HE'S ✓

By VemberCB_Kai

153K 16K 467

ChanBaek [Unicode + Zawgyi] Warning✓✓ Cover Photo Crd.. Pinterest More

HE'S .1
🎂
HE'S . 2
HE'S . 3
HE'S . 4
HE'S . 5
🎂
HE'S . 6
HE'S . 7
HE'S . 8
HE'S . 9
HE'S . 10
HE'S . 11
HE'S . 12
HE'S . 13
HE'S . 15
HE'S . 16
HE'S . 17
HE'S . 18
🚨
HE'S . 19
HE'S . 20
HE'S . 21
HE'S . 22
🚨
HE'S . 23
HE'S . 24
HE'S . 25
HE'S . 26
HE'S . 27
HE'S . 28
HE'S . 29
🚨
HE'S . 30
HE'S . 31
HE'S . 32
🚨
HE'S . 33
HE'S . 34
HE'S . 35
HE'S . 36
HE'S . 37
HE'S . 38 [ Fin< ]
👋

HE'S . 14

3K 371 3
By VemberCB_Kai

[Unicode + Zawgyi]

"ညီ.. ဟျွန်းငယ်ကြောင့်စိတ်အနှောက်အယှက်ဖြစ်တာမျိုးရှိရင် Hyungကပဲတောင်းပန်ပါတယ်နော်
Hyungအမြင်တော့ ဟျွန်းငယ်က ညီအပေါ်အရမ်းကိုခင်တွယ်နေတယ်"

"ကျွန်တော်နားလည်ပါတယ်စီနီယာ"

လုပ်စရာပါးလို့အနားယူနေတုန်းကော်ဖီသောက်ရင်းထိုင်နေတဲ့ ChanyeolအနားMinSeokရောက်လာခဲ့ပြီး Baekhyunနဲ့ပတ်သက်တဲ့စကားတွေပြောဖြစ်ကြသည်။

MinSeokရဲ့စကားတွေထဲBaekhyunအကြောင်းတိုင်းက ကြည်နူးစရာအပြည့်ဖြစ်သည်။ ထို့ပြင် ရှေ့ဆက်မျှော်မှန်းထားတဲ့ အိပ်မက်ခရီးကလည်း တင့်တယ်လွန်းသည်။
တကယ်ကိုBaekhyunအတွက် ကြီးမားတဲ့စိတ်ခေါ်မှုတွေကစောင့်ကြိုနေလေသည်။

Chanyeolနားထောင်နေရင်း စိတ်ထဲလေးနက်လာကာ နာကျင်လာတဲ့နှလုံးသားကိုမသိချင်ယောင်ဆောင်ထားမိသည်။
Baekhyunကိုပြန်ချစ်ဖို့မသင့်တော်တဲ့အကြောင်းအရာတွေက တပုံတပင်ပိတ်ပင်ထားလာနေပြီ။

စီနီယာMinSeokနည်းတူ တခြားအစ်ကိုတွေကလည်းBaekhyunအပေါ်မျှော်လင့်ချက်ကြီးမားကြတာမြင်ရလေလေ Baekhyunကိုသူ့ဘဝထဲဆွဲသွင်းဖို့ကခက်ခဲလာသည်။

"ညီ.. ညကျရင် ဟျွန်းငယ်သူငယ်ချင်း၂ယောက်ကိုနှုတ်ဆက်ကြမှာ ညီ့ကိုခေါ်ထားတယ်မလား"

"ခေါ်တယ်စီနီယာ ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းလည်း ကနေဒါသွားမှာမို့သူ့ကိုနှုတ်ဆက်ဖို့လည်းရှိနေတာနဲ့ မအားလို့မလာနိုင်ကြောင်းပြောထားတယ်"

MinSeokနဲ့ရယ်ရယ်မောမောစကားတွေဆက်ပြောနေကြရင်း ကိစ္စပေါ်လာတာနဲ့MinSeokကအရင်ထွက်သွားသည်။
Chanyeolတစ်ယောက်ထဲဆက်ထိုင်ခဲ့ပြီး Baekhyunအကြောင်းက ခေါင်းထဲရောက်လာခဲ့ရသည်။

တစ်မနက်လုံးလည်းအလုပ်ထဲကိုစိတ်မနည်းနှစ်ထားရသည်ကပထမဆုံးပင်..
ညနေပိုင်းရောက်လာတော့ JunMyeonကတောင် မေးလာသည်အထိ မူမမှန်တဲ့အပြုအမူတွေကသိသာနေခဲ့သည်။
Chanyeolလည်း သတိထားပြီးခံစားချက်တွေပေါ်လွင်မနေအောင် ကိုယ့်ကိုယ်ကိုပြန်ထိန်းနေရသည်။

"Chanyeol-Oppa"

Chanyeolလှည့်မကြည့်ဘဲ JunMyeonရဲ့မျက်နှာကိုကြည့်လာခဲ့သည်။

"ငါတို့Chanyeolကတော့ စန်းပွင့်တယ်ဟေ့.. ကောင်လေးကတစ်မျိုး ကောင်မလေးကတစ်မျိုးနဲ့..
ကြည့်ရတာ ဟိုအတော်ဆိုးတဲ့Baekhyunလည်းရောက်လာဦးမယ်ထင်တယ်

ဟော...

ပြောလို့မဆုံးသေးဘူး အဝကိုကြည့်လိုက်ပါဦး မင်းဆီကိုလာနေပြီ"

ထိုတော့မှ Chanyeolလှည့်ကြည့်လာခဲ့ကာ အပြုံးတပွင့်နဲ့လျှောက်လှမ်းလာတဲ့Baekhyunကိုမြင်သည်။

"Chanyeol!!!"

Baekhyunအနားရောက်တာနဲ့Chanyeolရဲ့လက်တွေကိုချိတ်လိုက်သည်။

"Chanyeolသိလား.. ငါအမှတ်ပြည့်ပဲ ဟိဟိ"

တစ်ယောက်တည်းသဘောကျနေတဲ့Baekhyunပုံက Chanyeolကိုပြုံးသွားစေသည်။

"Oppa.. Vier Oppaဆီလာတာ"

Chanyeolလက်ကိုချိတ်ထားတဲ့Baekhyun ချက်ချင်းပဲမျက်နှာစူပုတ်သွားပြီးကောင်မလေးကိုကြည့်လာတော့ Chanyeolပါကြည့်လာခဲ့သည်။

"ဒီကOppaချောချောလေးနဲ့ချိန်းထားလို့ Chanyeol-Oppaကမအားဘူးကောင်မလေးရဲ့.. ဟောအရှေ့ကကောင်မလေးကပဲ လာရာကိုပြန်လှည့်လိုက်ပါနော်"

"ရှင်"

Baekhyunမျက်နှာကိုချီကာ ပြောပြီးတဖက်ကိုလှည့်ထားတော့ ကောင်မလေးကဒေါသထွက်လာသည်။

"ရှင်ကအရမ်းရိုင်းတာပဲ"

"ဒီမှာမိန်းကလေး ငါ့လူကိုလာလုရင် ရိုင်းသင့်ရိုင်းရမှာပဲ.. မင်းကမိန်းကလေးတစ်ယောက်ပဲ မရှက်ဘူးလား"

"Baekhyun!!"

Chanyeolရဲ့လေသံမာမာကBaekhyunကိုယ်လေရွံ့သွားစေခဲ့သည်။
Baekhyunအသံထပ်ထွက်မလာတော့ဘဲ ရှေ့ကကောင်မလေးပြောတာတွေကိုငြိမ်ခံနေလိုက်သည်။

"ရှင်ကသာယောကျာ်းလေးဖြစ်ပြီး အရှက်မရှိလူမြင်ကွင်းမှာမိန်းကလေးတစ်ယောက်နဲ့ရန်ဖြစ်နေတာ "

"Vier..ကိုယ်တောင်းပန်ပါတယ် ဒီနေ့တော့ကိုယ်မင်းနဲ့‌စကားပြောမပေးနိုင်တော့ဘူး"

Baekhyunပြန်ပြောမယ်လုပ်တော့ ကြားလိုက်ရတဲ့Chanyeolရဲ့တောင်းပန်စကားကနားထဲအထပ်ထပ်..

မင်းကဘာလို့တောင်းပန်နေတာလဲ..

သူအရင်လာစတာလေ

သူတောင်းပန်ရမှာကို

"ငါ့နောက်လိုက်ခဲ့"

Chanyeol ပတ်ပတ်လည်မှာရှိတဲ့ လူတွေဆီရဲ့အကြည့်တွေကြားကနေ Baekhyunကိုခေါ်ထုတ်သွားတော့ JunMyeonပြုံးနေခဲ့သည်။

JongInပြောပြခဲ့တာနဲ့ မျက်စိရှေ့မြင်လိုက်ရတာကိုကြည့်ခြင်းဖြင့် Chanyeolကဝန်သာမခံတာBaekhyunအတွက်တွေးပြီး Baekhyunကိုကာကွယ်ပေးနေတာကို JunMyeon သေသေချာချာသိသွားခဲ့သည်။

ပြောတိုင်းငြင်းနေတဲ့ChanyeolကိုBaekhyunနဲ့ပတ်သက်ပြီး ဘာမှထပ်မပြောဖြစ်လည်း Chanyeolရဲ့အပြုအမူတွေအရ Baekhyunအပေါ်အချစ်တွေကိုမြင်နေရပြီ။

အခုလည်း လူတွေရဲ့အကြည့်အောက်‌ကနေBaekhyunကိုခေါ်ထုတ်သွားပြီး ကောင်မလေးကိုထားခဲ့တာက ကောင်မလေး‌အတွက်တော့ JunMyeonအားနာရပေမဲ့ ခေါင်းတခါခါနဲ့သာ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတစ်ခုအဖြစ်ပဲ ရှောင်ထွက်သွားလိုက်သည်။

"Chanyeol-Ya"

Chanyeolခေါ်ရာနောက်Baekhyunလိုက်ပါလာခဲ့ပြီး Chanyeol သူဆွဲလာတဲ့လက်ကိုဖြုတ်ချလိုက်ကတည်းကဘာမှမပြောဘဲရပ်နေသည်။
Baekhyunအသံပြုလာလည်းChanyeolကငြိမ်နေတုန်း..

"Chanyeol."

"Baekhyun ကျေးဇူးပြုပြီးရပ်လိုက်ပါတော့"

"ဟမ်..??"

"မင်း ငါ့ကိုချစ်နေတာတွေရပ်လိုက်တော့လို့ပြောနေတာ"

Chanyeol Baekhyunကိုကျောပေးပြီးရပ်နေလိုက်သည်။
Baekhyunအတွက် Chanyeolဆီကထွက်ကျလာတဲ့စကားလုံးတွေရဲ့နာကျင်မှုက မထူးဆန်းတော့ပေမဲ့ စိတ်မကောင်းဖြစ်သွားရသည်။

"ငါ့ကိုစိတ်ဆိုးလို့လား.. ငါအမှားလည်းမလုပ်ဘူးလေ"

"မင်းငါ့အနားမှာရှိနေတာက ငါ့ကိုစိတ်အနှောက်အယှက်ဖြစ်စေတယ်"

Baekhyun မျက်စိရှေ့ကChanyeolရဲ့ကျောပြင်ကိုကြည့်ပြီးပြုံးထားသည်။

"Chanyeolက ငါ့ကိုကျောခိုင်းထားတာမျိုး သဘောမကျဘူး"

"Baekhyun မင်း!!"

"ချစ်တယ်"

Chanyeolလှည့်လာပြီးစကားတွေဆက်ပြောမလာခင်မှာပဲ BaekhyunကChanyeolရင်ခွင်တိုးဝင်ပြီးဖက်ထားသည်။

"ဖယ်စမ်း"

"ဖက်ထားချင်လို့.. ငါမင်းကိုဖက်ထားချင်လို့ပါ"

Chanyeol Baekhyunကိုယ်ကိုခွာနေပေမဲ့ ငြိမ်နေတာသူ့စတိုင်မဟုတ်တဲ့Baekhyunက ဘာတစ်ခွန်းမှထပ်ပြောမလာဘဲရင်ခွင်ထဲမှီနေသည်။

Baekhyunသူ့ဖက်ကသာ အတင်းလိုက်တွယ်ကပ်နေသည်ကိုသိသည်။
သူ့အပြုအမူတွေကြောင့်Chanyeolစိတ်ရှုပ်နေရသည်ကိုလည်းသိသည်။
ဒါပေမဲ့လည်း Baekhyunဘက်ကနည်းနည်းလေးမှ လက်လျော့လိုက်ဖို့ကိုမတွေးမိဘူး။

"Chanyeol.."

Chanyeol ခွာမရတဲ့အဆုံး.. လွှတ်ထားလိုက်တော့ Baekhyunရဲ့ခေါ်သံတိုးတိုးကိုကြားလိုက်ရသည်။

"Sehunnieနဲ့Taoကတကယ်ကြီးသွားတော့မှာ..
သူတို့နဲ့ရက်တွေအကြာကြီးမခွဲဖူးဘူး အခုတော့အကြာကြီးခွဲနေရတော့မှာ
ညကျရင် သူတို့ကိုနှုတ်ဆက်ရတော့မယ်
နှုတ်မဆက်ချင်ဘူး လွှတ်လည်းမလွှတ်ချင်ဘူး
ငါ့မှာသူငယ်ချင်းဆိုလို့သူတို့ပဲရှိတာ ငါသူတို့ကိုမသွားစေချင်ဘူး
ဒါပေမဲ့လည်း သူတို့ကတရုတ်မှာနေပြီး သူတို့ဘဝအတွက်အလုပ်တွေလုပ်ရမှာပဲလေ
ဟင်း... ငါရယ်Chennieရယ်ပဲကျန်ခဲ့တော့မယ်
Chennieကလည်း သူ့အလုပ်တွေနဲ့အားမှာမဟုတ်လောက်ဘူး
ကိုကိုတို့ကလည်း အလုပ်တွေနဲ့အားတယ်လို့ကိုမရှိဘူး
နောက်ဆိုငါတစ်ယောက်ထဲဖြစ်နေတော့မှာပဲ"

Baekhyunစကားတွေကြားပြီးနောက်မှာတော့ Chanyeolလက်ကပြန်ဖက်ပေးဖို့ထိကိုလှုပ်ရှားလာမိသည်။ သို့ပေမဲ့ လက်ကိုပြန်ချထားလိုက်သည်။

"Baekhyun..မင်းခံစားနေရတာတွေနားထောင်ပေးရအောင် ငါမအားဘူး ငါအလုပ်တွေရှိသေးတယ်"

"ငါအခုဝမ်းနည်းနေတာကို..မင်းကပါစိတ်မကောင်းဖြစ်စရာတွေမပြောပါနဲ့လား"

Baekhyun Chanyeolရင်ခွင်ကိုမှီဖက်ထားပြီးငြိမ်သွားပြန်သည်။

"မင်းဖက်ထားတာကိုလွှတ်ပေး"

"ဟင့်.."

တွန်းထုတ်နေတဲ့ Chanyeolကြောင့် Baekhyunဖက်ထားတာကိုခွာပေးလိုက်ပြီး ငိုမိတော့မှာကိုထိန်းထားရင်းခေါင်းကိုငုံ့ထားသည်။

"ငါပြန်တော့မယ်"

Baekhyun‌ခေါင်းငိုက်ကျကာ စိတ်ပျက်ခြင်းတွေနဲ့ပြန်မယ်လုပ်ပြီးလှည့်သွားတော့ Chanyeolက ပုခုံးတွေကနေပြန်ဆွဲပြီးမျက်နှာချင်းဆိုင်လိုက်သည်။

"ငိုတော့မလို့လား"

"ဟမ်.??"

Chanyeolအမေးကို လှန်ကြည့်လာတဲ့မျက်ဝန်းတွေက ရဲနေခဲ့ပြီးမျက်‌ရည်တွေဝေ့နေခဲ့သည်။

Chanyeol Baekhyunအပေါ်ပြောခဲ့မိတဲ့စကားတွေအတွက် စိတ်မကောင်းဖြစ်မိသည်။
လက်လျော့သွားဖို့ ပြင်းထန်တဲ့စကားတစ်ခွန်းပြောတိုင်း သူပါနာကျင်ရသည်ကို နှလုံးသားကသာသိမည်။
Baekhyunငိုသွားမှာကို မဖြစ်စေချင်ဘူး။
ဒါပေမဲ့လည်း လက်ရှိဆိုတာထက် ရှေ့ကိုသာအတွေးတွေကရောက်နေလေသည်။
Chanyeol Baekhyunရဲ့မျက်လုံးတွေထဲသေချာလိုက်ကြည့်မိတော့ ဝမ်းနည်းနေပုံကသိသိသာသာပေါ်လွင်နေတာနဲ့ Baekhyunကိုယ်လေးကိုဖက်ထားပေးလိုက်သည်။

"Chanyeolက.."

Chanyeolဖက်လိုက်တာနဲ့ Baekhyunမျက်ရည်တွေကျလာခဲ့သည်။
Baekhyunပြန်ဖက်လာတော့ Chanyeolက ကျောပြင်လေးကိုသက်ချပေးနေလိုက်သည်။

ဒီကောင်လေးဟာ.. သူ့ကိုပြန်မချစ်မခြင်း လွယ်လွယ်နဲ့လက်လျော့မှာမဟုတ်မှန်းသိလိုက်သည်။
ဘယ်လိုမျိုးပဲသူ့ကိုနာကျင်အောင်ပြောပြော စိတ်နာသွားမဲ့သူမျိုးမဟုတ်မှန်းလည်းသိလိုက်သည်။

Chanyeolအနာဂတ်ထက် လက်ရှိအချိန်တွေမှာပဲနေနေဖို့ကိုတွေးမိသွားတော့ ရင်ခွင်ထဲကကောင်လေးက တရှုံ့ရှုံ့နဲ့ ငိုနေခဲ့တာကိုမြင်သည်။

"ဘာလို့ငိုနေတာလဲ"

"မထင်ထားလို့ပေါ့ အခုလိုမျိုးမင်းကပြန်ဖက်လိမ့်မယ်လို့မထင်ထားခဲ့လို့
ဒါက ငါကိုမျက်ရည်ကျအောင်တောင်ပျော်ရွှင်သွားခဲ့တာ

ငါ့ကြောင့်မင်းစိတ်အနှောက်ယှက်ဖြစ်နေမှာကို ငါသိပါတယ်
မင်းကိုအနှောက်အယှက်မပေးချင်ပေမဲ့လည်း ငါမင်းဆီမရောက်ဖြစ်တဲ့အချိန်တွေမှာ မင်း တခြားတစ်ယောက်ယောက်ဆီရောက်သွားမှာကို ငါလက်မခံနိုင်ဘူး"

"မင်းတကယ်ကိုရူးနေပြီပဲ"

"ငါ Chanyeolကိုတကယ်ချစ်တာ"

Chanyeolဖက်ထားတာကို ပြန်ဖက်လာတဲ့Baekhyunလက်တွေကပိုတင်းကြပ်နေခဲ့သည်။

အချိန်တော်တော်ကြာဖက်ထားပေးခဲ့ပြီး လူနာကြည့်ချိန်ရောက်လာတာနဲ့ပဲဖက်ထားတာကိုအဆုံးသက်လိုက်ရသည်။
Baekhyunမကျေနပ်ပေမဲ့ အလုပ်ကအလုပ်မို့ လက်ခံပေးရသည်။
စိတ်မကောင်းဖြစ်ပြီးဝမ်းနည်းနေတာနဲ့ပဲ Chanyeolကိုယ်တိုင်ကားဆီလိုက်ပို့ပေးသေးသည်။

ညကျလာဖို့ခေါ်တော့ Chanyeolရဲ့မအားဘူးဆိုတာကြောင့် Baekhyunမှာလက်လျှော့လိုက်ရသည်။

ဝမ်းနည်းတာကသက်သက်.. ပျော်နေရတာကသက်သက်နဲ့ Baekhyunမှာခံစားချက်ပေါင်းစုံကာ သူငယ်ချင်းတွေစုမဲ့နေရာဆီလာနေတော့သည်။

အစောဆုံးရောက်နေမှာသိနေလည်း ပျော်ရွှင်နေတဲ့စိတ်အစုံကဝမ်းနည်းစိတ်ကိုဖုံးကာ တစ်ယောက်ထဲပီတိဝေဆာနေလေသည်။

Baekhyunရောက်တော့ Chenကိုတွေ့တာနဲ့ နာရီကိုပင်ပြန်ကြည့်ရသေးသည်။

"Chennie..!!"

"Baekhyuneeရောက်တောင်လာပြီလား.."

Baekhyunသူ့ကိုယ်သူစောမယ်ထင်ခဲ့ပေမဲ့ သူ့ထက်ပိုစောနေတဲ့ သူငယ်ချင်းတွေကိုမြင်တော့ နည်းနည်းအံ့ဩသွားသည်။

"အကုန်ရောက်နေကြပြီပဲ.. ငါကနောက်ကျနေတာပေါ့"

"ဟုတ်တယ်.. Hyungက Hyungရဲ့Doctorဆီဝင်နေတာမလား..  ကျွန်တော်တို့က စာမေးပွဲဖြေပြီးထဲကဒီကိုရောက်နေကြတာ"

Baekhyunသွားတန်းလေးတွေပေါ်အောင်ရယ်ပြလာကာ လွတ်နေတဲ့နေရာမှာဝင်ထိုင်လိုက်သည်။

"ခဏနေရင် ငါ့Studio Channelကနေ ငါ့သီချင်းတွေတင်လာလိမ့်မယ်
ငါအရမ်းစိတ်တွေလှုပ်ရှားနေတယ်သိလား
ငါဆိုထားတာကိုလက်ခံပေးကြပါ့မလား"

သူငယ်ချင်းသုံးယောက်လုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးထလာလိုက်ကာ Chenကိုဝိုင်းဖက်ထားလိုက်ကြသည်။

"မင်းလုပ်နိုင်တာငါတို့သိတယ်.. ပြီးတော့မင်းကိုအားပေးတဲ့သူတွေအများကြီးရလာလိမ့်မယ်
မင်းအောင်မြင်သွားတဲ့အခါ ငါတို့အတွက်မင်းရဲ့Fanထဲကောင်မလေးချောချောလေးတွေနဲ့မိတ်ဆက်ပေးဖို့မမေ့ပါနဲ့"

Taoရဲ့စကားကို အကုန်ရယ်နေပေမဲ့Chenမှာတော့မရယ်နိုင်..

သုံးယောက်သား Chenကိုကြည့်လိုက်တော့ တစ်ကယ်ကိုပူပန်နေပုံကအထင်းသားမို့ စနောက်ခြင်းမရှိကြဘဲ စိတ်လှုပ်ရှားစွာစောင့်နေကြသည်။

"‌တင်ပြီ..တင်ပြီ"

Sehunရဲ့အသံအဆုံး အကုန်လုံးအတူတူဖွင့်နားထောင်ကြ‌တော့..
အေးအေးလေးနဲ့ ညိမ့်ညိမ့်လေးသွားနေတဲ့Chenရဲ့အသံထဲ တဝိုးဝိုးနဲ့.. အံ့ဩတကြီးဖြစ်ကြရသည်။

"မင်းရဲ့အသံသေချာရဲ့လား တခြားတစ်ယောက်ယောက်ရဲ့သီချင်းနဲ့မှားနေတာများလား"

"ChenHyungရဲ့အသံမှန်လား..?? ဝိုး... ဝိုး... အဲ့လိုမျိုးအသံရှိခဲ့မယ်မထင်ဘူး"

"စာသားလေးတွေကတော့ရင်ထဲထိတယ် ဒါပေမဲ့Chennieရဲ့အသံလို့ ခံစားမရဘူးဖြစ်နေတယ်"

"မင်းတို့တွေ!!!"

သီချင်းစာသားကော..သီဆိုသံကောကအပြစ်ပြောဖွယ်မရှိ ပြေပြစ်ကောင်းမွန်နေတာကို အကုန်လုံးလက်ခံကြသည်။
ကောင်းကြောင်းလည်း အသိအမှတ်ပြုပေးကြသည်။
ဒါပေမဲ့ သူငယ်ချင်းတွေမို့စနောက်နေတဲ့အခါ ရင်ခုန်နေတဲ့Chenမှာ ရင်မခုန်နိုင်တော့ဘဲတစ်ယောက်တစ်ပေါက်ကြားထအော်တော့ အကုန်လုံးပြိုင်တူရယ်ကြသည်။

"Chennie မင်းတကယ်တော်တာပဲ.. အရမ်းနားထောင်လို့ကောင်းတယ်"

Baekhyunပြောလည်းပြော ရှေ့ကစားစရာကိုလည်းယူစားနေသည်။

"တကယ် အံ့ဩစရာကြီးနော်.. ငါတို့သူငယ်ချင်းက အရမ်းတော်တာပဲကွာ"

"ဟုတ်တယ် ဟုတ်တယ်ChenHyungကအရမ်းတော်တာပဲ.. ဘယ်လိုပြောရမလဲ ChenHyungနဲ့ပေါင်းခဲ့တဲ့တစ်လျှောက်လုံးဒီလိုကောင်းမွန်တဲ့အသံမျိုးကို ပထမဆုံးကြားဖူးတာပဲ"

"Ya!! Ya!!! Ya!!!! မင်းတို့သုံးကောင်များနေပြီနော် ငါ့ကို‌နောက်နေကြတာရပ်သင့်ပြီ"

Chenကိုဝိုင်းနောက်နေတာနဲ့ မနက်ဖြန်ခွဲခွာရမဲ့ကိစ္စကိုပင်မေ့လျော့နေသလို ပျော်နေကြသည်။
အားလုံးထဲအသံအစူးဆုံးဖြစ်တဲ့ Chenရဲ့အော်သံအောက်မှာ အကုန်လုံးကျရှုံးသွားတော့ တဟားဟားရယ်သံတွေနဲ့ Channelအောက်ကတက်လာတဲ့ Feedbackတွေကို အကုန်အတူတူလိုက်ဖတ်နေကြသည်။

"ဝိုး... ငါတို့Chennieလေးက ကြည့်စမ်းပါဦး ချက်ချင်းကိုအားပေးတဲ့သူတွေပေါ်လာတာပဲ.. ဘာပဲဖြစ်ဖြစ်ငါတို့၃ယောက်ကတော့ မင်းအသံဆိုးတွေလည်းမကြိုက်ဘဲနားထောင်ပေးခဲ့ရတာမို့ ငါတို့၃ယောက်က မင်းရဲ့ပထမဆုံးအားပေးသူတွေပဲ.. အဲ့တော့ ဒီညဝိုင်းကိုမင်းကပဲတာဝန်ယူလိုက်တော့"

Taoရဲ့စကားကို ကျန်၂ယောက်က ခေါင်းတညိပ်ညိပ်ထောက်ခံနေပေမဲ့ Chenကတော့ Feedbackတွေကို လိုက်ဖတ်နေသည်။

"Chennie..!!"

"နောက်မှပြော.. Feedbackတွေလိုက်ဖတ်ရတာ တကယ်ပျော်ဖို့ကောင်းတာပဲ"

Baekhyunမှာစူပုတ်သွားပြီး စားစရာတွေကို ပါးစပ်ထဲထိုးသိပ်နေလိုက်သည်။

"CHENNIE !! !!!"

"YA!!! ဘာလိုစွတ်အော်နေတာလဲ"

"ငါ့ကိုစောက်ဖတ်လုပ်စမ်းပါ.."

"အေးအေး လုပ်တယ်"

ပါးစပ်ကသာပြောနေတာ အကြည့်ကရောက်မလာတာနဲ့ Baekhyun ကျန်၂ယောက်ကိုမျက်စပစ်ပြတော့ ကျန်၂ယောက်ကခေါင်းညိပ်လာသည်။
သုံးယောက်သားChenလက်ထဲက ဖုန်းကိုဆွဲလုလိုက်တာနဲ့ Chenမှာထအော်တော့သည်။

"သီချင်းဆိုတဲ့အသံက မင်းအသံမဟုတ်ဘူးလို့ ငါတို့ပြောတာမှားလား နားအူသွားပြီ"

"ကောင်းတယ်.."

နားကိုပွတ်နေတဲ့Taoနဲ့ Chenကိုကြည့်ပြီး ကျန်၂ယောက်က စား‌လိုက်သောက်လိုက်နဲ့ရယ်နေသည်။

"ChenHyung နဲ့Baekhyunee Hyung ကျွန်တော်တို့သွားပြီးရင် လိုက်လာခဲ့နော်
ဒီကိုပြန်ရောက်ဖြစ် မရောက်ဖြစ်ကမသေချာပေမဲ့ ဟိုကိုလာရင်အမြဲအဆင်သင့်ပဲ"

သောက်တာနည်းနည်းများလာတာနဲ့ရီဝေဝေဖြစ်လာတဲ့Sehunရဲ့စကားကို Baekhyunကခေါင်းတညိပ်ညိပ်နဲ့‌နားထောင်နေသည်။
တစ်ယောက်ကပြော‌တစ်ယောက်ကနားထောင်ရင်း ရီဝေပြီး၂ယောက်သားအတိုင်အပေါက်ညီနေကြသည်။

"မင်းတို့၂ယောက်က ကောင်းနေပြီပဲ"

"ဟက်..ဟက်.. ကောင်းတယ်သောက်ကြည့်ငါတို့Chennieလေး"

Baekhyunထိုးပေးလာတဲ့ခွက်ကို Chenကယူသောက်လိုက်သည်။

တဖြေးဖြေးနဲ့ သောက်တာများလာကြပြီး အကုန်လုံးမူးလာကြသည်။

"Chennieမင်းရဲ့ သီချင်းတွေကိုငါသေချာနားထောင်ပေးမယ်
Baekhyun မင်းလည်းအရမ်းမဆိုးနဲ့နော် Chanyeolကိုချစ်တာချစ်တာပဲ ဦးနှောက်လည်းသုံးဦး"

"အဖေကြီးတွေကျနေတာပဲ.. မှာနေလိုက်တာများ"

Tao Baekhyunကိုမျက်စောင်ကြည့်လာတော့ Baekhyunကလျှာထုတ်ပြောင်ပြနေသည်။

"အဲ့တာကြောင့် Chanyeolကပြန်မချစ်တာ"

" Ya!!! Tao-Ya.. ငါနော်.. ဟင်းဟင်း.. သွားခါနီးမို့ စိတ်မဆိုးချင်တော့လို့နော်

ငါ့ချစ်ချစ်ကိုဘာမှပြောစရာမလိုဘူး

သူ့မှာချစ်ဖို့ငါပဲရှိတယ်
ငါကလွဲရင်ဘယ်သူ့ကိုမှမချစ်ရဘူး
သူ့အချစ်တွေအကုန် ငါ့.."

Sehun စကားများနေတဲ့ Baekhyunပါးစပ်ထဲ စားနေတဲ့အမဲသားကင်ကိုထိုးထည့်လိုက်တာနဲ့ ပြောနေတာရပ်သွားကာ နားအေးသွား‌သည်။

"မနက်ဖြန်နေ့ခင်းသွားမှာ လိုက်ပို့ကြနော် မထလာလို့ကတော့ တရုတ်လာရင်လေဆိပ်ကနေ ပြန်လွှတ်မယ်"

"မင်းကလေဆိပ်မှာSecurityလုပ်မလို့လား"

Baekhyunအပြောကို အကုန်လုံးကရယ်နေကြတော့ Sehunစူပုတ်သွားပြီး အရက်ကိုသောက်နေလိုက်သည်။

"နေဦး ငါသေးသွားပေါက်ဦးမယ်"

"လိုက်ခဲ့ရမလား"

"ရတယ်.. ငါ့ပါ့ငါသွားမယ်"

မူးတာချင်းအတူတူ အယိုင်ယိုင်ဖြစ်နေတဲ့ခြေထောက်တွေနဲ့ Baekhyunနောက်လိုက်ဖို့ပြင်နေတဲ့Taoကို Baekhyunကခေါ်မသွားဘဲ..တစ်ယောက်ထဲသွားနေရင်း သန့်စင်ခန်းအဝရောက်တော့ YiXingနဲ့တိုက်မိ‌ကြသည်။

"အာ.. အာ.. တောင်းပန်ပါတယ် "

Baekhyunခါးကိုင်းကာတောင်းပန်စကားဆိုနေပြီး YiXingမှန်းမသိ..
YiXingကတော့ Baekhyunမှန်းသိသည်။

"မင်းအတော်မူးနေပုံပဲ.. ဒီကိုဘယ်လိုရောက်နေတာလဲ"

"ဟင်... ငါ့ကိုသိလို့လား.. ငါတော့မင်းကိုမသိဘူးနော် ဟီးဟီး.."

Baekhyunမူးနေပြီးတဟီးဟီးလုပ်နေတော့ YiXingပြုံးသည်။

"Chanyeolကိုသိလား"

Baekhyun YiXingကိုသေချာကြည့်လာကာ..

"ငါ့အချစ်လေးကိုတော့ မသိဘဲနေမလား..ဒါနဲ့.. မင်းက ငါ့အချစ်လေးနာမည်ကိုဘာလို့ခေါ်နေတာလဲ"

မူးသာမူးနေတာ Chanyeolကိုတော့ သေသေချာချာသိနေသေးတဲ့ Baekhyunကြောင့် ပုခုံးကိုပုတ်ကာ ထွက်သွားဖို့လုပ်တော့ Baekhyunကဆွဲထားသည်။

"Chanyeolသူငယ်ချင်းမလား.. ဟုတ်တယ်.. ဟုတ်တယ်.. ငါမူးနေပေမဲ့ မင်းကို သေးသေးလေးမှတ်မိနေတယ်"

ပြောရင်းယိုင်သွားတဲ့Baekhyunကို YiXingထိန်းလိုက်ရသည်။

"မင်းတော်တော်မူးနေတာပဲ.. ပြန်ဖို့အဖော်ပါတယ်မလား"

"အဖော်..?? Chanyeolလား.. သူဒီမှာရောက်နေတယ်ပေါ့.. ဝါးး ဝါးး အချစ်လေးက ရောက်လာတာပဲ"

Baekhyunထင်ရာတွေပြောနေတာကို YiXingပြင်မနေတော့ဘဲ သန့်စင်ခန်းထဲပို့ပေးလိုက်သည်။

"ငါ့ကိုစောင့်ဦး.. ငါChanyeolဆီသွားချင်လို့"

YiXingမှာ Baekhyunပြောတဲ့အတိုင်းစောင့်နေပေးပြီး အမူးလေးကိုတွဲကာ သူတို့ဝိုင်းဆီခေါ်လာတော့သည်။

"ဟင်.. သူကဘယ်လိုပါလာတာလဲ"

"သန့်စင်ခန်းသွားရင်းတွေ့တာပဲJunရေ.. Chanyeolဆီခေါ်သွားပေးဆိုလို့ခေါ်လာလိုက်တာ"

"Chanကအပြင်မှာဖုန်းသွားပြောနေတယ်"

JongIn Chanyeolထွက်သွားတဲ့ဘက်ကို မေးငေါ့ပြောတော့ Baekhyunလိုက်သွားသည်။

"ဒီမှာနေလေ.. သူပြန်လာမှာပဲကို"

"အင်းပါ"

Baekhyun Chanyeolကိုထိုင်စောင့်ရင်းထပ်သောက်နေလိုက်ပြန်သည်။

"ပြန်တော့မယ်.. ခေါင်းထဲတော်တော်မူးနေပြီ အခန်းကြီးလည်နေသလိုပဲ ... ပြီးတော့ ငါ့အရှေ့မှာလူတွေအများကြီးဖြစ်နေပြီ
ငါဘယ်ပွဲထဲရောက်နေတာပါလိမ့်"

Baekhyunပြောပြီးယိုင်တိုင်တိုင်နဲ့ထရပ်လိုက်တော့ JunMyeonနဲ့YiXing Baekhyunကိုကြည့်ရင်းရယ်မိသည်။

"Chanyeolကားထဲမှာသွားစောင့်ခိုင်းပြီး သူ့ကိုလိုက်ပို့ခိုင်းလိုက်မယ်"

JunMyeonပြောတာကိုမသိလည်း Baekhyunခေါင်းညိပ်ကာ JunMyeonခေါ်ရာနောက်ကိုလိုက်လာခဲ့ပြီး ကားထဲမှာဝင်ထိုင်နေလိုက်သည်။

JunMyeonလည်း မူးနေတဲ့Baekhyunကိုထားခဲ့ကာ သူတို့ဝိုင်းဆီပြန်လာတော့ Chanyeolကဖုန်းပြောလို့မပြီးသေး။

"ထားခဲ့ပြီးပြီ.. Baekhyunကသူတစ်ယောက်ထဲလာတာတော့မဖြစ်နိုင်ဘူး သူ့သူငယ်ချင်းတွေ ပါလာလောက်မယ်"

JunMyeonစကားကို အကုန်လက်ခံကြပေမဲ့လည်း ထွေထွေထူးထူးဆက်ပြောမနေကြဘဲ JongInကိုသာ ဟိုရောက်ရင်အဆင်ပြေဖို့အတွက် လိုတာတွေကိုပြောနေလိုက်သည်။

"ငါပြန်မှဖြစ်တော့မယ်JongInရေ.. ငါ့တူလေးအပူတွေကြီးနေတာမကျဘူးဖြစ်နေလို့တဲ့ ငါသွားကြည့်ပေးရမယ်..
နောက်မှပဲ ပြောစရာရှိတာကိုလိုင်းပေါ်ကပြောတော့မယ်နော်
ဘိုင်း သွားပြီဟေ့"

"Chanyeol..ရေ မင်းကားထဲ.."

Chanyeolကားသော့ဆွဲကာ သုတ်သုတ် သုတ်သုတ်နဲ့ထွက်သွားတော့ သုံးယောက်လုံး Baekhyunကိုပြန်ပို့ပေးဖို့ အတွက်မပြောလိုက်ရဘူး။

"Baekhyunပါသွားတာသူသိမှာပါ"

YiXingပြောတာကို ကျန်၂ယောက်က ပုခုံးသာတွန့်ပြကာ မပြောတတ်ဘူးဆိုတဲ့ပုံ..

Chanyeolကားထဲရောက်တော့ အရက်နံ့စူးစူးရပေမဲ့ သူကိုယ်တိုင်ကပါသောက်ထားတာမို့ ကားတံခါးဖွင့်ထားလိုက်ပြီးပြင်ပလေကိုခံကာ ကားကိုသာဂရုတစိုက်မောင်းသွားတော့သည်။

TBc...

[Zawgyi 👇]











"Chanyeol-Oppa"



ဟော...



"Chanyeol!!!"




"Oppa.. Vier Oppaဆီလာတာ"



"ရှင်"




"Baekhyun!!"






သူအရင်လာစတာလေ

သူတောင်းပန်ရမှာကို

"ငါ့နောက်လိုက်ခဲ့"





"Chanyeol-Ya"


"Chanyeol."


"ဟမ်..??"







"Baekhyun မင်း!!"

"ချစ်တယ်"


"ဖယ်စမ်း"




"Chanyeol.."








"ဟင့်.."


"ငါပြန်တော့မယ်"


"ငိုတော့မလို့လား"

"ဟမ်.??"



"Chanyeolက.."




"ဘာလို့ငိုနေတာလဲ"











"Chennie..!!"











"‌တင်ပြီ..တင်ပြီ"





"မင်းတို့တွေ!!!"










"Chennie..!!"



"CHENNIE !! !!!"



"အေးအေး လုပ်တယ်"



"ကောင်းတယ်.."














သူ့အချစ်တွေအကုန် ငါ့.."






"လိုက်ခဲ့ရမလား"

"ရတယ်.. ငါ့ပါ့ငါသွားမယ်"


"အာ.. အာ.. တောင်းပန်ပါတယ် "





"Chanyeolကိုသိလား"
















"အင်းပါ"









ဘိုင်း သွားပြီဟေ့"

"Chanyeol..ရေ မင်းကားထဲ.."





TBc...

Continue Reading

You'll Also Like

50.2K 6.7K 26
၁၇ ​ယောက်​မြောက် crushကိုမ​တွေ့ခင် ​မောင် ကျွန်​တော့်ကို ချစ်သွားရင်​ကောင်းမယ် ! Fic cover by Windi_622
5.5M 485K 98
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
4.4K 225 22
Does the loveable master have a secret he's kept hidden from the ninja? Read to find out. Starts in Season 4 Cole x OC Jay x Nya Kay x Skylar Zane x...
162K 4.2K 18
Derek Morgan is one of the most popular guys in school who just happens to be in love with the school's 'nobody,' Spencer Reid. Can he finally just l...