[Unicode + Zawgyi]
မနက်ဖြန်ဖြေရမဲ့စာမေးပွဲအတွက်ကိုစိတ်ပူခြင်းကင်းကွာပြီး Chanyeolကိုသွားတွေ့ရဖို့ကိုသာBaekhyunစိတ်အားထက်သန်နေသည်။
ဒီကြားထဲဆေးရုံတက်နေတုန်းမှာChenရဲ့ပူညံပူညံသံကမဆန်းပေမဲ့လည်း Sehunနဲ့Taoရဲ့ တစ်ယောက်ယောက်ကိုပြောင်းကြိုက်ဆိုတဲ့စကားတွေကိုပါအထပ်ထပ်ကြားနေခဲ့ရသည်။
သူငယ်ချင်းတွေဖြစ်တဲ့အပြင်ညီအစ်ကိုတွေလိုနေခဲ့ကြတာမို့ Baekhyunရဲ့စိတ်ကိုနားလည်နေတဲ့သူငယ်ချင်းတွေဟာ ပြောမရနိုင်မှန်းသိနေပေမဲ့လည်း Chanyeolကို Baekhyunအတွက်လုံးဝသဘောမကျကြဘဲ
BaekhyunကိုChanyeolလက်ထဲထည့်ပေးဖို့ကို လုံးဝလက်ခံနိုင်ကြဘူး။
ဒါပေမဲ့လည်း Baekhyunရဲ့မလျှော့သွားသောအချစ်တွေကြားမှာနားများပင်မခံနိုင်တဲ့အထိ တဖွဖွပြောနေသည်ကိုလည်း ဒေါသထွက်ချင်ကြပေမဲ့ Baekhyunဘက်ကတစ်ဖက်သက်အသည်းအသန်ချစ်နေရခြင်းကို သနားမိကြပြန်သည်။
"Hyungရာ.. ဘာလို့ဂနာမညိမ်ဖြစ်နေတာလဲ စာလုပ်လေဗျာ"
မနက်ကတည်းကစာအတူတူလုပ်နေခဲ့ကြပြီး အရင်ကစာဆိုဝေးဝေးရှောင်တက်ကြတဲ့သူတို့တွေဟာ ကြာလာတာနဲ့အမျှပျင်းပျင်းလာကြသည်။
သို့ပေမဲ့ Baekhyunကတော့ ပျင်းတာမပျင်းတာကိုစိတ်မရှိဘဲ Chanyeolဆီသွားတွေ့ရဖို့ကို အပြင်းအထန်းဆန္ဒစောနေတာနဲ့ ဟိုလျှောက်သည်လျှောက်ကအခန်းထဲခေါက်တုံ့ခေါက်ပြန်ဖြစ်နေသည်ကို ကျန်သူများမျက်စိဆံပင်မွှေးဆူးနေလေပြီ။
"ငါခဏသွားလိုက်ဦးမယ်နော်"
"Hyunee!!!" // "Hyung!!!" // "Baekhyun!!!"
သုံးယောက်လုံးတစ်သံထဲထွက်လာလည်းBaekhyunမှာဂရုမစိုက်ဘဲ အောက်ထပ်ပြေးဆင်းသွားလို့ နောက်ကသုံးယောက်ကလည်းလိုက်လာကြရသည်။
"Baekhyunee!! ငါတို့စိတ်မဆိုးချင်ဘူးနော် မနက်ဖြန်စာမေးပွဲရှိနေတာကို
တော်တော်ချစ်ပြနေတယ်ဟုတ်လား အမြင်ကက်အောင်လုပ်မပြနဲ့"
Chenရဲ့စကားများကနားထဲကိုတစ်ဖက်ကဝင်တစ်ဖက်ကပြန်ထွက်သွားခဲ့သလို သက်ရောက်မှုမရှိဘဲ
ကားသော့ဆွဲကာ ကားဆီသွားနေတဲ့Baekhyunနောက်အမြန်လိုက်လာကြပြီးသုံးယောက်လုံးပဲကားတံခါးရှေ့ဦးစွာပိတ်ရပ်ထားလိုက်သည်။
"ဟွန့်.. ငါChanyeolကိုတွေ့ချင်လို့ပါဆို လိုက်မှာလားမလိုက်ဘူးလား"
သုံးယောက်လုံးကတစ်သံမှထွက်မလာဘဲစိုက်ကြည့်နေတာနဲ့Baekhyunမှာသက်မချလိုက်သည်။
"ငါတွေ့ရုံပဲလေ သူ့ကိုတွေ့ပြီးတာနဲ့ပြန်မှာပါ ဟင်..ဟင်လို့..
မင်းတို့ဘာလို့သူ့ကိုသဘောမကျတာလဲ
ငါအရမ်းချစ်တဲ့သူ့ကို မင်းတို့ကလက်ခံပေးရမှာကို"
ငါချစ်တာကို ဘယ်သူကမှလက်မခံနိုင်ဘူးဆိုရင်တောင် သူငယ်ချင်းတွေဖြစ်တဲ့မင်းတို့တော့လက်ခံပေးဖို့ငါမျှော်လင့်ထားတာကို
အခုတော့ ငါကလွဲရင်လက်ခံပေးမဲ့သူမရှိဘူးပဲ
ငါကပဲချစ်ဖြစ်ပြီး ငါချစ်တာကိုငါကပဲလက်ခံနေရတယ်
ဒါကနာကျင်စရာကောင်းတယ်မလား
"Hyungကသာသည်းသည်းလှုပ်ချစ်ပြနေတာ ဟိုကစောက်ဖတ်တောင်လုပ်လို့လား..
သူ့ကအရမ်းတွေမာန်တက်ပြနေတာကို Hyungမို့ချစ်နိုင်သေးတယ်"
Sehunအပြောက Baekhyunကိုမျက်နှာငယ်လေးနဲ့တိတ်ဆိတ်သွားစေသည်။
ဒါကိုသိသွားတဲ့Taoက ဆက်မပြောတော့အောင် Sehunရဲ့ပုခုံးတွေကိုကိုင်ပြီးတားလာခဲ့သည်။
သူငယ်ချင်းတွေကြားမှာ Chanyeolကြောင့်နဲ့ပြဿနာတစ်ခုပြီးတစ်ခုဖြစ်တိုင်း သူငယ်ချင်းတွေကပဲBaekhyunအပေါ်ကိုနားလည်ပေးဖြစ်ခဲ့သည်။
Baekhyunအာရုံတွေထဲ Chanyeolပဲရှိနေပြီး BaekhyunနှလုံးသားဟာChanyeolဆီမှာလုံးဝပိတ်မိနေတာကြောင့် အပြစ်မပြောလိုကြဘဲ သူငယ်ချင်းရဲ့ရူးသွပ်ခြင်းကိုဘေးက ကြည့်နေဖို့ပဲတက်နိုင်ကြတော့သည်။
Chanyeolလုံးဝပြန်မချစ်နိုင်တာBaekhyunသိသည်မသိသည်ကို သူငယ်ချင်းတွေကစိတ်ဝင်စားခြင်းမရှိပေမဲ့ Chanyeolကြောင့်နာကျင်ရမဲ့Baekhyunဖြစ်မလာရအောင် တားဆီဖို့သာ သူတို့နဲ့သက်ဆိုင်နေသည်။
"ငါလည်းဘာလို့အဲ့လောက်ချစ်သွားလဲမသိဘူး..
ဟုတ်တယ်သူကငါ့ကိုအဖတ်တောင်မလုပ်ဘူး
ဒါပေမဲ့ဘယ်လိုလုပ်ရမလဲ
ငါက ငါကပဲသူ့ကိုတွေ့ချင်နေတာလေ
ပြီးတော့တစ်ဖက်သက်ဆိုတာသိလည်း ငါက သူ့ကိုမှချစ်နေတဲ့ဟာ
ငါ့နှလုံးသားကသူ့ကိုပဲလိုလားနေတဲ့ဟာ
ငါဘာလုပ်နိုင်မှာလဲ
ဟမ်.. ဟမ်လို့ ပြောကြလေ"
တစ်ခုခုဆိုတစ်စိတ်တည်း.. တစ်ဝမ်းတည်းနဲ့ အတူတူလုပ်ဆောင်တက်ကြပေမဲ့ ဒီတစ်ခေါက်Baekhyunရဲ့အချစ်ရေးကိုတော့ အကုန်လုံးကတားမြစ်နေကြသည်။
ဒါကိုလည်းBaekhyunသိနေပေမဲ့ Chanyeolကိုချစ်နေတာတစ်ခုတည်းက အားလုံးကိုမသိချင်ယောင်ဆောင်ထားခဲ့သည်။
"Hyunee.. သူကမင်းအတွက်အရေးကြီးမှန်းငါတို့သိတယ်.. ဒါပေမဲ့မနက်ဖြန်စာမေးပွဲကကောမင်းအတွက်အရေးမကြီးဘူးလား"
"ဘာလို့လဲ ဘာလို့လဲ ငါကသူ့ကိုတွေ့ရုံလေးပဲဆိုတာကို စားမေးပွဲဆိုတာကြီးနဲ့ ဘာလို့တားနေကြတာလဲ"
Baekhyunမျက်မှောင်ကြုတ်ကာ ကားတံခါးရှေ့ကTaoကိုအတင်းတွန်းဖယ်ပစ်ပြီးကားထဲဝင်ထိုင်နေလိုက်သည်။
"မင်းကမြင်ရရုံနဲ့ပြီးသွားတဲ့လူမျိုးဟုတ်လို့လား"
"ဟွန့်.."
"မင်းကငါတို့ဆိုစိတ်ကောက်ဖို့ပဲသိတယ်.. သူ့ကိုစိတ်သွားကောက်ပါလား"
Chenရဲ့အပြောကြောင့်Baekhyunမျက်နှာကိုတဖက်လှည့်ထားလိုက်သည်။
"သူ့ကိုစိတ်ကောက်လို့မရဘူး..
ငါကပဲချစ်နေရတာလေ သူ့ကို စိတ်ကောက်လိုက်ရင်ငါပဲခံစားနေရမှာပေါ့
သူကငါ့ဆီဘယ်တော့မှရောက်လာပြီးချော့မှာမဟုတ်ဘူး"
Baekhyunကိုဒေါသထွက်ရုံအပြင် ဘာလုပ်နိုင်သေးလဲဆိုတာစဉ်းစားမရတော့ဘဲ အကုန်လုံးကပဲစိတ်လျှော့လိုက်ကာ ကားထဲဝင်လာကြသည်။
"ဟီးဟီး.. မင်းတို့ကငါ့အတွက်အကောင်းဆုံးပဲ"
Baekhyunချက်ချင်းဘဲမျက်နှာကိုပြန်လှည့်လာကာသွားတန်းလေးတွေပေါ်အောင်ရယ်ပြနေတာနဲ့ တက်လည်းတက်နိုင်တယ်ဆိုတဲ့အကြည့်တွေကိုခံလိုက်ရပေမဲ့လည်း ပြုံးနေတာကိုပျက်မသွားဘူး။
"Hyuneeငါတို့ကမင်းကိုလွှတ်ထားပေမဲ့နော် တစ်ခုခုဖြစ်ကြည့်အဲ့ကောင်ကိုသွားသင်္ဂြိုလ်မှာ"
"အင်းပါ အင်းပါ"
TaoပြောလာတာကိုBaekhyunခေါင်းတဆတ်ဆတ်ညိပ်နေတာနဲ့Sehunကသဘောမကျစွာနှာခေါင်းကိုရှုံ့လိုက်သည်။
ဟွားလဲ့ဆေးရုံဆီရောက်တော့ Sehunနဲ့Taoကတရုတ်သွားတာနဲ့ပတ်သက်ပြီးကိစ္စတစ်ခုပေါ်လာတာနဲ့ Baekhyunကိုချထားပေးခဲ့တာမို့ Baekhyunပိုလို့ပင်သဘောကျသွားသေးသည်။
"JunMyeon Hyung..!"
"Baekhyunပါလား.. ဘယ်လိုလုပ်ရောက်လာတာလဲ"
Baekhyunလက်ကIced Americanoခွက်ကိုမြှောက်ပြလာတာနဲ့JunMyeonကသဘောပေါက်သွားသည်။
"Chanyeolက..အခု..ကန်တင်းမှာထင်တယ်.. သူခွဲခန်းကထွက်လာပြီးတော့အဲ့ဘက်လျှောက်သွားတာတွေ့လိုက်တယ်"
"ဟီး.. ကျေးဇူးပဲJunMyeonHyung.. ကျွန်တော်သွားလိုက်ဦးမယ်နော်"
Baekhyunဆေးရုံကန်တင်းဆီကိုအပြုံးတစ်ခုနဲ့လျှောက်သွားတော့သည်။
ကန်တင်းရောက်တော့Chanyeolရဲ့သူငယ်ချင်းဖြစ်တဲ့JongInကိုတွေ့ရတာမို့ BaekhyunအနီးနားမှာChanyeolကိုလိုက်ကြည့်သေးသည်။
မတွေ့တဲ့အဆုံး Baekhyun တစ်ယောက်ထဲထိုင်နေတဲ့JongInကိုစကားသွားပြောဖို့လာခဲ့တော့ ဘေးကဝိုင်းမှာကျောပေးထားတဲ့Chanyeolနဲ့အတူတစ်ဝိုင်းထဲထိုင်နေတဲ့မျက်နှာချင်းဆိုင်ကမိန်းကလေးတစ်ယောက်ကိုမြင်သည်။
"Chanyeol-Oppa.. Vierကိုစာမသင်ပေးလည်း Vierကစာလာမေးလို့ရတယ်မလားဟင်"
"ကိုယ်ပြောပြီးသားလေVier..ဒါကြောင့်ဒီကိစ္စနဲ့ပတ်သက်ပြီးထပ်မပြောပါနဲ့လား
ထပ်ခါထပ်ခါပြောရတာကို ကိုယ်သဘောမကျဘူး"
"Vierတောင်းပန်ပါတယ်Oppa..
ဒါနဲ့ Vier Oppaကြိုက်မယ်ထင်တဲ့ Hot Americanoဝယ်ခဲ့တယ် Oppaအတွက်"
"သူကဒီအချိန်အဲ့တာမသောက်ဘူး.. နောက်ပြီးသူသောက်ဖို့အတွက်မင်းကပေးစရာမလိုဘူး.. နော်Chanyeol"
Baekhyunအပြုံးတစ်ခုနဲ့အတူ လက်ထဲကIced Americanoခွက်ကိုကမ်းပေးစဉ် ထိုမိန်းကလေးရဲ့ မတော်တဆဆီကိုရည်ရွယ်ချက်ရှိရှိနဲ့လုပ်လိုက်တာမို့.. Baekhyunလက်ထဲကကော်ဖီခွက်Chanyeolအင်္ကျီပေါ်စွန်းထင်းသွားစေပြီး ကောင်မလေးလက်ထဲကကော်ဖီပူပူတွေကတော့Baekhyunလက်ပေါ်ကျရောက်သွားလေသည်။
"မင်း.."
"အာ့.. ငါ ငါတကယ်မရည်ရွယ်ဘူး
ငါတောင်းပန်ပါတယ်Chanyeol.. ငါ့ကိုတွန်းလိုက်လို့မတော်တဆဖြစ်သွားရတာပါ"
"ဟျွန်းငယ်"
Baekhyun အပူလောင်သွားတဲ့လက်ကိုချက်ချင်းအနောက်မှာဖွက်လိုက်ကာ အလန့်တကြားနဲ့MinSeokကိုကြည့်လာခဲ့သည်။
"ကိုကိုကြီးကဒီကိုရောက်နေတယ်..??"
လက်ကအပူလောင်သွားတာကိုMinSeokမြင်မှာစိုးလို့ဖွက်ထားတာက JongInကိုရှင်းရှင်းလင်းလင်းမြင်နေရစေပြီး.. အပူလောင်သွားတာကိုChanyeolကစိတ်တိုစွာကြည့်နေလေသည်။
"မနက်ဖြန်စာမေးပွဲကိုစာမလုပ်ဘဲ ဘာလာလုပ်နေတာလဲ"
MinSeokပြောရင်း Chanyeolရဲ့အိင်္ကျီကစွန်းနေတဲ့ကော်ဖီရောင်တွေကိုတွေ့ပြီးချိန်မှာတော့ မျက်မှောင်ကြုတ်ကာညီငယ်ဆီကိုပြန်ကြည့်လာတဲ့အခါBaekhyunကမျက်နှာငယ်လေးနဲ့ခေါင်းကိုငုံ့သွားသည်။
လက်ကအပူဒဏ်ကြောင့်နာလာပေမဲ့လည်း ရှိနေသေးတဲ့MinSeokကြောင့် Baekhyunမှာကြိတ်မှိတ်နေရတာမို့ မျက်နှာပင်ရဲတက်လာလေသည်။
"အိမ်ပြန်ပြီးစာလုပ်ဟျွန်းငယ်.. Chanyeolကိုဘာတွေလာရှုပ်ပြန်ပြီလဲ.. ဒါတွေကဟျွန်းငယ်လက်ချက်မလား"
"ဟုတ်"
လက်ကပိုပိုနာလာတဲ့ခံစားချက်ကြောင့် Baekhyunငိုချင်လာသည်။
စကားပင်ပီအောင်ပြောဖို့မနည်းထိန်းနေရသည်။
"ကိုကိုကြီးက လူနာရှင်နဲ့ဆွေးနွေစရာရှိနေသေးလို့ သွားမှဖြစ်မှာ
ဟျွန်းငယ် Chanyeolအိင်္ကျီအတွက်တစ်ခုခုလုပ်ပေးပြီး ပြန်တော့
Chanyeolညီရယ် Hyungတောင်းပန်ပါတယ်နော်
Hyungတကယ်အချိန်မရလို့ပါ
ပြီးတော့ဟျွန်းငယ်ကိုအပြစ်မမြင်ပါနဲ့နော်"
"ဟုတ်"
Baekhyunရဲ့အသံတိုးတိုးလေးကတိုးရောက်နိုင်ခြင်းမရှိဘဲ Chanyeol MinSeokကိုအဆင်ပြေကြောင်းပြောတော့MinSeokလည်းထွက်သွားတော့သည်။
MinSeokထွက်သွားသည်နှင့် Baekhyunဒီနေရာကနေမြန်မြန်ထွက်သွားဖို့လုပ်တော့ Chanyeolကဆွဲထားလေသည်။
"လွှတ်.."
Baekhyunမော့ကြည့်မလာတော့ဘဲ မျက်ရည်ဝဲနေတာကိုဖုံးကွယ်ဖို့ကြိုးစားနေပေမဲ့ Chanyeolကခွင့်မပြု။
"ငါပြန်တော့မလို့ ပြီးတော့မင်းအိင်္ကျီကိုမင်းပါ့နေလဲလိုက်တော့"
"နေဦး.. ငါ့နောက်လိုက်ခဲ့"
"လွှတ်ပေး ငါတကယ်နာနေတယ်"
Chanyeol Vierကိုရှိသေးလားမရှိတော့ဘူးလားကိုသတိပင်ရှိမနေဘဲ Baekhyunလက်ကိုဆွဲကာ နားနေခန်းထဲခေါ်သွားတော့သည်။
JongInကတော့ကန်တင်းမှာပဲခေါင်းတခါခါနဲ့သာကျန်ရစ်ခဲ့ရသည်။
"လက်ကိုပြ"
Baekhyunငြင်းမယ်ကြံလိုက်သေးပေမဲ့ နာနေတာနဲ့ပဲ အပူလောင်သွားတဲ့လက်ကိုထိုးပေးလာပြီး ခေါင်းကိုငုံ့ထားသည်။
"အဲ့ဒီကောင်မလေးကမင်းနဲ့ဘယ်လိုပတ်သက်နေတာလဲ..
မင်းသိတယ်မလား
ဒါသူမ ငါ့ကိုသက်သက်လုပ်လိုက်တာ
ဟွန့်.. မိန်းကလေးမို့အလျော့ပေးထားတာကို သူမကတကယ်လွန်တယ်"
"ဘာလို့အဲ့ဒီကလေးမနဲ့ပြိုင်ပြီးစကားများရတာလဲ"
"ငါကChanyeolကိုချစ်တဲ့သူပဲ.. Chanyeolနဲ့ပတ်သက်လာတဲ့ ကလေးမတွေဘာတွေခွဲနေမှာမဟုတ်ဘူး စကားပြိုင်များသင့်များရမှာပဲ
အာ့.. အာ့.. နာတယ်လို့
ဖြေးဖြေးလုပ်ပါ"
"ဒီလိုနာနေတာ မနက်စာမေးပွဲဘယ်လိုဖြေမလဲ"
"ဟူး...."
Baekhyunလက်ကိုကြည့်ပြီးသက်ပြင်းချလာတော့ Chanyeolကဆေးထည့်ပေးခြင်းကိုအဆုံးသတ်ပေးလိုက်သည်။
"လက်ကသုံးလို့ရသေးတယ်မလားဟင်..
ငါစာရေးရဦးမှာလေ"
"နာတော့နာလိမ့်မယ်"
"ဟင့်.. နာတာမကြိုက်ပါဘူးဆိုမှပဲ"
Baekhyunအပူလောင်ရာကိုကြည့်ပြီး စူပုတ်နေတော့ Chanyeolက ရုတ်တရက်သူ့ခေါင်းကိုဖွဖွလေးပုတ်လာတာနဲ့ Baekhyunမျက်လုံးအဝိုင်းသားလေးနဲ့ကြည့်လာမိသည်။
"ဟို..
မင်းပြန်တော့လေ.. စီနီယာပြောထားတယ်မလား
ငါလည်းအိင်္ကျီသွားလဲရဦးမယ်"
ဟွန့်.. ငါ့ခေါင်းလေးပုတ်လို့ပျော်သွားတာကို.. ငါ့ကိုအတင်းပြန်လွှတ်နေတယ်
ယောင်ယောင်နန မှားပုတ်မိတယ်ဆိုလည်း ငါကပျော်မှာပဲ
Chanyeolထိုင်နေရာကထလိုက်တော့ Baekhyunမှာ ပေါင်ပေါ်တံတောင်ထောက်ကာလက်ဖဝါးတွေပေါ်မေးတင်ထားပြီးသက်ပြင်းကိုအကြိမ်ကြိမ်ချနေလေသည်။
"ကိုကိုတို့သိရင်အဆူခံရဦးမှာ.. စိတ်ညစ်ပါတယ်"
Chanyeol.. Baekhyunကိုကြည့်နေတော့ Baekhyunက ခုံပေါ်ကိုသေသေချာချာစိုက်ကြည့်နေလေသည်။
"အာ.. သိပြီ သိပြီ..
မင်းကငါ့ကိုအမြဲဆေးထည့်ပေးပါလား
နာတယ်ဆိုလည်း ဒီဒဏ်ရာကိုမင်းကဂရုစိုက်ပေးတယ်ဆိုတဲ့စိတ်နဲ့နှစ်သိမ့်ပြီး ကြိုးစားဖြေမယ်လေ
နော်Chanyeol..နော်လို့ ငါ့ကိုစာမေးပွဲအောင်အောင် ကူညီပါ
ဟမ် ဟမ်လို့ ဟမ်လို့ဆို"
Chanyeolမျက်မှောင်ကြုတ်သွားရကာ မျက်နှာငယ်လေးနဲ့Baekhyunရဲ့ စကားအတိုင်းခေါင်းညိပ်လိုက်တော့ Baekhyun လုံးဝမထင်ထားတာကြောင့်တော်တော်လေးပျော်နေလေသည်။
TBc...
[Zawgyi 👇]
"Hyunee!!!" // "Hyung!!!" // "Baekhyun!!!"
ငါဘာလုပ်နိုင်မှာလဲ
ဟမ်.. ဟမ်လို့ ပြောကြလေ"
"ဟွန့်.."
"အင်းပါ အင်းပါ"
"JunMyeon Hyung..!"
"မင်း.."
"ဟျွန်းငယ်"
"ဟုတ်"
"ဟုတ်"
"လွှတ်.."
"လက်ကိုပြ"
မင်းသိတယ်မလား
အာ့.. အာ့.. နာတယ်လို့
ဖြေးဖြေးလုပ်ပါ"
"ဟူး...."
ငါစာရေးရဦးမှာလေ"
"နာတော့နာလိမ့်မယ်"
"ဟို..
"အာ.. သိပြီ သိပြီ..
TBc...