Aunty NiNi

By Just___K

173K 14.2K 3K

ဘန္ဘန္ေလးရဲ႕ အန္တီနီနီ အန္တီနီနီ + ဘန္ဘန္ေလး = ? ဘန်ဘန်လေးရဲ့ အန်တီနီနီ အန်တီနီနီ + ဘန်ဘန်လေး = ? Ref; Crd Id... More

[1]
[2]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21]
[22]
[23]
[24]
[25]
Bonus
Special Edition 1
Special Edition 2 [Happy Valentine's day]

[3]

6.4K 559 49
By Just___K

[Zawgyi]

...တကၠသိုလ္ဝင္တန္း...

ကဲကဲ...readerတို႔နဲ႔ ျပန္ေတြ႕ရၿပီ😊
ေပ်ာ္လိုက္တာ အဟိဟိ။

ဒီေန႔ ကြၽန္ေတာ္ ေဆြးေနြးခ်င္တာက တကၠသိုလ္ဝင္တန္းက စာေတြအေၾကာင္း တေစ့တေစာင္းေပါ့ေနာ္ 😉
ဘဝတြက္တာ ဘာသာေလး ထည့္တာေလးေတာ့
ကြၽန္ေတာ္ ေတာ္ေတာ္ သေဘာက်တယ္ဗ်။ 
အဲ...အဲ့ဒီမွာ...

"ထြန္းထြန္း နွင့္ ခ်ိဳခ်ိဳသည္.....အဲ..ထြန္းထြန္း နွင့္..ဟို.
ဘယ္သူပါလိမ့္..."

ရား...😒 ဒီမွာ reader ေတြနဲ႔စကားေျပာေနတာေလ
ဘယ္ဆယ္တန္းကေလးက အသံၿပဲႀကီးနဲ႔ စာေအာ္က်က္
ေနတာလဲ😒😒

"အား သိၿပီ ထြန္းထြန္းနွင့္ခ်ိဳခ်ိဳသည္....အဲ..
ဘာျဖစ္ခ်င္ၾကတာပါလိမ့္"

ဒီကေလးကေတာ့ကြာ😒😒😒

က်စ္...ကြၽန္ေတာ္တို႔မွ ကူက်က္မေပးရင္ ဒီကေလးက
ထြန္းထြန္း နဲ႔ခ်ိဳခ်ဳိကေန တက္မွာ မဟုတ္ေတာ့ဘူး။

ကြၽန္ေတာ္တို႔ ကူက်က္ေပးသင့္ပါတယ္ ဘာလို႔လဲဆိုေတာ့ ကေလးက SNU(Seoul National University) ကိုဝင္ခြင့္ရခ်င္လို႔ပဲ ျဖစ္ပါတယ္။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

ေနာက္တစ္နွစ္ေနြရာသီ ေက်ာင္းပိတ္ရက္ေရာက္ေတာ့ ေမေမက က်ဴရွင္စပို႔ပါတယ္။ ဒီနွစ္ကစၿပီး ႀကိဳးစားရမယ္တဲ့။
ဒါမွ ေနာက္နွစ္ တက္မယ့္ တကၠသိုလ္ဝင္တန္းမွာ အေျခခိုင္မွာတဲ့။ေမေမရယ္ ေစာေစာကေျပာေရာေပါ့........ဒါမွန္းသိ အရင္က စာမႀကိဳးစားခဲ့ပါဘူး... ဒီနွစ္မွႀကိဳးစားမွာေပါ့😔  ခုေတာ့ ဆုေတြရထားတာက ဘာလုပ္ရမွာတဲ့လဲ😒

ဘန္ဘန္ေလးက အဲ့လိုပဲ စာလည္းေတာ္ ဉာဏ္ကလည္း ထက္ျမတ္ ပါေသးတယ္။အကနဲ႔ပတ္သတ္ရင္လည္း
ဆုေတြအမ်ားႀကီးရဖူးပါတယ္။

ကဲကဲ ...ဒီနွစ္ေတာ့ ေမေမေျပာသလို အႀကိတ္အနယ္
ကို ႀကိဳးစားမွ ျဖစ္မယ္။ ဒါမွ ေနာက္နွစ္ တကၠသိုလ္ဝင္တန္းေရာက္ရင္ အေျခခိုင္ၿပီး စာၾကည့္ရလြယ္မွာ။

ကဲ..စာၾကည့္ၿပီေနာ္....တာ့တာ👋

🔸🔸🔸🔸🔸🔸

ဒီလိုနဲ႔ ဘန္ဘန္ေလးဟာ တကၠသိုလ္ဝင္တန္းကို
ေရာက္လာခဲ့ပါတယ္။

"ေမေမ ဘန္ဘန္ ဘဝတြက္တာေတြ
မက်က္ခ်င္ေတာ့ဘူး"

"ဟဲ့ ဘဝတြက္တာက က်က္ရမွာမဟုတ္ဘူးေလ ဒီတိုင္း သမီးတို႔ ဘဝအတြက္ ေဆာင္ရမယ့္ ေရွာင္ရမယ့္
အရာေတြကို သင္ေပးတာေလ"

"သိပါဘူး ေက်ာင္းကဆရာမက က်က္ခိုင္းေနတာ"

အဲ့အခ်ိန္မွာပဲ ဘန္ဘန္ေလး အေဒၚကဝင္ေျပာပါေတာ့
တယ္။

"ငါ့တူမ မက်က္ခ်င္ရင္ မက်က္နဲ႔ ပင္ပန္းတယ္"

မွန္တယ္ ေဒၚေလးမွန္တယ္။
ပင္ပန္းရင္ မက်က္သင့္ဘူး။

"အစ္မေနာ္ ကေလးကိုမဖ်က္ဆီးနဲ႔  သူ႔ဆရာမက
က်က္ခိုင္းရင္ေတာ့ က်က္ရမွာေပါ့"

ဟြန္႔ ေမေမကို အမ်ိဳးမ်ိဳး။

"အို..ညည္းေအ ကေလးခမ်ာ တျခားဘာသာေတြလည္း လုပ္ရေသးတာကို ပင္ပန္းတာေပါ့"

"အစ္မ..×××%&"

"××××&&*%%%"

မသိဘူး ရန္ဆက္ျဖစ္ေနခဲ့ၾကေတာ့😝
အဲ့လို ရန္ျဖစ္ၾကရင္ ဘန္ဘန္ေလးက စာက်က္ရင္း
ခဏနားလို႔ရလုိ႔ပါ။
ကေလးက ရန္တိုက္ေပးတယ္လို႔ေတာ့ မထင္ေစခ်င္ပါဘူး😔တကၠသိုလ္ဝင္တန္းက အေတာ္ကိုပင္ပန္းလို႔
နည္းနည္းေလး အနားယူမွ ျဖစ္မွာမို႔ပါ။ 😔

ဒါေတြ အန္တီ သိသင့္တယ္။
သိလား..အန္တီရဲ႕..😒
ဘန္ဘန္ေလးမွာ အန္တီနဲ႔ တစ္နိုင္ငံထဲ အတူေနခ်င္လို႔
ရွင္းရွင္းေျပာရရင္ နီးစပ္ခ်င္လို႔ ဒီလိုေတြလုပ္ေနတာေနာ္။
အေၾကာင္းျပခ်က္ေတြ အကုန္လံုးရဲ႕ ေခါင္းစဥ္က အန္တီပဲဆိုတာ....သိဘို႔...

လြမ္းလိုက္တာ အန္တီရယ္😞😢😭

အရမ္းလြမ္းလြန္းလို႔ မေနနိုင္ေတာ့တဲ့အဆံုး
တစ္ခါက Albumအေဟာင္းထဲမွာ ေတြ႕မိတဲ့
အန္တီ့ပံုေလးကို ဘန္ဘန္ ထုတ္လိုက္တယ္။။
ၿပီးေတာ့ ရင္ဘတ္ေပၚတင္ထားလိုက္တယ္။

အဲ့ဒါ ဘန္ဘန္ရဲ႕ အန္တီ ငယ္ငယ္ကပံုပါေနာ္😌
ဘယ္ေလာက္ခ်စ္စရာေကာင္းလဲ ၾကည့္
နႈတ္ခမ္းေလးကစူထားေသး..
မ်က္လံုးေလးက အသက္😊

ဘန္ဘန္ေလးက ဒီကေန ရင္ေငြ႕ေတြ ေပးေနမွာမို႔
အန္တီ ကိုရီးယားမွာ ေနြးေနမွာေသခ်ာတယ္ ☺️

တစ္ရက္ၿပီး တစ္ရက္နဲ႔ စာေတြလုပ္လာလိုက္တာ
ဘန္ဘန္ေလးလည္း စာေတြ အေတာ္ပိုင္ေနပါၿပီ။

ဘန္ဘန္ တစ္ခုစဥ္းစားေနတာ...
ဘန္ဘန္တို႔နဲ႔ အိမ္နီးခ်င္းနိုင္ငံကေပါ့ေနာ္
သူတို႔ရဲ႕ social media accountေတြကိုၾကည့္
လိုက္ရင္ Universityေနရာမွာ SNU ေတြခ်ည္းေရးထားတာပဲ။

ဘန္ဘန္ၾကည့္ဖူးတဲ့ Sky Castle K-drama seriesထဲမွာဆိုရင္ SNU ကိုဝင္ခြင့္ရဖို႔ ေသေအာင္စာလုပ္ၾကရတာ😦  အဲ့နိုင္ငံက လူေတြလည္း ေတာ္ေတာ္စာလုပ္ၾကမွာပဲေနာ္😞

ဘန္ဘန္ေလး အားက်ေနပါၿပီ😣🤧
ေနာက္အဲ့လူေတြနဲ႔ ႀကံဳမွ ဘယ္လိုႀကိဳးစားၾကလဲ
ေမးဦးမွပါ🙄။

တကၠသိုလ္ဝင္တန္းဆိုေတာ့လည္း သိတဲ့အတိုင္းပဲ။
အိမ္က ဂရုစိုက္လုိက္တာ ဂရုစိုက္လိုက္တာ ဆိုတာေလ...
အေဟေဟး...စားၿပီးသားပန္းကန္လည္း ခ်ထားရံုပဲ။
အဝတ္ေတြလည္း ဘယ္နားခ်ထားခဲ့ထားခဲ့ ျပန္သိမ္းစရာ
မလိုဘူး။  ...ဇိမ္ပဲ။ 😊

ဒီလိုနဲ႔ ...တကၠသိုလ္ဝင္စာေမးပြဲႀကီးစေျဖပါၿပီ။

ပထမရက္ ...

ဒုတိယရက္...

တတိယရက္....
:

:

:

ေနာက္ဆံုးရက္ေရာက္ၿပီးရင္ တကၠသိုလ္ဝင္တန္းေက်ာင္းသားေတြဟာ နန္းက်ဘုရင္လိုပါပဲ။ ဘန္ဘန္ေလးကလည္း အပါအဝင္ေပါ့ေလ။

"လီဆာမာနိုဘန္!!!!အဝတ္ေတြ လွန္းစမ္း"

"ဟုတ္!!!"

"လီဆာမာနိုဘန္!!!ပန္းကန္ေတြေဆးစမ္း"

"ဟုတ္!!!!"

"မာနိုဘန္!!! ၿခံထဲသန္႔ရွင္းေရးသြားလုပ္စမ္း"

"ဟုတ္!!!"

"မာနိုဘန္!!!!  ဆိတ္ေတြ အစာေကြၽးစမ္း"

"ေကြၽးေနတယ္!!!"

"မာနိုဘန္!! ....×××××××"

"ဘန္ဘန္!!!....×××××××"

ဘန္ဘန္ေလး အသက္ ၁၆နွစ္မွာတကၠသိုလ္ဝင္တန္းကို အမွတ္ေကာင္းေကာင္းနဲ႔ ေအာင္ျမင္ခဲ့ပါတယ္။။

ဘယ္ေလာက္ထိေအာင္ အမွတ္ေတြကေကာင္းလဲဆို

"သမီးေလး စင္ကာပူမွာ မတက္ခ်င္ဘူးလား"

"ဟင့္အင္း"

"ဟားဗတ္ ဟားဗတ္"

"နိုး"

"ေအာက္စဖို႔ဒ္ေရာ"

"ေတာ္"

"ဂရင္းဝွစ္ခ်္ ယူနီဗာစတီ"

"ဒိုးလိုက္ေတာ့ "

"အဲဒါဆို ဆစ္ဒနီကိုသြားမလား အဲ့ကပညာေရးလည္း
မဆိုးဘူးလို႔ၾကားတယ္"

ဆစ္ဒနီလည္း မသြားခ်င္ပါ။ ဆစ္ဒျပာလည္း မသြားခ်င္ပါ။

"လီဆာမာနိုဘန္ !!ေမေမစိတ္မရွည္ေတာ့ဘူးေနာ္
ဒီေလာက္ေကာင္းတဲ့ေနရာေတြကို ပို႔ေနတာ ဘာကိစၥ
မတက္ခ်င္ရတာလဲ"

ဘန္ဘန္ေလးဝမ္းနည္းလာတယ္😔
ဘန္ဘန္ ဘာျဖစ္ခ်င္လဲ သူတို႔မေမးၾကဘူး။
သူတို႔တက္ေစခ်င္တဲ့ ယူနီဗာစတီေတြပဲ ေျပာေနၾကတယ္။
ဘန္ဘန္ စိတ္ညစ္လာၿပီ။
ေအာ္ငိုခ်င္လာၿပီ။

အဟင့္ဟင့္.....

"ငါ့တူမ   ငါ့တူမေလးဘာလို႔ငိုေနတာလဲကြယ္  ငါ့တူမကိုငိုေအာင္ဘယ္သူလုပ္တာလဲ"

"ဘယ္သူလုပ္ရမွာလဲ ေမေမတို႔ေပါ့
ေမေမတို႔ေျပာတဲ့ ေက်ာင္းေတြ တစ္ခုမွ မတက္ခ်င္ပါဘူး"

"အဲ့ဒါဆို ငါ့တူမေလးက ဘယ္မွာတက္ခ်င္တာလဲ"

ဘန္ဘန္ေလးက ငယ္ငယ္ကတည္းက ဆံုးျဖတ္ခ်က္ခ်ၿပီးသားပါေနာ္ အန္တီရွိတဲ့ကိုရီးယားကိုပဲ သြားမွာလို႔။😌

"ဘန္ဘန္က ကိုရီးယားမွာပဲ တက္ခ်င္တာ"

"အစ္မတို႔က ဇြတ္အလိုလိုက္ေတာ့မယ္"
ေမေမကဝင္ေျပာပါေတာ့တယ္။

"ဟဲ့ ငါ့တူမတက္ခ်င္တဲ့ေနရာ တက္ပေလ့ေစေပါ့
အမွတ္ေတြကလည္းေကာင္းေနတာကို"

"ေနပါဦး ဘာလို႔ကိုရီးယားကိုသြားတက္ခ်င္ရတာတုန္း"

အန္တီ့ကိုသြားခိုးမလို႔႔ လို႔ဘန္ဘန္ေျဖမလို႔ပါပဲ။
ဒါေပမဲ့ ဉာဏ္ေကာင္းတဲ့ ဘန္ဘန္ေလးဟာ အဲ့လိုေျဖရင္
ျပည္ထြက္ခြင့္ပိတ္သြားမွာေပါ့ေနာ္။

"ဒီတိုင္း....အဲ့မွာတက္ခ်င္လို႔ေပါ့ ေမေမရ"

ေမေမတစ္ေယာက္နဲ႔လည္း ခက္တယ္😞
တျခားနိုင္ငံေတြက် လႊတ္ၿပီး ကိုရီးယားက်မွ
စစ္လား ေဆးလားလုပ္ေနတယ္ ဒုကၡပါပဲ😞

ဒါေပမဲ့ ဒီဒုကၡေတြကို ဘန္ဘန္ေလး မမႈပါဘူး😊
အန္တီနဲ႔ နီးဖို႔အေရး လုပ္သင့္တာ အားလံုးကို လုပ္ရ
မွာပဲ။

"ကဲ ကဲ အဲ့ဒါဆိုလည္း ၿပီးတာပဲ "

ေနာက္ဆံုးမွာ ညႇိနွိုင္းမႈႀကီး ေအာင္ျမင္သြားပါေတာ့တယ္။

ဘန္ဘန္ေလး ကိုရီးယားက SNUမွာ ေက်ာင္းတက္ခြင့္
ရသြားပါၿပီ😉😉။

Yay!!... 🤩🤩

ဘန္ဘန္ေလး ဒီညေတာ့ ေကာင္းေကာင္းအိပ္ေပ်ာ္ပါၿပီေနာ္။

အိပ္ရာေပၚ ဝုန္းခနဲ ခုန္တက္လိုက္ၿပီး ေဘးနားကစားပြဲေပၚမွာ တင္ထားတဲ့ ဒိုင္ယာရီ စာအုပ္ေလးကို ထုတ္ယူလိုက္တယ္။ ၿပီးေတာ့ ...

ခဏပဲေစာင့္ပါ အန္တီေရ
ဘန္ဘန္ေလး လာေတာ့မွာ
အန္တီနဲ႔ နီးေတာ့မွာ😙

လို႔ ေရးလို္က္တယ္။

ေနာက္ၿပီး  ဟိုတေလာကမွ အိမ္သန္႔ရွင္းေရးလုပ္ရင္း
ထပ္ၿပီးေတြ႕ထားတဲ့့ အန္တီ့ရဲ႕ ပံုေလးေတြကိုထုတ္လိုက္တယ္။  

ဒီေနရာမွာ ဘန္ဘန္ေလးက ၾကားျဖတ္ေျပာၾကည့္ခ်င္တယ္။ ပံု၂ပံုျပရတာေတာင္ လြန္ေနၿပီ။ ကိုယ့္ခ်စ္သူမွန္း လူသိေစခ်င္လို႔သာျပေနတာ 😌 သိပ္ေတာ့မျပခ်င္ဘူးရယ္။
သမ်ား အန္တီက ဘယ္ေလာက္ခ်စ္ဖို႔ေကာင္းလဲဆိုတာ
ၾကည့္ၾကပါေနာ္။

ဘန္ဘန္႔ေမေမနဲ႔ အန္တီတို႔ဟာ ငယ္ငယ္ကတည္းက
ခင္တဲ့ သူငယ္ခ်င္းေတြျဖစ္တာေၾကာင့္  ပံုေတြရွိေနတာ
မဆန္းၾကယ္ပါဘူး။

ကေလးေလး ကတည္းက ခ်စ္ဖို႔ေကာင္းတဲ့ အန္တီ😗
ၾကည့္ပါဦး အူယားစရာေကာင္းလိုက္တာ😢
ဘန္ဘန္႔ကို ေႂကြေအာင္ မတရားလုပ္တယ္ 😏
သြား..အန္တီ လူဆိုး😒

ပံုေတြၾကည့္ရင္း တျဖည္းျဖည္း နမ္းခ်င္လာတယ္

အဲ့ဒါနဲ႔ပဲ......

စူထားတဲ့ နႈတ္ခမ္းေလးကို ...အူး...မြ..😚😚😙
ပါးေလးနွစ္ဖက္ကို အူး..မြ 😙
နဖူးေလးကို အူး.....မြ😙
ေမးေစ့ေလးကို အူး....မြ😙
နွာေခါင္းေလးကို အူး....မြ😙
မ်က္လံုးေလးကို အူး...မြ😚 မြမြမြ😙😙😙

အရမ္း  အရမ္း အရမ္း ခ်စ္ပါတယ္ အန္တီေရ😘😘

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

Readerေတြ အကုန္လံုးလည္း  အူး...မြ😙
အသည္းေလးေတြ ေပးလိုက္ၿပီ။ 🙆🙆






ဘာလဲ ဘန္ဘန္ေပးတာမဟုတ္လို႔ မလိုခ်င္ၾကဘူးလား😒

5Jun20 10:07PM

---------------------------------------------------------

[Unicode]


...တက္ကသိုလ်ဝင်တန်း...

ကဲကဲ...readerတို့နဲ့ ပြန်တွေ့ရပြီ😊
ပျော်လိုက်တာ အဟိဟိ။

ဒီနေ့ ကျွန်တော် ဆွေးနွေးချင်တာက တက္ကသိုလ်ဝင်တန်းက စာတွေအကြောင်း တစေ့တစောင်းပေါ့နော် 😉
ဘဝတွက်တာ ဘာသာလေး ထည့်တာလေးတော့
ကျွန်တော် တော်တော် သဘောကျတယ်ဗျ။ 
အဲ...အဲ့ဒီမှာ...

"ထွန်းထွန်း နှင့် ချိုချိုသည်.....အဲ..ထွန်းထွန်း နှင့်..ဟို.
ဘယ်သူပါလိမ့်..."

ရား...😒 ဒီမှာ reader တွေနဲ့စကားပြောနေတာလေ
ဘယ်ဆယ်တန်းကလေးက အသံပြဲကြီးနဲ့ စာအော်ကျက်
နေတာလဲ😒😒

"အား သိပြီ ထွန်းထွန်းနှင့်ချိုချိုသည်....အဲ..
ဘာဖြစ်ချင်ကြတာပါလိမ့်"

ဒီကလေးကတော့ကွာ😒😒😒

ကျစ်...ကျွန်တော်တို့မှ ကူကျက်မပေးရင် ဒီကလေးက
ထွန်းထွန်း နဲ့ချိုချိုကနေ တက်မှာ မဟုတ်တော့ဘူး။

ကျွန်တော်တို့ ကူကျက်ပေးသင့်ပါတယ် ဘာလို့လဲဆိုတော့ ကလေးက SNU(Seoul National University) ကိုဝင်ခွင့်ရချင်လို့ပဲ ဖြစ်ပါတယ်။

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

နောက်တစ်နှစ်နွေရာသီ ကျောင်းပိတ်ရက်ရောက်တော့ မေမေက ကျူရှင်စပို့ပါတယ်။ ဒီနှစ်ကစပြီး ကြိုးစားရမယ်တဲ့။
ဒါမှ နောက်နှစ် တက်မယ့် တက္ကသိုလ်ဝင်တန်းမှာ အခြေခိုင်မှာတဲ့။မေမေရယ် စောစောကပြောရောပေါ့........ဒါမှန်းသိ အရင်က စာမကြိုးစားခဲ့ပါဘူး... ဒီနှစ်မှကြိုးစားမှာပေါ့😔  ခုတော့ ဆုတွေရထားတာက ဘာလုပ်ရမှာတဲ့လဲ😒

ဘန်ဘန်လေးက အဲ့လိုပဲ စာလည်းတော် ဉာဏ်ကလည်း ထက်မြတ် ပါသေးတယ်။အကနဲ့ပတ်သတ်ရင်လည်း
ဆုတွေအများကြီးရဖူးပါတယ်။

ကဲကဲ ...ဒီနှစ်တော့ မေမေပြောသလို အကြိတ်အနယ်
ကို ကြိုးစားမှ ဖြစ်မယ်။ ဒါမှ နောက်နှစ် တက္ကသိုလ်ဝင်တန်းရောက်ရင် အခြေခိုင်ပြီး စာကြည့်ရလွယ်မှာ။

ကဲ..စာကြည့်ပြီနော်....တာ့တာ👋

🔸🔸🔸🔸🔸🔸

ဒီလိုနဲ့ ဘန်ဘန်လေးဟာ တက္ကသိုလ်ဝင်တန်းကို
ရောက်လာခဲ့ပါတယ်။

"မေမေ ဘန်ဘန် ဘဝတွက်တာတွေ
မကျက်ချင်တော့ဘူး"

"ဟဲ့ ဘဝတွက်တာက ကျက်ရမှာမဟုတ်ဘူးလေ ဒီတိုင်း သမီးတို့ ဘဝအတွက် ဆောင်ရမယ့် ရှောင်ရမယ့်
အရာတွေကို သင်ပေးတာလေ"

"သိပါဘူး ကျောင်းကဆရာမက ကျက်ခိုင်းနေတာ"

အဲ့အချိန်မှာပဲ ဘန်ဘန်လေး အဒေါ်ကဝင်ပြောပါတော့
တယ်။

"ငါ့တူမ မကျက်ချင်ရင် မကျက်နဲ့ ပင်ပန်းတယ်"

မှန်တယ် ဒေါ်လေးမှန်တယ်။
ပင်ပန်းရင် မကျက်သင့်ဘူး။

"အစ်မနော် ကလေးကိုမဖျက်ဆီးနဲ့  သူ့ဆရာမက
ကျက်ခိုင်းရင်တော့ ကျက်ရမှာပေါ့"

ဟွန့် မေမေကို အမျိုးမျိုး။

"အို..ညည်းအေ ကလေးခမျာ တခြားဘာသာတွေလည်း လုပ်ရသေးတာကို ပင်ပန်းတာပေါ့"

"အစ်မ..×××%&"

"××××&&*%%%"

မသိဘူး ရန်ဆက်ဖြစ်နေခဲ့ကြတော့😝
အဲ့လို ရန်ဖြစ်ကြရင် ဘန်ဘန်လေးက စာကျက်ရင်း
ခဏနားလို့ရလို့ပါ။
ကလေးက ရန်တိုက်ပေးတယ်လို့တော့ မထင်စေချင်ပါဘူး😔တက္ကသိုလ်ဝင်တန်းက အတော်ကိုပင်ပန်းလို့
နည်းနည်းလေး အနားယူမှ ဖြစ်မှာမို့ပါ။ 😔

ဒါတွေ အန်တီ သိသင့်တယ်။
သိလား..အန်တီရဲ့..😒
ဘန်ဘန်လေးမှာ အန်တီနဲ့ တစ်နိုင်ငံထဲ အတူနေချင်လို့
ရှင်းရှင်းပြောရရင် နီးစပ်ချင်လို့ ဒီလိုတွေလုပ်နေတာနော်။
အကြောင်းပြချက်တွေ အကုန်လုံးရဲ့ ခေါင်းစဉ်က အန်တီပဲဆိုတာ....သိဘို့...

လွမ်းလိုက်တာ အန်တီရယ်😞😢😭

အရမ်းလွမ်းလွန်းလို့ မနေနိုင်တော့တဲ့အဆုံး
တစ်ခါက Albumအဟောင်းထဲမှာ တွေ့မိတဲ့
အန်တီ့ပုံလေးကို ဘန်ဘန် ထုတ်လိုက်တယ်။။
ပြီးတော့ ရင်ဘတ်ပေါ်တင်ထားလိုက်တယ်။

အဲ့ဒါ ဘန်ဘန်ရဲ့ အန်တီ ငယ်ငယ်ကပုံပါနော်😌
ဘယ်လောက်ချစ်စရာကောင်းလဲ ကြည့်
နှုတ်ခမ်းလေးကစူထားသေး..
မျက်လုံးလေးက အသက်😊

ဘန်ဘန်လေးက ဒီကနေ ရင်ငွေ့တွေ ပေးနေမှာမို့
အန်တီ ကိုရီးယားမှာ နွေးနေမှာသေချာတယ် ☺️

တစ်ရက်ပြီး တစ်ရက်နဲ့ စာတွေလုပ်လာလိုက်တာ
ဘန်ဘန်လေးလည်း စာတွေ အတော်ပိုင်နေပါပြီ။

ဘန်ဘန် တစ်ခုစဉ်းစားနေတာ...
ဘန်ဘန်တို့နဲ့ အိမ်နီးချင်းနိုင်ငံကပေါ့နော်
သူတို့ရဲ့ social media accountတွေကိုကြည့်
လိုက်ရင် Universityနေရာမှာ SNU တွေချည်းရေးထားတာပဲ။

ဘန်ဘန်ကြည့်ဖူးတဲ့ Sky Castle K-drama seriesထဲမှာဆိုရင် SNU ကိုဝင်ခွင့်ရဖို့ သေအောင်စာလုပ်ကြရတာ😦  အဲ့နိုင်ငံက လူတွေလည်း တော်တော်စာလုပ်ကြမှာပဲနော်😞

ဘန်ဘန်လေး အားကျနေပါပြီ😣🤧
နောက်အဲ့လူတွေနဲ့ ကြုံမှ ဘယ်လိုကြိုးစားကြလဲ
မေးဦးမှပါ🙄။

တက္ကသိုလ်ဝင်တန်းဆိုတော့လည်း သိတဲ့အတိုင်းပဲ။
အိမ်က ဂရုစိုက်လိုက်တာ ဂရုစိုက်လိုက်တာ ဆိုတာလေ...
အဟေဟေး...စားပြီးသားပန်းကန်လည်း ချထားရုံပဲ။
အဝတ်တွေလည်း ဘယ်နားချထားခဲ့ထားခဲ့ ပြန်သိမ်းစရာ
မလိုဘူး။  ...ဇိမ်ပဲ။ 😊

ဒီလိုနဲ့ ...တက္ကသိုလ်ဝင်စာမေးပွဲကြီးစဖြေပါပြီ။

ပထမရက် ...

ဒုတိယရက်...

တတိယရက်....
:

:

:

နောက်ဆုံးရက်ရောက်ပြီးရင် တက္ကသိုလ်ဝင်တန်းကျောင်းသားတွေဟာ နန်းကျဘုရင်လိုပါပဲ။ ဘန်ဘန်လေးကလည်း အပါအဝင်ပေါ့လေ။

"လီဆာမာနိုဘန်!!!!အဝတ်တွေ လှန်းစမ်း"

"ဟုတ်!!!"

"လီဆာမာနိုဘန်!!!ပန်းကန်တွေဆေးစမ်း"

"ဟုတ်!!!!"

"မာနိုဘန်!!! ခြံထဲသန့်ရှင်းရေးသွားလုပ်စမ်း"

"ဟုတ်!!!"

"မာနိုဘန်!!!!  ဆိတ်တွေ အစာကျွေးစမ်း"

"ကျွေးနေတယ်!!!"

"မာနိုဘန်!! ....×××××××"

"ဘန်ဘန်!!!....×××××××"

ဘန်ဘန်လေး အသက် ၁၆နှစ်မှာတက္ကသိုလ်ဝင်တန်းကို အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့ပါတယ်။။

ဘယ်လောက်ထိအောင် အမှတ်တွေကကောင်းလဲဆို

"သမီးလေး စင်ကာပူမှာ မတက်ချင်ဘူးလား"

"ဟင့်အင်း"

"ဟားဗတ် ဟားဗတ်"

"နိုး"

"အောက်စဖို့ဒ်ရော"

"တော်"

"ဂရင်းဝှစ်ချ် ယူနီဗာစတီ"

"ဒိုးလိုက်တော့ "

"အဲဒါဆို ဆစ်ဒနီကိုသွားမလား အဲ့ကပညာရေးလည်း
မဆိုးဘူးလို့ကြားတယ်"

ဆစ်ဒနီလည်း မသွားချင်ပါ။ ဆစ်ဒပြာလည်း မသွားချင်ပါ။

"လီဆာမာနိုဘန် !!မေမေစိတ်မရှည်တော့ဘူးနော်
ဒီလောက်ကောင်းတဲ့နေရာတွေကို ပို့နေတာ ဘာကိစ္စ
မတက်ချင်ရတာလဲ"

ဘန်ဘန်လေးဝမ်းနည်းလာတယ်😔
ဘန်ဘန် ဘာဖြစ်ချင်လဲ သူတို့မမေးကြဘူး။
သူတို့တက်စေချင်တဲ့ ယူနီဗာစတီတွေပဲ ပြောနေကြတယ်။
ဘန်ဘန် စိတ်ညစ်လာပြီ။
အော်ငိုချင်လာပြီ။

အဟင့်ဟင့်.....

"ငါ့တူမ   ငါ့တူမလေးဘာလို့ငိုနေတာလဲကွယ်  ငါ့တူမကိုငိုအောင်ဘယ်သူလုပ်တာလဲ"

"ဘယ်သူလုပ်ရမှာလဲ မေမေတို့ပေါ့
မေမေတို့ပြောတဲ့ ကျောင်းတွေ တစ်ခုမှ မတက်ချင်ပါဘူး"

"အဲ့ဒါဆို ငါ့တူမလေးက ဘယ်မှာတက်ချင်တာလဲ"

ဘန်ဘန်လေးက ငယ်ငယ်ကတည်းက ဆုံးဖြတ်ချက်ချပြီးသားပါနော် အန်တီရှိတဲ့ကိုရီးယားကိုပဲ သွားမှာလို့။😌

"ဘန်ဘန်က ကိုရီးယားမှာပဲ တက်ချင်တာ"

"အစ်မတို့က ဇွတ်အလိုလိုက်တော့မယ်"
မေမေကဝင်ပြောပါတော့တယ်။

"ဟဲ့ ငါ့တူမတက်ချင်တဲ့နေရာ တက်ပလေ့စေပေါ့
အမှတ်တွေကလည်းကောင်းနေတာကို"

"နေပါဦး ဘာလို့ကိုရီးယားကိုသွားတက်ချင်ရတာတုန်း"

အန်တီ့ကိုသွားခိုးမလို့့ လို့ဘန်ဘန်ဖြေမလို့ပါပဲ။
ဒါပေမဲ့ ဉာဏ်ကောင်းတဲ့ ဘန်ဘန်လေးဟာ အဲ့လိုဖြေရင်
ပြည်ထွက်ခွင့်ပိတ်သွားမှာပေါ့နော်။

"ဒီတိုင်း....အဲ့မှာတက်ချင်လို့ပေါ့ မေမေရ"

မေမေတစ်ယောက်နဲ့လည်း ခက်တယ်😞
တခြားနိုင်ငံတွေကျ လွှတ်ပြီး ကိုရီးယားကျမှ
စစ်လား ဆေးလားလုပ်နေတယ် ဒုက္ခပါပဲ😞

ဒါပေမဲ့ ဒီဒုက္ခတွေကို ဘန်ဘန်လေး မမှုပါဘူး😊
အန်တီနဲ့ နီးဖို့အရေး လုပ်သင့်တာ အားလုံးကို လုပ်ရ
မှာပဲ။

"ကဲ ကဲ အဲ့ဒါဆိုလည်း ပြီးတာပဲ "

နောက်ဆုံးမှာ ညှိနှိုင်းမှုကြီး အောင်မြင်သွားပါတော့တယ်။

ဘန်ဘန်လေး ကိုရီးယားက SNUမှာ ကျောင်းတက်ခွင့်
ရသွားပါပြီ😉😉။

Yay!!... 🤩🤩

ဘန်ဘန်လေး ဒီညတော့ ကောင်းကောင်းအိပ်ပျော်ပါပြီနော်။

အိပ်ရာပေါ် ဝုန်းခနဲ ခုန်တက်လိုက်ပြီး ဘေးနားကစားပွဲပေါ်မှာ တင်ထားတဲ့ ဒိုင်ယာရီ စာအုပ်လေးကို ထုတ်ယူလိုက်တယ်။ ပြီးတော့ ...

ခဏပဲစောင့်ပါ အန်တီရေ
ဘန်ဘန်လေး လာတော့မှာ
အန်တီနဲ့ နီးတော့မှာ😙

လို့ ရေးလို်က်တယ်။

နောက်ပြီး  ဟိုတလောကမှ အိမ်သန့်ရှင်းရေးလုပ်ရင်း
ထပ်ပြီးတွေ့ထားတဲ့့ အန်တီ့ရဲ့ ပုံလေးတွေကိုထုတ်လိုက်တယ်။  

ဒီနေရာမှာ ဘန်ဘန်လေးက ကြားဖြတ်ပြောကြည့်ချင်တယ်။ ပုံ၂ပုံပြရတာတောင် လွန်နေပြီ။ ကိုယ့်ချစ်သူမှန်း လူသိစေချင်လို့သာပြနေတာ 😌 သိပ်တော့မပြချင်ဘူးရယ်။သများ အန်တီက ဘယ်လောက်ချစ်ဖို့ကောင်းလဲဆိုတာကြည့်ကြပါနော်။

ဘန်ဘန့်မေမေနဲ့ အန်တီတို့ဟာ ငယ်ငယ်ကတည်းက
ခင်တဲ့ သူငယ်ချင်းတွေဖြစ်တာကြောင့်  ပုံတွေရှိနေတာ
မဆန်းကြယ်ပါဘူး။

ကလေးလေး ကတည်းက ချစ်ဖို့ကောင်းတဲ့ အန်တီ😗
ကြည့်ပါဦး အူယားစရာကောင်းလိုက်တာ😢
ဘန်ဘန့်ကို ကြွေအောင် မတရားလုပ်တယ် 😏
သွား..အန်တီ လူဆိုး😒

ပုံတွေကြည့်ရင်း တဖြည်းဖြည်း နမ်းချင်လာတယ်

အဲ့ဒါနဲ့ပဲ......

စူထားတဲ့ နှုတ်ခမ်းလေးကို ...အူး...မွ..😚😚😙
ပါးလေးနှစ်ဖက်ကို အူး..မွ 😙
နဖူးလေးကို အူး.....မွ😙
မေးစေ့လေးကို အူး....မွ😙
နှာခေါင်းလေးကို အူး....မွ😙
မျက်လုံးလေးကို အူး...မွ😚 မွမွမွ😙😙😙

အရမ်း  အရမ်း အရမ်း ချစ်ပါတယ် အန်တီရေ😘😘

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

Readerတွေ အကုန်လုံးလည်း  အူး...မွ😙
အသည်းလေးတွေ ပေးလိုက်ပြီ။ 🙆🙆






ဘာလဲ ဘန်ဘန်ပေးတာမဟုတ်လို့ မလိုချင်ကြဘူးလား😒

5Jun20 10:07PM

Continue Reading

You'll Also Like

269K 17.7K 49
●◉✿ ဘာကြောင့်မှန်းသေချာမပြောတတ်ပေမယ့်...သူမကိုတော့အများကြီးချစ်ပါတယ်✿◉● ●◉✿ ဘာေၾကာင့္မွန္းေသခ်ာမေျပာတတ္ေပမယ့္...သူမကိုေတာ့အမ်ားႀကီးခ်စ္ပါတယ္✿◉● 4th f...
144K 19.6K 14
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
111K 8.7K 32
အခ်စ္ေတြခ်ိဳေပမဲ့ ဘဝေတြခါးခဲ့တယ္ အချစ်တွေချိုပေမဲ့ ဘဝတွေခါးခဲ့တယ်
136K 8.9K 35
"စိတ်ဆိုးစိတ်နာအောင်ဘယ်လောက်ပဲလုပ်လုပ် အပြစ်မမြင်နိုင် မနာကျည်းနိုင်တာကလည်း ချစ်ခြင်းမေတ္တာပါပဲတဲ့ ။ တချို့တချို့သော ချစ်ခြင်းမေတ္တာအတိမ်အနက်တွေမှာ...