အပိုင်း (က)
Flash backkkk ...
မနက်စောစောစီးစီး ရောက်လာတဲ့ ပါပါးကို အရင်ကလိုသာဆို Renjun ပြေးလို့ ပွေ့ဖက် ကြိုနေမည်မှာ အမှန်။ အခုကတော့ ကြိုဖို့ နေနေသာသာ ဧည့်ခန်းက ဆိုဖာပေါ် လှဲအိပ်နေရာကတောင် မထချင်။
ညက Jaemin ပြန်ပြီးတည်းက ဧည့်ခန်းထဲက ဆိုဖာပေါ် Renjun လှဲအိပ်နေမိသည်။ တစ်ခါတစ်လေ ဧည့်ခန်းထဲ TV ကြည့်ရင်း အိပ်တတ်သူမို့ ဆိုဖာပေါ် မအိပ်ပျော်မှာတော့ မပူရ ဒါပေမယ့် ညကျတော့ ဘယ်လိုမှ အိပ်မပျော်ခဲ့။
ဝေလီဝေလင်းချိန် ဧည့်ခန်းထဲက ဆိုဖာခုံတွေမှာ မျက်နှာချင်းဆိုင်ကာ ထိုင်နေကြတဲ့ သားအဖနှစ်ယောက် .. နိုးလာတဲ့ သားငယ်ကို အခန်းထဲ ပြန်ဝင်ခိုင်းကာ သားကြီးနှင့် စကားပြောဖို့ ပြင်နေသော အဖေတစ်ယောက်။
သယ်လာတဲ့ ဘေးလက်ဆွဲအိတ်ထဲမှ အိတ်တစ်အိတ်ကို ဆွဲထုတ်ကာ စားပွဲပေါ် ပစ်တင်လိုက်လေသည်။
"ဖွင့်ကြည့် အဲ့ဒီအိတ်ထဲမှာ ဘာတွေလဲလို့"
Renjun ပါပါးပြောသည့်အတိုင်း အိတ်ကို ဖွင့်လိုက်တော့ ဓာတ်ပုံတွေ တစ်ထပ်လိုက်ကြီး
ဓာတ်ပုံတွေကို ကြည့်ပြီး Renjun ခပ်ထေ့ထေ့ ပြုံးရင်း ပါပါးကို လှမ်းကြည့်လိုက်သည်။
"နောက်ယောင်ခံ လိုက်ခိုင်းနေတုန်းပဲပေါ့"
"မင်းလုပ်ပုံတွေက ဟုတ်နေလို့ ငါက မလိုက်ခိုင်းဘဲ နေရမှာလား"
"အပေးအယူ လုပ်ထားတာ မေ့သွားတာများလား"
"မင်း .. တောက်စ်"
"ဒီကိုရောက်ပြီး ခြောက်လလောက်ထိ လွှတ်ထားတယ်မလား နောက်ပိုင်း မလာတော့လို့ မလွှတ်တော့ဘူးထင်နေတာ ဟက် ဘယ်ဟုတ်မလဲ လွှတ်ထားသေးတယ်ပေါ့"
"ငါတို့မျိုးရိုးအရ"
Renjun ပါပါး ပြောနေသည့် စကားကို ကြားဖြတ်ပြောလိုက်သည်။
"မျိုးရိုးအရ ကျွန်တော်က သားကြီးဖြစ်တယ်။ မိဘကလည်း ကိုယ်ပိုင်လုပ်ငန်းရှိတော့ သေချာပေါက် လုပ်ငန်းတွေကို စီမံရမယ်။ ဒါပဲ ပြောမှာမလား အော် မေ့လို့ ပေးစားတဲ့ မိန်းကလေးနဲ့ပဲ လက်ထပ်ရမယ်"
"မင်း မှတ်မိတဲ့ဟာကို ခုလိုလုပ်နေတော့ ဘာတွေများ ထူးခြားလာမှာမို့လို့လဲ"
"ကျွန်တော် ပါပါးတို့ စိတ်တိုင်းကျ အရာရာတိုင်း လုပ်ခဲ့ပေးတယ်။ အိမ်ထောင်ရေးအတွက်တော့ ကျွန်တော့် စိတ်တိုင်းကျပဲ ရွေးချင်တယ်"
"မင်း စိတ်တိုင်းကျ ? ဘာလဲ Huang Renjun မင်း စိတ်တိုင်းကျ ဆိုတာ ပုံထဲက အကောင်တော့ မဟုတ်ဘူးမလား"
"အင်း ပုံထဲက ကျွန်တော့်ကောင်လေးကိုပဲ ကျွန်တော် လက်ထပ်မှာ"
"ရူးနေတာလား Huang Renjun"
"နာမည်အပြည့်အစုံခေါ်နေရတာ မောမှာပေါ့ ပါပါးရဲ့"
"မင်း မင်းစဥ်းစားစမ်း ငါတို့ မျိုးရိုးထဲမှာ အဲ့လို ကြိုက်ပြီး လက်ထပ်တဲ့သူရှိလား? လူပြောခံရမယ့် ကိစ္စတွေ မလုပ်စမ်းနဲ့"
"ကျွန်တော်ချစ်တဲ့သူကို လက်ထပ်တာ သူတို့တွေကို ကြည့်ရအောင် ကျွန်တော်နဲ့ယူမှာလေ သူတို့တွေနဲ့ ယူမှာမှ မဟုတ်တာ"
"တောက် .. အေး မင်းပြောသလို ယူပြီးထား နောက်ထပ် မျိုးရိုးဆက်ခံဖို့အတွက် သား/သမီး တွေ မွေးဖို့ကရော"
"ဒီလောက်တောင် တိုးတက်နေတဲ့ခေတ်မှာ ပါပါးရယ် ကျွန်တော်ကိုယ်တိုင် ပါပါးတို့ လိုချင်တဲ့ ကလေးတွေ မွေးပေးမယ်"
"ငါတို့ မွေးထားတာ သားကွ သား အခြောက်မဟုတ်ဘူး"
အပိုင်း (ခ)
ပါပါးစကားကို Renjun ခြောက်ကပ်စွာ တစ်ချက်ရယ်ပြီး ခွန်းတုံ့ပြန်လိုက်သည်။
"အခြောက်? ဒီလိုချစ်ကြိုက် လက်ထပ်ပြီး ကလေးမွေးတာနဲ့ ခြောက်တယ် ဖြစ်သွားရောလား။ လုပ်ငန်းကြီးတွေ လုပ်နေတဲ့ ပါပါးက ဒီလိုပဲ အတွေးတိမ်သလား"
"မင်း ဘာစကားပြောတာလဲ"
ပါပါး ပြောရင်း Renjun ကို ဆွဲထိုးလိုက်သည်။
"ကျွန်တော် အမှန်တရားပဲ ပြောတာလေ"
"မင်း"
"ပါပါး တော်ပါတော့"
အခန်းထဲက ထွက်လာပြီး ပါပါးကို လာဆွဲတဲ့ Injun ကြောင့် ပါပါးက သူ့လက်ကို ဆွဲထားသော Injun လက်ထဲမှ ရုန်းထွက်လိုက်ပြီး ထိုင်ခုံမှာ ပြန်ထိုင်လိုက်သည်။ Renjun, Injun ကို ကြည့်ပြီး *အခန်းထဲ ပြန်ဝင်နေ* ဖို့ ပြောလိုက်သည်။ သို့သော် Injunက အခန်းထဲတော့မဝင် ထမင်းစားခန်းထဲ ဝင်သွားပြီး ထိုင်နေလေသည်။
"မင်းက အဝေးမှာ နေတာကြာတော့ လူပါးဝလာတာပဲ"
"လူးပါးဝတယ် .. ပါပါးတွေးကြည့်ဖူးလား"
Renjun လက်တွေကို တင်းနေအောင် ဆုပ်ထားပြီး မျက်ရည်စတွေကို ထပ်ထိန်းထားရင်း မေးလိုက်သည်။ သူ့ကို ဘာမှမပြောဘဲ ကြည့်နေတဲ့ ပါပါးဟာ သူဘာပြောချင်လဲ စဥ်းစားနေပုံ။
"ကျွန်တော် နာကျည်းလို့ပြောတာလည်းမဟုတ်ဘူး။ ဒေါသထွက်လို့ ပြောတာလည်း မဟုတ်ဘူး။ လိုက်နှိုင်းပြီး မနာလို ဖြစ်တာလည်း မဟုတ်ဘူး"
သူပြောချင်တာကို ပါပါးက စဥ်းစားရ ခက်နေတဲ့ပုံ
"ကျွန်တော် ငယ်ငယ်က သူများကလေးတွေလို လွတ်လွတ်လပ်လပ် ဆော့ခဲ့ရလား? သူများကလေးတွေကို လက်ညှိုးထိုးပြီး ယှဥ်မပြောပါဘူး ကျွန်တော့်ရဲ့အမြွှာ မိနစ်ပိုင်းခြားမွေးတဲ့ အမြွှာနဲ့ကိုပဲ ကြည့်ပါဦး သူကစားနေတဲ့အချိန် ကျွန်တော်က ဘာမှန်းသေချာမသိသေးတဲ့ အလုပ်တွေကို လိုက်ကူပေးရတယ် .. အထက်တန်းအောင်တော့ ကျွန်တော် သိပ်ဝါသနာပါပြီး လုပ်ချင်တဲ့ ကျွန်တော့် အိမ်မက် အနုပညာရှင်အလုပ်ကို ပါပါးရဲ့ အမိန့်တွေအောက်မှာ မျိုးရိုးထုံးစံဆိုတဲ့ စည်းမျဥ်းတွေကြောင့် စွန့်လွှတ်ခဲ့ရတယ်"
"အဲ့အတွက် မင်းနဲ့ငါ အပေးအယူ ရှိတယ် Huang Renjun"
"အင်း သိပါတယ် ပြောပြမှာပေါ့ .. ပါပါးပြောတဲ့ အပေးအယူက ပါပါးတက်ခိုင်းတဲ့ စီးပွါးရေး တက္ကသိုလ်ကို ဒီကိုရီးယားမှာ တက်မယ်ဆိုတာ
ယ် ပြီးတော့ ငယ်ငယ်တည်းက နောက်ယောင်ခံ လိုက်ခိုင်းတဲ့ လူတွေ ဒီရောက်ရင် မထားဖို့ရယ် အဲ့ဒီအပေးအယူမလား"
"ကျွန်တော့် Injun ကို မနာလို မဖြစ်ဘူး ဒါပေမယ့် အရမ်းအားကျတယ်"
ပြောရင်းနဲ့ မျက်ရည်စတစ်ချို့ဟာ ပါးပြင်ပေါ် အလုအယက် ခုန်ဆင်းလာကြသည်။ Renjun မျက်ရည်တွေကို လက်ခုံနဲ့ သုတ်ရင်း စကား ဆက်ပြောမိသည်။
"သူငယ်ငယ်တည်းက အေးဆေး ကစားရတယ် သူလုပ်ချင်တာကို သူသေချာ လုပ်ခွင့်ရတယ် အထက်တန်းပြီးတော့လည်း သူတက်ချင်တဲ့ သူဖြစ်ချင်တဲ့ အင်ဂျင်နီယာကို ယူခွင့်ရတယ် သူ့ကို ဘယ်တုန်းကများ မျိုးရိုးထုံးစံ စည်းမျဥ်းတွေနဲ့ ချုပ်ကိုင်ပြီး တစ်ခါလေးတောင် ပြောခဲ့ဖူးလား ပါပါး"
သူပြောတဲ့ စကားတွေကို နားစိုက်ထောင်နေတဲ့ ပါပါး လက်တွေက တုန်နေသယောင်။
အပိုင်း(ဂ)
"ကျွန်တော့်ကိုတော့ တစ်ချိန်လုံး ဒီစည်းမျဥ်းတွေ အယူအဆတွေနဲ့ ကိုင်ပေါက်နေခဲ့တာလေ"
"ခုချိန်ထိပဲမလား .. ကျောင်းပိတ်လို့ အေးဆေးနေချင်တောင် ဟိုသင်တန်းတက်ရမယ် ဒီသင်တန်းက ဘယ်လို တက်ကိုတက်ရမယ် ဆိုတဲ့ အမိန့်တွေနဲ့ နေနေရတာလေ"
"ကျွန်တော် တစ်ခါတစ်လေ မလုပ်ချင်လို့ ငြင်းချင်ခဲ့တောင် မရခဲ့ဘူးလေ"
"ဒီတစ်ခေါက်တော့ အိမ်ထောင်ရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော့်စိတ်တိုင်းကျပဲ လုပ်ချင်တယ်"
"မင်းက မိဘတွေ ကောင်းစေချင်လို့ လုပ်ပေးတာကို မိုက်ရိုင်းတာလား"
"ကျွန်တော်ပြောတာ မိုက်ရိုင်းခဲ့တယ်ဆို ကျွန်တော် တောင်းပန်ပါတယ် ဒါပေမယ့် ကျွန်တော် Jaemin ကိုပဲ သေချာပေါက် လက်ထပ်မှာမို့လို့"
"ပါပါးတို့ လုပ်ငန်းတွေ စီမံပေးမယ် လိုချင်တဲ့ သားသမီးတွေ ကျွန်တော်ကိုယ်တိုင် မွေးပေးမယ် တစ်ခုပဲ အိမ်ထောင်ရေးတော့ ခြွင်းချက်ပေါ့"
"မင်းက လျော့ပေးတာ ကြာလို့ ရောင့်တက်လာတာ"
"ပါပါးပြေသလို ရောင့်တက်တယ်ဆိုလည်း ရောင့်တက်တယ်ပဲပေါ့ ဘယ်တတ်နိုင်မလဲ"
ဒီတစ်ခါတော့ ပါပါးထိုးတာ တစ်ချက်မက ။
"ပါပါးသိလား ရင်ထဲက ဒဏ်ရာတွေက ဒီအပြင်က ဒဏ်ရာတွေလို ဆေးထည့် ဆေးသောက်ရုံနဲ့ မပျောက်ကွယ်တတ်ဘူး"
"အေး ဒီမှာ Huang Renjun မင်း ဒီလို ခွေးအလုပ် လုပ်မယ်ဆို ငါတို့မျိုးရိုးက ထွက်သွား လုပ်ငန်းတွေကိုလည်း ငါပဲ လုပ်လို့ရတယ် သိပ်ပြီး မာနတွေ ရှိမနေနဲ့"
"မာန?? ကျွန်တော့်မှာ မရှိပါဘူး .. ကျွန်တော် သူ့ကိုလည်း လုံးဝ မစွန့်လွှတ်နိုင်ဘူး ပြီးတော့ ဒီသည်းမျဥ်းတွေထဲကလည်း လွတ်မြောက်ချင်တာမို့ ထွက်သွားမယ်"
"မင်း"
"ထိုးပါ ပါပါး စိတ်မပြေမချင်းထိုး"
"ထွက်သွား ခုချက်ချင်း ထွက်သွား လုံးဝ ပြန်မလာနဲ့"
Renjun ခေါင်းကို ငုံ့ကာ အရိုအသေ ပေးပြီးတဲ့ နောက် ထွက်လာခဲ့သည်။ တံခါးကနေ ထမင်းစားခန်းထဲ လှမ်းကြည့်တော့ ညီငယ်က သူ့ကို အားနာနေတဲ့ မျက်ဝန်းတွေနဲ့ ငေးကြည့်နေပြီး မထွက်သွားစေချင်တဲ့ပုံ။
Renjun ပြုံးပြလိုက်ရင်း ဖုန်းဆက်မယ်လို့ ပြောရင်း တံခါးကို ပိတ်မည်လုပ်တော့ ပါပါးစကားတချို့က ရင်ထဲ ပိုနာကျင်စေသလို။
"ထွက်သွားလည်း ဒီတိုင်းထွက်သွား ဘာမှလည်း မယူသွားနဲ့ ဘယ်သူ့ကိုမှ မဆက်သွယ်နဲ့ ပိုက်ဆံ ဘာညာလည်း မတောင်းနဲ့ Injunဆီကလည်း တောင်းမယ် မစဥ်းစားနဲ့ ငါ့ရှေ့မှာ ဟုတ်သလိုလို ဟန်အပြည့်နဲ့ နောက်ကွယ်ကျမှ သနားစရာ လုပ်မနေနဲ့"
"အကုန်ထားခဲ့ပါတယ် ခုဝတ်ထားတဲ့ အကျီတွေ ဘောင်းဘီတွေ ကိုင်ထားတဲ့ ဖုန်းတွေက ကျွန်တော် အရင်က အချိန်ပိုင်း လုပ်ရင်း ရတဲ့လခတွေနဲ့ ဝယ်ထားတာမို့ ယူသွားတာပါ ပြီးတော့ ဘာမှလည်း မတောင်းဘဲ နေမှာမို့ စိတ်ထဲ မတက်မကျတွေ ဖြစ်မနေပါနဲ့"
တံခါးကို 'ဒုန်းခနဲ' ပိတ်ပြီးတာနဲ့ ထိန်းချုပ်ထားတဲ့ မျက်ရည်တွေကို လွတ်လပ်ခွင့်ပေးတော့ အတိုင်းအဆမရှိ ကျဆင်းလို့။ လမ်းလျှောက်နေပေမယ့် ဘယ်အရာကိုမှ သေသေချာချာ မမြင်ရ။
ဒီလိုနဲ့ လျှောက်ရင်း ဘတ်စ်ကားဂိတ် ရောက်လာခဲ့သည်။ Jaemin စိတ်ပူနေမှာစိုး၍ ဖုန်းလည်းမဆက်ချင်။ ဘယ်ကိုသွားရမှန်းလဲမသိ သွားဖို့အတွက် ပိုက်ဆံကို ဟိုရှာ ဒီရှာလုပ်တော့ ကားစီးဖို့ လုံလောက်တဲ့ ပိုက်ဆံကို ဘောင်းဘီအိတ်ကပ်ထဲက ရှာတွေ့သည်။ ရပ်ထားတဲ့ ကားရဲ့ ရောက်တဲ့ နေရာတွေ ပြထားတဲ့ပုံမှာ ကစားကွင်း ဆိုတာ ပါသည်မို့ အထွေအထူး မစဥ်းစားဘဲ တက်စီးခဲ့လိုက်သည်။
အပိုင်း (ဃ)
Renjun ကားပေါ်မှာတည်းက ဝင်နေတဲ့ Injun ဖုန်းကို မကိုင်မိ။ ကစားကွင်းထဲ ရောက်တော့လည်း ဝင်လာတဲ့ Jaemin ဖုန်းကို မကိုင်မိ ။
သူထိုင်ခုံတွေ့လို့ ဝင်ထိုင်ပြီး ပျော်ပျော်ရွှင်ရွှင် ဆော့နေကြတဲ့ လူငယ်တွေ ကလေးတွေ မိသားစုတွေကို ငေးနေမိသည်။
အတွေးတွေလည်း ဟိုရောက် ဒီရောက်နဲ့ ငေးငိုင်နေရင်း ထပ်မံဝင်လာတဲ့ဖုန်းအသံကြားမှ အသိပြန်ဝင်လာသည်။ ဖုန်းက ပေါ်နေတဲ့အချိန်ကို ကြည့်တော့ နေ့လည်တောင် ရောက်နေပြီ။
ဖုန်းကို ကိုင်လိုက်တာနဲ့ ကြားလိုက်ရတဲ့ ချစ်ရသူရဲ့ အသံဟာ စိတ်ပူခြင်းတွေ ပြည့်လျှံလို့။
ဖုန်းချပြီး မကြာမီ အပြေးအလွှားရောက်လာတဲ့ သူ့ကောင်လေးဟာ သူ့ကို တော်တော် စိုးရိမ်နေသည်ပဲ။
Renjun တို့ စကားအနည်းငယ်ပြောပြီး နေ့လည်စာစားခဲ့ကြသည်။ ပြီးတော့ Jaemin တိုက်ခန်းကို သွားကြသည်။ Renjun မအိပ်ချင်သေးပေမယ့် စကားတွေလည်း မပြောချင်သေးသည်မို့ ကြိုးစား အိပ်ဖို့သာ ပြင်လိုက်သည်။
သူနဲ့အတူတူ အိပ်ဖို့ခေါ်ထားတဲ့ ချစ်ရသူက သူ့ရင်ခွင်ထဲ ထည့်ပြီး ချော့သိပ်နေသည်မို့ တကယ်အိပ်ပျော်သွားခဲ့ရသည်။ ပြန်နိုးလာချိန်မှာ ဘေးနားမှာ ချစ်ရသူ မရှိ ရေချိုးသံတွေ ကြားနေရသည်မို့ ရေချိုးနေလောက်မည်ဟု တွေးမိသည်။
Renjun အိပ်ရာမှာ ထထိုင်ကာ နေ့လည်က ဝယ်လာတဲ့ အအေးဗူးတစ်ဘူးကို ဖောက်သောက်လိုက်သည်။ ထိုအချိန် ရေချိုးခန်းထဲက ထွက်လာတဲ့ Jaeminက သူ့ဘေးနား လာတော့ သောက်မလား ဆိုပြီး မေးတော့ ခေါင်းခါပြလေသည်။
ညစာမှာထားသည်မို့ ရေအရင်ချိုးမလား စားပြီးမှ ချိုးမလား မေးတဲ့ သူ့ကောင်လေးဟာ သူ့ကို အရာရာ အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ပေးတဲ့ နတ်သားလေးပါပင်။
ရေအရင်ချိုးမယ်ဆိုတဲ့ သူ့ရဲ့ စကားနောက်မှာ ဝတ်ဖို့ အဝတ်တွေကို အသင့်ထုတ်ထားပေးမယ်၊
အအေးမိမှာစိုးလို့ ရေကိုအကြာကြီး မချိုးဘဲ မြန်မြန်ချိုးဖို့ မှာပြန်တယ်။ ညစာရောက်လာတာနဲ့ စားဖို့ပြင်ထားမယ် ဆိုပြီး သူ့ကို သေချာ ဂရုစိုက်ပေးတဲ့ ကောင်လေး။ ဒီကောင်လေးကို ချစ်သူတော်ရတာ သူ ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ။
ရေချိုးပြီး ထွက်လာတော့ ပြောထားတဲ့အတိုင်း ရောက်နေတဲ့ ညစာကို စားဖို့ အသင့်ပြင်ထားပေးသည်။ TV ကြည့်ရင်း စားချင်တယ်လို့ ပူဆာတဲ့ သူ့သဘောအတိုင်း TV ကြည့်ရင်း စားစေသည်။
ခွံ့ကျွေးလိုက် ပေနေတဲ့ ပါးစပ်ကို သုတ်ပေးလိုက် လုပ်ပေးနေတဲ့ ကောင်လေးက သူကိုယ်တိုင်ရော ညစာစားရဲ့လား မသိ။
အပိုင်း (င)
ညစာစားပြီးလို့ TV ဆက်ကြည့်နေတဲ့ သူ့ကို ပွေ့ဖက်ပြီး *ကိုကို* လို့ ရုတ်တရက် ခေါ်လာတဲ့ အခေါ်အဝေါ်ကြောင့် အံ့သြမိရသည်။
ဆံပင်လေးကို ဖွရင်း ဟန်ဆောင်နေတာရပ်ပြီး ခံစားနေရတာတွေ တစ်ယောက်တည်း ကြိတ်မခံစားဘဲ သူ့ကိုဖွင့်ပြောပြဖို့အတွက် တောင်းဆိုလာလေသည်။
သူ့ဘက်ကို လှည့်ကြည့်တော့ မေ့ထားတဲ့ မနက်က အဖြစ်အပျက်တွေကို ပြန်သတိရလာသည်။ ခေါင်းငုံ့ကာ ငိုရှိုက်မိရင်း မခွဲနိုင်ကြောင်း ပြောတော့ သူ့ကို ဖက်ထားရင်း နှစ်သိမ့်ပေးသည်။
*အပေးအယူ* ရှိကြောင်းကစ ခံစားရသမျှ နေထိုင်ခဲ့ရသမျှ ဘဝအကြောင်းတွေ ပြောပြတော့လည်း သူ့ဘေးနားမှာ ရှိပေးပြီး အခုထက် ပိုချစ် ပိုဂရုစိုက်ပေးမှာမို့ တူတူရှေ့ဆက်ကြမယ်ဆိုပြီး အားပေးနှစ်သိမ့်လာတဲ့ သူ့ကောင်လေး။
သူ့ကို ရွေးချယ်ပေးလို့ သူ့ကို ပြန်ချစ်ပေးလို့ ကျေးဇူးတင်ကြောင်း တစ်ဖွဖွ ပြောလာတဲ့ သူ့ကောင်လေး * ရွေးချယ်မှု မှန်ကန်တယ် Renjun။ မင်းမှာ နောင်တရစရာ မရှိလောက်အောင် သူ့ကို ရွေးချယ်တာ မှန်တယ်* လို့ တွေးမိတော့ ပျော်ရွှင်ရပြန်ရော။
Flash back endddddd
ရင်ခွင်ထဲက ရယ်လိုက် ငိုလိုက်နဲ့ အကောင်ပေါက်လေးကို အသည်းယားစွာ မျက်နှာလေးကို မော့ယူပြီး နှုတ်ခမ်းလေးကို နမ်းလိုက်သည်။
ဘယ်တော့ နမ်းနမ်း ဘယ်လောက် နမ်းနမ်း ထပ်ထပ်နမ်းချင်မိတယ် စိတ်လွတ်ကိုယ်လွတ်သာ နမ်းရရင်တော့ကွာ။
အရှက်သည်းနေတဲ့ အကောင်ပေါက်ကို တိုးလို့ ဖက်တော့ ရင်ခွင်ထဲ သူထားသလိုသာ နေနေသည်။
"အူကြူး"
"ဟင်"
"ဆေးထည့်ရအောင် နှုတ်ခမ်းကို"
"ဟင့်အင်း"
"မထည့်လို့ မရဘူးလေ ထည့်မှ မြန်မြန်ပျောက်မှာပေါ့ ခုနက စားတာတောင် အစပ်မပါဘဲ စပ်နေတာကို"
"ဆေးထည့်လို့ စပ်တာက ပိုစပ်တယ်"
"လိမ်မာပါတယ် မြန်မြန်ပျောက်အောင် ထည့်လိုက်နော်"
"မထည့်ချင်ပါဘူးဆို"
"ဒါဆို ခုနကလို အနမ်းခံမလား ဆေးထည့်မလား"
"မင်းက အသားယူဖို့ပဲ တွေးဖို့တယ်"
"တကယ် အသားယူတာက ဘယ်လိုလဲဆိုတာ ပြောပြရမလား အူကြူး"
Jaemin , Renjun နား နားကပ်ကာ ပြောတော့ သူ့ကို မျက်စောင်းလှမ်းထိုးသည်။
"ဆေးထည့်ပေး"
"စပ်လို့ မထည့်ချင်ဘူးဆို မစပ်ရအောင် နမ်းမယ်လေ"
"ရား Na Jaemin .. တော်ပြီ ဆေးလည်း မထည့်တော့ဘူး နမ်းလည်းမနမ်းဘူး .. ငါ့ဘေးနားလည်း မထိုင်နဲ့"
"တကယ် မထိုင်ရဘူးလား"
"အေး ထွက်သွား"
"အူကြူး မောင့်ကို ထွက်သွားခ်ိုင်းတာနော်"
Jaemin ပြောပြီး ထထွက်ကာ အခန်းထဲ ဝင်လိုက်သည် ကုတင်ပေါ်မှာ ထိုင်ရင်း ဖုန်းဖွင့်ကာ ဂိမ်းဆော့ဖို့ ဂိမ်းထဲဝင်လိုက်သည်။
ရုတ်တရက် ဖုန်းကို ဆွဲယူသွားတဲ့ လက်အစုံ .. Jaemin မော့ကြည့်တော့ သူ့နှုတ်ခမ်းကို ထိကပ်လာတဲ့ နှုတ်ခမ်းတစ်စုံ .. စက္ကန့်ပိုင်းမျှ ထိကပ်ပြီး ပြန်ခွာလိုက်သော Renjun
"ဘာလုပ်တာလဲ အူကြူး"
"ဂိမ်းဆော့မလို့လေ"
"ကိုယ့်ဖုန်းနဲ့ ကိုယ်ဆော့ပေါ့ မောင် အားသွင်းပေးတာ ခုချ်န်လောက်ဆို ပြည့်လောက်ပါပြီ"
"ဟင့်အင်း မောင့်ဖုန်းထဲက ဂိမ်းပဲ ဆော့ချင်တာ"
"အူကြူး မရစ်နဲ့"
"မရစ်ပါဘူး"
Renjun ဖုန်းကိုချကာ Jaemin မျက်နှာလေးကို ကိုင်ပြီး စလိုက်သည်။
"ကိုကို့ ဘေဘီလေးက စိတ်ကောက်သွားတာလား" "ချစ်လို့ စလိုက်တာကို" "ဘေဘီ ဘေဘီ"
"အူကြူး တော်တော့ကွာ"
"အလို ဘေဘီလေးက စိတ်ကောက်နေတာကို ဒီက ကိုကိုက ဘယ်လိုနေနိုင်မှာလဲလို့"
Jaemin ချစ်စရာကောင်းတဲ့ Renjun ကို အသည်းယားစွာ ပွေ့ဖက်လိုက်ပြီး နမ်းလိုက်သည်။ စိတ်ကောက်အောင် လုပ်လို့နဲ့ အသည်းယားအောင် လုပ်ချင်တဲ့ အကောင်ပေါက် အသက်ရှူကြပ်တဲ့အထိ နမ်းပစ်ဦးမယ်။