နာရီဝက်မျှလောက်သာမကြာ မောင်း လာခဲ့ပြီး . Capital .. သို့ ရောက်ပြီဖြစ်၏။..
ကားပါကင် ရှိရာ နေရာကို ဆိုက် ထိုးပီး... သားအမိနှစ်ယောက်လုံး အထဲ သို့ ဝင်ခဲ့လေသည်။..သားအပြန်ကျမှ.. မုန့်ဝင်စားမယ်လေ.. အခု လိုအပ်တာ သွားဝယ် ကြမယ်...
..သားအမိနှစ်ယောက်လုံး လိုအပ်တာတွေ ဝယ်ဖို့ ပစ္စည်း အစုံတန်း များဆီ သို့ ခြေဦး လှည့်ခဲ့သည်။..
ဝယ်ပြီး... ကောင်တာ သို့ ဆက်လျှောက်ခဲ့သည်။..... အမေ.. သား.. အိမ်ရောက်ရင် စားဖို့်.. ခေါက်ဆွဲဘူးသွားဝယ် အုန်းမယ်..
..အေးအေး... သား .. နောက်ပြီးကောင်တာလိုက်ခဲ့...
ဝေယံ ခေါက်ဆွဲ ဘူး အစရှိသဖြင့် အစားစာတန်း သို့ လျှောက်ခဲ့၏။...ကြိုက်သော..ခေါက်ဆွဲ ဘူးတွေ ကို ဆွဲ ယူ ရင်း.. ကောင်တာ ဆီ ထွက်ဖို့ခြေလှမ်းပြင်ခဲ့သည်။....
.. ထိုအချိန်..တစုံတယောက်က သူ့ခန္ဓာကိုယ်အပေါ် ကို ယိုင်ကျလာ၏။.. ရုတ်တရက်မို့ သူ.. အောက်ကနေ လက်ခံပေးလိုက်သည်။...
.. ဆော်ရီး. နော်.. ကိုရီး
. ရှက်ရှက်နဲ့တောင်းပန်လိုက်သောသူက ကောင်မလေးတယောက် ပင်ဖြစ်၏။.. အသားလေးက ပုလဲလေးလို ဖွေးဥပြီး.. ပါးဖောင်းဖောင်းလေးနဲ့.. ရွဲလဲ့သော မျက်လုံး ပိုင်ရှင်လေးသာဖြစ်သည်။.... ရပါတယ် ညီမ..ဘာဖြစ်သွားသေးလဲ..
..ဘာမှမဖြစ်ပါဘူး .. ကျေးဇူးပဲနော်..သွားလိုက်အုန်းမယ်..
..ခပ်သွက်သွက် ခြေလှမ်း များနဲ့ သူ့ကိုကျောခိုင်းပြီး ခပ်မြန်မြန်လေးထွက်သွား၏။...
.. ဝေယံကတော့ ကောင်တာ ဘက်သို့သာခြေဦး လှည့်ခဲ့ပြီး သားအမိနှစ်ယောက်.. မုန့်ဆိုင်သို့ ဝင်ခဲ့၏။..
..လာချပေးထားသော ကော်ဖီခွက်နဲ့..... မုန့်ကို စားရင်း..စောနက ကောင်မလေး အကြောင်း ကို သူ တွေးမိ၏။..
YOU ARE READING
အချစ်စစ်သည်သာ
Romance💛💛 ဘယ်လာက်ပဲသူ့အတွက်ခါးသီးပီးပေးဆပ်ရပါစေ.. အာကာ တယောက်ကတော့ ... သူချစ်ရတဲ့ သူကို.. အချစ်စစ်နဲ့ ဖြည့်ဆည်းပေးဆပ်မှာပါ 💛💛