"ဘာကြောင့်ညာကြောင့် မင်းမပြောနဲ့ Sehun
ဒါလုံးဝ ပုံမှန်မဟုတ်ဘူး ငါ့ကိုမှန်မှန်ပြောစမ်းပါ
မင်းမှာ အခက်အခဲရှိနေလို့လား
တစ်ခုခုဖြစ်နေတာလား...."
ပုံမှန်ဒီအချိန် 🍻🍻🍻
သူတို့နှစ်ယောက်စုံပြီး အရက်သောက်
စကားစမြည်ပြောဖြစ်တာ Siwon အိမ်ရှေ့ခြံထဲမှာပါ
အခုတော့ Singapore ရဲ့ Marina Bay Sands
ဟိုတယ်ရှိ သူ့အခန်း၏ Bar မှာဖြစ်သည်။
hannie နေကောင်းပြီဆိုတာသိသည်နှင့် သူ Japan
သို့ခရီးထွက်လာခဲ့သည်။ နောက်တော့အိမ်မပြန်ချင်သေးသည်မို့အလုပ်ကိစ္စလည်းရှိသည့် Singapore သို့
ဆက်ထွက်လာခဲ့သည်။
Singapore မှာဆိုပေမယ့် သူသားကိုလည်းသွားမတွေ့
ပါ။ Siwon နဲ့တွေ့ဖြစ်တာလည်း မထင်မှတ်ပဲတွေ့ခြင်းဖြစ်သည်။ သူ့လုပ်ငန်းတွေအား အခြားလုပ်ငန်းရှင်တစ်ယောက်
အား ပြန်ရောင်းရန်တွေ့ဆုံစည်းဝေးနေတုန်း အမှတ်မထင်
တွေ့သည်မို့ သူရည်ရွယ်ထားသည့်ကိစ္စများ အထမမြောက်ခင်
Siwon ကိုပြောပြရသည့်အဖြစ်ရောက်သွားခဲ့သည်။
စားရင်းသောက်ရင်း သူလုပ်ငန်းတွေအားလုံးရောင်းပြီး
ထွက်သွားတော့မည့်အကြောင်းပြောတော့ Siwon
မယုံနိုင်စွာ အံ့သြနေ၏ ပြီးတော့လက်မခံနိုင်ဘဲ ခါးခါးသီးသီး
ငြင်း၏ သူကလည်း ဆုံးဖြတ်ပြီးနေပြီ။ ထွက်သွားဖို့လည်း
အားလုံးအဆင်သင့်ဖြစ်နေပြီမို့....
"ဘာမှမဖြစ်ဘူး...ငါ့ဘဝတစ်လျှောက်လုံးဒီအလုပ်ကိုပဲ
နှစ်မြုပ်ပြီးအရမ်းကြိုးစားခဲ့တာ ငါ့ကိုယ်ငါ ဒီအလုပ်ကို
အရမ်းမုန်းနေမိမှန်းတောင်မသိဘူး ငါ့လုပ်ငန်းအားလုံး
သားကိုလွှဲပေးခဲ့ပြီး စိတ်လွတ်ကိုယ်လွတ်နေချင်တယ်
ခြေဦးတည့်ရာလျှောက်သွားချင်တယ်...ပေါ့ပေါ့ပါးပါး
အေးအေးဆေးဆေးပဲနေချင်တော့တယ်"
Siwon သည်သူ့ကိုတအံ့တသြစိုက်ကြည့်ငြိမ်သက်နေပြီး
သူ့စကားဆုံးသည်နှင့် သေချာစွာခေါင်းခါ၏
"မဟုတ်သေးဘူး Sehun တစ်ခုခုတော့တစ်ခုခုပဲ
မင်းကို ငါအသိဆုံးပါ....မင်းဒီလုပ်ငန်းကိုဝါသနာနဲ့
ပျိုးထောင်ခဲ့တာ ဒီနေ့အထိဒီအလုပ်အပေါ်တစ်ခါမှ
မငြီးငြူခဲ့ဖူးဘူး မင်းမှာပြဿနာတစ်ခုခုရှိကိုရှိနေပြီ
အဲ့ဒီပြဿနာကလည်းသေးသေးကွေးကွေးမဖြစ်နိုင်ဘူး
ဘာလဲပြော..ငါမင်းသူငယ်ချင်းပါကွာ
ဘာဖြစ်ဖြစ် ငါကူညီဖြေရှင်းပေးမယ်"
သူ့ကိုတကယ်စိတ်ပူနေသည့် Siwon ကိုကြည့်ပြီး
သူရင်နင့်သွား၏ စကားပြောနေသည့်တစ်လျှောက်လုံး သူ
Siwon မျက်နှာကိုစေ့စေ့မကြည့်ရဲခဲ့ပါ။
Siwon သိရင် သူ့ကိုဘယ်လောက်ရွံရှာမုန်းတီးသွားမလဲ
ဘယ်လောက်တောင်နာကြည်းယူကျုံးမရဖြစ်သွားလိမ့်မလဲ
သူ့ပြဿနာကို ဖြေရှင်းပေးချင်နေသည့်သူ့အချစ်ဆုံး
သူငယ်ချင်းကိုငေးကြည့်ရင်း ဒီယုံကြည်မှုတွေ
သွေးသားရင်းထက်ပိုတဲ့ချစ်ခင်ရင်းနှီးမှုတွေနဲ့
သူမထိုက်တန်ပါလားလို့တွေးပြီး ကိုယ့်ကိုယ်ကိုရှက်မိသည်။
ရွံရှာစိတ်ပျက်မိသည်။
မှားတဲ့လူတိုင်းကကိုယ့်အမှားအတွက် တာဝန်ယူရမည်ဆိုလျှင် သူ့အမှားအတွက်အဖြေက...
သား
Siwon
Yoona နဲ့ hannie တို့အားလုံးရဲ့အနားက
သူပျောက်ကွယ် သွားဖို့ပဲဖြစ်သည်။
ဒီပြဿနာကြီး ဘယ်တော့ပေါ်လာမလဲ။
မပေါ်ပါစေနဲ့လို့ ကြတ်ဆုတောင်းမိတာ သူသွေးကြောင်တတ်
လို့ မဟုတ်ပါ။
သူ့အချစ်ဆုံးသူငယ်ချင်းတွေရဲ့ယုံကြည်မှုကိုမဖျက်စီးချင်သလို သူ့ကိုအမြဲတလေးတစားရှိပြီး သူ့စကားကိုအမြဲ
နားထောင်လိုက်နာတတ်တဲ့ သူ့ကိုသိပ်ချစ်တဲ့သား
စိတ်ဆင်းရဲ နာကျင်ခံစားသွားရမှာစိုးလို့ပါ....
Japan မှာနေစဉ်တစ်လျှောက်လုံး သူဘာလုပ်သင့်လဲ
သေချာစဉ်းစားကြည့်မိသည်။ ဒီလိုတွေဖြစ်ပြီးမှ သူ hannie ကို မျက်နှာချင်းမဆိုင်ဝံ့။ သားနဲ့ hannie
လက်ထက်ပွဲမှာရော နောင်ရှေ့ဆက်မယ့်ဘဝမှာပါ
သူက အမည်းစက်တစ်ခု။
ဘယ်သူမှမသိကြဘူးဆိုရင်တောင် သားနဲ့ hannie
ဘေးမှာရပ်နေမည့်သူ့ကိုယ်သူမြင်ယောင်ကြည့်ရင်း
အရှက်ကြီးရှက်မိသည်။ ထို့ကြောင့် သူ့မိသားစု
သူသိပ်ချစ်တဲ့သားနဲ့ သူ့ကိုကိုယ်ပွားတစ်ခုလိုယုံကြည်နေကြ
တဲ့သူငယ်ချင်းတွေအနားကနေ သူအပြီးပိုင်ထွက်သွားရ
တော့မည်။
သူစိတ်မကောင်းဖြစ်သွားခြင်းကိုဟန်ဆောင်ထိန်းသိမ်း
ရယ်မောလိုက်ပြီး...
"ဘာပြဿနာမှမရှိဘူး Siwon လူတွေကမနေ့ကနဲ့ဒီနေ့
တင်ပြောင်းလဲနေတာ ငါတကယ်ကိုမွန်းကြပ်လာလို့
အလုပ်တွေကို ထားပစ်ခဲ့ချင်တာ..."
"ကလေးတွေ မင်္ဂလာကိစ္စကရော..."
"မင်းလက်ထပ်ပေးမယ့်အချိန်ငါပြန်လာခဲ့မယ်
ငါ့လုပ်ငန်းတွေရောင်းမပစ်ချင်ပေမယ့် သားကိုလည်းငါ
သူဝါသနာပါရာကိုမလုပ်ပါနဲ့မတားချင်ဘူး
ငါ့အလုပ်တွေ ငါကိုယ်တိုင်ပဲလတ်စသတ်ပြီး
ပြန်ရောင်းပစ်မယ် ငါ့ကိုကူညီပေး..."
Siwon သည်သူ့ကိုနားမလည်နိုင်စွာစိုက်ကြည့်အကဲခတ်
နေဆြဲဖစ်ကာ သူသည်လည်း Siwon ကိုရင်မဆိုင်ရဲစွာ
မျက်နှာလွှဲလျက်...
🏢🏢🏢🏢🏢🏢
ရုံးသွားဖို့ပြင်ဆင်နေတုန်း သားဖုန်းဝင်လာ၏
စားပွဲပေါ်ကဖုန်းကိုငေးကြည့်ရင်း သူတော်တော်နဲ့မကိုင်ဖြစ်
Singapore မှာခဏနေပြီး Japan ကသူ့ Hotel
တစ်ခုမှာသွားနေခဲ့တာ တစ်လကျော်ကြာသည်။
နောက် ထပ်ပြီး အမေရိကားမှာအပြီးသွားနေထိဖို့လည်း
သူအားလုံးစီစဉ်ထားပြီးပြီ။ဒီမှာတစ်ပတ်လောက်နေပြီးတာနဲ့
သူ့အလုပ်ကိစ္စအားလုံးပြတ်ပြီ။
သူနဲ့ hannie ရဲ့ပြဿနာလည်းဖြေရှင်းပြီးသားဖြစ်
လိမ့်မည်။ အားလုံးပုံမှန်ပြန်ဖြစ်လိမ့်မည်။ သို့သော်
သားအပေါ် သူအပြစ်လုပ်ထားမိသည့် မလုံလဲသည့်စိတ်ကြောင့် စကားပြောဖို့တွန့်ဆုတ်နေသည်။
ပြီးခဲ့တဲ့တစ်လလုံး သားကိုသူအကြောင်းပြချက်မျိုးစုံပြပြီး
ရှောင်နေခဲ့တာ။ Singapore ရောက်တာတောင်
သားကိုသွားမတွေ့ဘဲနေခဲ့သည်။
ဒီနေ့တော့ မပြောလို့မရတော့ပါ...
သူဒီပြန်ရောက်နေတာ သားသိသည်။ သိလို့သာရုံးမသွားခင်
အချိန်ကို ဖုန်းဆက်ခြင်းဖြစ်သည်။ ဒီအချိန် သူအားမှန်း
သိနေသောသားကို သူဘယ်လိုမှရှောင်လို့ရမည်မဟုတ်။
အသက်ဝဝရှူသွင်းပြီး စိတ်ကိုတင်းလိုက်ကာ
သူဖုန်းကောက်ကိုင်လိုက်သည်။
"အေး...သား...ပြော."
"ဖေဖေပြန်ရောက်နေပြီလား..."
"အင်းပြန်ရောက်ပြီ..သားရောအလုပ်တွေအဆင်ပြေလား"
"ပြေပါတယ်ဖေဖေရာ..ဖေဖေက Singapore မှာ
ရှိနေတုန်းကလည်းသားဆီမလာဘူး Japan မှာနေတာ
လည်းအကြာကြီး ဘယ်တုန်းကမှမနေဘူးပဲနဲ့...."
"အင်း...ဟိုမှာအလုပ်မပြတ်လို့ပါသားရာ..."
"ဖေဖေနေကောင်းရဲ့လား..ခရီးပန်းနေတာလား
ဖေဖေ့အသံကတစ်မျိုးဖြစ်နေတာလားလို့..."
"ဖေဖေဘာမှမဖြစ်ပါဘူးကွာ သားသာကျန်းမာရေးဂရုစိုက်
သားပြန်လာတော့မယ်ဆိုတာ ဘယ်တော့ပြန်လာမှာလဲ
မလာသေးဘူးလား..."
"မသိပါဘူးဖေဖေရာ အစကတော့ Internship ပြီးတာ
နဲ့သားကိုပြန်ရမယ်ပြောထားတာ အခုကြတော့ hannieက "
hannie အကြောင်းစလာသည်နှင့် ဘယ်သူမှမရှိသည့်
အခန်းထဲမှာ သူတစ်ယောက်တည်းနေစရာမရှ်ိတော့သလို
သိမ်ငယ်ပြီး မလုံမလဲဖြစ်နေမိသည်။
"hannie ကခုမှနေသားကြတာမို့ သားပြန်လာရင်
အရင်လိုပြန်ဖြစ်မှာစိုးလို့တဲ့ ဖေဖေရာ...ကျွန်တော်က
hannie ကိုလွမ်းလှပြီ ဒီနေ့ hannie ကျောင်းဖွင့်ပြီ
သိလား...ကျွန်တော့ကိုအစောကြီးနှိုးပြီး အင်္ကျီရွေးခိုင်းနေ
တာစိတ်ကိုနောက်ရော အဲ့ဒီဟာလေး ကျွန်တော်ရွေးပေးတာ
လည်း ဘယ်တော့မှကြိုက်တာမဟုတ်ဘူး
အမြဲ ကိုကိုရွေးပေးပါဆိုတာချည်းပဲ...."
"..အင်း...သားတို့အဆင်ပြေတယ်မို့လား..."
"ပြေပါတယ် ခဏလေးဖေဖေ...hannie ကျွန်တော့်ဆီ
ပုံပို့နေလို့....ဟား...ဟား.."
နှစ်ထောင်းအားရရှိလှသောသားရယ်သံကြောင့် သူဖြေးလေး
စွာလှုပ်ရှားနေရာမှ ထိုင်ရင်း နားစွံ့လိုက်မိ၏
"hannie အရမ်းလှနေတာဖေဖေရ ဒါပဲနော်ဖေဖေ
ကျွန်တော် hannie ဆီဖုန်းခေါ်မလို့..."
သားဖုန်းချသွား၏ သူအချိန်အတော်ကြာသည်အထိဆက်ထိုင်မိဆဲ။
"သားနဲ့ hannie အဆင်ပြေနေပုံပဲ တော်သေးတာပေါ့
ဘာပြဿနာမှမတက်ဘဲ အဆင်ပြေသွားလို့..."
သူနေရာမှထထွက်လာခဲ့ပြီး အောက်ထပ်မှာကိုယ့်ဘာသာ
မနက်စာစီစဉ်ပြီး Coffee ထိုင်သောက်နေမိသည်။
Coffee ကခါးနေလား ချိုနေလားသူမသိ။
လူကလှုပ်ရှားနေပေမယ့် စိတ်ကစားတဲ့သောက်တဲ့ဆီမှာမရှိ။
ဒီနေ့ သူခရီးကပြန်လာကာစနေ့မို့ ခြံစောင့်ကလွဲလို့
နားခိုင်းထားတဲ့အလုပ်သမားတွေတစ်ယောက်မှမရှိကြပေ။
သူကလည်း ဒီရက်ပိုင်းတွင်းထွက်သွားတော့မှာမို့
ပြန်မခေါ်တော့ဘဲ စားတဲ့သောက်တဲ့ကိစ္စကို ဖြစ်သလိုကြုံသလိုပဲလုပ်ဖို့ စိတ်ကူးထား၏
တစ်အိမ်လုံးမှာ သူတစ်ယောက်ထဲတိတ်ဆိတ်နေသည်။
အရင်လည်း ဒီအတိုင်းပေမယ့် ခုမှဘာလို့အထီးကျန်နေသလို
ခံစားနေရမှန်း သူမသိပါ။ ရင်ထဲမှာ ဗလာသက်သက်လစ်ဟာနေ၏
သူဟူးခနဲသက်ပြင်းချရင်း လက်ကိုင်အိတ်၊ဖုန်း၊ကားသော့တို့
ကိုယူကာ ရုံးသွားဖို့အပြင်ထွက်လာလိုက်သည်။
အိမ်ပြင်ရောက်တော့ ကားပေါ်မတက်ခင်
မျက်လုံးတွေက အလိုအလျောက်တစ်ဖက်အိမ်ကို
လှမ်းကြည့်မိသား ဖြစ်သွား၏
ထိုစဉ် တိုက်ဆိုင်စွာသူအိမ်ပြင်ထွက်မှ တစ်ဖက်အိမ်ထဲမှ
ခြံပြင်ဆီလှစ်ခနဲပြေးထွက်သွားသည့် hannie ကို
လှမ်းမြင်လိုက်သည်။
hannie ကအဝါရောင် Hoodie လေးနှင့် နားကပ်လေး
ပန်ကာ ကလေးလေးတစ်ယောက်လိုချစ်ဖို့ကောင်းနေသည်။
အမှတ်တမဲ့လှမ်းငေးနေပြီးမှ ခြံပြင်ရောက်သွားပြီး
သူ့ခြံရှေ့ ကူးလာတာကိုမြင်လျှင် သူမျက်ခုံးတွေပင့်တက်သွား၏
hannie သူ့ဆီလာနေတာလား...
သူအိမ်ထြဲပန်လှည့်ဝင်ပြီး အိမ်ပေါ်ထိပြန်တက်လာမိကာ
အခန်းတံခါးပြန်ပိတ်ပြီး အသာငြိမ်နေမိသည်။
"ဦး...ဦးရေ..."
ဟင်...အိမ်ထဲထိဝင်လာတာလား...
သူတမင်ပြန်မထူးဘဲ ငြိမ်နေလိုက်သည်။
သို့သော်...အိမ်ပေါ်ပြေးတက်လာသည့်ခြေသံကိုကြားလိုက်ရ၏
ဟား...hannie ဘာလုပ်တာလဲ
ဒီမှာ သူတစ်ယောက်တည်းရှ်ိနေတာမသိဘူးလား...
အလိုက်ကမ်းဆိုးမသိချက်ကွာ...
တော်ကြာ Yoona ရိပ်မိသွားမှဖြင့်...
သူမတတ်သာသည့်အဆုံး အခန်းပြင်ထွက်လာလိုက်ရသည်။
ဆက်ပုန်းနေရင် hannie ကအခန်းထဲထိဝင်မလာဘူး
မပြောနိုင်။ hannie ကိုပြန်ခိုင်းဖို့ သူ့မျက်နှာကိုအလိုလို
တင်းထားမိ၏
"ဦး..."
သူ့ကိုတွေ့လျှင် hannie ခြေလှမ်းတုံ့သွားသည်။
"ဒီကိုဘာလာလုပ်...."
စကားအဆုံးသတ်ခွင့်မရလိုက်။
hannie သူ့ဆီပြေးလာပြီးကျုံးဖက်ပစ်၏
"ဦးအရမ်းရက်စက်တာပဲ...hannie.. ဦးကိုလွမ်းလို့သေ
တော့မယ်..."
ငိုတော့မလိုရှိုက်သံစွက်သော အသံတိုးတိုးလေးနှင့်ချွဲ၏
သူ hannie ကိုပြန်မဖက်...
စကားလည်းမပြောဘဲ တောင့်တောင့်ကြီးရပ်နေမိသည်။
hannie နဲ့ပတ်သက်ပြီးတဲ့နောက်ပိုင်း
အမှားကြီးမှားလေခြင်းဆိုသည့်နောင်တတွေနှင့် တောက်
လျှောက်ပူလောင်ခဲ့သမျှ သူလေးရင်ခွင်ထဲပြေးဝင်လာချိန်မှာ
ထိုပူလောင်မှုနောင်တတွေအားလုံး ပျောက်ရှကုန်၏
လူကြီးတစ်ယောက်အနေနဲ့မလုပ်သင့်တာကို
သူမှားခဲ့သည်မို့ hannie နဲ့မျက်နှာချင်းဆိုင်ဖို့တောင်
ကြောက်ခဲ့မိသည်။ hannie သူ့ကိုအထင်သေးနေပြီလား
မုန်းနေပြီလားဟု စိတ်ပူခဲ့သည်။
hannie ကသူ့ကိုမမုန်းဘူး အထင်မသေးဘူးဟု
သိလိုက်ရချိန်မှာ
"hannie သာ သားနဲ့ပတ်သက်တဲ့သူမဟုတ်ရင်ကောင်း
မှာပဲ"ဆိုသည့်အတွေးက နင့်နင့်သီးသီးရင်ထဲတိုးဝင်လာသည်။
ပစ္စပ္ပုန်တွေ အနာဂတ်တွေ သင့်တော်တာ မသင့်တော်တာတွေ သူဘာမှမတွေးဘဲ သူလေး၏ကိုယ်ကိုခဏလေးဖြစ်ဖြစ်
ပြန်ဖက်ထားချင်မိသည်။
"ဦး hannie စာပို့တာတွေဘာလို့ပြန်မပို့တာလဲ
ပြန်လာမှာလည်းအကြောင်းမကြားဘူး..ကိုကိုပြောမှသိတယ်"
hannie ပါးစပ်မှ ကိုကိုဆိုတာပါလာမှ ခဏအမှောင်ကျ
သွားသည့်သူ့အသိဥာဏ်တွေ ခပ်ပြပြပြန်လင်းသွား၏
သူ hannie ပခုံးလေးနှစ်ဖက်ကိုဆုပ်ကိုင်ပြီး
လူချင်းဆွဲခွာပစ်လိုက်သည်။
"ဟင့်အင်း...hannie ဦးကိုဖက်လို့မဝသေးဘူး"
hannie ကပြောပြီးအတင်းပြန်ဖက်ထား၏
"hannie အိမ်မှာကိုယ်တစ်ယောက်တည်းရှိတာ...
တစ်ယောက်ယောက်မြင်သွားရင် မကောင်းဘူး
ဖယ်...လွှတ်စမ်း"
"ဘယ်သူမှမမြင်ပါဘူး...ဉ်ီးကလည်း.."
သူ hannie ကိုယ်လေးကိုမညှာမတာဘဲလူချင်းဆွဲခွာ
ပစ်လိုက်၏ ပြီးတော့မျက်နှာကိုအခက်ထန်ဆုံးတင်းမာပစ်ပြီး
hannie ကိုခပ်စိမ်းစိမ်းစိုက်ကြည့်ပစ်လိုက်သည်။
"hannie ဦးပြောတာသေချာနားထောင်စမ်း
hannie ကသားရဲ့..."
"ဟင့်အင်းအဲ့ဒါတွေမပြောနဲ့ hannie မသိချင်ဘူး"
"မပြောလို့ရမလား...မင်းနဲ့ကိုယ့်ကိုတစ်ယောက်ယောက်သာ
ခုလိုပုံစံမျိုးမြင်သွားရင် ဘာတွေဖြစ်ကုန်မလဲသိလား
ဖြစ်ခဲ့တဲ့ကိစ္စတွေအားလုံးကို မေ့ပစ်ပြီးနောက်ဆို
ကိုယ့်ဆီခုလိုလာတာမျိုး လုံးဝမလုပ်ရဘူး...
ပြောတာ ကြားလား..."
"မကြားဘူး...hannie မသိချင်ဘူး
မပြောပါနဲ့ဆိုနေမှ..."
hannie ကခေါင်းတွင်တွင်ခါပြီး မျက်လုံးစုံမှိတ်ပြန်အော်သည်။
"တိတ်စမ်း...သွား...အခု ပြန်တော့"
"ရက်စက်ရမယ်"
"hannie မုန်းသွားအောင်လုပ်မှဖြစ်မယ်"
ဆိုသည့်အတွေးများနှင့် ဒေါသတကြီးဖိအော်ပစ်လိုက်မိသည်။
သူ့အော်သံကြောင့် hannie အလန့်တကြားငေးကြည့်ရင်း
လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းလာပုံဖြင့်မျက်ရည်တွေ
ပိုးပိုးပေါက်ပေါက်ကျလာ၏.....