Photographer & Guitarist [Jae...

By Neo-Zen

15.4K 1.4K 129

Jaemin, Jeno & Renjun/Injun (Twins) JaemRen & NoJun | RenMin & NoRen πŸ’š More

Episode 1 (Zawgyi)
Episode 2 (Zawgyi)
Episode 3 (Zawgyi)
Episode 4 (Zawgyi)
Episode 5 (Zawgyi)
Episode 6 (Zawgyi)
Episode 7 (Zawgyi)
Episode 8 (Zawgyi)
Episode 9 (Zawgyi)
Episode 10 (Zawgyi)
Episode 11 (Zawgyi)
Episode 12 (Zawgyi)
Episode 13 (Zawgyi)
Episode 14 (Zawgyi)
Episode 15 (Zawgyi)
Episode 16 (Zawgyi)
Episode 17 (Zawgyi)
Episode 18 (Zawgyi)
Episode 19 (Zawgyi)
Episode 20 (Zawgyi)
Episode 21 (Zawgyi)
Episode 22 (Zawgyi)
Episode 23 (Zawgyi)
Episode 24 (Zawgyi)
Episode 25 (Zawgyi) {Final}
Episode 1 (Unicode)
Episode 2 (Unicode)
Episode 3 (Unicode)
Episode 4 (Unicode)
Episode 5 (Unicode)
Episode 6 (Unicode)
Episode 7 (Unicode)
Episode 8 (Unicode)
Episode 9 (Unicode)
Episode 10 (Unicode)
Episode 12 (Unicode)
Episode 13 (Unicode)
Episode 14 (Unicode)
Episode 15 (Unicode)
Episode 16 (Unicode)
Episode 17 (Unicode)
Episode 18 (Unicode)
Episode 19 (Unicode)
Episode 20 (Unicode)
Episode 21 (Unicode)
Episode 22 (Unicode)
Episode 23 (Unicode)
Episode 24 (Unicode)
Episode 25 (Unicode) {Final}
Extra - JaemRen ( U + Z )
Extra - NoRen (U + Z)

Episode 11 (Unicode)

378 38 2
By Neo-Zen

အပိုင်း (က)

Jeno အခန်းတံခါးကို ခေါက်ပြီး တံခါးကိုဖွင့်ကာ အခန်းထဲသို့ ဝင်လိုက်သည်။ ဝင်လိုက်တာနဲ့ ကုတင်ပေါ်မှာ ခန္ဓာကိုယ်ကို စောင်ပတ်ပြီး ခေါင်းအုံးကို မျက်နှာဖိကာ အိပ်နေသော Injun ကို တွေ့ရသည်။

နာမည်ခေါ်ကာ နှိုးနေသော်ငြား နိုးမလာသော Injun ကြောင့် Jeno မျက်နှာပေါ်ဖိထားတဲ့ ခေါင်းအုံးကို ဖယ်လိုက်သည်။ မျက်လုံးမပွင့်ဘဲ 'အင်း အဲ' လုပ်ကာ ရင်ဘတ်ထိ ခြုံထားသော စောင်ကို ခေါင်းမြီးခြုံကာ ပြန်အိပ်လေသည်။

Jeno လည်း စောင်ကို ဆွဲလှန်ကာ 'Injun' ကို အိပ်ရာမှ ထရန် နှိုးလိုက်ပြန်သည်။ Injunနားထဲ Renjun လာနိုးသည်ထင်ပြီး အိပ်ဦးမည်ဖြစ်ကြောင်း အိပ်ချင်မူတူးအသံဖြင့် ပြန်ပြောလေသည်။

"Injun ထတော့"

"ငါ အိပ်ဦးမှာပါဆို"

"နေ့လည်စာ စားချိန်ရောက်နေပြီလေ"

"အင်း"

"တစ်ခုခုစားရမယ်လေ ဗိုက်ဆာမှာပေါ့"

"မစားချင်သေးဘူး အိပ်ပဲအိပ်ချင်သေးတာ"

"အဆာလွန်သွားလိမ့်မယ် Injun"

"S*** မစားသေးပါဘူးဆိုကွာ"

Injun စိတ်တိုစွာနဲ့ ပြောရင်း အိပ်နေရာမှ ထထိုင်လိုက်သည် လက်ကတော့ မျက်လုံးနှစ်ဖက်ကို ပွတ်နေသည်။

"သိပ်မပွတ်နဲ့ မျက်လုံးတွေ စပ်လိမ့်မယ်"

"ဟမ် Jeno လား? Ge မဟုတ်ဘူးလား"

"အင်း ငါ Jeno ပါ"

"ဘာ .. ဘာကိစ္စရှိလို့လဲ"

"နေ့လည်စာ စားကြမယ်လေ"

"အော် ဒါနဲ့ ငါ့ကို နှိုးနေတာပေါ့"

"အင်း"

"ငါအိပ်ချင်သေးတယ်လို့ ပြောလိုက်သလားလို့"

"အင်း ကြားပါတယ် ဒါပေမယ့် အဆာလွန်နေမှာစိုးလို့ အကုန်လုံးလည်း စားဖို့ စောင့်နေကြတယ်"

"စောင့်နေတာလား"

"အင်း"

"ဒါနဲ့ မင်းက ဘယ်လိုဖြစ်လို့ လာနှိုးတာလဲ Ge မအားလို့လား"

"ငါ ငါ လာနှိုးချင်လို့ Renjun ကို ခွင့်တောင်းပြီး လာခဲ့တာ"

"ကိစ္စ တစ်ခုခုရှိလို့လား Jeno"

"ငါပြောရင် မင်း စိတ်အနှောင့်အယှက် ဖြစ်သွားမှာလည်း စိုးရိမ်တယ် Injun"

"စိုးရိမ်လောက်ရတဲ့ ကိစ္စပေါ့"

"ဆိုပါတော့ Injun"

"ဘာများလဲ Jeno"

"ငါမင်းကို ချစ်တယ်"

Injun အရှေ့မှာ မိမိကို နှိုးပြီး ကြောင်ကြည့်နေတဲ့ Jeno ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည် ၂မိနစ်လောက်ကြာတဲ့အထိ ရပ်ကာ ကြောင်တောင်တောင် ဖြစ်နေသော Jeno ကို Injun ကြည့်မရတော့

"ရား Lee Jeno"

Jeno အခုမှ သူအတွေးကမ္ဘာထဲ ရောက်နေမှန်း သတိထားမိလိုက်သည်။

"အမ် Injun ပြော"

"ငါပြောတာ ကြားလိုက်လား"

"အာ ဆောရီး မကြားလိုက်ဘူး ဘာပြောလိုက်တာလဲ Injun"

"ငါ မျက်နှာသစ်ပြီး လာခဲ့မှာမို့လို့ အရင်စားနှင့်ကြလို့"

"အော် အင်းအင်း ဒါဆို ငါသွား​တော့မယ်နော်"

"အေး"

*ခုနက ငါသူ့ကို ဖွင့်ပြောလိုက်မိတာ မဟုတ်ဘူးလား စိတ်ကူးယဥ်မိသွားတာပေါ့ WTF ဖွင့်ပြောမလို့ အားတင်းထားပါတယ်ဆိုမှ အခွင့်အရေး ရတာတောင် အသုံးမချနိုင်ခဲ့ဘူး တော်တော် အသုံးမကျတာပဲ Lee Jeno ရေ*

Jeno အခန်းထဲက ထွက်တော့ ဘောင်တန်းကို ခလုတ်တိုက်မိပြီး ချော်လဲမလို ဖြစ်သွားသည်။

*အား Lee Jeno အရူးလိုပဲ*

တစ်ဖက်က Injun မှာလည်း Jenoရဲ့ အူကြောင်ကြောင် အပြုအမူကို ကြည့်ရင်း စိတ်ထဲမှာလည်း *Lee Jeno ဘာတွေဖြစ်နေတာလဲဟ*လို့ တွေးမိပြီး ခေါင်းခါကာ ရေချိုးခန်းသို့ ဝင်လိုက်သည်။

အပိုင်း (ခ)

Injun မျက်နှာသစ်ပြီး ထွက်လာတော့ Renjun က အိပ်ရာပေါ် ထိုင်နေသည်။ Injun မျက်နှာကို ပဝါနဲ့ သုတ်ရင်း Renjun ကို စကားပြောလိုက်သည်။

"ကျွန်တော် မျက်နှာသစ်ပြီး ထွက်လာမှာပေါ့"

"အင်း သိတယ်"

"ဒါဆို ဘာလို့"

"Jeno တစ်ခုခု ပြောသေးလား"

"Jenoက? ဘာပြောရမှာလဲ မပြောပါဘူး နှိုးပြီး ထွက်သွားတာပဲ"

'Lee Jeno ငအက ဘာမှမပြောဖြစ်ခဲ့ဘူးပေါ့ ဒါကို ဘာဖြစ်နေရတာလဲ'

"Ge ဘာတွေပြောနေတာလဲ ပွစိ ပွစိနဲ့"

"မင်းကို တကယ် ဘာမှ မပြောသွားဘူးလား"

"ကဲ ဘယ်လိုဖြစ်နေတာတုန်း ဘာမှမပြောပါဘူးဆို"

"အင်းပါ ဘာမှမဟုတ်ပါဘူး သွားရအောင်"

"အင်း"

မုန့်စားတော့လည်း တကြည့်ကြည့် သူ့ကိုကြည့်နေသောကြောင့် Injun စိတ်တိုလာရသည်

"ကဲ အကုန်လုံး ဘာဖြစ်နေကြတာလဲ"

"ဘာ ဘာကိုလဲ"

"မကြည့်ပါဘူး"

ထစ် ထစ် အအ ပြောလာကြသော သူများ

"တော်ပြီ မစားချင်တော့ဘူး ပြီးတော့ ကျွန်တော် အိပ်မှာမို့လို့ လာမနှိုးကြပါနဲ့"

"အင်း အင်းပါ စာလည်းလုပ်ဦး အငယ်"

"အင်း"

Injun အခန်းထဲ ဝင်သွားတာနဲ့ စကားများက စလာကြသည်

"ဟျောင့် Jeno မင်းအခန်းထဲမှာ အကြာကြီးကို ဘာမှမပြောခဲ့ဘူးဆို"

"ဘာ တကယ်ပဲ Renjun ပြောသလို ဘာမှ မပြောခဲ့ဘူးလား"

"အင်း"

"မင်းကွာ ညံ့လိုက်တာ"

Renjunနဲ့ Haechan နဲ့ Jenoကို ပြောနေသည့် အကြောင်းများကို နားမလည်သူမှာ Jaemin ဖြစ်သည်

"Hyung တို့ ဘာတွေဖြစ်နေကြတာတုန်း Injun hyung မပြောနဲ့ ကျွန်တော်တော်တောင် ကြည့်ပြီး အာရုံနောက်တယ်"

Renjunလည်း အဲ့တော့မှ Jaemin ဘက် လှည့်ပြီး ရှင်းပြလိုက်သည်။

"Jaemမှ မသိသေးတာကို ဒီလို Jeno က Injun ကို သဘောကျနေတာ အဲ့တာ ဖွင့်ပြောမယ်ထင်တာ မပြောဖြစ်ခဲ့ဘူးတဲ့"

"အော် hyungကလညိး အကြာကြီး ဝင်သွားတာကို"

"အင်းလေ ငါတို့လည်း အဲ့တာကြောင့်မို့ ဒင်းကို ပြောနေတာပေါ့"

Haechanက Jaeminကို ဝင်ပြောလေသည်

"မင်းဖွင့်မပြောခဲ့ရလို့ ဒီလိုမျက်နှာဖြစ်နေတာပေါ့ ဟုတ်လား"

Renjunက Jenoကို မေးငေါ့ကာ မေးလိုက်သည်။ Haechanကလည်း Jeno မပြောခင် ပြောလိုက်သည်။

"ဟားဟား Lee Jeno ရယ် မင်းကလည်း အခွင့်အရေး ရတာတောင် အသုံးမချနိုင်ခဲ့ဘူးလို့"

"အေးကွာ ငါကိုက ညံ့တာကို မင်းတို့ ပြောလည်း ခံရမှာပဲ"

"စိတ်မညစ်ပါနဲ့ hyungရယ် ကျွန်တော်တို့ ကူညီပေးပါ့မယ်"

Jaeminက Jenoကို လှမ်းပြောလိုက်သည်။

"အေး အကူအညီတောင်းပါတယ်ကွာ"

"စာမေးပွဲပြီးမှ စလှုပ်ရှားပေါ့ Hyung "

"အင်း အဲ့လိုပဲ လုပ်ရတော့မယ်လေ ကြားထဲ စားမေးပွဲတွေ ဖြေရမှာဆိုတော့"

"အင်း"

"Jaeminရော မင်းတို့နှစ်ယောက်ပါ ကူညီရမှာနော်"

Jeno , Renjunနဲ့ Haechanကို ပြောလိုက်သည်

"ငါက ဘယ်ချိန်တည်းက စကူညီခဲ့တာလဲ Lee Jeno ssi"

"အင်းပါ မင်းကို သိပါ့တယ် ဆက်ကူညီပေးပါဦး ချစ်သူငယ်ချင်းလေးရယ်"

"Treat ဖို့ မမေ့နဲ့နော်"

"အင်းပါ မမေ့ပါဘူး ... Renjun မင်းရော"

"ငါက ငါ့ညီကို ပေးရမှာလေ .. သဘောမတူဘူး မပြောပေမယ့် မကူညီပေးနိုင်ဘူး။ ကိုယ့်ဘာကိုယ် ရအောင် ကြိုးစား"

"ယောက်ဖကလည်းကွာ"

"ဒီနေ့တောင် နာရီဝက်လောက် အချိန်ပေးတာတောင် ဖွင့်မပြောနိုင်ခဲ့ပဲနဲ့များ"

"မင်းကလည်းကွာ"

"ကိုယ့်ဘာသာကိုယ် ရအောင် ကြိုးစား ဒါပဲ"

"Injunနဲ့ တွဲတဲ့နေ့မှ တွေ့မယ်"

"ဘာကိုတွေ့မှာလဲ ငါ့ညီတစ်ခုခုဖြစ်ရင် အဟမ်း Jeno ssi"

"အော် သူငယ်ချင်းကလည်း တွဲတဲ့နေ့ကျရင် အားလုံးတူတူစုတွေ့ကြရအောင်လို့ ပြောမလို့ပါကွ"

"စကားပြောတာ သတိထားပါ"

"အေး ကိုရီးယားအစစ်ကို မင်းကပြန်ပြော"

"မကျေနပ်ဘူးလား"

"တော်ကြပါတော့ကွာ မင်းတို့ကလည်း"

အကြည့်ချင်း စစ်တိုက်နေသော နှစ်ယောက်ကို Haechan ဝင်တားလိုက်သည်။

အပိုင်း (ဂ)

Injun တို့ စာမေးပွဲ သုံးဘာသာ ပြီးသွားပေမယ့် Renjun တို့က နှစ်ဘာသာသာ ဖြေရသေးသည်မို့ စာလုပ်နေကြရသည်။ Injunကတော့ အပြင်သွားလိုက် ကစားလိုက် အိပ်လိုက်နှင့် အေးအေး ဆေးဆေးပင်။

ဒီနေ့လည်း Injun ကားပတ်မောင်းရင်း စကားမပြောဖြစ်တာ ကြာသော ပါးပါးတို့ဆီ ဖုန်းခေါ်လိုက်သည်။ ဖုန်းဝင်ပြီး သိပ်မကြာခင် ဖုန်းလာကိုင်သူမှာ ပါးပါးမဟုတ် မာမားသာ ဖြစ်သည်။

မြင်နေရတဲ့ screenပေါ်က မာမားဟာ လေးဆယ်ကျော်အရွယ်ဟု မထင်ရလောက် နုပျိုလွန်းသည်။

"မား နေကောင်းလား"

"ကောင်းပါ့ သားငယ်က ဘယ်မှာလဲ အခု"

"သားက အပြင်မှာ မုန့်လာထွက်စားတာ Ge က အိမ်မှာ စာလုပ်နေတယ်"

"အင်းအင်း သားတို့ အိမ်ပြန်လာကြမလား ပိတ်ရက်ကို"

"မပြန်ဖြစ်လောက်ဘူး မား"

"အင်းအင်း သား ပါပါး လာပြီ စကားပြောဦး"

"ဟုတ် ပါပါး နေကောင်းလား"

"ကောင်းပါ့ဗျာ ဒါနဲ့ ပိတ်ရက် ပြန်မလာတော့ သင်တန်းတက်ဦးနော် သားငယ်"

"ဟုတ် တက်မယ် ပါး ဒါပေမယ့် သား ပါးကို ခွင့်တောင်းစရာရှိလို့"

"ဘာများလဲ သားငယ်"

"Ge စာမေးပွဲပြီးရင် နှစ်ယောက်တူတူ ခရီးသွားချင်လို့"

"ဘယ်သွားမလဲ သား"

"ဒိန်းမတ် သွားချင်လို့"

"ဒိန်းမတ် ?"

"ဟုတ် ဟိုတလောက သားတွေ့လို့"

"အင်းပါ သွားလေ ဘယ်နှစ်ရက်သွားမလဲ"

"၁၀ရက်လောက် သွားမယ် ပါး"

"အိုကေလေ ခရီးသေချာစီစဥ်လိုက်လေ ပါးမုန့်ဖိုးလွှဲပေးမယ်"

"ပါးတို့ရော လိုက်ခဲ့မလား"

"ပါး ဂျပန်ကို အလုပ်ကိစ္စနဲ့ သွားစရာရှိလို့ လိုက်လို့ မရလောက်ဘူး သားငယ်"

"ဒါဆို မားရော"

"မားလည်း ပါးဒီက အလုပ်တွေ ကြည့်ပေးရမှာမို့ မအားဘူး သားငယ်ရေ"

"သားတို့ပဲ သွားပါ သူငယ်ချင်းတွေနဲ့ တူတူသွားမယ်ဆိုလည်းသွား"

"ဟုတ် ပါး"

"ဒါနဲ့ ကားမောင်းနေတာလား"

"ဟုတ်တယ် ပါး"

"ဒါဆို နောက်မှ ပြန်ခေါ်လိုက်လေ ဂရုစိုက်မောင်း သားငယ်"

"ဟုတ် ပါပါး"

'အိုကေ ပါမစ်ရပြီဆိုတော့ plan ချဖို့ပဲ ကျန်တော့တယ်'

အပိုင်း (ဃ)

Injun စီစဥ်ထားသည့် ခရီးအတွက် လိုအပ်သည်များကို ထုတ်ပိုးပြင်ဆင်ရဦးမည် ဖြစ်သည်။ Renjun က Jaemin ကို လိုက်မလားဟု မေးပေမယ့် အလုပ်ကိစ္စတွေ ရှိ၍ မလိုက်နိုင်သည်မို့ ညီအစ်ကို နှစ်ယောက်တည်းသာ သွားမည်ဖြစ်သည်။

ဟိုရောက်ရင် သွားလည်မည့် နေရာများကို Injun ရှာကာ list လုပ်လိုက်သည်။ Tour တစ်ခုမှ ချိတ်ထားသည် မဟုတ်သည့်အတွက် နည်းနည်းတော့ ခက်ခဲသည်။

အတွေးထဲ ပေါ်လာသည်မှာ တရုတ်မှာ ကျောင်းတက်တုန်းက ခင်ခဲ့တဲ့ ဒိန်းမတ်သားလေး တစ်ယောက်ကို သတိရမိသွားသည်။ ဒီ့တော့ ဖုန်းထဲမှာ သူ့ဖုန်းနံပါတ်ကို ရှာရင်း ဖုန်းဆက်လိုက်သည်။

.

Renjun တို့ စာမေးပွဲ နောက်ဆုံးရက်မို့ စာမဖြေနိုင်သည့်တိုင် ပြုံးရွှင်စွာ အခန်းထဲက ထွက်လာကြသည်။ ဘာလိုလိုနဲ့ တစ်နှစ်ပြီးပြန်ပြီ။ နောက်နှစ်ဆို သူတို့တောင် တတိယနှစ် ကျောင်းသားကြီးတွေ ဖြစ်ကြတော့မည်။

အဲ့လိုပြောလို့ စာမေးပွဲအောင်မှာမို့လို့လား မပြောနဲ့။ မဖြေနိုင်လည်း အောင်ပြီးသား။ ဘာလို့ဆို ငါတို့က ရုပ်ချောလို့ ဒါပါပဲ။

"ဒါနဲ့ မင်း ခရီးဘယ်နေ့ သွားမှာလဲ Renjun"

ကန်တင်းဆီ ဦးတည်လမ်းလျှောက်နေတုန်း Haechan မေးလာသည်။

"သန်ဘက်ခါမနက်"

"ပြန်လာရင် ငါတို့အတွက် လက်ဆောင်တစ်ခုခု ဝယ်လာခဲ့နော်"

"ပိုက်ဆံပေးလိုက်လေ ဝယ်ခဲ့ပေးမယ်"

"သူငယ်ချင်းကို ဝယ်လာပေးတော့ ဘယ်လောက်ကုန်မှာမလို့လဲ ကပ်စေးနဲ သူဌေးသားတွေ"

Haechan စကားပြောပြီးတော့ Jeno ကပါ ဆက်ပြောလာသည်။ သူကတော့ ထုံးစံအတိုင်း Injun အကြောင်းပဲ နေမှာပေါ့။

"ဘယ်နှစ်ရက်ကြာမှာလဲ Renjun"

"မသိဘူး အငယ်ပဲ အကုန်စီစဥ်ပေးထားတာ သေချာ​တောင် မမေးကြည့်ရသေးဘူး"

"ငါ့အချစ်ကလေးနဲ့ ဘယ်နှစ်ရက်တောင် ခွဲနေရမှာလဲ မသိဘူး"

"ငါ့အချစ်ကလေးဆိုပဲ အော့"

"ဘာဖြစ်တာလဲ Haechan အန်ချင်နေတာလား။ မဟုတ်မှလွဲရော မင်း ဟိုဟာ"

စကားပြောရင်း ဗိုက်ပူသည့်ပုံစံ အမူအရာနဲ့ လုပ်ပြလိုက်သော Jeno ကြောင့် Haechan ထဆဲလေသည်။

"F*** အဲ့တာ မင်းပဲ ဖြစ်"

"မသိဘူးလေ မင်းက အန်ချင်နေတာကို"

"သစ်ရွက်ပဲ သား"

Jeno ဆက်ပြောမလို့ ပြင်လိုက်ပေမယ့် ကန်တင်း စားသောက်ဆိုင် တစ်ခုမှာ ထိုင်နေတဲ့ သူကို မြင်တော့ ပြောချင်တဲ့ စကားများ ပျောက်ရှသွားပြီး ထိုင်ခုံကိုသာ အမြန်လျှောက်သွားလိုက်သည်။

"Injun မင်း Ge ကို လာကြိုတာလား"

Jeno ထိုင်ခုံမှာ ဝင်ထိုင်ရင်း Injun ကို မေးလိုက်သည်။

"အဲ့လိုတော့လည်း မဟုတ်ပါဘူး"

"အော် အင်း"

"ငယ် ဒီကိုသက်သက်လာတာလား"

"အင်း ဒါနဲ့ Geကို Jaemin လာကြိုမှာမလား"

"သူ့သူငယ်ချင်း တစ်ယောက်မွေးနေ့မို့ အဲ့တာ သူငယ်ချင်းတွေကို မုန့်ကျွေးမယ်ဆိုတော့ မလာဘူး"

"ဒါဆို ညကျမှ အိမ်ပြန်ရအောင်"

"ဘယ်သွားမလို့လဲ"

"တစ်နေရာရာလေ လိုက်ခဲ့ပေး"

"အင်း သွားလေ"

"ခုမုန့်စားဦးမှာမလား ပြီးမှ သွားကြမယ်လေ"

"အင်း ငယ်ရော တစ်ခုခု မစားတော့ဘူးလား"

"မစားချင်တော့ဘူး"

"အင်း"

အပိုင်း (င)

Injun က ကားမောင်းသည်မို့ Renjun အေး အေးဆေးဆေး ဖုန်းသုံးရင်းသာ လိုက်ခဲ့သည်။
စာမေးပွဲခန်းက ထွက်ပြီး ခုချိန်ထိ ဖုန်းတစ်ခါမှ မဆက်တဲ့ Jaeminကို ဖုန်းကိုင်မလားဆိုပြီး ခေါ်တော့လည်း မကိုင်။

လိုင်းပေါ်မှာရှိမလားလို့ ကြည့်ပြန်တော့လည်း မရှိ။ *ဘာတွေလုပ်နေတာပါလိမ့် ဒီကောင်လေး ဖုန်းဆက်လာမှ နည်းနည်းစိတ်ဆိုးရမယ်*

"Ge"

"အင်း ပြော"

"ဘာလို့ ဖုန်းကို အသည်းအသန်တွေကြည့်နေတာလဲ"

"ဘာမှမဟုတ်ပါဘူး ဒီလိုပါပဲ"

"အင်း"

"ဒါနဲ့ ဘယ်သွားနေတာလဲ"

"ရောက်ရင် သိမှာပေါ့ ဘယ်လိုဖြစ်"

"ဘယ်လိုမှမဖြစ်ပါဘူး ဒီတိုင်း မေးကြည့်တာ ရောက်ဖို့ လိုသေးလား"

"အင်း နာရီဝက်လောက်"

"ဒါဆို အိပ်လိုက်ဦးမယ် ရောက်မှနှိုးတော့"

"အင်း"

A few minutes later ...

"Ren မောင့်အူကြူးလေး မထသေးဘူးလား"

Jaemin နှိုးရင်း Renjun ပါးကို နမ်းလိုက်သည်မို့ Renjun 'အင်း အဲ' လုပ်ရင်းနဲ့ နိုးလာခဲ့သည်။

"ဝှါး မောင် ပါလား"

"အင်း အိပ်ရေးမဝလို့လား"

"နည်းနည်းပါ ဒါနဲ့ ဘယ်လိုရောက်လာတာလဲ"

"ဒီနေ့ ဘာနေ့လဲ"

"ဒီနေ့ ဒီနေ့ အာ ငါတို့ အထိမ်းအမှတ်နေ့ပဲ"

"အင်း မေ့နေတယ်မလား"

"ဟီး ဟုတ်တယ် ငါ တောင်းပန်ပါတယ် မောင်"

Renjun ပြောရင်း Jaemin ရင်ခွင်ထဲ ဝင်လိုက်သည်။

"ဘာမှမဖြစ်ပါဘူး အူကြူးက စာမေးပွဲနဲ့ကို"

"တကယ် မေ့နေတာ မောင်ရဲ့"

"ခု သတိရပြီမလား။ အဲ့တာဆို ရပြီလေ"

"အင်း မောင့်ကိုယ်သင်းနံ့လေးကို အရမ်းသဘောကျတာပဲ"

"မောင့်ကို အူယားအောင် လုပ်နေသလား အူကြူးငယ်"

"ဒါနဲ့ မောင်က ဘယ်လို ဒီကိုရောက် အငယ်ရော"

"Injun hyungက တစ်နေရာမှာပေါ့ဗျာ။ စိတ်မပူပါနဲ့ ညီငယ်လေး မပျောက်ပါဘူး"

"အင်းပါ"

"လာ ကားပေါ်ကဆင်း"

"ဘယ်သွားမလို့လဲ"

"လာပါ ရောက်တော့ သိမှာပေါ့"

Jaemin အဆောက်အဦး တစ်ခုရှေ့ ရပ်လိုက်တော့ Renjunက အဆောက်အဦးကို ကြည့်လိုက်သည်။

"စားသောက်ဆိုင်လား?"

"ဟား အစားသရဲလေးလားကွာ အဆောက် အဦးက စားသောက်ဆိုင်ပုံစံနဲ့ တူလို့လား"

"ထင်တာကို ပြောကြည့်လိုက်တာပါ။ ဒါဆို ဒါက ဘာလဲဟင်"

"အထဲဝင်ကြည့်လေ"

Jaemin ပြောတော့ Renjun ခေါင်းတစ်ချက်ညိတ်ပြီး အထဲဝင်ဖို့ လုပ်လိုက်သည်။ တံခါးဖွင့်လိုက်ပြီး ဝင်လိုက်တော့ ဘာမှမတွေ့ရသည်မို့ Jaeminကို လှည့်ကြည့်တော့ ညာဘက်ခြမ်းက အခန်းတစ်ခုရဲ့ တံခါးကို ညွှန်ပြပြီး သွားခိုင်းလေသည်။

.

Injun ကတော့ ကားပေါ်က စုံတွဲ ဆင်းပြီးတဲ့နောက် ကားကိုယူလို့ ဖုန်းဆက်ချိန်းတဲ့ Jeno ခေါ်သည့်နေရာကို သွားလိုက်သည်။ Jeno ချိန်းသည့်နေရာရောက်တော့ အထဲစဝင်တာနဲ့ အတွေးတစ်ချို့က ပြန်လည်နေရာယူလာခဲ့သည်။

အထဲရောက်လို့ ဝေ့ဝဲကြည့်တော့ သူ့ကို မြင်ပြီး လက်လှမ်းပြတဲ့ Jeno ထိုင်နေတဲ့ဆီ လျှောကိသွားလိုက်သည်။ သူထိုင်တဲ့ခုံရဲ့ အရှေ့ဘက်မှာ ဝင်ထိုင်လိုက်တော့ ကိုယ့်ရှေ့ကို ကော့တေးတစ်ခွက် ချပေးလေသည်။

Jenoကိုလှမ်းကြည့်တော့ ကော့တေးခွက်ကို မော့သောက်နေသည်။ Jeno ပေးတဲ့ ကော့တေးကို တစ်ငုံသောက်ပြီး Injun ပြန်ချထားလိုက်သည်။

"ငါ့ကိုခေါ်တာ ဘာကိစ္စရှိလို့လဲ Jeno"

"ပြောစရာရှိလို့"

"ဘာများလဲ"

"ငါ မပြောရဲသေးဘူး"

"ဘယ်လို .. မပြောရဲရအောင် ဘာကိစ္စမို့လို့လဲ"

Jeno ပြန်မဖြေဘဲ နောက်ထပ်တစ်ခွက် ထပ်သောက်လိုက်သည်၊ သောက်ပြီးတော့လည်း ငါလုပ်နိုင်မှာပါ လို့ ရေရွတ်လိုက်သည်။

"ဟူး ... ငါပြောချင်တာကလေ"

သက်ပြင်းချလိုက် တစ်ယောက်တည်း စကားပြောလိုက် သောက်လိုက် လုပ်နေတဲ့ သူ့ကို Injun အမြင်ကတ်နေတော့မည်။

"အင်း ဆက်ပြောလေ"

"ငါ ငါ ... ဟူး ...  ငါပြောနိုင်တယ် စိတ်မလှုပ်ရှားနဲ့ ... ဖိုက်တင်း ... ငါ ငါ ပြောချင်တာက ငါ မင်းကို ချစ်တယ် Injun"

Continue Reading

You'll Also Like

8.3K 844 9
"စာထုပျတှကေ α€…α€€α€¬α€Έα€•α€Όα€±α€¬α€α€α€Ία€œα€¬α€Έ α€”α€­α€―α€”α€­α€―?" "စာထုပ်တွေက α€…α€€α€¬α€Έα€±α€»α€•α€¬α€α€α€Ήα€œα€¬α€Έ နိုနို?" NoMin 2nd Book (NoMin 2nd Myanmar Mini FanFic) Start Date - 31.7.2021 End Dat...
365K 13.2K 60
π—œπ—‘ π—ͺπ—›π—œπ—–π—› noura denoire is the first female f1 driver in π——π—˜π—–π—”π——π—˜π—¦ OR π—œπ—‘ π—ͺπ—›π—œπ—–π—› noura denoire and charle...
3.5K 126 7
one heart, two person trying to win it. the winner? ( Discontinue )
10.8K 681 40
[ κ±±μ •ν•˜μ§€λ§ˆ, λ¬΄μ„œμ›Œν•˜μ§€λ§ˆ ] π˜‹π˜°π˜―'𝘡 𝘣𝘦 𝘸𝘰𝘳𝘳π˜ͺ𝘦π˜₯, π˜₯𝘰𝘯'𝘡 𝘣𝘦 𝘒𝘧𝘳𝘒π˜ͺπ˜₯ lee seokmin and joshua hong own Hug, a VERY small bakery in Seoul. they...