မိုင်မိုင်း အိပ်ရာနိုးတော့ မနက် ဝေလီဝေလင်းပဲ ရှိသေးသည်။ သူ ညက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ခဲ့သည့် ဖြစ်ရာ တစ်နေ့တာရဲ့အစမှာ သူ့ရဲ့ စိတ်အာရုံတွေ ကြည်လင် လန်းဆန်းနေပါ၏။
သူ နံဘေးကို ငဲ့ကြည့်လိုက်တော့ ညက ခွာအိပ်ခဲ့သည့် အကွာအဝေးမှာပဲ ဦးမြတ်သောမာန်က သူ့ဘက်ကို ကိုယ်စောင်းလှည့်လျက် အနေအထားဖြင့် ငြိမ်ငြိမ်သက်သက် အိပ်ပျော်နေဆဲပင်။
သူ အိပ်ရာမှ မထသေးဘဲ ဦးမြတ်သောနှင့် မျက်နှာချင်းဆိုင်ဘက်ကို သာသာလေး လှည့်လိုက်ပြီး ဦးမြတ်သောရဲ့မျက်နှာကို ငေးကြည့်မိသည်။ ဦးမြတ်သော အမြဲ လှန်တင်ထားလေ့ရှိသော ဆံပင်တွေက အခုလို နဖူးရှေ့ကို တချို့ တစ်ဝက် ပြန်ကျနေတာလည်း ကြည့်ကောင်းပါ၏။
ဦးလေး သူရိန်တို့ရဲ့ တောင်ပေါ်က စံအိမ်ကြီးမှာ သူ ဦးမြတ်သောရဲ့ဓာတ်ပုံတွေကို မြင်ဖူးကတည်းက တည်တည်ကြည်ကြည်နှင့်ခံ့ခံ့ညားညား ထိုမျက်နှာထားကို သဘောကျခဲ့ရသည်။ အဲဒီတုန်းကတော့ ကလေးတစ်ယောက်ရဲ့စိတ်ထဲမှာ ဦးမြတ်သောကို အပြင်မှာ တစ်ခါလောက် တွေ့ဖူးချင်လိုက်တာဟူသည့် ခံစားချက်ပဲ ရှိခဲ့၏။
ဦးလေးသူရိန်ရဲ့စျာပနာ အခမ်းအနားကို ဦးမြတ်သော လာသည်ဟု အန်တီ့စန္ဒာ့ဆီက ကြားပေမယ့် အဲဒီတုန်းက သူ နေမကောင်းဖြစ်ပြီး အိပ်ရာထဲ လဲနေ၍ ဦးမြတ်သောကို မမြင်ဖူးလိုက်ပေ။စေ့စပ်ပွဲမှာ ပထမဆုံးအနေဖြင့် ဆုံဖူးကြတော့လည်း သိမ်ငယ်စိတ်တွေနှင့် သူ ဦးမြတ်သောရဲ့မျက်နှာကို စေ့စေ့တောင် မကြည့်ဝံ့ခဲ့ပါလေ။
အခုတော့ သူ ရှိန်ရတဲ့ ဦးမြတ်သောက သူ့ရဲ့အခန်းလေးထဲမှာ သူနှင့်အတူ ကြမ်းခင်းပေါ် လှဲအိပ်နေသည့် အဖြစ်ဟာ အိပ်မက်ဆန်လှသည်။
ပြတင်းပေါက်ကနေ ဖြာကျလာသည့် နေရောင်ခြည်က ဦးမြတ်သောရဲ့မျက်နှာပေါ် ကို လာဟပ်သည့်အခါ ဦးမြတ်သောက မျက်မှောင်တွေ ကြုတ်လာပါ၏။
မိုင်မိုင်း အိပ်ရာကနေ သာသာလေး ထပြီး နေရောင်ကာအောင် ပြတင်းတံခါး တစ်ချပ်ကို ပိတ်ပေးလိုက်ပေမယ့် ဦးမြတ်သောက လှဲနေရာမှ ထထိုင်လိုက်ပြီ ဖြစ်သည်။
"နိုးပြီလားဗျ"
"အင်း"
"အခုမှ ငါးနာရီကျော်ပဲ ရှိသေးတာမို့ ပြန်အိပ်ချင် အိပ်လိုက်ပါဦးဗျ"
"ကိုယ် အိပ်ရေး ဝပါတယ်"
ဦးမြတ်သောက သူ့ကို ပြုံးပြကာ အိပ်ရာတွေ သိမ်းဖို့လုပ်နေ၍ မိုင်မိုင်း တားရပြန်သည်။
"ကျွန်တော်ပဲ သိမ်းလိုက်ပါ့မယ်"
"ကိုယ်ခြုံတဲ့စောင် ကိုယ့်ဘာသာ ခေါက်ပါရစေ မိုင်မိုင်း"
သူတို့နှစ်ယောက် ကိုယ့်အိပ်ရာကိုယ် သိမ်းကြပြီးနောက် ကိုယ်လက်သန့်စင်ဖို့အတွက် အိမ်အောက်ထပ်သို့ ဆင်းခဲ့ကြသည်။
နိုင်နိုင်းနှင့်အငယ် မထသေးပေမယ့်
မေမေကတော့ မနက်အစောကြီး မီးဖိုချောင်ဝင်နေပြီမို့ မိုင်မိုင်း မျက်နှာသစ် သွားတိုက် ပြီးသည်နှင့် မေမေ့ကို သွားကူလိုက်၏။
"ဒီနေ့ မနက်စာက ဘာလဲ မေမေ"
"ကြက်ပေါင်း ခေါက်ဆွဲလုပ်ပေးမလို့လေ"
"ဒါဆို ကျွန်တော် ခေါက်ဆွဲပြုတ်လိုက်မယ်...ဘာ ခေါက်ဆွဲ သုံးမလဲ"
"ဂျုံခေါက်ဆွဲ"
မေမေက ကြက်ပေါင်းရည် ချက်နေတာမို့ သူက ဂျုံခေါက်ဆွဲ ပြုတ်ဖို့ ရေနွေးအိုး အရင် တည်ရသည်။
မိုင်မိုင်း သတိမမူဘဲ အင်္ကျီလက်တွေကို ပင့်တင်လိုက်မိပြီးမှ မလုံမလဲဖြင့် မေမေ့ကို ကြည့်လိုက်တော့ မေမေက လက်ဖွဲ့ကြိုး မချည်ထားတဲ့ သူ့လက်ကောက်ဝတ်ကို မြင်သွားပြီဖြစ်သည်။
"မေမေ...ဒါကလေ"
"မနေ့က အမေ မောင်မြတ်သောနဲ့ စကား ပြောပြီးပါပြီ"
ဦးမြတ်သောက မေမေ့ကို သူတို့နှစ်ယောက် လက်ဖွဲ့ကြိုးတွေ ဖြည်ထားကြတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဘယ်လို ပြောထားလဲ မသိပေမယ့် မေမေက နားလည်သလိုလေး ပြုံးပြလာတော့လည်း မိုင်မိုင်း စိတ်သက်သာရာ ရသွား၏။
မေမေ သိရင် ဖေဖေလည်း သိပြီးလောက်ပါပြီ။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
"ဦးမြတ်သော"
အခန်းတံခါး ခေါက်သံနှင့်အတူ မိုင်မိုင်းရဲ့ခေါ်သံကို ကြားရတော့ မြတ်သောမာန် ပြတင်းတံခါးနားတွင် ရပ်ကာ ဖုန်း ပြောနေရာမှ အခန်းတံခါး သွားဖွင့်လိုက်သည်။
"မနက်စာ စားဖို့ လာခေါ်တာဗျ"
သူ မိုင်မိုင်းကို ခေါင်းညိတ်ပြပြီး တစ်ခါတည်း ဖုန်းချလိုက်ပါ၏။
သူ မိုင်မိုင်းနှင့်အတူ အောက်ထပ်ကို လိုက်ဆင်းသွားတော့ အစ်မမြရီက သူ့အတွက် မနက်စာ ပြင်ပေးသည်။
ထမင်းစားခန်းထဲတွင် မိုင်မိုင်းရဲ့ညီလေးတွေလည်း ရှိနေကြကာ မြတ်သောမာန် စားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်တော့ မိုင်မိုင်းရဲ့ညီအငယ်ဆုံးလေးက ခေါက်ဆွဲ စားနေရင်း မြတ်သောမာန်ကို ပြုံးပြလာသည်။ နိုင်နိုင်းဟူသည့် ကောင်လေးကတော့ သူ့ကို အသိအမှတ်ပြုသလို တစ်ချက် ကြည့်ပြီး ကိုယ့်မနက်စာ ကိုယ် အေးအေးလူလူ ဆက်စားနေ၏။
"အငယ်...နောက် တစ်ပွဲ ယူဦးမလား"
"တော်ပြီဗျ"
"သားနိုင်းရော"
"ကျွန်တော်လည်း စားလို့ ဝပြီ မေမေ"
နိုင်နိုင်းနှင့်အငယ်က မနက်စာ စားပြီးတော့ ကိုယ့်ပန်းကန် ကိုယ် သိမ်းသွားကြသည်။
"မောင်မြတ်သော စားလို့ချိုရဲ့လား"
"ဟုတ်ကဲ့ခင်ဗျ"
အစ်မမြရီ ချက်ထားသည့် ကြက်ပေါင်းခေါက်ဆွဲက တကယ်ကို အရသာ ရှိတာမို့ မြတ်သောမာန် ပန်းကန်တစ်လုံး စားလို့ ကုန်ပါ၏။
"ဦးမြတ်သော ဘယ်အချိန် ပြန်မှာလဲဗျ"
"မွန်းလွဲချိန်လောက် ပြန်မယ်လေ"
မိုင်မိုင်းက သူ့ထက်အရင် စားလို့ ပြီးသွားပေမယ့် သူ စားပြီးသည်အထိ စောင့်နေပေးကာ သူနှင့်အတူ ပန်းကန်တွေကို သိမ်း၏။
"သားကြီးရေ...မေမေ စျေးသွားလိုက်ဦးမယ်နော်"
"ကျွန်တော် လိုက်ကူရမလား မေမေ"
"နိုင်နိုင်းက ဆိုင်ကယ်နဲ့ လိုက်ပို့မယ်တဲ့...သားက မောင်မြတ်သောကို အဖော်လုပ်ပေးလိုက်ဦး"
"ဟုတ်ကဲ့"
အစ်မမြရီတို့ သားအမိ စျေးသွားကြသည့်နောက် ဘောလုံးကန် ထွက်ဖို့အတွက် အမေ အလစ်ကို ချောင်းနေပုံရသော အငယ်က ဘောလုံးဝတ်စုံ အသစ်၊ ဘောလုံးကန် ဖိနပ် အသစ်ဖြင့် အခန်းထဲမှ ထွက်လာသည်။
"ကိုကြီး...ကျွန်တော် မိုက်လား"
ပျော်နေသည့် အငယ့်ကို ကြည့်ပြီး လက်မနှစ်ဖက် ထောင်ပြသည့် မိုင်မိုင်းက ညီတွေကိုလည်း အတော်လေး ချစ်ပုံ ရ၏။
"မထိခိုက်စေနဲ့နော်"
"စိတ်ချပါ"
အငယ်လည်း ဘောလုံးကန် ထွက်သွားသည့်နောက် အိမ်တွင် မိုင်မိုင်းနှင့်မြတ်သောမာန် နှစ်ယောက်တည်း ကျန်ခဲ့တော့သည်။
"ကျွန်တော်တို့ ငယ်ငယ်က ဓာတ်ပုံတွေ ကြည့်မလားဗျ"
"အင်း"
မိုင်မိုင်းက အိမ်ဧည့်ခန်းရှိ ဗီရိုထဲမှ ဓာတ်ပုံ Album တစ်ခုကို ထုတ်လာပြီး
သူ့ကို လက်နှစ်ဖက်ဖြင့် ကမ်းပေး၏။
မြတ်သောမာန် ကျွန်းကုလားထိုင်ပေါ်တွင် ခြေတစ်ဖက် ချိတ်ထိုင်လျက် မိုင်မိုင်း ပေးလာသည့် ဓာတ်ပုံ စာအုပ်ကို ယူကြည့်လိုက်သည်။
မိုင်မိုင်းကတော့ အပ်ဘူး သွားယူကာ မနက်အစောက အငယ် ခူးထားသည့် သရဖီပန်းတွေကို သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင် သီနေ၏။
"ဒါ မင်း ငယ်ငယ်က ပုံလား"
ဂျောက်ဂျက် ကစားစရာလေးကို လက်တစ်ဖက်ကိုင်ကာ ပြုံးရယ်နေသည့် ထိုင်တတ်စ အရွယ် ကလေးငယ်လေးရဲ့ပုံကို သူ လက်ညိုးဖြင့် ထောက်ပြတော့ မိုင်မိုင်းက ခေါင်း ပြန်ညိတ်ပြသည်။
"ဟုတ်တယ်ဗျ"
မြတ်သောမာန် နောက်ပုံတွေကို ဆက်ကြည့်တော့လည်း မိုင်မိုင်းရဲ့ ပုံတွေတိုင်းမှာ မပြုံးတဲ့ပုံ ဟူ၍ ခပ်ရှားရှားပင်။ မိုင်မိုင်းရဲ့ညီလတ် နိုင်နိုင်းကတော့ ငယ်ငယ်ကတည်းက ခပ်တည်တည်လေးပဲ ဖြစ်သည်။ ညီအငယ်ဆုံးလေးကျ ဓာတ်ပုံတွေထဲမှာတောင် ငြိမ်နေသည့်ပုံရယ်လို့ သိပ်မရှိ။
"မိုင်မိုင်း"
"ဗျ"
"တစ်ခုလောက် မေးလို့ရမလား"
"ဟုတ်ကဲ့"
မြတ်သောမာန် ဓာတ်ပုံတွေ အကုန် ကြည့်ပြီးပြီဖြစ်သည့် Album ကို စားပွဲပေါ် ပြန်ချပြီး မိုင်မိုင်းနှင့် မျက်နှာချင်း ဆိုင်လိုက်သည်။
"ကိုယ်နဲ့ စေ့စပ်ဖို့ မဖြစ်ခင်က ဘာတွေလုပ်ဖို့ အစီအစဥ် ရှိခဲ့တာလဲ"
သူပြောသည့် စကားကို နားစိုက်ထောင်နေရာမှ တွေတွေလေး ဖြစ်သွားသည့် မိုင်မိုင်းက သူ့ဆီကနေ ထိုမေးခွန်းမျိုးကို မျှော်လင့်ထားပုံမရပါ။
"ကျွန်တော် စိုက်ပျိုးရေး တက္ကသိုလ်ပဲ တက်ဖြစ်ခဲ့မှာပါ...တခြား ဝါသနာ ပါတာလေးတွေလည်း လုပ်ရင်း နှစ်ကုန်တိုင်း ခရီးထွက်မယ်...တစ်ယောက်တည်း ဖြစ်ဖြစ်...သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်...မိသားစုနဲ့ ဖြစ်ဖြစ်ပေါ့...ဘွဲ့ရရင်တော့ လုပ်ငန်းခွင် ဝင်ပြီး စိုက်ပျိုးရေးနဲ့ အဓိက အသက်မွေးကြတဲ့ ကျွန်တော်တို့ရဲ့ မြို့လေးမှာ ပြန်ကူဖို့ စိတ်ကူးထားခဲ့ပါတယ်"
မြတ်သောမာန်ကတော့ မိုင်မိုင်းကို သူနှင့်စေ့စပ်လိုက်ရလို့ တစ်ခုခုကို လက်လွှတ်လိုက်ရတာမျိုး မဖြစ်စေချင်။
အဲဒီလို မဖြစ်ရအောင်လည်း သူက တတ်နိုင်သမျှ ပံ့ပိုးပေးသွားမှာပင်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
ကောင်းကင်ယံဝယ် တိမ်တွေညို့နေသည်။
မနက်ခင်းတစ်ပိုင်းလုံး နေသာ နေခဲ့ပေမယ့် မြတ်သောမာန် အိမ်ပြန်ဖို့ မိုင်မိုင်းကို နှုတ်ဆက်ရချိန်မှာ ရာသီဥတုကတောင် သူ့ ခံစားချက်တွေကို လိုက်ပြီး ပြောင်းလဲနေသယောင်။
"အိမ်ထဲဝင်တော့လေ"
သူ့အား မော့ကြည့်နေသော ကောင်လေးက ခေါင်းအသာရမ်းကာ
"ဦးမြတ်သော အရင်ပြန်ပါဗျ" ဟု ဆိုလာ၏။
မပြန်မဖြစ်လို့သာ ပြန်ရမည့် သူက
မပြုံးနိုင်ပေမယ့် မိုင်မိုင်းကတော့ ဘာခံစားချက်မှ မရှိသလိုပင်။
"ဒါဆို ကိုယ်သွားပြီ"
"ဟုတ်ကဲ့ဗျ"
သူ့ဘက်က အရင် ကျောခိုင်းခဲ့ရသည့်တိုင် မိုင်တွေဝေးလေ ရင်ဘတ်ထဲမှာ ဟာလာလေ။
ညနေ ၅ နာရီ မထိုးခင် သူ ပြန်ရောက်တော့ တိတ်ဆိတ်နေသည့် အိမ်ကြီးထဲမှာ လွမ်းမောစရာတောင် ကောင်းနေသည်။
Balcony နှင့် ခြားထားသည့် သူ့အခန်း မှန်နံရံကို တစ်ဖက်သို့ တွန်းဖွင့်လိုက်တော့ ခြံဝန်းထဲရှိ သရက်ပင်ပေါ် နားနေသော ငှက်ကလေးက လန့်ပြီး ထပြန်သွား၏။
မြတ်သောမာန် ရှပ်အင်္ကျီ ကြယ်သီးတွေကို သုံးလုံးအထိ ဖြုတ်ချရင်း Sofa ပေါ်တွင် ထိုင်ချလိုက်သည်။
အပြန်လမ်းမှာ သူ ဝယ်လာသည့် Marlboro အနီရောင်ဗူးထဲမှ စီးကရက်တစ်လိပ်ကို ထုတ်ပြီး နှုတ်ခမ်းတွင် တေ့လျက် မီးခြစ်နှင့် မီးညှိသည်။
မသောက်တာ ကြာလို့ပဲလား မသိ။ ဆေးလိပ် နှစ်လိပ် ကုန်သည့်တိုင် သူ့ နှုတ်ခမ်းတွေက အာသာမပြေ။
သို့ပေမယ့် အများကြီး သောက်ရင် ကျန်းမာရေးကို ထိခိုက်မှာ စိုး၍ သောက်လက်စ လက်ကျန် စီးကရက်ပိုင်းကို ပြာခွက်ထဲ မီးထိုးသတ်လိုက်ပြီး
ခရီးပန်းလာတာရော ကိုယ်ပေါ်မှာ ဆေးလိပ်နံ့တွေ စွဲသွားတာရောကြောင့် သူ ရေချိုးခန်းထဲ ဝင်ခဲ့တော့၏။
သူ ရေချိုး၊ အဝတ်အစား လဲပြီး ညစာ စားဖို့ အောက်ထပ်သို့ ဆင်းလာချိန်က ည ခုနှစ်နာရီ။
Kitchen ထဲရှိ ရေခဲသေတ္တာပေါ်မှာ Sticky Note အဝါရောင်လေး ကပ်ထားတာကို မြင်တော့ မြတ်သောမာန် ယူဖတ်လိုက်၏။
"ဦးမြတ်သော...
ကျွန်တော် မရှိလည်း တစ်ခုခု ချက်စားပါ။
အပြင်စာတွေ မစားပါနဲ့ဗျ။
ကျွန်တော်ပြန်လာရင် စတိုခန်းထဲ Rum ပုလင်းအလွတ်တွေ မသိမ်းရဖို့ မျှော်လင့်တာပဲ။ "
မိုင်မိုင်းရဲ့လက်ရေးဝိုင်းဝိုင်းလေးတွေက သိပ် ချစ်စရာကောင်းတာမို့ မြတ်သောမာန် ရေနွေးအိုး တည်ထားစဥ်တွင် ထိုစာလေးကို တစ်ခေါက် ထပ်ဖတ်ကြည့်သည့်အခါမှာလည်း သူ တစ်ဖန် ပြုံးရပြန်တာပင်။
သူ ညစာ စားပြီး အိမ်ပေါ် ပြန်တက်လာတော့ ရုံးခန်းထဲ မဝင်ခင် ဘုရားခန်းထဲ အရင်ဝင်လိုက်သည်။
မပြန်ခင် တစ်ရက်က မိုင်မိုင်း ဘုရားပန်း လဲခဲ့သော ဆူးမဲ့နှင်းဆီဖြူ တွေက လန်းနေဆဲ။
မိုင်မိုင်း လုပ်သလိုမျိုး သူ ဘုရား သောက်တော်ရေ ကပ်ပြီး ဆီမီး ပူဇော်လိုက်တော့ စိတ် အေးချမ်းသွားရသည်။
ရုံးခန်းထဲ ရောက်မှ ရင်ဘတ် အိတ်ထောင်ထဲ ထည့်လာခဲ့သော စာရွက်လေးကို Desktop ထောင့်တွင် ကပ်ထားလိုက်၏။
သူ အိမ်ပြန်ရောက်ကြောင်း မိုင်မိုင်းကို ဖုန်းဆက်ဖို့ မေ့နေခဲ့သော်လည်း
သူ အလုပ်လုပ်နေစဥ် ည ၈ နာရီခန့်တွင် ဝင်လာသော ဖုန်း Callကြောင့် မြတ်သောမာန် ရင်ခုန်သွားရသည်။
"Hello"
"ဦးမြတ်သော ပြန်ရောက်ပြီလားဗျ"
"အင်း"
"ညစာရော စားပြီးပြီလားဗျ"
"ကိုယ်...ညနေ လေးနာရီနဲ့ဆယ်မိနစ်မှာ အိမ်ပြန်ရောက်တယ်...ညစာက Sandwich စားတယ်...ပြီးတော့ မင်း မှာခဲ့တာကိုလည်း ကိုယ် မြင်ပါတယ်"
"ဟုတ်ကဲ့...ဒါဆို နားပါဦးဗျ"
သူ့ဘက်က End Call မနှိပ်မချင်း ဖုန်းမချတဲ့ မိုင်မိုင်းက ဒီလို ဖုန်း ဆက်သွယ်မှုတွေမှာတောင် ယဥ်ကျေးမှုရှိပြီး လူကြီးကို လေးစားမှုထားတတ်တဲ့ လူငယ်လေးပင်။
"မိုင်"
"ဗျာ"
ငြိမ်သက်နေတဲ့လေလှိုင်းကြား သူ့ရဲ့ သက်ပြင်းတစ်ရှိုက်က တိုးတိုးငွေ့ငွေ့။
"ကိုယ် ဖုန်းချလိုက်တော့မယ်"
"ဟုတ်ကဲ့"
နောင်များဆို မိုင်မိုင်းနှင့် သည်ထက် ရှည်ကြာစွာ သူ ဖုန်းပြောချင်ပါသည်။
အခုတော့ စကားတွေ အများကြီး ပြောဖို့ထက် သူ့ရင်ထဲက ခံစားချက်တွေကို
အရင် ဆန်းစစ်နေရပြီ။
သေချာတာ တစ်ခုကတော့
မိုင်မိုင်း မရှိသည့် နှစ်လလုံးလုံး ဒီအိမ်မှာ သူ တစ်ယောက်တည်း မနေနိုင်လောက်ဘူး ဆိုတာပင်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
တရွေ့ရွေ့ ကုန်လွန်သွားသော အချိန်တွေက ရက်သတ္တပတ် လွန်ခဲ့ပြီး
မြတ်သောမာန် ရုံးကနေ အိမ်ပြန်ရောက်တိုင်း ဦးစွာ လုပ်ဖြစ်တာက မိုင်မိုင်း ပျိုးထားသော အပင်လေးတွေကို ရေလောင်းပေးခြင်းပင်။
မိုင်မိုင်းရော ဒီနေ့ ဘာတွေ လုပ်နေမလဲဟု တွေးနေမိစဥ်မှာပဲ ဖုန်းနံပါတ် တစ်ခုက အချိန်မှန် ဆက်သွယ်လာသည်။
"ပြော"
"မိုင်မိုင်းက ဒီနေ့ မနက်ပိုင်း လယ်ခင်းထဲ သွားပါတယ်...နေ့လယ်မှာ မြို့နယ် ပရဟိတအသင်းနဲ့အတူ လုပ်အားပေးပြီး ညနေ ငါးနာရီ အိမ်ပြန်ရောက်ပါတယ် Boss"
"အင်း"
စံအိမ်မှာ သူ နေရာချပေးခဲ့သော
Bodyguard team ရဲ့ ခေါင်းဆောင်
အစီရင်ခံလာတာတွေက မိုင်မိုင်းရဲ့ ပုံမှန် လုပ်ငန်းဆောင်တာများသာဖြစ်သည်။
"အရေးကြီးကိစ္စရှိရင် ငါ့ကို ချက်ချင်း အကြောင်းကြား"
"ဟုတ်ကဲ့"
မိုင်မိုင်းရဲ့လုံခြုံရေးအတွက် မိုင်မိုင်းနှင့်ပါတ်သက်သမျှ သတင်းတွေကို သူ နေ့စဥ်မပြတ် Check လုပ်နေရသော်လည်း....
ဒီအိမ်မှာ သူနှင့်အတူ နေရစဥ်က မပျော်ခဲ့တဲ့ မိုင်မိုင်းကတော့ ခုများဆို သူ့ကို မေ့ချင် မေ့နေလောက်ပြီ။
သူကသာ အမြဲလို မိုင်မိုင်းရဲ့အကြောင်းတွေကို တွေးမိနေတာ ဖြစ်ပြီး
မနက်စာ ချက်ရတာ အဆင်မပြေတိုင်း...
မိုင်မိုင်း ပျိုးထားသော အပင်လေးတွေကို ဂရုစိုက်ပေးတိုင်း...
မိုင်မိုင်းရဲ့အခန်းလေးကို သန့်ရှင်းရေး ဝင်လုပ်ပေးတိုင်း...
အိမ်တောင်ဘက်က မိုင်မိုင်းရဲ့စိုက်ခင်းလေးကို ငေးကြည့်မိတိုင်း...
အမှန်အတိုင်း ဝန်ခံရလျှင် သူ မိုင်မိုင်းကို နေ့တိုင်း သတိရပါသည်။
ဒီလိုနဲ့ မြတ်သောမာန် နားလည်လာသည်မှာ
လက်ဖွဲ့ကြိုးကို ဖြေခဲ့သော်လည်း
မိုင်မိုင်းက သူ့အား သံယောဇဥ်တွေနှင့်
ချည်နှောင်လိုက်ပြီ ဆိုတာကိုပင်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
[ Zawgyi ]
မိုင္မိုင္း အိပ္ရာနိုးေတာ့ မနက္ ေဝလီေဝလင္းပဲ ရွိေသးသည္။ သူ ညက ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ခဲ့သည့္ ျဖစ္ရာ တစ္ေန႕တာရဲ႕အစမွာ သူ႕ရဲ႕ စိတ္အာ႐ုံေတြ ၾကည္လင္ လန္းဆန္းေနပါ၏။
သူ နံေဘးကို ငဲ့ၾကည့္လိုက္ေတာ့ ညက ခြာအိပ္ခဲ့သည့္ အကြာအေဝးမွာပဲ ဦးျမတ္ေသာမာန္က သူ႕ဘက္ကို ကိုယ္ေစာင္းလွည့္လ်က္ အေနအထားျဖင့္ ၿငိမ္ၿငိမ္သက္သက္ အိပ္ေပ်ာ္ေနဆဲပင္။
သူ အိပ္ရာမွ မထေသးဘဲ ဦးျမတ္ေသာႏွင့္ မ်က္ႏွာခ်င္းဆိုင္ဘက္ကို သာသာေလး လွည့္လိုက္ၿပီး ဦးျမတ္ေသာရဲ႕မ်က္ႏွာကို ေငးၾကည့္မိသည္။ ဦးျမတ္ေသာ အၿမဲ လွန္တင္ထားေလ့ရွိေသာ ဆံပင္ေတြက အခုလို နဖူးေရွ႕ကို တခ်ိဳ႕ တစ္ဝက္ ျပန္က်ေနတာလည္း ၾကည့္ေကာင္းပါ၏။
ဦးေလး သူရိန္တို႔ရဲ႕ ေတာင္ေပၚက စံအိမ္ႀကီးမွာ သူ ဦးျမတ္ေသာရဲ႕ဓာတ္ပုံေတြကို ျမင္ဖူးကတည္းက တည္တည္ၾကည္ၾကည္ႏွင့္ခံ့ခံ့ညားညား ထိုမ်က္ႏွာထားကို သေဘာက်ခဲ့ရသည္။ အဲဒီတုန္းကေတာ့ ကေလးတစ္ေယာက္ရဲ႕စိတ္ထဲမွာ ဦးျမတ္ေသာကို အျပင္မွာ တစ္ခါေလာက္ ေတြ႕ဖူးခ်င္လိုက္တာဟူသည့္ ခံစားခ်က္ပဲ ရွိခဲ့၏။
ဦးေလးသူရိန္ရဲ႕စ်ာပနာ အခမ္းအနားကို ဦးျမတ္ေသာ လာသည္ဟု အန္တီ့စႏၵာ့ဆီက ၾကားေပမယ့္ အဲဒီတုန္းက သူ ေနမေကာင္းျဖစ္ၿပီး အိပ္ရာထဲ လဲေန၍ ဦးျမတ္ေသာကို မျမင္ဖူးလိုက္ေပ။ေစ့စပ္ပြဲမွာ ပထမဆုံးအေနျဖင့္ ဆုံဖူးၾကေတာ့လည္း သိမ္ငယ္စိတ္ေတြႏွင့္ သူ ဦးျမတ္ေသာရဲ႕မ်က္ႏွာကို ေစ့ေစ့ေတာင္ မၾကည့္ဝံ့ခဲ့ပါေလ။
အခုေတာ့ သူ ရွိန္ရတဲ့ ဦးျမတ္ေသာက သူ႕ရဲ႕အခန္းေလးထဲမွာ သူႏွင့္အတူ ၾကမ္းခင္းေပၚ လွဲအိပ္ေနသည့္ အျဖစ္ဟာ အိပ္မက္ဆန္လွသည္။
ျပတင္းေပါက္ကေန ျဖာက်လာသည့္ ေနေရာင္ျခည္က ဦးျမတ္ေသာရဲ႕မ်က္ႏွာေပၚ ကို လာဟပ္သည့္အခါ ဦးျမတ္ေသာက မ်က္ေမွာင္ေတြ ၾကဳတ္လာပါ၏။
မိုင္မိုင္း အိပ္ရာကေန သာသာေလး ထၿပီး ေနေရာင္ကာေအာင္ ျပတင္းတံခါး တစ္ခ်ပ္ကို ပိတ္ေပးလိုက္ေပမယ့္ ဦးျမတ္ေသာက လွဲေနရာမွ ထထိုင္လိုက္ၿပီ ျဖစ္သည္။
"နိုးၿပီလားဗ်"
"အင္း"
"အခုမွ ငါးနာရီေက်ာ္ပဲ ရွိေသးတာမို႔ ျပန္အိပ္ခ်င္ အိပ္လိုက္ပါဦးဗ်"
"ကိုယ္ အိပ္ေရး ဝပါတယ္"
ဦးျမတ္ေသာက သူ႕ကို ၿပဳံးျပကာ အိပ္ရာေတြ သိမ္းဖို႔လုပ္ေန၍ မိုင္မိုင္း တားရျပန္သည္။
"ကြၽန္ေတာ္ပဲ သိမ္းလိုက္ပါ့မယ္"
"ကိုယ္ၿခဳံတဲ့ေစာင္ ကိုယ့္ဘာသာ ေခါက္ပါရေစ မိုင္မိုင္း"
သူတို႔ႏွစ္ေယာက္ ကိုယ့္အိပ္ရာကိုယ္ သိမ္းၾကၿပီးေနာက္ ကိုယ္လက္သန့္စင္ဖို႔အတြက္ အိမ္ေအာက္ထပ္သို႔ ဆင္းခဲ့ၾကသည္။
နိုင္နိုင္းႏွင့္အငယ္ မထေသးေပမယ့္
ေမေမကေတာ့ မနက္အေစာႀကီး မီးဖိုေခ်ာင္ဝင္ေနၿပီမို႔ မိုင္မိုင္း မ်က္ႏွာသစ္ သြားတိုက္ ၿပီးသည္ႏွင့္ ေမေမ့ကို သြားကူလိုက္၏။
"ဒီေန႕ မနက္စာက ဘာလဲ ေမေမ"
"ၾကက္ေပါင္း ေခါက္ဆြဲလုပ္ေပးမလို႔ေလ"
"ဒါဆို ကြၽန္ေတာ္ ေခါက္ဆြဲျပဳတ္လိုက္မယ္...ဘာ ေခါက္ဆြဲ သုံးမလဲ"
"ဂ်ဳံေခါက္ဆြဲ"
ေမေမက ၾကက္ေပါင္းရည္ ခ်က္ေနတာမို႔ သူက ဂ်ဳံေခါက္ဆြဲ ျပဳတ္ဖို႔ ေရေႏြးအိုး အရင္ တည္ရသည္။
မိုင္မိုင္း သတိမမူဘဲ အကၤ်ီလက္ေတြကို ပင့္တင္လိုက္မိၿပီးမွ မလုံမလဲျဖင့္ ေမေမ့ကို ၾကည့္လိုက္ေတာ့ ေမေမက လက္ဖြဲ႕ႀကိဳး မခ်ည္ထားတဲ့ သူ႕လက္ေကာက္ဝတ္ကို ျမင္သြားၿပီျဖစ္သည္။
"ေမေမ...ဒါကေလ"
"မေန႕က အေမ ေမာင္ျမတ္ေသာနဲ႕ စကား ေျပာၿပီးပါၿပီ"
ဦးျမတ္ေသာက ေမေမ့ကို သူတို႔ႏွစ္ေယာက္ လက္ဖြဲ႕ႀကိဳးေတြ ျဖည္ထားၾကတဲ့ ကိစၥနဲ႕ ပတ္သက္လို႔ ဘယ္လို ေျပာထားလဲ မသိေပမယ့္ ေမေမက နားလည္သလိုေလး ၿပဳံးျပလာေတာ့လည္း မိုင္မိုင္း စိတ္သက္သာရာ ရသြား၏။
ေမေမ သိရင္ ေဖေဖလည္း သိၿပီးေလာက္ပါၿပီ။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
"ဦးျမတ္ေသာ"
အခန္းတံခါး ေခါက္သံႏွင့္အတူ မိုင္မိုင္းရဲ႕ေခၚသံကို ၾကားရေတာ့ ျမတ္ေသာမာန္ ျပတင္းတံခါးနားတြင္ ရပ္ကာ ဖုန္း ေျပာေနရာမွ အခန္းတံခါး သြားဖြင့္လိုက္သည္။
"မနက္စာ စားဖို႔ လာေခၚတာဗ်"
သူ မိုင္မိုင္းကို ေခါင္းညိတ္ျပၿပီး တစ္ခါတည္း ဖုန္းခ်လိဳက္ပါ၏။
သူ မိုင္မိုင္းႏွင့္အတူ ေအာက္ထပ္ကို လိုက္ဆင္းသြားေတာ့ အစ္မျမရီက သူ႕အတြက္ မနက္စာ ျပင္ေပးသည္။
ထမင္းစားခန္းထဲတြင္ မိုင္မိုင္းရဲ႕ညီေလးေတြလည္း ရွိေနၾကကာ ျမတ္ေသာမာန္ စားပြဲဝိုင္းတြင္ ဝင္ထိုင္လိုက္ေတာ့ မိုင္မိုင္းရဲ႕ညီအငယ္ဆုံးေလးက ေခါက္ဆြဲ စားေနရင္း ျမတ္ေသာမာန္ကို ၿပဳံးျပလာသည္။ နိုင္နိုင္းဟူသည့္ ေကာင္ေလးကေတာ့ သူ႕ကို အသိအမွတ္ျပဳသလို တစ္ခ်က္ ၾကည့္ၿပီး ကိုယ့္မနက္စာ ကိုယ္ ေအးေအးလူလူ ဆက္စားေန၏။
"အငယ္...ေနာက္ တစ္ပြဲ ယူဦးမလား"
"ေတာ္ၿပီဗ်"
"သားနိုင္းေရာ"
"ကြၽန္ေတာ္လည္း စားလို႔ ဝၿပီ ေမေမ"
နိုင္နိုင္းႏွင့္အငယ္က မနက္စာ စားၿပီးေတာ့ ကိုယ့္ပန္းကန္ ကိုယ္ သိမ္းသြားၾကသည္။
"ေမာင္ျမတ္ေသာ စားလို႔ခ်ိဳရဲ႕လား"
"ဟုတ္ကဲ့ခင္ဗ်"
အစ္မျမရီ ခ်က္ထားသည့္ ၾကက္ေပါင္းေခါက္ဆြဲက တကယ္ကို အရသာ ရွိတာမို႔ ျမတ္ေသာမာန္ ပန္းကန္တစ္လုံး စားလို႔ ကုန္ပါ၏။
"ဦးျမတ္ေသာ ဘယ္အခ်ိန္ ျပန္မွာလဲဗ်"
"မြန္းလြဲခ်ိန္ေလာက္ ျပန္မယ္ေလ"
မိုင္မိုင္းက သူ႕ထက္အရင္ စားလို႔ ၿပီးသြားေပမယ့္ သူ စားၿပီးသည္အထိ ေစာင့္ေနေပးကာ သူႏွင့္အတူ ပန္းကန္ေတြကို သိမ္း၏။
"သားႀကီးေရ...ေမေမ ေစ်းသြားလိုက္ဦးမယ္ေနာ္"
"ကြၽန္ေတာ္ လိုက္ကူရမလား ေမေမ"
"နိုင္နိုင္းက ဆိုင္ကယ္နဲ႕ လိုက္ပို႔မယ္တဲ့...သားက ေမာင္ျမတ္ေသာကို အေဖာ္လုပ္ေပးလိုက္ဦး"
"ဟုတ္ကဲ့"
အစ္မျမရီတို႔ သားအမိ ေစ်းသြားၾကသည့္ေနာက္ ေဘာလုံးကန္ ထြက္ဖို႔အတြက္ အေမ အလစ္ကို ေခ်ာင္းေနပုံရေသာ အငယ္က ေဘာလုံးဝတ္စုံ အသစ္၊ ေဘာလုံးကန္ ဖိနပ္ အသစ္ျဖင့္ အခန္းထဲမွ ထြက္လာသည္။
"ကိုႀကီး...ကြၽန္ေတာ္ မိုက္လား"
ေပ်ာ္ေနသည့္ အငယ့္ကို ၾကည့္ၿပီး လက္မႏွစ္ဖက္ ေထာင္ျပသည့္ မိုင္မိုင္းက ညီေတြကိုလည္း အေတာ္ေလး ခ်စ္ပုံ ရ၏။
"မထိခိုက္ေစနဲ႕ေနာ္"
"စိတ္ခ်ပါ"
အငယ္လည္း ေဘာလုံးကန္ ထြက္သြားသည့္ေနာက္ အိမ္တြင္ မိုင္မိုင္းႏွင့္ျမတ္ေသာမာန္ ႏွစ္ေယာက္တည္း က်န္ခဲ့ေတာ့သည္။
"ကြၽန္ေတာ္တို႔ ငယ္ငယ္က ဓာတ္ပုံေတြ ၾကည့္မလားဗ်"
"အင္း"
မိုင္မိုင္းက အိမ္ဧည့္ခန္းရွိ ဗီရိုထဲမွ ဓာတ္ပုံ Album တစ္ခုကို ထုတ္လာၿပီး
သူ႕ကို လက္ႏွစ္ဖက္ျဖင့္ ကမ္းေပး၏။
ျမတ္ေသာမာန္ ကြၽန္းကုလားထိုင္ေပၚတြင္ ေျခတစ္ဖက္ ခ်ိတ္ထိုင္လ်က္ မိုင္မိုင္း ေပးလာသည့္ ဓာတ္ပုံ စာအုပ္ကို ယူၾကည့္လိုက္သည္။
မိုင္မိုင္းကေတာ့ အပ္ဘူး သြားယူကာ မနက္အေစာက အငယ္ ခူးထားသည့္ သရဖီပန္းေတြကို သူႏွင့္မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္ သီေန၏။
"ဒါ မင္း ငယ္ငယ္က ပုံလား"
ေဂ်ာက္ဂ်က္ ကစားစရာေလးကို လက္တစ္ဖက္ကိုင္ကာ ၿပဳံးရယ္ေနသည့္ ထိုင္တတ္စ အ႐ြယ္ ကေလးငယ္ေလးရဲ႕ပုံကို သူ လက္ညိုးျဖင့္ ေထာက္ျပေတာ့ မိုင္မိုင္းက ေခါင္း ျပန္ညိတ္ျပသည္။
"ဟုတ္တယ္ဗ်"
ျမတ္ေသာမာန္ ေနာက္ပုံေတြကို ဆက္ၾကည့္ေတာ့လည္း မိုင္မိုင္းရဲ႕ ပုံေတြတိုင္းမွာ မၿပဳံးတဲ့ပုံ ဟူ၍ ခပ္ရွားရွားပင္။ မိုင္မိုင္းရဲ႕ညီလတ္ နိုင္နိုင္းကေတာ့ ငယ္ငယ္ကတည္းက ခပ္တည္တည္ေလးပဲ ျဖစ္သည္။ ညီအငယ္ဆုံးေလးက် ဓာတ္ပုံေတြထဲမွာေတာင္ ၿငိမ္ေနသည့္ပုံရယ္လို႔ သိပ္မရွိ။
"မိုင္မိုင္း"
"ဗ်"
"တစ္ခုေလာက္ ေမးလို႔ရမလား"
"ဟုတ္ကဲ့"
ျမတ္ေသာမာန္ ဓာတ္ပုံေတြ အကုန္ ၾကည့္ၿပီးၿပီျဖစ္သည့္ Album ကို စားပြဲေပၚ ျပန္ခ်ၿပီး မိုင္မိုင္းႏွင့္ မ်က္ႏွာခ်င္း ဆိုင္လိုက္သည္။
"ကိုယ္နဲ႕ ေစ့စပ္ဖို႔ မျဖစ္ခင္က ဘာေတြလုပ္ဖို႔ အစီအစဥ္ ရွိခဲ့တာလဲ"
သူေျပာသည့္ စကားကို နားစိုက္ေထာင္ေနရာမွ ေတြေတြေလး ျဖစ္သြားသည့္ မိုင္မိုင္းက သူ႕ဆီကေန ထိုေမးခြန္းမ်ိဳးကို ေမွ်ာ္လင့္ထားပုံမရပါ။
"ကြၽန္ေတာ္ စိုက္ပ်ိဳးေရး တကၠသိုလ္ပဲ တက္ျဖစ္ခဲ့မွာပါ...တျခား ဝါသနာ ပါတာေလးေတြလည္း လုပ္ရင္း ႏွစ္ကုန္တိုင္း ခရီးထြက္မယ္...တစ္ေယာက္တည္း ျဖစ္ျဖစ္...သူငယ္ခ်င္းေတြနဲ႕ျဖစ္ျဖစ္...မိသားစုနဲ႕ ျဖစ္ျဖစ္ေပါ့...ဘြဲ႕ရရင္ေတာ့ လုပ္ငန္းခြင္ ဝင္ၿပီး စိုက္ပ်ိဳးေရးနဲ႕ အဓိက အသက္ေမြးၾကတဲ့ ကြၽန္ေတာ္တို႔ရဲ႕ ၿမိဳ႕ေလးမွာ ျပန္ကူဖို႔ စိတ္ကူးထားခဲ့ပါတယ္"
ျမတ္ေသာမာန္ကေတာ့ မိုင္မိုင္းကို သူႏွင့္ေစ့စပ္လိုက္ရလို႔ တစ္ခုခုကို လက္လႊတ္လိုက္ရတာမ်ိဳး မျဖစ္ေစခ်င္။
အဲဒီလို မျဖစ္ရေအာင္လည္း သူက တတ္နိုင္သမွ် ပံ့ပိုးေပးသြားမွာပင္။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
ေကာင္းကင္ယံဝယ္ တိမ္ေတြညို႔ေနသည္။
မနက္ခင္းတစ္ပိုင္းလုံး ေနသာ ေနခဲ့ေပမယ့္ ျမတ္ေသာမာန္ အိမ္ျပန္ဖို႔ မိုင္မိုင္းကို ႏႈတ္ဆက္ရခ်ိန္မွာ ရာသီဥတုကေတာင္ သူ႕ ခံစားခ်က္ေတြကို လိုက္ၿပီး ေျပာင္းလဲေနသေယာင္။
"အိမ္ထဲဝင္ေတာ့ေလ"
သူ႕အား ေမာ့ၾကည့္ေနေသာ ေကာင္ေလးက ေခါင္းအသာရမ္းကာ
"ဦးျမတ္ေသာ အရင္ျပန္ပါဗ်" ဟု ဆိုလာ၏။
မျပန္မျဖစ္လို႔သာ ျပန္ရမည့္ သူက
မၿပဳံးနိုင္ေပမယ့္ မိုင္မိုင္းကေတာ့ ဘာခံစားခ်က္မွ မရွိသလိုပင္။
"ဒါဆို ကိုယ္သြားၿပီ"
"ဟုတ္ကဲ့ဗ်"
သူ႕ဘက္က အရင္ ေက်ာခိုင္းခဲ့ရသည့္တိုင္ မိုင္ေတြေဝးေလ ရင္ဘတ္ထဲမွာ ဟာလာေလ။
ညေန ၅ နာရီ မထိုးခင္ သူ ျပန္ေရာက္ေတာ့ တိတ္ဆိတ္ေနသည့္ အိမ္ႀကီးထဲမွာ လြမ္းေမာစရာေတာင္ ေကာင္းေနသည္။
Balcony ႏွင့္ ျခားထားသည့္ သူ႕အခန္း မွန္နံရံကို တစ္ဖက္သို႔ တြန္းဖြင့္လိုက္ေတာ့ ၿခံဝန္းထဲရွိ သရက္ပင္ေပၚ နားေနေသာ ငွက္ကေလးက လန့္ၿပီး ထျပန္သြား၏။
ျမတ္ေသာမာန္ ရွပ္အကၤ်ီ ၾကယ္သီးေတြကို သုံးလုံးအထိ ျဖဳတ္ခ်ရင္း Sofa ေပၚတြင္ ထိုင္ခ်လိဳက္သည္။
အျပန္လမ္းမွာ သူ ဝယ္လာသည့္ Marlboro အနီေရာင္ဗူးထဲမွ စီးကရက္တစ္လိပ္ကို ထုတ္ၿပီး ႏႈတ္ခမ္းတြင္ ေတ့လ်က္ မီးျခစ္ႏွင့္ မီးညွိသည္။
မေသာက္တာ ၾကာလို႔ပဲလား မသိ။ ေဆးလိပ္ ႏွစ္လိပ္ ကုန္သည့္တိုင္ သူ႕ ႏႈတ္ခမ္းေတြက အာသာမေျပ။
သို႔ေပမယ့္ အမ်ားႀကီး ေသာက္ရင္ က်န္းမာေရးကို ထိခိုက္မွာ စိုး၍ ေသာက္လက္စ လက္က်န္ စီးကရက္ပိုင္းကို ျပာခြက္ထဲ မီးထိုးသတ္လိုက္ၿပီး
ခရီးပန္းလာတာေရာ ကိုယ္ေပၚမွာ ေဆးလိပ္နံ႕ေတြ စြဲသြားတာေရာေၾကာင့္ သူ ေရခ်ိဳးခန္းထဲ ဝင္ခဲ့ေတာ့၏။
သူ ေရခ်ိဳး၊ အဝတ္အစား လဲၿပီး ညစာ စားဖို႔ ေအာက္ထပ္သို႔ ဆင္းလာခ်ိန္က ည ခုႏွစ္နာရီ။
Kitchen ထဲရွိ ေရခဲေသတၱာေပၚမွာ Sticky Note အဝါေရာင္ေလး ကပ္ထားတာကို ျမင္ေတာ့ ျမတ္ေသာမာန္ ယူဖတ္လိုက္၏။
"ဦးျမတ္ေသာ...
ကြၽန္ေတာ္ မရွိလည္း တစ္ခုခု ခ်က္စားပါ။
အျပင္စာေတြ မစားပါနဲ႕ဗ်။
ကြၽန္ေတာ္ျပန္လာရင္ စတိုခန္းထဲ Rum ပုလင္းအလြတ္ေတြ မသိမ္းရဖို႔ ေမွ်ာ္လင့္တာပဲ။ "
မိုင္မိုင္းရဲ႕လက္ေရးဝိုင္းဝိုင္းေလးေတြက သိပ္ ခ်စ္စရာေကာင္းတာမို႔ ျမတ္ေသာမာန္ ေရေႏြးအိုး တည္ထားစဥ္တြင္ ထိုစာေလးကို တစ္ေခါက္ ထပ္ဖတ္ၾကည့္သည့္အခါမွာလည္း သူ တစ္ဖန္ ၿပဳံးရျပန္တာပင္။
သူ ညစာ စားၿပီး အိမ္ေပၚ ျပန္တက္လာေတာ့ ႐ုံးခန္းထဲ မဝင္ခင္ ဘုရားခန္းထဲ အရင္ဝင္လိုက္သည္။
မျပန္ခင္ တစ္ရက္က မိုင္မိုင္း ဘုရားပန္း လဲခဲ့ေသာ ဆူးမဲ့ႏွင္းဆီျဖဴ ေတြက လန္းေနဆဲ။
မိုင္မိုင္း လုပ္သလိုမ်ိဳး သူ ဘုရား ေသာက္ေတာ္ေရ ကပ္ၿပီး ဆီမီး ပူေဇာ္လိုက္ေတာ့ စိတ္ ေအးခ်မ္းသြားရသည္။
႐ုံးခန္းထဲ ေရာက္မွ ရင္ဘတ္ အိတ္ေထာင္ထဲ ထည့္လာခဲ့ေသာ စာ႐ြက္ေလးကို Desktop ေထာင့္တြင္ ကပ္ထားလိုက္၏။
သူ အိမ္ျပန္ေရာက္ေၾကာင္း မိုင္မိုင္းကို ဖုန္းဆက္ဖို႔ ေမ့ေနခဲ့ေသာ္လည္း
သူ အလုပ္လုပ္ေနစဥ္ ည ၈ နာရီခန့္တြင္ ဝင္လာေသာ ဖုန္း Callေၾကာင့္ ျမတ္ေသာမာန္ ရင္ခုန္သြားရသည္။
"Hello"
"ဦးျမတ္ေသာ ျပန္ေရာက္ၿပီလားဗ်"
"အင္း"
"ညစာေရာ စားၿပီးၿပီလားဗ်"
"ကိုယ္...ညေန ေလးနာရီနဲ႕ဆယ္မိနစ္မွာ အိမ္ျပန္ေရာက္တယ္...ညစာက Sandwich စားတယ္...ၿပီးေတာ့ မင္း မွာခဲ့တာကိုလည္း ကိုယ္ ျမင္ပါတယ္"
"ဟုတ္ကဲ့...ဒါဆို နားပါဦးဗ်"
သူ႕ဘက္က End Call မႏွိပ္မခ်င္း ဖုန္းမခ်တဲ့ မိုင္မိုင္းက ဒီလို ဖုန္း ဆက္သြယ္မႈေတြမွာေတာင္ ယဥ္ေက်းမႈရွိၿပီး လူႀကီးကို ေလးစားမႈထားတတ္တဲ့ လူငယ္ေလးပင္။
"မိုင္"
"ဗ်ာ"
ၿငိမ္သက္ေနတဲ့ေလလွိုင္းၾကား သူ႕ရဲ႕ သက္ျပင္းတစ္ရွိုက္က တိုးတိုးေငြ႕ေငြ႕။
"ကိုယ္ ဖုန္းခ်လိဳက္ေတာ့မယ္"
"ဟုတ္ကဲ့"
ေနာင္မ်ားဆို မိုင္မိုင္းႏွင့္ သည္ထက္ ရွည္ၾကာစြာ သူ ဖုန္းေျပာခ်င္ပါသည္။
အခုေတာ့ စကားေတြ အမ်ားႀကီး ေျပာဖို႔ထက္ သူ႕ရင္ထဲက ခံစားခ်က္ေတြကို
အရင္ ဆန္းစစ္ေနရၿပီ။
ေသခ်ာတာ တစ္ခုကေတာ့
မိုင္မိုင္း မရွိသည့္ ႏွစ္လလုံးလုံး ဒီအိမ္မွာ သူ တစ္ေယာက္တည္း မေနနိုင္ေလာက္ဘူး ဆိုတာပင္။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
တေ႐ြ႕ေ႐ြ႕ ကုန္လြန္သြားေသာ အခ်ိန္ေတြက ရက္သတၱပတ္ လြန္ခဲ့ၿပီး
ျမတ္ေသာမာန္ ႐ုံးကေန အိမ္ျပန္ေရာက္တိုင္း ဦးစြာ လုပ္ျဖစ္တာက မိုင္မိုင္း ပ်ိဳးထားေသာ အပင္ေလးေတြကို ေရေလာင္းေပးျခင္းပင္။
မိုင္မိုင္းေရာ ဒီေန႕ ဘာေတြ လုပ္ေနမလဲဟု ေတြးေနမိစဥ္မွာပဲ ဖုန္းနံပါတ္ တစ္ခုက အခ်ိန္မွန္ ဆက္သြယ္လာသည္။
"ေျပာ"
"မိုင္မိုင္းက ဒီေန႕ မနက္ပိုင္း လယ္ခင္းထဲ သြားပါတယ္...ေန႕လယ္မွာ ၿမိဳ႕နယ္ ပရဟိတအသင္းနဲ႕အတူ လုပ္အားေပးၿပီး ညေန ငါးနာရီ အိမ္ျပန္ေရာက္ပါတယ္ Boss"
"အင္း"
စံအိမ္မွာ သူ ေနရာခ်ေပးခဲ့ေသာ
Bodyguard team ရဲ႕ ေခါင္းေဆာင္
အစီရင္ခံလာတာေတြက မိုင္မိုင္းရဲ႕ ပုံမွန္ လုပ္ငန္းေဆာင္တာမ်ားသာျဖစ္သည္။
"အေရးႀကီးကိစၥရွိရင္ ငါ့ကို ခ်က္ခ်င္း အေၾကာင္းၾကား"
"ဟုတ္ကဲ့"
မိုင္မိုင္းရဲ႕လုံၿခဳံေရးအတြက္ မိုင္မိုင္းႏွင့္ပါတ္သက္သမွ် သတင္းေတြကို သူ ေန႕စဥ္မျပတ္ Check လုပ္ေနရေသာ္လည္း....
ဒီအိမ္မွာ သူႏွင့္အတူ ေနရစဥ္က မေပ်ာ္ခဲ့တဲ့ မိုင္မိုင္းကေတာ့ ခုမ်ားဆို သူ႕ကို ေမ့ခ်င္ ေမ့ေနေလာက္ၿပီ။
သူကသာ အၿမဲလို မိုင္မိုင္းရဲ႕အေၾကာင္းေတြကို ေတြးမိေနတာ ျဖစ္ၿပီး
မနက္စာ ခ်က္ရတာ အဆင္မေျပတိုင္း...
မိုင္မိုင္း ပ်ိဳးထားေသာ အပင္ေလးေတြကို ဂ႐ုစိုက္ေပးတိုင္း...
မိုင္မိုင္းရဲ႕အခန္းေလးကို သန့္ရွင္းေရး ဝင္လုပ္ေပးတိုင္း...
အိမ္ေတာင္ဘက္က မိုင္မိုင္းရဲ႕စိုက္ခင္းေလးကို ေငးၾကည့္မိတိုင္း...
အမွန္အတိုင္း ဝန္ခံရလွ်င္ သူ မိုင္မိုင္းကို ေန႕တိုင္း သတိရပါသည္။
ဒီလိုနဲ႕ ျမတ္ေသာမာန္ နားလည္လာသည္မွာ
လက္ဖြဲ႕ႀကိဳးကို ျဖည္ခဲ့ေသာ္လည္း
မိုင္မိုင္းက သူ႕အား သံေယာဇဥ္ေတြႏွင့္
ခ်ည္ေႏွာင္လိုက္ၿပီ ဆိုတာကိုပင္။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀