It Has To Be YOU

Bởi schwarzeart

16.7K 901 290

အရာအားလုံးထက် မင်းဖြစ်​နေဖို့ပဲလိုတယ် ချစ်သူ Xem Thêm

ကြော်ငြာ
Ep 2
BTS PIC
EP 3
EP 4
EP 5
EP 6
Ep 7

EP 1

5.9K 184 72
Bởi schwarzeart

Zawgyi Font ( Unicode Below)

ဒီနေ့မိုးနည်းနည်းအေးတယ်လို့  ခံစားရတာမို့
ကျွန်မ ဆွယ်တာဟောင်းလေး တစ်ထည်ကို
အဝတ်ဗီရိုရဲ့ ဂျောင်ကျလှတဲ့တနေရာကနေ
ထုတ်ပြီး ဝတ်လိုက်မိသည်

ကိုယ်သင်းနံ့လေး ကျန်နေသေးပါလား

အငွေ့အသက်လေးတွေခံစားနေရသေးတာမို့
ရင်ဘတ်ထဲတော့ ဆစ်ကနဲ နာကျင်သွားမိသည်
အတိတ်ရဲ့အမှတ်တရတချို့က ရေးရေးလေး
မှန်ပြတင်းပေါက်ကနေတဆင့်ထင်ဟပ်လာလေသည်

" မိုင်.... မလုပ်နဲ့ဆို "

" လုပ်မှာပဲ မိုင်လည်း မျောက်လေးဆို ဖန်းလည်း
မျောက်လေးပဲ လာ မပြေးနဲ့  "

" မိုင်.... "

ကိတ်မုန့်ဖုတ်ရတာကို ကျွန်မတကယ်ကြိုက်သည်
ကွက်ကီးလေးတွေအရသာပေါ်အောင် ခရင်လ်လေးတွေ
ရောင်စုံထည့်ရတာကိုလည်း ကြိုက်သည်
ပိုကြိုက်မိသည်က မုန့်နစ်တွေနဲ့ ကျွန်မကို စနောက်နေတဲ့
မိုင်ဒဝါ့ကာ ဆိုတဲ့သူ့ကိုပေါ့....

" ဖန်း... ဘာတွေတွေးနေတာတုန်း "

" အမ်.... ဘာမှမတွေးပါဘူး "

" အဲ့တာဆို ရော့ အင့် "

မုန့်နှစ်တွေနဲ့ ဖန်းကို လှမ်းသုတ်လိုက်သော မိုင်..

" အာ့.... မိုင်... မဆော့နဲ့ဆို "

မိုင်က ကျွန်မထက် အသက်ပိုကြီးပေမယ့်
ကလေးတကယ်ဆန်လွန်းသည်
အမြဲစနောက်နေတတ်ပြီး ကျွန်မစိတ်ဆိုး
စိတ်ကောက်အောင်ပြုမူတတ်ပြန်သည်

" ဖန်း ကလည်း..... "

" ငြိမ်ငြိမ်နေပြီး ကူညီမှ မုန့်လှလှလေးတွေ
ရမှာပေါ့ အာ့ကို ဘာလို့ ဆိုး... သွား မခေါ်ဘူး "

ကျွန်မလည်း မူ ပိုပြီး ကောက်ပြလိုက်သည်
သူမနေတတ်တာကိုကျွန်မသိသည်မို့...

" ဖန်း.... ဖန်း.... အသဲလေး
အသေးလေး ပေါက်စနလေး ပူကျူးကျူးလေး "

" ဘာလဲ..... သွား... ကြက်ဥတွေထပ်ယူပေး"

" ဟုတ်ကဲ့ပါရှင့် အလိုတော်အတိုင်းပါရှင့် "

ရယ်မောသံတွေ ပျော်ရွှင်မှုတွေ အမှတ်တရ တွေ
ဆိုတာ အစီအရီနဲ့ပေါ့ အဲ့အချိန်လေးတွေကို
ခဏလောက်ရပ်ပေးထားကြပါလား လို့
ကျွန်မတောင်းဆိုချင်မိသည်

ကျွီ..... ( တံခါးဖွင့်သံ)

" ဖန်း ...Instagram တချက်ကြည့်ကြည့်လိုက်ဦး"

ရုတ်တရက်တွေးနေရင်း ငိုင်နေမိသည်မှ
ဖုန်းလေးထုတ်ကြည့်မိလိုက်သည်

" မဖြစ်နိုင်တာ... "

သတင်းတစ်ခု... ထိုသတင်းကို ကျွန်မမြင်မြင်ချင်း
တကယ်တုံလှုပ်မိသွားသည်

" ဖြစ်လာပြီလေ ဒါတနေ့ဖြစ်လာမှာပဲ "

" မဖြစ်နိုင်ပါဘူး သေချာလို့လား"

" သူ့ပါးစပ်ကပြောထားတာထက် ဘယ်ဟာက
သေချာတော့မှာလဲ "

" Davi By Davika ပိုင်ရှင်ဖြစ်သူ
Mai Davika မှ သူမ၏အချစ်ရေး ကို
ဖွင့်ပြော "

ဒီသတင်းကို ကျွန်မ ကြည့်နေတာတစ်နာရီလောက်
ရှိနေပြီဖြစ်ပေမဲ့ လက်မခံနိုင်ဘူးဖြစ်နေမိသည်
ကျွန်မသူ့ကိုဖုန်းဆက်လိုက်သင့်သလား
စာပို့သင့်သလားဆိုသည့်မေးခွန်းတွေကလည်း
ခေါင်းထဲရှုပ်ထွေးစေလာသည်

ကျွန်မဘာလုပ်ရမလဲ.... ဘာလုပ်ရပါတော့မလဲ

............................................................

လွန်ခဲ့သော သုံးနှစ်

" ဟဲလို... ဖန်း ဒီနေ့ အားလား"

" Fashion Designer ကြီးလောက်
အလုပ်မရှုပ်နေပါဘူးရှင့် "

" ဟော ဒီကလေးကတော့ အားတယ်ဆိုရင်
မိုင် ညနေကျ ဆိုင်ကို ဝင်ကြိုမယ်
ညစာစားပွဲတခုရှိလို့ "

" ကောင်လေး နဲ့သွားပါလားလို့ ..."

ဒီကလေးမလေး မနေ့က စိတ်ဆိုးထားသည့်
အရှိန်မပြေသေးဟန်တူသည် ကျွန်မကို
ခုထိ ရွဲ့ပြောနေသေးပြန်သည်

" ကိုယ့်ချစ်သူက ဖန်းလေ....
ဖန်းနဲ့ မသွားလို့ ကိုယ်ကဘယ်သူနဲ့သွားရမလဲ"

" ဟုတ်သားပဲနော်... အဲ့တာဆို မနေ့က
မရှုပ်နဲ့ဦးဆိုပြီးအော်တာ ဘယ်တစ်ယောက်လဲမသိဘူး နော် "

ဟော စကားတွေပြန်လှန်ပြီး စကားနာထိုးနေပြန်သော
ထိုအသေးလေးကို အနားမှာရှိလျှင် အာဘွားတသိန်းလောက်
ပေးလိုက်ချင်မိတော့သည်

" ဟုတ်ပါပြီ .... ကိုယ်မှားပါတယ်နော်
နောက်မအော်တော့ပါဘူး ကဲ စိတ်ဆိုးပြေတော့ နော်
ညနေကျ ကိုယ် အဝတ်အစားလိုက်ဝယ်ပေးပြီး
တန်းသွားကြမယ် ဟုတ်ပြီလား "

" ဟုတ်နေပါပြီနော် "

ဖန်း တယောက် ဖုန်းချပြီးပြီးချင်း ပြုံးစိစိ ဖြစ်နေသည်ကို
ဆိုင်က ဝန်ထမ်းမလေးတွေတောင် သတိထားမိကြလေသည်

" မမလေး ပျော်နေပြီပေါ့လေ "

" မယ်.. မဟုတ်ပါဘူးနော် ငါ့ဘာငါ ပန်းပင်လေးတွေ
ပွင့်လာလို့ပျော်နေတာပါနော် "

" မမလေးကလည်း ဒီအပင်က ရွက်လှပင်လေ
ပန်းမပွင့်ပါဘူး "

" ဟယ် စကားများလိုက်တာ ဟိုမှာ
customer လာပြီ သွား "

....................................................

" မနက်ဖြန် Schedule ဘာရှိသေးလဲ "

မိုင် တယောက် ဖိုင်တွေ ပုံစံနေသော
စားပွဲပေါ်မေးထောက်ပြီး အားလျော့စွာနဲ့
အတွင်းရေးမှုးမလေးကိုမေးလိုက်လေသည်

" အာ မနက်ဖြန်က.... "

ဟယ်လန် ( အတွင်းရေးမှူ) လည်း မိုင်ကို
စ ချင်တာမို့  စကားကိုတမင်ဆွဲထားလေသည်

"ဟယ်လန် မိုင် ဘာမှမလုပ်ချင်ဘူးနော်
နားချင်တယ် ဒီအပတ်ထဲပင်ပန်း... နွမ်းနယ်... "

" ဘာမှမရှိပါဘူးရှင့် "

ဟယ်လန် ရဲ့စကားအဆုံးသတ်ကျမှ
မိုင် လည်း ရင်ထဲအလုံးကြီးကျသွားသလိုဖြစ်သွားသည်

" အာ့ဆို ဒီမှာအကုန် လက်မှတ်ထိုးပြီးပြီ
ခုဘယ်နနာရီထိုးနေပြီလဲ... အိုး.. လေးနာရီ? "

" မိုင်.... ဘာဖြစ်လို့ လဲ "

" ဖန်းနဲ့ချိန်းထားတယ်လေ ဖန်း နဲ့ ထ ထ သွားမယ်
ကားသွားထုတ်နှင့် "

" ဟုတ် ဟုတ် "

DAVI BY DAVI, MISSTAR CAFE နဲ့
တခြားသော Cosmetic နဲ့ Perfume Brand များရဲ့ ပိုင်ရှင် တယောက်ဖြစ်သော မိုင် ဒါဝိကာ...
ငယ်ရွယ်ပေမဲ့ထက်ထက်မြတ်မြတ်နဲ့  ဖခင်၏ တာဝန်
များကို တတ်နိုင်သမျှ ထမ်းပိုးထားသော သမီးလိမ္မာလေး
ဆိုလည်းမမှားဘူးပေါ့

အလုပ်ကိစ္စ စီးပွားရေး အကြောင်းအရာများတွင်
နာမည်တလုံးနဲ့ နေပြီးလူတကာက ရှိန်ကြသည်
ခက်ထန်သော မျက်နာလည်းရှိသည်ဟု ပြောစမှတ်
တွင်ကြပြီး သူမ ဝတ်ဆင်သမျှ outfit တိုင်းသည်
Trending ဖြစ်တတ်သည်

ဒါပေမယ့် ထို တမိုးအောက်မှ မိုင်ဒါဝိကာ သည်
ဖန်း နဲ့ဆိုလျှင်တော့.......

" ဖန်း ..... အသဲလေး "

" 15 မိနစ်"

" ဟင် ဘာလဲဟင် "

" ဆိုင်သိမ်းပြီးတာ 15 မိနစ်ရှိပြီ "

" အမ် "

" ဘာလို့နောက်ကျတာလဲ ဖုန်းလည်းမကိုင်ဘူး "

ဖန်း တယောက် 15 မိနစ်နဲ့စိတ်ကောက်လေသည်
ဒီကလေးမလေးသည် တမျိုးမဟုတ်တမျိုး
အသည်းယားအောင်ဖန်တီးတတ်လေသည်
အတည်ရည်ရွယ်တာမဟုတ်ပေမဲ့ အမြဲလိုလို
စိတ်ကောက်တတ်သည် အချော့လည်းကြိုက်တတ်ပြန်သည်

" ကားမောင်းနေလို့လေ အသဲလေးရဲ့ "

" တော်ပါ အပိုတွေ "

" အွီး.... ခုရောက်နေပြီလေ ဟူး ဟူး
မောလိုက်တာ အာ့ အား "

" မိုင်... မိုင် ဘာဖြစ်တာလဲ "

" အောင့်လို့ အောင့်လို့ အာ့ "

" မိုင်... ဘာဖြစ်တာလဲ ဘယ်နားကလဲ "

" ဒီနားက အောင့်နေတာ နှလုံးသားလေးကလေ "

အကယ်ဒမီရှော့နဲ့ပြန်စလိုက်သော
မိုင်ကြောင့် ပြာပြာသလဲ ဖြစ်သွားရာကနေ ဖန်းတယောက်
ရှက်ပြီး မျက်နာတွေရဲတက်လာသည်

" မိုင်.... လာပြီးသရုပ်ဆောင်နေတယ် ကြည့်
ဒီက အကောင့်အောက်မေ့နေတာ သွား "

" လာပါ ကားပေါ်တက်နော် ဒီတခါဆို
အမျက်တော်ထပ်ရှတော်မူရင်
တကိုယ်လုံးပါအရိုးတွေကျိုးတော့မယ်ထင်တယ် "

" ဟွန့်... "

နောက်ဆုံးတော့လည်း ကောင်မလေးနစ်ယောက်
စလိုက် နောက်လိုက်နဲ့ ပြန်သင့်မြတ်သွားကြပြန်လေသည်
...................................................

" ဒါတွေဖြစ်သင့်တယ်ထင်နေလား "

" ကျွန်မလည်းမသိတော့ဘူး ကလေးတွေသဘာဝ
ပျော်ပါစေ အဖေကြီးရယ် "

" အေး ပျော်တာကိုငါပြောတာမဟုတ်ဘူး
အပျော်ကနေအပျက်ဖြစ်မှာကိုမလိုလားတာ "

ဖတ်လက်စသတင်းဂျာနယ် ကို ဖတ်ရာမှ
သက်ပြင်းချပြီးဆိုလာသော ဖန်း၏ဖေဖေ

" အပျက်ဆိုတာဘယ်လိုကိုပြောချင်တာလဲ
မိုင် လေးကလည်း ပညာတတ်ပါ စီးပွားရေးတွေကို
ဦးဆောင်နေတဲ့ကောင်မလေး ပါ "

" ငါပြောတာကိုမင်းနားမလည်ဘူးထင်တယ်
သူတို့တော်တာ အောင်မြင်တာကိုငါသိတယ်
ခုလို သို့လော သို့လော တွေနဲ့အထင်တွေ ကိုမကြိုက်တာ "

" ဘာကိုလဲ "

" မင်းသမီးကို လိင်တူချစ်သူလို့ ထင်နေကြတာ"

" .......... "

ဖန်း မေမေ သုံးစက္ကန့်လောက် ငြိမ်သက်သွားသည်
မိုင် ကို သမီးအရင်းတယောက်လို သူချစ်ပေမဲ့
ရင်ထဲ တစုံတရာကိုစိုးရိမ်သွားသည်

" ကျွန်မကိုခဏပေး "

ဖန်း ဖေဖေ လည်း ထို သတင်းဂျာနယ်ကို ပေးခဲ့ပြီး
သက်ပြင်းများချလျက် ထွက်သွားသည်
ဖန်း မေမေက တော့ ရင်ထဲ တစုံတခုကို
တွေးကြောက်နေသလို ခံစားကျန်ခဲ့လေသည်

................................................................

" မိုင်... "

" အွန်း ပြောလေ ဖန်း "

မျက်နာလေးတောင်မော့ မကြည့်နိုင်ပဲ
လုပ်လိုက်စ စာရင်းတခုကိုကြည့်နေသော မိုင်...

ဒီနေ့ ဆိုင်ပိတ်လို့ ကျွန်မ မိုင်ရဲ့ရုံးကို လိုက်ခဲ့ခြင်းဖြစ်သည်
ကော်ဖီ ဆိုင်ပိုင်ရှင်လေးဖြစ်တဲ့ ကျွန်မအတွက်
မိုင်ရှေ့က စီးပွားရေးဆိုင်ရာ ဖိုင်တွဲများက ခေါင်းကိုက်
စရာများအသွင်ဖြစ်နေသည်

" အဲ့တာဘာလုပ်နေတာလဲ... လို့"

ဖန်းလည်း ပျင်းလာသည်မို့ လေသံငြင်းလေးနဲ့
မေးလိုက်တော့မှ မိုင်လည်း ခေါင်းလေးမော့လာသည်

" စာရင်းချုပ်တွေစစ်နေတာလေ အသဲလေးရဲ့
ဗိုက်ဆာနေပြီလား ကိုယ် ဘာဝယ်ကျွေးရလဲ
ဒါလေးပြီးရင် ပြီးပါပြီ နော် "

" အွန်း ပါ ပြီးကော "

ဖန်းလည်း စားပွဲခုံရှေ က့ဆိုဖာလေးပေါ်မှာ
ဂိမ်းဆော့ရင်းထိုင်စောင့်နေလိုက်တော့သည်

" ဒေါက် ဒေါက် " ( တံခါးခေါက်သံ )

" သူဌေး ကျွန်မ ပြောစရာရှိလို့ "

ဟယ်လန် က Formal Word တချို့
သုံးပြီးခေါ်လိုက်သည်မို့ မိုင် သဘောပေါက်သည်

" ဖန်း... ကိုယ်အလုပ်ကိစ္စလေးပြောလိုက်ဦးမယ်
ခဏ မုန့်  သွားဝယ်စားလိုက်လေ ဆိုင်နာမည်
မက်ဆေ့ ပို့လိုက် ကိုယ်လိုက်လာခဲ့မယ် ဆိုင်မှာ
စောင့်နေလိုက်နော် "

" အို... ကေ "

ဖန်း လည်း အလိုက်တသိနဲ့ ထွက်သွားလေသည်
ထိုအခါမှ မိုင်လည်း ဟယ်လန်ရဲ့ စိုးရိမ်တကြီးနဲ့
မျက်နာကို မေးခွန်းထုတ်ရလေတော့သည်

" ဘာဖြစ်လို့လဲ "

" မိုင် နဲ့ ဖန်းကို သတင်းဂျာနယ်တခုက ရေးထားလို့ "

" အင်း ဘာဖြစ်လဲ ရေးနေကျပဲမလား "

" မဟုတ်ဘူး ဒီတခါက နည်းနည်း "

" ဘာကိုလဲ ပြစမ်း ငါ့ကို "

" DAVIKA နှင့် BAIFERN တို့ ရဲ့
သူငယ်ချင်းထက် ပိုသော ပုံရိပ်များ "

" ဘယ်လိုဖြစ်တာလဲ "

မိုင် နဲ့ ဖန်း ရဲ့ နီးနီးကပ်ကပ် ပုံတချို့နဲ့
ဆင်တူ အချို့ကိုချပြထားသော သတင်းတခုပင်ဖြစ်သည်

" ဒီသတင်းက အွန်လိုင်းမှာလည်းနာမည်ကြီးနေတယ် မိုင် "

" ........... "

"ဆိုးတာက သတင်းဂျာနယ်တခုမှာလည်းပါသွားပြီ"

" လူတွေကလည်း.... " မိုင် စိတ်အရမ်းရှုပ်သွားသည်

" ဖန်း မသိသေးဘူးထင်တယ်
ဒီမနက်မှသတင်းတွေကတက်လာတာ "

" ဟယ်လန် ငါတို့ကကော ချစ်လို့မရဘူးလား
ဘာလို့ ခုလို အမြဲစိုးရိမ်ကြောင့်ကြနေရတာလဲ "

ကုမ္ပဏီ ပိုင်ရှင် သူဌေးဆိုသော ဂုဏ်ပုဒ်များမပါတဲ့
အကြည့်များနဲ့ ဟယ်လန်ကိုမေးလာသောမိုင်...

" မိုင်...... ငါသိတယ် နင်နဲ့ငါ
ငယ်ငယ်တည်းက ခင်လာတာမို့ ခုဟာက
ရှေ့ဆက်မယ်ဆိုရင် နင်ကော သူကော
အတူတူ ရင်ဆိုင်မှရမှာ "

" ငါ.... "

" နင် သူ့ကြောင့် ဆိုတာပဲတွေးနေမလား "

" မဟုတ်ဘူး "

" သူ့ကို ဖိအားမဖြစ်စေချင်တာနဲ့ 
နင့်ကိုနင် နင့်စိတ်နဲ့ပြန်သတ်မလို့လား "

" မဟုတ်ဘူး ဖန်း... ဖန်းကို သူ့မိဘတွေက
အိမ်ထောင်ချပေးလိုက်လိမ့်မယ် ငါ အဲ့လိုမဖြစ်ချင်ဘူး "

" နင်ပဲ ချစ်နေရတာလား သူလည်းနင့်ကို
ချစ်တာပဲမလား နင်တို့ ဝန်ခံလိုက်တော့လေ "

" မဟုတ်ဘူး ငါ အဆင်သင့်မဖြစ်သေးဘူး "

" ဘာကိုလဲ ဘာအတွက်လဲ သာမန်ယေက်ျားတယောက်
ထက်တောင် နင်ရှာနိင်နေတာပဲ ငွေရေးကြေးရေး က
ဘာစိတ်ပူစရာရှိလဲ "

" ငါမသိတော့ဘူး.... "

" မိုင် နင်ဆုံးဖြတ်တော့ မဟုတ်ရင် ငါလည်း
ဘာမှမတတ်နိုင်တော့ဘူး "

To be Continued ...

ပထမဆုံးစရေးတာမို့လိုအပ်တာလေးတွေ
ထောက်နေတာလေးတွေ ရှိရင်ဖြည့်ဖတ်ပေးနော် 💛

Unicode Font

Đọc tiếp

Bạn Cũng Sẽ Thích

316K 21.1K 36
Pᴇʀғᴇᴄᴛ ᴍᴀʀʀɪᴇᴅ ʟɪғᴇ ᴅᴏᴇsɴ'ᴛ ᴇxɪsᴛ, ᴀᴛ ғɪʀsᴛ. Taehyung × Jungkook - Married life Start Date - 2/9/2021 #1 Vottom #1 Taekook #2 Kim *Burmese language
234K 23K 70
ដោយសារតែគុំនំបានធ្វើអោយក្មេងប្រុសដែលមានបេះដូងបរិសុទ្ធស្រស់ស្អាតប្រែក្លាយជាក្មេងពឹសពុលពោពេញដោយល្បិចកល់ គេហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែនាមជាប្រពន្ធចុងបុរសច...
293K 50.2K 62
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)
39.2K 5.8K 38
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...