ့ Jiminအ နေနဲ့ ခံပြင်းနေမယ်ဆိုတာကို သူရိပ်မိပေမဲ့
ဒါက လက်မခံချင်လဲ လက်ခံရမဲ့ အမှန်တရားပဲ မဟုတ်လား။

"Jimin ဘယ်အချိန်ထိ ဖုံးကွယ်ထားနိုင်မယ်ထင်
လို့လဲ..ဒီတစ်ကြိမ်တော့ Hyung အသည်းလေးအနေနဲ့ဂေဟာကိုမသွားတော့ဘူး။ နောက်တစ်ခါကျရင်တော့ Hyungလဲ Jiminကို လိုက်လျော
ပေးနိုင်မယ်မထင်ဘူးလေ။ အဲ့ဒီတော့ Jeon
Jungkookကို အမြန်ဆုံးဖွင့်ပြောပါ့မယ်လို့ Hyungကိုကတိပေး...သူစာမေးပွဲပြီးသွားတဲ့အချိန်ကျရင်ပေါ့"

"အင်း..ကျွန်တော်ပြောမှာပါ၊ ကျွန်တော်အရမ်း
ပင်ပန်းနေပြီမို့လို့"

"သူ အရမ်းခံစားရမယ်ထင်တယ်... Jiminလုပ်ရပ်တွေ အရမ်းမှားတယ်သိလား"

"ကျွန်တော်ကတိပေးတယ်။ ကတိတည်မှာမို့လို့
Hyungက အသည်းလေးဆိုတာကို ဂေဟာက
မေမေကြီးသိသွားလို့မဖြစ်ဘူးနော်"

"အင်းပါ"

"Hyung သွားမယ်ဆို သွားတော့လေ။ ကျွန်တော်
နားချင်ပြီ"

"Jeon Jungkook လေ"

SeokJin နှုတ်ဖျားက Jungkookဆိုတဲ့ နာမည်
လေး ထွက်ကျလာသည်နှင့် Jiminမျက်နှာလေး
ပြန်ပြီးမှိုင်ကျသွားသည်။

"အင်း..."

"သူအဆင်ပြေရဲ့လား။ နေရောကောင်းရဲ့လား
ဟင်.."

"Hyungက ဘာလုပ်မလို့လဲ"

"ဒီအတိုင်းသိချင်ရုံပါ"

သူ့မှတ်ဉာဏ်ထဲမှာ ဝိုးတဝါးပဲ ပုံဖော်လို့ရတော့
တယ်ဆိုပေမဲ့ ဘယ်သူမှမရှိတဲ့ ထောင့်လေးထဲ
သွားပြီးတော့ ထိုင်ငိုနေတတ်တဲ့ အစ်ကိုက အခု
ရော တစ်ယောက်ထဲ ကြိတ်ပြီးဝမ်းနည်းနေတတ်
တုန်းပဲလား။မေတ္တာရိပ်မြုံဂေဟာရယ်၊မေမေကြီး
ရယ်၊ ဝမ်းနည်းတတ်တဲ့အစ်ကိုတစ်ယောက်ရယ်
ဆိုတာက သူ့မှတ်ဉာဏ်ထဲမှာ တစ်တွဲထဲကျန်
ရှိနေတဲ့ အစုအဖွဲ့လေးမဟုတ်လား။

"Hyung နဲ့သူ တစ်ခါဆုံဖူးကြပါတယ်။ ဆေးရုံ
ရှေ့က ကားမှတ်တိုင်မှာ"

"ကားမှတ်တိုင်မှာ?"

ရုတ်တရက်​ ခေါင်းထဲရောက်လာသည်က ဒေါက် တာမိတ်ဆက်ပေးခဲ့တဲ့ ခပ်ချောချောအစ်ကို Jeon Jungkook...ဒါဆို နာမည်တူနေတယ်ထင်တဲ့ Jungkookက တကယ်ပဲ မေတ္တာရိပ်မြုံ
ဂေဟာက အစ်ကိုဖြစ်နေခဲ့တာလား။

ကံကြမ္မာက တကယ်အံ့သြဖို့ကောင်းလိုက်တာ။

"ဒါဆို သူလဲ ဆရာဝန်ဖြစ်နေပြီပေါ့နော်"

"အင်း"

"တော်သေးတာပေါ့ ဝမ်းသာစရာသတင်းလဲ
ရှိနေသေးလို့....တကယ် ဆရာဝန်ဖြစ်လာတာပဲ..ဆေးသောက်ပြီး အိပ်လိုက်ဦးJiminကို ကြည့်
ရတာ အားနည်းနေတဲ့ပုံပဲ"

"အင်း"

"ဒါဆို Hyung သွားတော့မယ်နော်"

"Hyung ကတိတည်မှရမယ်နော်"

"အေးပါ။ တကယ်ကတိတည်မှာပါ"

******************************************
"ဟူး"

ကားပေါ်ပြန်တက်လာပြီးသက်ပြင်းချလိုက်သည့်
SeokJin ကြောင့် NamJoonက အထူးအဆန်း
သဖွယ် လှည့်ကြည့်ကာ-

"အသည်းလေးတောင် သက်ပြင်းတွေချနေတယ်
ဆို​တော့ ညီလေးဘာဖြစ်လို့လဲ"

"ဘာမှတော့မဖြစ်ပါဘူး"

"ဘာလို့လဲ ... ပြောပြလို့ရရင် ပြောပြလေ"

သူ့လက်ကလေးကိုလှမ်းကိုင်ရင်းနှင့် မေးလာတဲ့
ဒေါက်တာ့ကိုတော့ သူအဖြစ်မှန်တွေပြောပြထား
ချင်တယ်။ ဒါပေမဲ့ ဒေါက်တာကလဲ Jeon
Jungkookနဲ့ဆက်စပ်နေတာဆိုတော့ ပြောပြဖို့
ကလဲ မလွယ်ပြန်ဘူး။ ပြီးတော့ ဒေါက်တာ့စိတ်ထဲမှာ Jiminအပေါ် မကောင်းမြင်သွားမှာကိုလဲ
စိတ်ပူတယ်။

ဒေါက်တာကတော့ SeokJinအလိုကျ ဒီကိစ္စကို
ဖုံးကွယ်ထားပေးပါ ဆိုလျှင်လည်း သူတတ်နိုင်
သလောက် ဖုံးကွယ်ထားပေးမှာဆိုပေမဲ့ ဒီအရှုပ်
အထွေးထဲထိတော့ ဒေါက်တာ့ကို ဆွဲမထည့်ချင်
တော့ဘူးလေ။

"နောက်မှ ပြောပြမယ်လေ...နော်။ လောလော
ဆယ်တော့ ကျွန်တော့်ကို အသည်းလေးလို့ခေါ်
ပြီး စမနေနဲ့ဦး"

သူကပဲ သူ့ချစ်သူနဲ့ပတ်သက်ရင် အကဲဆတ်နေမိ
တာလားမသိဘူး။ ပထမတစ်ခေါက်ရောက်လာ
တုန်းက တက်ကြွနေခဲ့သလောက်အခုတစ်ခေါက်
ကျတော့ ခပ်မှိုင်မှိုင်ဖြစ်နေတဲ့ SeokJinရဲ့ပုံစံ
ကြောင့် အိမ်မှာဘာများဖြစ်ခဲ့လဲ မေးကြည့်ချင်
ပေမဲ့ သူ့မေးခွန်းကြောင့် SeokJin စိတ်ထပ်ရှုပ်
သွားမှာကိုလဲ မလိုချင်ပြန်ဘူးလေ။

"မင်းမျက်နှာမကောင်းတော့ ကိုယ်စိတ်ပူလို့ပါ"

"ဟိုလေ.. မေမေကြီးက ကျွန်တော့်ကို မမှတ်မိ
တာတို့ ဘာတို့ဆို ကျွန်တော်အရမ်းခံစားရမယ်
ထင်တယ်။ အဲ့ဒါကြောင့် ဒီတစ်ခေါက်တော့တခြားလူအနေနဲ့ပဲ ဂေဟာကိုသွားရအောင်နော်။
နောက်တစ်ခါကျမှပဲ..."

"ဟိုရက်တွေကပဲ မေမေကြီးဘယ်လိုဖြစ်သွားမလဲ အရမ်းသိချင်တာပဲဆို ... "

"အဲ့ဒါကလေ..."

"အင်းပါ... နောက်ကျရင်ပြောပြမယ်မလား။အခု
တော့ တခြားလူအနေနဲ့ပဲ သွားရအောင်"

"ဘာလဲ စိတ်ဆိုးသွားတာလား"

"စိတ်ဆိုးစရာလားကွာ"

သူတို့နှစ်ယောက် ဂေဟာကိုရောက်သွားကြတဲ့
အချိန်မှာ ည ၉ နာရီကျော်နေပြီဖြစ်သည်။ဒေါက်
တာရဲ့ ကားလေးဂေဟာခြံဝင်းထဲကို ချိုးကွေ့
လိုက်သည်နှင့် SeokJinရဲ့ ရင်ခုန်နှုန်းကလဲ မြင့်
တက်လာသည်။

တစ်ဖက်မှာရှိတဲ့ တောင်ကုန်းလေးပေါ်က ဘုရားကျောင်းရဲ့မီးရောင်မှိန်ပြပြလေးကို လှမ်းတွေ့လိုက်တော့ သူ့စိတ်ထဲတမျိုးနွေးထွေးသွားသည်။
အချိန်အတော်ကြာရည်မှန်းထားသည့် ပန်းတိုင်
တစ်ခုဆီ ရောက်ရှိသွားသလိုခံစားချက်ကြောင့်
ပျော်ရွှင်နေမိသည်။

ဂေဟာခြံဝင်းတစ်ခုလုံးက တိတ်ဆိတ်နေကာ
အဆောင်တွေရဲ့ တံခါးတွေလဲ ပိတ်ထားပြီဖြစ်
သည်။ကားပေါ်ကနေဆင်းပြီးပေမဲ့ အထဲကိုဘယ်
လိုအော်ခေါ်ရမှန်းမသိတာမို့ အခက်တွေ့နေပုံရ
တဲ့ SeokJinရဲ့ ခေါင်းကိုတစ်ချက်ပုတ်ကာ Nam
Joonကပဲ အထဲကို အော်ခေါ်လိုက်သည်။

"အိမ်ရှင်တို့.... အိမ်ရှင်တို့"

သူခေါ်တာကလဲ ကို့ရို့ကားယားဖြစ်နေတာပါပဲ။

အဆောင်တံခါးတစ်ခုက ပွင့်လာပြီးနောက် အသက် ၄၀လောက်ရှိမည့် အမျိုးသမီးတစ်ဦး
ထွက်လာကာ-

"ဘယ်သူတွေလဲ... "

"ဟို ကျွန်တော်တို့က ဆိုးလ်ကလာတာပါ။ ဒီ
ဂေဟာမှာ အလှူငွေထည့်ချင်လို့လာခဲ့ကြတာ"

"အော်..မိုးတောင် တော်တော်ချုပ်နေပြီ.... အထဲဝင်ကြပါဦး"

ထိုအမျိုးသမီးက သူတို့နှစ်ယောက်ကို အကဲခတ်
သလို ကြည့်ပြီးနောက် အဆောင်ထဲဝင်ဖို့ ဖိတ်
ခေါ်သည်။ရုံးခန်းလို့ ထင်ရတဲ့အခန်းတစ်ခုဆီသို့
ခေါ်သွားကာ သူတို့နှစ်ယောက်ကို ခဏထိုင်စေ
သည်။တန်ဖိုးကြီးပစ္စည်းတွေ မရှိစေကာမူ ရုံးခန်း
လေးက သပ်သပ်ရပ်ရပ်လေး တည်ရှိနေသည်။

SeokJinကတော့ ထိုရုံးခန်းလေးတစ်ခုလုံးကို
အသေအချာ လိုက်ကြည့်နေမိသည်။

"ဒီမှာ ခဏထိုင်ကြဦးနော်... ဆရာမကို သွားခေါ်
လိုက်ဦးမယ်"

"ဟုတ်ကဲ့"

ရုံးခန်းနံရံမှာ ချိတ်ဆွဲထားသည့် ဓာတ်ပုံလေး
များကို လိုက်ကြည့်နေရင်းမှ

"ဒေါက်တာ ...ဒေါက်တာ"

NamJoonကို အားရဝမ်းသာလှမ်းခေါ်နေသည်မို့
သူမတ်တပ်ရပ်နေရာသို့ ထသွားကြည့်လိုက်တော့ ဓာတ်ပုံမှန်ဘောင်လေးတစ်ခုကို လက်ညှိုး
ထိုးပြကာ-

"ဒီမှာဘယ်သူလဲ ကြည့်လိုက်"

ကလေးအုပ်စုထဲမှ ကစားစရာနားကြပ်လေးတပ်
ထားသည့် ကလေးငယ်လေးကို လက်ညှိုးထိုးပြ
ကာ NamJoonကို မေးလာခဲ့သည်မို့

"အသည်းလေးမလား...ငယ်ငယ်ထဲက ချစ်ဖို့
ကောင်းတာပဲ"

NamJoonက ဓာတ်ပုံထဲက အသည်းလေးရဲ့
ပုံရိပ်လေးကို ခပ်ဖွဖွတို့ထိကြည့်ကာ စိတ်မ
ကောင်းဖြစ်သည့်ပုံနှင့်ပြောလာသည်။သူ့ကောင်
လေးရဲ့ ကလေးဘဝက အတက်အကျတွေ များ
ခဲ့လိုက်တာ။

ထိုစဉ် အခန်းထဲသို့ မေမေကြီးတို့ဝင်လာကြ
သည်မို့ ထိုင်ခုံနေရာဆီ မြန်မြန်ပြန်သွားလိုက်
ကြသည်။

စိတ်ကူးယဉ်မြင်ယောင်ကြည့်ခဲ့မိသည့် အတွေး
ထဲက ဝိုးတဝါးပုံရိပ်လေးက ကြည်လင်ထင်ရှား လာသလိုရှိပြီးတဲ့နောက်မှာတော့ SeokJinရဲ့ မျက်နှာလေး တဖြည်းဖြည်းပြုံးယောင်သန်းလာသည်။မေမေကြီးမှတ်မိသည်ဖြစ်စေ မှတ်မိသည်ဖြစ်စေ တွေ့တာနဲ့ သူကတော့ ပြေးဖက်ပစ်လိုက်
မည်ဟု တွေးထားခဲ့ပေမဲ့Jiminဆိုသည့် ကောင်
ဆိုးလေးကြောင့် သူ့ဆန္ဒကိုချိုးနှိမ်လိုက်ရင်း မတ်
တပ်ရပ်ကာ အရိုအသေပေးလိုက်သည်။

နောက်တစ်ခေါက်ကျမှ အသည်းလေးအနေနဲ့
ထပ်လာခဲ့ပါမယ် မေမေကြီး..။

"ထိုင်ပါ... ထိုင်ပါ။ ဆိုးလ်ကနေလာကြတာဆို"

"ဟုတ်ပါတယ်"

"ဒီရွာထဲမှာက တည်းခိုခန်းတွေဘာတွေလဲ မရှိ
ဘူးဆိုတော့ ညတွင်းချင်းပြန်ဖို့ကလဲမလွယ်ဘူး
နော်"

"ဟုတ်...ဒီမှာပဲ တစ်ညလောက်နေလို့မရဘူး
လားဟင်"

"အော်...ဒီမှာနေလို့ကရပါတယ်။မနေတတ်ကြ
မှာစိုးလို့ပါ"

"နေတတ်ပါတယ်..."

"ဒီအထိတောင် တကူးတကလာပြီးလှူဒါန်းပေး
တာကျေးဇူးတင်ပါတယ်ကွယ်"

"သားတို့က လာလှူချင်တာကြာပါပြီ။ အလုပ်
တွေမအားကြလို့ပါ"

မေမေကြီးက မျက်မှန်လေးကိုပင့်တင်ရင်း သူတို့
ကိုပြန်ပေးဖို့ ဂုဏ်ပြုမှတ်တမ်းလွှာလေးတစ်ခုကို
အံဆွဲထဲကနေ ရှာယူနေသည်။

"ကောင်လေးတို့ နာမည်တွေက"

"Kim NamJoonနဲ့ Kim SeokJinပါ...ကားထဲ
မှာ ဒီက ကလေးတွေအတွက် ဆေးပစ္စည်းတွေ
နဲ့ တခြားအသုံးအဆောင်လေးတွေပါလာသေး
တာ မနက်ကျမှပဲ ထုတ်လိုက်တော့မယ်နော်"

"အော်...ရပါတယ် ရပါတယ်"

မေမေကြီးက SeokJinရဲ့ မျက်နှာကို ခပ်ပြုံးပြုံး
နှင့် စိုက်ကြည့်ပြီး ဆိုလာပြန်သည်မို့ SeokJin
က မနေတတ်သလို ခေါင်းလေးငုံ့သွားသည်။

"ညစာရော စားပြီးကြရဲ့လား"

"အဟဲ...မစားရသေးဘူး။ဒီကိုရောက်တာ အရမ်း
နောက်ကျသွားမှာစိုးလို့ လမ်းမှာမစားခဲ့တော့
တာ"

"ထမင်းတောင် ကျန်သေးရဲ့လားမသိဘူး..
ဆရာမငယ်နဲ့ ထမင်းစားခန်းထဲလိုက်သွားလိုက်
ကြနော်။ ဆရာမငယ် စီစဉ်ပေးလိမ့်မယ်"

"ဟုတ်"

"ပြီးရင် နားလိုက်ကြတော့လေ။ ရေချိုးချင်ရင်
တော့ အနောက်ဘက်မှာ အုတ်ကန်ရှိတယ်။
အဲ့မှာသွားချိုးကြနော် ။ ပြီးရင်အိပ်ရမယ့်အခန်း
လဲ ပြပေးလိမ့်မယ်"

"ဟုတ်..."

"ကောင်လေးတွေ လာကြ"

ချမ်းအေးလွန်းတဲ့ ညမိုးချုပ်ကြီးမှာရေချိုးဖို့က
တော့ မဖြစ်နိုင်တာမို့ သူတို့နှစ်ယောက်ခြေလက်
ဆေးရုံလေး ကိုယ်လက်သန့်စင်လိုက်ကြသည်။

"ဟေး...ဒေါက်တာ့ကို ရေနဲ့ပက်မယ်ဟေး.."

အဆောင်နဲ့အုတ်ကန်ရှိတဲ့နေရာက အနည်းငယ်
အလှမ်းဝေးသော်လည်း တဟေးဟေးအော်ပြီး
NamJoon ဆီ ရေတွေလှမ်းပက်နေသည့် ကောင်လေးကြောင့် တိုးတိုးနေဖို့သတိပေးရသည်။

"တိုးတိုးလုပ်လေ... ဟိုမှာ ကလေးတွေအိပ်နေ
ပြီ... နိုးကုန်လို့ ကလေးဝိုင်းထိန်းနေရဦးမယ်"

"မသိဘူး.. ပက်မှာပဲ ..ပက်မှာပဲ"

ပြောမရ ဆိုမရတဲ့ SeokJin ကြောင့် NamJoon
တစ်ကိုယ်လုံးလဲ ရွဲစိုကုန်ပြီ။ဒါနဲ့ သူ့ကို တစ်ချက်
ပြန်ပက်တော့မှ စိတ်ကောက်ပြီး အထဲဝင်သွား
လေတော့သည်။

အဝတ်အစားလဲပြီးတဲ့နောက်မှာတော့ ဆရာမ
ငယ်ပြင်ဆင်ပေးထားတဲ့ ထမင်းပွဲကို အတူ
စားကြသည်။

"ကောင်လေးတွေ.. ဒီမှာလာစားကြ.. ဟင်းတွေ သိပ်မကျန်တော့လို့ ခေါက်ဆွဲပြုတ်နဲ့ကင်မ်ချီ ထမင်းကြော်လေး လုပ်ပေးထားတယ်။အဆင်ပြေ ရဲ့လား မသိဘူး"

"ဟုတ်ကဲ့ အဆင်ပြေပါတယ်"

"ပြီးရင် ခုနက ရုံးခန်းနဲ့ မျက်နှာချင်းဆိုင်အခန်း
ထဲ ဝင်အိပ်ကြနော်"

"ဟုတ်...ကျေးဇူးတင်ပါတယ်"

ထမင်းစားသောက်ပြီးလို့ ဆရာမငယ်ပြောတဲ့
အခန်းထဲမှာ ဝင်အိပ်ကြသည့်အခါ SeokJin
တစ်ယောက်ကတော့

"ဟိ... ငယ်ငယ်က နေခဲ့တဲ့ ဂေဟာမှာဒေါက်တာ နဲ့အတူတူလာဖက်အိပ်နေရမယ်လို့ တွေးတောင်
မတွေးမိဘူး"

ဒီကောင်လေး ပြောလိုက်ရင်တော့ တုတ်ထိုးအိုး
ပေါက်တွေချည်းပဲ။

"ငြိမ်ငြိမ်အိပ်လေကွာ"

ဆရာမငယ်က အိပ်ရာ နှစ်ခုပြင်ဆင်ထားခဲ့ပေ
မဲ့ SeokJinကတော့ သူ့ဘက်က အိပ်ရာခင်းကို
NamJoonရဲ့ ဘေးသို့ဆွဲခင်းလိုက်သည်။

"မနက်ကပြောတော့ popoတွေအများကြီးပေးဆို"

ကျောက်ရုပ်တစ်ရုပ်လို တောင့်တောင့်ကြီးအိပ်
နေတဲ့ NamJoonရဲ့ ခန္ဓာကိုယ်ကို ဖက်ခေါင်းအုံး
တစ်လုံးလို အားရပါးရလှမ်းခွလိုက်တော့အတင်း အကြပ် မှိတ်ထားသည့် NamJoonရဲ့မျက်လုံးတို့
ပြူးကျယ်လာကာ-

"popoလဲမနက်ကျမှ ပေးတော့နော်။ အခုတော့
ငြိမ်ငြိမ်လေးအိပ်ရအောင်"

"အမလေး ဘာတွေလျှောက်တွေးနေတာလဲ။
ဒီက ရိုးရိုးသားသား popoပဲပေးမှာ။ ဒီလိုလေး
ပဲ"

မွခနဲ အသံမြည်အောင် NamJoonရဲ့ နှုတ်ခမ်း
ဆီ တစ်ချက်လှမ်းနမ်းပြီးတော့ NamJoonရဲ့
လက်မောင်းကို ခေါင်းအုံးပြီး အိပ်ပျော်သွားလေ
တော့သည်။ ပြောတော့ popoတွေအများကြီး
ပေးမယ်ဆိုပြီး အခုကျတော့ တစ်ခါထဲပါလား။

နောက်တစ်ရက်ကျတော့ ဆေးပစ္စည်းတွေထပ်
လှူခဲ့ပြီးတော့ မေမေကြီးနှင့်ဆရာမငယ်တို့ကို
နှုတ်ဆက်ပြီး ဂေဟာကနေ ပြန်ခဲ့ကြသည်။

တစ်ပတ်လောက်နေမယ် ရည်ရွယ်ထားခဲ့ပေမဲ့ အသည်းလေးမဟုတ်တဲ့သူအနေနဲ့ကျတော့ အကြာကြီးနေဖို့ အကြောင်းပြချက်ကောင်းကောင်း
မရှိဘူးမဟုတ်လား။ဂေဟာကနေ ထွက်လာပြီး
နောက် SeokJinရဲ့ မေမေရှိရာဆီသို့ သွားကြ
သည်။

ဆရာမကြီးလဲ အမြဲတမ်းလာနိုင်ဖို့မသေချာပေမဲ့
သူ့မေမေရဲ့ နေရာလေးက ထင်ထားတာထက်
ရှင်းသန့်နေပြီးတော့ ညှိုးနွမ်းစပြုနေတဲ့ ပန်း
စည်းလေးတစ်စည်းလဲ ရှိနေပြန်တယ်။Jiminလဲ
ဒီနေရာကို ရောက်လာခဲ့သေးတာလား။

"တစ်ယောက်ယောက်လာသွားတဲ့ပုံပဲနော်"

"ဟုတ်ပါရဲ့။ ဘယ်သူများလဲ မသိဘူးနော်"

စိတ်ရှုပ်ထွေးစရာတွေ ခေါင်းထဲမထည့်ထားဘဲ
လွတ်လွတ်လပ်လပ်နေတတ်ပုံရတဲ့ SeokJinရဲ့
မျက်နှာပေါ်မှာ ဝမ်းနည်းမှုအရိပ်အ​ယောင်တချို့
တွေ့ရသည်မို့ NamJoonက သူ့ကောင်လေးရဲ့
ကျောပြင်လေးကို အသာအယာပွတ်သပ်ပေး
မိသည်။

"သနားဖို့ကောင်းတယ်နော်...ဒီလိုနေရာလေး
မှာ တစ်ယောက်ထဲအကြာကြီးနေနေရတာ"

ယူလာခဲ့သည့် ပန်းစည်းလေးကို မြက်ခင်းစိမ်း
မြေကမူလေးပေါ်တင်ရင်း သူတို့နှစ်ယောက်
အချိန်အတော်ကြာအောင်ထိုင်နေမိကြသည်။
ထိုနေ့က NamJoon တစ်ခါမှ မမြင်ဖူးခဲ့သည့်
SeokJinရဲ့ ဝမ်းနည်းကြေကွဲမှုတွေစွန်းထင်းနေ
တဲ့ ပုံရိပ်လေးကိုလဲ မြင်တွေ့ခွင့်ရခဲ့သည်။

******************************************

"Hyung"

"ဟင်"

"ဒါ မေမေကြီး ကျွန်တော့်ကိုမွေးနေ့လက်ဆောင်
ပေးထားတာ"

Jiminပေးသည့် ပန်းနုရောင် မာဖလာလေးကို
ယူလိုက်ကာ ကျေးဇူးတင်ကြောင်း ပြောမိသည်။

"ကျန်းမာရေးဂရုစိုက်နော်"

"ဟုတ်"

"ဖိုးဖိုးဆီလဲ ဆက်သွယ်လိုက်ပါဦး။ Jiminကို
လွမ်းနေတာ"

"ဟုတ်"

"ဒါဆို Hyung သွားတော့မယ်နော်..."

Jiminကို နှုတ်ဆက်ပြီးနောက် SeokJinရဲ့အိမ် အပြန်လမ်းခရီးကို စတင်လိုက်သည်။Jiminက
တော့ အိမ်ရှေ့ ဝရံတာအသေးလေးထဲမှာ ကော်
ဖီတစ်ခွက်သောက်ရင်း ကျန်ရစ်ခဲ့လေသည်။

"အချိန်ကလဲ ကုန်တာမြန်လိုက်တာ"

"ဟုတ်ပါ့နော်"

လွန်ခဲ့တဲ့တစ်လတုန်းက ဒီလေဆိပ်ထဲမှာ ရင်
ခုန်စိတ်လှုပ်ရှားစွာနဲ့ နှစ်ယောက်ဆုံဆည်းခဲ့ကြ
ပေမဲ့ အခုတော့ SeokJinကို ခဏနှုတ်ဆက်ရဦး
မည်။ မခွဲချင်ပေမဲ့လဲ ခွဲရပေဦးမည်။

"ပါးချိုင့်ပါတဲ့လူတွေကို ချစ်ဖို့ကောင်းတယ်ဆို
ပြီး လျှောက်နမ်းနေလို့တော့မဖြစ်ဘူးနော်"

"ခင်ဗျား.. ကျွန်တော့်ကို နေ့တိုင်းသတိရနေဦး
နော်။ ကောင်မလေးတွေပဲ လိုက်ကြည့်မနေနဲ့"

"ဆိုးလ်ကကောင်မလေးတွေက မင်းလောက်မှ
မလှတာ"

အမှန်တော့ NamJoonကပဲ SeokJinကို အများ
ကြီးစိတ်ပူနေရတာမလား။ ၈နှစ်ဆိုတဲ့ အသက်
အရွယ်ကွာခြားချက်အပြင် SeokJinကိုယ်တိုင်
က ကလေးတစ်ယောက်လို နုနုငယ်ငယ်နှင့်
နေပုံထိုင်ပုံကအစ မြတ်နိုးစရာကောင်းလွန်းလို့
ဖြစ်နိုင်ရင် သူ့မျက်စိရှေ့မှာပဲ ရှိနေစေချင်တာ။

"ကျေးဇူးတင်ပါတယ်"

"ဘာအတွက်လဲ"

"အကုန်လုံးအတွက်ပဲ"

"အများကြီးလွမ်းနေရမယ်ထင်တယ်..."

"လွမ်းနေပေါ့... ဘာလဲ ခင်ဗျားက လွမ်းတောင်
မလွမ်းချင်တော့ဘူးပေါ့လေ"

"မဟုတ်ပါဘူးကွာ"

"နောက်တစ်ခါကျရင် ဖိုးဖိုးဆီခေါ်သွားမယ်။
အဲ့ကျ အတူတူအဆူခံဖို့လဲ ပြင်ဆင်ထားဦး"

"အင်းပါ"

"သွားတော့မယ်။ ခင်ဗျားလဲ ပြန်တော့"

ကျောခိုင်းသွားတဲ့ ကောင်လေးရဲ့ကျောပြင်လေး
ကိုငေးကြည့်ရင်း NamJoonတစ်ယောက်မရည်
ရွယ်ထားသည့် ကိစ္စတစ်ခုကို ပြုလုပ်မိသည်။

"KIM SEOKJIN ... မင်းကို အရမ်းချစ်တယ်သိလား"

ဟိန်းခနဲ ထွက်လာတဲ့ NamJoonရဲ့ စကားသံ
အဆုံးမှာ SeokJinတစ်ယောက် NamJoon
ရင်ခွင်ထဲပြန်ရောက်လာသည်။ထို့နောက် ဘေး
လူတွေကို သတိမမူမိအောင်ပဲ အနမ်းတွေဖလှယ်
မိကြသည်။

မင်းနဲ့ခွဲခွာရတာ ခက်ခဲလိုက်တာSeokJinရယ်..။
ဒီမှာရှိနေတဲ့အချိန်အတွင်းမှာ မင်းရဲ့ပျော်ရွှင်မှု
ကိုရော ဝမ်းနည်းမှုတွေကိုပါ ပြသပေးခဲ့လို့တကယ်ကျေးဇူးတင်ပါတယ်။ ကိုယ့်ကိုယုံကြည်
ပေးခဲ့တဲ့အတွက်ရောပေါ့...။

15.6.2020

*************************************

updateနောက်ကျသွားလို့ တောင်းပန်ပါတယ်။
အပိုင်း ၁၄တုန်းကလေ ပြင်မယ်ဆိုပြီးလုပ်ထားတဲ့နေရာလေးကို ပြန်စစ်တဲ့အချိန်မှာ မတွေ့လိုက်တော့လို့ ဒီအတိုင်းတင်လိုက်တာ.... အဲ့နေရာလေးကို သတိထားမိကြပြီး comment ရေးကြတော့ တကယ်အားနာမိတယ်။ သေချာလေးဖတ်ပေးကြလို့ ကျေးဇူးအများကြီး တင်ပါတယ်နော်။ဒီည ဒါမှမဟုတ် မနက်ဖြန်ကျရင်
တစ်ပိုင်း ထပ်တင်ပေးပါ့မယ်။ ရေးပြီးသားရှိ
ပေမဲ့ ဉထားဦးမယ်😜။ ဒါလေးက အရှေ့အပိုင်း
နဲ့ အနောက်အပိုင်းတွေကြားမှာ လွဲသွားတာမျိုး
ရှိမှာစိုးလို့ ချိန်ဆပြီးရေးနေရတော့လေ သိပ်ခရီး
မတွင်တာမို့ စောင့်နေပေးတဲ့သူတွေကိုလဲ အား
နာပါတယ်။

Voteနဲ့ Comment လေးတွေအတွက် ကျေးဇူး
အများကြီးတင်ပါတယ်🐰🐥

____________________________________
____________________________________

Unconditional Love
Part 15
Unicode


မနက္ပိုင္း Jungkookတို႔ေမေမရွိရာဆီမွ ျပန္
လာခဲ့ၾကၿပီးေနာက္ အေဆာင္ေဟာင္းေလးရဲ႕
မီးလင္းဖိုနားမွာ ကေလးတစ္သိုက္ႏွင့္ အတူရွိ
ေနရင္း Jiminကေတာ့ ကေလးေတြစားဖို႔ ထမင္း
လိပ္လုပ္ေပးေနေလသည္။

ကေလးေတြက ခပ္ႀကီးႀကီး ေလးေထာင့္စားပြဲခုံ
ေလးမွာ ထိုင္ခုံအပုေလးမ်ားႏွင့္ဝိုင္းထိုင္ေနရင္း
သူတို႔စားခ်င္တဲ့အ႐ုပ္ပုံစံအမ်ိဳးစုံကို လုပ္ေကြၽးခိုင္းေနၾကသည္။

မေန႕က ဆရာမႀကီး ေမြးေန႕လက္ေဆာင္ေပးထားသည့္ ပန္းႏုေရာင္ မာဖလာေလးႏွင့္ဆရာမ
ငယ္ ေပးထားသည့္ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ modern hanbok ဝမ္းဆက္ေလးဝတ္ဆင္ထားသည့္ Jiminက လူႀကီးေပါက္စေလးလို တစ္မ်ိဳးၾကည့္ေကာင္းေနေလသည္။

ေမေမ့ဆီက ျပန္လာၿပီးထဲက အစ္ကိုႀကီးတစ္
ေယာက္လို ျပဳမူေနတဲ့ေကာင္ေလးကJungkook
လက္ထဲသို႔လဲ ကန္စြန္းဉမီးဖုတ္တစ္လုံးကို အခြံ ခြာၿပီး ထည့္ေပးထားေသးသည္။ကန္စြန္းဉစား
ၿပီး ၿငိမ္ၿငိမ္ထိုင္ေနဆိုသည့္ သေဘာျဖစ္သည္။

မနက္ကမ်ား Jiminရင္ခြင္ထဲတိုးဝင္ၿပီး တအင့္
အင့္ ရွိုက္ငိုေနခဲ့တာ အငိုသန္တဲ့ကေလးေပါက္စ
ေလးလိုပင္။ ငိုထားတဲ့အရွိန္ေၾကာင့္ မ်က္ခြံေလး
ေတြက ခပ္မို႔မို႔ေလးျဖစ္ေနကာ Jiminေပးထား
သည့္ ကန္စြန္းဉကို ကေလးေတြၾကားထဲထိုင္ၿပီး
စားေနေလသည္။

အသည္းႏုလြန္းတဲ့ သူ႕ဆရာဝန္ေလးက အရမ္းပဲ
ခ်စ္ဖို႔ေကာင္းလိုက္တာ။

"ကိုကိုေရာ ... ဘာအ႐ုပ္လိုခ်င္ေသးလဲ"

"ကေလးေတြကိုပဲ ေကြၽးပါ။သူတို႔ကတစ္ခါတစ္
ေလမွ အခုလိုစားရတာ"

"Aigooo ... ကိုကိုJungkookieက လိမၼာလိုက္
တာ"

ထိုစဥ္ ေမေမႀကီးက Jiminတို႔ရွိေနရာသို႔ ေရာက္
လာကာ-

"ကေလးေတြ ၿငိမ္ေနပါလားထင္တာ...Jiminနား
ကပ္ေနၾကတာကိုး"

"ဟီး... ညက်ရင္ ျပန္ေတာ့မွာဆိုေတာ့ သူတို႔ကို
မုန႔္လုပ္ေကြၽးခ်င္လို႔ေလ"

"Jiminက အခုလိုက်ေတာ့လဲ တကယ္ၾကည့္ေကာင္းသားပဲ...ေနာ္ Jungkookie"

"ဟုတ္"

"ေမေမႀကီးနဲ႕ဆရာမငယ္အတြက္"

ကန္စြန္းဉမီးဖုတ္အခ်ိဳ႕ႏွင့္ သူျပင္ဆင္ထားသည့္
ထမင္းလိပ္ပန္းကန္ျပားေလး ေမေမႀကီးဆီလွမ္း
ေပးလိုက္ေတာ့

"ကေလးႏွစ္ေယာက္ေရာက္လာတုန္း အားလုံး
အတူတူဓာတ္ပုံရိုက္ထားခ်င္လို႔ ၿပီးရင္အျပင္
ထြက္ခဲ့ၾကဦးေနာ္"

အလုပ္ေတြ၊ သင္တန္းေတြသာမရွိလွ်င္ သူတို႔
ႏွစ္ေယာက္ အခုထက္ပိုၿပီး ၾကာၾကာေလးေန
ေပးခ်င္သည္။ ႏွစ္ရက္ဆိုသည့္ကာလေလးအ
တြင္းမွာ ကေလးေတြနဲ႕ေရာ ေမေမႀကီးနဲ႕ပါ သံ
ေယာဇဥ္တြယ္မိသည္မို႔ ဆိုးလ္ကိုျပန္ဖို႔ရာ ဝန္
ေလးေနမိသည္။ Jungkookဆို ပိုဆိုးမွာေပါ့။

ကေလးေတြနဲ႕ ေဂဟာက အေဆာင္ေလး ၂ ခုက
အံဝင္ခြင္က်ျဖစ္ေနေသာ္လည္း Jungkookတို႔
ငယ္ငယ္ထဲက ေနခဲ့ၾကသည့္ အေဆာင္ေဟာင္းေလးကေတာ့ အေတာ္ေလးေဟာင္းႏြမ္းေနၿပီ ျဖစ္တာမို႔ တေလာက အေဆာင္အသစ္ေဆာက္ ဖို႔ ပိုက္ဆံလွမ္းထည့္ျဖစ္တာကို ဝမ္းသာလို႔မဆုံး
ေပ။

ဒါကလဲ Jungkookေျပာျပလို႔သိရတာမဟုတ္
ဘူး။ တစ္လတစ္လ သူသုံးဖို႔ပိုက္ဆံအနည္းအ က်ဥ္းေလးခ်န္ထားၿပီးရင္ ေဂဟာကိုပဲ ျပန္ပို႔ေန
တာမို႔ Jiminဘာသာစုံစမ္းၿပီးသိရွိခဲ့ရတာ ျဖစ္
သည္။ ထို႔ေနာက္ မိသားစုေရွ႕ေနဆီကေနတစ္ ဆင့္ ဆက္သြယ္ၿပီးေတာ့ လႉဒါန္းျဖစ္ခဲ့သည္။
သူ႕နာမည္ကိုလွ်ို႔ဝွက္ထားၿပီးေတာ့ေပါ့ေလ...။

ညေနေစာင္းမွာ ေက်ာင္းကျပန္လာသည့္ က
ေလးေတြေရာ ေဂဟာက ဘုစုခ႐ုေတြေရာ အား
လုံးစုံၾကသည့္အခ်ိန္တြင္ ေဂဟာအျပင္ဘက္မွာ
အတူတူဓာတ္ပုံရိုက္ၾကသည္။ အေနာက္ဘက္
ေတာင္ကုန္းေပၚက ဘုရားေက်ာင္းေလးကို
ေနာက္ခံထားၿပီးေတာ့လဲ သူတို႔ႏွစ္ေယာက္တြဲ
ဓာတ္ပုံေလးတစ္ပုံရိုက္ျဖစ္ခဲ့ၾကေသးသည္။

ေမေမႀကီးက Jungkookစာေမးပြဲအတြက္ ႐ြာထဲ
က ေဗဒင္ဆရာမဆီမွာ သြားေတာင္းခဲ့သည့္ အ
ေဆာင္လက္ပတ္ႀကိဳးေလးတစ္ခုကိုJungkook
လက္မွာ ဝတ္ေပးၿပီးေနာက္ Jiminဆီသို႔ အထုပ္
ေလးတစ္ထုပ္ေပးေလသည္။

Jungkookငယ္ငယ္ကဝတ္ခဲ့တဲ့ ေက်ာင္းဝတ္စုံ
ေလးနဲ႕ သူသုံးခဲ့တဲ့စာအုပ္ေလးေတြ။

"ကိုယ့္ကို အဲ့ေလာက္ေတာင္သေဘာက်လား"

"အဲ့ထက္ေတာင္ပိုေသးတယ္"

Jiminဆီက ထိုကဲ့သို႔အေျပာခံရတဲ့အခါမ်ိဳးဆို
လွ်င္ Jungkookတစ္ေယာက္ ေက်နပ္သည့္ပုံ
ႏွင့္ ဝင့္ႂကြားေနတတ္ေလသည္။

ေဂဟာက ျပန္လာခဲ့ၿပီးတဲ့ေနာက္ သူတို႔ႏွစ္
ေယာက္ၾကားက သံေယာဇဥ္ေတြလဲ ပိုမိုခိုင္ၿမဲ
ခဲ့ၾကသည္။

******************************************

၂ရက္ ၃ရက္ဆက္တိုက္ အိမ္ကေနေပ်ာက္ေနခဲ့
တဲ့ Jiminေၾကာင့္ ေမတၱာရိပ္ၿမဳံေဂဟာသို႔ သြားဖို႔
စီစဥ္ထားၿပီးကာမွ SeokJinတစ္ေယာက္ အိမ္
ေစာင့္ျဖစ္မွန္းမသိ ျဖစ္ေနခဲ့သည္။ ျပန္လာနိုး ျပန္လာနိုးႏွင့္ေစာင့္ေနခဲ့ရသည္က Jiminဆီက ပစၥည္းေလးတစ္ခုကို ခဏျပန္ေတာင္းခ်င္လို႔ျဖစ္သည္။

SeokJin ေရာက္လာလို႔ပဲလား ၊ ပုံမွန္ေနေနက်
အတိုင္း ေနတာလားမသိေပမဲ့ သူရွိေနတဲ့အခ်ိန္
အတြင္းမွာ ဒီေကာင္ေလး အိမ္မကပ္သည္က
မ်ားသည္။

ဒီမနက္ေတာ့ Jiminတစ္ေယာက္ အိမ္သို႔ျပန္
ေရာက္လာသည္။

"ျပန္ေရာက္ေနတာလား.."

"ဟုတ္... "

TaeHyungဆီသြားေနေနတာလား ဘာလားေမး
ခ်င္ေပမဲ့ Jiminစိတ္ထဲ စပ္စုလိုက္တာဆိုၿပီး အ
ထင္လြဲေနမွာစိုးတာႏွင့္ "ျပန္ေရာက္ေနတာလား"ဆိုၿပီးေတာ့ဘဲ ေမးၾကည့္မိသည္။

"ဟိုေလ Jiminဆီမွာ ေတာင္းစရာရွိလို႔"

"ဟုတ္... ဘာေတာင္းမလို႔လဲ Hyung"

Jiminက ဧည့္ခန္းထဲက ဆိုဖာခုံမွာ ထိုင္ေနရင္း
ႏွင့္ ေရစိုေနသည့္ ဆံစတို႔ကို သဘက္ျဖင့္သုတ္
ေနရင္းမွ SeokJinကို ျပန္ေမးလာေလသည္။

Jiminက တစ္အိမ္လုံးရဲ႕အခ်စ္ေတာ္ေလးျဖစ္
ေနရတာကလဲ ထူးဆန္းတာေတာ့မဟုတ္။အိမ္
ေနရင္း တီရွပ္ပြပြေလးႏွင့္ ေဘာင္းဘီရွည္ေလးဝတ္ထားသည္ကပင္ ကေလးေလးတစ္ေယာက္
လိုပဲ ခ်စ္ဖို႔ေကာင္းေနေလသည္။ေရခ်ိဳးၿပီးခါစမို႔ ေျခဖဝါးေသးေသးေလးကလဲ ေဖာင္းေဖာင္းရဲရဲေလးျဖစ္ေနသည္။

ငယ္ငယ္ထဲက ေမႊးၾကဴခြင့္မရခဲ့သည့္ ပါးေဖာင္း
ေလး ႏွစ္ဖက္ကလဲ အခုခ်ိန္ထိ ဖက္နမ္းခ်င္စရာ
ေကာင္းေနတုန္းျဖစ္သည္။

"ဟိုေလ Hyung Jimin ကိုေပးထားခဲ့တဲ့ လက္ ပတ္ႀကိဳးေလးေလ"

SeokJinရဲ႕ စကားသံေၾကာင့္ ပ်က္ယြင္းသြားတဲ့
မ်က္ႏွာေလးကိုေတာ့ SeokJinသတိမထားမိခဲ့။

"ဟုတ္.. လက္ပတ္ႀကိဳးေလး ဘာျဖစ္လို႔လဲ Hyung"

"Hyungကို ခဏေလာက္ျပန္ေပးလို႔ရမလားလို႔"

Hyungက အခုအခ်ိန္မွ ဒီလက္ပတ္ႀကိဳးကို ဘာ
လုပ္မလို႔ပါလိမ့္။

"ဟို.. အဲ့ႀကိဳးေလးက ဘယ္ေရာက္သြားလဲမသိ
ဘူး.. အသိမ္းလြန္ၿပီး ေပ်ာက္ေနတာ ၾကာၿပီ"

SeokJinရဲ႕ မ်က္ႏွာမွာ ႏွေျမာတသ ျဖစ္သည့္
အရိပ္အေယာင္ႏွင့္ စိတ္ပ်က္သြားသည့္ အရိပ္
အေယာင္တခ်ိဳ႕ယွက္ေျပးသြားေပမဲ့ Jiminကို
ညိုညင္တဲ့အရိပ္အေယာင္မ်ိဳးေတာ့မေတြ႕ရေပ။

"ဟုတ္လား... အင္းပါ ေနာက္က်ျပန္ေတြ႕မွာေပါ့"

"Hyungက ဘာလုပ္မလို႔လဲဟင္"

"ေအာ္... အမွန္ေတာ့ Hyung ဒီကိုခဏျပန္လာ
တာ ငယ္ငယ္က ေနခဲ့တဲ့ ေဂဟာဆီကိုတစ္ခါ
ေလာက္ သြားၾကည့္ခ်င္လို႔ေလ...Hyung ရဲ႕ေမေမဆီကိုလဲ သြားၾကည့္ခ်င္လို႔...အဲ့ဒါ ဒီေန႕သြားမလို႔"

"ေအာ္"

Hyungက ေဂဟာကိုသြားၿပီး ဘာသြားလုပ္မွာလဲ
?Hyung ေဂဟာကိုသြားလို႔မျဖစ္ဘူးမလား။အေရး အေၾကာင္းဆို ေခါင္းထဲကေနလဲ ဘာအႀကံဉာဏ္မွထြက္မလာ...။

"ဟို.. တကယ္လို႔ လက္ပတ္ႀကိဳးေလး အေရး
တႀကီးလိုတယ္ဆိုရင္ ေမေမဆင္တူလုပ္ေပး
ထားတဲ့ ႀကိဳးေလး ကြၽန္ေတာ့္မွာရွိေသးတယ္
ေလ။အဲ့ဒါယူမလား"

Jimin ရဲ႕ စကားကို SeokJinက အမ်ားႀကီးစဥ္း
စားမေနဘဲ ခပ္ျမန္ျမန္ တုံ႕ျပန္ေလသည္။

"အစစ္မွမဟုတ္တာ... သုံးရတာ စိတ္မသန႔္ဘူး
ျဖစ္ေနမွာစိုးလို႔ မယူေတာ့ပါဘူး။ အဲ့ဒါဆိုHyung
သြားေတာ့မယ္ေနာ္။ တစ္ပတ္ေလာက္ၾကာမ
လားမသိဘူး .... "

"ေအာ္...ဟုတ္"

ေက်ာပိုးအိတ္ႀကီးႀကီးတစ္လုံးလြယ္လ်က္ Jimin
ကို ႏႈတ္ဆက္ၿပီးထြက္သြားသည့္SeokJinHyung
ကိုၾကည့္ၿပီး ၾကမ္းခင္းေပၚသို႔ အ႐ုပ္ႀကိဳးျပတ္ ထိုင္ခ်လိဳက္မိသည္။တကယ္ပဲ Hyungကိုဘယ္လိုတားရပါ့မလဲ။

သူ႕မွာေ႐ြးျခယ္စရာနည္းလမ္းက တစ္ခုပဲရွိေတာ့
သည္။

******************************************

Jiminတစ္ေယာက္ မ်က္ႏွာမေကာင္းဘဲက်န္ခဲ့
တာကို ေတြးမိေပမဲ့ သူေမးလဲ ထိုကေလးက
ဘာမွေျပာျပမွာမဟုတ္တာမို႔ စီစဥ္ထားသည့္
အတိုင္းေဂဟာကိုသြားဖို႔ပဲ ထြက္လာခဲ့မိသည္။

လမ္းထိပ္ေရာက္လို႔ေဒါက္တာရဲ႕ ကားေလးကို
လွမ္းေတြ႕ေတာ့ သူခပ္သြက္သြက္ေလွ်ာက္သြား
လိုက္သည္။ေဒါက္တာ့ကို ေမေမ့ဆီေခၚသြားရ
မည္။ေဂဟာက ေမေမႀကီးႏွင့္လဲမိတ္ဆက္ေပးရ
ဦးမည္။

တစ္ခ်ိန္တုန္းက အသည္းေလးဆိုသည့္ ခပ္စြာ
စြာကေလးေလးကို ေမေမႀကီးမွတ္မိပါ့မလား
မေသခ်ာေပမဲ့ သူကိုယ္တိုင္ကေတာ့ အၾကာႀကီး
ေနမွ တစ္ေခါက္ထပ္သြားရတာမို႔ စိတ္လႈပ္ရွား
ၿပီး ေပ်ာ္လဲေပ်ာ္ေနမိသည္။

ေမေမ့ဆီမသြားရေကာင္းလား ဟူ၍ေဖေဖ့ကိုလဲ
အျပစ္မတင္ရက္ေတာ့။သူကိုယ္တိုင္ေတာင္ အ
ၾကာႀကီး တစ္ေယာက္ထဲထားထားခဲ့မိသည့္အ
တြက္ အားနာတဲ့စိတ္ေၾကာင့္ မနည္းအားတင္း
ၿပီးသြားရမွာျဖစ္တာမို႔ ေဖေဖ့ကိုလဲ ကိုယ္ခ်င္း
စာေပးနိုင္လာသည္။

"အၾကာႀကီးေစာင့္လိုက္ရလား"

"မေစာင့္ရပါဘူး...ေရာ့ မုန႔္စားလိုက္ဦး အသည္း
ေလး"

ကားထဲဝင္လိုက္သည္ႏွင့္ ေဒါက္တာက သူဝယ္
ထားေပးသည့္ Sandwich ႏွင့္ ေကာ္ဖီဘူးေလး
SeokJinဆီလွမ္းေပးသည္။ ငယ္ငယ္ကကိစၥေတြအကုန္လုံး ေျပာျပၿပီးကတည္းကေဒါက္တာက သူ႕ကို အသည္းေလးဟူ၍ စ ေနာက္ၿပီးေခၚေန
ေတာ့တာျဖစ္သည္။

ေဒါက္တာ့ကားထဲဝင္ထိုင္ၿပီးခါးပတ္ပတ္႐ုံရွိေသး ..Jimin ဆီကဖုန္းဝင္လာသည္။

"ဟယ္လို"

"Hyung .... အိမ္ကို ခဏျပန္လာခဲ့ပါလား။
ကြၽန္ေတာ္ေနမေကာင္းလို႔"

ႏွာသံေလးတရႈံ႕ရႈံ႕ႏွင့္ေျပာလာသည့္ Jimin ေၾကာင့္ SeokJinလဲ ျပာယာခတ္သြားသည္။ ေစာေစာကပဲ အေကာင္းႀကီးက်န္ေနခဲ့တာ...

"ေဟ..."

"ခဏေလးပါ"

"ေအာ္... Hyung အခုျပန္လာၿပီေနာ္။ ခဏေလး
ေစာင့္ေန"

"ဟုတ္.."

"ညီေလး ေနမေကာင္းျဖစ္ေနလို႔တဲ့။
ဒီမွာခဏေနခဲ့ဦးေနာ္။အားနာလိုက္တာ"

တကယ္ပဲ ေဒါက္တာ့ကိုလဲ အားနာလွပါၿပီ။ဘယ္လိုပဲ သူ႕အလိုကို လိုက္ေလ်ာေပးတယ္ဆိုေပမဲ့ သူလွမ္းေခၚလိုက္တဲ့အခ်ိန္တိုင္းေဒါက္တာ
က ရွိသမွ်ကိစၥေတြပစ္ထားခဲ့ၿပီး သူ႕ဆီေရာက္
လာေပးတတ္သည္။ တစ္ခါမွျငင္းဆိုဖူးတာမ်ိဳး
မရွိခဲ့။

"ကိုယ္လိုက္ခဲ့ေပးရမလား။ ဘာျဖစ္တာတဲ့လဲ"

"မသိေသးဘူး..မနက္ကေတာ့ အေကာင္းႀကီးပဲ
....မလိုက္ခဲ့နဲ႕ဦးေနာ္"

SeokJinက NamJoonရဲ႕ ပါးျပင္ကို လွစ္ခနဲ
တစ္ခ်က္နမ္းကာ ထိုင္ခုံခါးပတ္ေလးျဖဳတ္ၿပီး
ကားေပၚကဆင္းသြားသည္။

အိမ္ထဲျပန္ေရာက္ေတာ့ Jiminက ေစာေစာက
ထိုင္ေနသည့္ ဆိုဖာေအာက္နားမွာ က်ဳံ႕က်ဳံ႕ေလး
ထိုင္ေနလ်က္ မ်က္ႏွာတစ္ခုလုံးကလဲ နီရဲတြတ္
ေနသည္။ဒီကေလး ငိုေနတာမ်ားလား...။

SeokJinသတိထားမိသေလာက္ေတာ့ Jiminက
မ်က္ရည္လြယ္တဲ့သူမဟုတ္ပါဘူး။

"Jimin ဘာျဖစ္လို႔လဲ။ ဘာလို႔ငိုေနတာလဲ"

"Hyung.."

"အင္း... ဘာျဖစ္လို႔လဲ။ ကိုယ္လဲမပူပါဘူး၊
ဘာလို႔ငိုေနတာလဲလို႔"

သူSeokJin Hyungေရွ႕မွာ ဘယ္ေတာ့မွ မက်
ဆုံးခ်င္ဘူး။သူ႕ဆီက JungkookကိုလဲSeokJin
Hyungဆီမေပးလိုက္ခ်င္ဘူး။ SeokJin Hyung က သူ႕ကိုသနားေနမွာမ်ိဳးကိုလဲမလိုခ်င္ဘူး။ လူလိမ္ေလးဆိုၿပီးသူ႕ေနာက္ကြယ္မွာေလွာင္ရယ္
ေနမွာမ်ိဳးကိုလဲမလိုခ်င္ဘူး။

သို႔ေပမဲ့လဲအခုလိုမ်ိဳး ဆုပ္လဲစူး စားလဲ႐ူးမယ့္
အေျခအေနမွာေတာ့ သူ႕ကိုကယ္တင္ေပးနိုင္တာ SeokJin Hyungတစ္ေယာက္ပဲရွိေတာ့သည္။

သူ႕အေရွ႕တည့္တည့္မွာ ဒူးေထာက္လ်က္သား
ထိုင္ေနရင္းႏွင့္ ဘာစကားမွမေျပာဘဲ မ်က္ရည္
ေတြပဲ စီးက်ေနသည့္ ထိုကေလးေၾကာင့္ Seok
Jinလဲ ပိုၿပီးစိတ္ပူလာကာ...

"ဘာလို႔လဲ... ဘယ္ေနရာကေနမေကာင္းျဖစ္
တာလဲ ...Hyung ေဆးခန္းလိုက္ပို႔ေပးမယ္ေလ၊
မငိုပါနဲ႕"

"Hyung ...ကြၽန္ေတာ္ ေတာင္းပန္ပါတယ္၊ ကြၽန္
ေတာ္ တကယ္ေတာင္းပန္ပါတယ္"

"ဘာလို႔လဲ Jiminရယ္... ဘာလို႔ေတာင္းပန္ေန
တာလဲ"

Jiminက သူ႕ရဲ႕လက္သီးဆုပ္ေလးထဲက အနီရဲရဲ ပိုးႀကိဳးေလးတစ္ခုကို SeokJinရဲ႕လက္ထဲထည့္ ေပးလာသည္။နာက်င္လိုက္ရတာ...ဒီလက္ပတ္ ေလး Hyung ကိုျပန္ေပးရတာေတာင္ သူ႕ႏွလုံး
သားတစ္ခုလုံးထည့္ေပးလိုက္ရသလို ခံစားရ
ခက္လွသည္။

"တကယ္ေတာ့ေလ...."

တကယ္ေတာ့ေလ ဟူ၍ အစခ်ီၿပီးေနာက္ တအိ
အိ ရွိုက္ငိုေနသည့္ေကာင္ေလးက SeokJin
လက္ခံဖို႔ခက္ခဲတဲ့ အေၾကာင္းအရာမ်ိဳးစုံကို
ေျပာျပေလေတာ့သည္။

Jiminက ဒီလက္ပတ္ႀကိဳးေလးကို အရင္းျပဳၿပီး
အမွားေတြအမ်ားႀကီးလုပ္ခဲ့မိေၾကာင္း၊ ေက်ာက္
စိမ္းတုံးေလးေပၚမွာ ထြင္းထားသည့္ နာမည္ပိုင္
ရွင္ေလးႏွင့္ ခ်စ္ကြၽမ္းဝင္ေနၿပီျဖစ္ေၾကာင္း၊ အစ
ရွိသျဖင့္ ... အမ်ားႀကီးေျပာျပေနေပမဲ့ တကယ့္
အေၾကာင္းအရာက အသည္းေလးအျဖစ္ ဟန္
ေဆာင္ၿပီး ေနေနခဲ့တာကိုပဲေျပာခ်င္ေနတာျဖစ္
သည္။

"မေန႕ကမွ ကြၽန္ေတာ္ေဂဟာကျပန္လာခဲ့တာ...
အခု Hyungထပ္သြားမယ္ဆိုေတာ့ ကြၽန္ေတာ္
ဘယ္လိုလုပ္ရမလဲဟင္"

Jimin ဆီက အေမးစကားကိုၾကားမွ SeokJin
လဲ သတိျပန္ဝင္လာသည္။ဒီေကာင္ေလး ဘာ
ေတြေလွ်ာက္လုပ္ထားတာလဲ။ ေခါင္းထဲမွာလဲ
Jiminေျပာျပတဲ့အေၾကာင္းအရာမ်ိဳးစုံကို ပုံေဖာ္
ၾကည့္ေနမိသည္။

ေလာေလာဆယ္ေတာ့ အိတ္ကပ္ထဲက ဖုန္းကိုထုတ္ကာ ေဒါက္တာ့ဆီအရင္လွမ္းဆက္ရမည္။

"ဟယ္လို...ကြၽန္ေတာ့္ကို ခဏေစာင့္ေနေပးဦး
ေနာ္"

"ေအးပါ... ကိုယ္ကအဆင္ေျပတယ္။ ညီေလးကို
ေသခ်ာ ၾကည့္ေပးလိုက္ဦး။ ၿပီးမွ ကိုယ့္ကို popo ေတြအမ်ားႀကီးေပး"

တစ္ဖက္က အ႐ႊန္းေဖာက္ေနသည့္ စကားသံကို
လဲ သူ႕မွာလိုက္ၿပီးမရယ္ေမာနိုင္ေတာ့ဘဲ သူ႕ရဲ႕
လက္ကို အားကိုးတႀကီးဆုပ္ကိုင္ထားရင္းငိုေန
ေသးသည့္ ေကာင္ေလးကိုၾကည့္ရင္းႏွင့္သူပါ
မြန္းၾကပ္လာသလိုခံစားရသည္။

"Jiminရယ္"

"ကြၽန္ေတာ္ေတာင္းပန္ပါတယ္Hyung"

SeokJin ဒီအိမ္ႀကီးေပၚေရာက္လာတဲ့ ေန႕ထဲက
ဖိုးဖိုးဆီကအခ်စ္ေတြခြဲေဝေပးရလို႔ SeokJinကို
မေက်မခ်မ္းျဖစ္ေနတဲ့ ေကာင္ေလးရဲ႕စိတ္ထဲမွာ
အခုေလာက္ထိ ခပ္ညစ္ညစ္အေတြးေတြကိန္း
ေအာင္းေနလိမ့္မယ္လို႔ေတာ့ မထင္ထားခဲ့တာ
အမွန္ျဖစ္သည္။

တျခားလူေတြနဲ႕ဆို ခ်စ္ဖို႔ေကာင္းေအာင္ ခြၽဲႏြဲ႕ေန
တတ္ေပမဲ့ SeokJinကိုေတာ့ ရန္သူႀကီးတစ္
ေယာက္လိုသေဘာထားကာ အနားေတာငါအကပ္မခံခဲ့။ ဒါက မိဘမဲ့ေဂဟာကေရာက္လာ တဲ့သူမို႔လို႔ ခ်ိဳးႏွိမ္ခ်င္တဲ့စိတ္နဲ႕ ခြဲျခားဆက္ဆံတာမ်ိဳး မဟုတ္တာကိုလဲ သူနားလည္ထားပါတယ္။

Jiminက သူ႕တစ္ေယာက္ထဲအတြက္ေတာ့ သိပ္
ကိုဆိုးတဲ့ ခပ္ဂ်စ္ဂ်စ္ကေလးတစ္ေယာက္ပဲျဖစ္
တယ္။သူ႕အနားတစ္ခါမွ မကပ္ခ်င္တဲ့ကေလးက
အခုေတာ့ သူ႕အေရွ႕တည့္တည့္မွာ ဒူးေထာက္
လ်က္သား ထိုင္ေနၿပီးေတာ့ ေတာင္းပန္တိုးလွ်ိုး
ေနလိုက္တာမ်ား။

ေတာင္းပန္တယ္ဆိုတာကလဲ ငယ္ငယ္က ကိစၥ
ေတြကိုမဟုတ္ဘဲ လတ္တေလာကိစၥကိုသာ မတတ္နိုင္ေတာ့လို႔ေတာင္းပန္ရတဲ့ပုံ။ ဒီေကာင္
ေလး ေတာ္ေတာ္အျမင္ကတ္ဖို႔ေကာင္းတာပဲ။

ဒါေပမဲ့ Jimin မွာ ဘယ္လိုအစြမ္းအစေတြရွိေနလဲေတာ့ SeokJinလဲ မေျပာတတ္ဘူး။ သူဒီက
ေလးကို နားလည္ေပးၿပီး ခြင့္လႊတ္ေပးနိုင္တယ္။
သူ႕ညီေလးက အခုလိုမ်ိဳး သူ႕ကိုအားကိုးတႀကီးနဲ႕
အကူအညီေတာင္းတာကိုလဲ သူသေဘာက်တယ္။ ၿပီးေတာ့ အေျဖရွာမေတြ႕ေသးေပမဲ့
သူကူညီခ်င္တယ္။

ကာယကံရွင္ေတြရဲ႕စိတ္ခံစားခ်က္ေတြကို တစိုး
တစိမွ် ထည့္မစဥ္းဘဲ သူ႕ရဲ႕ခဏတာစိတ္ေက်နပ္
မႈအတြက္ လုပ္ခ်င္ရာေလွ်ာက္လုပ္ပစ္တဲ့ေကာင္
ေလးရဲ႕လုပ္ရပ္က ဘာအဓိပၸါယ္မွမရွိတဲ့ ခပ္ ေၾကာင္ေၾကာင္လုပ္ရပ္လို႔ေခါင္းစဥ္တပ္နိုင္ေပမဲ့ SeokJinကိုအျမင္မၾကည္တဲ့ Jiminျဖစ္ေနတဲ့ အတြက္ အဓိပၸါယ္ရွိတာ မရွိတာထက္ ဘယ္လို ေ႐ြးခ်ယ္မႈမ်ိဳးေတြရွိေနပါေစ ဒီလမ္းကိုပဲ
ဒ္ိေကာင္ေလးေ႐ြးခ်ယ္မွာသူသိတယ္။

"Hyung ဒီကိုျပန္လာတဲ့ ရည္႐ြယ္ခ်က္က ေဂ
ဟာကို ခဏျပန္ဖို႔ပဲဆိုေတာ့ ဘယ္လိုပဲျဖစ္ျဖစ္
သြားမွေတာ့ရမယ္ေလ"

"......."

"Jiminမွာ တျခားစိတ္ပူစရာေတြလဲရွိမယ္ထင္
တယ္။ဒီလက္ပတ္ႀကိဳးထဲက Jeon Jungkook
ကိုလဲ တစ္ခါေလာက္ေတာ့ ျပန္ေတြ႕ခ်င္တာမွန္
ေပမဲ့ ငယ္ငယ္ကပဲ သိခဲ့တာဆို​ေတာ့ အခုဆို
အျပင္မွာျမင္လဲမွတ္မိမွာေတာင္မဟုတ္ပါဘူး"

"Hyung ေဂဟာကို မသြားလို႔မရဘူးလားဟင္...
မသြားပါနဲ႕ေနာ္"

"Jiminရယ္ ... Hyungက အဲ့ဒီကိုသြားခ်င္လို႔
ျပန္လာတာေလ။ ဖိုးဖိုးမႀကိဳက္တဲ့ၾကားက ခိုးၿပီး
ျပန္လာရတာ...ဟိုကိုျပန္ေရာက္ရင္လဲ ဖိုးဖိုးဆီ
က ဘယ္ေလာက္အဆူခံရဦးမလဲမသိဘူး"

"ဟင့္... သူစာေမးပြဲရွိေနေသးလို႔ပါ၊ သူစာေမးပြဲ
ေျဖခါနီးကို စိတ္မဆင္းရဲေစခ်င္လို႔ပါ။ သူ႕စာေမး
ပြဲ ၿပီးရင္ကြၽန္ေတာ္အကုန္လုံးကိုအမွန္အတိုင္းဝန္ခံဖို႔စဥ္းစားထားၿပီးသားပါ။ သူကေလ..သူက
ကြၽန္ေတာ္ထင္ထားတာထက္ စိတ္ေပ်ာ့တဲ့သူမို႔
လို႔ ကြၽန္ေတာ့္ေၾကာင့္ စိတ္မဆင္းရဲေစခ်င္လို႔ပါ"

တစ္သက္လုံးက တစ္အိမ္လုံးအေပၚ ဗိုလ္က်လာ
တဲ့ကေလးက Jeon Jungkookအေပၚကိုေတာ့
ေတာ္ေတာ္သံေယာဇဥ္ႀကီးတဲ့ပုံပါပဲ၊

"Hyungတို႔ႏွစ္ေယာက္လုံး အဆင္ေျပေအာင္
လုပ္လို႔ရတာတစ္ခုေတာ့ရွိတယ္"

ဒီနည္းလမ္းက သူကိုယ္တိုင္ပါ လူမိုက္အားေပး
ျဖစ္ေနမလား မေသခ်ာေပမဲ့ သူ Jiminကို ကူညီ
ခ်င္တယ္။ သူ႕ညီေလးဆီက အစ္ကိုတစ္ေယာက္
အေနနဲ႕ အသိအမွတ္ျပဳခံရတာမ်ိဳးကိုလဲ လိုခ်င္
တယ္။ အခုဆို သူက Yoongi Hyungရဲ႕ေနရာကို
ေရာက္သြားသလိုပဲခံစားေနရတယ္။

"Hyung ေဂဟာကိုေတာ့သြားမယ္။ အသည္း
ေလး အေနနဲ႕ေတာ့မဟုတ္ဘူး"

"ဘယ္လို"

Jiminရဲ႕လက္ထဲကို လက္ပတ္ႀကိဳးေလးျပန္ထည့္ေပးလိုက္ကာ

"ငယ္ငယ္တုန္းက Hyungကိုေစာင့္ေရွာက္ေပး
ခဲ့တဲ့ ေက်းဇူးရွင္ကို တစ္ခါေလာက္ေတာ့ျပန္ေတြ႕ခ်င္တယ္ေလ။ ေမေမ့ကိုေရာပဲ။ဒီအတိုင္း
Kim SeokJinအေနနဲ႕သြားမွာပါ။ အဲ့ဒီေတာ့
အရမ္းစိတ္မပူနဲ႕"

"Hyung တကယ္ေျပာတာလား"

"အင္း... Jimin က Hyungအေရွ႕မွာေတာင္ အခု
လိုျဖစ္ေနတယ္ဆိုေတာ့ အရမ္းခက္ခဲေနတယ္
မလား။ အဲ့ဒီအစားHyungကို ကတိတစ္ခုေပး"

"အင္း ..ေပးမယ္။ ကြၽန္ေတာ္ဘာျပန္လုပ္ေပးရ
မလဲ"

" Jiminက တကယ့္အသည္းေလးမဟုတ္ဘူးဆို
တာက ေျပာင္းလဲလို႔မရတဲ့အမွန္တရားပဲေလ"

"ကြၽန္ေတာ္သိတယ္"

စကားကိုေတာင္ ဆုံးေအာင္နားမေထာင္ဘဲ ခပ္
ဆတ္ဆတ္ေလသံေလးနဲ႕ဝင္ေျပာတဲ့ Jiminအ ေနနဲ႕ ခံျပင္းေနမယ္ဆိုတာကို သူရိပ္မိေပမဲ့
ဒါက လက္မခံခ်င္လဲ လက္ခံရမဲ့ အမွန္တရားပဲ မဟုတ္လား။

"Jimin ဘယ္အခ်ိန္ထိ ဖုံးကြယ္ထားနိုင္မယ္ထင္
လို႔လဲ..ဒီတစ္ႀကိမ္ေတာ့ Hyung အသည္းေလးအေနနဲ႕ေဂဟာကိုမသြားေတာ့ဘူး။ ေနာက္တစ္ခါက်ရင္ေတာ့ Hyungလဲ Jiminကို လိုက္ေလ်ာ
ေပးနိုင္မယ္မထင္ဘူးေလ။ အဲ့ဒီေတာ့ Jeon
Jungkookကို အျမန္ဆုံးဖြင့္ေျပာပါ့မယ္လို႔ Hyungကိုကတိေပး...သူစာေမးပြဲၿပီးသြားတဲ့အခ်ိန္က်ရင္ေပါ့"

"အင္း..ကြၽန္ေတာ္ေျပာမွာပါ၊ ကြၽန္ေတာ္အရမ္း
ပင္ပန္းေနၿပီမို႔လို႔"

"သူ အရမ္းခံစားရမယ္ထင္တယ္... Jiminလုပ္ရပ္ေတြ အရမ္းမွားတယ္သိလား"

"ကြၽန္ေတာ္ကတိေပးတယ္။ ကတိတည္မွာမို႔လို႔
Hyungက အသည္းေလးဆိုတာကို ေဂဟာက
ေမေမႀကီးသိသြားလို႔မျဖစ္ဘူးေနာ္"

"အင္းပါ"

"Hyung သြားမယ္ဆို သြားေတာ့ေလ။ ကြၽန္ေတာ္
နားခ်င္ၿပီ"

"Jeon Jungkook ေလ"

SeokJin ႏႈတ္ဖ်ားက Jungkookဆိုတဲ့ နာမည္
ေလး ထြက္က်လာသည္ႏွင့္ Jiminမ်က္ႏွာေလး
ျပန္ၿပီးမွိုင္က်သြားသည္။

"အင္း..."

"သူအဆင္ေျပရဲ႕လား။ ေနေရာေကာင္းရဲ႕လား
ဟင္.."

"Hyungက ဘာလုပ္မလို႔လဲ"

"ဒီအတိုင္းသိခ်င္႐ုံပါ"

သူ႕မွတ္ဉာဏ္ထဲမွာ ဝိုးတဝါးပဲ ပုံေဖာ္လို႔ရေတာ့
တယ္ဆိုေပမဲ့ ဘယ္သူမွမရွိတဲ့ ေထာင့္ေလးထဲ
သြားၿပီးေတာ့ ထိုင္ငိုေနတတ္တဲ့ အစ္ကိုက အခု
ေရာ တစ္ေယာက္ထဲ ႀကိတ္ၿပီးဝမ္းနည္းေနတတ္
တုန္းပဲလား။ေမတၱာရိပ္ၿမဳံေဂဟာရယ္၊ေမေမႀကီး
ရယ္၊ ဝမ္းနည္းတတ္တဲ့အစ္ကိုတစ္ေယာက္ရယ္
ဆိုတာက သူ႕မွတ္ဉာဏ္ထဲမွာ တစ္တြဲထဲက်န္
ရွိေနတဲ့ အစုအဖြဲ႕ေလးမဟုတ္လား။

"Hyung နဲ႕သူ တစ္ခါဆုံဖူးၾကပါတယ္။ ေဆး႐ုံ
ေရွ႕က ကားမွတ္တိုင္မွာ"

"ကားမွတ္တိုင္မွာ?"

႐ုတ္တရက္​ ေခါင္းထဲေရာက္လာသည္က ေဒါက္ တာမိတ္ဆက္ေပးခဲ့တဲ့ ခပ္ေခ်ာေခ်ာအစ္ကို Jeon Jungkook...ဒါဆို နာမည္တူေနတယ္ထင္တဲ့ Jungkookက တကယ္ပဲ ေမတၱာရိပ္ၿမဳံ
ေဂဟာက အစ္ကိုျဖစ္ေနခဲ့တာလား။

ကံၾကမၼာက တကယ္အံ့ၾသဖို႔ေကာင္းလိုက္တာ။

"ဒါဆို သူလဲ ဆရာဝန္ျဖစ္ေနၿပီေပါ့ေနာ္"

"အင္း"

"ေတာ္ေသးတာေပါ့ ဝမ္းသာစရာသတင္းလဲ
ရွိေနေသးလို႔....တကယ္ ဆရာဝန္ျဖစ္လာတာပဲ..ေဆးေသာက္ၿပီး အိပ္လိုက္ဦးJiminကို ၾကည့္
ရတာ အားနည္းေနတဲ့ပုံပဲ"

"အင္း"

"ဒါဆို Hyung သြားေတာ့မယ္ေနာ္"

"Hyung ကတိတည္မွရမယ္ေနာ္"

"ေအးပါ။ တကယ္ကတိတည္မွာပါ"

******************************************
"ဟူး"

ကားေပၚျပန္တက္လာၿပီးသက္ျပင္းခ်လိဳက္သည့္
SeokJin ေၾကာင့္ NamJoonက အထူးအဆန္း
သဖြယ္ လွည့္ၾကည့္ကာ-

"အသည္းေလးေတာင္ သက္ျပင္းေတြခ်ေနတယ္
ဆို​ေတာ့ ညီေလးဘာျဖစ္လို႔လဲ"

"ဘာမွေတာ့မျဖစ္ပါဘူး"

"ဘာလို႔လဲ ... ေျပာျပလို႔ရရင္ ေျပာျပေလ"

သူ႕လက္ကေလးကိုလွမ္းကိုင္ရင္းႏွင့္ ေမးလာတဲ့
ေဒါက္တာ့ကိုေတာ့ သူအျဖစ္မွန္ေတြေျပာျပထား
ခ်င္တယ္။ ဒါေပမဲ့ ေဒါက္တာကလဲ Jeon
Jungkookနဲ႕ဆက္စပ္ေနတာဆိုေတာ့ ေျပာျပဖို႔
ကလဲ မလြယ္ျပန္ဘူး။ ၿပီးေတာ့ ေဒါက္တာ့စိတ္ထဲမွာ Jiminအေပၚ မေကာင္းျမင္သြားမွာကိုလဲ
စိတ္ပူတယ္။

ေဒါက္တာကေတာ့ SeokJinအလိုက် ဒီကိစၥကို
ဖုံးကြယ္ထားေပးပါ ဆိုလွ်င္လည္း သူတတ္နိုင္
သေလာက္ ဖုံးကြယ္ထားေပးမွာဆိုေပမဲ့ ဒီအရႈပ္
အေထြးထဲထိေတာ့ ေဒါက္တာ့ကို ဆြဲမထည့္ခ်င္
ေတာ့ဘူးေလ။

"ေနာက္မွ ေျပာျပမယ္ေလ...ေနာ္။ ေလာေလာ
ဆယ္ေတာ့ ကြၽန္ေတာ့္ကို အသည္းေလးလို႔ေခၚ
ၿပီး စမေနနဲ႕ဦး"

သူကပဲ သူ႕ခ်စ္သူနဲ႕ပတ္သက္ရင္ အကဲဆတ္ေနမိ
တာလားမသိဘူး။ ပထမတစ္ေခါက္ေရာက္လာ
တုန္းက တက္ႂကြေနခဲ့သေလာက္အခုတစ္ေခါက္
က်ေတာ့ ခပ္မွိုင္မွိုင္ျဖစ္ေနတဲ့ SeokJinရဲ႕ပုံစံ
ေၾကာင့္ အိမ္မွာဘာမ်ားျဖစ္ခဲ့လဲ ေမးၾကည့္ခ်င္
ေပမဲ့ သူ႕ေမးခြန္းေၾကာင့္ SeokJin စိတ္ထပ္ရႈပ္
သြားမွာကိုလဲ မလိုခ်င္ျပန္ဘူးေလ။

"မင္းမ်က္ႏွာမေကာင္းေတာ့ ကိုယ္စိတ္ပူလို႔ပါ"

"ဟိုေလ.. ေမေမႀကီးက ကြၽန္ေတာ့္ကို မမွတ္မိ
တာတို႔ ဘာတို႔ဆို ကြၽန္ေတာ္အရမ္းခံစားရမယ္
ထင္တယ္။ အဲ့ဒါေၾကာင့္ ဒီတစ္ေခါက္ေတာ့တျခားလူအေနနဲ႕ပဲ ေဂဟာကိုသြားရေအာင္ေနာ္။
ေနာက္တစ္ခါက်မွပဲ..."

"ဟိုရက္ေတြကပဲ ေမေမႀကီးဘယ္လိုျဖစ္သြားမလဲ အရမ္းသိခ်င္တာပဲဆို ... "

"အဲ့ဒါကေလ..."

"အင္းပါ... ေနာက္က်ရင္ေျပာျပမယ္မလား။အခု
ေတာ့ တျခားလူအေနနဲ႕ပဲ သြားရေအာင္"

"ဘာလဲ စိတ္ဆိုးသြားတာလား"

"စိတ္ဆိုးစရာလားကြာ"

သူတို႔ႏွစ္ေယာက္ ေဂဟာကိုေရာက္သြားၾကတဲ့
အခ်ိန္မွာ ည ၉ နာရီေက်ာ္ေနၿပီျဖစ္သည္။ေဒါက္
တာရဲ႕ ကားေလးေဂဟာၿခံဝင္းထဲကို ခ်ိဳးေကြ႕
လိုက္သည္ႏွင့္ SeokJinရဲ႕ ရင္ခုန္ႏႈန္းကလဲ ျမင့္
တက္လာသည္။

တစ္ဖက္မွာရွိတဲ့ ေတာင္ကုန္းေလးေပၚက ဘုရားေက်ာင္းရဲ႕မီးေရာင္မွိန္ျပျပေလးကို လွမ္းေတြ႕လိုက္ေတာ့ သူ႕စိတ္ထဲတမ်ိဳးေႏြးေထြးသြားသည္။
အခ်ိန္အေတာ္ၾကာရည္မွန္းထားသည့္ ပန္းတိုင္
တစ္ခုဆီ ေရာက္ရွိသြားသလိုခံစားခ်က္ေၾကာင့္
ေပ်ာ္႐ႊင္ေနမိသည္။

ေဂဟာၿခံဝင္းတစ္ခုလုံးက တိတ္ဆိတ္ေနကာ
အေဆာင္ေတြရဲ႕ တံခါးေတြလဲ ပိတ္ထားၿပီျဖစ္
သည္။ကားေပၚကေနဆင္းၿပီးေပမဲ့ အထဲကိုဘယ္
လိုေအာ္ေခၚရမွန္းမသိတာမို႔ အခက္ေတြ႕ေနပုံရ
တဲ့ SeokJinရဲ႕ ေခါင္းကိုတစ္ခ်က္ပုတ္ကာ Nam
Joonကပဲ အထဲကို ေအာ္ေခၚလိုက္သည္။

"အိမ္ရွင္တို႔.... အိမ္ရွင္တို႔"

သူေခၚတာကလဲ ကို႔ရို႔ကားယားျဖစ္ေနတာပါပဲ။

အေဆာင္တံခါးတစ္ခုက ပြင့္လာၿပီးေနာက္ အသက္ ၄၀ေလာက္ရွိမည့္ အမ်ိဳးသမီးတစ္ဦး
ထြက္လာကာ-

"ဘယ္သူေတြလဲ... "

"ဟို ကြၽန္ေတာ္တို႔က ဆိုးလ္ကလာတာပါ။ ဒီ
ေဂဟာမွာ အလႉေငြထည့္ခ်င္လို႔လာခဲ့ၾကတာ"

"ေအာ္..မိုးေတာင္ ေတာ္ေတာ္ခ်ဳပ္ေနၿပီ.... အထဲဝင္ၾကပါဦး"

ထိုအမ်ိဳးသမီးက သူတို႔ႏွစ္ေယာက္ကို အကဲခတ္
သလို ၾကည့္ၿပီးေနာက္ အေဆာင္ထဲဝင္ဖို႔ ဖိတ္
ေခၚသည္။႐ုံးခန္းလို႔ ထင္ရတဲ့အခန္းတစ္ခုဆီသို႔
ေခၚသြားကာ သူတို႔ႏွစ္ေယာက္ကို ခဏထိုင္ေစ
သည္။တန္ဖိုးႀကီးပစၥည္းေတြ မရွိေစကာမူ ႐ုံးခန္း
ေလးက သပ္သပ္ရပ္ရပ္ေလး တည္ရွိေနသည္။

SeokJinကေတာ့ ထို႐ုံးခန္းေလးတစ္ခုလုံးကို
အေသအခ်ာ လိုက္ၾကည့္ေနမိသည္။

"ဒီမွာ ခဏထိုင္ၾကဦးေနာ္... ဆရာမကို သြားေခၚ
လိုက္ဦးမယ္"

"ဟုတ္ကဲ့"

႐ုံးခန္းနံရံမွာ ခ်ိတ္ဆြဲထားသည့္ ဓာတ္ပုံေလး
မ်ားကို လိုက္ၾကည့္ေနရင္းမွ

"ေဒါက္တာ ...ေဒါက္တာ"

NamJoonကို အားရဝမ္းသာလွမ္းေခၚေနသည္မို႔
သူမတ္တပ္ရပ္ေနရာသို႔ ထသြားၾကည့္လိုက္ေတာ့ ဓာတ္ပုံမွန္ေဘာင္ေလးတစ္ခုကို လက္ညွိုး
ထိုးျပကာ-

"ဒီမွာဘယ္သူလဲ ၾကည့္လိုက္"

ကေလးအုပ္စုထဲမွ ကစားစရာနားၾကပ္ေလးတပ္
ထားသည့္ ကေလးငယ္ေလးကို လက္ညွိုးထိုးျပ
ကာ NamJoonကို ေမးလာခဲ့သည္မို႔

"အသည္းေလးမလား...ငယ္ငယ္ထဲက ခ်စ္ဖို႔
ေကာင္းတာပဲ"

NamJoonက ဓာတ္ပုံထဲက အသည္းေလးရဲ႕
ပုံရိပ္ေလးကို ခပ္ဖြဖြတို႔ထိၾကည့္ကာ စိတ္မ
ေကာင္းျဖစ္သည့္ပုံႏွင့္ေျပာလာသည္။သူ႕ေကာင္
ေလးရဲ႕ ကေလးဘဝက အတက္အက်ေတြ မ်ား
ခဲ့လိုက္တာ။

ထိုစဥ္ အခန္းထဲသို႔ ေမေမႀကီးတို႔ဝင္လာၾက
သည္မို႔ ထိုင္ခုံေနရာဆီ ျမန္ျမန္ျပန္သြားလိုက္
ၾကသည္။

စိတ္ကူးယဥ္ျမင္ေယာင္ၾကည့္ခဲ့မိသည့္ အေတြး
ထဲက ဝိုးတဝါးပုံရိပ္ေလးက ၾကည္လင္ထင္ရွား လာသလိုရွိၿပီးတဲ့ေနာက္မွာေတာ့ SeokJinရဲ႕ မ်က္ႏွာေလး တျဖည္းျဖည္းၿပဳံးေယာင္သန္းလာသည္။ေမေမႀကီးမွတ္မိသည္ျဖစ္ေစ မွတ္မိသည္ျဖစ္ေစ ေတြ႕တာနဲ႕ သူကေတာ့ေပးဖက္ပစ္လိုက္
မည္ဟု ေတြးထားခဲ့ေပမဲ့Jiminဆိုသည့္ ေကာင္
ဆိုးေလးေၾကာင့္ သူ႕ဆႏၵကိုခ်ိဳးႏွိမ္လိုက္ရင္း မတ္
တပ္ရပ္ကာ အရိုအေသေပးလိုက္သည္။

ေနာက္တစ္ေခါက္က်မွ အသည္းေလးအေနနဲ႕
ထပ္လာခဲ့ပါမယ္ ေမေမႀကီး..။

"ထိုင္ပါ... ထိုင္ပါ။ ဆိုးလ္ကေနလာၾကတာဆို"

"ဟုတ္ပါတယ္"

"ဒီ႐ြာထဲမွာက တည္းခိုခန္းေတြဘာေတြလဲ မရွိ
ဘူးဆိုေတာ့ ညတြင္းခ်င္းျပန္ဖို႔ကလဲမလြယ္ဘူး
ေနာ္"

"ဟုတ္...ဒီမွာပဲ တစ္ညေလာက္ေနလို႔မရဘူး
လားဟင္"

"ေအာ္...ဒီမွာေနလို႔ကရပါတယ္။မေနတတ္ၾက
မွာစိုးလို႔ပါ"

"ေနတတ္ပါတယ္..."

"ဒီအထိေတာင္ တကူးတကလာၿပီးလႉဒါန္းေပး
တာေက်းဇူးတင္ပါတယ္ကြယ္"

"သားတို႔က လာလႉခ်င္တာၾကာပါၿပီ။ အလုပ္
ေတြမအားၾကလို႔ပါ"

ေမေမႀကီးက မ်က္မွန္ေလးကိုပင့္တင္ရင္း သူတို႔
ကိုျပန္ေပးဖို႔ ဂုဏ္ျပဳမွတ္တမ္းလႊာေလးတစ္ခုကို
အံဆြဲထဲကေန ရွာယူေနသည္။

"ေကာင္ေလးတို႔ နာမည္ေတြက"

"Kim NamJoonနဲ႕ Kim SeokJinပါ...ကားထဲ
မွာ ဒီက ကေလးေတြအတြက္ ေဆးပစၥည္းေတြ
နဲ႕ တျခားအသုံးအေဆာင္ေလးေတြပါလာေသး
တာ မနက္က်မွပဲ ထုတ္လိုက္ေတာ့မယ္ေနာ္"

"ေအာ္...ရပါတယ္ ရပါတယ္"

ေမေမႀကီးက SeokJinရဲ႕ မ်က္ႏွာကို ခပ္ၿပဳံးၿပဳံး
ႏွင့္ စိုက္ၾကည့္ၿပီး ဆိုလာျပန္သည္မို႔ SeokJin
က မေနတတ္သလို ေခါင္းေလးငုံ႕သြားသည္။

"ညစာေရာ စားၿပီးၾကရဲ႕လား"

"အဟဲ...မစားရေသးဘူး။ဒီကိုေရာက္တာ အရမ္း
ေနာက္က်သြားမွာစိုးလို႔ လမ္းမွာမစားခဲ့ေတာ့
တာ"

"ထမင္းေတာင္ က်န္ေသးရဲ႕လားမသိဘူး..
ဆရာမငယ္နဲ႕ ထမင္းစားခန္းထဲလိုက္သြားလိုက္
ၾကေနာ္။ ဆရာမငယ္ စီစဥ္ေပးလိမ့္မယ္"

"ဟုတ္"

"ၿပီးရင္ နားလိုက္ၾကေတာ့ေလ။ ေရခ်ိဳးခ်င္ရင္
ေတာ့ အေနာက္ဘက္မွာ အုတ္ကန္ရွိတယ္။
အဲ့မွာသြားခ်ိဳးၾကေနာ္ ။ ၿပီးရင္အိပ္ရမယ့္အခန္း
လဲ ျပေပးလိမ့္မယ္"

"ဟုတ္..."

"ေကာင္ေလးေတြ လာၾက"

ခ်မ္းေအးလြန္းတဲ့ ညမိုးခ်ဳပ္ႀကီးမွာေရခ်ိဳးဖို႔က
ေတာ့ မျဖစ္နိုင္တာမို႔ သူတို႔ႏွစ္ေယာက္ေျခလက္
ေဆး႐ုံေလး ကိုယ္လက္သန႔္စင္လိုက္ၾကသည္။

"ေဟး...ေဒါက္တာ့ကို ေရနဲ႕ပက္မယ္ေဟး.."

အေဆာင္နဲ႕အုတ္ကန္ရွိတဲ့ေနရာက အနည္းငယ္
အလွမ္းေဝးေသာ္လည္း တေဟးေဟးေအာ္ၿပီး
NamJoon ဆီ ေရေတြလွမ္းပက္ေနသည့္ ေကာင္ေလးေၾကာင့္ တိုးတိုးေနဖို႔သတိေပးရသည္။

"တိုးတိုးလုပ္ေလ... ဟိုမွာ ကေလးေတြအိပ္ေန
ၿပီ... နိုးကုန္လို႔ ကေလးဝိုင္းထိန္းေနရဦးမယ္"

"မသိဘူး.. ပက္မွာပဲ ..ပက္မွာပဲ"

ေျပာမရ ဆိုမရတဲ့ SeokJin ေၾကာင့္ NamJoon
တစ္ကိုယ္လုံးလဲ ႐ြဲစိုကုန္ၿပီ။ဒါနဲ႕ သူ႕ကို တစ္ခ်က္
ျပန္ပက္ေတာ့မွ စိတ္ေကာက္ၿပီး အထဲဝင္သြား
ေလေတာ့သည္။

အဝတ္အစားလဲၿပီးတဲ့ေနာက္မွာေတာ့ ဆရာမ
ငယ္ျပင္ဆင္ေပးထားတဲ့ ထမင္းပြဲကို အတူ
စားၾကသည္။

"ေကာင္ေလးေတြ.. ဒီမွာလာစားၾက.. ဟင္းေတြ သိပ္မက်န္ေတာ့လို႔ ေခါက္ဆြဲျပဳတ္နဲ႕ကင္မ္ခ်ီ ထမင္းေၾကာ္ေလး လုပ္ေပးထားတယ္။အဆင္ေျပ ရဲ႕လား မသိဘူး"

"ဟုတ္ကဲ့ အဆင္ေျပပါတယ္"

"ၿပီးရင္ ခုနက ႐ုံးခန္းနဲ႕ မ်က္ႏွာခ်င္းဆိုင္အခန္း
ထဲ ဝင္အိပ္ၾကေနာ္"

"ဟုတ္...ေက်းဇူးတင္ပါတယ္"

ထမင္းစားေသာက္ၿပီးလို႔ ဆရာမငယ္ေျပာတဲ့
အခန္းထဲမွာ ဝင္အိပ္ၾကသည့္အခါ SeokJin
တစ္ေယာက္ကေတာ့

"ဟိ... ငယ္ငယ္က ေနခဲ့တဲ့ ေဂဟာမွာေဒါက္တာ နဲ႕အတူတူလာဖက္အိပ္ေနရမယ္လို႔ ေတြးေတာင္
မေတြးမိဘူး"

ဒီေကာင္ေလး ေျပာလိုက္ရင္ေတာ့ တုတ္ထိုးအိုး
ေပါက္ေတြခ်ည္းပဲ။

"ၿငိမ္ၿငိမ္အိပ္ေလကြာ"

ဆရာမငယ္က အိပ္ရာ ႏွစ္ခုျပင္ဆင္ထားခဲ့ေပ
မဲ့ SeokJinကေတာ့ သူ႕ဘက္က အိပ္ရာခင္းကို
NamJoonရဲ႕ ေဘးသို႔ဆြဲခင္းလိုက္သည္။

"မနက္ကေျပာေတာ့ popoေတြအမ်ားႀကီးေပးဆို"

ေက်ာက္႐ုပ္တစ္႐ုပ္လို ေတာင့္ေတာင့္ႀကီးအိပ္
ေနတဲ့ NamJoonရဲ႕ ခႏၶာကိုယ္ကို ဖက္ေခါင္းအုံး
တစ္လုံးလို အားရပါးရလွမ္းခြလိုက္ေတာ့အတင္း အၾကပ္ မွိတ္ထားသည့္ NamJoonရဲ႕မ်က္လုံးတို႔
ျပဴးက်ယ္လာကာ-

"popoလဲမနက္က်မွ ေပးေတာ့ေနာ္။ အခုေတာ့
ၿငိမ္ၿငိမ္ေလးအိပ္ရေအာင္"

"အမေလး ဘာေတြေလွ်ာက္ေတြးေနတာလဲ။
ဒီက ရိုးရိုးသားသား popoပဲေပးမွာ။ ဒီလိုေလး
ပဲ"

မြခနဲ အသံျမည္ေအာင္ NamJoonရဲ႕ ႏႈတ္ခမ္း
ဆီ တစ္ခ်က္လွမ္းနမ္းၿပီးေတာ့ NamJoonရဲ႕
လက္ေမာင္းကို ေခါင္းအုံးၿပီး အိပ္ေပ်ာ္သြားေလ
ေတာ့သည္။ ေျပာေတာ့ popoေတြအမ်ားႀကီး
ေပးမယ္ဆိုၿပီး အခုက်ေတာ့ တစ္ခါထဲပါလား။

ေနာက္တစ္ရက္က်ေတာ့ ေဆးပစၥည္းေတြထပ္
လႉခဲ့ၿပီးေတာ့ ေမေမႀကီးႏွင့္ဆရာမငယ္တို႔ကို
ႏႈတ္ဆက္ၿပီး ေဂဟာကေန ျပန္ခဲ့ၾကသည္။

တစ္ပတ္ေလာက္ေနမယ္ ရည္႐ြယ္ထားခဲ့ေပမဲ့ အသည္းေလးမဟုတ္တဲ့သူအေနနဲ႕က်ေတာ့ အၾကာႀကီးေနဖို႔ အေၾကာင္းျပခ်က္ေကာင္းေကာင္း
မရွိဘူးမဟုတ္လား။ေဂဟာကေန ထြက္လာၿပီး
ေနာက္ SeokJinရဲ႕ ေမေမရွိရာဆီသို႔ သြားၾက
သည္။

ဆရာမႀကီးလဲ အၿမဲတမ္းလာနိုင္ဖို႔မေသခ်ာေပမဲ့
သူ႕ေမေမရဲ႕ ေနရာေလးက ထင္ထားတာထက္
ရွင္းသန႔္ေနၿပီးေတာ့ ညွိုးႏြမ္းစျပဳေနတဲ့ ပန္း
စည္းေလးတစ္စည္းလဲ ရွိေနျပန္တယ္။Jiminလဲ
ဒီေနရာကို ေရာက္လာခဲ့ေသးတာလား။

"တစ္ေယာက္ေယာက္လာသြားတဲ့ပုံပဲေနာ္"

"ဟုတ္ပါရဲ႕။ ဘယ္သူမ်ားလဲ မသိဘူးေနာ္"

စိတ္ရႈပ္ေထြးစရာေတြ ေခါင္းထဲမထည့္ထားဘဲ
လြတ္လြတ္လပ္လပ္ေနတတ္ပုံရတဲ့ SeokJinရဲ႕
မ်က္ႏွာေပၚမွာ ဝမ္းနည္းမႈအရိပ္အ​ေယာင္တခ်ိဳ႕
ေတြ႕ရသည္မို႔ NamJoonက သူ႕ေကာင္ေလးရဲ႕
ေက်ာျပင္ေလးကို အသာအယာပြတ္သပ္ေပး
မိသည္။

"သနားဖို႔ေကာင္းတယ္ေနာ္...ဒီလိုေနရာေလး
မွာ တစ္ေယာက္ထဲအၾကာႀကီးေနေနရတာ"

ယူလာခဲ့သည့္ ပန္းစည္းေလးကို ျမက္ခင္းစိမ္း
ေျမကမူေလးေပၚတင္ရင္း သူတို႔ႏွစ္ေယာက္
အခ်ိန္အေတာ္ၾကာေအာင္ထိုင္ေနမိၾကသည္။
ထိုေန႕က NamJoon တစ္ခါမွ မျမင္ဖူးခဲ့သည့္
SeokJinရဲ႕ ဝမ္းနည္းေၾကကြဲမႈေတြစြန္းထင္းေန
တဲ့ ပုံရိပ္ေလးကိုလဲ ျမင္ေတြ႕ခြင့္ရခဲ့သည္။

******************************************

"Hyung"

"ဟင္"

"ဒါ ေမေမႀကီး ကြၽန္ေတာ့္ကိုေမြးေန႕လက္ေဆာင္
ေပးထားတာ"

Jiminေပးသည့္ ပန္းႏုေရာင္ မာဖလာေလးကို
ယူလိုက္ကာ ေက်းဇူးတင္ေၾကာင္း ေျပာမိသည္။

"က်န္းမာေရးဂ႐ုစိုက္ေနာ္"

"ဟုတ္"

"ဖိုးဖိုးဆီလဲ ဆက္သြယ္လိုက္ပါဦး။ Jiminကို
လြမ္းေနတာ"

"ဟုတ္"

"ဒါဆို Hyung သြားေတာ့မယ္ေနာ္..."

Jiminကို ႏႈတ္ဆက္ၿပီးေနာက္ SeokJinရဲ႕အိမ္ အျပန္လမ္းခရီးကို စတင္လိုက္သည္။Jiminက
ေတာ့ အိမ္ေရွ႕ ဝရံတာအေသးေလးထဲမွာ ေကာ္
ဖီတစ္ခြက္ေသာက္ရင္း က်န္ရစ္ခဲ့ေလသည္။

"အခ်ိန္ကလဲ ကုန္တာျမန္လိုက္တာ"

"ဟုတ္ပါ့ေနာ္"

လြန္ခဲ့တဲ့တစ္လတုန္းက ဒီေလဆိပ္ထဲမွာ ရင္
ခုန္စိတ္လႈပ္ရွားစြာနဲ႕ ႏွစ္ေယာက္ဆုံဆည္းခဲ့ၾက
ေပမဲ့ အခုေတာ့ SeokJinကို ခဏႏႈတ္ဆက္ရဦး
မည္။ မခြဲခ်င္ေပမဲ့လဲ ခြဲရေပဦးမည္။

"ပါးခ်ိဳင့္ပါတဲ့လူေတြကို ခ်စ္ဖို႔ေကာင္းတယ္ဆို
ၿပီး ေလွ်ာက္နမ္းေနလို႔ေတာ့မျဖစ္ဘူးေနာ္"

"ခင္ဗ်ား.. ကြၽန္ေတာ့္ကို ေန႕တိုင္းသတိရေနဦး
ေနာ္။ ေကာင္မေလးေတြပဲ လိုက္ၾကည့္မေနနဲ႕"

"ဆိုးလ္ကေကာင္မေလးေတြက မင္းေလာက္မွ
မလွတာ"

အမွန္ေတာ့ NamJoonကပဲ SeokJinကို အမ်ား
ႀကီးစိတ္ပူေနရတာမလား။ ၈ႏွစ္ဆိုတဲ့ အသက္
အ႐ြယ္ကြာျခားခ်က္အျပင္ SeokJinကိုယ္တိုင္
က ကေလးတစ္ေယာက္လို ႏုႏုငယ္ငယ္ႏွင့္
ေနပုံထိုင္ပုံကအစ ျမတ္နိုးစရာေကာင္းလြန္းလို႔
ျဖစ္နိုင္ရင္ သူ႕မ်က္စိေရွ႕မွာပဲ ရွိေနေစခ်င္တာ။

"ေက်းဇူးတင္ပါတယ္"

"ဘာအတြက္လဲ"

"အကုန္လုံးအတြက္ပဲ"

"အမ်ားႀကီးလြမ္းေနရမယ္ထင္တယ္..."

"လြမ္းေနေပါ့... ဘာလဲ ခင္ဗ်ားက လြမ္းေတာင္
မလြမ္းခ်င္ေတာ့ဘူးေပါ့ေလ"

"မဟုတ္ပါဘူးကြာ"

"ေနာက္တစ္ခါက်ရင္ ဖိုးဖိုးဆီေခၚသြားမယ္။
အဲ့က် အတူတူအဆူခံဖို႔လဲ ျပင္ဆင္ထားဦး"

"အင္းပါ"

"သြားေတာ့မယ္။ ခင္ဗ်ားလဲ ျပန္ေတာ့"

ေက်ာခိုင္းသြားတဲ့ ေကာင္ေလးရဲ႕ေက်ာျပင္ေလး
ကိုေငးၾကည့္ရင္း NamJoonတစ္ေယာက္မရည္
႐ြယ္ထားသည့္ ကိစၥတစ္ခုကို ျပဳလုပ္မိသည္။

"KIM SEOKJIN ... မင္းကို အရမ္းခ်စ္တယ္သိလား"

ဟိန္းခနဲ ထြက္လာတဲ့ NamJoonရဲ႕ စကားသံ
အဆုံးမွာ SeokJinတစ္ေယာက္ NamJoon
ရင္ခြင္ထဲျပန္ေရာက္လာသည္။ထို႔ေနာက္ ေဘး
လူေတြကို သတိမမူမိေအာင္ပဲ အနမ္းေတြဖလွယ္
မိၾကသည္။

မင္းနဲ႕ခြဲခြာရတာ ခက္ခဲလိုက္တာSeokJinရယ္..။
ဒီမွာရွိေနတဲ့အခ်ိန္အတြင္းမွာ မင္းရဲ႕ေပ်ာ္႐ႊင္မႈ
ကိုေရာ ဝမ္းနည္းမႈေတြကိုပါ ျပသေပးခဲ့လို႔တကယ္ေက်းဇူးတင္ပါတယ္။ ကိုယ့္ကိုယုံၾကည္
ေပးခဲ့တဲ့အတြက္ေရာေပါ့...။

15.6.2020

*************************************

updateေနာက္က်သြားလို႔ ေတာင္းပန္ပါတယ္။
အပိုင္း ၁၄တုန္းကေလ ျပင္မယ္ဆိုၿပီးလုပ္ထားတဲ့ေနရာေလးကို ျပန္စစ္တဲ့အခ်ိန္မွာ မေတြ႕လိုက္ေတာ့လို႔ ဒီအတိုင္းတင္လိုက္တာ.... အဲ့ေနရာေလးကို သတိထားမိၾကၿပီး comment ေရးၾကေတာ့ တကယ္အားနာမိတယ္။ ေသခ်ာေလးဖတ္ေပးၾကလို႔ ေက်းဇူးအမ်ားႀကီး တင္ပါတယ္ေနာ္။ဒီည ဒါမွမဟုတ္ မနက္ျဖန္က်ရင္
တစ္ပိုင္း ထပ္တင္ေပးပါ့မယ္။ ေရးၿပီးသားရွိ
ေပမဲ့ ဉထားဦးမယ္😜။ ဒါေလးက အေရွ႕အပိုင္း
နဲ႕ အေနာက္အပိုင္းေတြၾကားမွာ လြဲသြားတာမ်ိဳး
ရွိမွာစိုးလို႔ ခ်ိန္ဆၿပီးေရးေနရေတာ့ေလ သိပ္ခရီး
မတြင္တာမို႔ ေစာင့္ေနေပးတဲ့သူေတြကိုလဲ အား
နာပါတယ္။

Voteနဲ႕ Comment ေလးေတြအတြက္ ေက်းဇူး
အမ်ားႀကီးတင္ပါတယ္🐰🐥

____________________________________
____________________________________

Continuar a ler

Também vai Gostar

6.5K 358 7
Kook ချစ်တဲ့လူကငါဘဲ ဖြစ်ရမယ်💔
287K 6.6K 20
[CMPLTD] "Cheating is a choice, not a Mistake." Lisa, a simple girl from Thailand who came to Korea to study. Jennie, daughter of one of the richest...
2.2M 113K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
6.3K 143 38
Aira wanted a fresh start maybe a new life. She walked away from her past owing never to be back. A chance meeting with someone whom she never believ...