"အန်တီရေ...hannie သတိရလာပြီ
hannie နိုးလာပြီ..."
မျက်လုံးဖွင့်လိုက်သည်နှင့် Minho အသံစူးစူးလေးက
နားထဲတိုးဝင်လာသည်။ Minho ကိုမျက်လုံးဖွင့်ကြည့်ရင်း
Minho လှည့်ကြည့်နေသည့်ဘက်ကို လှမ်းကြည့်မိလျှင်
မေမေဖုန်းကိုင်လျက် ဝရန်တာမှအထဲသို့ပြေးဝင်လာသည်။
"သတိရပြီကိုရေ...သားနိုးလာပြီ"
ဖုန်းထဲကိုလှမ်းပြောပြီး hannie ဘေးမှာဝင်ထိုင်ကာ
နံဖူးကဆံပင်တွေကို သပ်တင်ပေး၏
"သားဖေဖေ သားကိုအရမ်းစိတ်ပူနေတာ..."
ပြောပြီး ဖုန်းကို speaker ဖွင့်ပြီးဘေးမှာချထားကာ
hannie မျက်နှာကိုအကဲခတ်ကြည့်နေသည်။
hannie Hotel ပြန်ရောက်နေတာကို အံ့သြလျက်
ဦးကို ဝေ့ဝဲရှာနေမိသည်။
Yoona မျက်နှာလေးချောင်ကျဖြူဖျော့နေသည့်
hannie အားအားမရသလိုလိုက်ကြည့်နေပြီး
မချင့်မရဲပြောမိ၏
"သား သက်သာလား...နေလို့ကောင်းရဲ့လား
သားရယ် ကုန်းတစ်တန်ရေတစ်တန်သွားရတဲ့ခရီးကို
တစ်ယောက်တည်း ဘယ်သူမှမသိအောင်ပြန်ရတယ်လို့
မန်နေဂျာKim လည်းမသိ Sehun လည်းမသိနဲ့
ဘယ်သူမှမသိလိုက်ဘဲ တစ်ခုခုဖြစ်သွားရင်
ဘယ်လိုလုပ်မလဲ..."
ဦးက hannie တစ်ယောက်တည်းထွက်သွားတယ်လို့
ပြောထားတာလား....
hannie မေမေစိုးရိမ်နေတာ စိတ်ပူနေတာကို
ဘာပြန်ဖြေသိမ့်ရမှန်းမသိ။ ကိုယ့်ကိုယ်ကိုယ်တောင်
ဘယ်ရောက်နေလဲ ဘာတွေဖြစ်သွားမှန်းမသိသေးဘဲ
ပြန်တွေးကြည့်နေရသည်မို့ မေမေ့ကိုဒီအတိုင်းငေးကြည့်
နေမိသည်။
"သား...hannie ဖေဖေ့ဂျစ်တူးလေး
နေကောင်းရဲ့လားသား ...သက်သာလား..
ဖေဖေ့ကိုပြန်ပြောပါဦးကွ..."
"သားဖေဖေကို စကားပြောလိုက်ပါဦးသားရဲ့
သူအရမ်း စိတ်ပူနေတာ..."
"ဖေကြီး...."
"ဟား...ဟား..ဟား ခုမှပဲဖေဖေ့သားအသံကြားရတော့တယ်
ကွာ မနေ့ကကြားကြားချင်း ဖေဖေဘယ်လောက်စိတ်ပူနေလဲ
သိလား..သားမေမေက သားနှစ်ရက်လုံးလုံးသတိလစ်နေတာ
ကို ဖေဖေ့ကိုမပြောဘူး..."
"hannie ကနှစ်ရက်တောင်မေ့နေတာလား..."
"ဟုတ်ပါ့ hannie ရယ် ငါရော အန်တီရော ဦးရော
မင်းကိုစိတ်ပူလွန်းလို့သေတော့မယ် ဦးလည်းပျာယာကိုခတ်
နေတာပဲ..."
ကြားချင်တဲ့လူအကြောင်း အခုမှပါလာခြင်းဖြစ်သည်။
မျက်လုံးပွင့်လာကတည်းက hannie ခေါင်းထဲအရင်ဆုံး
ရောက်လာတာ ဦးပါ...
"ဦးရော..."
hannie မေးခွန်းကြောင့် Yoona အံ့သြသလိုဖြစ်သွား၏
ဖုန်းထဲက Siwon အသံထွက်လာ၏
"ဟား...ဒီတစ်ခါအထူးအဆန်းပါလားသားရဲ့
ဖေဖေက Junhan မလာဘူးလားလို့မေးတော့မယ်ထင်နေတာ..Sehun အနားမှာမရှိဘူးလား"
Yoona ဖုန်းကိုကောက်ကိုင်ပြီး Speaker ကောက်ပိတ်
ကာ...
"သားက သိပ်မလန်းသေးဘူးကို...Yoona နောက်မှ
ပြန်ဆက်လိုက်မယ် စိတ်ပူမနေတော့နဲ့
အေးအေးဆေးဆေးနေတော့နော်..."
"အင်း..အင်းကိုယ်ဖုန်းချတော့မယ် သားကို Junhan
အကြောင်းပြောပြလိုက်ဦး"
Yoona ဖုန်းချပြီး hannie အားပြန်ကြည့်၏
hannie Yoona အားပြန်ငေးကြည့်သည်။
"သား ကိုကိုက Internship နောက်ဆုံးကွင်းဆင်း
စစ်ဆေးပွဲရှိနေလို့တဲ့ သားနေမကောင်းတာကို
သားဖေဖေက မပြောပြထားဘူး အဲ့ဒီစာမေးပွဲပြီးတာနဲ့
ချက်ချင်းပြန်လာခိုင်းလိုက်မယ်တဲ့"
hannie Yoona ပြောတာကိုနားထောင်ရင်း
နှုတ်ခမ်းလေးစူသွား၏
"ပြန်မလာခိုင်းနဲ့တော့"
Yoona မျက်နှာပြုံးသွား၏
"ဒါနဲ့မေမေ့ကိုပြောပါဦးသားရဲ့ မေမေ့ဆီဖုန်းဆက်တုန်းက
သားကလမ်းပေါ်မှာလား သားတစ်ယောက်တည်းလား"
hannie အလိုက်သင့်ခေါင်းညိမ့်ပြလိုက်၏
"Sehun ကဘယ်အချိန်ကြမှ သားဆီရောက်တာလဲ"
hannie ဘာပြန်ဖြေရမှန်းမသိ။
ဦးကဘယ်လိုပြောထားလဲ သိမှမသိဘဲ...
"hannie မသိတော့ဘူး hannie အဲ့တုန်းကကြောက်နေတာလေ မိုးတွေအရမ်းခြိမ်းနေပြီး မိုးတွေအရမ်းရွာနေတာ..."
"ကျွန်တော်မိုးလင်းခါနီး ဆရာ့အခန်းကိုသွားကြည့်တော့
ဆရာမရှိတော့ဘူး ဘယ်အချိန်ကထသွားမှန်း
ကျွန်တော်လည်းမသိလိုက်ဘူး ဆရာနေမကောင်းလို့
အိပ်နေတယ်ပဲထင်နေတာ..."
Yoona မန်နေဂျာ Kim ပြောတာကိုပြန်တွေးရင်း
Sehun သားဆီမိုးလင်းခါနီးမှရောက်သွားမှာပဲဟု
တွေးမိ၏
"တစ်ညလုံး သားတစ်ယောက်တည်းပေါ့သားရယ်
မေမေ့သားလေး အရမ်းကြောက်နေမှာပဲ..."
အကြောက်လွန်ပြီး တစ်ခုခုဖြစ်သွားမှဖြင့်...လို့တွေးပြီး
ပြီးခဲ့တဲ့ကိစ္စကိုပင် ပြန်တွေးစိတ်ပူမိ၏
"hannie ဘာမှမဖြစ်ပါဘူးမေမေရဲ့ hannie
ထွက်လာတုန်းကမိုးမရွာသေးဘူး၊ မိုးစရွာတာနဲ့
ကားကဘာနင်းမိမှန်းမသိဘဲချော်သွားတာ
မေမေစိတ်ပူမှာစိုးလို့ ဘာမှမပြောလိုက်တာ
ဦးဆီဖုန်းဆက်လိုက်တာနဲ့ တန်းရတယ်
ဦးလိုက်လာတာသိတော့ မကြောက်ပါဘူး..."
"အင်းပါ..အင်းပါ မေမေစိတ်မကောင်းလွန်းလို့ပါ
ကဲနားတော့နော် သားဗိုက်ဆာလား
တစ်ခုခုစားချင်လား..."
hannie ခေါင်းခါပြလိုက်၏ ရင်ထဲမှာဟာနေတာ
ဘာစားလို့မှ ပြည့်လာမှာမဟုတ်တော့ပေ...။
"ဦးရောမေမေ...ဦးက hannie ဆီမလာဘူးလား
hannie တွေ့ချင်တယ်"
hannie သတိလစ်နေတုန်းကလည်း "ဦး"ဟုတပြီး
စကားတွေဗလုံးဗထွေးပြောသည်။ ခုနိုးလာတော့လည်း
Sehun ကိုပဲအပူတပြင်းလိုက်မေးနေသည့်သားဖြစ်သူ
အား အကဲခတ်ကြည့်မိ၏
စိတ်ထဲမှာ ဘာကိုမတင်မကျ ဘဝင်မကျမိနေမှန်းမသိ.....
"ဦးကအလုပ်ကိစ္စအရေးကြီးလို့ဂျပန်ခဏထွက်သွားတယ်
သားရဲ့နေပါဦး မေမေ့ကိုသေချာပြောပြပါဦး
သားက မေ့မေ့ဆီကို Hotel ကစထွက်ကတည်းက
တစ်ယောက်တည်းထွက်လာတာလား...
သားထွက်လာတာကို ဘယ်သူမှမသိကြဘူးလား..."
"မသိကြဘူး..."
"Speed boat မောင်းတဲ့ကောင်လေးကရော
မသိဘူးလား သားကိုသူက တစ်ယောက်တည်းလာတာ
ကြည့်နေသလား..."
"ဟို...hannie က ရီဆက်ရှင်းနစ်ကိုဟိုဘက်ကမ်းမှာ
မုန့်စားချင်လို့ပဲပြောခဲ့တာ ဒီဘက်ကိုကူးချင်ရင်Hotel
က Speed boat ရောကားရော တစ်ခါတည်း
ခေါ်ပေးနေကြလေ ဟိုဘက်ရောက်တော့ ဦးကားကို
တက်မောင်းလာတာ..."
"ညဘက်ကြီး သားမုန့်စားမယ်ဆိုတာကို speed boat
ခေါ်ပေးတာလား.."
"ဟုတ်..hannie ကအတင်းပြောတာကိုး
ဟို..ဦးက hannie လိုချင်တာအကုန်လုပ်ပေးလို့မှာထားတာ"
"အင်း..အင်း ကားသော့ကရော Sehun ကသားကို
ကားသော့ပေးထားတာလား.."
"ဟင့်အင်း..hannie ဘာသာ ဦးမသိအောင်ယူထားတာ"
"သော့ကဘယ်မှာထားလို့ သားကယူလို့ရတာလဲ"
"သူ့အခန်းထဲမှာပဲထားတာပေါ့ ဦးက Japan ကဘယ်တော့ပြန်လာမှာလဲဟင် မေမေ...
hannie ကိုလာမတွေ့တော့ဘူးပေါ့"
hannie ကစိတ်မရှည်သလိုပြန်ဖြေရင်း Sehun
အကြောင်းပဲဆက်မေးနေပြန်သည်။
Yoona သားလေး Sehun ကိုအသည်းအသန်လိုက်မေး
နေသည့်အဖြစ်အား ဘာကြောင့်လဲဆိုတာ သိချင်စိတ်ပြင်းပြ
နေပါလျက် မေးချင်တာကိုခဏအောင့်ထားပြီး hannie
မေးတာကို ဟန်မပြတ်ပြန်ဖြေနေ၏
"အဲ့ဒီတော့ ဆက်ပြောပါဦးသားရဲ့လမ်းမှာဘာဖြစ်လဲ"
"လမ်းမှာမိုးကရုတ်တရတ်ကြီးသည်းချလာတာ ပြီးတော့.."
hannie မျက်လုံးလေးထောင့်ကပ်စဉ်းစားနေပြီး
"ပြီးတော့ သစ်တုံးလားမသိဘူးနင်းမိပြီး ကားကို hannie
ထိန်းလို့မရတော့ဘူး ပြီးတော့သတိလစ်သွားတာ..."
"သားရယ် ပြီးတော့ရောဘာဆက်ဖြစ်လဲ
သတိရလာတော့ သားအရမ်းကြောက်နေမှာပေါ့"
"hannie နိုးလာတာနဲ့ ဦးဆီချက်ချင်းဖုန်းလှမ်းဆက်တာ
ဖုန်းကအကြာကြီးပဲမဝင်ဘူး ဝင်သွားတာနဲ့ဦးကချက်ချင်း
လာခဲ့မယ်ပြောတယ် မေမေ ဦးက hannie ကြောင့်
လူတွေဝိုင်းထိုးတာခံထားရတယ်သိလား..
မျက်နှာမှာဒဏ်ရာတွေရပြီး နေမကောင်းဖြစ်နေတာ
hannie ခေါ်လို့ရောက်လာတော့လည်း မိုးမိတာအကြာ
ကြီးပဲ...ဦးရောနေကောင်းရဲ့လား ဘာဖြစ်သေးလဲဟင်"
Yoona ခုမှပဲ သက်ပြင်းဖွဖွချနိုင်၏
သားက Sehun သူ့ကြောင့်ဒဏ်ရာရထားတာ
နေမကောင်းဖြစ်ထားတာသိပြီး စိတ်ပူနေတာပဲ
အရင်ကဒီလိုပုံစံမဟုတ်ဘူးဆိုပေမယ့် ခုမှ Hotel မှာ
စကားပြောဖြစ်ပြီး ရင်းနှီးသွားကြတာလည်းဖြစ်နိုင်ပါသည်။
"Sehun ကဘာမှမဖြစ်ပါဘူးသားရယ်
စိတ်အေးလက်အေးနေနော် သားရယ်တစ်ယောက်တည်းများ
ထွက်လာရဲရတယ်လို့ အနည်းဆုံးတော့ ဦးကိုသွားပြောရမှာ
မဟုတ်ဘူးလား..."
"hannie ခေါ်ပါတယ် ဦးကအရမ်းနေမကောင်းဖြစ်နေတာ hannie လည်းမေမေ့ကိုအရမ်းစိတ်ပူလို့.."
hannie အလိမ်အညာတော်တဲ့လူမဟုတ်ပါ..
ခက်ခက်ခဲခဲစဉ်းစားပြီး ပြောနေရခြင်းဖြစ်ပြီး
ဦးနဲ့အတူတူမဟုတ်ကြောင်း ဥာဏ်ရှိသလောက်
လှီးလွှဲပြောရင်းက တည့်သွားခြင်းဖြစ်သည်။
"သား Minho အခန်းပြန်အိပ်လေ အန်တီကဘာမှမဖြစ်ဘူး...သားအနားမှာနေမှာစိတ်ချ"
"အဲ့ဒါဆိုသားသွားတော့မယ်...hannie မင်းအိပ်မပျော်ရင်
Message လှမ်းပို့လိုက်နော် ငါလိုင်းပေါ်မှာရှိတယ်"
hannie Minho ကိုခေါင်းညိတ်ပြလိုက်၏
မေမေက hannie သောက်ဖို့ဆေးယူပေးပြီး
ဆေးသောက်ခိုင်းကာ hannie အိပ်ရာဘေးမှာ
လာထိုင်ပေး၏"
"Sehun လည်းသားကိုတော်တော်စိတ်ပူနေတာ
အလုပ်တောင်ဖြောင့်ဖြောင့်မလုပ်နိုင်ဘူး
ခဏခဏလာကြည့်နေတာ ဒီနေ့ညနေကြမှအလုပ်ကိစ္စပေါ်လာလို့ဆိုပြီး ထွက်သွားတာ"
hannie ကျေနပ်သွား၏...
ဘယ်သူဘာမေးမေး ဘာတွေပြောနေနေစိတ်က
ထိုဆီမှာမရှိ ။ဦးဆီပဲရောက်နေသည်။
ဦးကိုတွေ့ချင်မိသည့်စိတ်သည် ပူလောင်ပြင်းပြစွာဖြစ်တည်နေ၏
အိပ်ရာပေါ်မှာကွေးကွေးလေးအိပ်နေရင်း မျက်လုံးဖွင့်လိုက်တော့...ဦး။
မျက်လုံးမှိတ်လိုက်တော့လည်း ဦးအနမ်းတွေပဲဖြစ်သည်။
အရမ်းချစ်တယ်....ဦး..