"အာကာနိုးပီလား....''
"အင်း.. မနိုးသေးဘူး..''
"ဗျာ....''
"အင်းပါဟုတ်ပါပီ.. ကိုစောင့်နေမယ်.သွား.......အင်္ကျီ
သွားဝတ်... ''
အာကာသူ့အမေဖြစ်သူကိုပြောပီးကပျာကယာရေချူိးခန်းထဲဝင်သွားသည်။
"ကိုဝေယံသွားမယ်လေ... ''....
"မင်း ဘာဆုတောင်းခဲ့လဲ...''
" ကိုဝေယံအရင်ပြောပြ...''
"အော်....''
"မင်းကရော.... ''
"ဟာ ဟုတ်ဘူးလေ...ကိုကိုရဲ့ အချစ်ဆိုတာအရမ်းနက်ရိုင်းတယ်...အရမ်းလဲ ခက်ထန်တယ်..အဲ့တာအပေါ်
"ဟုတ်ဟုတ် ဘိုင့်...''
"အင်း.. ''
"ဟာ.. ... ရေပိုက်ပြတ်နေတာပဲ... အမေ့အခန်းထဲကရေချိုးခန်းမှာသွားချိုးမယ် ''
ဘာတွေရေးထားလဲမသိဘူး.. ''
"အော်. ဒီကလေးရေချိုးတာကြာလှချည်လားမဖြစ်သေးပါဘူး... ''..
"သား.. ..''
"အမေ ဒါတဂယ်ပဲလားဟင်.. ..''
ကင်ဆာရှိနေပီ။''
"ရှင်.....''
ကလေးရယ်....''
"အင်းပြောလေ.. သား..''
"သားနဲ့ကိုဝေယံနဲ့ကလေ....''
".. ချစ်သူတွေမလား.. သား..''
Unicode
..အာကာတို့ ရန်ကုန်ပြန်ရောက်တာတစ်ပတ်လောက်ရှိနေပီဖြစ်သည်။တောင်ကြီးခရီးစဉ်မှာ သူတို့အရမ်းပျော်ခဲ့ရပါသည်။အားလုံးကလဲပျော်ခဲ့ကြရသည်။
မနက်စောစော မို့ လမ်းမပေါ် လူတွေလုှပ်ရှားသွားလာမှုမရှိသေး။စားပွဲခုံပေါ်မှာတင်ထားတဲ့ဖုန်း၊ တစ်ဖက်မှခေါ်သောကြောင့်မြည်လာသောဖုန်းကို အာကာ
အိပ်ချင်မူးတူးနဲ့ ကောက်ကိုင်လိုက်သည်။...
"အာကာနိုးပီလား....''
"အင်း.. မနိုးသေးဘူး..''
"ဟာ အိပ်ပုတ်ပဲ.. ထ ထ ကိုတို့အပြင်သွားရမဲ့နေ့လေ''
"ဟာ.. ကိုကိုsrry... မေ့နေတာကြည့်စမ်း...
အခုပြင်လိုက်မယ်ခနပဲနော်... ''...
"မြန်မြန်နော်.. ကိုက မင်းရဲ့အိမ်ရှေ့မှာ...''
"ဗျာ....''
အာကာပြတင်းပေါက်မှအိမ်ရှေ့ခြံတံခါးကိုလှမ်းကြည့်လိုက်သည်။အဖြူရောင်ကော်လန်ကတုံးလက်ရှည်ကို ပုဆိုးလေးကိုဝတ်ထားသည်။ဒီကနေ့က သူတို့နှစ်ယောက်ချိန်းပီးဘုရားသွားဖို့အတွက်ဖြစ်သည်။အာကာပြတငး်ပေါက်မှသူ့ရည်းစားကိုလက်လှမ်းပြလိုက်သည်။မျက်နှာခပ်သွက်သွက်သစ်ပီးအောက်သို့ဆင်း၍...
"လာ ကို.. အိမ်ထဲဝင်ထိုင်နေ... ..''
"အင်းပါဟုတ်ပါပီ.. ကိုစောင့်နေမယ်.သွား.......အင်္ကီျ
သွားဝတ်... ''
"မေမေ သားသူငယ်ချင်းဧည့်ခံထားပေးအုန်း...''
အာကာသူ့အမေဖြစ်သူကိုပြောပီးကပျာကယာရေချူးိခန်းထဲဝင်သွားသည်။
"အာကာပြောပါတယ်.. သားကသူ့ဆယ်တန်းတုန်းကအကိုလိုသဘောထားရတဲ့သူတဲ့''
မေးလာသောအာကာ့အမေကြောင့်ဝေယံရီမိသွားသည်။သူတို့နှစ်ယောက်အကြောင်းကိုသူ့အမေတဂယ်များမသိလေသလား။ဘာပဲဖြစ်ဖြစ်လေ အချိန်မကျသေးတာမို့ သူမပြောတော့။အာကာ့အမေနဲ့သူစကားပြောခဲ့ကြသည်။အာကာ့ရဲ့ငယ်အကြောင်းတွေလဲပါသည်။ဝေယံမှာအရီနဲ့ပင်။..တအောက်ကြာတော့
ကော်လန်ကတုံးလက်ရှည်အဖြူလေးကို အောက်ကပုဆိုးအစင်းကြားလေးနဲ့တွဲဖက်ဝတ်ထားသည်။
သူရဲ့ဆံပင်မှာ အခုမှလျှော်လိုက်တာမို့... ရှပ်ပြေးဖြာကျနေသည်။သေးသေးသွယ်သွယ် ရှည်လျားတဲ့မျက်ခုံးမွှေးလေးအထိပင်ဖြာကျနေသည်။
"ကိုဝေယံသွားမယ်လေ... ''....
"အင်း အန်တီသားတို့သွားမယ်နော်..''
"ဟုတ်ပါပီကွယ်...သားတို့ဂရုစိုက်သွားနော်...''..
သူတို့နှစ်ယောက်ထွက်ခဲ့ကြသည်။နှစ်ယောက်လုံးကပုဆိုးလေးတွေနဲ့ပင်။taxi စီးပီး..တအောက်ကြာတော့ဘုရားရင်ပြင်ပေါ်သူတို့နှစ်ယောက်တက်ခဲ့ကြသည်။ရင်ပြင်အတွင်းလှည့်ပတ်ကြည့်ရှုပီးရှိခိုးကြသည်။...
"မင်း ဘာဆုတောင်းခဲ့လဲ...''
" ကိုဝေယံအရင်ပြောပြ...''
"အေးပါကွာ.. ဟုတ်ပါပီ.... ကို ကမင်းနဲ့မခွဲရပါစေနဲ့လို့ဆုတောင်းခဲ့တယ်။.. ရည်းစားဆိုတာအချို့က
အချိန်တန်ပြတ်မှာပဲလို့ပြောပြောကြတယ်။ကိုကတော့..အဲ့လိုမဖြစ်ချင်ဘူး။..အမြဲပိုင်ဆိုင်ထားချင်တယ်။
အဲ့တာမို့ ကိုအဲ့ဆု ဆုတောင်းလိုက်တာ....''
"အော်....''
"မင်းကရော.... ''
"... ခလေးလား... ခလေးကကို့ချစ်ရတဲ့သူနဲ့အမြဲနေရပါစေဆုတောင်းတယ်လေ။ဒါမဲ့ခလေးအဓိကဆုတောင်းတာက နှစ်ယောက်လုံးအချစ်စစ်မှန်ပါစေဆုတောင်းတယ်။..''
"ဟာ.. ကိုချစ်တဲ့အချစ်ကမမှန်ဘူးပြောချင်တာလား...''
"ဟာ ဟုတ်ဘူးလေ...ကိုကိုရဲ့ အချစ်ဆိုတာအရမ်းနက်ရိူင်းတယ်...အရမ်းလဲ ခက်ထန်တယ်..အဲ့တာအပေါ်
အချစ်စစ်နဲ့ချစ်ပီး.. အားမလျော့သွားအောင်ဖြစ်စေချင်တာ..''
"ဟုတ်ပါပီဗျာ... ဟုတ်ပါပီ... စကားတတ်ချက်ကွယ်''
သူတို့နှစ်ယောက်နေရာလှပ်လေးတွေမှာထိုင်ပီးစကားတွေပြောနေခဲ့ကြသည်။ခရီးပြန်လာပီးတော့မတွေ့ကြတာတစ်ပတ်လောက်ရှိသည်။ရည်းစားတွေအတွက်တော့အဲ့တစ်ပတ်မှာ လွမ်းရဆွေးရနဲ့ပင်။
သည်နေ့က သူတို့နှစ်ယောက်ရဲ့ နှစ်ခါမြောက်ချိန်းတွေ့ခြင်းဖြစ်သည်။
ဝေယံအာကာကိုလက်ပြလိုက်သည်။..
..''ကဲ အိမ်ထဲဝင်တော့ကိုလဲပြန်တော့မယ်။...အိမ်ရောက်ရင်massengerကနေစာပို့လိုက်မယ်..''
"ဟုတ်ဟုတ် ဘိုင့်...''
"အင်း.. ''
အာကာ အိမ်ထဲသို့ဝင်လာခဲ့သည်။တနေကုန်လည်လာခဲ့၍ ပင်ပန်းတာပျောက်ရန်ရေချိူးဖို့ပြင်လိုက်သည်။
"ဟာ.. ... ရေပိုက်ပြတ်နေတာပဲ... အမေ့အခန်းထဲကရေချုးိခန်းမှာသွားချိူးမယ် ''
သူအောက်ထပ်ဆင်းပီးသူ့အမေအခန်းထဲကရေချိူးခန်းထဲဝင်လိုက်သည်။အေးစက်နေတဲ့ရေသည်ရေပန်းမှကျဆင်းလာသည်။သူ့ရဲ့ပင်ပန်းတာတွေအေးစက်လှတဲ့ရေနဲ့ထိတွေ့သောကြောင့်ပျောက်ကင်းခဲ့ရသည်။အားလုံးပီးတော့သူအမေဗီဒိုကမျက်နှာသုတ်ပဝါယူလိုက်သည်။သူဆွဲထုတ်ယူလိုက်သည်နှင့်အိတ်တစ်အိတ်လဲကျလာသည်။..
"နေပါအုန်း.. ဒါ ဆေးရုံကစာရွက်ကြီးထင်တယ်....
ဘာတွေရေးထားလဲမသိဘူး.. ''
သူ ထုတ်၍ဖတ်ကြည့်သည်။နောက်တော့သူတုန်လှုပ်သွားခဲ့သည်။သူကိုင်ထားတဲ့စာရွက်များသည်....
ကြမ်းပြင်ပေါ်သို့လွင့်ကျကုန်၏။...
"အော်. ဒီကလေးရေချိူးတာကြာလှချည်လားမဖြစ်သေးပါဘူး... ''..
အာကာ့အမေ အခန်းထဲသို့ဝင်လာခဲ့သည်။ဆေးရုံစာရွက်စာတန်းတွေ ကြမ်းပြင်ပေါ်ပြန့်ကျဲနေပြီး.. ငိုင်ထိုင်နေတဲ့အာကာကိုသူတွေ့ရလိုက်သည်။...
"သား.. ..''
အမေဖြစ်သူကို သူမော့ကြည့်လိုက်သည်။..
"အမေ ဒါတဂယ်ပဲလားဟင်.. ..''
အာကာ့အမေ သက်ပြင်းခပ်ပဲ့ပဲ့ချလိုက်သည်။....
ပီးတော့ခေါင်းငြိမ့်ပြသည်။...
"အမေ.. သိရဲ့သားနဲ့ဘာလို့သားကိုမပြောခဲ့တာလဲ..''
"သားရယ်.. သားကိုစိတ်ဆင်းမရဲစေချင်လို့ပါ။''
အာကာမျက်ရည်ပေါက်များကျဆင်းခဲ့ရသည်။အမေ
ဖြစ်သူလဲ မျက်ရည်စနဲ့ပင်။မေမေက အားမရှိတဲ့အသံလေးဖြင့်ဆက်ပြောသည်။..
"အမေသိတာကြာပါပီကွယ်.. အဲ့နေ့ကပေါ့.. '
မေမေ.. အကြောင်းစုံကိုပြန် ရှင်းပြသည်။အဲ့နေ့က
အာကာရဲ့ဆေးရုံစစ်ဆေးရလဒ်အဖြေအတွက် ဆရာဝန်ဖုန်းလှမ်းဆက်ခဲ့သည်။မထင်မှတ်တဲ့စကား စာရွက်စာရွက်တန်းတွေရဲ့ရလဒ်ကြောင့် မေမေတုန်လှုပ်သွားခဲ့သည်။
" ... စိတ်မကောင်းပါဘူးဗျာ..အမသားမှာ ဦးနှောက်
ကင်ဆာရှိနေပီ။''
"ရှင်.....''
"ဟုတ်ပါတယ်.အဲ့တာကသူ့အတွက်နောက်ဆုံး
အဆင့်မို့လို့ ကုသပေးဖို့အချိန်မမှီတော့ပါဘူး..
သူ့အတွက်ကျန်ရှိတဲ့ နောက်ဆုံးအချိန်၆လမှာပျော်
အောင်သာထားပေးလိုက်ပါ။''
မေမေ့ မျက်ရည်တွေအဲ့နေ့က ကျဆင်းခဲ့ရသည်မှာမနည်းပင်။ သူ့သားလေးကိုဘာမှမဖြစ်ဘူး၊ အားလုံးကောင်းတယ်ဆိုပီး.. လိမ်ပြောခဲ့ရသည်။..အခုတော့သိကုန်ပီ။.. အမှန်တရားဆိုတာ.. အချိန်တန်ပေါ်ပေါက်မြဲပင်တည်း။
အဲ့တာကြောင့်ကျန်နေခဲ့တဲ့ရက်တွေအတွင်းသူနေမကောင်းသလိုခံစားခဲ့ရသည်။အချစ်ကြောင့်သတိမထားမိတာများလား။...
"ပီးတော့..ဆရာဝန်ကပြောတယ်.. အချိန်ကြာလာတဲ့အမျှ ရောဂါက သားရဲ့မှတ်ညဏ်တွေကိုဖျက်ဆီးတော့မှာ..သားနောက်ပိုင်းမှာ အသေးမွှားကအစမေ့မယ်အရောင်တွေလဲ.....ခွဲခြားသိမှာမဟုတ်တော့ဘူး..
နောက်ပီးအမေတို့ကိုရော.. အားလုံးကိုရော...
သားအကုန်မေ့သွားမှာ..သားအတွက်အမေမကယ်ပေးနိုင်တော့တာခွှင့်လွှတ်ပါသားရယ်...''
မေမေ.... မျက်နှာမှာ ဝမ်းနည်းတဲ့ပုံရိပ်များထင်ဟပ်နေသည်။မျက်ဝန်းမှာလဲမျက်ရည်တွေနဲ့ပင်။အာကာကလဲ ငိုနေတဲ့အမေဖြစ်သူကို မျက်ရည်လှမ်းသုတ်ပေးသည်။..
"..မေမေရယ် ဘာမှမဖြစ်ပါနဲ့သားဘွဲ့ယူဖို့လဲရှိသေးတယ်မလား.. သားမသေခင်တော့မေမေဂုဏ်ယူရအောင်ဘွဲ့လေးယူခဲ့ပေးမယ်နော်.. သားအတွက်ကျန်ရှိတဲ့အချိန်လေးတော့...ဓာတုဆေးဝါးတွေနဲ့မကုန်ဆုံးပါရစေနဲ့မေမေ......''
"အင်းပါကွယ်.. သားကြိုက်ရာလုပ်နိုင်ပါတယ်..
ကလေးရယ်....''
မေမေကတော့ငိုနေပေမဲ့အာကာကတော့ပြုံးနေ၍ပင်။သူ့မေမေအတွက်သူ့ရဲ့နောက်ဆုံးအချိန်မှာ
အကုန်ဖြည့်ဆည်းခွင့်ရ၍ဖြစ်သည်။
" မေမေကိုဖုံးကွယ်မနေသင့်ဘူးထင်တယ်။''
"အင်းပြောလေ.. သား..''
"သားနဲ့ကိုဝေယံနဲ့ကလေ....''
".. ချစ်သူတွေမလား.. သား..''
အာကာ့စကားတောင်မဆုံးသေးမေမေပြောလာသောစကားကြောင့်သူအံ့သြမိသည်။
"အင်းမေမေသိတာပေါ့ကွယ်.. သားဆရာကမေမေကိုပြောပြပီးသား.. အစကတော့မေမေဒေါသထွက်ခဲ့တယ်..ဒါမဲ့သားဆရာကနားလည်ပေးဖို့ပြောတယ်..သားမှာလဲရောဂါဆိုးကြီးကရှိနေတော့ မေမေလက်လျှော့လိုက်ရတာပေါ့.. ''
"ကျေးဇူးပါမေမေ.. ကိုဝေယံကိုအဲ့ရောဂါအကြောင်းလုံးဝမပြောနဲ့နော်...သားသူ့ကိုမခံစားစေချင်ဘူး..
သူကသားကိုသိပ်ချစ်တာမေမေရဲ့.. ကျေးဇူးပြုပီးသူ့ကိုရောအားလုံးပါဖုံးကွယ်ထားပေးနော်..''
"အင်းပါကွယ်....မေမေဖုံးကွယ်ပေးထားပါ့မယ်...''
သားအမိနှစ်ယောက်ပွေ့ဖက်ခဲ့ကြသည်။ကံတရား
ကအာကာ့အတွက်ရက်စက်လွန်းရာကျပြန်သည်။
အားလုံးအဆင်ပြေနေမှထပ်ပီးဝေးကွာရအုန်းမည်။
ဒီတစ်ခါတော့အပီးသတ် ဝေးကွာခြင်းဖြစ်ပေတော့သည်။အာကာ့အတွက်အားမရှိစရာလောက်အောင်..ကြောက်ဖို့ကောင်းနေခဲ့သည်။သို့ပေမဲ့အာကာက
အားတင်းထား၍ကျန်ရှိတဲ့အချိန်လေးမှာ အတတ်နိုင်ဆုံး ဖြည့်ဆည်းနေထိုင်သွားရန် စဉ်းစားနေတော့သည်။.....