Love Me Like The Way [Complet...

call_me_Tylor

926K 85.1K 2.9K

Do you love me like the way I love you baby ? Еще

Love Me Like The Way
Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Final
Wedding Day
100K 🎉🎉🎉
Extra-Marriage Life (1)
Extra-Marriage Life (2)
Extra-Marriage Life (3)
Extra-Marriage Life (4)
Extra-Marriage Life (5)
Extra-Marriage Life (6)
Extra-Marriage Life (7)
Extra-Marriage Life (8)
Extra-Marriage Life (9)
Extra-Marriage Life (10)
Extra-Marriage Life (11)
Extra-Marriage Life (12)
Extra-Marriage Life (Final)
အစ္ကိုေကာင္းျမတ္ဟိန္းနဲ႔ အီယြန္းေလး / အစ်ကိုကောင်းမြတ်ဟိန်းနဲ့ အီယွန်းလေး

Part 17

18.2K 1.9K 62
call_me_Tylor

[Zawgyi]

ခ်စ္ျခင္းေမတၲာဆိုတာ လွပပါတယ္။ အဲ့သလိုပါပဲ။ ထပ္တူက်သြားတဲ့ ခ်စ္ေမတၲာေတြကလည္း ပိုလို႔ေတာင္လွပါတယ္။

ဂုတ္ထိပ္ေအာက္ထဲကေန ေျခေထာက္ဒဏ္ရာေၾကာင့္ အေပၚျပန္မတက္ႏိုင္ေတာ့တဲ့ စစ္မင္းကို နယ္ျခားေစာင့္တပ္က တပ္သားေတြကကူညီၿပီး pulley ဓာတ္ေလွကားျဖင့္အေပၚကို တင္ေပးခဲ့သည္။ ဂုတ္ထိပ္တံတားဆီကေန ကားရပ္ထားခဲ့သည့္ေနရာက ေတာ္ေတာ္ေဝးေနတာေၾကာင့္ ကိုစိုင္းမိုးနဲ႔ ကိုစိုင္းခမ္းတို႔က ေထာ္လာဂ်ီနဲ႔ ကားရပ္ထားခဲ့ရာေနရာကို ျပန္လိုက္ပို႔ခဲ့ၾကေသးသည္။

ျပန္ရေတာ့မွာမလို႔ ကိုစိုင္းမိုးနဲ႔ ကိုစိုင္းခမ္းက မ်က္ႏွာမေကာင္းစြာနဲ႔ သတိရေနၾကမွာလို႔ ေျပာေနလိုက္ေသးသည္။ တစ္ရက္တာေလာက္ ဆံုခဲ့ရေပမယ့္ ခက္ခဲၾကမ္းတမ္းတဲ့ ခရီးလမ္းေၾကာင္းတစ္ေလ်ွာက္ အတူျဖတ္ေက်ာ္ခဲ့ရသည္မလို႔ အမွတ္တရေတြက မ်ားစြာရိွေနသည္။ ေနာင္ခ်ိဳကေန ျပင္ဦးလြင္ကိုျပန္လာေတာ့ ဒဏ္ရာရထားသၫ့္ စစ္မင္းေျခေထာက္က သက္သာေနၿပီျဖစ္ေပမယ့္ နာေနေသးတာမလို႔ ခပ္ေျဖးေျဖးသာေမာင္းၿပီး ျပန္လာခဲ့ၾကသည္။ မနက္စာကေတာ့ ကိုစိုင္းမိုးနဲ႔ ကိုစိုင္းခမ္းတို႔ ထုပ္လာေပးတဲ့ ေကာက္ၫွင္းေပါင္းပူပူနဲ႔ တို႔ဟူးေၾကာ္ ႂကြပ္ႂကြပ္ရြရြေလးကို စားခဲ့ၾကသည္။

" ကြၽန္ေတာ့္ကို ဘာလို႔ အဲ့ေလာက္စိုက္ၾကၫ့္ေနတာလဲ Daniel "

" ခ်စ္လို႔ ~ ကိုယ့္ baby ကို အရမ္းခ်စ္လို႔ ... ကိုယ္တကယ္မယံုေသးဘူးသိလား ... အခုလိုေလးေလ ကိုယ့္ baby ရဲ့ လက္ေလးကို ကိုင္ထားခြင့္ရတာ ... ရႊတ္ "

ဆုပ္ကိုင္ထားသၫ့္ စစ္မင္းရဲ့လက္တစ္ဖက္ကို Daniel က ဆြဲယူကာ ႏွာေခ်ာင္းခြၽန္ခြၽန္ေလးနဲ႔ ရႊတ္ခနဲ နမ္းလိုက္တဲ့ အျပဳအမူေလးေၾကာင့္ ကားေမာင္းေနသၫ့္ စစ္မင္းရဲ့ မ်က္ႏွာက ရဲသြားသည္။ ဒီကျပားေလးက စကားမတတ္လို႔သာ။ ပံုစံအမ်ိဳးမ်ိဳးနဲ႔ ရင္ခုန္ေအာင္လုပ္ေနေတာ့တာပဲ။

" ဗိုက္ဆာေနေသးလား Daniel ... ၿမိဳ႔တြင္းေဈးမွာေတာ့ ရွမ္းေခါက္ဆြဲဆိုင္ေတြ ရိွမယ္ထင္တယ္ "

" ဟင့္အင္း ... ခုနက လမ္းျပအစ္ကိုေတြ ေပးတဲ့ ေကာက္ၫွင္းေပါင္းနဲ႔တင္ ဗိုက္ျပၫ့္ေနၿပီ ... baby ထပ္စားခ်င္ရင္ စားၾကမယ္ေလ "

" ေတာ္ပါၿပီ ... ကြၽန္ေတာ္က Daniel ဆာေနမလားလို႔ပါ "

" အဟြန္း baby ... မေန့က ကိုယ့္ကိုေခၚတာ Dany ဆို ... အဲ့လိုေခၚပါလား ကိုယ္သေဘာက်တယ္ ... ကိုယ့္ကို ဘယ္သူမွ အဲ့လိုမေခၚဖူးဘူး "

Dany ဆိုတဲ့ နာမ္စားေလးက စစ္မင္းအတြက္ အျမတ္တႏိုးေခၚခ်င္တဲ့ နာမ္စားေလးျဖစ္သည္။ ဒီလိုနာမ္စားေလးတစ္ခုကို ေတြးမိတာနဲ႔တင္ ၾကည္ႏူးမိတာက ဒီလူသားအေပၚ ေပ်ာ္ဝင္မႈအတိုင္းအတာမွာ ႏိႈင္းဆမရ။ စိတ္လိုလက္ရ ေခၚလိုက္တဲ့ Dany ဆိုတဲ့ နာမ္စားေလးက ျမတ္ႏိုးစရာေကာင္းပါသည္။

" ကိုယ့္ baby လက္ကေလးေတြက ဘာလို႔အဲ့ေလာက္ေသးေနရတာလဲ "

" ဟင္ ... "

" ၾကၫ့္ဦးေလ ... ကိုယ့္လက္ထဲမွာ baby လက္ကေလးေတြက ေသးေသးေလး ... ကိုယ္က ကိုင္ထားလိုက္ရင္ လက္ကေလးေတြက ေပ်ာက္သြားေရာေလ " 

စစ္မင္းရဲ့လက္တစ္ဖက္ကို လွန္လိုလွန္၊ ေမွာက္လိုေမွာက္လုပ္ေနတဲ့ Daniel က သေဘာတက်နဲ႔ လက္ဖဝါးႀကီးႀကီး‌ေတြၾကားမွာ ေထြးဆုပ္ထားျပန္သည္။ ပံုမွန္ဆို စစ္မင္းက ခႏၶာကိုယ္အစိတ္အပိုင္းေတြ ေသးေကြးေနတာမ်ိူးမဟုတ္ေပမယ့္ ဒီကေလးနဲ႔မွ ပိစိေကြးလို ျဖစ္ေနေတာ့တာပဲ။

" အိပ္ခ်င္ေနရင္ အိပ္ေလ Dany ... ညကလည္း ကြၽန္ေတာ္ အိပ္သြားၿပီး ေတာ္ေတာ္ေနာက္က်တဲ့ အခ်ိန္က်မွ အိပ္တာမလား ... မအိပ္ခ်င္ရင္ေတာင္ မိွန္းေနေလ "

"ဟင့္အင္း ... ျပန္ေရာက္မွ အိပ္လို႔ရတာပဲကို ... အခုက baby ကိုပဲ ၾကၫ့္ခ်င္တာ "

ေျပာျပန္ၿပီဆိုတဲ့ အဓိပၸာယ္ရတဲ့ မ်က္ေစာင္းတစ္‌ခ်က္ထိုးလိုက္ေတာ့ မ်က္စိတစ္ဖက္ မိွတ္ျပလာတဲ့ Daniel ေၾကာင့္ စစ္မင္းမွာ ရင္ခုန္ရျပန္သည္။ ကားေပၚမွာ အိပ္ဆိုေတာ့လည္းမအိပ္ပဲ စကားနားမေထာင္တာေၾကာင့္ ဆက္ေျပာမေနေတာ့ပဲ လႊတ္ထားေပးလိုက္ေတာ့သည္။ လက္တစ္ဖက္ထဲနဲ႔ ကားေမာင္းရတာ အဆင္မေျပေပမယ့္ ေျဖးေျဖးခ်င္းေမာင္းေနတာေၾကာင့္ သိပ္ေတာ့မခက္ခဲလွေပ။ ကားေမာင္းေနတာမလို႔ ေဘးမွာထိာင္ေနတဲ့ Daniel ကလည္း အလိုက္တသိနဲ႔ စကားမမ်ားပဲ ၿငိမ္ေနေပးသည္။

အခ်ိန္အေတာ္ၾကာေလာက္ ကားေမာင္းၿပီး ျပင္ဦးလြင္ဂိတ္ အဝင္နားေရာက္ေတာ့ Daniel က ၿငိမ္ေနလို႔ လွၫ့္ၾကၫ့္လိုက္ေတာ့ စစ္မင္းဘက္ကို ေဘးတေစာင္းေလးလွၫ့္ကာ ကားကူရွင္ကိုမွီၿပီး အသက္ရႉသံ မွန္မွန္နဲ႔ အိပ္ေပ်ာ္ေနသည္။ ေဘးတေစာင္း အိပ္ေပ်ာ္ေနတာေၾကာင့္ အနက္ေရာင္လိႈင္းတြန႔္ ဆံပင္ေလးေတြကလည္း နဖူးျပင္ေလးေပၚ ခပ္ပြပြေလး ဝဲက်ေနသည္။ တိုးဂိတ္မွာ တန္းစီေနရတာေၾကာင့္ အိပ္ေပ်ာ္ေနတဲ့ လူသားငယ္ေလးကို ၿပံဳးၿပံဳးေလး ထိုင္ၾကၫ့္ေနရင္း ကိုင္ထားတဲ့လက္ကေလးကို စစ္မင္း အသာဆြဲျဖဳတ္ကာ နဖူးေပၚကဆံပင္ေလးေတြကို သပ္တင္ေပးလိုက္သည္။

သပ္တင္ေပးၿပီးတာေတာင္ Daniel ရဲ့ ဆံစေတြကို ပြတ္သပ္ေနမိတုန္း။ သိပ္ကိုသေဘာက်ရတာေၾကာင့္ ေခြးေပါက္ကေလးကို ပြတ္သပ္သလို အသည္းတယားယားနဲ႔ ခပ္ဖြဖြပြတ္သပ္ေနမိတာကို ပင္ပန္းၿပီး အိပ္ေမာက်ေနရွာတဲ့ လူသားငယ္က မသိေပ။ ဆံႏြယ္ေလးေတြေပၚကေန စစ္မင္းလက္ကို ရုတ္သိမ္းခါနီး အၿပံဳးမရယ္ေသးတာေၾကာင့္ ခပ္ေရးေရးေလးေပၚေနတဲ့ ဘယ္ဘက္ပါးျပင္ကပါးခ်ိဳင့္ေလးကို လက္ၫွိုးေလးနဲ႔ ဖြဖြေလး တို႔ထိခဲ့လိုက္ေသးသည္။ ၿပီးကာမွ Daniel ရဲ့ လက္ကေလးကို ျပန္ဆုပ္ကိုင္ရင္း တိုးဂိတ္ကိုျဖတ္ကာ ၿမိဳ႔ထဲကို ကားဆက္ေမာင္းခဲ့ေတာ့သည္။

ၿမိဳ႔ထဲကို ဝင္ဝင္ခ်င္းမွာ မဟာအံ့ထူးကံသာဘုရားကို စစ္မင္း ဖူးေတြ့ရတာေၾကာင့္ Daniel ကို ႏိႈးၿပီး ဖူးခိုင္းဖို႔ ဘုရားထဲကို အရင္ကားေမာင္းဝင္ခဲ့လိုက္သည္။ ျပင္ဦးလြင္ေရာက္တုန္း မဟာအံ့ထူးကံသာဘုရားက ဖူးကိုဖူးေမ်ွာ္သင့္တဲ့ ဘုရားတစ္ဆူျဖစ္ၿပီး ဖူးရကံပါမွ ဖူးေမ်ွာ္ခြင့္ရေၾကာင္း စစ္မင္း ၾကားဖူးသည္။ အခုေတာ့ ခ်စ္ရသူနဲ႔အတူတြဲကာ ဘုရားဖူးရမယ့္ အေရးကို စစ္မင္းေတြးၿပီး အလြန္ေပ်ာ္ေနရသည္။

" Dany ... Daniel ခဏထဦး "

" အင္း အင္ . baby ... ေရာက္ေနၿပီလား ... ကိုယ္အိပ္ေပ်ာ္သြားတယ္ "

မ်က္လံုးေလးကို မပြင့္တပြင့္ေလးဖြင့္ကာ အိပ္ခ်င္မူးတူးရုပ္နဲ႔ Daniel က ပီဘိကေလးသဖြယ္။ ေဘးဘယ္ညာကိုမၾကၫ့္ပဲ ဟိုတယ္ကိုျပန္ေရာက္ၿပီ ထင္ေနေသးသည္။ မ်က္လံုးေလးေတြကို အသာပြတ္ၿပီးကာမွ အိပ္ရာႏိုးစမလို႔ ေသခ်ာၾကည္ၾကည္လင္လင္ ရွင္းရွင္းလင္းလင္း မျမင္ရေလာက္ေသးတဲ့ မ်က္ဝန္းညိုေလးေတြနဲ႔ စစ္မင္းကို ေမာ့ၾကၫ့္သည္။

" မဟုတ္ပါဘူးဗ်ာ ... ဘုရားဖူးရေအာင္လို႔ ... အခုဘုရားေရာက္ေနတာ ... လာ ထ အပ်င္းေလး ... ဖိနပ္က ကားေပၚမွာ ခြၽတ္ခဲ့ေတာ့ "

ဒီဆိုလိုေတာ့လည္း ခိုင္းရင္ခိုင္းသၫ့္အတိုင္း လုပ္ရွာသည္။ ဖိနပ္ပါမက ေျခအိပ္ပါခြၽတ္လိုက္တဲ့ Daniel က ခြၽတ္ထားၿပီးသားဖိနပ္ကို ‌ကားေပၚမွာေသခ်ာေလးထားသည္။

ကားပါကင္မွာ ကားေသခ်ာရပ္ၿပီး Daniel ေရာ စစ္မင္းေရာ ကားေပၚကဆင္းလာေတာ့ ပန္းေရာင္းတဲ့ ကေလးမေလးေတြက အနားကို အေျပးေရာက္လာၾကသည္။

" အစ္ကိုတို႔ ပန္းေလးေတြ ဝယ္ပါဦး ... အစံု တစ္စည္းမွ ငါးရာပဲ "

" သမီးဟာဝယ္ "

" သမီးပန္းေလးေတြလဲ လွတယ္ေနာ္ ... ပန္းကံုးေရာအပါမွ ငါးရာပဲေနာ္ ကိုႀကီးတို႔ "

" သားရဲ့ ပန္းကံုးေလးေတြေရာ ... သားဟာေလးေတြေရာလို႔ "

အခ်ိန္ခဏေလးအတြင္း စစ္မင္းတို႔အနားေလးမွာ ပန္းေရာင္းတဲ့ ကေလးေတြက ဝိုင္းအံုသြားသည္။ Daniel ကေတာ့ ရုတ္တရက္ဆိုေတာ့ လန႔္သြားတဲ့ ပံုစံေလးနဲ႔ စစ္မင္းကို ၾကၫ့္လိုက္ ကေလးေတြကို တလွၫ့္ၾကၫ့္လိုက္နဲ႔ ဗ်ာမ်ားေနရွာသည္။ 

" ကေလးေတြက ေက်ာင္းမသြားၾကဘူးလား baby ... ဒီေန့ဖြင့္ရက္ေလ "

" အာ ... အခုက ေမလဆိုေတာ့ ေက်ာင္းပိတ္တဲ့အခ်ိန္ေလ ... ဒါေပမယ့္ ဒီကေလးေတြက မေနဘူးထင္ပါတယ္ ... ဒီလိုပဲ ဒီဘုရားမွာ ေဈးေရာင္းေနၾကမွာ "

Daniel က ခပ္တိုးတိုးနဲ႔ သူ႔ရဲ့အေသးေလးနားကို ကပ္ေမးေတာ့ တိုးဖ်ဖ်အသံေလးနဲ႔ ကပ္ေျပာလာတဲ့ အေျဖၾကောင့္ Daniel စိတ္မေကာင္း။ ေက်ာင္းေနရမယ့္ အရြယ္မွာ ေက်ာင္းမေနရပဲ ငယ္ငယ္ရြယ္ရြယ္နဲ႔ အခုလိုမ်ိဳး ၾကမ္းၾကမ္းတမ္းတမ္းနဲ႔ ရုန္းကန္ေနရတဲ့ဘဝေတြက သနားဖို႔ေကာင္းသည္။ ငယ္ငယ္ကတည္းက ေတာင့္တစရာမလိုေအာင္ပင္ လိုတာရခဲ့တဲ့ Daniel ရဲ့ ဘဝနဲ႔ ေတာ္ေတာ္ ကြာျခားသည္။

" အင္း ကိုယ္တို႔ကို ပန္းေတြ အကုန္ေပးေနာ္ ... မလုနဲ႔ ကိုယ္က အကုန္ဝယ္ေပးမယ္ေနာ္ "

Daniel ရဲ့ စကားေၾကာင့္ ၿပံဳးေပ်ာ္သြားၾကတဲ့ ကေလးငယ္ေလးေတြရဲ့ အၿပံဳးေတြက ခ်စ္စရာေကာင္းလွသည္။ အနားကိုလာသမ်ွ ကေလးေတြရဲ့ လက္ထဲက ပန္းေတြကိုအကုန္ဝယ္ၿပီးေတာ့ Daniel ရဲ့ လက္ထဲမွာေရာ စစ္မင္းရဲ့ လက္ထဲမွာပါ ပန္းစည္းေတြေရာ ပန္းကံုးေတြေရာ အျပၫ့္ျဖစ္သြားသည္။

" ေနဦး ေနဦး "

ကေလးေတြကၿပံဳးေပ်ာ္ၿပီး ျပန္ထြက္သြားဖို႔အလုပ္မွာ Daniel က လွမ္းတားသည္။ ၿပီးတာနဲ႔ ဘုရားလႉဖို႔ေလာက္သာ ပန္းကို အနည္းငယ္ယူထားကာ သက္ဆိုင္ရာ ကေလးငယ္ေလးေတြကို ပန္းေလးေတြ ျပန္ေပးလိုက္သည္။ သေဘာကေတာ့ အကုန္ဝယ္လိုက္တဲ့ ပန္းဖိုးကေတာ့ ကေလးေတြအတြက္ Daniel က မုန႔္ဖိုးသေဘာ ေပးလိုက္ျခင္းျဖစ္သည္။ ထို႔ေနာက္ အေသးေလးရဲ့ လက္ကိုဆြဲလို႔ ဘုရားေပၚကို တက္ခဲ့ေတာ့သည္။

စစ္မင္းကေတာ့ သူ႔ရဲ့လက္ကိုဆြဲကာ ေလွကားေတြေပၚ တစ္ထစ္ခ်င္းတက္ေနတဲ့ လူသားငယ္ကို ၾကၫ့္ရတာ သိပ္ကို ေအးခ်မ္းသည္။ ေလာေလာလတ္လတ္ျမင္ခဲ့ရတဲ့ ႏူးႏူးညံ့ညံ့ စိတ္ထားေလးကလည္း ျမတ္ႏိုးဖြယ္ရာေကာင္းသည္။

ဘယ္ေလာက္လူသားဆန္တဲ့ လူသားငယ္ေလးလဲ ... ဒီေကာင္ေလးကိုမွမခ်စ္ရင္ စစ္မင္းက ဘယ္သူ႔ကို ခ်စ္ရပါ့မလဲ။

စစ္မင္းမွာေတာ့ တရိပ္ရိပ္ ျမတ္ႏိုးရတဲ့ လူသားငယ္ေလးကို ပိုပိုလို႔ေတာင္ ျမတ္ႏိုးေနရသည္။ အျပဳအမူေလးေတြတိုင္းက ဂုဏ္ယူစရာနဲ႔ ေက်နပ္စရာေကာင္းသည္။ ဘုရားေပၚကို ေရာက္သည္ႏွင့္ Daniel နဲ႔ စစ္မင္းတို႔ ရုပ္ပြားေတာ္ႀကီးကို ဖူးေမ်ွာ္ဦးခ်ၿပီးသည္ႏွင့္ Daniel က စစ္မင္းရဲ့ လက္ထဲက ပန္းစည္းေလးေတြကို ေပါင္းယူၿပီး ပန္းအိုးေလးထဲ ေသခ်ာသြားထိုးေပးသည္။ ၿပီးကာမွ ႏွစ္ေယာက္သား ဘုရားထဲမွာ လွၫ့္ပတ္ၾကၫ့္ၾကသည္။

" ျပည္ခ်စ္ဘုရားလို႔လည္း ေခၚေသးတာလား baby "

" အင္း ဟုတ္တယ္ ... ခုေလးတင္ Daniel ဖူးခဲ့တဲ့ ရုပ္ပြားေတာ္ႀကီးကို ဟိုးတုန္းက ကားနဲ႔တရုတ္ကို ပင့္တာေလ ... ဒါေပမယ့္ ရုပ္ပြားေတာ္ႀကီးက ဒီမွာပဲ စံခ်င္တာ ထင္ပါတယ္ ... accident ျဖစ္ၿပီး ဒီဘုရားတည္ထားတဲ့ ေအာက္ဘက္မွာ က်ေနခဲ့တာေလ ... ျပည္ေတာ္ကို ခ်စ္တဲ့ဘုရားမလို႔ ျပည္ခ်စ္ဘုရားလို႔ ျပင္ဦးလြင္က နယ္ခံေတြက ေခၚၾကတာ "

စစ္မင္း Daniel အေပၚ သေဘာအက်ဆံုး အခ်က္ေလးေတြထဲက ေနာက္တစ္ခ်က္က စကားေျပာေနၿပီဆို တစ္ဖက္လူ ဘာေျပာေျပာ စိတ္ဝင္တစားနဲ႔ ေသခ်ာနားေထာင္ေနတတ္တာျဖစ္သည္။ ေသခ်ာသတိထားၾကၫ့္မယ္ဆို အာရံုစိုက္ပံုက နားရြက္ကားကားေလးေတြက ယုန္ေလးေတြရဲ့ နားရြက္ရွည္ေလးေတြလို ေထာင္တက္လာသလားေတာင္ ထင္ရသည္။

" ေရႊေတြ အမ်ားႀကီးပဲ baby ... အင္း ... ပံုထဲကအတိုင္းဆို ေျမၾကီးထဲက တူးလို႔ရတာေတြထင္တယ္ "

" ဟုတ္တယ္ ... ဒီပစၥည္းေတြကို ဘုရားေအာက္ဖက္က ေျမပရဝဏ္မွာ ေျမၫွိရင္း သံခ်ိဳင့္ႀကီးထဲကေတြ့တယ္လို႔ ေျပာတယ္ "

" အမ်ားႀကီးပဲေနာ္ ေရႊေတြက "

မွန္ေဘာင္ထဲမွာ ျပသထားတဲ့ ေရႊေတြကို ခါးေလးကိုင္းလို႔ ငံု႔ၾကၫ့္ကာ စိတ္ဝင္တစား တစ္ခုခ်င္းစီကို ၾကၫ့္ေနတဲ့ Daniel ရဲ့ မ်က္ဝန္းညိုစိုစိုေလးေတြက မွန္ေဘာင္ေလးထဲမွာ ထြန္းထားတဲ့မီးအေရာင္ၾကာင့္ အလင္းျပန္ၿပီး ၾကည္ေတာက္ေနသည္။

" ျပန္ၾကတာ့မလား Dany ... ေစာေစာျပန္ေရာက္ေတာ့ ေစာေစာနားရတာေပါ့ "

" ဟုတ္ ျပန္ၾကမယ္ေလ ... လာ baby ~ "

ေျပာၿပီးၿပီးခ်င္း လက္ကိုဆြဲသြားတဲ့ Daniel ေၾကာင့္ စစ္မင္းမွာ ဘာမွေျပာခ်ိန္ေတာင္မရလိုက္ပဲ ေနာက္ကေန ပါသြားရသည္။ ဒီလူသားငယ္က လူၾကားထဲမွာ စစ္မင္းကို လက္တြဲဖို႔ကိုေတာင္ မတြန႔္ဆုတ္ေနတဲ့သူျဖစ္သည္။ ဒီလူသားနဲ႔သာဆို စစ္မင္း အရာရာကိုပါ ေမ့သည္။ ေဘးပတ္ဝန္းက်င္က မသတီသလို အၾကၫ့္ေတြကိုလဲ ဂရုမစိုက္မိ။ တံတားေအာက္မွာ စစ္မင္းရဲ့လက္ကိုဆုပ္ကိုင္လို႔ ေျပာခဲ့တဲ့လူသားငယ္ရဲ့ စကားအတိုင္းဆို စစ္မင္းကလည္း ေဘးမွာဒီလူသားေလးရိွေနတာမလို႔ ဘယ္သူ႔ကိုမွ ဂရုမစိုက္ေတာ့ပါဘူး။

ႏွစ္ေယာက္သား ဘုရားေပၚကေန ကားဆီျပန္ေရာက္ၿပီးတာနဲ႔ ဟိုတယ္ကိုပဲ တန္းတန္းမတ္မတ္ျပန္လာခဲ့ၾကေတာ့သည္။ ဟိုတယ္ေရာက္ေတာ့ reception က ညီမတစ္ေယာက္က ခ်က္ခ်င္း အခန္းကဒ္ေလးေတြ ထုတ္ေပးလာသည္။ ဘာမွေထြေထြထူးထူးေျပာမေနေတာ့ပဲ ႏွစ္ေယာက္သား lift နဲ႔ အခန္းရိွသၫ့္ တတိယထပ္ကိုတက္ခဲ့ၿပီး အခန္းေရ႔ွေရာက္ေတာ့ တိုက္တိုက္ဆိုင္ဆိုင္ မ်က္ႏွာခ်င္းဆိုင္ အခန္းကထြက္လာတဲ့ ကိုေအာင္ေက်ာ္နဲ႔ ဆံုသည္။

" အယ္ မနက္စာသြားစားၾကတာလား "

" ဘာ ! ကိုေအာင္ေက်ာ္ ... ကြၽန္ေတာ္တို႔ပံုစံက မနက္စာသြားစားၿပီး ျပန္လာတဲ့ပံုနဲ႔ တူေနလို႔လား "

စစ္မင္းေျပာလိုက္ေတာ့မွသာ မ်က္လံုးျပဴးသြားတဲ့ ကိုေအာင္ေက်ာ္က စစ္မင္းတို႔‌ႏွစ္ေယာက္ကို ေျခဆံုးေခါင္းဆံုးၾကၫ့္ၿပီး အသံထြက္မလာပဲ မ်က္ႏွာငယ္နဲ႔ ေခါင္းရမ္းသည္။

" ကြၽန္ေတာ္တို႔ မေန့ကတည္းက ဂုတ္ထိပ္သြားတာ အခုမွ ျပန္ေရာက္တာေလ ... ခင္ဗ်ား ကြၽန္ေတာ္တို႔ ျပန္ေရာက္လာတာ မသိဘူးလား "

ခရီးေရာက္မဆိုက္ ေျပာလိုက္တဲ့စကားေၾကာင့္ စစ္မင္း ေတာ္ေတာ္စိတ္တိုသြားကာ ေအာ္မိေတာ့သည္။ ေဘးက Daniel ကေတာ့ ဘာမွမေျပာေသးပဲ ရပ္ၾကၫ့္ေနသည္။ ဘယ္လိုတာဝန္မဲ့ေနတဲ့ လူလဲမသိေပမယ့္ အလုပ္ရွင္နဲ႔ ခရီးထြက္ေနတာေတာင္ အလုပ္ရွင္ျပန္ေရာက္မလာတာ မသိဘူးဆိုေတာ့ ဘယ္လိုေတာင္မွအလုပ္ကို စိတ္ဝင္စားမႈမရိွတဲ့သူလဲ မွန္းမရေတာ့။

" ကိုေအာင္ေက်ာ္ ဒီေန့ပဲကားယူၿပီး ရန္ကုန္ကိုျပန္လိုက္ပါ ... အင္းေလးဆက္သြားဖို႔က ကားသတ္သတ္ စီစဉ္လိုက္ၿပီမလို႔ ... ဒယ္ဒီ့ကိုလည္းေျပာလိုက္ ... အကုန္အဆင္ေျပတယ္လို႔ "

" ဟုတ္ ဟုတ္ကဲ့ ... ကြၽန္ေတာ္ ျပန္ဖို႔ျပင္လိုက္ပါေတာ့မယ္ဗ် "

မ်က္ႏွာငယ္ေလးနဲ႔ ေျပာၿပီး အခန္းထဲကို ျပန္ဝင္သြားတဲ့ ကိုေအာင္ေက်ာ္ကို ၾကၫ့္ၿပီး Daniel ေရာ စစ္မင္းေရာ သက္ျပင္းခ်မိၾကသည္။ အလုပ္ကို တာဝန္မဲ့ေနတဲ့ လူေတြနဲ႔ အလုပ္လုပ္လုပ္ေနရတာက တကယ္အဆင္မေျပ။ Daniel လို သေဘာေကာင္းတဲ့ သူနဲ႔မလို႔ ခံသာေနၿပီး ေမာက္မာတဲ့ အလုပ္ရွင္မ်ိဳးသာဆို ကိုေအာင္ေက်ာ္တို႔မလြယ္။

" ကဲပါ baby ရယ္ ... စိတ္တိုမေနနဲ႔ေတာ့ ... အခုလဲ ျပန္လႊတ္လိုက္ၿပီပဲ ... ေရခ်ိဳးၿပီးေတာ့ နားေတာ့ေနာ္ ... သြား အခန္းထဲ ဝင္ေတာ့ "

စိတ္အလိုမက်ေနခ်ိန္ စစ္မင္းရဲ့လက္ကို လာဆုပ္ကိုင္တဲ့ လက္ဖဝါးေနြးေနြးေလးက အလိုမက်စိတ္ေတြကို ေျပေလ်ာ့ေစသည္။ စိတ္မတိုဖို႔ ေခ်ာ့ေျပာေနတဲ့ ၾသရွရွအသံ ေအးေအးေလးကလည္း နားစည္ထဲကို ခ်ိဳျမျမေပ်ာ္ဝင္သည္။ ခ်စ္မိသြားေတာ့ ဒီလူသားရဲ့အရာရာက ဘာပဲျဖစ္ေနေန ျပၫ့္စံုေနတယ္ေတြးမိေတာ့တာပဲ။ ၿပံဳးၿပံဳးေလးနဲ႔ ပါးေပၚကပါးခ်ိဳင့္ေလးေပၚေနေအာင္ ေခ်ာ့ေျပာေနတဲ့ လူသားငယ္ေလးဆီမွာ အဆံုးစြန္ထိ ရူးသြပ္ပစ္ဖို႔ကို စစ္မင္းက အဆင္သင့္ျဖစ္ေနပါသည္။

ေျပာပါတယ္ ဒီလူသားငယ္က ႏြံအိုင္ေလးလို႔ ... ရုန္းေလနစ္ေလနဲ႔ အၿမဲနစ္မြန္းေစမယ့္ ႏြံအိုင္ငယ္ ... စစ္မင္းကေတာ့ ေက်ေက်နပ္နပ္ႀကီး အနစ္မြန္းခံပစ္ေတာ့တာပါပဲ ...

တစ္ေယာက္တစ္ခန္းစီ အခန္းကိုယ္စီဝင္သြားၿပီး Daniel ကေတာ့ အခန္းထဲေရာက္တာနဲ႔ လြယ္ထားတဲ့ လြယ္အိတ္ကိုခ်ၿပီး ေရခ်ိဳးခန္းထဲဝင္ အဝတ္အစားေတြ ျမန္ျမန္ခြၽတ္ကာ ကိုယ္လက္သန႔္စင္ၿပီး ေရခ်ိဳးရသည္။ တစ္ခ်ိန္လံုး ပင္ပန္းလာခဲ့သည္မလို႔ ေရခ်ိဳးေနခ်ိန္မွာ ေျပေပ်ာက္ရသည္။ ေရခ်ိဳးေနတုန္း စိတ္ထဲဝင္ေရာက္လာတဲ့ ျမတ္ႏိုးရသူေၾကာင့္လည္း ၿပံဳးမိေသးသည္။ တစ္ခ်ိန္လံုး မယံုႏိုင္ျဖစ္ေနမိတာကလည္း အခုခ်ိန္ထိ။

တစ္ဖက္သတ္ ခ်စ္ေနခဲ့ရသူ အေသးလံုးေလးကို ပိုင္ဆိုင္ေနရၿပီ၊ လက္တြဲခြင့္ရေနၿပီဆိုတာကို မယံုႏိုင္ေသး။ ဆုေတာင္းေတြကို မယံုၾကည္ေပမယ့္ ဘုရားေပၚမွာတုန္းကလည္း ဒီတြဲလက္ေလး ခိုင္ၿမဲဖို႔တစ္ခုပဲ ဆုေတာင္းေနခဲ့တာကို သိပ္ခ်စ္ရသူကတာ့ သိမယ္မထင္။ Daniel ကို ျမတ္ႏိုးသမႈနဲ႔ အၿမဲစိုက္ၾကၫ့္ေနတတ္တဲ့ မ်က္မွန္ေအာက္က မ်က္ဝန္းဝိုင္းဝိုင္းေလးေတြနဲ႔ Daniel တစ္ခုခုျပဳမူတိုင္း ႏွာေခါင္းလံုးေလး ရဲေနေအာင္ ရွက္သြားတတ္ေပမယ့္ အၿမဲၾကည္ျဖဴေနတဲ့ သူကို Daniel သိပ္ခ်စ္ရပါသည္။ ႏွလံုးသားတစ္ခုလံုး ရင္းထားၿပီး သိပ္ခ်စ္ရသူမလို႔ Daniel က ဆံုးရႈံးခံမည္ မဟုတ္ေတာ့ပဲ ပိုလို႔ေတာင္ ေလာဘတက္မိရသည္။

ေရျမန္ျမန္ခ်ိဳးၿပီးတာနဲ႔ အဝတ္အစားလဲၿပီး ေခါင္းက စိုေနတဲ့ ေရေတြေတာင္ ေျခာက္ေအာင္မသုတ္ႏိုင္ပဲ အေသးေလးရိွတဲ့ ကပ္လ်က္အခန္းကို သြားရသည္။ အခန္းေရ႔ွက ဘဲလ္ေလးကို တီးလိုက္ေတာ့ ခဏအၾကာမွာ တံခါးကပြင့္လာၿပီး ကိုယ္ေလးကိုကြယ္လို႔ ေခါင္းလံုးလံုးေလးက ျပဴထြက္လာသည္။ မ်က္မွန္မတပ္ထားတဲ့ မ်က္ႏွာေလးက ၾကည္ရွင္းၿပီး ေအးေငြ့ေလးရေနတဲ့ သေဘာအရ ခ်စ္ရသူကလည္း Daniel နည္းတူ ေရခ်ိဳးၿပီးစီးပံုရသည္။

" ေရခ်ိဳးၿပီးၿပီလား baby "

" အင္း ခ်ိဳးၿပီးၿပီ ခုေလးတင္ရယ္ ... လာေလ Dany "

ကိုယ္ေလးေဘးကိုယို႔ၿပီး တံခါးဖြင့္ေပးေတာ့ Daniel လည္း အခန္းထဲလိုက္ဝင္လာသည္။ အေသးေလးကေတာ့ ေရခ်ိဳးၿပီးတာေၾကာင့္ ေပါ့ေပါ့ပါးပါးျဖစ္မယ့္ အက်ႌေဘာင္းဘီ လက္ရွည္အပြေလး ဝတ္ထားသည္။ အခန္းထဲေရာက္ေတာ့ Daniel က ကုတင္ေျခရင္းမွာ ဝင္ထိုင္ၿပီး အေသးေလးကို လိုက္ၾကၫ့္ေနသည္။ အခန္းတံခါးေသခ်ာပိတ္ၿပီး ျပန္ဝင္လာတဲ့ အေသးေလးရဲ့ လက္ထဲမွာက ေရခ်ိဳးခန္ထဲက တဘက္အျဖဴေလးတစ္ထည္ ပါလာသည္။

" ေရခ်ိဳးၿပီး ေခါင္းမသုတ္ခဲ့ဘူးမလား ... ဖ်ားမယ္ေလ Daniel ... က်န္းမာေရးေကာင္းတယ္ဆိုၿပီး ဒီလိုသာ ခဏခဏသာလုပ္ေန ... ၾကာရင္ ေခါင္းကိုက္လိမ့္မယ္ "

ပြစိပြစိေျပာကာ ကုတင္ေျခရင္းမွာ ထိုင္ေနတဲ့ Daniel ရဲ့ေခါင္းေပၚကို တဘက္ေလးအုပ္တင္ၿပီး ခပ္ဖြဖြသုတ္ေပးလာသည္။ Daniel ကေတာ့ သေဘာတက်နဲ႔ မ်က္ရိွေရ႔ွမွာ မတ္တပ္ရပ္ေနတဲ့ အေသးေလးရဲ့ခါးကို လက္ႏွစ္ဖက္နဲ႔ ခပ္တင္းတင္း လွမ္းဖက္လိုက္သည္။ ဗိုက္ေနြးေနြးေလးေပၚ မ်က္ႏွာေလးအပ္ကာ ကိုယ္သင္းနံ႔ေလးကို တစ္ဝႀကီး ရႉရိႈက္လိုက္မိသည္။

ခ်စ္လိုက္ရတာ ...
ျမတ္ႏိုးလိုက္ရတာက တရိပ္ရိပ္ပါပဲ ...

" ကိုယ္ေလ မယံုႏိုင္ေသးဘူး သိလား ... ကိုယ့္ baby ကလည္း ကိုယ့္ကို ခ်စ္တယ္ဆိုတာကိုေလ "

" တကယ္ပါ Dany ... တကယ္မလို႔ ယံုလို႔ရတယ္ ... က်န္တာမယံုရင္ေတာင္ ကြၽန္ေတာ္ကသိပ္ခ်စ္တယ္ဆိုတာယံု "

Daniel က အေသးေလး ရင္ခြင္ထဲမွာ မ်က္ႏွာ အပ္ထားရာကေန ေခါင္းေမာ့ၿပီး အေပၚေမာ့ၾကၫ့္လိုက္ေတာ့ အေသးေလးကလည္း တစ္ဖန္စိုက္ၾကၫ့္ေနသည္။ ေခါင္းေပၚကတဘက္ေၾကာင့္ ေသခ်ာမျမင္ရေပမယ့္ သူ႔ကို ျမတ္ႏိုးလြန္းတဲ့ မ်က္ဝန္းၾကည္ၾကည္ေလးေတြနဲ႔ စိုက္ၾကၫ့္ေနတယ္ဆိုတာကိုေတာ့ Daniel ခံစားမိပါသည္။

" ဆံပင္ကို dryer နဲ႔ မႈတ္လိုက္ေလ baby ... အၾကာႀကီးသုတ္ရင္ လက္ေညာင္းမယ္ "

" ဟင့္အင္း ... dryer နဲ႔ဆို ဆံပင္ေတြ ပ်က္စီးလိမ့္မယ္ ... သိလား . ကြၽန္ေတာ္ကေလ ဒီဆံပင္တြန႔္တြန႔္ေလးေတြကို တအားသေဘာက်တာ "

" အင္း ... အဲ့တာလည္း ကိုယ့္ baby အပိုင္ေလ "

လြင့္ခနဲၿပံဳးလိုက္တဲ့ အေသးေလးက ေခါင္းေပၚမွာတင္ထားတဲ့ တဘက္ကိုဖယ္ၿပီး Daniel ရဲ့ ဆံပင္ေတြေပၚ နမ္းေမႊးလာသည္။ တျဖည္းျဖည္းျမင့္တက္လာတဲ့ ရင္ခုန္သံတို႔ေၾကာင့္ ဖက္ထားတဲ့ ကိုယ္လံုးေလးကို ပိုမိုတိုးကပ္လို႔ ရင္ဘတ္နဲ႔ ဖိထားရတဲ့အျဖစ္ကိုေရာက္သည္။

" ကဲပါ ... လာ ကိုယ့္ ဆံပင္ေတြက ေျခာက္ေနပါၿပီ ... ကိုယ့္ baby ေျခေထာက္ဘယ္လိုေနေသးလဲ ... လာ ေဆးလိမ္းရေအာင္ "

" သက္သာသြားပါၿပီ ... တစ္ခ်က္တစ္ခ်က္ပဲနာေတာ့တာ "

ဖက္ထားတဲ့ ကိုယ္လံုးေလးကိုလႊတ္ၿပီး လက္ကိုဆြဲလို႔ အေသးေလးကို Daniel က ကုတင္ေပၚထိုင္ခိုင္းလိုက္သည္။ အခန္းထဲက ထြက္မလာခင္ မွတ္မွတ္ရရ ယူလာခဲ့တဲ့ ေဆးဘူးေလးကို ေဘာင္းဘီအိတ္ကပ္ထဲက ထုတ္လိုက္ကာ ထိုင္ေနရာကေနထၿပီး အေသးေလးရဲ့ ေျခေထာက္နားမွာ ဒူးတစ္ဖက္ခ် ထိုင္လိုက္သည္။ ဝတ္ထားတဲ့ ေဘာင္းဘီရွည္ပြပြကို အသာဆြဲတင္လိုက္ၿပီး အနည္းငယ္ အညိုအမည္းစြဲကာ ရဲေနေသးတဲ့ ေျခက်င္းဝတ္ေလးေပၚ ေဆးေသခ်ာ ပြတ္လိမ္းေပးရသည္။

" ကိုယ္နည္းနည္းႏိွပ္ေပးမယ္ေနာ္ ... နာရင္ေျပာ "

" ေဆးလိမ္းရင္ကို ရပါတယ္ Daniel ရဲ့ "

" မရပါဘူးေနာ္ ... baby ျမန္ျမန္သက္သာမျွဖစ္မွာေပါ့ "

ဒဏ္ရာ‌နားကို ေသေသခ်ာခ်ာ ေဆးလိမ္းကာ ႏိွပ္နယ္ၿပီးသည္ႏွင့္ Daniel က ကုတင္ေပၚထိုင္ေနတဲ့ အေသးေလးကို ေမာ့ၾကည္လိုက္သည္။ ျပန္စူးစိုက္ၾကၫ့္ေနသၫ့္ မ်က္လံုးဝိုင္းေလးေတြနဲ႔ အၾကၫ့္ခ်င္းဆံုလိုက္ရတာေၾကာင့္ ႏႈတ္ခမ္းတစ္ဖက္ကို တြန႔္ေကြးလို႔ ၿပံဳးျပလိုက္သည္။ 

" ဟာ baby ရာ ... ဒါကေတာ့ ကိုယ္ေသႏိုင္တယ္ေနာ္ "

ေနြးေထြးသြားတဲ့ နဖူးျပင္ေၾကာင့္ Daniel က ညည္းညည္းၫူၫူေလးဆိုလိုက္သည္။

" ေက်းဇူးတင္လို႔ ဆုခ်တာ "

" Baby ကေတာ့ကြာ ... "

Daniel သိတာရိွတာ တစ္ခုထပ္ရိွေသးသည္။ Froehead kiss ဆိုတာက ျမတ္ႏိုးျခင္းကို ေဖာ္ျပပါသည္တဲ့။ 

" Baby ... ကိုယ္အိပ္ခ်င္ၿပီ "

" အယ္ ~ အခန္းျပန္ေတာ့မွာလား "

ရုတ္တရက္ ေျပာလိုက္တဲ့စကားေၾကာင့္ အေသးေလးက ခ်က္ခ်င္းထရပ္ၿပီး တံခါးဖြင့္ဖို႔ ျပင္ေပမယ့္ Daniel ကေတာ့ လက္ကိုဆြဲကာ ကုတင္ေပၚ အသာျပန္ထိုင္ခိုင္းသည္။

ဘယ္သူက ျပန္မယ္ေျပာလို႔လဲ ...

" ကိုယ္ ဒီမွာအိပ္မွာ "

မရယ္မၿပံဳးတဲ့ မ်က္ႏွာနဲ႔ ခပ္တည္တည္ေျပာကာ ရွည္လ်ားၿပီး မိုးထိုးေနတဲ့ အရပ္ႀကီးမွအားမနာ Daniel က ကုတင္ေပၚကို ခုန္တက္လိုက္သည္။ အံ့ၾသေနပံုရသၫ့္ အေသးလံုးကေတာ့ ကုတင္ေျခရင္းမွာထိုင္ၿပီး Daniel ကို ေၾကာင္အအၾကၫ့္ေနသည္။

" လာ တူတူအိပ္ရေအာင္ ... ကိုယ့္ ရင္ခြင္ထဲလာ "

လက္ေလးတစ္ဖက္ကို ဆန႔္ၿပီးေခၚလိုက္ေတာ့ ႏွာေခါင္းေလးနဲ႔ နားရြက္ဖ်ားေတြက ရဲေစြးသြားသည္။

" မရွက္ပါနဲ႔ baby ရယ္ "

" မဟုတ္တာ မေျပာနဲ႔ေနာ္ Daniel ... ဘာ္သူက ရွက္ေနလို႔လဲ "

Daniel က ဘာမွ ဆက္မေျပာပဲ ေမးဆတ္လို႔ မ်က္ခံုးေလးပင့္ကာ ထပ္ေခၚလိုက္ေတာ့ တြန႔္ဆုတ္တြန႔္ဆုတ္နဲ႔ ဒူးေလးေထာက္ကာ ကုတင္ေပၚကို တေရြ့ေရြ့တက္လာသည္။ အနားေရာက္လာၿပီး လွဲမအိပ္ေသးတာေၾကာင့္ Daniel က လက္ကိုကိုင္ၿပီး ဆြဲခ်လိုက္ေတာ့ အလိုက္သင့္ ရင္ခြင္ထဲ ေရာက္လာသည္။

" ေျပာေတာ့ မရွက္ဘူးဆို "

ရင္ခြင္ထဲေရာက္ေနတဲ့ အေသးေလးက မ်က္ႏွာေလးကို Daniel ရဲ့ ရင္ခြင္ထဲ အပ္ထားကာ ေအာက္ငံုထားၿပီး ေခါင္းကိုေဖာ္မလာေတာ့။

" Baby ~ ကိုယ့္ကို ၾကၫ့္ပါဦး baby "

Daniel က ငံု႔ေနသၫ့္ အေသးလံုးေလးရဲ့ မ်က္ႏွာေလးကိုပင့္ကိုင္ကာ ရင္ခြင္ထဲကေန ဆြဲထုတ္ေတာ့ ေမာ့ေမာ့ေလး ပါလာသည္။ စိုက္ၾကၫ့္ေနရာကေန ဘာမွ မေျပာေတာ့ပဲ ေမာ့မာ့ေလးပါလာတဲ့ မ်က္ႏွာနားေလး ဦးတည္ေတာ့ မ်က္ဝန္းဝိုင္းဝိုင္းေတြက မိွတ္က်သြားသည္။

နဖူးျပင္ကို ဦးတည္လို႔ နမ္းေမႊးမိတာကလည္း ရင္ခြင္ထဲက အေသးလံုးေလးလို ထပ္တူျမတ္ႏိုးပါတယ္ဆိုတဲ့ Daniel ရဲ့ သက္ေသတစ္ခု။ ခပ္ၾကာၾကာဖိကပ္ထားတဲ့ နဖူးျပင္ေလးကေနမခြာမိပဲ လက္ေတြကို ေနရာေရြ့ကာ ကိုယ္လံုးေနြးေနြးေလးကို Daniel ခပ္တင္းတင္း ဖက္ထားမိပါသည္။

စကားေတြ အမ်ားႀကီးေျပာေနစရာမလိုပါဘူး ...

အျပဳအမူေတြကေနလဲ ျမတ္ႏိုးေၾကာင္း
ထပ္တူျမတ္ႏိုးရတဲ့ သိပ္ခ်စ္ရသူသိပါေစ ...

___________

ပိုလို႔ ပိုလို႔သာ ျမတ္ႏိုးမိတာ ...

To be continue ...

[Unicode]

ချစ်ခြင်းမေတ္တာဆိုတာ လှပပါတယ်။ အဲ့သလိုပါပဲ။ ထပ်တူကျသွားတဲ့ ချစ်မေတ္တာတွေကလည်း ပိုလို့တောင်လှပါတယ်။

ဂုတ်ထိပ်အောက်ထဲကနေ ခြေထောက်ဒဏ်ရာကြောင့် အပေါ်ပြန်မတက်နိုင်တော့တဲ့ စစ်မင်းကို နယ်ခြားစောင့်တပ်က တပ်သားတွေကကူညီပြီး pulley ဓာတ်လှေကားဖြင့်အပေါ်ကို တင်ပေးခဲ့သည်။ ဂုတ်ထိပ်တံတားဆီကနေ ကားရပ်ထားခဲ့သည့်နေရာက တော်တော်ဝေးနေတာကြောင့် ကိုစိုင်းမိုးနဲ့ ကိုစိုင်းခမ်းတို့က ထော်လာဂျီနဲ့ ကားရပ်ထားခဲ့ရာနေရာကို ပြန်လိုက်ပို့ခဲ့ကြသေးသည်။

ပြန်ရတော့မှာမလို့ ကိုစိုင်းမိုးနဲ့ ကိုစိုင်းခမ်းက မျက်နှာမကောင်းစွာနဲ့ သတိရနေကြမှာလို့ ပြောနေလိုက်သေးသည်။ တစ်ရက်တာလောက် ဆုံခဲ့ရပေမယ့် ခက်ခဲကြမ်းတမ်းတဲ့ ခရီးလမ်းကြောင်းတစ်လျှောက် အတူဖြတ်ကျော်ခဲ့ရသည်မလို့ အမှတ်တရတွေက များစွာရှိနေသည်။ နောင်ချိုကနေ ပြင်ဦးလွင်ကိုပြန်လာတော့ ဒဏ်ရာရထားသည့် စစ်မင်းခြေထောက်က သက်သာနေပြီဖြစ်ပေမယ့် နာနေသေးတာမလို့ ခပ်ဖြေးဖြေးသာမောင်းပြီး ပြန်လာခဲ့ကြသည်။ မနက်စာကတော့ ကိုစိုင်းမိုးနဲ့ ကိုစိုင်းခမ်းတို့ ထုပ်လာပေးတဲ့ ကောက်ညှင်းပေါင်းပူပူနဲ့ တို့ဟူးကြော် ကြွပ်ကြွပ်ရွရွလေးကို စားခဲ့ကြသည်။

" ကျွန်တော့်ကို ဘာလို့ အဲ့လောက်စိုက်ကြည့်နေတာလဲ Daniel "

" ချစ်လို့ ~ ကိုယ့် baby ကို အရမ်းချစ်လို့ ... ကိုယ်တကယ်မယုံသေးဘူးသိလား ... အခုလိုလေးလေ ကိုယ့် baby ရဲ့ လက်လေးကို ကိုင်ထားခွင့်ရတာ ... ရွှတ် "

ဆုပ်ကိုင်ထားသည့် စစ်မင်းရဲ့လက်တစ်ဖက်ကို Daniel က ဆွဲယူကာ နှာချောင်းချွန်ချွန်လေးနဲ့ ရွှတ်ခနဲ နမ်းလိုက်တဲ့ အပြုအမူလေးကြောင့် ကားမောင်းနေသည့် စစ်မင်းရဲ့ မျက်နှာက ရဲသွားသည်။ ဒီကပြားလေးက စကားမတတ်လို့သာ။ ပုံစံအမျိုးမျိုးနဲ့ ရင်ခုန်အောင်လုပ်နေတော့တာပဲ။

" ဗိုက်ဆာနေသေးလား Daniel ... မြို့တွင်းဈေးမှာတော့ ရှမ်းခေါက်ဆွဲဆိုင်တွေ ရှိမယ်ထင်တယ် "

" ဟင့်အင်း ... ခုနက လမ်းပြအစ်ကိုတွေ ပေးတဲ့ ကောက်ညှင်းပေါင်းနဲ့တင် ဗိုက်ပြည့်နေပြီ ... baby ထပ်စားချင်ရင် စားကြမယ်လေ "

" တော်ပါပြီ ... ကျွန်တော်က Daniel ဆာနေမလားလို့ပါ "

" အဟွန်း baby ... မနေ့က ကိုယ့်ကိုခေါ်တာ Dany ဆို ... အဲ့လိုခေါ်ပါလား ကိုယ်သဘောကျတယ် ... ကိုယ့်ကို ဘယ်သူမှ အဲ့လိုမခေါ်ဖူးဘူး "

Dany ဆိုတဲ့ နာမ်စားလေးက စစ်မင်းအတွက် အမြတ်တနိုးခေါ်ချင်တဲ့ နာမ်စားလေးဖြစ်သည်။ ဒီလိုနာမ်စားလေးတစ်ခုကို တွေးမိတာနဲ့တင် ကြည်နူးမိတာက ဒီလူသားအပေါ် ပျော်ဝင်မှုအတိုင်းအတာမှာ နှိုင်းဆမရ။ စိတ်လိုလက်ရ ခေါ်လိုက်တဲ့ Dany ဆိုတဲ့ နာမ်စားလေးက မြတ်နိုးစရာကောင်းပါသည်။

" ကိုယ့် baby လက်ကလေးတွေက ဘာလို့အဲ့လောက်သေးနေရတာလဲ "

" ဟင် ... "

" ကြည့်ဦးလေ ... ကိုယ့်လက်ထဲမှာ baby လက်ကလေးတွေက သေးသေးလေး ... ကိုယ်က ကိုင်ထားလိုက်ရင် လက်ကလေးတွေက ပျောက်သွားရောလေ " 

စစ်မင်းရဲ့လက်တစ်ဖက်ကို လှန်လိုလှန်၊ မှောက်လိုမှောက်လုပ်နေတဲ့ Daniel က သဘောတကျနဲ့ လက်ဖဝါးကြီးကြီး‌တွေကြားမှာ ထွေးဆုပ်ထားပြန်သည်။ ပုံမှန်ဆို စစ်မင်းက ခန္ဓာကိုယ်အစိတ်အပိုင်းတွေ သေးကွေးနေတာမျိူးမဟုတ်ပေမယ့် ဒီကလေးနဲ့မှ ပိစိကွေးလို ဖြစ်နေတော့တာပဲ။

" အိပ်ချင်နေရင် အိပ်လေ Dany ... ညကလည်း ကျွန်တော် အိပ်သွားပြီး တော်တော်နောက်ကျတဲ့ အချိန်ကျမှ အိပ်တာမလား ... မအိပ်ချင်ရင်တောင် မှိန်းနေလေ "

"ဟင့်အင်း ... ပြန်ရောက်မှ အိပ်လို့ရတာပဲကို ... အခုက baby ကိုပဲ ကြည့်ချင်တာ "

ပြောပြန်ပြီဆိုတဲ့ အဓိပ္ပာယ်ရတဲ့ မျက်စောင်းတစ်‌ချက်ထိုးလိုက်တော့ မျက်စိတစ်ဖက် မှိတ်ပြလာတဲ့ Daniel ကြောင့် စစ်မင်းမှာ ရင်ခုန်ရပြန်သည်။ ကားပေါ်မှာ အိပ်ဆိုတော့လည်းမအိပ်ပဲ စကားနားမထောင်တာကြောင့် ဆက်ပြောမနေတော့ပဲ လွှတ်ထားပေးလိုက်တော့သည်။ လက်တစ်ဖက်ထဲနဲ့ ကားမောင်းရတာ အဆင်မပြေပေမယ့် ဖြေးဖြေးချင်းမောင်းနေတာကြောင့် သိပ်တော့မခက်ခဲလှပေ။ ကားမောင်းနေတာမလို့ ဘေးမှာထိာင်နေတဲ့ Daniel ကလည်း အလိုက်တသိနဲ့ စကားမများပဲ ငြိမ်နေပေးသည်။

အချိန်အတော်ကြာလောက် ကားမောင်းပြီး ပြင်ဦးလွင်ဂိတ် အဝင်နားရောက်တော့ Daniel က ငြိမ်နေလို့ လှည့်ကြည့်လိုက်တော့ စစ်မင်းဘက်ကို ဘေးတစောင်းလေးလှည့်ကာ ကားကူရှင်ကိုမှီပြီး အသက်ရှူသံ မှန်မှန်နဲ့ အိပ်ပျော်နေသည်။ ဘေးတစောင်း အိပ်ပျော်နေတာကြောင့် အနက်ရောင်လှိုင်းတွန့် ဆံပင်လေးတွေကလည်း နဖူးပြင်လေးပေါ် ခပ်ပွပွလေး ဝဲကျနေသည်။ တိုးဂိတ်မှာ တန်းစီနေရတာကြောင့် အိပ်ပျော်နေတဲ့ လူသားငယ်လေးကို ပြုံးပြုံးလေး ထိုင်ကြည့်နေရင်း ကိုင်ထားတဲ့လက်ကလေးကို စစ်မင်း အသာဆွဲဖြုတ်ကာ နဖူးပေါ်ကဆံပင်လေးတွေကို သပ်တင်ပေးလိုက်သည်။

သပ်တင်ပေးပြီးတာတောင် Daniel ရဲ့ ဆံစတွေကို ပွတ်သပ်နေမိတုန်း။ သိပ်ကိုသဘောကျရတာကြောင့် ခွေးပေါက်ကလေးကို ပွတ်သပ်သလို အသည်းတယားယားနဲ့ ခပ်ဖွဖွပွတ်သပ်နေမိတာကို ပင်ပန်းပြီး အိပ်မောကျနေရှာတဲ့ လူသားငယ်က မသိပေ။ ဆံနွယ်လေးတွေပေါ်ကနေ စစ်မင်းလက်ကို ရုတ်သိမ်းခါနီး အပြုံးမရယ်သေးတာကြောင့် ခပ်ရေးရေးလေးပေါ်နေတဲ့ ဘယ်ဘက်ပါးပြင်ကပါးချိုင့်လေးကို လက်ညှိုးလေးနဲ့ ဖွဖွလေး တို့ထိခဲ့လိုက်သေးသည်။ ပြီးကာမှ Daniel ရဲ့ လက်ကလေးကို ပြန်ဆုပ်ကိုင်ရင်း တိုးဂိတ်ကိုဖြတ်ကာ မြို့ထဲကို ကားဆက်မောင်းခဲ့တော့သည်။

မြို့ထဲကို ဝင်ဝင်ချင်းမှာ မဟာအံ့ထူးကံသာဘုရားကို စစ်မင်း ဖူးတွေ့ရတာကြောင့် Daniel ကို နှိုးပြီး ဖူးခိုင်းဖို့ ဘုရားထဲကို အရင်ကားမောင်းဝင်ခဲ့လိုက်သည်။ ပြင်ဦးလွင်ရောက်တုန်း မဟာအံ့ထူးကံသာဘုရားက ဖူးကိုဖူးမျှော်သင့်တဲ့ ဘုရားတစ်ဆူဖြစ်ပြီး ဖူးရကံပါမှ ဖူးမျှော်ခွင့်ရကြောင်း စစ်မင်း ကြားဖူးသည်။ အခုတော့ ချစ်ရသူနဲ့အတူတွဲကာ ဘုရားဖူးရမယ့် အရေးကို စစ်မင်းတွေးပြီး အလွန်ပျော်နေရသည်။

" Dany ... Daniel ခဏထဦး "

" အင်း အင် . baby ... ရောက်နေပြီလား ... ကိုယ်အိပ်ပျော်သွားတယ် "

မျက်လုံးလေးကို မပွင့်တပွင့်လေးဖွင့်ကာ အိပ်ချင်မူးတူးရုပ်နဲ့ Daniel က ပီဘိကလေးသဖွယ်။ ဘေးဘယ်ညာကိုမကြည့်ပဲ ဟိုတယ်ကိုပြန်ရောက်ပြီ ထင်နေသေးသည်။ မျက်လုံးလေးတွေကို အသာပွတ်ပြီးကာမှ အိပ်ရာနိုးစမလို့ သေချာကြည်ကြည်လင်လင် ရှင်းရှင်းလင်းလင်း မမြင်ရလောက်သေးတဲ့ မျက်ဝန်းညိုလေးတွေနဲ့ စစ်မင်းကို မော့ကြည့်သည်။

" မဟုတ်ပါဘူးဗျာ ... ဘုရားဖူးရအောင်လို့ ... အခုဘုရားရောက်နေတာ ... လာ ထ အပျင်းလေး ... ဖိနပ်က ကားပေါ်မှာ ချွတ်ခဲ့တော့ "

ဒီဆိုလိုတော့လည်း ခိုင်းရင်ခိုင်းသည့်အတိုင်း လုပ်ရှာသည်။ ဖိနပ်ပါမက ခြေအိပ်ပါချွတ်လိုက်တဲ့ Daniel က ချွတ်ထားပြီးသားဖိနပ်ကို ‌ကားပေါ်မှာသေချာလေးထားသည်။

ကားပါကင်မှာ ကားသေချာရပ်ပြီး Daniel ရော စစ်မင်းရော ကားပေါ်ကဆင်းလာတော့ ပန်းရောင်းတဲ့ ကလေးမလေးတွေက အနားကို အပြေးရောက်လာကြသည်။

" အစ်ကိုတို့ ပန်းလေးတွေ ဝယ်ပါဦး ... အစုံ တစ်စည်းမှ ငါးရာပဲ "

" သမီးဟာဝယ် "

" သမီးပန်းလေးတွေလဲ လှတယ်နော် ... ပန်းကုံးရောအပါမှ ငါးရာပဲနော် ကိုကြီးတို့ "

" သားရဲ့ ပန်းကုံးလေးတွေရော ... သားဟာလေးတွေရောလို့ "

အချိန်ခဏလေးအတွင်း စစ်မင်းတို့အနားလေးမှာ ပန်းရောင်းတဲ့ ကလေးတွေက ဝိုင်းအုံသွားသည်။ Daniel ကတော့ ရုတ်တရက်ဆိုတော့ လန့်သွားတဲ့ ပုံစံလေးနဲ့ စစ်မင်းကို ကြည့်လိုက် ကလေးတွေကို တလှည့်ကြည့်လိုက်နဲ့ ဗျာများနေရှာသည်။ 

" ကလေးတွေက ကျောင်းမသွားကြဘူးလား baby ... ဒီနေ့ဖွင့်ရက်လေ "

" အာ ... အခုက မေလဆိုတော့ ကျောင်းပိတ်တဲ့အချိန်လေ ... ဒါပေမယ့် ဒီကလေးတွေက မနေဘူးထင်ပါတယ် ... ဒီလိုပဲ ဒီဘုရားမှာ ဈေးရောင်းနေကြမှာ "

Daniel က ခပ်တိုးတိုးနဲ့ သူ့ရဲ့အသေးလေးနားကို ကပ်မေးတော့ တိုးဖျဖျအသံလေးနဲ့ ကပ်ပြောလာတဲ့ အဖြေကြောင့် Daniel စိတ်မကောင်း။ ကျောင်းနေရမယ့် အရွယ်မှာ ကျောင်းမနေရပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ အခုလိုမျိုး ကြမ်းကြမ်းတမ်းတမ်းနဲ့ ရုန်းကန်နေရတဲ့ဘဝတွေက သနားဖို့ကောင်းသည်။ ငယ်ငယ်ကတည်းက တောင့်တစရာမလိုအောင်ပင် လိုတာရခဲ့တဲ့ Daniel ရဲ့ ဘဝနဲ့ တော်တော် ကွာခြားသည်။

" အင်း ကိုယ်တို့ကို ပန်းတွေ အကုန်ပေးနော် ... မလုနဲ့ ကိုယ်က အကုန်ဝယ်ပေးမယ်နော် "

Daniel ရဲ့ စကားကြောင့် ပြုံးပျော်သွားကြတဲ့ ကလေးငယ်လေးတွေရဲ့ အပြုံးတွေက ချစ်စရာကောင်းလှသည်။ အနားကိုလာသမျှ ကလေးတွေရဲ့ လက်ထဲက ပန်းတွေကိုအကုန်ဝယ်ပြီးတော့ Daniel ရဲ့ လက်ထဲမှာရော စစ်မင်းရဲ့ လက်ထဲမှာပါ ပန်းစည်းတွေရော ပန်းကုံးတွေရော အပြည့်ဖြစ်သွားသည်။

" နေဦး နေဦး "

ကလေးတွေကပြုံးပျော်ပြီး ပြန်ထွက်သွားဖို့အလုပ်မှာ Daniel က လှမ်းတားသည်။ ပြီးတာနဲ့ ဘုရားလှူဖို့လောက်သာ ပန်းကို အနည်းငယ်ယူထားကာ သက်ဆိုင်ရာ ကလေးငယ်လေးတွေကို ပန်းလေးတွေ ပြန်ပေးလိုက်သည်။ သဘောကတော့ အကုန်ဝယ်လိုက်တဲ့ ပန်းဖိုးကတော့ ကလေးတွေအတွက် Daniel က မုန့်ဖိုးသဘော ပေးလိုက်ခြင်းဖြစ်သည်။ ထို့နောက် အသေးလေးရဲ့ လက်ကိုဆွဲလို့ ဘုရားပေါ်ကို တက်ခဲ့တော့သည်။

စစ်မင်းကတော့ သူ့ရဲ့လက်ကိုဆွဲကာ လှေကားတွေပေါ် တစ်ထစ်ချင်းတက်နေတဲ့ လူသားငယ်ကို ကြည့်ရတာ သိပ်ကို အေးချမ်းသည်။ လောလောလတ်လတ်မြင်ခဲ့ရတဲ့ နူးနူးညံ့ညံ့ စိတ်ထားလေးကလည်း မြတ်နိုးဖွယ်ရာကောင်းသည်။

ဘယ်လောက်လူသားဆန်တဲ့ လူသားငယ်လေးလဲ ... ဒီကောင်လေးကိုမှမချစ်ရင် စစ်မင်းက ဘယ်သူ့ကို ချစ်ရပါ့မလဲ။

စစ်မင်းမှာတော့ တရိပ်ရိပ် မြတ်နိုးရတဲ့ လူသားငယ်လေးကို ပိုပိုလို့တောင် မြတ်နိုးနေရသည်။ အပြုအမူလေးတွေတိုင်းက ဂုဏ်ယူစရာနဲ့ ကျေနပ်စရာကောင်းသည်။ ဘုရားပေါ်ကို ရောက်သည်နှင့် Daniel နဲ့ စစ်မင်းတို့ ရုပ်ပွားတော်ကြီးကို ဖူးမျှော်ဦးချပြီးသည်နှင့် Daniel က စစ်မင်းရဲ့ လက်ထဲက ပန်းစည်းလေးတွေကို ပေါင်းယူပြီး ပန်းအိုးလေးထဲ သေချာသွားထိုးပေးသည်။ ပြီးကာမှ နှစ်ယောက်သား ဘုရားထဲမှာ လှည့်ပတ်ကြည့်ကြသည်။

" ပြည်ချစ်ဘုရားလို့လည်း ခေါ်သေးတာလား baby "

" အင်း ဟုတ်တယ် ... ခုလေးတင် Daniel ဖူးခဲ့တဲ့ ရုပ်ပွားတော်ကြီးကို ဟိုးတုန်းက ကားနဲ့တရုတ်ကို ပင့်တာလေ ... ဒါပေမယ့် ရုပ်ပွားတော်ကြီးက ဒီမှာပဲ စံချင်တာ ထင်ပါတယ် ... accident ဖြစ်ပြီး ဒီဘုရားတည်ထားတဲ့ အောက်ဘက်မှာ ကျနေခဲ့တာလေ ... ပြည်တော်ကို ချစ်တဲ့ဘုရားမလို့ ပြည်ချစ်ဘုရားလို့ ပြင်ဦးလွင်က နယ်ခံတွေက ခေါ်ကြတာ "

စစ်မင်း Daniel အပေါ် သဘောအကျဆုံး အချက်လေးတွေထဲက နောက်တစ်ချက်က စကားပြောနေပြီဆို တစ်ဖက်လူ ဘာပြောပြော စိတ်ဝင်တစားနဲ့ သေချာနားထောင်နေတတ်တာဖြစ်သည်။ သေချာသတိထားကြည့်မယ်ဆို အာရုံစိုက်ပုံက နားရွက်ကားကားလေးတွေက ယုန်လေးတွေရဲ့ နားရွက်ရှည်လေးတွေလို ထောင်တက်လာသလားတောင် ထင်ရသည်။

" ရွှေတွေ အများကြီးပဲ baby ... အင်း ... ပုံထဲကအတိုင်းဆို မြေကြီးထဲက တူးလို့ရတာတွေထင်တယ် "

" ဟုတ်တယ် ... ဒီပစ္စည်းတွေကို ဘုရားအောက်ဖက်က မြေပရဝဏ်မှာ မြေညှိရင်း သံချိုင့်ကြီးထဲကတွေ့တယ်လို့ ပြောတယ် "

" အများကြီးပဲနော် ရွှေတွေက "

မှန်ဘောင်ထဲမှာ ပြသထားတဲ့ ရွှေတွေကို ခါးလေးကိုင်းလို့ ငုံ့ကြည့်ကာ စိတ်ဝင်တစား တစ်ခုချင်းစီကို ကြည့်နေတဲ့ Daniel ရဲ့ မျက်ဝန်းညိုစိုစိုလေးတွေက မှန်ဘောင်လေးထဲမှာ ထွန်းထားတဲ့မီးအရောင်ကြာင့် အလင်းပြန်ပြီး ကြည်တောက်နေသည်။

" ပြန်ကြတာ့မလား Dany ... စောစောပြန်ရောက်တော့ စောစောနားရတာပေါ့ "

" ဟုတ် ပြန်ကြမယ်လေ ... လာ baby ~ "

ပြောပြီးပြီးချင်း လက်ကိုဆွဲသွားတဲ့ Daniel ကြောင့် စစ်မင်းမှာ ဘာမှပြောချိန်တောင်မရလိုက်ပဲ နောက်ကနေ ပါသွားရသည်။ ဒီလူသားငယ်က လူကြားထဲမှာ စစ်မင်းကို လက်တွဲဖို့ကိုတောင် မတွန့်ဆုတ်နေတဲ့သူဖြစ်သည်။ ဒီလူသားနဲ့သာဆို စစ်မင်း အရာရာကိုပါ မေ့သည်။ ဘေးပတ်ဝန်းကျင်က မသတီသလို အကြည့်တွေကိုလဲ ဂရုမစိုက်မိ။ တံတားအောက်မှာ စစ်မင်းရဲ့လက်ကိုဆုပ်ကိုင်လို့ ပြောခဲ့တဲ့လူသားငယ်ရဲ့ စကားအတိုင်းဆို စစ်မင်းကလည်း ဘေးမှာဒီလူသားလေးရှိနေတာမလို့ ဘယ်သူ့ကိုမှ ဂရုမစိုက်တော့ပါဘူး။

နှစ်ယောက်သား ဘုရားပေါ်ကနေ ကားဆီပြန်ရောက်ပြီးတာနဲ့ ဟိုတယ်ကိုပဲ တန်းတန်းမတ်မတ်ပြန်လာခဲ့ကြတော့သည်။ ဟိုတယ်ရောက်တော့ reception က ညီမတစ်ယောက်က ချက်ချင်း အခန်းကဒ်လေးတွေ ထုတ်ပေးလာသည်။ ဘာမှထွေထွေထူးထူးပြောမနေတော့ပဲ နှစ်ယောက်သား lift နဲ့ အခန်းရှိသည့် တတိယထပ်ကိုတက်ခဲ့ပြီး အခန်းရှေ့ရောက်တော့ တိုက်တိုက်ဆိုင်ဆိုင် မျက်နှာချင်းဆိုင် အခန်းကထွက်လာတဲ့ ကိုအောင်ကျော်နဲ့ ဆုံသည်။

" အယ် မနက်စာသွားစားကြတာလား "

" ဘာ ! ကိုအောင်ကျော် ... ကျွန်တော်တို့ပုံစံက မနက်စာသွားစားပြီး ပြန်လာတဲ့ပုံနဲ့ တူနေလို့လား "

စစ်မင်းပြောလိုက်တော့မှသာ မျက်လုံးပြူးသွားတဲ့ ကိုအောင်ကျော်က စစ်မင်းတို့‌နှစ်ယောက်ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး အသံထွက်မလာပဲ မျက်နှာငယ်နဲ့ ခေါင်းရမ်းသည်။

" ကျွန်တော်တို့ မနေ့ကတည်းက ဂုတ်ထိပ်သွားတာ အခုမှ ပြန်ရောက်တာလေ ... ခင်ဗျား ကျွန်တော်တို့ ပြန်ရောက်လာတာ မသိဘူးလား "

ခရီးရောက်မဆိုက် ပြောလိုက်တဲ့စကားကြောင့် စစ်မင်း တော်တော်စိတ်တိုသွားကာ အော်မိတော့သည်။ ဘေးက Daniel ကတော့ ဘာမှမပြောသေးပဲ ရပ်ကြည့်နေသည်။ ဘယ်လိုတာဝန်မဲ့နေတဲ့ လူလဲမသိပေမယ့် အလုပ်ရှင်နဲ့ ခရီးထွက်နေတာတောင် အလုပ်ရှင်ပြန်ရောက်မလာတာ မသိဘူးဆိုတော့ ဘယ်လိုတောင်မှအလုပ်ကို စိတ်ဝင်စားမှုမရှိတဲ့သူလဲ မှန်းမရတော့။

" ကိုအောင်ကျော် ဒီနေ့ပဲကားယူပြီး ရန်ကုန်ကိုပြန်လိုက်ပါ ... အင်းလေးဆက်သွားဖို့က ကားသတ်သတ် စီစဉ်လိုက်ပြီမလို့ ... ဒယ်ဒီ့ကိုလည်းပြောလိုက် ... အကုန်အဆင်ပြေတယ်လို့ "

" ဟုတ် ဟုတ်ကဲ့ ... ကျွန်တော် ပြန်ဖို့ပြင်လိုက်ပါတော့မယ်ဗျ "

မျက်နှာငယ်လေးနဲ့ ပြောပြီး အခန်းထဲကို ပြန်ဝင်သွားတဲ့ ကိုအောင်ကျော်ကို ကြည့်ပြီး Daniel ရော စစ်မင်းရော သက်ပြင်းချမိကြသည်။ အလုပ်ကို တာဝန်မဲ့နေတဲ့ လူတွေနဲ့ အလုပ်လုပ်လုပ်နေရတာက တကယ်အဆင်မပြေ။ Daniel လို သဘောကောင်းတဲ့ သူနဲ့မလို့ ခံသာနေပြီး မောက်မာတဲ့ အလုပ်ရှင်မျိုးသာဆို ကိုအောင်ကျော်တို့မလွယ်။

" ကဲပါ baby ရယ် ... စိတ်တိုမနေနဲ့တော့ ... အခုလဲ ပြန်လွှတ်လိုက်ပြီပဲ ... ရေချိုးပြီးတော့ နားတော့နော် ... သွား အခန်းထဲ ဝင်တော့ "

စိတ်အလိုမကျနေချိန် စစ်မင်းရဲ့လက်ကို လာဆုပ်ကိုင်တဲ့ လက်ဖဝါးနွေးနွေးလေးက အလိုမကျစိတ်တွေကို ပြေလျော့စေသည်။ စိတ်မတိုဖို့ ချော့ပြောနေတဲ့ သြရှရှအသံ အေးအေးလေးကလည်း နားစည်ထဲကို ချိုမြမြပျော်ဝင်သည်။ ချစ်မိသွားတော့ ဒီလူသားရဲ့အရာရာက ဘာပဲဖြစ်နေနေ ပြည့်စုံနေတယ်တွေးမိတော့တာပဲ။ ပြုံးပြုံးလေးနဲ့ ပါးပေါ်ကပါးချိုင့်လေးပေါ်နေအောင် ချော့ပြောနေတဲ့ လူသားငယ်လေးဆီမှာ အဆုံးစွန်ထိ ရူးသွပ်ပစ်ဖို့ကို စစ်မင်းက အဆင်သင့်ဖြစ်နေပါသည်။

ပြောပါတယ် ဒီလူသားငယ်က နွံအိုင်လေးလို့ ... ရုန်းလေနစ်လေနဲ့ အမြဲနစ်မွန်းစေမယ့် နွံအိုင်ငယ် ... စစ်မင်းကတော့ ကျေကျေနပ်နပ်ကြီး အနစ်မွန်းခံပစ်တော့တာပါပဲ ...

တစ်ယောက်တစ်ခန်းစီ အခန်းကိုယ်စီဝင်သွားပြီး Daniel ကတော့ အခန်းထဲရောက်တာနဲ့ လွယ်ထားတဲ့ လွယ်အိတ်ကိုချပြီး ရေချိုးခန်းထဲဝင် အဝတ်အစားတွေ မြန်မြန်ချွတ်ကာ ကိုယ်လက်သန့်စင်ပြီး ရေချိုးရသည်။ တစ်ချိန်လုံး ပင်ပန်းလာခဲ့သည်မလို့ ရေချိုးနေချိန်မှာ ပြေပျောက်ရသည်။ ရေချိုးနေတုန်း စိတ်ထဲဝင်ရောက်လာတဲ့ မြတ်နိုးရသူကြောင့်လည်း ပြုံးမိသေးသည်။ တစ်ချိန်လုံး မယုံနိုင်ဖြစ်နေမိတာကလည်း အခုချိန်ထိ။

တစ်ဖက်သတ် ချစ်နေခဲ့ရသူ အသေးလုံးလေးကို ပိုင်ဆိုင်နေရပြီ၊ လက်တွဲခွင့်ရနေပြီဆိုတာကို မယုံနိုင်သေး။ ဆုတောင်းတွေကို မယုံကြည်ပေမယ့် ဘုရားပေါ်မှာတုန်းကလည်း ဒီတွဲလက်လေး ခိုင်မြဲဖို့တစ်ခုပဲ ဆုတောင်းနေခဲ့တာကို သိပ်ချစ်ရသူကတာ့ သိမယ်မထင်။ Daniel ကို မြတ်နိုးသမှုနဲ့ အမြဲစိုက်ကြည့်နေတတ်တဲ့ မျက်မှန်အောက်က မျက်ဝန်းဝိုင်းဝိုင်းလေးတွေနဲ့ Daniel တစ်ခုခုပြုမူတိုင်း နှာခေါင်းလုံးလေး ရဲနေအောင် ရှက်သွားတတ်ပေမယ့် အမြဲကြည်ဖြူနေတဲ့ သူကို Daniel သိပ်ချစ်ရပါသည်။ နှလုံးသားတစ်ခုလုံး ရင်းထားပြီး သိပ်ချစ်ရသူမလို့ Daniel က ဆုံးရှုံးခံမည် မဟုတ်တော့ပဲ ပိုလို့တောင် လောဘတက်မိရသည်။

ရေမြန်မြန်ချိုးပြီးတာနဲ့ အဝတ်အစားလဲပြီး ခေါင်းက စိုနေတဲ့ ရေတွေတောင် ခြောက်အောင်မသုတ်နိုင်ပဲ အသေးလေးရှိတဲ့ ကပ်လျက်အခန်းကို သွားရသည်။ အခန်းရှေ့က ဘဲလ်လေးကို တီးလိုက်တော့ ခဏအကြာမှာ တံခါးကပွင့်လာပြီး ကိုယ်လေးကိုကွယ်လို့ ခေါင်းလုံးလုံးလေးက ပြူထွက်လာသည်။ မျက်မှန်မတပ်ထားတဲ့ မျက်နှာလေးက ကြည်ရှင်းပြီး အေးငွေ့လေးရနေတဲ့ သဘောအရ ချစ်ရသူကလည်း Daniel နည်းတူ ရေချိုးပြီးစီးပုံရသည်။

" ရေချိုးပြီးပြီလား baby "

" အင်း ချိုးပြီးပြီ ခုလေးတင်ရယ် ... လာလေ Dany "

ကိုယ်လေးဘေးကိုယို့ပြီး တံခါးဖွင့်ပေးတော့ Daniel လည်း အခန်းထဲလိုက်ဝင်လာသည်။ အသေးလေးကတော့ ရေချိုးပြီးတာကြောင့် ပေါ့ပေါ့ပါးပါးဖြစ်မယ့် အင်္ကျီဘောင်းဘီ လက်ရှည်အပွလေး ဝတ်ထားသည်။ အခန်းထဲရောက်တော့ Daniel က ကုတင်ခြေရင်းမှာ ဝင်ထိုင်ပြီး အသေးလေးကို လိုက်ကြည့်နေသည်။ အခန်းတံခါးသေချာပိတ်ပြီး ပြန်ဝင်လာတဲ့ အသေးလေးရဲ့ လက်ထဲမှာက ရေချိုးခန်ထဲက တဘက်အဖြူလေးတစ်ထည် ပါလာသည်။

" ရေချိုးပြီး ခေါင်းမသုတ်ခဲ့ဘူးမလား ... ဖျားမယ်လေ Daniel ... ကျန်းမာရေးကောင်းတယ်ဆိုပြီး ဒီလိုသာ ခဏခဏသာလုပ်နေ ... ကြာရင် ခေါင်းကိုက်လိမ့်မယ် "

ပွစိပွစိပြောကာ ကုတင်ခြေရင်းမှာ ထိုင်နေတဲ့ Daniel ရဲ့ခေါင်းပေါ်ကို တဘက်လေးအုပ်တင်ပြီး ခပ်ဖွဖွသုတ်ပေးလာသည်။ Daniel ကတော့ သဘောတကျနဲ့ မျက်ရှိရှေ့မှာ မတ်တပ်ရပ်နေတဲ့ အသေးလေးရဲ့ခါးကို လက်နှစ်ဖက်နဲ့ ခပ်တင်းတင်း လှမ်းဖက်လိုက်သည်။ ဗိုက်နွေးနွေးလေးပေါ် မျက်နှာလေးအပ်ကာ ကိုယ်သင်းနံ့လေးကို တစ်ဝကြီး ရှူရှိုက်လိုက်မိသည်။

ချစ်လိုက်ရတာ ...
မြတ်နိုးလိုက်ရတာက တရိပ်ရိပ်ပါပဲ ...

" ကိုယ်လေ မယုံနိုင်သေးဘူး သိလား ... ကိုယ့် baby ကလည်း ကိုယ့်ကို ချစ်တယ်ဆိုတာကိုလေ "

" တကယ်ပါ Dany ... တကယ်မလို့ ယုံလို့ရတယ် ... ကျန်တာမယုံရင်တောင် ကျွန်တော်ကသိပ်ချစ်တယ်ဆိုတာယုံ "

Daniel က အသေးလေး ရင်ခွင်ထဲမှာ မျက်နှာ အပ်ထားရာကနေ ခေါင်းမော့ပြီး အပေါ်မော့ကြည့်လိုက်တော့ အသေးလေးကလည်း တစ်ဖန်စိုက်ကြည့်နေသည်။ ခေါင်းပေါ်ကတဘက်ကြောင့် သေချာမမြင်ရပေမယ့် သူ့ကို မြတ်နိုးလွန်းတဲ့ မျက်ဝန်းကြည်ကြည်လေးတွေနဲ့ စိုက်ကြည့်နေတယ်ဆိုတာကိုတော့ Daniel ခံစားမိပါသည်။

" ဆံပင်ကို dryer နဲ့ မှုတ်လိုက်လေ baby ... အကြာကြီးသုတ်ရင် လက်ညောင်းမယ် "

" ဟင့်အင်း ... dryer နဲ့ဆို ဆံပင်တွေ ပျက်စီးလိမ့်မယ် ... သိလား . ကျွန်တော်ကလေ ဒီဆံပင်တွန့်တွန့်လေးတွေကို တအားသဘောကျတာ "

" အင်း ... အဲ့တာလည်း ကိုယ့် baby အပိုင်လေ "

လွင့်ခနဲပြုံးလိုက်တဲ့ အသေးလေးက ခေါင်းပေါ်မှာတင်ထားတဲ့ တဘက်ကိုဖယ်ပြီး Daniel ရဲ့ ဆံပင်တွေပေါ် နမ်းမွှေးလာသည်။ တဖြည်းဖြည်းမြင့်တက်လာတဲ့ ရင်ခုန်သံတို့ကြောင့် ဖက်ထားတဲ့ ကိုယ်လုံးလေးကို ပိုမိုတိုးကပ်လို့ ရင်ဘတ်နဲ့ ဖိထားရတဲ့အဖြစ်ကိုရောက်သည်။

" ကဲပါ ... လာ ကိုယ့် ဆံပင်တွေက ခြောက်နေပါပြီ ... ကိုယ့် baby ခြေထောက်ဘယ်လိုနေသေးလဲ ... လာ ဆေးလိမ်းရအောင် "

" သက်သာသွားပါပြီ ... တစ်ချက်တစ်ချက်ပဲနာတော့တာ "

ဖက်ထားတဲ့ ကိုယ်လုံးလေးကိုလွှတ်ပြီး လက်ကိုဆွဲလို့ အသေးလေးကို Daniel က ကုတင်ပေါ်ထိုင်ခိုင်းလိုက်သည်။ အခန်းထဲက ထွက်မလာခင် မှတ်မှတ်ရရ ယူလာခဲ့တဲ့ ဆေးဘူးလေးကို ဘောင်းဘီအိတ်ကပ်ထဲက ထုတ်လိုက်ကာ ထိုင်နေရာကနေထပြီး အသေးလေးရဲ့ ခြေထောက်နားမှာ ဒူးတစ်ဖက်ချ ထိုင်လိုက်သည်။ ဝတ်ထားတဲ့ ဘောင်းဘီရှည်ပွပွကို အသာဆွဲတင်လိုက်ပြီး အနည်းငယ် အညိုအမည်းစွဲကာ ရဲနေသေးတဲ့ ခြေကျင်းဝတ်လေးပေါ် ဆေးသေချာ ပွတ်လိမ်းပေးရသည်။

" ကိုယ်နည်းနည်းနှိပ်ပေးမယ်နော် ... နာရင်ပြော "

" ဆေးလိမ်းရင်ကို ရပါတယ် Daniel ရဲ့ "

" မရပါဘူးနော် ... baby မြန်မြန်သက်သာမှဖြစ်မှာပေါ့ "

ဒဏ်ရာ‌နားကို သေသေချာချာ ဆေးလိမ်းကာ နှိပ်နယ်ပြီးသည်နှင့် Daniel က ကုတင်ပေါ်ထိုင်နေတဲ့ အသေးလေးကို မော့ကြည်လိုက်သည်။ ပြန်စူးစိုက်ကြည့်နေသည့် မျက်လုံးဝိုင်းလေးတွေနဲ့ အကြည့်ချင်းဆုံလိုက်ရတာကြောင့် နှုတ်ခမ်းတစ်ဖက်ကို တွန့်ကွေးလို့ ပြုံးပြလိုက်သည်။ 

" ဟာ baby ရာ ... ဒါကတော့ ကိုယ်သေနိုင်တယ်နော် "

နွေးထွေးသွားတဲ့ နဖူးပြင်ကြောင့် Daniel က ညည်းညည်းညူညူလေးဆိုလိုက်သည်။

" ကျေးဇူးတင်လို့ ဆုချတာ "

" Baby ကတော့ကွာ ... "

Daniel သိတာရှိတာ တစ်ခုထပ်ရှိသေးသည်။ Froehead kiss ဆိုတာက မြတ်နိုးခြင်းကို ဖော်ပြပါသည်တဲ့။ 

" Baby ... ကိုယ်အိပ်ချင်ပြီ "

" အယ် ~ အခန်းပြန်တော့မှာလား "

ရုတ်တရက် ပြောလိုက်တဲ့စကားကြောင့် အသေးလေးက ချက်ချင်းထရပ်ပြီး တံခါးဖွင့်ဖို့ ပြင်ပေမယ့် Daniel ကတော့ လက်ကိုဆွဲကာ ကုတင်ပေါ် အသာပြန်ထိုင်ခိုင်းသည်။

ဘယ်သူက ပြန်မယ်ပြောလို့လဲ ...

" ကိုယ် ဒီမှာအိပ်မှာ "

မရယ်မပြုံးတဲ့ မျက်နှာနဲ့ ခပ်တည်တည်ပြောကာ ရှည်လျားပြီး မိုးထိုးနေတဲ့ အရပ်ကြီးမှအားမနာ Daniel က ကုတင်ပေါ်ကို ခုန်တက်လိုက်သည်။ အံ့သြနေပုံရသည့် အသေးလုံးကတော့ ကုတင်ခြေရင်းမှာထိုင်ပြီး Daniel ကို ကြောင်အအကြည့်နေသည်။

" လာ တူတူအိပ်ရအောင် ... ကိုယ့် ရင်ခွင်ထဲလာ "

လက်လေးတစ်ဖက်ကို ဆန့်ပြီးခေါ်လိုက်တော့ နှာခေါင်းလေးနဲ့ နားရွက်ဖျားတွေက ရဲစွေးသွားသည်။

" မရှက်ပါနဲ့ baby ရယ် "

" မဟုတ်တာ မပြောနဲ့နော် Daniel ... ဘာ်သူက ရှက်နေလို့လဲ "

Daniel က ဘာမှ ဆက်မပြောပဲ မေးဆတ်လို့ မျက်ခုံးလေးပင့်ကာ ထပ်ခေါ်လိုက်တော့ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ဒူးလေးထောက်ကာ ကုတင်ပေါ်ကို တရွေ့ရွေ့တက်လာသည်။ အနားရောက်လာပြီး လှဲမအိပ်သေးတာကြောင့် Daniel က လက်ကိုကိုင်ပြီး ဆွဲချလိုက်တော့ အလိုက်သင့် ရင်ခွင်ထဲ ရောက်လာသည်။

" ပြောတော့ မရှက်ဘူးဆို "

ရင်ခွင်ထဲရောက်နေတဲ့ အသေးလေးက မျက်နှာလေးကို Daniel ရဲ့ ရင်ခွင်ထဲ အပ်ထားကာ အောက်ငုံထားပြီး ခေါင်းကိုဖော်မလာတော့။

" Baby ~ ကိုယ့်ကို ကြည့်ပါဦး baby "

Daniel က ငုံ့နေသည့် အသေးလုံးလေးရဲ့ မျက်နှာလေးကိုပင့်ကိုင်ကာ ရင်ခွင်ထဲကနေ ဆွဲထုတ်တော့ မော့မော့လေး ပါလာသည်။ စိုက်ကြည့်နေရာကနေ ဘာမှ မပြောတော့ပဲ မော့မာ့လေးပါလာတဲ့ မျက်နှာနားလေး ဦးတည်တော့ မျက်ဝန်းဝိုင်းဝိုင်းတွေက မှိတ်ကျသွားသည်။

နဖူးပြင်ကို ဦးတည်လို့ နမ်းမွှေးမိတာကလည်း ရင်ခွင်ထဲက အသေးလုံးလေးလို ထပ်တူမြတ်နိုးပါတယ်ဆိုတဲ့ Daniel ရဲ့ သက်သေတစ်ခု။ ခပ်ကြာကြာဖိကပ်ထားတဲ့ နဖူးပြင်လေးကနေမခွာမိပဲ လက်တွေကို နေရာရွေ့ကာ ကိုယ်လုံးနွေးနွေးလေးကို Daniel ခပ်တင်းတင်း ဖက်ထားမိပါသည်။

စကားတွေ အများကြီးပြောနေစရာမလိုပါဘူး ...

အပြုအမူတွေကနေလဲ မြတ်နိုးကြောင်း
ထပ်တူမြတ်နိုးရတဲ့ သိပ်ချစ်ရသူသိပါစေ ...

___________

ပိုလို့ ပိုလို့သာ မြတ်နိုးမိတာ ...

To be continue ...

Продолжить чтение

Вам также понравится

2.6M 183K 57
Marriage Life လေးကို ပုံဖော်ထားပါတယ်။ သွေးထက်သံယိုဖြစ်ခြင်းများအနည်းငယ်ပါနိုင်ပါသည်။ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖန်တီးထားတာဖြစ်တဲ့အတွက် လက်တွေ့နဲ့ မသက...
Unwanted Wife Of Mafia King Sunita Varma

Любовные романы

4.8M 302K 108
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
Royally yours Srinidhi Chava

Любовные романы

2M 113K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
1.6M 139K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...