[Unicode + Zawgyi ]
"ပူတယ်"
Chanyeol နားထဲကြားလာရတဲ့အသံနဲ့အတူ မှန်ကိုကြည့်မိတော့ အနောက်ခန်းကနေထထိုင်လာတဲ့လူတစ်ယောက်ကိုတွေ့သည်။
ချက်ချင်းကားကိုလမ်းဘေးထိုးရပ်လိုက်တာကိုယ်ကရှေ့ကိုစိုက်ကျသွားပြီး အနောက်ကလူကထိုင်ခုံအောက်ပြုတ်ကျသွားသည်။
"အား ယား ယား.. ငါ့တင်ပါးလေးနာသွားပါပြီ"
"မင်း! !! မင်းကဘယ်လိုလုပ်ပြီး ငါ့ကားထဲရောက်နေတာလဲ"
အရက်ကြောင့်ရဲနေတဲ့ပါးပြင်နှစ်ခုနဲ့ ရီဝေစွာကြည့်လာပြီးရယ်ပြနေတဲ့Baekhyunကို Chanyeolမျက်မှောင်ကြုတ်ကြည့်နေသည်။
"ကားတံခါးဖွင့်ပြီးဝင်လာတာပေါ့.. ဒါလေးတောင်မသိဘူးလား"
ကားတံခါးကိုလော့ခ်သေချာချထားခဲ့တာ မှတ်မိနေတဲ့Chanyeolက Baekhyunဘယ်လိုရောက်လာလဲကိုတွေးနေသည်။
Baekhyunကတော့ တင်ပါးကိုပွတ်ကာခုံပေါ်ပြန်တက်ထိုင်လာပြီး နာသွားတဲ့တင်ပါးကြောင့် စူစူပုတ်ပုတ်နဲ့ကြည့်လာပြန်သည်။
"ငါ့မျက်လုံးထဲChanyeolပဲမြင်နေတယ်.. မင်းကဘယ်သူလဲ ငါမသိတဲ့သူဆို ငါ့အနားမလာနဲ့နော်..
ငါမူးနေတာမဟုတ်ဘူး.. ငါ့ကိုနည်းနည်းမှလာထိဖို့မကြိုးစားနဲ့"
လက်ညိုးတထိုးထိုးနဲ့ပြောချင်တာတွေပြောနေတဲ့အမူးသမားလေးကြောင့် Chanyeolမှာစိတ်ကိုရှည်ထားပေးရသည်။
"ငါ့ကိုဘယ်ခေါ်သွားမလို့လဲ.. ငါမမူးဘူးနော် အခုချက်ချင်းကားရပ်"
"အမူးသမားလေးရေ ကားကရပ်ထားတာသိလား
မင်းကိုလည်းဘယ်မှခေါ်မသွားဘူး မင်းပါ့မင်းပါလာတာလေ
မမူးဘူးဆိုလည်း ပေါက်ကရတွေမပြောစမ်းပါနဲ့"
"ဟင့်.. Chanyeolကိုလွမ်းသွားပြီ ငါအခုသူ့အသံတွေနားထဲကြားနေရတယ်.. Chanyeolကိုတွေ့ချင်တယ်လို့.. ငါ့အချစ်လေး တော်တော်အပေါက်ဆိုးတဲ့ငါ့အချစ်လေး.. လွမ်းတယ် လွမ်းတယ် အများကြီးလွမ်းတယ်"
Baekhyunကားထဲအော်ဟစ်နေတာကတော်တော်ဆူညံနေသည်။
Chanyeolနားများပင်ပြန်ပိတ်ရသည်အထိ ကျယ်လောင်နေတဲ့Baekhyunအသံကို ဟန့်လိုက်တာနဲ့ အော်သံကရပ်သွားသည်။
"Chanyeol ရေ.. မင်းနဲ့တူတဲ့သူကြီးကငါ့ကိုအော်နေတယ်"
Chanyeolတကယ်စိတ်ညစ်လာသည်။ Baekhyunကိုဒီအတိုင်းလွှတ်ထားလိုက်ပြီးကားကိုမောင်းတော့ အနောက်ကနေလည်ပင်းကိုဆွဲနေပြန်သည်။
"Ya!!! ကားတိုက်ပြီးသေကုန်တော့မယ် အမူးသမားရေ.. မူးနေလည်းညိမ်ညိမ်နေစမ်းပါ"
"ငါမမူးဘူး မမူးပါဘူးဆို.. ကားကိုရပ်နော်.. ကားကသွားနေပြီ ငါသိတယ် ငါသိတယ်"
Chanyeol ဒီပုံစံအတိုင်းအိမ်ကိုပြန်လို့မဖြစ်တာနဲ့ အနီးဆုံးမှာရှိနေတဲ့ သူ့ကွန်ဒိုဆီသာထိန်းမောင်းသွားရသည်။
တစ်လမ်းလုံးလည်း လည်ပင်းကလက်ကမဖြုတ်ဘဲတင်းညှစ်ထားတာကြောင့် လည်ပင်းမှာလက်ရာပင်ထင်နေလောက်ပြီ။
ကွန်ဒိုဆီရောက်လာတော့ လည်ပင်းကိုမလွှတ်တမ်းတင်းကိုင်ထားတဲ့Baekhyunလက်တွေကိုအတင်းခွာရသည်။
"ကဲ.. အမူးသမားလေး လက်လေးဖယ်ပေးဦး.. ဒီတိုင်းဆက်နေရင် ငါလည်ပင်းအစ်ပြီးသေတော့မယ်"
"Chanyeol ရေ.. ငါ့ကိုလာခေါ်ပေးပါဦး"
"အော်ဟစ်မနေနဲ့.. တစ်ရပ်ကွက်လုံးနိုးကုန်လိမ့်မယ်.. ပါးစပ်ပိတ်ပြီးလိုက်ခဲ့"
Baekhyunငိုမဲ့မဲ့လေးဖြစ်သွားပြီး ရှေ့ကလူကိုသေချာကြည့်တော့ ChanyeolမှChanyeolဖြစ်နေတာနဲ့.. ပြုံးလာသည်။
"အဟီး.. Chanyeol.. Chanyeolပဲ.. တကယ်Chanyeolအစစ်ကြီး"
Baekhyun ကားထဲကထွက်ဖို့လာခေါ်နေတဲ့Chanyeolကို လှမ်းဖက်လိုက်သည်။
"ငါ့ရဲ့အချစ်လေး.. လွမ်းနေတာကို တွေ့ရပြီ"
Baekhyunပြုံးနေကာ ရီဝေဝေအကြည့်နဲ့ Chanyeolကိုမလွှတ်တမ်းဖက်ထားပြီးပါးကိုနမ်းလိုက်သည်။
Chanyeolမှာ မျက်လုံးပြူးသွားရပြီး ဖက်ထားတာကိုအတင်းဖယ်လွှတ်လိုက်တော့ယိုင်တိယိုင်တိုင်ဖြစ်နေတာနဲ့ Chanyeolမှာပြန်ထိန်းထားပေးရသည်။
Chanyeol အိတ်ထဲကမြည်လာတဲ့ဖုန်းသံကြားတော့ အိမ်ပြန်ဖို့သတိပြန်ကပ်သည်။ တစ်ဆက်တည်း တူလေးကိုသတိရသွားတော့ ထိန်းထားတဲ့Baekhyunကိုလွှတ်ပြီးမြည်နေတဲ့ဖုန်းကိုကိုင်လိုက်သည်နှင့် Baekhyunမှာယိုင်ကျသွားတာကြောင့် ဖုန်းမကိုင်အားဘဲအမြန်ထိန်းလိုက်ရသည်။
"မမူးဘူးဆိုလည်း မတ်တပ်ရပ်ဦး"
"အင်းးးးး..
အာ .. အာ.. ရပ်လို့မရဘူး လည်နေပြီ လည်နေပြီ..
Chanyeolတွေအများကြီးဖြစ်နေပြီ
အဟားဟား.. ငါ့အနားမှာ Chanyeolတွေအများကြီး ဝိုင်းနေတယ်..
ဟော... တစ်ယောက်.. နှစ်ယောက်.. သုံးယောက်.. သုံးပြီးတော့.. ငါးယောက်.. ပြီးတော့ပြီးတော့ လေးယောက်.. ရှစ်ယောက်..
ဝါး.. ကျန်သေးတယ် ကျန်သေးတယ်..
ငါ့အနောက်မှာကောပဲ"
မတ်တပ်မရပ်နိုင်တော့တဲ့Baekhyunကိုထိန်းရင်း ဖုန်းကိုနှိုက်နေစဉ် အညိမ်မနေတဲ့Baekhyunကြောင့် Chanyeolမှာရူးချင်နေသည်။
"ညိမ်ညိမ်နေ.."
"ဟုတ်..
ဆယ်နှစ်ယောက်.. နှစ်ဆယ့်တစ်ယောက်.. ခြောက်ဆယ့်တစ်ယောက်.. ပြီးတော့ ငါ့ အနောက်ကChanyeolတွေပါ ပါရင်.. တစ်ထောင့်ငါးရာယောက်
ဟီးဟီး"
Baekhyunလူကသာညိမ်ညိမ်နေပေးပေမဲ့ ပါးစပ်က ဘာတွေမှန်းမသိရွတ်နေရင်း.. တဟီးဟီးလုပ်နေတာက Chanyeolဖုန်းပြောလို့မရဘူးဖြစ်နေသည်။
Chanyeol ဖုန်းကိုအိတ်ထဲပြန်ထည့်လိုက်ကာ Baekhyunကိုကျောပိုးလိုက်သည်။
"ဟာ..ဟာ.. Chanyeolတွေအများကြီး ဘယ်ရောက်သွားလဲမသိဘူး.. ငါလေပေါ်ပျံနေပြီ.. ပျံနေပြီ.. အီး.... မင်းလုပ်တာ မင်းလုပ်တာ.. အီ ဟီး.. Chanyeolတွေအများကြီးပြန်ပေး .. ပြန်ပေးလို့"
ကျောပေါ်ရောက်တော့လည်း အညိမ်မနေတာကြောင့် Chanyeolမှာလန်ကျမသွားအောင်ထိန်းနေရသည်။
ကျောကိုတဖုန်းဖုန်းထုရိုက်နေသည်ကလည်း အဆုတ်ပင်ကွာတော့မည်ထင်သည်။
လှေကားတစ်ထစ်တက်တိုင်း တစ်ချက်အရိုက်ခံနေရသည်က ကျောပင်စိမ့်နေပြီ။
ကျောဆီကစပ်ဖျင်းဖျင်းဖြစ်နေတာကိုလျစ်လျူရှုပြီး အခန်းဆီမြန်မြန်ရောက်ဖို့သာ တက်နေတော့သည်။
"Baekhyun ရေ.. ညိမ်ညိမ်လေးနေပြီး ဖက်ထား.. ပြုတ်ကျသွားရင် မင်းသေမှာနော်"
"မသေချင်ဘူး.. Chanyeolနဲ့လက်ထပ်ပြီးမှသေချင်သေမယ်.. မဟုတ်ပါဘူး.. Chanyeolနဲ့လက်ထပ်ပြီးလည်းမသေဘူး
ငါကChanyeolနဲ့အချိန်အကြာကြီးတူတူနေဦးမှာ"
Chanyeolအခန်းဆီရောက်လို့ Baekhyunကိုအိပ်ယာပေါ်ချပေးလိုက်ပြီးမှ အသက်ကိုဝဝရှူရတော့သည်။
"အဲ့အတိုင်းနေခဲ့ဦး.."
"အင်းပါ"
Chanyeol Baekhyunကိုထားခဲ့ပြီးအပြင်ပြန်ထွက်သွားတော့Baekhyunက Chanyeolထားခဲ့တဲ့အတိုင်းကိုပုံမပျက်..
Chanyeolမကိုင်လိုက်ရတဲ့ဖုန်းကိုပြန်ဆက်နေရင်း လှေကားထစ်တွေကနေပြေးဆင်းလာကာ ကားဆီကိုရောက်တာနဲ့ထွက်ဖို့လုပ်သည်။
တဖက်ကသက်သာသွားပြီမလာလို့ရတယ် ဆိုတဲ့အသံကြားတော့မှ Chanyeolအသက်ကိုပြင်းပြင်းရှူချလိုက်သည်။
"JongInဆီပြန်သွားလို့ရတာပဲ.."
Chanyeol JongInဆီပြန်သွားမလို့လုပ်ပေမဲ့ Baekhyunရှိနေတာကိုသတိရသွားပြီး အပေါ်ကိုပြန်တက်လာခဲ့သည်။
Chanyeolဝင်လာတော့ထားခဲ့တဲ့အတိုင်းရှိနေတဲ့Baekhyunကိုမြင်တာနဲ့ သက်မချကာ အိပ်ယာပေါ်မှာကိုယ်ကိုတည့်ပေးလိုက်သည်။
"ပူတယ်.. ပူတယ်.. ပူတယ်လို့"
Chanyeolအဲကွန်းကိုဖွင့်ပေးထားလိုက်တော့မှ Baekhyunအော်နေတာရပ်သွားသည်။
"Chanyeol.."
Baekhyunခေါ်တော့ Chanyeolကဘေးနားလာရပ်ပေးသည်။
"Chanyeolကို.. တခြားတစ်ယောက်ယောက် ယူသွားမှာအရမ်းကြောက်တာပဲ.. ငါဘယ်လိုလုပ်မှ မင်းကပြန်ချစ်မှာလဲဟင်..
ငါ့ကိုစိတ်မကောင်းဖြစ်တဲ့စကားလုံးတွေမပြောရင်သိပ်ကောင်းမှာပဲ
ငါကChanyeolကိုအများကြီးချစ်တာ
Chanyeolကတော့ ငါ့ကိုနည်းနည်းမှမချစ်ဘူး
ဟင့်.. Chanyeolက ငါ့ကိုမုန်းနေတာလားမသိဘူး"
Baekhyunပါးစပ်ကပြောချင်တာပြောနေရင်း မျက်လုံးကပါမျက်ရည်တွေကျလာတာမြင်တော့ Chanyeol Baekhyunဘေးမှာဝင်ထိုင်လိုက်ပြီး ကျလာတဲ့မျက်ရည်စက်တွေကိုသုတ်ပေးလိုက်သည်။
"ချစ်တယ်.. ငါမင်းကိုချစ်တယ်Baekhyun.."
Chanyeol Baekhyunပါးနုနုကိုဖွဖွလေးပွတ်သပ်လာတော့ Baekhyunကလက်တွေကို ကိုင်လာခဲ့သည်။
တစ်ညလုံးပဲ အိပ်နေတဲ့Baekhyunကိုင်ထားတဲ့လက်ကိုမဖြုတ်ပစ်ဘဲ Chanyeolကဘေးမှာထိုင်နေပေးခဲ့သည်။
အလင်းရောင်ကျရောက်တော့မှ Chanyeol ကိုင်ထားတဲ့လက်ကိုဖြေးဖြေးချင်းဖြုတ်သည်။
နေ့Dutyမို့.. ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး Baekhyunအတွက် စာရေးထားခဲ့ကာထွက်လာခဲ့တော့သည်။
Baekhyunနိုးတော့ မရင်းနှီးတဲ့အခန်းအပြင်အဆင်ကြောင့် လန့်ဖြန့်ပြီးထထိုင်သည်။
ညကကိစ္စတွေသေချာမမှတ်မိဘဲရှိကာ ဒီနေရာကိုဘယ်လိုရောက်လာမှန်း Baekhyunစဉ်းစားမရဖြစ်နေသည်။
"ပြန်ပေးဆွဲခံရတာများလား.."
Baekhyunအိပ်ယာကထလိုက်တော့ မြင်သာအောင်ထားခဲ့ပေးတဲ့ Chanyeolလက်ရေးနဲ့ Noteစာရွက်လေးကမြင်ကွင်းထဲရောက်လာသည်။
ချက်ချင်းစာကိုပြေးဖတ်တဲ့အခါChanyeolမှန်းသိတာနဲ့ Baekhyunအိပ်ယာပေါ်ပြန်လှဲချပြီး ပြုံးနေမိသည်။
ဒါဆိုရင်.. ညက တစ်ညလုံးChanyeolနဲ့အတူတူ ရှိနေခဲ့တာပေါ့..
ဝိုး... ငါကChanyeolရဲ့အိပ်ယာပေါ်အိပ်နေတာပဲ
မဟုတ်မှ.. Chanyeolနဲ့အတူတူအိပ်ခဲ့တာလား
ဟီးဟီး.. Chanyeolက ငါ့ကိုကောင်းကောင်းပေးအိပ်သားပဲ
ငါညကအရမ်းဆိုးခဲ့မိသေးလားမသိဘူး..
ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ တောင်မသိတော့ဘူး
Chanyeolက ငါ့ကိုစိတ်ညစ်သွားသေးလား
အား.... ဒီခေါင်းတစ်လုံးကလေ ဘာမှကိုစဉ်းစားပေးဖော်မရဘူး
ဘာတွေလုပ်ခဲ့မိပါလိမ့်နော်...
Baekhyun မျက်နှာကြပ်ကိုကြည့်ကာလိုက်စဉ်းစားနေပေမဲ့လည်း Chenရဲ့သီချင်းအသစ်ကိုသူငယ်ချင်းတွေအတူတူနားထောင်ကြတဲ့နေရာကနေ ဆက်တက်မလာတဲ့အသိကြောင့် ဆက်ပြီးစဉ်းစားမနေတော့ဘဲ Chanyeolပြင်ခဲ့ပေးတာတွေနဲ့ မျက်နှာသစ်ရေချိုးပြီး စားစရာရှိတာစားတော့သည်။
"ငါ့အချစ်လေးပြင်ပေးတဲ့မနက်စာလေးက ပြည့်စုံနေလိုက်တာများ အရသာကိုရှိနေတာပဲ"
Baekhyunအတွက် ကိုလေးပြင်ပေးတဲ့နွားနို့.. အသီး..ထမင်း.. အားရှိစေတဲ့မုန့် စတဲ့မနက်စာအစုံအလင်ထက် Chanyeolရဲ့ ပေါင်မုန့်မီးကင်နဲ့ နွားနို့တစ်ခွက်က ပိုပြီးပြည့်စုံနေခြင်းဖြစ်သည်။
Baekhyunစားသောက်ပြီးတာနဲ့နာရီကိုကြည့်မိတဲ့အခါ Sehunနဲ့Taoရဲ့လေယာဉ်ချိန်ကိုသတိရသည်။
ချက်ချင်းChanyeolအခန်းဆီဝင်ကာ အဝတ်တွေထဲရွေးချယ်ရေးလုပ်တော့သည်။
Chanyeolအဝတ်တွေကကြီးနေမှန်းသိလည်း Chanyeolရဲ့ကိုယ်ရနံ့ကို Baekhyunသဘောကျနေသည်။
ဝတ်လိုက်တိုင်း လူကမြုပ်မြုပ်ဝင်သွားတာကြောင့်လည်း တစ်ယောက်ထဲရယ်မိသည်။
ကြီးနေတဲ့အဝတ်တွေထဲမှာမှ အဆင်ပြေမယ်ထင်တာတစ်ခုကိုပဲ ယူဝတ်လိုက်သည်။
Chanyeolကြိုက်တာမကြိုက်တာတွေးမိသွားပေမဲ့လည်း အိမ်ပြန်ရင်အချိန်မမှီမှာစိုးတာနဲ့ Chanyeolကိုတောင်းပန်ဖို့သာစိတ်ထဲမှတ်ပြီး လေဆိပ်ဆီတန်းသွားတော့သည်။
Baekhyunလုပ်ချင်တာလုပ်လာပြီးမှ ဝတ်လာတဲ့အဝတ်အစားတွေကိုပြန်ကြည့်ကြည့်နေပြီး စိတ်ထဲမတင်မကျနဲ့.. Chanyeolညိုညင်မှာကိုကြောက်နေသည်။
ငါမှားပြီလားမသိဘူး.. ဘယ်လိုလုပ်ရ
မလဲ..
Chanyeolပြန်မရောက်ခင် မြန်မြန်သွားပြန်ထားလိုက်မယ်
Sehunnieနဲ့Taoအထဲဝင်သွားတာနဲ့ ပြန်ပြီးဝင်ထားမယ်ဆိုရင်ကော..
အာ.. မနေ့ကငါ့ကိုပျောက်သွားလို့ Chennieကအမေးအမြန်းထူနေဦးမှာ..
ဟင်း...
ညက.. ညက.. Chanyeolကားထဲကိုငါရောက်နေတာပဲ
Chanyeolလည်ပင်းကိုညှစ်တာသေးတယ်
ပြီးတော့ ဘာတွေလုပ်သေးလဲ.. အာ.. ငါအိပ်သွားတာပဲနေမယ်..
ဟား.. ဟား.. Chanyeolကိုတစ်ခုခုစိတ်ပျက်အောင်လုပ်မိပြီမှတ်တာ
ငါအိပ်သွားတာ.. ငါတန်းအိပ်သွားတာပဲ
Baekhyunကိုယ့်အတွေးနဲ့ကိုသဘောတွေကျနေကာ တပြုံးပြုံးဖြစ်နေတာမို့ကားမောင်းနေတဲ့သူက တကြည့်ကြည့်ဖြစ်နေသည်။
ဒါကိုလည်းဂရုပင်မစိုက်နိုင်ဘဲ အတွေးယာဉ်ထဲသာယာနေခဲ့လေသည်။
TBc..
[Zawgyi 👇]
"ပူတယ္"
Chanyeol နားထဲၾကားလာရတဲ့အသံနဲ႔အတူ မွန္ကိုၾကည့္မိေတာ့ အေနာက္ခန္းကေနထထိုင္လာတဲ့လူတစ္ေယာက္ကိုေတြ႕သည္။
ခ်က္ခ်င္းကားကိုလမ္းေဘးထိုးရပ္လိုက္တာကိုယ္ကေရွ႕ကိုစိုက္က်သြားၿပီး အေနာက္ကလူကထိုင္ခုံေအာက္ျပဳတ္က်သြားသည္။
"အား ယား ယား.. ငါ့တင္ပါးေလးနာသြားပါၿပီ"
"မင္း! !! မင္းကဘယ္လိုလုပ္ၿပီး ငါ့ကားထဲေရာက္ေနတာလဲ"
အရက္ေၾကာင့္ရဲေနတဲ့ပါးျပင္ႏွစ္ခုနဲ႔ ရီေဝစြာၾကည့္လာၿပီးရယ္ျပေနတဲ့Baekhyunကို Chanyeolမ်က္ေမွာင္ၾကဳတ္ၾကည့္ေနသည္။
"ကားတံခါးဖြင့္ၿပီးဝင္လာတာေပါ့.. ဒါေလးေတာင္မသိဘူးလား"
ကားတံခါးကိုေလာ့ခ္ေသခ်ာခ်ထားခဲ့တာ မွတ္မိေနတဲ့Chanyeolက Baekhyunဘယ္လိုေရာက္လာလဲကိုေတြးေနသည္။
Baekhyunကေတာ့ တင္ပါးကိုပြတ္ကာခုံေပၚျပန္တက္ထိုင္လာၿပီး နာသြားတဲ့တင္ပါးေၾကာင့္ စူစူပုတ္ပုတ္နဲ႔ၾကည့္လာျပန္သည္။
"ငါ့မ်က္လုံးထဲChanyeolပဲျမင္ေနတယ္.. မင္းကဘယ္သူလဲ ငါမသိတဲ့သူဆို ငါ့အနားမလာနဲ႔ေနာ္..
ငါမူးေနတာမဟုတ္ဘူး.. ငါ့ကိုနည္းနည္းမွလာထိဖို႔မႀကိဳးစားနဲ႔"
လက္ညိဳးတထိုးထိုးနဲ႔ေျပာခ်င္တာေတြေျပာေနတဲ့အမူးသမားေလးေၾကာင့္ Chanyeolမွာစိတ္ကိုရွည္ထားေပးရသည္။
"ငါ့ကိုဘယ္ေခၚသြားမလို႔လဲ.. ငါမမူးဘူးေနာ္ အခုခ်က္ခ်င္းကားရပ္"
"အမူးသမားေလးေရ ကားကရပ္ထားတာသိလား
မင္းကိုလည္းဘယ္မွေခၚမသြားဘူး မင္းပါ့မင္းပါလာတာေလ
မမူးဘူးဆိုလည္း ေပါက္ကရေတြမေျပာစမ္းပါနဲ႔"
"ဟင့္.. Chanyeolကိုလြမ္းသြားၿပီ ငါအခုသူ႔အသံေတြနားထဲၾကားေနရတယ္.. Chanyeolကိုေတြ႕ခ်င္တယ္လို႔.. ငါ့အခ်စ္ေလး ေတာ္ေတာ္အေပါက္ဆိုးတဲ့ငါ့အခ်စ္ေလး.. လြမ္းတယ္ လြမ္းတယ္ အမ်ားႀကီးလြမ္းတယ္"
Baekhyunကားထဲေအာ္ဟစ္ေနတာကေတာ္ေတာ္ဆူညံေနသည္။
Chanyeolနားမ်ားပင္ျပန္ပိတ္ရသည္အထိ က်ယ္ေလာင္ေနတဲ့Baekhyunအသံကို ဟန႔္လိုက္တာနဲ႔ ေအာ္သံကရပ္သြားသည္။
"Chanyeol ေရ.. မင္းနဲ႔တူတဲ့သူႀကီးကငါ့ကိုေအာ္ေနတယ္"
Chanyeolတကယ္စိတ္ညစ္လာသည္။ Baekhyunကိုဒီအတိုင္းလႊတ္ထားလိုက္ၿပီးကားကိုေမာင္းေတာ့ အေနာက္ကေနလည္ပင္းကိုဆြဲေနျပန္သည္။
"Ya!!! ကားတိုက္ၿပီးေသကုန္ေတာ့မယ္ အမူးသမားေရ.. မူးေနလည္းညိမ္ညိမ္ေနစမ္းပါ"
"ငါမမူးဘူး မမူးပါဘူးဆို.. ကားကိုရပ္ေနာ္.. ကားကသြားေနၿပီ ငါသိတယ္ ငါသိတယ္"
Chanyeol ဒီပုံစံအတိုင္းအိမ္ကိုျပန္လို႔မျဖစ္တာနဲ႔ အနီးဆုံးမွာရွိေနတဲ့ သူ႔ကြန္ဒိုဆီသာထိန္းေမာင္းသြားရသည္။
တစ္လမ္းလုံးလည္း လည္ပင္းကလက္ကမျဖဳတ္ဘဲတင္းညႇစ္ထားတာေၾကာင့္ လည္ပင္းမွာလက္ရာပင္ထင္ေနေလာက္ၿပီ။
ကြန္ဒိုဆီေရာက္လာေတာ့ လည္ပင္းကိုမလႊတ္တမ္းတင္းကိုင္ထားတဲ့Baekhyunလက္ေတြကိုအတင္းခြာရသည္။
"ကဲ.. အမူးသမားေလး လက္ေလးဖယ္ေပးဦး.. ဒီတိုင္းဆက္ေနရင္ ငါလည္ပင္းအစ္ၿပီးေသေတာ့မယ္"
"Chanyeol ေရ.. ငါ့ကိုလာေခၚေပးပါဦး"
"ေအာ္ဟစ္မေနနဲ႔.. တစ္ရပ္ကြက္လုံးႏိုးကုန္လိမ့္မယ္.. ပါးစပ္ပိတ္ၿပီးလိုက္ခဲ့"
Baekhyunငိုမဲ့မဲ့ေလးျဖစ္သြားၿပီး ေရွ႕ကလူကိုေသခ်ာၾကည့္ေတာ့ ChanyeolမွChanyeolျဖစ္ေနတာနဲ႔.. ၿပဳံးလာသည္။
"အဟီး.. Chanyeol.. Chanyeolပဲ.. တကယ္Chanyeolအစစ္ႀကီး"
Baekhyun ကားထဲကထြက္ဖို႔လာေခၚေနတဲ့Chanyeolကို လွမ္းဖက္လိုက္သည္။
"ငါ့ရဲ႕အခ်စ္ေလး.. လြမ္းေနတာကို ေတြ႕ရၿပီ"
Baekhyunၿပဳံးေနကာ ရီေဝေဝအၾကည့္နဲ႔ Chanyeolကိုမလႊတ္တမ္းဖက္ထားၿပီးပါးကိုနမ္းလိုက္သည္။
Chanyeolမွာ မ်က္လုံးျပဴးသြားရၿပီး ဖက္ထားတာကိုအတင္းဖယ္လႊတ္လိုက္ေတာ့ယိုင္တိယိုင္တိုင္ျဖစ္ေနတာနဲ႔ Chanyeolမွာျပန္ထိန္းထားေပးရသည္။
Chanyeol အိတ္ထဲကျမည္လာတဲ့ဖုန္းသံၾကားေတာ့ အိမ္ျပန္ဖို႔သတိျပန္ကပ္သည္။ တစ္ဆက္တည္း တူေလးကိုသတိရသြားေတာ့ ထိန္းထားတဲ့Baekhyunကိုလႊတ္ၿပီးျမည္ေနတဲ့ဖုန္းကိုကိုင္လိုက္သည္ႏွင့္ Baekhyunမွာယိုင္က်သြားတာေၾကာင့္ ဖုန္းမကိုင္အားဘဲအျမန္ထိန္းလိုက္ရသည္။
"မမူးဘူးဆိုလည္း မတ္တပ္ရပ္ဦး"
"အင္းးးးး..
အာ .. အာ.. ရပ္လို႔မရဘူး လည္ေနၿပီ လည္ေနၿပီ..
Chanyeolေတြအမ်ားႀကီးျဖစ္ေနၿပီ
အဟားဟား.. ငါ့အနားမွာ Chanyeolေတြအမ်ားႀကီး ဝိုင္းေနတယ္..
ေဟာ... တစ္ေယာက္.. ႏွစ္ေယာက္.. သုံးေယာက္.. သုံးၿပီးေတာ့.. ငါးေယာက္.. ၿပီးေတာ့ၿပီးေတာ့ ေလးေယာက္.. ရွစ္ေယာက္..
ဝါး.. က်န္ေသးတယ္ က်န္ေသးတယ္..
ငါ့အေနာက္မွာေကာပဲ"
မတ္တပ္မရပ္ႏိုင္ေတာ့တဲ့Baekhyunကိုထိန္းရင္း ဖုန္းကိုႏႈိက္ေနစဥ္ အညိမ္မေနတဲ့Baekhyunေၾကာင့္ Chanyeolမွာ႐ူးခ်င္ေနသည္။
"ညိမ္ညိမ္ေန.."
"ဟုတ္..
ဆယ္ႏွစ္ေယာက္.. ႏွစ္ဆယ့္တစ္ေယာက္.. ေျခာက္ဆယ့္တစ္ေယာက္.. ၿပီးေတာ့ ငါ့ အေနာက္ကChanyeolေတြပါ ပါရင္.. တစ္ေထာင့္ငါးရာေယာက္
ဟီးဟီး"
Baekhyunလူကသာညိမ္ညိမ္ေနေပးေပမဲ့ ပါးစပ္က ဘာေတြမွန္းမသိ႐ြတ္ေနရင္း.. တဟီးဟီးလုပ္ေနတာက Chanyeolဖုန္းေျပာလို႔မရဘူးျဖစ္ေနသည္။
Chanyeol ဖုန္းကိုအိတ္ထဲျပန္ထည့္လိုက္ကာ Baekhyunကိုေက်ာပိုးလိုက္သည္။
"ဟာ..ဟာ.. Chanyeolေတြအမ်ားႀကီး ဘယ္ေရာက္သြားလဲမသိဘူး.. ငါေလေပၚပ်ံေနၿပီ.. ပ်ံေနၿပီ.. အီး.... မင္းလုပ္တာ မင္းလုပ္တာ.. အီ ဟီး.. Chanyeolေတြအမ်ားႀကီးျပန္ေပး .. ျပန္ေပးလို႔"
ေက်ာေပၚေရာက္ေတာ့လည္း အညိမ္မေနတာေၾကာင့္ Chanyeolမွာလန္က်မသြားေအာင္ထိန္းေနရသည္။
ေက်ာကိုတဖုန္းဖုန္းထု႐ိုက္ေနသည္ကလည္း အဆုတ္ပင္ကြာေတာ့မည္ထင္သည္။
ေလွကားတစ္ထစ္တက္တိုင္း တစ္ခ်က္အ႐ိုက္ခံေနရသည္က ေက်ာပင္စိမ့္ေနၿပီ။
ေက်ာဆီကစပ္ဖ်င္းဖ်င္းျဖစ္ေနတာကိုလ်စ္လ်ဴရႈၿပီး အခန္းဆီျမန္ျမန္ေရာက္ဖို႔သာ တက္ေနေတာ့သည္။
"Baekhyun ေရ.. ညိမ္ညိမ္ေလးေနၿပီး ဖက္ထား.. ျပဳတ္က်သြားရင္ မင္းေသမွာေနာ္"
"မေသခ်င္ဘူး.. Chanyeolနဲ႔လက္ထပ္ၿပီးမွေသခ်င္ေသမယ္.. မဟုတ္ပါဘူး.. Chanyeolနဲ႔လက္ထပ္ၿပီးလည္းမေသဘူး
ငါကChanyeolနဲ႔အခ်ိန္အၾကာႀကီးတူတူေနဦးမွာ"
Chanyeolအခန္းဆီေရာက္လို႔ Baekhyunကိုအိပ္ယာေပၚခ်ေပးလိုက္ၿပီးမွ အသက္ကိုဝဝရွဴရေတာ့သည္။
"အဲ့အတိုင္းေနခဲ့ဦး.."
"အင္းပါ"
Chanyeol Baekhyunကိုထားခဲ့ၿပီးအျပင္ျပန္ထြက္သြားေတာ့Baekhyunက Chanyeolထားခဲ့တဲ့အတိုင္းကိုပုံမပ်က္..
Chanyeolမကိုင္လိုက္ရတဲ့ဖုန္းကိုျပန္ဆက္ေနရင္း ေလွကားထစ္ေတြကေနေျပးဆင္းလာကာ ကားဆီကိုေရာက္တာနဲ႔ထြက္ဖို႔လုပ္သည္။
တဖက္ကသက္သာသြားၿပီမလာလို႔ရတယ္ ဆိုတဲ့အသံၾကားေတာ့မွ Chanyeolအသက္ကိုျပင္းျပင္းရွဴခ်လိုက္သည္။
"JongInဆီျပန္သြားလို႔ရတာပဲ.."
Chanyeol JongInဆီျပန္သြားမလို႔လုပ္ေပမဲ့ Baekhyunရွိေနတာကိုသတိရသြားၿပီး အေပၚကိုျပန္တက္လာခဲ့သည္။
Chanyeolဝင္လာေတာ့ထားခဲ့တဲ့အတိုင္းရွိေနတဲ့Baekhyunကိုျမင္တာနဲ႔ သက္မခ်ကာ အိပ္ယာေပၚမွာကိုယ္ကိုတည့္ေပးလိုက္သည္။
"ပူတယ္.. ပူတယ္.. ပူတယ္လို႔"
Chanyeolအဲကြန္းကိုဖြင့္ေပးထားလိုက္ေတာ့မွ Baekhyunေအာ္ေနတာရပ္သြားသည္။
"Chanyeol.."
Baekhyunေခၚေတာ့ Chanyeolကေဘးနားလာရပ္ေပးသည္။
"Chanyeolကို.. တျခားတစ္ေယာက္ေယာက္ ယူသြားမွာအရမ္းေၾကာက္တာပဲ.. ငါဘယ္လိုလုပ္မွ မင္းကျပန္ခ်စ္မွာလဲဟင္..
ငါ့ကိုစိတ္မေကာင္းျဖစ္တဲ့စကားလုံးေတြမေျပာရင္သိပ္ေကာင္းမွာပဲ
ငါကChanyeolကိုအမ်ားႀကီးခ်စ္တာ
Chanyeolကေတာ့ ငါ့ကိုနည္းနည္းမွမခ်စ္ဘူး
ဟင့္.. Chanyeolက ငါ့ကိုမုန္းေနတာလားမသိဘူး"
Baekhyunပါးစပ္ကေျပာခ်င္တာေျပာေနရင္း မ်က္လုံးကပါမ်က္ရည္ေတြက်လာတာျမင္ေတာ့ Chanyeol Baekhyunေဘးမွာဝင္ထိုင္လိုက္ၿပီး က်လာတဲ့မ်က္ရည္စက္ေတြကိုသုတ္ေပးလိုက္သည္။
"ခ်စ္တယ္.. ငါမင္းကိုခ်စ္တယ္Baekhyun.."
Chanyeol Baekhyunပါးႏုႏုကိုဖြဖြေလးပြတ္သပ္လာေတာ့ Baekhyunကလက္ေတြကို ကိုင္လာခဲ့သည္။
တစ္ညလုံးပဲ အိပ္ေနတဲ့Baekhyunကိုင္ထားတဲ့လက္ကိုမျဖဳတ္ပစ္ဘဲ Chanyeolကေဘးမွာထိုင္ေနေပးခဲ့သည္။
အလင္းေရာင္က်ေရာက္ေတာ့မွ Chanyeol ကိုင္ထားတဲ့လက္ကိုေျဖးေျဖးခ်င္းျဖဳတ္သည္။
ေန႔Dutyမို႔.. ျပင္ဆင္စရာရွိတာျပင္ဆင္ၿပီး Baekhyunအတြက္ စာေရးထားခဲ့ကာထြက္လာခဲ့ေတာ့သည္။
Baekhyunႏိုးေတာ့ မရင္းႏွီးတဲ့အခန္းအျပင္အဆင္ေၾကာင့္ လန႔္ျဖန႔္ၿပီးထထိုင္သည္။
ညကကိစၥေတြေသခ်ာမမွတ္မိဘဲရွိကာ ဒီေနရာကိုဘယ္လိုေရာက္လာမွန္း Baekhyunစဥ္းစားမရျဖစ္ေနသည္။
"ျပန္ေပးဆြဲခံရတာမ်ားလား.."
Baekhyunအိပ္ယာကထလိုက္ေတာ့ ျမင္သာေအာင္ထားခဲ့ေပးတဲ့ Chanyeolလက္ေရးနဲ႔ Noteစာ႐ြက္ေလးကျမင္ကြင္းထဲေရာက္လာသည္။
ခ်က္ခ်င္းစာကိုေျပးဖတ္တဲ့အခါChanyeolမွန္းသိတာနဲ႔ Baekhyunအိပ္ယာေပၚျပန္လွဲခ်ၿပီး ၿပဳံးေနမိသည္။
ဒါဆိုရင္.. ညက တစ္ညလုံးChanyeolနဲ႔အတူတူ ရွိေနခဲ့တာေပါ့..
ဝိုး... ငါကChanyeolရဲ႕အိပ္ယာေပၚအိပ္ေနတာပဲ
မဟုတ္မွ.. Chanyeolနဲ႔အတူတူအိပ္ခဲ့တာလား
ဟီးဟီး.. Chanyeolက ငါ့ကိုေကာင္းေကာင္းေပးအိပ္သားပဲ
ငါညကအရမ္းဆိုးခဲ့မိေသးလားမသိဘူး..
ဘယ္လိုလုပ္ၿပီး ဒီကိုေရာက္လာတာလဲ ေတာင္မသိေတာ့ဘူး
Chanyeolက ငါ့ကိုစိတ္ညစ္သြားေသးလား
အား.... ဒီေခါင္းတစ္လုံးကေလ ဘာမွကိုစဥ္းစားေပးေဖာ္မရဘူး
ဘာေတြလုပ္ခဲ့မိပါလိမ့္ေနာ္...
Baekhyun မ်က္ႏွာၾကပ္ကိုၾကည့္ကာလိုက္စဥ္းစားေနေပမဲ့လည္း Chenရဲ႕သီခ်င္းအသစ္ကိုသူငယ္ခ်င္းေတြအတူတူနားေထာင္ၾကတဲ့ေနရာကေန ဆက္တက္မလာတဲ့အသိေၾကာင့္ ဆက္ၿပီးစဥ္းစားမေနေတာ့ဘဲ Chanyeolျပင္ခဲ့ေပးတာေတြနဲ႔ မ်က္ႏွာသစ္ေရခ်ိဳးၿပီး စားစရာရွိတာစားေတာ့သည္။
"ငါ့အခ်စ္ေလးျပင္ေပးတဲ့မနက္စာေလးက ျပည့္စုံေနလိုက္တာမ်ား အရသာကိုရွိေနတာပဲ"
Baekhyunအတြက္ ကိုေလးျပင္ေပးတဲ့ႏြားႏို႔.. အသီး..ထမင္း.. အားရွိေစတဲ့မုန႔္ စတဲ့မနက္စာအစုံအလင္ထက္ Chanyeolရဲ႕ ေပါင္မုန႔္မီးကင္နဲ႔ ႏြားႏို႔တစ္ခြက္က ပိုၿပီးျပည့္စုံေနျခင္းျဖစ္သည္။
Baekhyunစားေသာက္ၿပီးတာနဲ႔နာရီကိုၾကည့္မိတဲ့အခါ Sehunနဲ႔Taoရဲ႕ေလယာဥ္ခ်ိန္ကိုသတိရသည္။
ခ်က္ခ်င္းChanyeolအခန္းဆီဝင္ကာ အဝတ္ေတြထဲေ႐ြးခ်ယ္ေရးလုပ္ေတာ့သည္။
Chanyeolအဝတ္ေတြကႀကီးေနမွန္းသိလည္း Chanyeolရဲ႕ကိုယ္ရနံ႔ကို Baekhyunသေဘာက်ေနသည္။
ဝတ္လိုက္တိုင္း လူကျမဳပ္ျမဳပ္ဝင္သြားတာေၾကာင့္လည္း တစ္ေယာက္ထဲရယ္မိသည္။
ႀကီးေနတဲ့အဝတ္ေတြထဲမွာမွ အဆင္ေျပမယ္ထင္တာတစ္ခုကိုပဲ ယူဝတ္လိုက္သည္။
Chanyeolႀကိဳက္တာမႀကိဳက္တာေတြးမိသြားေပမဲ့လည္း အိမ္ျပန္ရင္အခ်ိန္မမွီမွာစိုးတာနဲ႔ Chanyeolကိုေတာင္းပန္ဖို႔သာစိတ္ထဲမွတ္ၿပီး ေလဆိပ္ဆီတန္းသြားေတာ့သည္။
Baekhyunလုပ္ခ်င္တာလုပ္လာၿပီးမွ ဝတ္လာတဲ့အဝတ္အစားေတြကိုျပန္ၾကည့္ၾကည့္ေနၿပီး စိတ္ထဲမတင္မက်နဲ႔.. Chanyeolညိဳညင္မွာကိုေၾကာက္ေနသည္။
ငါမွားၿပီလားမသိဘူး.. ဘယ္လိုလုပ္ရ
မလဲ..
Chanyeolျပန္မေရာက္ခင္ ျမန္ျမန္သြားျပန္ထားလိုက္မယ္
Sehunnieနဲ႔Taoအထဲဝင္သြားတာနဲ႔ ျပန္ၿပီးဝင္ထားမယ္ဆိုရင္ေကာ..
အာ.. မေန႔ကငါ့ကိုေပ်ာက္သြားလို႔ Chennieကအေမးအျမန္းထူေနဦးမွာ..
ဟင္း...
ညက.. ညက.. Chanyeolကားထဲကိုငါေရာက္ေနတာပဲ
Chanyeolလည္ပင္းကိုညႇစ္တာေသးတယ္
ၿပီးေတာ့ ဘာေတြလုပ္ေသးလဲ.. အာ.. ငါအိပ္သြားတာပဲေနမယ္..
ဟား.. ဟား.. Chanyeolကိုတစ္ခုခုစိတ္ပ်က္ေအာင္လုပ္မိၿပီမွတ္တာ
ငါအိပ္သြားတာ.. ငါတန္းအိပ္သြားတာပဲ
Baekhyunကိုယ့္အေတြးနဲ႔ကိုသေဘာေတြက်ေနကာ တၿပဳံးၿပဳံးျဖစ္ေနတာမို႔ကားေမာင္းေနတဲ့သူက တၾကည့္ၾကည့္ျဖစ္ေနသည္။
ဒါကိုလည္းဂ႐ုပင္မစိုက္ႏိုင္ဘဲ အေတြးယာဥ္ထဲသာယာေနခဲ့ေလသည္။
TBc..