ဋ္ဌာန၌ ရောက်နေကြပီ။..
"ငါတို့ရောက်ပီ...''
"လုပ်မှာ... .''
"သား....''
"ဟုတ်မေမေပြောလေ..''
...''ဗျာ..သူကဘယ်လိုသိတာလဲ ''...
"ဟုတ်ကဲ့...ဒါနဲ့...''
"အင်း စီစဉ်ပေးမယ် ... ''
"ဟုတ်ကဲ့...ဟုတ်ကဲ့..''
.......................................................
..'' အာကာက အဲ့လိုမျိုးလုပ်သွားတာ ငာမယုံနိုင်ဘူးဟယ်.. နင်မပြောနဲ့ငါတို့တောင်အဆက်သွယ်မလုပ်ဘူး..ဝေယံရဲ့''...
..''ငါပြန်တော့မယ်..''
မြန်ဆန်နေခဲ့သည်။
"အန်တီ....''
"အော်သားလား..''
"အန်တီ အာကာရော...''
"အာကာလား...''
"အာကာက...''
"အာကာက..အန်တီမသိဘူး..''
"ဗျာ...အန်တီပြောတာအဓိပ္ပါယ်မရှိဘူးနော်..''
"နောက်ဆုံးအချိန်....?''
ရိုက်ငိုနေ၍ စကားလုံးများပါးစပ်မှထွက်ကျမလာခဲ့။
"ဗျာ... ''
"အင်းဟုတ်တယ်တဂယ်ဖြစ်နေတာသားရဲ့''
" မင်းကိုယ့်ကို အဆက်သွယ်မလုပ်တော့တာ........ ဒါ့ကြောင့်ကိုး.. မင်းကိုယ့်ကိုမမှတ်မိတော့ရင်တောင်ကိုကအမြဲချစ်နေမှာပါ အာကာရယ်....ကိုမင်းရဲ့နောက်ဆုံးအချိန်ထိအတူရှိနေပေးသွားမယ်နော်...
Unicode
ဝင်းဝါနေသော နေလုံးကြီးရဲ့ရောင်ခြည်တွေအောက်မှာ.. လူတွေသွားလာလှုပ်ရှားနေသည်။အချို့က အလှဓာတ်ပုံရိုက်လို့ရိုက်၊ စုဝိုင်းပီးစကားပြောလို့
ပြော မျိုးစုံလှ၏။..ကျောင်းဝန်း၌ကားများတန်းစီရပ်ထားလျက်ရှိသည်။အဆင့်သင့်ဖြစ်နေသောကျောင်းသားများကလဲ ကျောင်းခန်းမ ဘွဲ့သဘင်အပ်နှင်း
ဋ္ဌာန၌ ရောက်နေကြပီ။..
" ဟဲ့ လပြည့် အာကာတို့မရောက်ကြသေးဘူးလားဟာ.. ဒီမှာပွဲစတော့မယ်...''
"နင်ကလဲစောနကပဲဖုန်းဆက်တယ်..လာနေပီတဲ့.. ''
တအောက်ကြာတော့ကျောင်းဝန်းအတွင်း ကားတစ်စီးထိုးရောက်လာသည်။ ထိုးရောက်လာသည်နှင့် ကာားပေါ်မှဆင်းလာသောလူသုံးယောက်။အာကာ့အမေ၊ အာကာ၊ ဝေယံတို့ဖြစ်ကြသည်။ အာကာအဖေကတော့ အာကာဒုတိယနှစ်ဝက်မှာ နှလုံးရောဂါနဲ့ဆုံးပါးသွားပီဖြစ်၍ ဘွဲ့ယူရာ၌ အာကာ့အတွက်အတူတူမယူနိုင်တော့လေသည်။
"ငါတို့ရောက်ပီ...''
"ဝေယံ နင်တို့ကလဲကြာလိုက်တာဟာ.. လာလာအထဲဝင်ကြရအောင်...''
ဘွဲ့သဘင်ခန်းမအတွင်းဝင်ကြသည်။နေရာကိုယ်စီထိုင်ကာ... ဘာသာရပ်အလိုက် ဘွဲ့နှင်းအပ်ကြသည်။
အားလုံးပီးစီးကြတော့ အာကာတို့အပြင်ထွက်လာကြသည်။....
"မနက်က Photographer နဲ့ရိုက်ပီးပီမဟုတ်လား..လာအခု ကို ပုံရိုက်ပေးမယ်..''
နေရောင်အောက်မှာ အာကာရဲ့အပြုံးက ပေါ်လွင်လှသည်။အနက်ရောင်ဘွဲ့ဝတ်စုံဝတ်ထားပေမဲ့ သူ့ရဲ့အသားရည်ကပေါ်လွင်မြဲပင်။တစ်ချက်တစ်ချက်နေရောင်ခြည်ထိုးသောကြောင့် မျက်စိကျိန်းတဲ့ပုံများပါ ပါသွားသည်။...
"ဒီမှာကြည့်.. အဲ့ပုံလေးမဖျက်တော့ဘူး.''
"ဟာ.. ရုပ်ဆိုးတယ် ...အဲ့ပုံဖျက် ...မျက်စိစုံမှိတ်ထားတာ. ကြည့်ပါအုန်း...''
"ဘွဲ့ယူရင်းအိပ်ငိုက်တာတို့ဘာတို့ပေါ့...''
"မပြောတော့ဘူး.. ကြိုက်သလိုလုပ်တော့..''
"လုပ်မှာ... .''
သူတို့နှစ်ယောက်တစ်နေလုံးအပြုံးများနဲ့ပင်။နေရာချိန်းချက်လုပ်ပီးပုံတော်တေ်ာများများရိုက်ခဲ့သည်။
အိမ်ပြန်ရောက်တော့..အာကာလဲရေမိုးချိုးအနားယူသည်။သူဝေယံနဲ့တစ်နေတာလုံးအတူရှိနေခဲ့တာကိုစဉ်းစားပီး ပြုံးမိလေသည်။
"အင်းကိုဝေယံရယ်.. ကိုဝေယံနဲ့ မခွဲချင်ဘူး...
ဘာလို့မှကျွန်တော့်ကျမှ ကံတရားကအဲ့လောက်ရက်စက်ရတာလဲဟင်။''...
သူ့ပါးစပ်က ရေရွတ်နေမိသည်။
"သား....''
"ဟုတ်မေမေပြောလေ..''
"သားဦးလေးလဲ သားရောဂါအကြောင်းသိသွားပီ''
...''ဗျာ..သူကဘယ်လိုသိတာလဲ ''...
" သူ ့ကလေးသွေးလွန်တုပ်ကွေးဖြစ်တော့ အရေးပေါ်ဆေးရုံတင်ရတယ်လေ။ အဲ့မှာ အမေတို့ဆရာဝန်နဲ့တွေ့တော့ ဆရာဝန်ကအမေတို့နဲ့အမျိူးတော်မှန်းသိတော့ပြောပြမိလိုက်တယ်။သူအခုစိတ်မကောင်းဖြစ်နေတယ်လေ။
အမေ့ကိုလဲ သူ့ကိုမပြောလို့ဆိုပီးစိတ်ဆိုးနေတယ်....''
" အင်းပါ.. သူ့ကိုတော့သားပြောထားလိုက်မယ်..
နောက်ပီးသားသူငယ်ချင်းတွေကိုမပြောနဲ့ဆိုပီးမှာထားလိုက်မယ်..''
"အင်းဖုန်းလာရင် ....သားအဆင်ပြေသလိုပြောလိုက်နော်..''
တအောက်ကြာတော့ဖုန်းလာခဲ့သည်။ဦးလေးဖုန်းဖြစ်၍ရောဂာအကြောင်းကိုသူငယ်ချင်းတွေအားမပြောမိစေရန် စကားပြောခဲ့ကြသည်။ ဦးလေးက
အာကာ့အတွက်တော်တော်စိတ်မကောင်းဖြစ်နေသည်။ဒါပေမဲ့ ဘာမှလုပ်ပေးလို့မရနိုင်တဲ့အခြေနေပါလေ။အာကာကတော့ဘသူ့မှမပြောဖို့မှာထားသည်။..
"တူလေး. မပြောပါဘူးကွာ..စိတ်ချပါ..''
"ဟုတ်ကဲ့...ဒါနဲ့...''
"ပြောလေ တူလေးဘာပြောမလို့လဲ...''
အာကာက ပြောစရာရှိတာပြောချလိုက်သည်။
"အင်း စီစဉ်ပေးမယ် ... ''
"ဟုတ်ကဲ့...ဟုတ်ကဲ့..''
.......................................................
အချိန်တွေတောင်ကြာလာခဲ့ပေသည်။ပီးခဲ့တဲ့ရက်တွေအတွင်းအာကာနေမကောင်းဖြစ်လိုက်၊ပြန်ကောင်းလိုက်ဖြစ်နေခဲ့သည်။အခုလဲ ဝေယံကိုမဆက်သွယ်တော့တာ လနဲ့ချီကြာခဲ့ပီဖြစ်ပေသည်။
ဝေယံက အိမ်အထိလိုက်လာတော့ သော့ပိတ်ထား၏။ ဘေးအိမ်နီးနားချင်း ခြံကလဲခရီးထွက်သွားသည်ဟုသာပြောသည်။
...'' အာကာ မင်းခရီးထွက်သွားတာကလဲကြာလှပီ။ မင်းပြန်မလာသေးဘူးလား..မင်းကိုယ့် ကိုလဲ ဖုန်းအဆက်သွယ်ဖြတ်ထားတယ် မငး်ကိုယ့်ကိုထားခဲ့တာလား။ မင်းဘာဖြစ်နေတာလဲအာကာရယ်။...''
ဝေယံတယောက်အတွေးပေါင်းများစွာနဲ့.....အာကာသူ့ကိုလှမ်းငုံ့ကြည်နေကျ ပြတင်းပေါက်လေးဆီသို့
မော့ကြည့်ရင်းရေရွတ်ပြောနေမိသည်။သူ့မျက်ဝန်းကလဲ မျက်ရည်စများနဲ့ပင်။သူ့ရင်ဘတ်မှာလဲ ပြောပြမတတ်နိုင်လောက်အောင်ကျပ်တည်းနေသည်။သူပီးခဲ့တဲ့လတွေကလဲ သောကများနဲ့ပင်။ အာကာရဲ့....
မထင်မှတ်ဘဲလုပ်သွားသောလုပ်ရပ်ကြောင့်သူ့အတွက်က တော်တော်ခံစားရခက်လှပေသည်။သူငယ်ချင်းတွေကလဲ အာကာ့ရဲ့လုပ်ရပ်ကြောင့် အကုန်လုံးခံပြင်းနေသည်။
..'' အာကာက အဲ့လိုမိျူးလုပ်သွားတာ ငာမယုံနိုင်ဘူးဟယ်.. နင်မပြောနဲ့ငါတို့တောင်အဆက်သွယ်မလုပ်ဘူး..ဝေယံရဲ့''...
"မသိတော့ဘူး သီရိရယ်.. ငါအာကာ့ကိုအရမ်းတွေ့ချင်နေပီ။သူ့ငါ့ကိုထားသွားပီထင်တယ်။''...
"ဘာမှဖြစ်မနေနဲ့ ခရီးသွားတာဆိုတော့ ပြန်လာမှာပါဟာ...''
သီရိရဲ့အားပေးစကားကို မကြား။ သူရဲ့အာကာ့ကို..
တွေ့ချင်စိတ်ကသောကနဲ့ပင်။
..''ငါပြန်တော့မယ်..''
"သူ့ရဲ့ခြေလှမ်းတွေက သူ့အိမ်ဆီသို့ဦးတည်ခဲ့ပေမဲ့..
စိတ်ကတော့အာကာ့ဆီမှာပင်။သူရဲ့ခြေလှမ်းများခနတုံ့ဆိုင်းသွားသည်။..
" ...ငါအာကာ့အိမ်သွားကြည့်အုန်းမယ်..''
သူရဲ့ခြေလှမ်းတွေက အာကာ့အိမ်ဘက်သို့ပြန်လှည့်သွားသည်။အာကာ့ရဲ့အိမ်ရှေ့ရောက်တော့ အထုပ်ပိုးတွေနဲ့အာကာ့အမေကိုသူတွေ့လိုက်ရတော့
မထင်မှတ်ဘဲသူ့ရဲခြေလှမ်းတွေပင်
မြန်ဆန်နေခဲ့သည်။
"အန်တီ....''
"အော်သားလား..''
"အန်တီ အာကာရော...''
တွေ့သည်နှင့် အာကာ့ကိုဦးဆုံးမေးမိ၏။
"အာကာလား...''
"ဟုတ်တယ်အန်တီ အာကာဘယ်မှာလဲ..''
"အာကာက...''
အာကာ့မေမေရဲ့ပါးစပ်ကိုသူစိုက်ကြည့်နေခဲ့၏။
သူ့အတွက်ဒီအချိန်ကအာကာကအရေးကြီးဆုံးဖြစ်သည်မဟုတ်ပါလား။...
"အာကာက..အန်တီမသိဘူး..''
"ဗျာ...အန်တီပြောတာအဓိပါ္ပယ်မရှိဘူးနော်..''
"ဟုတ်တယ်. အန်တီကအလုပ်နဲ့သွားတာ သူကတယောက်တည်းခရီးသွားတာ....''
..''ဒါမဲ့အန်တီတို့အတူတူထွက်သွားတယ်လို့ ဘေးခြံကပြောတယ်..အန်တီရယ်မလိမ်ပါနဲ့နော်.........
ကျွန်တော်သေတော့မယ်ဗျာ အာကာ့ကကျွန်တော့်ကိုအဆက်သွယ်မလုပ်တာကြာပီ.... အန်တီခရီးထွက်တာတယောက်တည်းမဟုတ်ဘူးအာကာပါတယ်မလား..အခုအာကာဘာလို့ပြန်မပါလာတာလဲ ...''
"သားစိတ်လျှော့ စိတ်လျှော့...''
..'' အန်တီပြောပြပေးပါဗျာ ကျွန်တော်သိချင်နေပီ။.
အာကာဘာကိစ္စနဲ့ကျန်နေခဲ့ရတာလဲ ပီးတော့ကျွန်တော်ရောသူ့သူငယ်ချင်းတွေရော ဘာလို့အဆက်သွယ်မလုပ်ရတာလဲ...''
"လာလာ သားအပြင်ကြီးမှာပြောလို့မကောင်းဘူး.. အိမ်ထဲဝင်ကြစို့...''
ဝေယံအားဆွဲခေါ်လာခဲ့သည်။ဧည့်ခန်းမှာထိုင်လိုက်ကြပီး။
"သားကသိချင်မှတော့ အန်တီပြောပြရတော့မှာပေါ့...''
အာကာ့အမေက သက်ပြင်းခပ်ညင်းစွာ ချပီးစကားစပြောရန်ပြင်လိုက်သည်။..
"သားကိုမပြောဖို့ အန်တီကို မှာထားပေမဲ့... အန်တီ
အရမ်းချုပ်တည်းထားရတယ်ကွယ်.. ဘယ်မိဘကမှ ဒီလိုအဖြစ်ခံချင်ပါ့မလဲ... အန်တီအရမ်းစိတ်မကောင်းဖြစ်ရတယ်သားရယ်..''
အာကာ့မေမေ ပြောဆိုရင်းနဲ့မျက်ရည်ပေါက်များကျဆင်းခဲ့လေသည်။
"အန်တီဘာလို့ငိုနေတာလဲ...''
"အာကာက ဘသူ့နဲ့မှလဲမတွေ့ချင်တော့ဘူးလို့ပြောတယ်... သူလွတ်လွတ်လပ်လပ်နေချင်တယ်တဲ့...
သူရဲ့နောက်ဆုံးချိန်မှာ ဘသူ့မှကိုသူ့အတွက်နဲ့မခံစားစေချင်လို့တဲ့... ''
"နောက်ဆုံးအချိန်....?''
ဝေယံကမေးလိုက်၍ အာကာ့အမေ က စိတ်ပိုမကောင်းဖြစ်သွားပုံရသည်။သူပြောချင်ပေမဲ့လဲ..
ရိူက်ငိုနေ၍ စကားလုံးများပါးစပ်မှထွက်ကျမလာခဲ့။
"ဟုတ်တယ်.. အန်တီသားမှာ ဦးနှောက်ကင်ဆာဖြစ်နေတာ နောက်ဆုံးအဆင့်ဖြစ်နေပီ သူရဲ့အချိန်ကအခုနဲ့ဆို ၂လပဲကျန်တော့တယ်။''
"ဗျာ... ''
ဝေယံရဲ့မျက်လုံးများကြောင်တောင်တောင်နဲ့ပင်။
ဇောချွေးတွေကလဲစိုရွဲလို့ပင်။သူ့ရဲ့စိတ်တွေကထိန်းမရအောင်ဖြစ်နေခဲ့သည်။
"အန်တီပြောတာဟုတ်ရဲ့လား မနောက်နဲ့နော်..''
ငိုသံပါပါအသံနဲ့ အာကာ့အမေအားပြောမေးနေခဲ့သသည်။
"အငး်ဟုတ်တယ်တဂယ်ဖြစ်နေတာသားရဲ့''
ပြောဆိုနေရင်း ဆေးရုံအဖြေ စာရွက်စာတမ်းတွေ ကိုထုတ်ပြလိုက်သည်။ဝေယံက ကမှန်းကတမ်းထုတ်ကြည့်သည်။ မှန်ပါသည်။အာကာ့အမေ တဂယ်လိမ်မပြော။ သူအမှန်တရားကိုအခုသိလိုက်ရသည်။
အာကာ့အမေက စကားဆက်ပြောသည်။
...''အခုလဲသူအန်တီ့ကိုမသိတော့ဘူး.. ဘသူ့မှလဲမသိတော့ဘူး...သူရဲ့မှတ်ညဏ်တွေကအခုဆိုဘာမှမှတ်မိတော့ဘူး၊ အရောင်တွေတောင်မခွဲခြားတတ်တော့ဘူးသားရဲ့...''
အာကာ့အမေက ငိုရင်းနဲ့ပြော၏။
"ကျွန်တော်သူ့ကိုတွေ့ချင်တယ်..အန်တီ..
သူရှိတဲ့နေရာပြောပြပေးပါလား..''
"သားရယ်.. သူ့မှဘသူ့မှမမှတ်မိတော့တာ သားသွားနေလဲမထူးဘူး. သားပဲစိတ်ဆင်းရဲရမှာ..''
"ဘာပဲဖြစ်ဖြစ်ဗျာ..ကျွန်တော်တွေ့မှာပဲ..ပီးရက်တဲ့လတွေကကျွန်တော်အရမ်းတွေ့ချင်လွန်းလို့အန်တီတို့အိမ်ရှေ့မှာနေ့တိုင်းလာစောင့်နေတာ...ပီးတော့သူ့ရဲ့နောက်ဆုံးအချိန်မှာကျွန်တော်တို့အားလုံးရှိနေသင့်တယ်လေဗျာ..''
"အင်းပါဟုတ်ပါပီအန်တီနားလည်ပါတယ်ကွယ.်..
အခုလဲမိုးချုပ်နေပီဆိုတော့မနက်မှသွားတော့...''
"အန်တီကျေးဇူးပါ ကျွန်တော်မနက်ဖြန်သွားတွေ့လိုက်ပါ့မယ်''
ဝေယံအာကာ့အမေကို နှုတ်ဆက်ကာ ထ ထွက်လာခဲ့ပေတော့သည်။..
ဝေယံရဲ့ အိမ်အပြန်လမ်းမှာ သူ့ရဲ့ခြေလှမ်းတွေကလေးကွေးနေခဲ့သည်။အမှတ်မထင်မိုးစက်ပေါက်များကကျလာခဲ့ပီးနောက်ပိုင်သည်းသည်ထက်သည်းလာပေသည်။သူ့ရဲ့မျက်ရည်တွေမိုးရေတွေနဲ့အတူရောယှက်နေလို့ပင်။သူ့ရဲ့မိုးစက်တွေစိုနေတဲ့ပါးစပ်ဖျားမှစကားလေးတခွန်းညီးတွားထွက်လာခဲ့ပေသည်။...
" မင်းကိုယ့်ကို အဆက်သွယ်မလုပ်တော့တာ........ ဒါ့ကြောင့်ကိုး.. မင်းကိုယ့်ကိုမမှတ်မိတော့ရင်တောင်ကိုကအမြဲချစ်နေမှာပါ အာကာရယ်....ကိုမငး်ရဲ့နောက်ဆုံးအချိန်ထိအတူရှိနေပေးသွားမယ်နော်...
မနက်ဖြန်မင်းဆီကျိန်းသေလာခဲ့မယ်..အာကာ..''
သည်ကနေ့ ညက မိုးမှာ တော်တော်မတိတ်သေး။ရွာလို့ကောင်းတုန်းပင်။သူအရမ်းချစ်ရတဲ့အာကာ့ဆီမှာရောဂာဆိုးကြီးရှိနေတာသိလိုက်ရတော့သူတော်တော်စိတ်ထိခိုက်ခဲ့ရသည်။...
ကံတရားက သူတို့နှစ်ယောက်အပေါ် ရက်စက်မြဲပင်။ဝေယံရဲ့မျက်ရည်များတော်တော်နဲ့မတိတ်ခဲ့။မိုးရွာတာကိုပင်မသိရလောက်အောင်စိတ်တွေပျံ့လွင့်နေခဲ့ပေတော့သည်။....
"ကိုတို့တွေ ဒီဘဝမှာအချိန်တွေကြာအောင်မနေခဲ့ရ
ပေမဲ့ ကိုမင်းရဲ့နောင်ဘဝတွေတိုင်းမှာ မင်းရဲ့ချစ်ရတဲ့သူအဖြစ်နေချင်တယ် အာကာရယ်...''
သည်နေ့ည သည်းထန်စွာရွာတဲ့မိုးစက်မိုးပေါက်တွေကြားထဲမှ သူ့ရဲ့အာကာ့အပေါ် ပြောချင်တဲ့စကားကတော့ ခပ်တိုးညင်းစွာ ပေါ်ထွက်တော့လေသည်။